Chapter – 233 ရုပ်သေးရုပ်
ချန်ရှန် ရပ်ကာ သူ့ပတ်လည်ကို ကြည့်လိုက်တယ် ။ ခုန က သူ အသံတိုးတိုးလေး ကြားလိုက်ရတာဖြစ်ပြီး လောင်ဆုရီ ပြောပုံအရ သူမလည်း လူများစွာကို အာရုံခံ မိ ခြင်းပါ ။
“အပေါ်မှာ”
လောင်ဆုရီ အော်လိုက်တယ် ။
ချန်ရှန် သူ့ခေါင်းကို မော့ကာ ကြည့်လိုက်တယ့် အခါ ကြီးမားလှသည့် ပိုက်ကွန်တစ်ခု ကျလာတာကို မြင်လိုက်ရ တယ် ။ ချန်ရှန်လည်း အပေါ်သို့ ပုံဆောင်ခဲတစ်ခု ပစ်လွှတ် လိုက်သဖြင့် မီးတောက်တစ်ခု ထွက်သွားပြီး ပိုက်ကွန်ကို အပေါက်ကြီးတစ်ခု ဖြစ်သွားစေပါတော့တယ် ။
ချန်ရှန် အေးစက်စွာဖြင့် –
“ဒီစကေးနဲ့ တက်မလာနဲ့ ၊ ဒါက ဝိဉာဉ်တော်လက် နက် ပဲ ၊ ဒါပေမယ့် နေမီးဝိဉာဉ်တော်နဲ့ တွေ့ တော့ အလ ကား ဖြစ်သွားတာပဲ”
ရွှိ ရွှိ ရွှိ
ရုတ်တရက် အမည်းရောင် မျက်နှာဖုံးဝတ် လူ ဆယ် ဦး ဟာ ချန်ရှန် ပတ်ချာလည်မှာ ပေါ်လာတယ် ။ အားလုံး၏ ကိုယ်မှ ညစ်နွမ်းသော အငွေ့ များ ထွက်နေပြီး ဓားများ ကို ကိုင်ထားကြတယ် ။ အလွန်ကို သိပ်သည်းလှပြီး လူသေ များ လိုပါပဲ ။
ရုတ်တရက် သူ မိစ္ဆာ ၁၀ ယောက်နဲ့ ဆုံတွေ့ လိုက်ရ တာ ဖြစ်ပြီး ချန်ရှန် စိတ်အနှောက်ယှက်တော့ ဖြစ်သွားပါ တယ် ။
“ဒီလူ ၁၀ ယောက်က အတော် ဆန်းကြယ်တယ် ၊ ခင် ဗျား ဂရုစိုက် ၊ သူတို့မှာ ထူးခြားတဲ့ စွမ်းအားတွေ ရှိနေလိမ့် မယ်လို့ ခံစားမိတယ် ။ နတ်အတွင်းအား အာရုံ တွေက လည်း အတော် ဆန်းနေတယ် ။ ကြည့်ရတာ ထိန်းချုပ် ကြိုးဆွဲခြင်း ခံနေရသလိုပဲ”
ချန်ရှန် အတော် အံ့သြမိတယ် ။ ၁၀ ယောက်လုံး ဟာ ကြိုးကိုင်ခြင်း ခံနေရသည် မဟုတ်ပါလား ။ အခုတော့ မိစ္ဆာ လမ်းဂိုဏ်းများမှ လူများဟာ တစ်ခုခုကြံစည်နေတယ် ဆို တာ သေချာသွားတယ် ။
သူသေချာ စဉ်းစားနေချိန်ပင် မရလိုက် ၊ ဓားငါးချောင်း ဟာ ဝေ့ယမ်းကာ သူ့ဆီ ပြင်းပြင်းထန်ထန် ကျရောက်လာ ပါ တယ် ။ အမည်းရောင် ချီငွေ့ များ ဓားများမှ ထွက်ပေါ်ပြီး ပိ်ုင်းချလိုက်သောအခါ အသံများ မြည်ဟည်းသွားပါတယ် ၊ ဓားရာကြီးများလည်း မြေပြင်မှာ ထင်ကျန်သွားပါတော့ တယ် ။
အတော်ကို ပြင်းထန်သော ခုတ်ချက်ပါ ။ သို့သော် လည်း ၎င်းတို့ ဓားများ ကျမလာခင်မှာတင် ချန်ရှန် ဟာ တိုက်ကွက်ထုတ်ကာ လေပေါ် ခုန်ရှောင်လိုက်ပါတယ် ။ သူ အနည်းငယ် လန့်သွားမိတယ် ။ အဘယ်ကြောင့်ဆိုသော် သူ့ခန့်မှန်းချက်အရ အဆင့် ၆ ပညာရှင်ပင် ယခုတိုက်ခိုက် မှုကို ခံနိုင်မည် မဟုတ်ပေ ။ သေရင်သေ မသေပါက အပြင်းအထန် ဒဏ်ရာရသွားစေနိုင်မှာ ဖြစ်ပါတယ် ။
“အတော်အားကောင်းတဲ့ မိစ္ဆာ ချီ ပဲ ၊ သူတို့ ဘယ်လို များ ကျင့်ကြံခဲ့လဲ မသိဘူး ။ ဒီလို အမျိုးအစား မိစ္ဆာ ချီ ဟာ တခြားလူတွေကို သတ်ပြီးတော့သာ လေ့ကျင့်နိုင်တာ”
ဘိုင်ယုယု မသေချာသလို ပြောပါတယ် ။
“ချန်ရှန် ၊ ဂရုစိုက်ပါ ၊ ဒီတောင်ပိုင်း စွန့်ပစ်နယ်မြေ က လျို့ ဝှက်ချက်တွေ ပြည့်နေပုံပဲ”
ချန်ရှန် လေထဲကို ခုန်တက်လိုက်တာနဲ့ ခုနက ငြိမ် နေ သော အမည်းရောင်ဝတ် လူငါးဦးဟာ ချန်ရှန် ဆီ ထပ်မံ ခုန်ဝင်လာပြန်ပါတယ် ။ မျက်စိတမှိတ်အတွင်းမှာပဲ ၎င်းတို့ ဟာချန်ရှန် ဘေးနား ရောက်သွားပြီး ဓားများဖြင့် ခုတ်ပိုင်း ပြန်တယ် ။ ထိုငါးဦးဟာလည်း ခုနကလိုပါပဲ ၊ တူညီသော ချီငွေ့ များအား အသုံးပြုကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး အလုံး အထည် များလည်း တူညီကြပါတယ် ။
လေထဲကို ခုန်နေစဉ်မှာ ချန်ရှန် ဟာ သူ၏ အမည်း ရောင် လိပ် ချီဓာတ်များကို ထုတ်ကာ သူ့ကိုယ်အား အကာ အကွယ် ပြုလုပ်လိုက်တယ် ။ ထို ဓားငါးချောင်းဟာ မနှစ် မြို့ ဖွယ် ချီငွေ့ များ ထွက်ကာ တချိန်တည်းမှာပင် ပြင်းထန် သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လျက် ရှိတယ် ။
ချန်ရှန် မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး သူ့ကို ကာ ကွယ်ပေးထားသော အမည်းရောင်လိပ် ချီအကာအကွယ် ဟာ အတော်ကို ကောင်းမွန်လှပါတယ် ။ ပါးလွှာပုံပေါ်သော် လည်း တိုက်ခိုက်မှုများအား အပြည့်အ၀ ကာကွယ်ပေးနိုင် တာ ဖြစ်ပြီး သူ၏ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၃ စွမ်းအင်နှင့် ပြုလုပ်သောကြောင့် ချီဓာတ်များဟာ လည်း အလွန်ကို ခိုင်ခံ့လျက် ရှိပါတယ် ။
သူဟာ လောင်ဆုရီ ခုနက ပြောခဲ့သော စကားမှာ မှန် ကန်နေတာကို တွေ့ လိုက်ရတယ် ။ ဒီလူဆယ်ဦးလုံးဟာ ကြိုးဆွဲခြင်း ခံနေရတာ ဖြစ်ပြီး ကြိုးကိုင်သူ၏ နတ်အတွင်း အားအာရုံမှာ အတော် ကောင်းပုံပါ ။ ထိုသူဟာ ချန်ရှန် အား အမည်းရောင်ဝတ် လူ ၁၀ ဦးဖြင့်တိုက်ခိုက်စေခဲ့တာ ဖြစ်ပြီး ဒါကြောင့်ပဲ အားလုံးရဲ့ အပြုအမူများဟာ တူညီနေ တာပါ ။ အချိန်တိုင်းမှာ ငါးယောက်ဆီ ဟာ တပြိုင်နက်ထဲ တိုက်ခိုက်နေတာ ဖြစ်ပါတော့တယ် ။
ဒါပေမယ့် အားနည်းချက်တော့ ရှိမှာပါ ။ သူသာ လူ ဆယ်ဦး၏ တပြိုင်နက် တိုက်ခိုက်မှုအား ခုခံနိုင်ခြင်း မရှိပါ က ထိုသို့သော အားနည်းချက်ကို ရှာတွေ့ နိုင်မည် မဟုတ် ချေ ။
ချန်ရှန် ရုတ်တရက် ပျောက်ကွယ်သွားတယ် ။ တိတ် တဆိတ်ပင် တောထဲ မှ ပျောက်ကွယ်သွားတာ ဖြစ်ပြီး သူ ဟာ အလွန်လျင်မြန်သော နှုန်းဖြင့် တောထဲ ပတ်ပြေးနေ တာပါ ။ သူ၏ အမြန်နှုန်းဟာ သိပ်ကြာရှည်မခံပေမယ့် ယခု အခါမှာတော့ သူ့ပုံရိပ်ကို မမြင်နိုင်လောက်သည်ထိ အလွန် လျင်မြန်လှပါတယ် ။ အသက်ရှူပုံကို ထိန်းချုပ်ထားရုံမက ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ကိုပါ တွဲသုံးထားသောကြောင့် သူ့ကို လုံးဝ ပျောက်ကွယ်သွားစေပါတယ် ။
လူဆယ်ဦးလုံးဟာ ကြိုးကိုင်ထားခြင်း ခံရတာ ဖြစ် သော ကြောင့် ချန်ရှန်ကို အာရုံခံနိုင်ခြင်း မရှိကြချေ ။ ချန် ရှန် အနေဖြင့် ကြိုးဆွဲသူ ဟာ ဒီနားတဝိုက် ရှိနေမည် ဟု ခန့်မှန်း လိုက်မိတယ် ။
အမည်းရောင် ၀တ်ရုံဝတ် လူ ၁၀ ဦးဟာ ခံစားချက် မဲ့ စွာ လူသေများလို ရပ်နေကြပြီး ဒါကို ကြည့်ခြင်းအားဖြင့် ကြိုးဆွဲသူ ဟာ ချန်ရှန် ပေါ်လာတာကို စောင့်နေတယ် ဆို တာ သိနိုင်ပါတယ် ။ သူလည်း ချန်ရှန် ကို ရှာနေတာ ဖြစ် ပြီး ဒါပေမယ့် ချန်ရှန် ပေါ်လာတာကိုသာ စောင့်နေရပုံပါ ၊ အဘယ်ကြောင့်ဆိုသော လူဆယ်ဦးအား တပြိုင်နက်ထဲ ထိန်းချုပ် ထားရခြင်းကြောင့် ချန်ရှန် ကို အာရုံမခံနိုင်တော့ တာ ဖြစ်ပါတယ် ။
ချန်ရှန် ရုတ်တရက် ပြန်ပေါ်လာတယ် ။ သူပေါ်လာတာ နဲ့ တပြိုင်နက် အမည်းရောင် ၀တ် လူတစ်ဦးထံ ပုံဆောင် ခဲ တစ်ခု ပစ်သွင်းလိုက်တယ် ။ အောင်မြင်သွားသည့်အခါ ကျန် နောက်တစ်ဦးထံ သွားကာ ပုံဆောင်ခဲတစ်ခု ပစ်သွင်း လိုက် ပြန်ပါတယ် ။ ဒီလိုနည်းဖြင့် မျက်စိတမှိတ်အတွင်းမှာ ပဲ သူ့လုပ်ငန်းစဉ် ပြီးပြတ် သွားပါပြီ ။
ချန်ရှန် ပြုလုပ်ခဲ့သော ပုံဆောင်ခဲ ၁၀ ခုမှာ အလွန်ပင် ရိုးရှင်းလှပေမယ့် အရမ်းအစွမ်းထက်သော တိုက်ကွက် တစ် ခု ဖြစ်ပါတယ် ။ သူမကြာသေးမီကမှ သင်ကြားခဲ့သည့် အရိုးပြောင်း မိစ္ဆာ ပုံဆောင်ခဲပါ ။
သူဟာ ယခုအခါ လူဆယ်ဦး ၏ အလယ်မှာ ရပ်နေ ခြင်း ဖြစ်ပြီး ထိုလူဆယ်ဦးမှာလည်း တဖြည်းဖြည်း တစ်ဦး ချင်း လဲကျသွားကျပါတယ် ။ မြင်ရသည်မှာ ၎င်းတို့အား ခေါက်ရိုးချိုးလိုက်သလိုပါပဲ ။ အဘယ်ကြောင့်ဆိုသော် ၎င်း တို့အားလုံးတွင် အရိုးများအားလုံး မကျန်တော့တာ ကြောင့် ပါ ။ သူတို့အားလုံးဟာ ရုပ်သေးရုပ်များ ဖြစ်သောကြောင့် နာကျင်မှုကို ၎င်းတို့ မသိကြချေ ။ ဒါကြောင့်ပဲ အလွန်ထူး ဆန်းသလို ဖြစ်နေပါတယ် ။
ဒီရုပ်သေးရုပ် ၁၀ ရုပ်သာ သာမန် အဆင့် ၅ ပညာရှင် နှင့် ရင်ဆိုင်မည် ဆိုပါက ကောင်းကောင်း ဒုက္ခပေးနိုင်မှာပါ ၊ သို့သော်လည်း ချန်ရှန် နှင့် တွေ့ တယ့်အခါမှာတော့ အား လုံး မြေပေါ်မှောက်သွားခဲ့ရ ပါပြီ ။
ချန်ရှန် သာ ၎င်းတို့အား ရက်ရက်စက်စက် ခုတ်ချခြင်း ၊ ပုံဆောင်ခဲများ ရိုက်သွင်းခြင်းတို့ ပြုလုပ်ခဲ့မည် ဆိုပါက အဆိုပါ ရုပ်သေးရုပ်များဟာ တခါတည်း လဲကျသွားမည် မဟုတ်ချေ ။ဒါပေမယ့် ယခုအခါ ၎င်းတို့မှာ အရိုးများ မရှိတော့ သော ကြောင့် ၎င်းတို့ဟာ ရှင်လျက်နဲ့ သေသလို ဖြစ်သွားခဲ့ရတာပါ ။ အရိုးဆိုတာ လူ့ခန္ဓာကိုယ်အတွက် မ ရှိမဖြစ် လိုအပ်သည့် အရာ မဟုတ်ပါလား ။
ချန်ရှန် သူလေ့ကျင့်ခဲ့သော မိစ္ဆာတိ်ုက်ကွက်ကို ကြိတ် ချီးကျူးမိတယ် ။ ဒီမတိုင်ခင်က သူဟာ ကျောက်တုံးများကို သာ စမ်းသပ်ခဲ့ဖူးတာ ဖြစ်ပြီး ယခုမှသာ လူကို စမ်းသပ် ထုတ်သုံးဖူးတာ ဖြစ်ပါတယ် ။
“တွေ့ ပြီ သူ့ကို ၊ ဟားဟား ၊ ဒီလူက အတော် စိုးရိမ်နေ ပုံပဲ ။ သူခုနက နတ်အတွင်းအား အာရုံတွေ ပေါ့ပေါ့ဆဆ ထုတ်လွှတ်ခဲ့တာကြောင့် သူ့ကို တွေ့ ရတာပဲ”
လောင်ဆုရီ ရယ်မောပြောဆိုကာ ချန်ရှန် အား ထိုသူ ၏ တည်နေရာကို ပြောပြလိုက်တယ် ။
ရုပ်သေးရုပ် ကြိုးကိုင်သူ ၏ နေရာကို သိပြီးနောက် ချန်ရှန် အေးစက်စွာ ပြုံးလိုက်မိတယ် ။ ရုတ်တရက် ပုံ ဆောင်ခဲ တစ်ခုအား မြေပြင်သို့ ရိုက်ချလိုက်သောအခါ တုန်ခါမှုကြီး ဖြစ်ပေါ်သွားကာ အသံများလည်း ကျယ် လောင်စွာ မြည်ဟည်းသွားပါတယ် ။ ပတ်လည်ရှိ သစ်ပင် များ မှာလည်း ပင်လယ်ထဲရှိ လှိုင်းလုံးကြီးများလို အထက် အောက် စုန်ချီဆန်ချီ လှုပ်ခါလျက် ရှိနေပါတယ် ။ ဒါတွေ အားလုံးဟာ ချန်ရှန် ပြုလုပ်ခဲ့သော ပုံဆောင်ခဲကြောင့် ဖြစ် ပြီး အားလုံးဖြစ်ပျက်နေပုံမှာ ပင်လယ်ထဲသို့ အလွန်အင် အားပြင်းထန်သော မုန်တိုင်းကြီး ၀င်မွှေလိုက်သလိုပါ ။
ချန်ရှန် ဟာ ဒီလို ကောင်းကင်ဖြို ပုံဆောင်ခဲကို ပြုလုပ် ရန် စကြာဝဠာ ချီဓာတ်များအား အသုံးပြုလိုက်တာ ဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံး သိမ့်သိမ့် တုန်သွား ပါလေတော့ တယ် ။ တောင်ကြီးတစ်ခုလုံးလည်း လှုပ်ခါတ်သွားကာ အရာအားလုံးဟာ ပျက်စီးကိုပါတယ် ။
“ထိသွားပြီ ၊ ဟိုလူ တော့ သွေးတွေ အန်နေပြီ”
လောင်ဆုရီ ခပ်လှောင်လှောင်လေး ရယ်မောကာပြော ပါတယ် ။
မြေကြီးထဲ ပုန်းနေသည့် လူဟာ ချန်ရှန် ၏ ကောင်း ကင် ဖြို ပုံဆောင်ခဲကို ထိမှန်သွားခဲ့ပါပြီ ။ ထိုတိ်ုက်ကွက် ဟာ တောင်ကြီးတစ်ခုလုံးကိုကပင် တုန်ခါသွားစေနိုင်သည် မဟုတ်ပါလား ။
ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ် ။ မြေကြီးထဲသို့ ပြင်းထန်လှသော ကောင်းကင်ဖြိုပုံဆောင်ခဲများ တစ်ခုပြီး တစ်ခု ရိုက်သွင်းနေတယ် ။ ထိုအချိန်မှာ တောင်ပိုင်းစွန့်ပစ် နယ်မြေ တစ်ခုလုံးဟာ ကျယ်လောင်လှသော အသံကြီး များ တစ်ခုပြီးတစ်ခု ရိုက်ခတ်နေလျက် ရှိပါတယ် ။ ဂုဒွန်ချန် နဲ့ တခြားလူများဟာ အတွင်းပိုင်းကို ကြည့်ရင်း အံ့သြနေ ကြ တယ် ။ ချန်ရှန် ခုလို တောထဲ ၀င်သွားပြီးပြီးချင်ပဲ အသေ အကြေ တိုက်ခိုက်နေလိမ့်မည်ဟု မထင်ထားခဲ့ကြ ပါဘူး ။
မြေပြင်ပေါ်သို့ ပုံဆောင်ခဲ ဆယ်ခုလောက် ရိုက်ပြီးတဲ့ အခါမှာတော့ ချန်ရှန် ရပ်နေရာနေရာဟာ မြေကြီးအောက် ပေ ရာနဲ့ချီပြီး ဟောင်းလောင်းပေါက် ဖြစ်နေပြီ ဖြစ်ပါတယ် ၊ ချန်ရှန် လူရုပ်မပေါ်တော့သော လူတစ်ဦး နောက်ဆုံး ထွက်သက် ကို စောင့်နေတာ မြင်လိ်ုက်ရတယ် ။ ထို သက် လတ်ပိုင်အရွယ်လူဟာ ၎င်း၏ ဒွါရကိုးပေါက်မှ သွေးများ စိမ့်ထွက်လျက် အတော်ကို အခြေအနေဆိုးနေပါတယ် ။
“မသေသေးဘူးမလား ၊ ဝိဉာဉ်ဖမ်း မိစ္ဆာကျိန်စာ ကို သုံးပြီး မေးလိုက်”
ဘိုင်ယုယု ပြောလိုက်တယ် ။ သူမ ဟာ ထိုရုပ်သေး ရုပ် ဆယ် ရုပ်ကို အတော်စိတ်ဝင်စားနေတာဖြစ်ပြီး အဆိုပါ မိစ္ဆာချီဓာတ်များကို သိချင်စိတ်ပြင်းပြနေတာ ဖြစ်ပါတော့ တယ် . . . ။