အပိုင်း (၃၉) ထူးဆန်းသည့် ဓားနည်းစနစ်
ညအချိန်၌ဖြစ်သည်။
ကြယ်ကလေးများက ညကောင်းကင်ကြီးကို တန်ဆာဆင်ထားကြသည်။
စုရှောင်ရှန် ညသန်းခေါင်ယံ၌ အိပ်မရတော့ဘဲ နိုးလာခဲ့၏။
သူနိုးထလာရသည့်အကြောင်းအရင်းမှာ မနက်ဖြန် အကြိုဗိုလ်လုပွဲကြောင့် စိတ်ပူ၍မဟုတ်ပါချေ။ လုံး၀ မဟုတ်ပါချေ။
သို့ဖြင့် သူ့ဓားကို ကောက်ကိုင်လိုက်ပြီး ခြံထဲဆင်းလိုက်သည်။
ခြံ၏အလယ်တွင် တိတ်ဆိတ်စွာရပ်နေလိုက်သည်။ ပုရစ်နှင့် ဖားအော်သံများအကြား လေပြေလေးက တိုးတိုးလေးတိုက်ခိုက်သွား၏။ စုရှောင်ရှန်ကတော့ ထိုထက်ပင် ပို၍ တိတ်ဆိတ်နေခဲ့သည်။
“အခုအချိန်က ငါ့ဓားနည်းစနစ်ကို ကျင့်ကြံဖို့ အချိန်ကောင်းပဲ…”
စုရှောင်ရှန်တွေးလိုက်ပြီး ပြီးခဲ့သည်ရက်များမှ သင်ယူခဲ့သော ဓားနည်းစနစ်များကို ပြန်စဉ်းစားကြည့်လိုက်သည်။
[ဓားထိပ်သီး] မှာသူ၏ အခြားပင်ကိုယ်စွမ်းရည်များနှင့် မတူပေ။ ၎င်းက ခွန်အားနှင့် ချွန်ထက်ခြင်းကဲ့သို့လည်း စွမ်းရည်အသစ်များမပေးပေ။ ထိုအစား ဓားထိပ်သီးက အခြားစွမ်းရည်များအပေါ် အသိအမြင်များပေးလေသည်။
စုရှောင်ရှန် ဤအသိအမြင်များအား ကိုယ်တိုင်နားလည်အောင်လုပ်ရပေမည်။
မျက်လုံးကို ဖြေးဖြေးလေးမှိတ်လိုက်သည်။
ထိုအချိန် ခြံတစ်ခုလုံး အနည်းငယ် လှုပ်ခါသွားသည့်ဟန်ရသွားသည်။
တောင်ကပို့၊ စိတ်ဝိညာဉ်ရေကန်၊ နှင့် အသစ်ဆောက်လုပ်ပြီးစီးထားသော အိမ်ကလေး…
ကျောက်ချင်းထန်၏ သဏ္ဌာန်မဲ့ အေးခဲခြင်းကို သူပြန်စဉ်းစားကြည့်လိုက်သည်။ ပြိုင်ပွဲတစ်ခုလုံး၌ ၎င်းက သူ့ကို အဖမ်းစားနိုင်ဆုံးသော နည်းစနစ်လည်းဖြစ်သည်။
သို့သော် ထိုနည်းစနစ်ကို ကြိုက်ရသည်မှာ အဆင့်မြင့်၍လည်းမဟုတ်ချေ အစွမ်းထက်၍လည်း မဟုတ်ချေ။
၎င်းက သူ့အာရုံကိုဖမ်းစားလိုက်နိုင်ခြင်းမှာ ဓားဆန္ဒကို ကိုယ်မှ ခွဲလိုက်ပြီး နှင်းပွင့်ဖက်များကဲ့သို့ အရာ၀တ္ထုများထဲသို့ ထည့်လိုက်နိုင်သောကြောင့်ဖြစ်သည်။
ဤသို့ ဓားဆန္ဒကို အသုံပြုခြင်းနည်းလမ်းက သူ၏ အမြင်ကို ချဲ့ပေးလိုက်သည်။
ဟုတ်ပေသည်။ ယခုသူ၏ ပြိုင်ဘက်၏ နည်းစနစ်ကို တိတ်တိတ်လေး လေ့ကျင့်နေခြင်းဖြစ်သည်။
တိတိကျကျပြောရလျှင် ကျောက်ချင်းထန်၏ သဏ္ဌာန်မဲ့ အေးခဲခြင်းကို ခိုးယူနေခြင်းဖြစ်သည်။
