Switch Mode

Chapter – 49

အခြေအနေ ပြောင်းသွားပြန်ပြီ

အပိုင်း (၄၉) အခြေအနေ ပြောင်းသွားပြန်ပြီ

သူမ၏ ကျောက်စိမ်းကဲ့သို့လက်ချောင်းများ ကခုန်လိုက်ကြပြီး ရှုပ်ထွေးသော လက်ကွက်များကို ဆောင်ရွက်လို့ပြီးသွား လေသည်။ ထို့နောက် စုရှောင်ရှန် သံကြိုးများ၏ အပူချိန်မြင့်တက်လာတာကို ခံစားလိုက်ရ၏။

“အရည်ကျိုစမ်း” မိုမို အသာအယာ ရွတ်ဖတ်လိုက်သည်။ ထို့နောက် ကောင်းကင်ပေါ်မှ အပေါက်လေးခုမှ ချော်ရည်များသံကြိုးအတိုင်းစီးဆင်းလာကြ၏။

“ဘုရားရေ အဲ့တာနဲ့ဆို မသေနိုင်ဘူးလား”

ပွဲကြည့်ရှူနေကြသူများ မှင်သက်သွားကြသည်။ သူတို့အားလုံးက စတင်ခြင်းနယ်ပယ်မှ ဖြစ်ရာ မည်သူကမှ စစ်မှန်ခြင်းနယ်ပယ် တိုက်ပွဲကို နားမလည်ကြချေ။

အကယ်၍ ထိုနေရာ၌ စိတ်ဝိညာဉ်နယ်ပယ် အဆင့်(၁၀) သာမန်လူတစ်ယောက်ဆိုပါက ချက်ခြင်း အနိုင်ယူခံလိုက်ရနိုင်သည်။

စုရှောင်ရှန်လည်း အနည်းငယ် ဒုက္ခရောက်သွားပြီး တောင်းဆိုလိုက်သည်။ “လုပ်ပါ ငါ့ကို ချမ်းသာပေးပါ”

မိုမိုသူ့ကိုလစ်လျူရှူပြီး အားပိုစိုက်ထုတ်လိုက်သည်။ တစ်ခဏအတွင်း စုရှောင်ရှန်၏ ခန္ဓာကိုယ်ကို ချော်ရည်များဖုံးသွား၏။

အား

စုရှောင်ရှန် ‌နှလုံးကွဲကြေမတတ် အော်သံစူးစူးကြီးကို အလိုလိုနေရင်း ‌အော်မိသွားသည်။ သို့သော် သူထင်ထားသလိုမနာကျင်သည့်အတွက် အော်ဟစ်နေခြင်းကိုရပ်တန့်လိုက်၏။

ဘာဖြစ်နေတာလဲဟ။

ဘာလို့ ဒီခံစားချက်ကြီးကို ရင်းနှီးနေတာလဲ။

ရုတ်တရက် ငန်းရေကန်၌ ငရဲမီး‌တောက်စေ့ကို သန့်စင်ရန် လုပ်သည့်အချိန်တုန်းက အခြေအနေကို ပြန်တွေးမိလိုက်သည်။ အစေ့က သူ့ကို ကိုယ်တွင်းထဲမှနေ၍ လောင်ကျွမ်းနေခဲ့လေသည်။ ၎င်းကမှ တကယ့်နာကျင်မှုဖြစ်သည်။

ဆိုရလျှင် သူ့ခန္ဓာကိုယ်အားအပြင်ဘက်မှ ထွင်းဖောက်နေသည့် ချော်ရည်များမှာ ငရဲမီးတောက်စေ့နှင့် နှိုင်းယှဉ်၍ပင်မရချေ။ ၎င်းက နာကျင်သော်လည်း သူအော်နေရလောက်အောင်မျိုမဟုတ်ပေ။ သို့ဖြင့် စုရှောင်ရှန် စိတ်လျော့လိုက်သည်။ အလွန်ဆုံး ၎င်းတို့ဖြင့် ဖုံးလွှမ်းထားခံရသည်က ကြည့်၍ ဆိုးသည့်ပုံသာပေါက်ချေသည်။

ရှဲ….

သူ့ခန္ဓာကိုယ်လောင်ကျွမ်းသွားသော်လည်း ချက်ခြင်း ပြန်ကောင်းလာခဲ့သည်။ ၎င်းက အချိန်အနည်းငယ်ခန့်ကြာအောင် သံသရာလည်သွားသည်။ နာကျင်မှုကို သည်းခံရုံမှတစ်ပါး ၎င်းက စုရှောင်ရှန်ကို အပေါ်ယံ ဒဏ်ရာပင် မရစေပေ။

“ဟက်… ဒီလောက်တော့ အေးဆေးပဲ”

စုရှောင်ရှန် ပျော်သွားသည်။ အလွန်ရက်စက်စွာ ပြင်းထန်သည့် ချော်ရည်တို့အောက်၌ သွေးသံတရဲရဲ လောင်ကျွမ်းခံနေရသော်လည်း သူ့အမူအရာက နာကျင်မှုကို ခံစားရတာကြိုက်သည့် သူတစ်ယောက်အလားဖြစ်နေသည်။

သူပြုံးနေသော်လည်း ပွဲကြည့်သူများ မပြုံးနိုင်ပါချေ။ ရှောင်ချိစွေ၏ အမူအရာပင် တင်းမာပြီး လေးပင်းနေသည်။

“ဒီနေ့လို အမြင့်မျိုးကိုရောက်လာဖို့ စုရှောင်ရှန် ဘယ်လောက်တောင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရတာလဲ။ ချော်ရည်ပူတွေ သူ့ကို လောင်နေတာတောင် ဘာလို့ ဘာမှ ခံစားမနေရတာလဲ”

“ပြောရမယ်ဆိုရင် ငါသူ့ကိုလေးစားသွားပြီ။ စစ်မှန်ခြင်းခန္ဓာကိုယ်ကိုရအောင် ကျင့်ကြံနိုင်ခဲ့တဲ့သူတွေက တကယ့် အသက်ပြင်းပြီး စိတ်ဓာတ်ပြင်းထန်တဲ့ မကောင်းဆိုးဝါးတွေပဲ”

“ဟူး… စုရှောင်ရှန် ဒီနေ့လို အမြင့်မျိုးကို ရောက်လာတာ ကံအကြောင်းတရားကြောင့်ဆိုတာထက် ပိုတယ်”

သူခံစား‌နေရတာကို မကြည့်ရက်သည့်အတွက် စုရှင်းရှင်းသူမ၏ မျက်လုံးများကို လက်ကလေးဖြင့်ကာလိုက်သည်။ သူမ မျက်စိမဖွင့်ရဲချေ။

ကျန်းရှင်းရှုံမှာ ဘာမှ မူမမှန်တာမလုပ်သော်လည်း ယခုလက်ရှိ သူ့စိတ်အခြေအနေကို ပြောရန်ခက်ခဲလေသည်။ သို့သော် စုရှောင်ရှန်ကို သူမကဲ့ရဲ့တော့ပေ။

[အထင်ကြီးခံရပါသည်။ ပင်ကိုယ်မှတ် +၆၆၆]

[ဂရုစိုက်ခံရပါသည်။ ပင်ကိုယ်မှတ် +၈၈၈]

“…”

အံ့ဩဘနန်းဖြစ်နေသော မိုမို သူ့ကို မျက်တောင်မခပ်တမ်း ကြည့်နေလိုက်၏။

သူမလောက် မည်သူမျှ ဤချော်ရည်များ ပူပြင်းသည်ကို မသိချေ။ သို့သော် စုရှောင်ရှန်က ၎င်းကို သာမန် ရေ‌အေးအလား ပြုမူနေ၏။

သူမ အပူချိန်ကို ထပ်မြှင့်ရန် ခွန်အားမရှိတော့သဖြင့် ရှောင်ချိစွေကိုကြည့်လိုက်သည်။

လေထဲမှ ရှောင်ချိစွေ ခေါင်းခါပြလိုက်သည်။ မည်သူမှ တကယ့် ဇွဲနဲ့ လုံးလနဲ့ ကြိုးစားသည့်သူတစ်ယောက်ကို အောင်မြင်ခြင်းကို ဆွပ်ခူးဖို့ မတားနိုင်ပါပေ။

စုရှောင်ရှန်ခံနိုင်သေးပါက သူ၀င်နှောက်လိုက်လျှင် သူ၏ အရှုံးကိုကြေငြာလိုက်သည်မဟုတ်ပေဘူးလော။

ဟူးးး

မိုမိုအံကြိတ်ရင်း ချော်ရည်၏ အပူချိန်ကို နှစ်ဆတိုးလိုက်သည်။

အနက်ညစ်ရောင် ချော်ရည်များ မီးနီရောင်ချော်ရည်များကြားထဲ၌ ပေါ်လာခဲ့သည်။ ဤရွံ့ဗွက်ကဲ့သို့ ချော်ရည်များက စုရှောင်၏ ၀တ်ရုံအတွင်းသို့ ၀င်သွားခဲ့၏။

အားးး

စုရှောင်ရှန်၏ မျက်နှာထက်၌ နာကျင်နေသည့်ဟန်ပန်အမူအရာ နောက်ဆုံး၌ ပေါ်လာခဲ့သည်။ ဤရုတ်တရက် တိုးမြင့်သွားသောအပူချိန်က အရင်တစ်ခေါက်သူခံစားခဲ့ရသည်ထက် ပို၍ ပူလေသည်။ ဤသို့ဆက်သွားလျှင် သူတကယ်သေသွားနိုင်သည်။

သူ့မျက်လုံးများ မျက်ဖြူလှန်လုစဲစဲ ထိုနေ့က အသုံးပြုခဲ့သော ကျင့်ကြံခြင်းနည်းလမ်းကို အမှတ်ရသွားသည်။ အဘယ်ကြောင့် ဤချော်ရည်များကို ခန္ဓာကိုယ်အတွင်းသို့ ယူကာ မကျင့်ကြံရမည်နည်း။

စုရှောင်ရှန်၏ မျက်လုံးများတောက်ပသွားပြီး နာကျင်မှုကို အံကြိတ်ခံကာ ချော်ရည်များကို စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။

သူ့ရင်ဘက်ကိုလှုပ်လိုက်ရာ ရွှေနီဆေးတစ်လုံးထွက်လာ လေသည်။ ၎င်းကို စုရှောင်ရှန် ကိုက်ထားလိုက်ပြီး ချော်ရည်များကို အားပြင်းပြင်း စုပ်ယူလိုက်၏။

ရှဲ…

အလွန်ပူသည့် ချော်ရည်စွမ်းအင်များက စုရှောင်ရှန်၏ ပါးစပ်နှင့် နှာခေါင်းများကို အရည်ပျော်ကျသွားစေလိုက်သည်။ သို့သော် ၎င်းတို့က ချက်ခြင်းပြန်ပျောက်ကင်းသွား၏။

နောက်ထပ် လောင်ကျွမ်းနေသောစွမ်းအင်တစ်ခုကို သူ့ဒန်ထျန်ထဲထည့်လိုက်ပြီး အပြီးအပိုင် ကျန်သည်များနှင့်‌ရောလိုက်သည်။

“လုပ်လို့ရတယ်ဟ”

စုရှောင်ရှန် စိတ်လှုပ်ရှားသွားပြီး ၎င်းကို ဆက်၍လုပ်လိုက်သည်။

ဤအချင်းအရာကိုမြင်လိုက်ရတဲ့သူတိုငိး အံ့အားသင့်သွားကြသည်။ ဒါက …

သွေးသံရဲရဲ ဖြစ်ခြင်းပေ။

ဤမြင်ကွင်းက လူတိုင်းကို ပြောစရာစကားပျောက်ရှသွားစေပြီး ဆိတ်ငြိမ်ကျသွားစေလိုက်သည်။ သူ့စိတ်ထဲမှ လူတိုင်း စုရှောင်ရှန်ကို အားပေးလိုက်ကြ၏။

မိုမိုလည်း ကြည့်မနေနိုင်တော့ပေ။

စုရှောင်ရှန်ခံနိုင်ရည်ရှိသော်လည်း သူမကတော့ ထပ်၍ မတိုက်ခိုက်နိုင်တော့ပေ။ ၎င်းက ရက်စက်လွန်းလှသည်။

“ဒါက ငါ မိုမိုရဲ့ လုပ်ရိုးလုပ်စဉ်မဟုတ်ဘူး”

“ဒါပေမယ့်…”

“ကမ္ဘာချိတ်ပိတ်ခြင်းသံကြိုးတွေတောင် သူ့ကို အနိုင်မယူနိုင်ရင် ငါအဲ့တာသုံးကို သုံးရတော့မှာလား…” မိုမို သူမညာလက်ကို ပွတ်မိလိုက်သည်။

စုရှောင် ၎င်းကို သတိထားမိလိုက်သည်။

သူ့ခြေထောက်များ ‌အားပြတ်သွားသည်။ ချော်ရည်က သူ့ကို ယားအောင်တောင်မလုပ်နိုင်သော်လည်း မိုမို၏ မသိမသာ အပြုအမူက သူ့ကို ခွေကျသွားစေခဲ့၏။

သူမ ဘာတွေးနေတာလဲ။ စည်းကိုဖျက်ဖို့လား။

မနောက်နဲ့လေ။

“ရပ်လိုက်” စုရှောင်ရှန် အလောတကြီးအော်လိုက်သည်။

မိုမိုမော့ကြည့်လိုက်သည်။ သူမတွေးနေသည်ကို သူသိသည့်အတွက် အံ့အားသင့်သွား၏။

‘မဟုတ်လောက်ပါဘူး တိုက်ဆိုင်သွားတာ နေမှာပါ…’

‘ထားလိုက်ပါတော့။ သူ့ကို ဒီခံစားမှုကနေ ကင်းလွတ်အောင်လုပ်ပေးရမယ်’

မိုမို့ ဘယ်ဘက်လက် ရှုပ်ထွေးသည့် လက်ကွက်များကို စတင်လုပ်လိုက်သည်။

စုရှောင်ရှန် ငိုချင်သွားသည်။ ‘မလုပ်ပါနဲ့’

‘ငါအဲ့လောက် မတန်ပါဘူး”

မိုမို့လက်ထဲတွင် ချိတ်ပိတ်ထားသောအရာကို သူမသိပေ။ ထိုချိတ်ပိတ်ထားရင်း တောင်မှသူမ အလွန်သန်မာနေချေပြီ။ ထိုစည်းကိုဖျက်လိုက်ရာ အဓိပ္ပာယ်တစ်ခုသာရှိသည်။ အ‌ခြေအနေက အကြီးအကျယ်ဒုက္ခရောက်ပေမည်။

“ငါဘာလုပ်လို့ရလဲ။ ငါဘာလုပ်လို့ရလဲ…” စုရှောင်ရှန်၏ အတွေးများရောက်ရက်ခက်သွားသည်။ သူမကို သူတားရပေမည်။

ထို့နောက် သူ့ကို စည်းနှောင်ထားသည့် သံကြိုးလေးကြိုးအပေါ် ရုတ်တရက် အကြည့်ရောက်သွားပြီး စုရှောင်ရှန် မျက်လုံးများပိတ်လိုက်သည်။

နောက်စက္ကန့်ပိုင်းအတွင်း ပြန်ငြိမ်ကျသွားခဲ့သော ထောင်ချီသည့် ဓားများပြန်လည်စတင်၍ တုန်ခါလာခဲ့၏။

ရှောင်ချိစွေ အံ့သြဘနန်းဖြစ်သွားသည်။ “ဒီကောင်…”

“အရာအားလုံးကဓားကို ပြည့်ပြည့်စုံစုံ ဒီတိုင်းတတ်သွားတာလား”

“နေ့လယ်ကမှ ဓားကိုစိတ်ဖြင့်ထိန်းချုပ်ခြင်း တတ်သွားတာမဟုတ်ဘူးလား”

ရှင်းးး

ထောင်ချီသောဓားများ ထပ်မံ၍ ပျံဝဲလာကြသည်။ စုရှောင်ရှန် လေပူများကို မှုတ်ထုတ်နေရင်း ထိုထောင်ချီသောဓားများ၏ အသိကို ထိန်းချုပ်လိုက်၏။

မကြာခင် သူထူးခြားသည့် ဓားအရှိန်အဝါတစ်ခုကို ခံစားလိုက်သည် …

၎င်းက စောနလေးက မိုမိုမျိုချလိုက်သော ဓားစွမ်းအင်၏ အရှိန်အ၀ါဖြစ်သည်။

စုရှောင်ရှန် မျက်မှောင်ကုပ်လိုက်သည်။ ရှုပ်ထွေးသည့်စွမ်းအင်တစ်ခုက သူ့ဓားစွမ်းအင်ကို ၎င်း၏ အစွမ်းများထုတ်မရအောင် တားမြစ်ထားသည်ကို ခံစားလိုက်ရ၏။

ဒါပေမယ့်…

“လေလွင့်တိမ်တိုက် အဆင့်(၃) : ပြောင်းပြန်ဓားကွက်”

စုရှောင်ရှန် လက်ဖြန့်လိုက်ရာ သူ့လက်ထဲ ကြမ်းပြင်ပေါ်ရှိ တိတ်တခိုးနာကျင်ခြင်း ပျံသန်းလာခဲ့၏။

သူလက်ပြန်ဆုပ်လိုက်ရာ အနက်ရောင်ဓားကြမ်းပြင်ပေါ်သို့ပြန်ကျသွားသည်။

ပွဲကြည့်သူများ သူ၏ လုပ်ရပ်ကိုနားမလည်နိုင်သည့်အတွက် ပဟေဠိ ဖြစ်သွားကြသည်။ သို့သော် နောက်စက္ကန့်ပိုင်းအတွင်း မိုမို့ထံတွင် တစ်ခုခု မူမမှန်တာတွေ့လိုက်ရလေသည်။

သူမ၏ လက်ကွက်များလုပ်နေသော ဘယ်ဖက်လက် ရပ်တန့်သွားသည်။ သူမ၏ မျက်နှာ နီမြန်းသွားပြီး တစ်စုံတစ်ခုပေါက်ထွက်သွားတော့မတတ် သူမ၏ ရင်ဘက်ဖောင်းလာခဲ့၏။

“စု… ရှောင်… ရှန်”

သူတစ်ခုခုလုပ်နေတယ်ဆိုတာသိရာ မိုမို ဒေါသထွက်သွားသည်။ လက်ကွက်များလုပ်နေခြင်းကိုရပ်တန့်ပြီး သူမကိုယ်ထဲမှ ဓားစွမ်းအင်ကို ထပ်မံဖိနှိပ်လိုက်သည်။

“ဟီးဟီး”

စုရှောင်ရှန်ကိုကြည့်ရတာ ဖြေရှင်းနည်းတွေ့သွားသည့်ပုံပေါက်သည်။ “ပြောင်းပြန်ဓားကွက်”

အနက်ရောင်ဓား ပြန်ထလာပြီး မပျံနိုင်ခင်တွင်ပင် ကြမ်းပြင်ပေါ်ပြန်ကျသွားသည်။

တစ်ချိန်တည်းမှာပဲ မိုမို့ ခန္ဓာကိုယ်လည်း လှုပ်ခါသွားပြီး ပြန်ငြိမ်ကျသွား လေသည်။ သူမ မျက်မှောင်ကုပ်‌နေသော်လည်း စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ကံကောင်းသည်က စုရှောင်ရှန် ဓားကို မကောက်ယူနိုင်ခြင်းပင်။

သို့်မဟုတ် လုပ်နိုင်သည်လော။

“ပြောင်းပြန်ဓားကွက်”

အ‌နက်ရောင်ဓား ထောင်ထလာသည်။

“ရပ်”

ချလန်း…

အု

မိုမိ၏ ခန္ဓာကိုယ်လှုပ်ခါသွားပြီး နောက်ဆုံးတစ်စုံတစ်ခုကို သိသွားသည့်အလား‌ မော့ကြည့်လိုက်၏။

ပွဲကြည့်နေကြသူများ အံ့အားသင့်နေကြသော်လည်း သူတို့လည်း ထိုတစ်စုံတစ်ခုကို သိလိုက်ကြသည်။

“မဖြစ်နိုင်ဘူးမလား။ စုရှောင်ရှန်လုပ်နေတာများလား”

“ဘုရားရေ။ အဲ့တာ ညစ်ပတ်နေတာမဟုတ်ဘူးလား”

စုရှောင်ရှန်လည်း ထိုတစ်ခုတည်းကို သိသွားသည်။ သူသိသွားရုံမက တစ်ခါတည်းနှင့် အချီကြီးရမည့် အကြံကြီးပါ အဆစ်ပါလိုက်သေးသည်။

“ပြောင်းပြန်ဓားကွက်… ရပ်”

“ပြောင်းပြန်ဓားကွက်… ရပ်”

ချလန်း

ချလန်း

အု

အု

မိုမို နှစ်ခါတောင် လေချဉ်တက်သွားသည်။ သူမ အလွန်အမင်း ဒေါသထွက်နေပြီး “စုရှောင်…”

“ပြောင်းပြန် ပြောင်းပြန် ပြောင်းပြန်”

“ရပ် ရပ် ရပ်”

ချလန်း ချလန်း ချလန်း

အု အု အု

မိုမို၏ မျက်နှာတစ်ခုလုံးနီမြန်းသွားပြီး လည်ပင်းထိပါ နီရဲလာသည်။ သူမ ရှက်လည်းရှက်သွားပြီး စုရှောင်အားလည်း ဒေါသထွက်သွား၏။

“စု…”

“ပြောင်းပြန် ပြောင်းပြန် ပြောင်းပြန်”

“ရပ် ရပ် ရပ်”

ချလန်း ချလန်း ချလန်း

အု အု အု

ဗိုလ်လုပွဲ၏ တိုက်ပွဲအခြေအနေ ရုတ်တရက်ကြီး ပြောင်းလဲသွားသည်။ လူတိုင်း လုံး၀ ဤအခြေအနေကြောင့် ကြောင်အသွားကြပြီး ရှောင်ချိစွေပင် စိတ်လွတ်သွားပြီး ကောင်းကင်ပေါ်မှ စွန်ကြိုးပြတ်သည့်အလား ပြုတ်ကျသွား၏။

ဟူးး

မိုမို၏ စည်းချက်ညီညီ လေချဉ်တက်ခြင်းအားကြားသော် စုရှောင်ရှန်၏ မျက်နှာ ပြောင်စက်စက်ပြန်ဖြစ်သွားပြီး အသံပြဲကြီးဖြင့် ထရယ်လိုက်တော့သည်။

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှ…

Comment

Leave a Reply

Options

not work with dark mode
Reset