Switch Mode

Chapter – 41

ငါ တိုက်ခိုက်တော့မယ်နော်

အပိုင်း (၄၁) ငါ တိုက်ခိုက်တော့မယ်နော်

ထိုအချိန် စုရှောင်ရှန် ကမ္ဘာမြေသို့ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့်တူသည်ဟုပြောလျှင်ပင်မည်သူမှ ငြင်းလိမ့်ကြမည်မဟုတ်အေ။ သူ့ကိုပင် ချစ်မိသွားသောသူများရှိလေသည်။

တကယ်က ခပ်မြင့်မြင့်၌ စုရှောင်ရှန် ပျံသန်းနေရာ လေပိုတိုက်သောကြောင့် ရုက်ထွက်အလွန်ကောင်းနေခြင်းဖြစ်သည်။ ထို့ပြင် ‌ဓားပေါ်တွင် လက်နောက်ပစ်ရင်း ရပ်နေသောဟန်မှာ မိန်းမငယ်လေးများ၏ နှလုံးကို လှုပ်ခတ်သွားစေ၏။

“မရတော့ဘူး။ စုရှောင်ရှန်က အရမ်းကြည့်လို့ကောင်းနေတယ်”

“သွားသေလိုက်။ စုရှောင်ရှန်က ငါ့အပိုင်ပဲ”

အချို့သော ကောင်မလေးများက သူ့ကိုရဖို့ ဘာလုပ်ရ လုပ်ရ ဖြစ်နေကြသော်လည်း သူ၏ လုပ်ရပ်ကို မေးခွန်းထုတ်နေကြသည့် သူများလည်း ရှိနေသေးသည်။

“လခွမ်း။ သူတကယ် ဘယ်လို့ ဇာတ်၀င် ရမယ်လဲဆိုတာ သိတယ်ဟ။ ဒါနဲ့ စိတ်ဝိညာဉ်နယ်ပယ်အဆင့်(၈) ကျင့်ကြံသူတစ်ယောက်က ဓားပျံစီးနိုင်လို့လား”

“ဟုတ်သား။ အဲ့တာ စစ်မှန်ခြင်းနယ်ပယ်ရောက်မှလုပ်နိုင်တာမလား။ ဟ။ စုရှောင်ရှန် တစ်ညတည်းနဲ့ စစ်မှန်ခြင်းနယ်ပယ်ရောက်သွားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်”

“မဖြစ်နိုင်တာ သေချာကြည့်ပါဟ။ သူ့အရှိန်အဝါက အဆင့်(၈) လောက်မှာရှိနေတာ အသိသာကြီး”

“နေပါဦး။ သူပျံတာဘာလို့… အရမ်းနှေးနေရတာလဲ”

တစ်စုံတစ်ယောက် ဤသို့ဆိုလိုက်ရာ သူတို့အားလုံး စုရှောင်ရှန်ကြောင့် အံ့အားသင့်နေရာမှ နိုးထလာခဲ့သည်။ သူတို့မျက်နှာထက်၌ မေးခွန်းထုတ်သည့် အကြည့်များရှိနေခဲ့၏။

ဓားပျံကိုစီးနိုင်ခြင်းမှာ အထင်ကြီးစရာကောင်းသည်မှန်သည်။ သို့သော် စုရှောင်ရှန် ပျံသန်းနေသည့် နှုန်းက…

သူတို့လမ်းလျှောက်လျှင်ပင် သူ့ထက်မြန်မြန်သွားနိုင်လောက်ချေသည်။

အကယ်၍ လေအတိုက်ကြမ်းနေသောကြောင့်သာမဟုတ်ပါက သူ၏ အ၀တ်အစားများ လေထဲ၌ လူးလွင့်နေလိမ့်မည် မဟုတ်ပါပေ။

စုရှောင်ရှန်အားလုံးကို နောက်ကျောပေးပြီး အလွန်အေးဆေးသည့်နှုန်းဖြင့် ပျံလာခဲ့တာ သူ၏ ပျံသန်းနေသည့်နှုန်းက သူ၏ စိတ်အခြေအနေကိုလည်း ထင်ဟပ် နေဟန်ရ‌ချေသည်။

“ပြီးဦးမှာလားမသိဘူး …”

“ဒါနဲ့ သူငါတို့ကို ဘာလို့‌ ကျောပေးထားတာလဲ” တစ်စုံတစ်ယောက် ထမေးလိုက်သည်။

လူတိုင်းစုရှောင်ရှန် အ၀င်ကောင်းအောင် အကွက်လှလှလေးအား ထုတ်သုံး နေသည်ဟု မှတ်ယူလိုက်ကြ၏။ သို့သော် သူတို့ မူမမှန်တာတစ်ခုခုအား တွေ့ရှိ‌သွားလေသည်။

စုရှောင်ရှန်က လိပ်ထက်နှေးအောင်ပျံသန်းနေခြင်းပင်မဟုတ်ဘဲ တစ်ချိန်လုံးသူတို့ဘက် တစ်ချက်မှ လှည့်မကြည့်ဘဲ ကျောပေးထားခဲ့၏။

သူ့ကိုကြည့်ရသည်မှာ နောက်ပြန်နှင့်သာ ပျံတတ်သည့်ပုံရသည်။

ပြိုင်ကွင်းထဲမှ မုကျစ်ရှီလည်း စူးစမ်းလိုစိတ်ဖြင့် စုရှောင်ရှန်အား မှိတ်တုတ် မှိတ်တုတ် ကြည့်လိုက်သည်။ သူ၏ အခြေအနေအားမြင်သော် ဤနေရာသို့ ပြက်လုံးများထုတ်ရန် စုရှောင်ရှန်လာခဲ့သည်ဟု ခံစားလိုက်ရ၏။

“သူ… နောက်ပြန်ကြီးပျံလာတာ ခေါင်းမမူးဘူးလားမသိဘူး”

ဓားပြားပေါ်၌ ရပ်နေသည့် စုရှောင်ရှန် တိတ်တခိုး နာကျင်ခြင်းကို ထိန်းချုပ်ရင်း ဖြေးဖြေးချင်း သူ၏ ခေါင်းကိုလှည့်၍ ကြည့်လိုက်ပြီး အကောင်းဆုံးပြုံးပြလိုက်သည်။

ယမန်နေ့ညက သူမအိပ်ခဲ့ကာ ဤသည်ကို တစ်ညလုံးလေ့ကျင့်ခဲ့သည့်အတွက် သူ၏ လည်ပင်းပင် အနည်းငယ် နာကျင်နေသည်။

ဤသည်က နှေးကွေးစွာ နောက်ပြန်ပျံလာရသည့် အကြောင်းအရင်းဖြစ်သည်။

စိတ်ထဲ၌လည်း သူလည်း ‌ပြောင်းပြန်ကြီးမဟုတ်ဘဲ အရှေ့သို့လှည့်၍ လျှပ်စီးအလား ပျံချင်ပါသည်ဟု အော်ဟစ်နေ၏။

သို့သော် ဤဓားနည်းစနစ်က သူ့အား ထိုသို့ဖြစ်ခွင့်မပေးပါချေ။

တစ်ညလုံး ကြိုးစားအားထုတ်ကာ လေ့ကျင့်ပြီးသည့်နောက် ဤအနက်ရောင်ဓားက သူ့အား ဓားထိပ်ဖြင့် ထိုးထားချိန်မှသာ စိတ်ဝိညာဉ်အသိစိတ်ရှိကြောင်းသိလိုက်ရသည်။

ဓားထိပ်ဦးသူ့ထံမှ လှည့်သွားသည်နှင့် အဘယ်ကြောင့် ထိန်းချုပ်မှု လွတ်ကင်းသွားရသည်ကို သူမသိပါပေ။ ၎င်းကိုပြင်ရန်ကြိုးစားကြည့်သေးသော်လည်း အခေါက်ပေါင်း ရာနှင့်ချီ၍ ကြိုးစားပြီးသည့်နောက် အရာမရောက်သည့်အတွက် လက်လျော့လိုက်တော့သည်။

ထို့နောက် ဓားပြားပေါ်၌ ရပ်နိုင်သွားခဲ့ရာ ဓားကို အရှေ့သို့ ပျံသန်းဖို့ အမိန့်ပေးလိုက်၏။ သို့သော်၎င်းက နောက်ပြန်ကြီး သူ၏ အိပ်ခန်းရှိရာသို့ ပျံသွားခဲ့လေသည်။