နှင်းများဖြင့် ပုံဖော်၍မရသော်လည်း သူ၏ ဓားဆန္ဒကို အခြား အရာ၀တ္ထုပစ္စည်းများ၌ ကျောက်ချင်းထန် နှင်းတွင် ထည့်သွင်း သကဲ့သို့ ထည့်ကြည့်နိုင်လေသည်။
ညလေညှင်းလေးက သူ့ကို ဖြတ်သန်းတိုက်ခတ်သွားသည်။ စုရှောင်ရှန် ပတ်၀န်းကျင်နှင့် တစ်သားတည်းဖြစ်လာခဲ့သည်။ မြေပြင်ပေါ်မှ ကျောက်စရစ်ခဲများ စတင်၍ တုန်ခါလာခဲ့၏။
ဂျစ်
စုရှောင်ရှန် မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။ သူ၏ ဓားဆန္ဒထွက်ပေါ်လာခဲ့ပြီး ပြေမြင်ပေါ်မှ ကျောက်စရစ်ခဲများ နှင်းများသဖွယ် လေပေါ်သို့ ပျံလာကြ၏။
“ဟိုက်ယား”
ညာသံပေးပြီး သူ၏ဓားကိုရှေ့သို့ ခုတ်ချလိုက်သည်။ ပတ်၀န်ကျင်ကို ထို ဓားချက်ဖြင့် ပိုင်းဖြတ်လိုက်သကဲ့သို့ သူ့စိတ်ထဲတွင် နှင်းတောင်တန်းတစ်ခု ပုံပေါ်လာခဲ့သည်။
ထို့နောက် ကျောက်စရစ်ခဲတိုင်း ပြင်းပြင်းထန်ထန်တုန်ခါသွားခဲ့ပြီး မြေပြင်ပေါ်ပြန်ကျသွားတာကို တွေ့လိုက်ရသည်။
“…ဟင်… ဒါပဲလားဟ”
စုရှောင်ရှန် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ အဘယ်ကြောင့် သူစိတ်ကူးယဉ်လိုက်သည်နှင့် အလွန်ကွဲပြားနေရသနည်း။
ဟူးးး
“တော်သေးတယ် ဘယ်သူမှ မတွေ့လိုက်လို့…”
“မဟုတ်ရင် တော်တော်ရှက်စရာကောင်းမှာ”
စိတ်ကိုလျော့လိုက်ရာ တစ်စုံတစ်ယောက်၏ နည်းစနစ်ကို တိတ်တိတ်လေးခိုးလေ့ကျင့်ရန် မလွယ်ကြောင်းသိလိုက်ရသည်။
သို့သော် ဤသို့သော အရာ၀တ္ထုပစ္စည်းများအား ဓားဆန္ဒထည့်သွင်း၍ရသည့် ဓားနည်းစနစ်မှာ အလာအလာတော့ အများကြီးရှိသည်။
“သူ့အခြေခံကိုက ဓားနည်းစနစ်နဲ့ တိုက်ပွဲ၀င်တဲ့ ပုံစံမျိုးဆိုလည်း ဟုတ်တယ်…
စုရှောင်ရှန် သူ၏ဓားကို ပင့်ကာ ခြံအနှံ့လျှောက်သွားလိုက်သည်။ ညကောင်းကင်အောက်၌ သူ့အတွေးများ နက်နေခဲ့လေသည်။
ဤသို့သော နည်းလမ်းက စိတ်ဝိညာဉ်နည်းစနစ်များအသုံးမပြုဘဲ ဓားဆန္ဒသက်သက်ဖြင့် တိုက်ခိုက်သည့် အချိန်ကနှင့် သွားဆင်တူသည်။
“စိတ်ဆန္ဒအတိုင်းလုပ်၊ ဓားနဲ့တစ်သားတည်းလို…”
သူ့စိတ်ထဲ၍ ပုံရိပ်တစ်ခုပေါ်လာသည်။ သူ၏ ရန်သူများမှာ နွေရာသီ၌ သစ်ရွက်ခြောက် များကြွေကျသည့်အလား အဆက်မပြတ် လဲကျသွားကြသည်။ ထို့နောက်ထိုပုံရိပ်က ဓားသောင်းနှင့်ချီ စုစည်း၍ ခုတ်ချလိုက်သည့်ဟန် ပြောင်းလဲသွားသည်။
ဤလမ်းစဉ်ကို ဆက်လိုက်ပါက သူမည်သို့ စိတ်ကူးယဉ်၍ပင် မဖြစ်နိုင်သောအရာသို့ပင် ရောက်ရှိပါမည်နည်း။
စုရှောင်ရှန် အနည်းငယ် မှင်သက်သွားသည်။ သူ့တွင် ပါရမီမပါတာကို သူသိသည်။ (၃) နှစ်လုံး လေ့ကျင့်မှုများပြီးသည်တောင် အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်၌ ဓားကွက်တစ်ကွက်သာလေ့ကျင့်နိုင်ခဲ့သည်မဟုတ်ပါလား။
သို့ရာတွင် [ဓားထိပ်သီး] ၏ပေါ်ပေါက်လာမှုက သူ့ကို ဓားဆန္ဒအပေါ်နားလည်မှုကောင်းကောင်းပေးလိုက်လေသည်။
သို့ဆိုပါက ထိုလမ်းစဉ်ကို သူလိုက်ကြည့်လျှင် အရှုံးမရှိပေ။
သာမန် ဓားသမားတစ်ယောက်၏ အဓိကလမ်းစဉ်မှာ ဓားဆန္ဒအား စိတ်ဝိညာဉ်နည်းစနစ်များဖြင့်တွဲ၍ အသုံးပြုခြင်းဖြစ်လေသည်။
သို့သော် စုရှောင်ရှန်ကတော့ ဓားဆန္ဒတစ်ခုတည်း သက်သက်ဖြင့် တိုက်ခိုက်လိုခြင်းဖြစ်သည်။
ဤလမ်းစဉ်က အစကတည်းက လူတိုင်းနှင့် မတူရန် ကံပါလာခဲ့သည်။ သို့ဆိုပါက ဤလမ်းစဉ်ကြောင့် လမ်းမှန်မှ သွေဖယ်သွားမလား၊ သူ့ကိုယ်ပိုင် ဓားပုံစံတစ်ခုကိုပဲ ဖန်တီးလိုက်နိုင်လားဆိုတာ သူမသိပေ။
ဟူးးး
စုရှောင်ရှန် ခေါင်းခါရင်း ထိုအတွေးများကိုထုတ်လိုက်သည်။ ၎င်းတို့မှာ သူနှင့်လက်လှမ်းဝေးချေသေးရာ ပစ္စပ္ပုန်ကိုပဲ အားစိုက်လိုက်၏။
“မနက်ဖြန် အကြိုဗိုလ်လုပွဲကိုပဲ ဘယ်လိုနည်းနဲ့ ယှဉ်ပြိုင်ရမလဲ စဉ်းစားသင့်တယ်…”
သူ၏ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်အကြောင်းကို တစ်ဂိုဏ်းလုံးသိသွားချေပြီးဖြစ်သည်။ ထို့ကြောင့် သူ့ပြိုင်ဘက်နှင့်ရင်ဆိုင်ရာတွင် အခြားတစ်ဖက်က သူနှင့်အကွာအဝေးတစ်ခုခြားထားလျှင် သူအရေးနိမ့်ပေမည်။
တိတ်တခိုးနာကျင်ခြင်းသာ မနက်ဖြန် တိုက်ပွဲ ရေချိန်ကို ပြောင်းလဲနိုင်မည်ဖြစ်လေသည်။
စုရှောင်ရှန်၏ မျက်နှာထက်၌ ထူးဆန်းသည့် အမူအရာမျိုးရှိနေသည်။ အဘယ်ကြောင့် မည်သို့ စဉ်းစား စဉ်းစား ကိစ္စက ဓားဆန္ဒဘက် သို့ရောက်သွားနေရပါသနည်း။
အတွေးနက်သွားသည်။
ဓားဆန္ဒဖြင့် အဆင့်မြှင့်တင်လိုက်ပြီးနောက်တွင် လေလွင့်တိုက်တိမ်ဓားကွက်ကို အခြေပြု၍ တိုက်ခိုက်ပုံ အမျိုးမျိုး သူဖန်တီးလိုက်နိုင်လေသည်။
ဓားပိုးအိမ်စွမ်းအင်ဓားကွက်၊ အဆင့်မြင့်ဓားကွက်၊ ပြောင်းပြန်ဓားကွက် အစရှိသဖြင့် ဖြစ်လေသည်။
ပထမနှစ်ခုက သဘာ၀ကျသည်ဟု သူခံစားရသည်။ ၎င်းက ဓားဆန္ဒအား သဘာ၀ကျကျ အသုံးပြုခြင်းဖြစ်လေသည်။ ပြောင်းပြန်ဓားပုံစံသည်တော့…
စုရှောင်ရှန်သူ့လက်ထဲမှ တိတ်တခိုးနာကျင်ခြင်းကိုကြည့်လိုက်သည်။
ဤဓားကွက်က ကျောက်ချင်းထန်နှင့် တိုက်ပွဲအတွင်း အကြပ်အတည်းအတွင်း အတွေးရလိုက်သော ဓားကွက်ဖြစ်သည်။ ၎င်းက ဓားဆန္ဒကို ဓားနှင့် ပေါင်းစပ်ခြင်းထက် ပိုသော အရာဖြစ်သည်။
ထိုစဉ်က တိတ်တခိုးနာကျင်ခြင်းပင် စိတ်ဝိညာဉ်အသိ၀င်လာခဲ့သည်ဟု သူခံစားလိုက်ရ၏။
“ဓားကို စိတ်ဖြင့် ထိန်းချုပ်ခြင်း”
၎င်းက ဓားဆန္ဒအား အခြားအရာ၀တ္ထုပစ္စည်းတစ်ခုထဲသို့ ပေါင်းထည့်ခြင်းနှင့်လည်း တူသည်။ သို့သော် တိတ်တခိုးနာကျင်ခြင်းက သူနှင့် ရင်းနှီးကျွမ်း၀င်သည့်အတွက် အောင်မြင်ခြင်းဖြစ်ရပေမည်။
စုရှောင်ရှန် ရုတ်တရက် အကြံရသွားသည်။ သို့ဆိုလျှင် တိတ်တခိုးဓားတွင် သူ၏ ဓားဆန္ဒအားပေါင်းထည့်ပြီး တန်ပြန်တိုက်ခိုက်လို့မရပေဘူးလော။ သို့သော် သူလုပ်နိုင်သည်လား။
မလုပ်နိုင်ပေ။
စုရှောင်ရှန်၏ မျက်လုံးများတောက်သွားသည်။ အကယ်၍သူသာ တိတ်တခိုးနာကျင်ခြင်းကို ပြည့်စုံစွာ ထိန်းချုပ်နိုင်ပါက ဒဏ္ဌာရီလာ ဓားပျံနည်းစနစ်ကို လေ့ကျင့်သွားနိုင်မည် မဟုတ်ပါလား။
ဓားပျံစီးခြင်း။
ပျံသန်းခြင်းက စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတွေသာ လုပ်နိုင်သည့်အရာဖြစ်သည်။ သူက စိတ်ဝိညာဉ်နယ်ပယ် အဆင့်(၈) ၌သာရှိနေသေး၏။ သူ၏ ကိုယ်ပိုင်ဓားဖြင့် ပျံသန်းနိုင်ပါက လူအုပ်ကြီးအား အလွန်အမင်း အံ့အားသင့်သွားစေမည်ဘူးလော။
“စမ်းကြည့်ရအောင်”
စုရှောင်ရှန် ယနေ့ နေ့လယ်မှ တိုက်ပွဲကို ပြန်ဆင်ခြင်ပြီး သူ၏ ဓားဆန္ဒကို တိတ်တခိုးနာကျင်ခြင်းထဲသို့ ထည့်လိုက်သည်။
စူးစူးရှရှ အသံပေးလိုက်ပြီး တိတ်တခိုးနာကျင်ခြင်း အနည်းငယ်တုန်ခါသွားသည်။
စုရှောင်ရှန် ထိတ်လန့်သွားသည်။ သူ့လက်ထဲမှ ဓားနက်မှာ သက်မဲ့ပစ္စည်းနှင့်ပင်မတူတော့ချေ။ ၎င်းက သူ့ကိုယ်ပိုင် စိတ်ဝိညာဉ်အသိရသွားသကဲ့သို့ပင်။
“ဟုတ်ပြီ”
“တိတ်တခိုးနာကျင်ခြင်းနဲ့ ငါနဲ့ကြားမှာ ဆက်သွယ်မှုတစ်ခု ဖန်တီးလိုက်နိုင်ပြီလို့ဆိုလိုတာပဲ”
စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ပစ်လိုက်ပြီး အထက်သို့ လက်နှစ်ချောင်း ထောင်လိုက်သည်။
“တက်စမ်း”
အနက်ရောင်ဓားလေပေါ်သို့ ပျံသန်းသွားမည်ဟု သူပုံဖော်လိုက်သည်။ သို့သော် ၎င်းက သာမန်ဓားတစ်ချောင်အလား သူပစ်လိုက်သည်နှင့် ကြမ်းပြင်ပေါ်သို့ ကျသွား၏။
ချလန်းးး
စုရှောင်ရှန်၏ မျက်နှာ ကျောက်မီးသွေးထက်ပင် မဲနက်သွားသည်။ ကြမ်းပြင်ပေါ်ရှိ အနက်ရောင်ဓားက အဆက်မပြတ် ဖိအားပေးခံနေရသည့်အလား တုန်ခါသွား၏။
“မဟုတ်သေးပါဘူး”
“နေ့လယ်တုန်းက ဒါမျိုးမဟုတ်ပါဘူး”
“ဒါမှမဟုတ် ငါပစ်တာ အားနည်းသွားလို့လား”
စုရှောင်ရှန် အနက်ရောင်ဓားကို ပြန်ကောက်လိုက်ပြီး နောက်တစ်ကြိမ် ဓားဆန္ဒဖြင့် ပေါင်းစပ်ကြည့်လိုက်သည်။ ထို့နောက် ၎င်းကို အားဖြင့်ပစ်လိုက်သည်။
ဝီးးး
ဓားကိုယ်ပေါ်၌ မီးတောက်မီးလျံများပေါ်လာပြီး ၎င်းက မိုးကုတ်စက်ဝိုင်းအလွန်၌ ပျောက်သွားသည်။
စုရှောင်ရှန်နောက်မှ ခုန်ပေါက်အားပေးလိုက်သည်။ တစ်အောင့်ကြာသော် စိတ်လှုပ်ရှားနေသည့် ဓားဆန္ဒကို ခံစားမိပြီး သူ့စီသို့ ပြန်ဆင့်ခေါ်လိုက်သည်။
ဝီးကတည်းမြည်သံဖြင့် မိုးကုတ်စက်ဝိုင်းအလွန်၌ အနက်ရောင်အစက် တစ်သက်ပေါ်လာခဲ့ပြီး စုရှောင်ရှန်ထံ အရှိန်အဟုန်အပြည့်ဖြင့် တိုး၀င်လာနေခဲ့၏။
စုရှောင်ရှန်လန့်ဖြန့်သွားသည်။ သူယခု ကျောက်ချင်းထန်၏ သိပ်သည်းဆများသော ရေခဲတုံးအတွင်း၌ရှိနေခြင်းမဟုတ်ရာ အနက်ရောင်ဓားကြောင့်သူလည်း ကျောက်ချင်းထန်ကဲ့သို့ ဖြစ်သွားနိုင်ပေသည်။
အတွေးတစ်ချက်၀င်လာပြီး ပျံသန်းလာနေသော ဓားပြားပေါ်သို့ ခုန်တက်ရန် ကြိုးစားလိုက်သည်။
သို့သော် တိတ်တခိုးနာကျင်ခြင်းက အလွန်လျှင်မြန်လှသည့်အတွက် ဓားပြားအပေါ်သို့ခြေချလိုက်သည်နှင့် ၎င်း၏ အဟုန်ကြောင့် စုရှောင်ရှန် ချော်လဲသွားခဲ့၏။
ဘုတ်
ချလန်းးး
ဓားရောလူရော ပြိုင်တူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
“ချီးပဲ ငါမလုပ်နိုင်ဘူးလို့ မယုံဘူးကွာ”
“ထပ်လုပ်မယ်”
စုရှောင်ရှန်နောက်တစ်ကြိမ်ကြိုးစားလိုက်သည်။ ဒဏ္ဌာရီလာ ဓားပျံနည်းစနစ်ကို သူဒီည တတ်ကို တတ်ရပေမည်။
အဆုံး၌
ဘုတ်
ချလန်းး
“ဆက်လုပ်မယ်”
ဘုတ်
ချလန်းးး
…
ခေါင်းမာခြင်းကလည်း စွဲလမ်းမှုတစ်မျိုးပင်။ ညကောင်းကင်အောက်၌ စုရှောင်ရှန် ဒုက္ခကြီးကြီးခံစားနေရ၏။
အချိန်တစ်ခုကြာသော် စုရှောင်ရှန် အနက်ရောင်ဓားကို ပြန်ပစ်လိုက်သည်။ နောက်ဆုံးတော့ အနက်ရောင်ဓား အသက်၀င်လာခြင်းမဟုတ်သည်ကို သူသိလိုက်သည်။
ထိုဓားနက် အမှန်တကယ် စိတ်လှုပ်ရှား အသက်၀င်လာသည့်အချိန်မှာ အကန့်အသတ်အဆုံးစွန်ထိ ပြန်သန်းပြီးနောက် စုရှောင်ရှန် ပြန်ခေါ်လိုက်သည့်အချိန်ဖြစ်သည်။
ဆိုရသော် ပြောင်းပြန်ဓားကွက်မှ “ပြောင်းပြန်” မှာ ဓားနက်က ပြောင်းပြန် ပြန်လာသည့် အခြေအနေ၌သာ အသက်၀င်ခြင်းကိုဆိုလိုလေသည်။
ဤအရာက စုရှောင်ရှန်အား မှုန်ကုပ်သွားစေပြီး အချိန်အကြာအကြားကြီး အတွေးနက်သွားစေလိုက်သည်။ ထို့နောက် ဓားပစ်ခြင်းနှင့် ၎င်းအား ပြန်ခေါ်ခြင်းတို့ကြားရှိ ကွဲပြားခြားနားချက်ကို စုရှောင်ရှန် အချိန်အကြာကြီးစဉ်းစားလိုက်သည်။
သို့သော်လည်း အကြောင်းအရင်းမှန်ကို ဖော်မရဖြစ်နေသည်။
“ဒီချီးလိုမှ ပြောင်းပြန်ဓားကွက်ကတော့ကွာ…”
“အဲ့အစား ဓားပျံနည်းစနစ်လို့ခေါ်ခဲ့သင့်တာ…”
စုရှောင်ရှန် ဓားပစ်သည့် အဆင့်ကိုကျော်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ဓားထိပ်နှင့် ညွှန်းလိုက်ပြီး ဓားဆန္ဒများထည့်လိုက်သည်။
ရွှင်းးး
ဓားကိုယ်က ရုတ်တရက် စိတ်လှုပ်ရှားလာသည့်အလား တုန်ခါသွားခဲ့သည်။ ထို့နောက် အဆိုပါ အနက်ရောင်ဓား အသက်၀င်လာသည်ဟု စုရှောင်ရှန်ခံစားလိုက်ရ၏။
ထို့နောက် ဓားကိုလှည့်ပြီး ကောင်းကင်ပေါ်သို့ ထိုးလိုက်သည်။
ရှီ…
ဓား၏ တုန်ခါနှုန်းနှေးကွေးသွားသည်။
သူ့ဘက်ကို ပြန်ထိုးလိုက်သည်။
ရွှင်းးး
ထို့နောက် ပြန်လှည့်လိုက်သည်။
ရွှီး…
စုရှောင်ရှန်စွံ့အသွားသည်။
“ဒါဘာနိယာမလဲဟ”
“ဘယ်လိုအရာက ငါ့ကို ထိုးမှ စိတ်ဝိညာဉ်အသိရှိလာတာလဲဟ”
“မင်းရဲ့ ပိုင်ရှင်ကို မင်းပြန်သတ်ချင်နေတာလားးး”
ဤအရာကိုမယုံနိုင်သေးဟန်ဖြင့် ဓားကိုဆက်လှည့်လိုက်ပြုလိုက် လုပ်လိုက်သည်။
ရွှင်းးးး
ရွှီး…
ရွှင်းးးး
ရွှီး…
စုရှောင်ရှန် မျက်နှာသေကြီးဖြင့် တိတ်တခိုးနာကျင်ခြင်းကို ပစ်ပေါက်လိုက်သည်။ “ချီးပဲ”
“ဒီဓား တစ်ခုခုတော့ မှားနေပြီ”
ဝီးးး
အနက်ရောင်ဓား သူ့ထံ တဖန်ပြန်ပျံလာခဲ့သည်။
စုရှောင်ရှန် စွံ့အသွား၏။
[အခြားသူများကို ကျိန်ဆဲလိုက်ပါသည်။ ပင်ကိုယ်မှတ် +၀]