Switch Mode

Chapter – 46

ကြောက်မက်ဖွယ်ရာ ညာဘက်လက်

အပိုင်း (၄၆) ကြောက်မက်ဖွယ်ရာ ညာဘက်လက်

စုရှောင်ရှန် သူ့အဖြစ်ကြောင့် ပြောစရာစကားများပျောက်ရှနေ၏။

ပထမပွဲစဉ်၌ ပြိုင်ဘက်အများကြီးနှင့် သူချရသည်။ အလှည့်ကျ ထုတ်ပယ်ပွဲ၌ စိတ်ဝိညာဉ်အဆင့် (၁၀) ကျင့်ကြံသူ‌ဖြစ်သော လျှိုကျန်းနှင့် မိုးတိမ်လေ ထိပ်သီး အဆင့်(၇) ဖြစ်သော ၀မ်ချောင်တို့ကို ရင်ဆိုင်ရပြန်၏။ ထို့နောက် အဆင့်တက်ပွဲ၌ စစ်မှန်ခြင်းနယ်ပယ်ခြေတစ်၀က်လှမ်းပြီးဖြစ်သော ကျိုးထျန်းရှန်နှင့် စစ်မှန်ခြင်းနယ်ပယ် ကျောက်ချင်းထန်တို့ဖြင့် တည့်တိုးသည်။ ထို့ပြင် ထိုကျိုးထျန်းရှန်နှင့် ကျောက်ချင်းထန်တို့တွင် တစ်ဖက်သွားဓားဆန္ဒနှင့် ဓားဆန္ဒတို့ အသီးသီးရှိနေကြ၏။ နောက်ဆုံး အကြိုဗိုလ်လုပွဲ၌ “ကပ်ပါးကောင်” နှင့် “သွေးဆုပ်ကောင်” ဖြစ်သော မုကျစ်ရှီနှင့် တိုက်ခိုက်ရသည်။

မိုးတိမ်လေ ပြိုင်ပွဲတစ်လျှောက်လုံး ကြမ်းတမ်းသည့် အခက်အခဲများကိုရင်ဆိုင်ပြီး သန်မာသည့် ရန်သူများကို အနိုင်ယူခဲ့ရသည်။ ဤခက်ခဲကြမ်း‌တမ်းသော အရာများကို သည်းခံခဲ့ရပြီး အလွန်ပြင်းထန်စွာလည်း အရိုက်အနှက်ခဲ့ရ၏။ စုရှောင်ရှန် တစ်ကမ္ဘာလုံး၌ ကံအဆိုးဆုံးဖြစ်သည်ဟု ခံစားနေရသည်။

“မိုမို့ကိုကြည့်လိုက်”

“သူမဆို ပြိုင်ပွဲတိုင်းကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူနိုင်နေတာ”

“ဘယ်လိုတောင် နှလုံးကွဲကြေ၊ စိတ်ပျက် အားငယ်စရာကောင်းလိုက်တဲ့ နှိုင်းယှဉ်မှုကြီးလဲ…”

သူ့ပါးပေါ်မှ ရုတ်တရက် အေးစက်စက် ခံစား‌မှုကြောင့် စုရှောင်ရှန် ဖြေးဖြေးချင်း နိုးထလာခဲ့သော် သူ့မျက်နှာကို သန့်ရှင်းရေးလုပ်ပေးနေသည့် ဆေးအကူလေးကို တွေ့လိုက်ရသည်။ ထိုအပြုအမူကြောင့် သူ ကြည်နူးသွားသည်။

“ဗိုလ်လုပွဲကျပြီလား”

“အင်း” ဆေးအကူလေး တိုတိုတုတ်တုတ် အကြောင်းပြန်လိုက်ပြီး အ၀တ်စကို ရေပုံးထဲပြန်နှစ်လိုက်သည်။ ထို့နောက် ထွက်သွားသော စုရှောင်ရှန်ကို လိုက်ကြည့်လိုက်၏။

‘ဗိုလ်လုပွဲမစခင်တောင် အိပ်ပျော်နိုင်တယ်ဆိုတာ သူဘယ်လောက်ကြိုးစားထားသလဲ ထင်ဟပ်နေတယ်’

[အထင်ကြီးခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် ရုတ်တရက် နောက်သို့ ဆတ်ကတည်းလှည့်လိုက်ရာ ဆေးအကူလေး ထိတ်လန့်သွားပြီး ထအော်မတတ်ဖြစ်သွားသည်။ ကြောက်ကြောက်နှင့် ရေပုံးကို သူ့နောက်သို့ထိုးလိုက်သည်။

“ဘာဖြစ်တာလဲ”

“ဘာလိုချင်လို့လဲ”

စုရှောင်ရှန် ရယ်ချင်သွားသည်။ တံခါးပေါက်ကို ကျောပေးလိုက်ပြီး တိတ်တခိုးနာကျင်ခြင်းကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ၎င်းအပေါ်သို့ တက်လိုက်၏။

အနက်ရောင်ဓားတဖြေးဖြေး လေထဲ၌ ပျံသန်းသွားလိုက်သည်။ ဓားပြားပေါ်၌ အသက်ငယ်ရွယ်သည့် လူကြီးလူကောင်းပုံဖမ်းထားသည့် လူတစ်ဦးရပ်နေ၏။

ဆေးအကူလေး ၎င်းကို တိတ်တစိတ်ကြည့်နေလိုက်သည်။

[ကျိန်‌ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

‘ဘာလို့ ဓားပေါ်မတက်ခင် ငါ့ဘက်ကို အရင်လှည့်လာရတာလဲ။ ဘာလို့ နောက်ပြန်ကြီးစီးသွားတာလဲ’

‘သာမန်အတိုင်းစီးလို့မရဘူးလား’

‘တစ်ယောက်ယောက်ကို အဲ့လိုကြည့်ရင် ခြောက်ခြားစရာကောင်းတာ သူမသိဘူးလား’

စုရှောင်ရှန် စွံ့အသွားသည်။ အဘယ်ကြောင့် သူကျိန်‌ဆဲခံလိုက်ရသနည်း။

သူလည်း သူ့နားနေဆောင်ရှိ ဆေးအကူများ ထူးဆန်းသည်ဟု ခံစားနေရ၏။ သို့သော် ဤပြိူင်ပွဲတစ်ပွဲပြီးလျှင် သူတို့ကို တွေ့ရတော့မည်မဟုတ်ချေ။

သူ့အား ပင်ကိုယ်မှတ် နှစ်မှတ်သာပေးသည့် ထိုအရှုံးသမားများကို စုရှောင်ရှန် လက်ပြ နှုတ်ဆက်လိုက်သည်။

… …

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၄၄၉]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၂၂၄]

[အထင်ကြီးခံရပါသည်။ ပင်ကိုယ်မှတ် +၃]

နား‌နေဆောင်မှ ထွက်လိုက်သည်နှင့် စုရှောင်ရှန် သူ့ကို အော်ဟစ် အားပေးသံများကိုကြားလိုက်ရ၏။ မိုးတိမ်လေ ကျောက်စိမ်းပြားကို လက်ထဲ၌ ကိုင်ထားရင်း ဘယ်ညာလှည့်ကာ အကောင်းဆုံး၊ အရိုးသားဆုံး အပြုံးဖြင့် ပြုံးပြလိုက်သည်။

လူများများရှိသည့်‌ နေရာက သူ့အတွက်တော့ တိုက်ပွဲတစ်ခုနှင့် မခြားချေ။

ဒီပင်ကိုယ်မှတ်တွေကို ကြည့်လိုက်ပါဦး…

ဟင်

ငါ့ကို အထင်ကြီးတဲ့ လူ(၃) ယောက်က ဘယ်က ရောက်လာတာလဲဟ။

ကြည့်ပါဦး ငါ့ကို ကဲရဲ့နေတဲ့သူတွေ။ ဒီသေမျိုးတွေ သူတို့ဟာသူ‌တို့တောင် မပျံနိုင်ဘဲ ငါ့ကို လာကဲ့ရဲ့နေတယ်။

ထိုသို့ တွေးမိပြီး ဤသေမျိုးများနှင့် ခပ်‌ဝေးဝေး ရှောင်ရှန် စုရှောင်ရှန် ‌ဓားကို ခပ်မြင့်မြင့်၌ ပျံလိုက်သည်။

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၅၄၁]

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၆၂၃]

ဟင်

ဒါ မထင်မှတ်ထားစရာပဲ။

စုရှောင်ရှန်၏ မျက်လုံးများတောက်ပသွားပြီး ကောင်းကင်ပေါ်သို့ မြင့်မြင့်ထပ်တက်သွားလိုက်သည်။

[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၇၇၇]

မိုက်တယ်ဟ…

နောက်တစ်ခါလုပ်ကြည့်ဦးမယ်။

[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၈၆၄]

မဆိုးဘူး။ မိုက်တယ်ဟ။

ဒါမျိုး ဆက်လုပ်လိုက်မယ်ဆိုရင်…

“ဟ”

အပေါ်သို့ ထပ်တက်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို သူ့ခေါင်းဖြင့်သွားစောင့်မိလေသည်။ သို့သော် သူတို့ကောင်းကင်၌ရှိနေခြင်းဖြစ်ရာ မည်သည့်အရာကို သူ၀င်တိုက်မိပါသနည်း။

စုရှောင်ရှန် မော့ကြည့်လိုက်သည်။

ရှောင်ချိစွေ၏ နက်မှောင်နေသော အမူအရာကို တွေ့လိုက်ရသည်။ သူ့ညာဖက်လက်က သူ့နောက်ကျော၌လွယ်ထားသော ဓားကိုကိုင်ထားရင်း ခံစားချက်မဲ့သည့်အသံဖြင့် လူသေတစ်ယောက်ကို ပြောသည့်အလား “လုပ်ပါ။ မင်းဒီထက် ပိုမြင့်မြင့် တက်နိုင်သေးတယ်ဆိုတာ ငါသိပါတယ်”

‘ဟ ရှောင်ချိစွေကြီးဟ’ စုရှောင်ရှန် သေလုနီးပါး ထိတ်လန့်သွားသည်။

စုရှောင်ရှန် ရှက်ကိုးရှက်ကန်းပြုံးပြလိုက်ပြီးနောက် အစီအရင်ထဲသို့ ဝင်သွားလိုက်၏။

“ဟားဟားးဟားး… စုရှောင်ရှန်တော့ကွာ… ဟား… မယုံနိုင်ဘူး”

ပွဲကြည့်သူများ ထိုင်ခုံများပေါ်မှ ပြုတ်ကျမတတ် ရယ်လိုက်ကြ၏။ မည်သူမှ အကြီးအကဲရှောင်အား စုရှောင်ရှန်လောက် ဒေါသထွက်အောင်လုပ်နိုင်လိမ့်မည်မဟုတ်ပေ။

အခြားတစ်ဘက်၌ ဖြစ်သည်။

မိုမိုက ပြိုင်ကွင်းအား တစ်ခါမှ ထွက်မသွားဘဲနှင့် ကွင်းထဲ၌ပင် အနားယူနေလေရာ စုရှောင်ရှန်၏ အဖြစ်ကို မြင်လိုက်ရလေသည်။

သူမ၏ နှုတ်ခမ်းများ အထက်သို့ကွေးညွှတ်သွား၏။

“စုရှောင်ရှန် ငါ အဆင့်တက်ပွဲ ပထမပွဲစဉ်ကတည်းက နင့်ပြိုင်ပွဲတွေကို ကြည့်လာရတာ။ ဘယ်လိုပြောမလဲ…” မိုမို သင့်လျော်သည့် စကားလုံးကို ရှာနေသည့်အလား ရပ်တန့်သွားပြီးနောက် အနည်းငယ်ကြာမှ “အော်… နင့်မှာ ဟာသဉာဏ်ရှိတယ်”

[ချီးမွမ်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် သူမ၏ လက်ထဲမှ ကြေးနီ ဆေးမီးဖိုအိုးအား ပြိုင်ကွင်းထဲစ၀င်ကတည်းက ကြည့်နေခဲ့ခြင်းဖြစ်သည်။ ပို၍ တိတိကျကျပြောရလျှင် ကြေးမီးဖိုအိုးအား ကိုင်ထားသည့် သူမ၏ ညာဘက်လက်ကိုကြည့်နေခြင်းဖြစ်၏။

“လှလိုက်တာ”

ဤသို့သော မမျှော်လင့်ထားသည့် စကားကြောင့် မိုမို၏ ပါးပြင်ကလေးများ နီရဲသွားလေသည်။ ဤသည်က အခြားသူတစ်ဦးဦး သူမအားမျက်နှာချင်းဆိုင်ရင်း လှပသည်ဟု ပြောခြင်းဖြစ်၏။

သူမ ပြန်၍ သူ့ကို မြှောက်ပင့်ရမလား တွေဝေနေစဉ် စုရှောင်ရှန် အလျှင်အမြန် လက်ဝေ့ရမ်းလိုက်ရင်း ထပ်လောင်းပြောလိုက်၏။ “ငါဆိုလိုချင်တာက ကြေး မီးဖိုအိုးကိုပါ”

မိုမို၏ မျက်နှာ နက်မှောင်သွား၏။

စုရှောင်ရှန် သူ့ခေါင်းကိုကုတ်ရင်း ထိုသို့ မပြောလိုက်သင့်ဟု စဉ်းစားမိလိုက်သည်။

“ငါပြောတာချင်တာက နင်လည်းလှပါတယ်။ ဟုတ်တယ် တစ်မျိုးလေးလှတာ”

မိုမိုတိတ်ဆိတ်စဲဖြစ်၏။

[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် ၁]

စုရှောင်ရှန် မယုံကြည်နိုင်ဖြစ်နေသည်။

‘ဘာလဲဟ’

‘သူ့ကိုလှတယ်လို့ပြောတာ ငါ့ကို ဘာလို့ ကျိန်ဆဲတာလားဟ’

‘မိန်းမတွေများ…’

စုရှောင်ရှန် ရုတ်တရက် ခြေတစ်လှမ်းရှေ့တက်ပြီး ကြေးမီးဖိုအိုးထံ လက်လှမ်းလိုက်သည်။ သူ့ပုံမှာ ၎င်းအား အလွန်ထိချင်နေသည့်အလားဖြစ်သော်လည်း မသင့်လျော်ဟုတွေးမိလိုက်ပြီး လက်ပြန်ရုတ်လိုက်၏။ သို့သော်လည်း နောက်‌ဆုံး မတတ်သာတဲ့ အဆုံး”ငါအဲ့ဒါကို ကိုင်ကြည့်လို့ရမလား”

မိုမိုကိုကြည့်ရသည်မှာ တစ်ခုခုပြောချင်ဟန်ရသော်လည်း အဆုံး၌ ကြေးမီးဖိုအိုးကိုသာ စုရှောင်ရှန်ထံကမ်းပေးလိုက်တော့သည်။

အကယ်၍ တစ်စုံတစ်ယောက်က သူမအား ဤသို့ပြောလာပါက ငြင်းမည်ဖြစ်သော်လည်း ဤလူကတော့…

ထားလိုက်ပါလေ။ ယခုပဲ စုရှောင်ရှန်သူမအား မြှောက်ပင့်ခဲ့သည်မဟုတ်ပါလား။ သူ့စကားများကို ‌ချီမွမ်းခြင်းဟု သူမ မှတ်ယူလိုက်၏။

တစ်ချက်ကြည့်တာပဲ ဘာမှမဖြစ်လောက်ပါဘူး။

မိုမို၏ ခွင့်ပြုချက်ကိုရသည်နှင့် စုရှောင်ရှန် ရှေ့တက်ပြီး သူမ၏ ညာလက်ကို သူ့နွေးထွေးညှင်သာသော လက်ချောင်းများဖြင့် သွားထိလိုက်သည်။

“နင်…”

မိုမိုသူမ၏ လက်များကို ဓာတ်လိုက်သကဲ့သို့ ချက်ခြင်း ပြန်ဆွဲဆုတ်လိုက်သည်။ စုရှောင်ရှန်၏ လက်ထဲ၌ ကြေးမီးဖိုအိုးကလေး ကျန်ခဲ့၏။

စုရှောင်ရှန် သူမကို အံ့အားသင့်ဟန်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့လိုက်ပြီး သူမ၏ လက်ယာဘက်ကို ကြည့်လိုက်သည်။ သူ့ပုံစံက ဖြစ်ပျက်သွားသည်ကို အခုမှသိသည့်အလားဖြစ်သွားသည်။

“တောင်းပန်ပါတယ်။ ငါမရည်ရွယ်ပါဘူး။ ငါကြေးဆေးမီးဖိုအိုးကို အာရုံရောက်နေတော့ သေချာမကြည့်မိလိုက်ဘူး…” သူအနူးအညွတ်တောင်းပန်လိုက်သည်။

“… ရပါတယ်”

စုရှောင်ရှန်၏ အမူအရာက အမှန်တကယ် ပြောနေသည့်ဟန်ပေါက်သောကြောင့် မိုမို စိတ်သက်ရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ၎င်းက မတော်တဆ ထိမိသွားသည်သာ ဖြစ်ရမည်။

ပွဲကြည့်သူများ သူတို့ နှစ်ဦး၏ အပြုအမူများအောက် မှင်သက်နေကြ၏။ ဘာလို့ သူတို့ အလွန် ယဉ်ကျေးနေရပါသနည်း။

သူတို့အချင်းချင်း မြှောက်ပင့်ကြသည်။ လက်များအချင်းချင်းထိကြသည်။ အဘယ်ကြောင့် လက်ချင်းကိုင်ပြီး ပူးတွဲ ပထမရသွားပြီး ပြိုင်ပွဲပြီးဆုံးကြောင်းကို မပြောလိုက်သနည်း။

“သူတို့ဘာလုပ်နေကြတာလဲ။ ဘာလို့မချကြသေးတာ”

“ဘာတွေလောနေတာလဲ။ စုရှောင်ရှန်လည်း နားချိန်ရတယ်လေ။ ပြီးတော့ သူက ကြေးမီးဖိုအိုးကိုပဲကြည့်နေတာပါ။ ဒါတောင် မင်းမစောင့်နိုင်ရင် မကြည့်နဲ့လေ”

“အဲ့ဒီ ကြေးဆေးမီးဖိုအိုးက ဘာတွေ ထူးဆန်းနေလို့လဲ”

“ဟီးဟီး။ အဲ့တာက အပြင်စည်း ထိပ်သီး ပထမရဲ့ လက်ထဲမှာအမြဲရှိတဲ့ ဆန်းကြယ်တဲ့ ‌သိဓ္ဒိ၀င်လက်နက်ဆိုရင်ရော။ ငါဆိုရင်လည်း ခဏကိုင်ကြည့်ချင်တာပဲ”

စုရှောင်ရှန် ဤပွဲကြည့်ရှူသူများ၏ အတွေးနှင့် ခံစားနေရသည်များကို မသိပေ။ ကြေးဆေးမီးဖိုအိုးအား အမှန်အကန် လေ့လာနေဟန်ပေါက်သော်လည်း တကယ်က သူ့နှလုံးခုန်နှုန်း မြင်းတစ်ကောင်ပြေးသည်ထက်ပင် မြန်နေခဲ့၏။

သူထင်တာမှန်ပေသည်။

သူ့ [အကြားအမြင်] လည်းမှန်ပေသည်။

သူပြိုင်ကွင်းထဲသို့၀င်သည်နှင့် သူ့အကြားအမြင် ပြိုင်ကွင်းတစ်ခုလုံးကို ဖြန့်ကျက်သွားခဲ့လေရာ အစီအရင်အတွင်း၌ အလွန်ထူးခြားသည့် ခြောက်ခြားဖွယ်ရာ စွမ်းအင်တစ်ခုကို အာရုံခံမိလိုက်၏။

အချိန်ကြာမြင့်စွာကြာအောင်ရှာပြီးသည့်နောက် မိုမို့၏ ကြေးမီးဖိုအိုးကို ကိုင်ထားသော လက်အပေါ် အကြည့်ရောက်သွားလေသည်။

သို့သော် အကြားအမြင်က ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့မရှိလျှင် တိတိကျကျ သေသေခြာခြာ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းမရှိပေ။ ထို့ကြောင့် မိုမို၏ လက်ကိုကိုင်ရန် ဂွင်ဖန်လိုက်ခြင်းဖြစ်သည်။

သူတို့ နှစ်ဦး၏ အသားများထိတွေ့သွားသည်နှင့် မိုမို့ညာဖက်လက်အတွင်းတွင် သူမ တစ်ကိုယ်လုံးထက် အဆမတန် ပိုမိုသော စိတ်ဝိညာဉ်စွမ်းအင်များ ကိန်းအောင်းနေကြောင်းကို သိလိုက်ရသည်။

၎င်းက အနည်းဆုံး (၁၀) ပိုမိုများပြား၏။ ထို့ပြင် သူခွဲခြမ်းစိတ်ဖြာနိုင်ခြင်းမရှိသော အခြား စွမ်းအင်များလည်း ရှိနေသေးသည်။

ဘာလဲဟ…

ဘယ်လို မကောင်းဆိုးဝါးလေး ပင်နည်း။

မိုမို ဗိုလ်လုပွဲသို့ ဘယ်လက်တစ်ဖက်တည်းကိုသာ သုံး၍ ရောက်လာခဲ့ခြင်းဖြစ်လေသည်။

စုရှောင်ရှန် တကယ် ဂနာမငြိမ်ဖြစ်လာခဲ့သည်။ သူ့ရှေ့ရှိ မိုမိုမှာ ကျောက်ချင်းထန်တို့၊ မုကျစ်ရှီတို့နှင့် နယ်ပယ်ခြင်း လုံး၀ကွဲပြားသော သူမတူသည့် လူတစ်ယောက် ဖြစ်သည်ဟု ခံစားနေရသည်။

ထို့နောက် အကြီးအကဲကျောက်၏ စာကို သတိရသွားသည်။

ချိတ်ပိတ်ခြင်း နည်းစနစ်…

‘ချီးပဲ ကြောက်စရာကြီးဟ။ သူ့လက်နဲ့ချိတ်ပိတ်တာလား မျက်လုံးနဲ့ချိတ်ပိတ်တာလားမသိဘူး’

Comment

Leave a Reply

Options

not work with dark mode
Reset