သိူ့ဖြင့် ဓားပျံနည်းစနစ်မှာ နောက်ပြန်ပျံမှသာ အလုပ်ဖြစ်ကြောင်း သိလိုက်ရပြီး ရွေးချယ်စရာမရှိဘဲ ဤသို့ နောက်ပြန်ကြီးစီးလာခြင်းဖြစ်သည်။

၎င်းက သူ၏ အိမ်မှ ချု့ယွင်တောင်ထွတ်ထိ ရောက်ဖို့ (၂) ရီအကြာ ပျံသန်းခဲ့ရပေလေသည်။

ထိုနှစ်နာရီအတွင်း၌ နောက်ပြန်ကြီးမို့ လမ်း ခဏခဏ ပျောက်ခဲ့ရသဖြင့် လမ်းပြန်ရှာရနေရသည်မှာ ခေါင်းပင် မူးဝေနေချေပြီ။

၎င်းအား ဓားမူးခြင်းဟုပြောနိုင်ပါသည်လော။

‌အော့…

ပျို့တက်ချင်လာသည့်စိတ်ကို ထိန်းချုပ်ပြီး ပတ်ပတ်လည်ရှိ လူအုပ်ကြီးကို လက်ဝှေ့ရမ်းပြလိုက်သည်။

လုပ်ရိုးလုပ်စဉ်က မချိမဆံ့ခံစားရပါသော်လည်း ၎င်း၏ ဆုလဒ်က အလွန့် အလွန် တန်ပေသည်။

[အထင်ကြီးခံရပါသည်။ ပင်ကိုယ်မှတ် +၆၆၄]

[အထင်ကြီးခံရပါသည်။ ပင်ကိုယ်မှတ် +၈၈၂]

[အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၄၄၁]

[အားကျခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂၆၁]

ထိုပျံသန်းခြင်းမှ သူ့အားပင်ကိုယ်မှတ် (၄၀၀၀) ပေးလိုက်ကာ ဤအမှတ်များက အိမ်မှ ပျံသန်းလာရာ လမ်းတစ်လျှောက်ရှိ ဂိုဏ်းတူ ညီငယ်၊ ညီမငယ်များက ပေးလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းတို့က ယခင်မှ မှတ်တမ်းတင်ချက်များသာဖြစ်သည်။

ဖန်သားပြင်ပေါ်၌ ယခုပြသနေသည့် အရာများမှာ…

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၅၆၃]

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၄၄၆]

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်မှတ် +၃၃၇]

သူ၏ ပင်ကိုယ်မှတ်များ (၂၀၀၀) ‌ကျော်တောင်တက်သွားခဲ့သည်။

အသေးစိတ်အချက်အလက်များကတော့…

‘ထားပါလေ။ ပင်ကိုယ်မှတ်‌တွေ ရရင် ပြီးတာပဲ’ တွေးလိုက်သည်။

စုရှောင်ရှန် အသိပေးချက် ဖန်သားပြင်၌ပေါ်လာသော အသိပေးချက် တစ်၀က်လောက်ကို လစ်လျူရှူလိုက်သည်။

အောက်၌ဖြစ်သည်။

စုရှောင်ရှန်ကိုကြည့်ရင်း ရှောင်ချိစွေ မည်သည်ကိုပြောရမည်မှန်းမသိ ခေါင်းကိုက်သွားခဲ့သည်။ သူ့ကိုတွေ့သည်နှင့် ချက်ခြင်းအောက်သို့ဆင်းလာရန် အော်မိလုနီးပါးဖြစ်သွားသည်။

သို့သော် သေချာပြန်စဉ်းစားကြည့်ရာ ဤကောင်လေး ယမန်နေ့၌ ဓားဖြင့် စိတ်ချင်းဆက်ရုံနိုင်သာ ရှိသေးသည်။ ယခုတော့ ထိုအရာကိုမည်သို့အသုံးပြုရမည်ပင် သိသွားသောကြောင့် သူ အံ့အားသင့်သွားသည်။

၎င်းက ပါရမီရှင်လာနေခြင်းဖြစ်သည်။

ဤသို့သော ပါရမီမျိုးကို စုရှင်းရှင်းထံ၌သာ သူတွေ့ဖူးသည်။

ထိုနည်းစနစ်ကို ပေါတောတော နေရာ၌ အသုံး‌ပြု‌နေပေစေဦးတော့။ သို့သော်လည်း ဓားပျံနည်းစနစ်ကို ပြောင်းပြန်စီးခြင်းကလည်း ဓားပျံနည်းစနစ်သာ မဟုတ်ပေလော။

