Switch Mode

Chapter – 232

အားလုံးသူ့ကြောင့်

Chapter – 232 အားလုံးသူ့ကြောင့်

လန်ယုလန် သိပ်မကျေနပ် ဖြစ်သွားတယ် ။ သူလည်း ထိုတိုက်ပွဲမှာ တစိတ်တပိုင်း ပါဝင်ခဲ့သည် မဟုတ်ပါလား ။
“ရှန်းရှန်း ၊ အဲဒိအချိန်တုန်းက အဆင့် ၅ ပညာရှင်ကို ငါသတ်တာ ၊ အဲဒါကို ဒီ လူက ငါ့ကို ထည့်မပြောပါလား”
လန်ယုလန် နှုတ်ခမ်းစူ ကာ ပြောပါတယ် ။
လန်ယုလန်နှင့် ရှန်းရှန်း ဟာ လေ့ကျင့်စဉ်မှာ အတူတူ နေထိုင်ခဲ့ကြပြီး အခုအခါမှာတော့ သူငယ်ချင်းများ ဖြစ်လို့ နေ ပါ ပြီ ။ သူတို့ဟာ တစ်ယောက်တစ်လမ်းစီ ဖြစ်နေပေ မယ့် တစ်ဦးကို တစ်ဦးတော့ ခင်မင်ကြပါတယ် ။
“ငါ ပွင့်ပွင့်လင်းလင်း ပြောမယ် ၊ စွန့်ပစ်နယ်မြေ ထဲကို ၀င်တာနဲ့ ဘယ်သူမှ ချန်ရှန် ကို အတိုက်အခံ မလုပ်ပါနဲ့ ။ လုပ်ရင်တော့ ငါ့အဆိုးမဆိုနဲ့ ။ ငါပြန်သိမယ် ဆိုရင် င့ါရဲ့ သက်ကြီး ခြံဝန်းက လူတွေလွှတ်ပြီး တစ်ဂိုဏ်းလုံးကို သတ် ခိုင်းဖို့ ၀န်လေးနေမှာ မဟုတ်ဘူး ဟက်ဟက်”
ဂုဒွန်ချန် အေးစက်စက် ပြောလိုက်တယ် ။ သူ၏ အသံ မှာ အမဲလိုက်ခြင်း ချီဓာတ်များပင် ပါဝင်နေပြီး ရှိနေသည့် လူအားလုံးဟာ ရှိန်သွားကြတယ် ။
ချန်ရှန် ဟာ ယခုအခါ သလင်းကျောက် ၁၅ သန်း တန် သူတစ်ဦး ဖြစ်ပြီး ဂုဒွန်ချန် ဟာ စွန့်ပစ်နယ်မြေ အတွင်း ချန် ရှန်အား တခြားဂိုဏ်းသားများမှ ဆန့်ကျင်မည်ကို စိုးရိမ်နေ ပါတယ် ။ ဒါကြောင့် သတိပေးပြောကြားနေတာ ဖြစ်ပြီး လိုက်နာစေတာပါ ။ ချန်ရှန်ကိုသာ လက်ယာဂိုဏ်းသား များမှ တိုက်ခိုက်လာမည် ဆိုပါက သူချက်ချင်း ထိုဂိုဏ်းကို ချမ်းသာ ပေးမည် မဟုတ်ပေ ။
ရှိနေသည့် လူများဟာ ချန်ရှန် ကို ဆန့်ကျင်ရန် ကြိုး စား ကြမည် မဟုတ်ချေ ။ သူတို့မျက်လုံးထဲ ဂုဒွန်ချန် ဟာ သွေးဆာနေသော နတ်ဘုရားတစ်ပါးလိုပါပဲ ။ အဘယ် ကြောင့် ဆိုသော် အမည်းရောင်လိပ် လျို့ ဝှက်ဆန်းကြယ် နယ်ပယ် ထဲတွင် များစွာသော နိဗ္ဗာန်အဆင့် ထိပ်သီး ပညာရှင်ကြီးများအား စေခိ်ုင်းကာ သတ်ဖြတ်စေခဲ့တာကို ကြားခဲ့ကြ၇ရပါတယ် ။ ဒါကြောင့် ဂုဒွန်ချန် ၏ စကားကို မဆန့်ကျင်ရဲကြချေ ။
“ချန်ရှန် ၊ မင်းအရင် စွန့်ပစ်နယ်မြေထဲ ၀င်သွားလိုက် ၊ ဂရုစိုက်ပါ”
ဂုဒွန်ချန် ပြောလိုက်တယ် ။
“ကောင်းပြီ”
ချန်ရှန် ပြောပြောလိုက်တယ် ။ သူစကားဆုံးတာနဲ့ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ၎င်း၏ အမြန်နှုန်းဟာ တခြားသော ဂိုဏ်းချုပ်များပင် မျက်လုံးပြူးသွားကြပါတယ် ၊ သူတို့အားလုံး တောင်ခြေမှ တောအုပ်တွင်း ကြည့်နေကြ ပြီး ပုံရိပ်တစ်ခု သစ်ပင်များပေါ် ခုန်ကျော်သွားတာကို သာ တွေ့ လိုက်ကြရပါတယ် ။ ချန်ရှန် ၏ ပြင်းထန်လှသော အ ဟုန်ကြောင့် သစ်ရွက်များမှာလည်း လွင့်ပျံလို့ပါ ။
ချန်ရှန် ရုတ်တရက် ‘ရွှိ’ ဆိုသော အသံလေးသာ မြည် ကာ ပျောက်ဆုံးသွားတာကို မြင်လိုက်ကြရသော ဂိုဏ်း သားများ မှာ စိတ်ထဲ အတော်တုန်လှုပ်သွားကြပါတယ် ။ သူတို့အားလုံးဟာ ချန်ရှန် နှင့် ယှဉ်မည်ဆိုပါက အတော် ကွာခြားနေကြောင်း ချက်ချင်းသဘောပေါက်သွားကြ တယ် ။ ဂုဒွန်ချန် မှ မပြောရင်တောင်မှ ချန်ရှန်ကို တိုက်ခိုက် ရန် စိတ်ကူးရှိကြမည် မဟုတ်ချေ ။ ဒါဟာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင် မဟုတ်ပါလား ။ ချန်ရှန် က ရန်မရှာရင် ကိုပဲ ကျေးဇူးတင်နေရမှာပါ ။
လျူမန်ဂါ နှင့် ဟွာရှန်ယူ တို့ ချန်ရှန် ပျောက်ကွယ်သွား တာကို ကြည့်ရင်း မျက်လုံးပြူးနေကြတယ် ။ မူလက သူတို့ ဟာချန်ရှန်ကို နှုတ်ဆက်ချင်ပေမယ့် အခြေအနေ မပေး ဘူး ဖြစ်နေပါတယ် ။ သူတို့၏ နတ်အတွင်းအား အာရုံများ မှ ပြောမည် ဟု ကြံသော်လည်း ချန်ရှန် ကတော့ ထွက် ခွာ သွားပြီ ဖြစ်ပါတယ် ။
လန်ယုလန် နှင့် ရွှီရှန်းရှန်း တို့ဟာ ချန်ရှန် ထွက်သွား ရာကို ကြည့်ရင်း နှုတ်ခမ်းများ ကိုက်လို့နေတယ် ။ သူတို့ ဟာ ချန်ရှန် နှင့် အတူတူ သွားချင်သော်လည်း သူတို့ စီစဉ် ထားသည့် အတိုင်းသာ သွားကြရမည် ဖြစ်ပါတယ် ။ သူတို့ တစ်ကိုယ်ကောင်းမဆန်သင့်ဘူး ဆိုတာကို သိနေကြပြီး သူတို့ မရှိပါက သူတို့ အုပ်စုလည်း ပြိုကွဲသွားနိုင်မှာပါ ။
“တစ်ယောက်ထဲ သွားမတိုက်ကြနဲ့ ၊ အားလုံးစုနေ ကြ ပါ ။ ဒါက ရှင်သန်ခြင်း ပြိုင်ပွဲဖြစ်တယ် ။ အသေအကြေ တိုက်ရမှာ မဟုတ်ဘူး ။ အားလုံးဒါကို နားလည်ထားကြ”
ဂုဒွန်ချန် ပြောလိုက်တယ် ။
ယခုအခါ အားလုံးဟာ စွန့်ပစ်နယ်မြေထဲ မ၀င်ခင် မှာ အချိန်အနည်းငယ် ရနေသေးပါတယ် ။ ဂုဒွန်ချန် မှာ တခြား ဂိုဏ်းများ နှင့် အတူတူလုပ်ဆောင်မည့် အစီအစဉ်များအား ဆွေးနွေးပါတော့တယ် ။
“အဆင်မပြေလောက်ဘူး ၊ မိစ္ဆာလမ်းက နောက်လိုက် တွေဟာ ဒီကို အရင်ရောက်နေကြတာ ၊ သူတို့က ဒီနယ် မြေနဲ့ ရင်းနှီးပြီးသားလေ ၊ ငါတို့ က မမြင်နိုင်တယ့် လူတွေ နဲ့ တိုက်ခိုက်ရမှာ ၊ လူအတွေအများကြီး တစ်ချိန်တည်း အဝိုင်းခံရရင် ငါတို့ ဒုက္ခများသွားမှာပေါ့”
ကြာပန်းကျွန်းသခင် မှ ပြောလိုက်တယ် ။
လျူမန်ဂါ လည်း ခေါင်းညိမ့်ကာ –
“သခင်လျန် ပြောတာ မှန်တယ် ။ ငါတို့ သဘောတူ လေ့ကျင့်ထားတယ့် အတိုင်း အုပ်စိုလိုက်ဖြန့်ခွဲနေကြမယ် ၊ ဒါဆို သူတို့လည်း အာရုံတွေ ထွေပြားသွားမှာပေါ့”
ဟွာရှန်ယူ က ဆက်ပြောပြန်တယ် ။
“ကောင်းတယ် ၊ ဒါပေမယ့် ဂိုဏ်းသားတွေ ဆက်သွယ် လို့ရနိုင်မှ ဖြစ်မယ် ။ အမှတ်တစ်ခုခု ဒါမှမဟုတ် တစ်ခုခု ကို အချိန်တိုင်း ပြုလုပ်နေဖို့ လိုတယ် ။ အုပ်စုတွေကလည်း တစ်စုနဲ့တစ်စု ခပ်ဝေးဝေး မသွားကြနဲ့ ၊ အဲဒါမှ အုပ်စု တစ် စုက အခက်အခဲတွေ့ ရင် တစ်စု က ကယ်ပေးနိုင်မှာ”
ဆွေးနွေးနေကြစဉ်မှာပဲ ချန်ရှန် ဟာ စွန့်ပစ်နယ်မြေ ထဲ သို့ ရောက်ရှိပြီး ဖြစ်ပါတယ် ။ စွန့်ပစ်နယ်မြေထဲသို့ ၀င်လာ ပြီးတဲ့အခါ ဘာမျှထူးထူးခြားခြား မရှိပဲ ၀င်ပေါက်တစ်ခု သာ ရှိနေပါတယ် ။ တစ်ယောက်ယောက်က စွန့်ပစ်နေရာသို့ သွားချင်ပါက တခြားလမ်းများမှာ ပေသောင်းချီမြင့်သော တောင်ကို တက်ရမည် ဖြစ်ပြီး အေးစက်သော လေများကို ခံနိုင်မည် မဟုတ်ချေ ။ဒါ့အပြင် အဆိပ်ရှိသော အရာများ ဖြင့်ပါ ရင်ဆိုင်ရမည် ဖြစ်ပါတယ် ။
တောင်ပိုင်းစွန့်ပစ်နယ်မြေဟာ အလွန်ကြီးမားရုံမက သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ကြီးမားလှသော တောင် အကျယ်အ၀န်းကြီးက တည်ရှိနေပါတယ် ။ အတွင်းမှာ တော့ ပိုမိုပြီး မည်းမှောင်ကာ အမျိုးမည် မသိသည့် အပင် များနှင့် ကြောက်စရာများ ရှိနေတတ်တယ် ။
၀င်ပေါက်တွင် ချန်ရှန် အမည်းရောင် ၀တ်ရုံဝတ် လူ ၂ ဦးကို တွေ့ လိုက်ရပြီး ၎င်းတို့ဟာ နက်မှောင်သော ပုံစံ ရှိ ကြတယ် ။ မိစ္ဆာအငွေ့ များလည်း ထွက်လို့နေပါတယ် ။ အ ကြည့် တစ်ချက်ဖြင့်ပင် ၎င်းတို့ဟာ မိစ္ဆာလမ်းဂိုဏ်းများ မှ ဆိုတာ သေချာ သိနိုင်ပါတော့တယ် ။
“မင်း ဒီလို ကောင်တွေကို မိစ္ဆာကျင့်စဉ်ကျင့်သူတွေ လို့ ခေါ်တယ်မလား ၊ သူတို့ကို မိစ္ဆာဆိုးတွေလို့ ခေါ်သင့်တယ်”
ဘိုင်ယုယု အေးစက်စက် ဖြင့် ပြောပါတယ် ။ သူမဟာ လည်း မိစ္ဆာလမ်း ကျင့်စဉ်ကျင့်သူ တစ်ဦးပါ ။ သို့သော် လည်း သူမမှာတော့ မည်သည့် နက်မှောင်မှုမျိုးကိုမျှ မတွေ့ ရပါချေ ။
မိစ္ဆာလမ်းဂိုဏ်းမှ နောက်လိုက်များ နှင့် လက်ယာလမ်း ဂိုဏ်းများမှ ပါဝင်ယှဉ်ပြိုင်သူများဟာ စာရင်းပေးပြီးသား ဖြစ်ပါတယ် ။ ဒီလို စာရင်းပေးထားပြီးနောက် ၀င်ပေါက် တွင် အစောင့်ထားကာ ကြီးကြပ်ထားစေခြင်းပါ ။
“ကောင်လေး ၊ မင်းက လက်ယာဂိုဏ်းသားလား ၊ မင်း နာမည် ဘယ်လိုခေါ်လဲ”
အမည်းရောင်ဝတ် လူတစ်ဦးက အေးစက်စက် မေး ပါ တယ် ။
“ချန်ရှန်”
ထို စကားလုံး နှစ်လုံးကို ကြားသည်နှင့် ထိုဝတ်ရုံမည်း ၀တ် လူနှစ်ဦးဟာ ခဏမျှ ကြောင်သွားကြပြီး ချန်ရှန် ကို ဂရု တစိုက် ကြည့်နေကြတယ် ။ တဖြည်းဖြည်းချင်း ပြုံးသွား ကာ_
“၀င်တော့”
လူတစ်ဦးက ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောပါတယ် ။
ချန်ရှန် ပျံသန်းကာ ၀င်လာခဲ့တယ် ။
“နဂါးမလေး ၊ မင်းအခုတော့ ပျင်းမနေဘူးမလား”
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံဖြင့် အော်ပြော လိုက်ပါတယ် ။
“အေးဆေးပေါ့ ၊ ခင်ဗျားသေရင် ကျွန်မ စားဖို့ ဘယ်ရ တော့မလဲ ။ ခင်ဗျားက သဘောဆိုးပေမယ့် ခင်ဗျားလို ခပ် တုံးတုံးလူမျိုးနဲ့ အတူတူနေဖို့ လိုက်ရှာရင် အတော်ခက်မှာ လေ”
လောင်ဆုရီ ပျင်းရိဟန်ဖြင့် ပြောဆိုလိုက်တယ် ။
စွန့်ပစ်နယ်မြေဟာ အလွန်ကို လူသူကင်းမဲ့ နေပြီး ၎င်းထဲမှာ တောအုပ်များ မြစ်များ ရှိနေပေမယ့် အားလုံး ဟာ အမည်းရောင် ဖြစ်လို့ နေပါတယ် ။ မြစ်ရေနှင့် သစ် ပင် များဟာ လည်း နက်မှောင်နေပြီး ခြောက်ခြားစရာ ခံစား မှု မျိုး ပေးပါတယ် ။
အတွင်းရောက်သည့်အခါ အလွန်ကို တိတ်ဆိပ်နေ ပြီး အသက်ရှူသံကိုပင် ပြန်ကြားနိုင်ပါတယ် ။ ကြောက်တတ် သော သူတစ်ဦးသာ ဒီနေရာကို လာမည် ဆိုပါက လန့်ပြီး သေသွားစေနိုင်ပါတော့တယ် ။
“ချန်ရှန် ၊ မင်း လျန်မင်ဒုန် နဲ့ ကြာပန်းကျွန်းသခင် တို့ ဆင်တယ်လို့ မထင်ဘူးလား”
စုမေးယို ရုတ်တရက်မေးလိုက်တယ် ။
သူမပြောတာကို နားထောင်ရင်း ချန်ရှန်လည်း ဒီလို ခံစားနေရပါတယ် ။ ဒါ့အပြင်၎င်းတို့ အချပ်ပြားပေါ်မှ ဆင်း သောအခါ လျန်မင်ဒုန် ၏ ပုံစံဟာ အနည်းငယ် ထူးဆန်းနေ သလိုပါ ။
“ကြာပန်းကျွန်းသခင် ရဲ့ မျိုးရိုးနာမည်က လျန်မလား”
ဘိုင်ယုယု မေးလိုက်တယ် ။
သွားနေရင်းဖြင့် ချန်ရှန် ရပ်သွားတယ် ။ ဇုရွန် ဟာ လျန် မင်ဒုန် ၏ နောက်ကြောင်းကို သေချာစုံစမ်းထားပေမယ့် စုမေးယို ပြောပုံအရ သူသံသယ အတော်ဝင်သွားမိပါ တယ် ။ လျန်မင်ဒုန် နှင့် ကြာပန်းကျွန်းသခင်တို့ ကြားတွင် ဆက်စပ်မှုရှိမည်မှာ သေချာသလောက်ပါပင် ။
“သူက ကြာပန်းကျွန်း သခင်ရဲ့ သား ဒါမှမဟုတ် တရား ၀င် မဟုတ်တဲ့ ကလေးတစ်ဦးများလား ၊ ဘာလို့လဲဆို တော့ သူ့ကို ပါရမီ နည်းတယ်ဆိုပြီး စွန့်ပစ်ထားလားမှ မသိတာ”
စုမေးယို မေးလိုက်ပါတယ် ။
မိန်းမများဟာ ဒီလို ကိစ္စများကို ပိုသိလေ့ရှိသည် မ ဟုတ်ပါလား ။
“ကျွန်တော်လည်း မသိဘူး ။ ဒီကပြန်ရင် မေးကြည့် တာပေါ့”
ချန်ရှန် တောအုပ်ထဲ လျှောက်လာတယ် ။ ဒီနေရာ ဟာ ခြုံခိုတိုက်ခိုက်ရန် အကောင်းဆုံးဖြစ်ပြီး ချန်ရှန် ဟာ ယခု မိစ္ဆာပညာရှင်များကို သတ်ရန် လိုက်ရှာနေပါတယ် ။ ဒါဟာ သူ့ကို ဂုဒွန်ချန် ပေးထားသည့် မစ်ရှင်ပင် မဟုတ်ပါလား ။
တောအုပ်ကို ဖြတ်နေရင်း အားလုံးဟာ ပုံမှန်အတိုင်း ပဲ တိတ်ဆိတ်လို့ နေပါတယ် ။ မည်သည့် အန္တရာယ်မျှ ကျ ရောက်ခြင်း မရှိသေးပေ ။ ချန်ရှန် အေးဆေးပဲ လျှောက် နေ တယ် ။ သူဟာ စွန့်ပစ်နယ်မြေ ၏ အစွန်ပိုင်းတွင် ဖြစ် ပြီး မည်သည့် အန္တရာယ်မှ မရှိသေးပါချေ ။
“ငါ ဒီမိစ္ဆာလမ်းဂိုဏ်းက ကောင်တွေ တစ်ခုခု ကြံစည် နေလိမ့်မယ်လို့ ခံစားနေရတယ် ။ သူတို့က အမြဲ ပြသနာ ကောင်တွေ ၊ ဒီနေရာမှာ သူတို့ လူရာနဲ့ချီပြီးတောင် ပုန်း ပြီး စောင့်နေလောက်တယ်”
ဘိုင်ယုယု ပြောလိုက်တယ် ။
သူမ၏ ပြောစကားများ ချန်ရှန် နားသုိ့ဝင်လာစဉ် မှာ ပဲ ရုတ်တရက် သူ့ဘေးပတ်လည်မှ လှုပ်ရှားမှုများကို ခံစား လိုက်ရတယ် ။ ကြည့်ရသည်မှာ သူဝိုင်းခံထားရတာ ဖြစ် နိုင်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset