Switch Mode

Chapter – 50

လေတွေ ထွက်နေတာ

အပိုင်း (၅၀) လေတွေ ထွက်နေတာ

မိုမို့ ‘အု’ ဟူသည့် လေချဉ်တက်ခြင်းနှင့်အတူ သူမ၏ လှုပ်ခါနေသော ခန္ဓာကိုယ်တို့က တစ်မျိုး ကြောက်စရာကောင်းသည့်ခံစားချက်ကို ပေးနေသည်။

တစ်ချိန်တည်းမှာပဲ ရူးကြောင်ကြောင်လည်းနိုင်သည်။

စုရှောင်ရှန် သူ့ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်သောကြောင့် အလွယ်တကူ ထရယ်လေ့မရှိသော်လည်း သူလည်း မခံနိုင်တော့ပေ။

ပွဲကြည့်သူများအတွက်လည်း အတူတူဖြစ်သည်။ ပထမက မိုမိုမှာ အပြင်စည်း၀ါအကြီးဆုံး ဂိုဏ်းတူအမကြီးဖြစ်သည့်အပြင် ထိပ်သီး အဆင့်(၁) လည်းဖြစ်တာကြောင့် မည်သူမှ မရယ်ရဲကြပေ။

သို့သော် စုရှောင်ရှန်၏ ရယ်မောခြင်းက သူတို့၏ ခံစားချက်များကို လွှမ်းမိုးလိုက်လေသည်။

ကနဦးအံ့အားသင့်မှုများပျောက်သွားကြပြီး လူတိုင်း တဖြေးဖြေးနှင့် နောက်ဆုံး လူတိုင်း ရယ်မောလိုက်ကြသည်။

“စုရှောင်ရှန်ကို မလေးစားဘဲကို မနေနိုင်တော့ဘူး။ အရမ်း ရက်စက်လွန်းတယ်။ ဟားဟားဟား”

“ငါလည်းမထိန်းတိုင်တော့ဘူး ရယ်ရလို့သေတော့မယ်။ ဂိုဏ်းတူအမမိုရဲ့ အခြားတစ်ဘက်ကို မြင်ရတာလည်းမဆိုးဘူး။ ချစ်စရာကောင်းတာပဲ”

“ဟားဟား။ ငါလည်းမခံနိုင်တော့ဘူး။ တောင်းပန်ပါတယ်။ ဒါပေမယ့် ရယ်ခွင့်ပေးပါ။ ဟားဟားဟား…”

“ဘူးထွားဟားဟားဟီးဟားဟီးဟားဟား”

ထိုကဲ့သို့ ထူးခြားသည့် ရယ်မောသံကြီးကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

“လခွမ်း။ ဘယ်သူက အဲ့လို ‌ထူးထူးဆန်းဆန်း ရယ်လိုက်တာလဲဟ”

“နေ့ပြောနောက်ကြည့်တဲ့ဟ။ မင်းနောက်ကြည့်လိုက်ဦး”

ထိုပြောလိုက်သည့်သူ နောက်လှည့်ကြည့်လိုက်ရာ အကြီးအကဲကျောက်၏ မျက်နှာသေ အမူအရာကြီးကိုမြင်ပြီး ‌သေးထွက်လုမတတ်လန့်သွား၏။

ဘုရားရေ ငါတော့ သေပြီ။

သို့သော် သူမမျှော့်ထားစွာ အကြီးအကဲကျောက် ပြိုင်ကွင်းကို လက်ညိုးထိုးပြီး အသံပြဲကြီးဖြင့် အော််လိုက်၏။ “သူထပ်ဖောက်ပြန်ပြီ။ စုရှောင်ရှန်က စိတ္တဇပဲ မဟုတ်လားကွ”

“ဟီးဟီးဟားဟားဟူးဟား”

“ဟား..”

“ဟားဟားဟား”

လူတိုင်း မရယ်နိုင်ဘဲ မနေနိုင်တော့ပေ။ လူတစ်၀က်လောက်က ပြိုင်ကွင်းပေါ်မှ အဖြစ်အပျက်ကိုရယ်နေကြခြင်းဖြစ်ကာ ကျန်တစ်၀က်လောက်က အကြီးအကဲ ‌‌ကျောက်ကို ရယ်နေကြခြင်းဖြစ်သည်။ သာမန်ဆိုပါက မည်သူမှ သူ့ကို လှောင်ရယ်ရဲကြလိမ့်မည်မဟုတ်ပေ။ ကြုံတောင့်ကြုံခဲဖြစ်သည်။

ပင်ကိုယ်မှတ် အသစ်များ သူ့အသိပေးချက်ဖန်သားပြင်ပေါ်ကျလာ၏။ အနည်းစုက သူ့ကို လေးလေးးစားစားလှောင်ပြောင်နေသူများထံမှဖြစ်ကာ အများစုကတော့ အထင်အမြင်သေးခြင်း၊ ကျိန်ဆဲခြင်းတို့‌မှ ဖြစ်သည်။

စုရှောင်ရှန် ခပ်ပြုံးပြုံးဖြစ်သွားသည်။ ၎င်းက အစီအရင်မရှိရသည့် အကျိုးကျေးဇူးပင်။ အသိပေးချက်အသစ်များကို အချိန်နဲ့အမျှ ကြည့်နေနိုင်ကာ ၎င်းက ခံစားလို့ အလွန်ကောင်းပေသည်။

အခြားတစ်ဘက်တွင်ဖြစ်သည်။

မိုမိုသူမ၏ အစွမ်းအကုန်မသုံးရန်ဆုံးဖြတ်ထားသော်လည်း စုရှောင်ရှန်၏ သူမကို အရှက်ခွဲသည့် အပြုအမူကြောင့် သူမ၏ ညာဘက်လက်မှ စည်းကို ဖျက်ရန် စိတ်ပိုင်းဖြတ်လိုက်၏။

သူမ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသည့် ခံစားချက်များကို ဖိနှိပ်လိုက်ပြီး လက်ကွက်များကို အဆက်မပြတ်လုပ်လိုက်သည်။ ဖြစ်ချင်တော့ ၎င်းတို့က သူမ အရင်လုပ်ထားသည့် လက်ကွက်များ၏ အဆက်ဖြစ်နေ၏။

“ဘာလဲဟ… အဲ့လိုလည်း ရတာလား”

စုရှောင်ရှန် အငိုက်မိသွားပြီး ယောင်တောင်တောင် ထပ်လုပ်နေလို့မရတော့ဘူးဆိုတာ သိလိုက်ရသည်။ ဤအခြေ‌အနေအား လေးလေးနက်နက် မဆက်ဆံပါက မိုမို သူ့ကို ဤနေရာတွင် သတ်လိုက်နိုင်ပေ၏။

“ပြောင်းပြန် ဓားကွက်”

အု

မိုမို ၎င်းကို အံကြိတ်ခံရင်း စုရှောင်ရှန်ကို မီးတောက်နေသည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။ သူမ၏ လက်များကတော့ အလုပ်မပျက်ပေ။ သို့သော် ဤတစ်ကြိမ်တော့ စုရှောင်ရှန်လည်း ၎င်းကို မရပ်လိုက်ပါပေ။

အနက်ရောင်ဓား အသာအယာ ‌ပျံသန်းသွားပြီး သူ့ရင်ဘက်ရှေ့ကို ရောက်လာခဲ့သည်။ စုရှောင်ရှန် ထိုမှ စိတ်ဖြင့် ၎င်းကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်လေသည်။ စုရှောင်ရှန် သိုလှောင်လက်စွပ်ကို လည်ပင်း၌ ဆွဲရန် အကြံကြောင့် သူ့ကိုယ်သူ ဉာဏ်အတော်ပြေးသည်ဟု ခံစားလိုက်ရသည်။

ပိုင်ရှင်ကို ပြန်ထိုးချင်‌နေသည့် တိတ်တခိုးနာကျင်ခြင်းကို သိမ်းလိုက်ပြီးနောက် သူ့ခွန်အားအကုန်ကို ထုတ်သုံးနိုင်တော့မည်ဖြစ်လေသည်။

“စစ်မှန်ခြင်းနယ်ပယ် အပြည့်အ၀ အသက်၀င်စမ်း”

မိုမို့ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ထဲမှ ဓားဆန္ဒအပေါ် ထိန်းချုပ်မှုကင်းမဲ့သွားသည်ဟု မိုမိုခံစားလိုက်ရသည်။

စုရှောင်ရှန် ခွန်အားအနည်းငယ် ထိန်ချန်ထားသေးတာလား။

ဖွီးးး

နောက်ဆုံးတော့ သူမလည်း သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။ ထိုသွေးနှင့်အတူ ချိတ်စည်းကို မထိန်းထားနိုင်တော့ကာ မိုးထိုးတက်မတတ် ဓားဆန္ဓမသူထံမှ မြင့်တက်လာခဲ့၏။

ပြိုင်ကွင်းအစွန်း၌ ရပ်နေသော ရှောင်ချိစွေ ကြက်သေသေသွားသည်။

“စုရှောင်ရှန်…”

“သူ ‘အရာအားလုံးကဓား’ နဲ့ လူတစ်ယောက်ကိုတောင် အတင်းထိန်းချုပ်နိုင်တဲ့ အဆင့်အထိ နားလည်သဘောပေါက်သွားတာလား”

“ဘယ်လို ထူးဆန်းတဲ့ ကောင်လဲဟ”

တိတိကျကျပြောရသော် စု‌ရှောင်ရှန်က လူတစ်ယောက်ကို ထိန်းချုပ်နေခြင်းမဟုတ်ပါ။ သူက မိုမို့ခန္ဓာကိုယ်ထဲမှ ဓားစွမ်းအင်ကို ထိန်းချုပ်နေခြင်းဖြစ်သည်။

၎င်းက မူလအစကတည်းက တိတ်တခိုးနာကျင်ခြင်းမှ ထုတ်လွှတ်လိုက်သော သူ၏ ဓားစွမ်းအင်ဖြင်ရာ ၎င်းကို မည်သို့မထိန်းချုပ်နိုင်ဘဲ နေမည်နည်း။

မိုမို ဓားစွမ်းအင်ကို ထိန်းချုပ်မှုကင်းလွတ်သွားသည့်အခါ သူမခန္ဓာကိုယ်မှ ဓားဆန္ဒများသာမြင့်တက်လာခြင်းမဟုတ်ဘဲ နှင်းဖြူရောင်စစ်မှန်ခြင်းဓားစွမ်းအင်လည်း လွတ်ထွက်လာခဲ့သည်။

သူမ၏ ဒွာရ (၆) ပါးစလုံးနှင့် ကိုယ်လက်အင်္ဂါ‌ လေးခုစလုံးမှ ခြောက်ခြားဖွယ်ရာ ဓားစွမ်းအင်များ စိမ့်ထွက်လာခဲ့၏။ ထို့နောက် ထိုချွန်ထက်သည့် ဓားစွမ်းအင်များက သူမကို ပိုင်းဖြတ်သွားရာ သွေးများ ဖြတ်ပိုင်းရာများမှ အဆက်မပြတ်ထွက်လာခဲ့လေသည်။

မိုမို တကယ် သူ့ကို အထင်သေးမိခြင်းဖြစ်သည်။ ဓားဆန္ဒအပေါ် စုရှောင်ရှန်၏ ထိန်းချုပ်မှု ဤမျှ မြင့်မားမည်ဟု သူမ မသိချေ။

သာမန်ဆို ‘အရာအားလုံးကဓား’ ကို တတ်သည့်သူက စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကိုလည်း ကျင့်ကြံနိုင်မည့်သူများဖြစ်သော်လည်း စစ်မှန်ခြင်းနယ်ပယ်ဓားဆန္ဒဖြင့်လူက ‘အရာအားလုံးကဓား’ ကို တတ်မြောက်အောင် ကျင့်ကြံနိုင်ဖို့ မဖြစ်ပေ။

၎င်းက စိတ်ဝိညာဉ်နည်းစနစ်မဟုတ်ဘဲ စိတ်အခြအနေတစ်ခုကို အမှန်တကယ် သဘောပေါက်သွားခြင်းဖြစ်သည်။ ၎င်းက အင်မတန် ခက်ခဲသော အရာတစ်ခုဖြစ်သည်။

စုရှောင်ရှန်လို မူမမှန်သည့်သူတစ်ယောက်တည်းသာ ‘အရာအားလုံးကဓား’ ကို စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒအား ရရှိချိန် တစ်ချိန်တည်း တတ်မြောက်သွားသည့်သူဖြစ်ရမည်။

ရှင်းးးး

ကြောက်မက်ဖွယ်ရာဓားစွမ်းအင်တို့က မိုမို့ထံမှ ထွက်လာပြီး ၎င်းတို့က သူမကို တန်ပြန်သက်ရောက်ပြီး လွင့်ပျံဝဲသွားစေလိုက်သည်။

လေထဲ၌ သူတို့အကြည့်များဆုံသွားကြသည်။ တစ်ယောက်က လေထဲ၌ သံကြိုးများဖြင့် အတုပ်ခံထားရပြီး တစ်ယောက်ကို ဓားစွမ်းအင်များက သယ်ဆောင်သွားခြင်းဖြစ်သည်။

သူတို့ကြားမှ တစ်ခုတည်းသော ဆင်တူသည့်အရာက နှစ်ဦးသား ခြေကားလက်ကားနှင့် သွေးများဖြင့် ရဲရဲနီနေခြင်းဖြစ်သည်။

“ဟီးဟီး” စုရှောင်ရှန်ရယ်လိုက်သည်။ “နောက်ဆုံးတော့ နင်လည်း ကိုယ်ဖော်တဲ့ဆေးကိုပြန်စားလိုက်ရတာပဲနော်”

“ငါ့ကိုလွှတ်” မိုမို ခဲယဉ်းစွာ ဆိုလိုက်သည်။

“ငါနင့်ကို ကြိုးတုပ်ထားတာမှ မဟုတ်တာ ပြီးတော့ ဒါ နင်စတဲ့ ဇာတ်လေ”

စုရှောင်ရှန် ရိုးသားဟန်ဖြင့် မျက််စိတစ်ချက်မှိတ်ပြလိုက်ပြီး ထပ်လောင်း၍ “နင်ငါ့ကို အရင်လွှတ်ပေး”

“‌မလွှတ်ပေးနိုင်ဘူး”

“ဟီးဟီး။ ရတယ်လေ ငါလည်း တူတူပဲ”

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် အလျော့မပေးလ်ိုဟန်ဖြင့် တိတ်ဆိတ်စွာ အကဲခတ်လိုက်ကြသည်။

စုရှောင်ရှန် တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် ရုပ်တရက် ထပြောလိုက်သည်။ “ဂိုဏ်းတူညီမလေးမို။ ငါပြောတာနားထောင်။ ခေါင်းမာမနေပါနဲ့။ နင့်စီကလေတွေထွက်လာရင်ငါ့အမှားမဟုတ်ဘူးနော်…”

မိုမို နားမလည်နိုင်ဖြစ်သွားပြီး စုရှောင်ရှန် ဆိုလိုသည်ကို သဘောပေါက်သွားရာ ဒေါသကြောင့် မေ့လဲ မတတ်ဖြစ်သွားသည်။

“စုရှောင်ရှန်”

“ငါနင့်ကိုသတ်ပစ်မယ်”

[အခြိမ်းခြောက်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ပွဲကြည့်သူများပွဲကျသွားကြသည်။ သူတို့နှစ်ဦး အလွန်ဆိုးရွားသည့် အခြေအနေ၌ ရှိနေသော်လည်း စုရှောင်ရှန်က သူတို့ကို မသနားဘဲ နေကို နေနိုင်အောင် လုပ်လိုက်သည်။

သူတို့ထံမှ သွေးများ အဆက်မပြတ် ထွက်လာနေလေသည်။

သူတို့သွေးများ အဆုံးမရှိသည်လော။

မိုမိုတုန့်ဆိုင်းသွားသည်။ သူမတွင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်မရှိပါပေ။ ယခုထိတောင့်ခံနိုင်ခြင်းမှာ သူမ၏ ညာလက်မှ လွှတ်ပေးနေသော များပြားသည့် အသက်စွမ်းအင်များကြောင့်ဖြစ်လေသည်။

သို့သော် “၎င်း” လည်း မောပန်းနွမ်းနယ်နေသည်ကို သူမသိသည်။

“ကောင်းပြီလေ”

“ငါနင့်ကို အရင်လွှတ်ပေးမယ်” အံကြိတ်ရင်းဆိုလိုက်ကာ လက်ကွက်တစ်ခုလုပ်လိုက်သော် ချော်ရည်များ ထပ်ထွက်မလာတော့ပေ။

အူးးးး

ထာ၀ရ အသက်စွမ်းအင် သူ့တစ်ကိုယ်လုံးကို ချက်ခြင်းကုသပေးလိုက်ရာ သာယာမှုကြောင့် စုရှောင်ရှန် ညည်းလိုက်မိ၏။

မိုမိုက ဆိုလိုက်သည်။ “ခု နင့်အလှည့်”

စုရှောင်ရှန် အသက်ခပ်ပြင်းပြင်းရှိုက်လိုက်ရင်း ခက်ခက်ခဲခဲ ရထားသော ငြိမ်းချမ်းမှုကို ခံစားလိုက်သည်။

“ငါလိမ်တာ။ တကယ်က ငါဓားဆန္ဒကို ‌ကောင်းကောင်းမထိန်းချုပ်နိုင်ဘူး…”

မိုမို : (⁠θ⁠‿⁠θ⁠)

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ်+၁]

သူမလက်ကို ဝှေ့ရမ်းလိုက်ရာ ချော်ရည်များထပ်စီးဆင်းလာခဲ့သည်။

“ဘာလဲဟ ရက်စက်လိုက်တာ”

စုရှောင်ရှန် အခွင့်ကောင်းကို ယူပြီး သူ့ရင်ဘက်ကို စောင့်လိုက်ရာ သိုလှောင်လက်စွပ် မြှောက်တက်သွားသည်။

တိတ်တခိုးနာကျင်ခြင်း ပြန်ထွက်ပေါ်လာပြီး လေထဲ၌ ဝဲပျံနေလိုက်သည်။

ဓားလက်ကိုင်ကို ချွန်ထက်ခြင်းအလင်းစုစည်းထားသည့် သူ့နဖူးနှင့် မျက်နှာချင်းဆိုင်ထားရင်း အားဖြင့် တိုက်ချလိုက်သည်။

ရှင်းးး

အနက်ရောင်ဓားက ကောင်းကင်ယံသို့ အလျှင်အမြန် ပျံတက်သွားခဲ့၏။

ပွဲကြည့်စင်ရှိ ကျောက်ချင်းထန် သိလိုက်ရသည်။ ၎င်းက သူ့ကို အနိုင်ယူခဲ့သော ထိုနေ့မှ ဓားကွက်ဖြစ်လေသည်။

လူတိုင်းစုရှောင်ရှန်၏ ရည်ရွယ်ချက်ကိုသိလိုက်ရသည်။ နောက်ဘာဆက်ဖြစ်မည်ကို သူတို့ ရေးရေးလေး မြင်နိုင်နေသည်။

မိုမို ၎င်းကို မည်သို့ လစ်လျူရှုနိုင်မည်နည်း။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်က ဓားစွမ်းအင်များဆက်၍ လွှတ်နေသေးရာ သူမ လက်ကိုလှုပ်ဖို့ပင် မနည်းကြိုးစားနေရသည်။ သို့တောင် လက်ကွက်များဆက်လုပ်လိုက်သေးသည်။

“နှေးလွန်းတယ်…”

ရှောင်ချိစွေ ခေါင်းခါရမ်းလိုက်သည်။ မိုမို့တွင် ကြောက်မက်ဖွယ်ရာ ဝှက်ဖဲရှိနေသေးသည် ဆိုစေဦးတော့ ၎င်းကို အသုံးပြုရန်အတွက် ရှုပ်‌ထွေးသည့် လက်ကွက်များကို လုပ်ရသေးချေသည်။

သာမန်လူတစ်ယောက်နှင့် တိုက်ခိုက်နေပါက ၎င်းက ပြဿနာမဟုတ်ပေ။

သို့သော် သူမ ရင်ဆိုင်နေရသည်မှာ တိုက်ပွဲတိုင်းကို အချက်အလက်ကျကျ ဖမ်းစားနိုင်သည့် ပါရမီရှင် လူထူးဆန်း စုရှောင်ရှန်ဖြစ်သည်။

ထိုညကကဲ့သို့ တိတ်တခိုးနာကျင်ခြင်းအလွန်ဝေးကွာသည့် အကွာအဝေးကို ပျံသန်းသွားလေသည်။ စုရှောင်ရှန် စိတ်လှုပ်ရှားသွား၏။

‘ပြန်လာခဲ့’

‘မင်းရဲ့ ပိုင်ရှင်ကို မင်းသတ်ချင်ဘူလား။ ငါမင်းကို အခွင့်အရေးပေးနေတာနော်’

“ဓားပြောင်းပြန်ဓားကွက်”

မိုမိုလည်း အလျော့မပေးချေ။ သူမနောက်ကျောဘက်မှ လေထုကိုဖြတ်သန်း၀င်လာသည့် တစ်စုံတစ်ရာကို ကြားသော်ငြား လက်ကွက်များကိုဆက်လုပ်နေစဲဖြစ်သည်။ တိတ်တခိုးနာကျင်ခြင်း သူမ၏ ရင်‌ဘက်ကို ဖောက်ထွင်းသွားခဲ့သည်။

၎င်းက အဆုံးမဟုတ်ပေ။ လူတိုင်း အနက်ရောက်ဓားက မိုမို့ကိုပါ တစ်ပါတည်းခေါ်ဆောင်သွားပြီး စုရှောင်ရှန်၏ ရင်ဘက်ကို သွားစိုက်လိုက်သည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

ထိုအခိုက်အတန့်၌ အပ်ကျသံပင်ကြားသွားရလောက်သည်။

လေထဲ၌ ချော်ရည်များဖြင့် ပြည့်နေသော သံကြိုးကြီး (၄)ကြိုး၊ လူနှစ်ဦးအား ထုတ်ချင်းဖောက်ထားသော သွေးများစီးကျနေသည့် အနက်ရောင်ဓား…

ဤမြင်ကွင်းက လူတိုင်း၏ စိတ်ထဲတွင် ထာ၀စဉ် နေရာယူသွားတော့သည်။

“စုရှောင်ရှန်… ပြတ်သားလိုက်တာ… သူ့ကိုယ်သူတောင် မသနားဘူး…”

“ချီး ငိုချင်လာပြီ။ တကယ်နာမယ့်ပုံကြီး…”

လေထဲ၌ သံကြိုးများ အလင်းအစက်ပျောက်များအဖြစ် အချိန်မရွေးပျောက်သွားနိုင်သည့်ဟန်ပေါ်နေသည်။

အွတ်

စုရှောင်ရှန် မိုမို့ ခေါင်းပေါ် သွေးပွက်ပွက်အန်ချလိုက်သည်။ နာကျင်မှု။ ၎င်းက အသဲကွဲကြေမတတ် နာကျင်မှုဖြစ်သည်။

ဤသို့ မလုပ်ပါကလည်း မိုမို့အား ညာလက်မှ ချိတ်စည်း ဖျက်ခြင်းကို တားနိုင်လိမ့်မည်မဟုတ်ပါပေ။

အော့

မိုမိုလည်း စုရှောင်ရှန်အပေါ် သွေးအန်ချလိုက်သည်။ သူမတွင်စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်မရှိရာ စုရှောင်ရှန်၏ ရင်ခွင်ထဲတွင်ပင် သတိလစ်သွား၏။

ဤမြင်ကွင်းကြောင့် အချို့က မျက်ရည်ဝဲသွားကြသည်၊ အချို့က မျက်စိမျက်စံပြူးပြီး ကြည့်နေကြသည်၊ အချို့က မှင်သက်နေကြလေသည်။

ဘန်းး

သံကြိုးများ အလင်းစများအဖြစ် ပျောက်ကွယ်သွားသည်။ ‌လေထဲမှ သတိမေ့ရင်း ပြုတ်ကျသွားသော မိုမို့ကို စုရှောင်ရှန်ဖက်လိုက်သည်။

ဇွက်

စုရှောင်ရှန် ဓားနက်နှင့် မိုမို့ကို လက်နှစ်ဖက်နှစ်ချက်တွင် ပွေ့ဖက်ထား၏။ ထို့နောက် မိုမို့ကို ရွှေ‌နီဆေးတစ်လုံးကြွေးလိုက်သည်။

“ပြိုင်ပွဲပြီးပြီ။ စုရှောင်ရှန် အနိုင်”

Comment

Leave a Reply

Options

not work with dark mode
Reset