ထို့နောက် စုရှောင်ရှန်ဆင်းလာရန်ဟန်မရဘဲ လူအုပ်ကြီးကို ပျော်ပျော်ရွှင်ရွှင် လက်ပြန်ဝေ့ရမ်းပြနေသည်ကို ရှောင်ချိစွေတွေ့လိုက်ရသည်။

‘ဟ… ဒီကောင်သူပြိုင်ရမယ့် အလှည့်ဆိုတာ မသိဘူးလို့တော့ မပြောနဲ့နော်’ တွေးလိုက်သည်။

ရှောင်ချိစွေသည်းခံနိုင်သည့်အတိုင်းအတာကုန်ဆုံးသွားခဲ့ရာ အော်ဟစ်လိုက်သည်။ “စုရှောင်ရှန်။ ချက်ခြင်းဆင်းလာပြီး ပြိုင်ပွဲ၀င်ဖို့လုပ်စမ်း”

အသံကြား၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ စုရှောင်ရှန်၏ မျက်နှာ ဖြူရော့သွားသည်။ သူစီးလာနေသောဓား လေထဲ၌ မတည်မငြိမ်ဖြစ်သွား၏။

‘ဘုရားရေ ငါအမြင့်ကြီးပြန်နေတာပါလား’ တွေးလိုက်သည်။

“လာပါပြီ။ ခုလာနေပါပြီ…”

ပွဲကြည့်သူများ အူတက်နေကြသည်။ သူ၏ တိုက်ပွဲများကို ထည့်မတွက်ပါက စုရှောင်ရှန် ပေါ်လာသည့်အခါတိုင်း ပျော်ရွှင်မှုကို တစ်ပါးတည်း သယ်ဆောင်လာသည့်ဟန်ရ၏။

“ဘုရားရေ။ အစက ဓားပျံကြီးစီးလာပါလို့ အံ့အားသင့်နေတာ ခုမှ နောက်ပြန်ကြီးမှန်းသိရတော့တယ်။ ဟားဟားဟား…”

“လခွမ်း။ ဦးတည်ဖက်တောင် သူမခွဲခြားနိုင်ဘူးလို့တော့ မပြောနဲ့နော်။ ဒီမှာ အူတက်နေတာ ကလီစာတွေပါ ထွက်လာတော့မယ်”

“စုရှောင်ရှန် တောင့်ထား။ အစီအရင်နားရောက်ခါနီးပြီး။ ဓားကိုပြန်ထိန်းလိုက်”

[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် ကျေနပ်ပြုံး ပြုံးလိုက်သည်။ အနည်းဆုံးတော့ သူ့အား တစ်စုံတစ်ယောက် အမှန်တကယ် ‌အားပေးနေသေး၏။ သို့ဖြင့် အလောတကြီးဖြင့် အစီအရင်ရှိရာသို့ အရှိန်မြှင့်လိုက်သည်။

ဘုတ်

ချလန်း

ယမန်နေ့ညက တစ်ညလုံး သူကြားခဲ့ရသော အိပ်မက်ဆိုးဖွယ် အသံကို သူထပ်ကြားလိုက်ရ၏။

ထိုသို့ မဖြစ်စလောက်လေး အရှိန်မြှင့်လိုက်ရာ အစီအရင်ပေါ်သို့ လေးဖက်ပြားပြားကြီး တရုတ်အက္ခရာ ‘大’ ကဲ့သို့သွားကပ်ပြီး တရွတ်တိုက်‌ ကြမ်းပြင်ပေါ်သို့ အနက်ရောင်ဓားနှင့်အတူ‌ ရှောကျသွားနေ၏။

[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၂၂၄]

[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၄၄၆]

[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၆၅၄]

စုရှောင်ရှန် “…”

သူမ၏ ကျစ်ဆံမြှီးအား ရှေ့ပခုံးဘက်၌ ချထားရင်း ဆော့ကစားနေသော ပုကျစ်ရှီ ဤအချင်းအရာကြောင့် တဟားဟား ထရယ်မတတ်ဖြစ်သွား၏။

အစီအရင်မှပေါ်တဖြေးဖြေးရှောကျရင်း တစ်၀က်လောက်ရောက်သော စုရှောင်ရှန်ကို သူမ အော်‌ပြောလိုက်သည်။ “မိုးတိမ်လေ ကျောက်စိမ်းပြားလိုတယ်လေ”

“အဲ့တာမရှိဘဲနဲ့ နင်ဘယ်လိုကိုဘယ်လို၀င်မှာ”

“ငါ ပြောနေတာ ကြားရတယ်မလား…”

ကွင်းထဲမှ သူမ၏ အသံကို သူမကြားနိုင်စရာအကြောင်းမရှိပေ။ အကယ်၍ သူမပြောသည်ကို မကြားလျှင်ပင် လူအုပ်ကြီးထဲမှ တစ်ခုတည်းအား အော်ပြောနေသော လူအများကြီးရှိနေသေး၏။

သို့နောက်မှသာ ရှက်ကိုးရှက်ကန်းဖြင့် ကျောက်စိမ်းပြားကို လည်ပင်း၌ ဆွဲထားသော သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်၏။

အသိပေးချက် ဖန်သားပြင်မှ ကဲ့ရဲ့သည့် အသိပေးချက်များပျောက်သွားသည်ကိုမြင်သော် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

‘ငါတကယ် ‌ပင်ကိုယ်မှတ်တွေအများကြီးရနေတော့ အပျော်လွန်ပြီး ဒါကိုမေ့သွားတယ်’

‘နောက်တစ်ခါ ဘယ်တော့မှ မကျွမ်းကျင်ဘဲ ဓားပျံမစီးတော့ဘူးလို့ ကတိပေးပါတယ်’

ရှောင်ချိစွေ သူ့ကို တောင်းပန်နေသည့် အကြည့်ဖြင့် ကြည့်နေသော စုရှောင်ရှန်ကို မျက်နှာသေကြီးဖြင့် ပြန်ကြည့်လိုက်သည်။ စုရှောင်ရှန် မုကျစ်ရှီဘက်သို့ လှည့်ကာ “စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်”

“ရပါတယ်။ ဒါနဲ့ နင်က အရမ်းရယ်ရတာပဲ။ ဟီးဟီး”

[ချီးမွမ်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် “…”

‘ဆိုတော့ စနစ် သူငါ့ကိုလှောင်နေတာကို မင်း မတွေ့ဘူးပေါ့လေ’

“အသင့်ပြင်”

ရှောင်ချိစွေ ညာလက်‌ကိုမြှောက်လိုက်သည်။ လူတိုင်း လှောင်ပြောင် ရယ်မောနေတာများရပ်လိုက်ပြီး တည်ငြိမ် လေးနက် သွားခဲ့သည်။

၎င်းမှာ အကြိုဗိုလ်လုပွဲဖြစ်ချေသည်။ စုရှောင်ရှန်၏ ဇာတ်အ၀င်မှာ ရယ်ရသည်ဆိုသော်ငြား ပြိုင်ပွဲကိုယ်တိုင်က လူတိုင်း စောင့်‌ဆိုင်းနေကြသည့်အရာဖြစ်သလို ၎င်းမှလည်း သင်နိုင်သည်များ သင်ယူလို၍လည်းဖြစ်သည်။

လူတိုင်းတိတ်ဆိတ်ငြိမ်ကျသွား၏။

“စ”

စုရှောင်ရှန်ချက်ခြင်းလေးနက်သွားပြီး သူ၏ လက်ချောင်းများ၌ ဓားဆန္ဒများစုစည်းလိုက်ပြီး မုကျစ်ရှီထံ ဓားစွမ်းအင်များ ပစ်လွှတ်လိုက်သည်။

ထို့နောက် နောက်မှ သူမထံ တစ်ဟုန်ထိုးပြေးသွားလိုက်၏။

မုကျစ်ရှီက တိုး၀င်လာနေသော စွမ်းအင်များအား ဂရုမပြုသည့်အလား အေးအေးဆေးဆေး ကျစ်ဆံမြှီးကိုနောက်သို့ ပစ်လိုက်ပြီး အလှဆုံး ပြုံးလိုက်၏။

“စုရှောင်ရှန် သတိထား”

“ငါတိုက်ခိုက်တော့မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset