Switch Mode

Chapter – 33

ထဖောက်လာပြန်ပြီ

အပိုင်း (၃၃) ထဖောက်လာပြန်ပြီ

စုရှောင်ရှန်ထံတွင် ယခု ပင်ကိုယ်စွမ်းရည် (၅) ခုရှိသည်။ ထိုထဲမှ (၃) ခုက စစ်မှန်ခြင်းနယ်ပယ်တွင်ရှိကာ ကျန် နှစ်ခုက စတင်ခြင်းအဆင့် (၆) တွင်ရှိနေ၍ အဆင့်မြှင့်တင်‌နိုင်သေးပေသည်။

ပင်ကိုယ်မှတ် (၁၀၀၀၀) သုံး၍ ကံစမ်းမဲထပ်လှည့်လျှင်တောင် သူ့တွင် ပင်ကိုယ်မှတ် (၃၈၀၀၀) ကျန်ရှိနေလိမ့်ဦးမည်။

ထာဝရအသက်စွမ်းအင်ရတုန်းက အပိုသော့ (၃) ချောင်းပါရခဲ့၏။

ထို့ကြောင့် စုရှောင်ရှန် ပင်ကိုယ်သော့ (၇) ချောင်းထပ်ဝယ်လိုက်ပြီး ကံစမ်းမဲ(၁၀) ခါနှိုက်ရန် ကြံလိုက်သည်။

စုရှောင်ရှန် လက်အုပ်ချီ၍ ကံကောင်းစေရန် ဆုတောင်းလိုက်သည်။

သူ၏ [ဈေးဆိုင်] ဖန်သားပြင်ရှိ အနီရောင်ဘီးကြီးကို မြူများဖြင့် ဖုံးကွယ်လို့ထား၏။ စုရှောင်ရှန် သော့များကို သော့ပေါက်ထဲ တစ်ချောင်းပြီး တစ်ချောင်းထည့်လိုက်သည်။

စုရှောင်ရှန် တွေဝေသွားသည်။ သို့သော်လည်း ထုံးစံအတိုင်း အော်ရန် ဆုံးဖြတ်လိုက်၏။ “အာအင်ဂျီးဆက် မစပါ”

ကံဆိုးမှုများအား အစီအရင်ဖြင့် ပြောင်းပြန်လှန်နိုင်လေသည်။

၎င်းမှာ စုရှောင်ရှန် အမြဲယုံကြည်ခဲ့သောအရာတစ်ခုလည်း ဖြစ်သည်။

နားနေဆောင်ရှိ ဆေးအကူနှစ်ဦး စုရှောင်ရှန် အော်သည်ကိုကြားသော အခါ အချင်းချင်းကြည့်လိုက်ကြသည်။ “သူ ထဖောက်နေပြန်ပြီ”

ထို့နောက် ထောင့်တစ်နေရှိ နံရံ၏ နောက်ကွယ်မှ တစ်ယောာက်ကထိုင်ကာ တစ်ယောက်က ရပ်၍ စုရှောင်ရှန်အား တိရိစ္ဆာန်ဥယျာဉ်မှ မျောက် တစ်ကောင်အလားကြည့်လိုက်ကြ၏။

ထိုင်နေသော ဆေးအကူက ရပ်နေသော ဆေးအကူကို သူ၏ ခေါင်းဖြင့် တို့လိုက်ပြီး “ဆေးပစ္စည်းတွေ သွားပြင်ထားလိုက်”

“ဘာလို့လဲ ငါလဲကြည့်ချင်တယ်လေ”

“မြန်မြန်ဟ တစ်ခုခု အရေးပေါ် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

ထိုင်ခုံပေါ်၌ မှီ၍ ထိုင်နေသော စုရှောင်ရှန် အသိပေးဖန်သားပြင်ကို ကြည့်လိုက်သည်။

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

ဘုတ်

နံရံနောက်မှ ဆေးအကူနှစ်ယောက် စုရှောင်ရှန် သူ၏ လက်အုပ်ချီထားရင်း အနေအထားတွင် ဆန့်ဆန့်ကြီးဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့ ခေါင်းဖြင့်အရင် မှောက်လျက် ကျသွားသည်ကို တွေ့လိုက်ရ၏။ ဤသည်ကို မျှော်မှန်းထားသည့်အလား သူတို့ လှုပ်ရှားလိုက်ကြသည်။

ရပ်နေသော ဆေးအကူချက်ခြင်းလက်ငင်းဘဲ ဆေးဝါးဆိုင်ရာ ပစ္စည်းကိရိယာတွေ အပြေးလေးသွားယူလိုက်သည်။ ထိုင်နေသော ဆေးအကူကတော့ ချက်ခြင်း စုရှောင်ရှန်ထံ‌သို့ပြေးသွားရင်း ပါးစပ်ခြင်းစေ့၍ ကယ်တင်ရန် လိုအပ်သလား မလိုအပ်ဘူးလား တွေဝေသွားသည်။

ကြမ်းပြင်ပေါ်သို့ ‌မျက်နှင်ချင်းဆိုင်လဲကျနေသာ စုရှောင်ရှန် သူတို့ဘက် ရုတ်တရက် လှည့်လိုက်ပြီး “မင်းတို့ဘာလုပ်မလို့လဲ”

ဆေးအကူနှစ်ဦး မှင်သက်သွားကြသည်။ အပူကာသည့် လက်အိပ်၀တ်၍ ဆေးနှစ်ပုလင်း ကိုင်ထားသော ဆေးအကူလည်း သူလုပ်နေသည်များကို ရပ်တန့်လိုက်သည်။

“ခင်ဗျားဘာမှမဖြစ်ဘူးလား” ဆေးအကူနှစ်ဦး အလန့်တကြား ထအော်မိသွား၏။

“ဟီးဟီး။ ငါ ဘာလို့ တစ်ခုခုဖြစ်ရမှာလဲ”

စုရှောင်ရှန် ခပ်ဆတ်ဆတ်ရယ်လိုက်သည်။ စနစ်ထံမှ တဖြေးဖြေး တစ်ခုခု ရရန် ပို၍ ခဲယဉ်းလာချေပြီ။ ဤအရာအတွက်သူ စိတ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ယခင်တစ်ခါက ကဲ့သို့ မေ့လဲမသွားပါချေ။

ဆေးအကူနှစ်ဦးကို လက်ပြပြီး ဆိုလိုက်သည်။ “မင်းတို့က တောင်ကပို့လေးကို တကယ့် တောင်ကြီးလုပ်နေတာပဲ။ မလိုဘူး သွား သွား”

“ပြီးတာပဲဗျာ”

ဆေးအကူနှစ်ဦး သဘောတူပြီး ထွက်သွားလိုက်ကြသည်။ သို့သော် ခြေလှမ်း (၃)ချက် လှမ်းပြီးတိုင်း သူ့ကို ပြန် ပြန်လှည့်ကြည့်နေ၏။ “သူ့ခန္ဓာကိုယ် မနေ့ကလို ပူမနေတော့သလိုပဲနော်” သူတို့နှစ်ကိုယ်ကြား တီးတိုးပြောလိုက်သည်။ “အပူကာတဲ့လက်အိတ်တွေ ၀တ်စရာမလိုတော့ဘူးထင်တယ်”

“ဘယ်သူသိမှာလဲ။ အဆိုးဆုံးအခြေအနေ အတွက်ပြင်ဆင်ထားတာကောင်းတယ်”

ဆေးအကူနှစ်ယောက် နံရံအနောက်၌ ပျောက်ကွယ်သွားပြီးမှ စုရှောင်ရှန်သူ့ရင်ဘက်ကို လက်ဖြင့်ဆုပ်လိုက်သည်။ သူ၏ အမူအရာ အကျဉ်းတန်သွား၏။

“ငါ့ကို မနောက်နဲ့တော့ဟ”

“စနစ် အစုတ်ပလုတ်။ ပင်ကိုယ်မှတ် (၁၀၀၀၀) တောင် ပျောက်သွားပြီကွာ”

ဤသို့သော ရလဒ်မျိုးအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ၎င်းကသူ့အား နာကျင်သွားစေသေးသည်။ မည်သူမဆို သူ့ကဲ့သို့ ခံစားရပေလိမ့်မည်။

“ပင်ကိုယ်မှတ် (၁၀၀၀၀) သုံးပြီး ပင်ကိုယ်သော့ နှစ်ချောင်းတဲ့ … ဟီးဟီး”

သူဤဘီးအားစလှည့်သည့်အချိန်ကို အမှတ်ရလိုက်သည်။ ထိုစဉ်က ပထမ‌တစ်ခေါက်တွင် [ချွန်ထက်ခြင်း] နှင့် သော့(၃)ချောင်းရခဲ့သေး၏။ ယခုတော့ ဘာဖြစ်သွားသနည်း။

ဟမ့်

စုရှောင်ရှန် နောက်ထပ် သော့ (၈) ချောင်းကို ၀ယ်ယူပြီး သော့ပေါက်ထဲ သော့တစ်ချောင်းကို အားဖြင့် ထိုးထည့်လိုက်၏။

သော့ကိုးချောင်းကျန်သေးတယ်…။

ထပ်ထိုးကွာ…။

ဆက်လုပ်…။

“ဟိုးးးးး အာအန်ဂျီးးးးဆက် မစပါ” စုရှောင်ရှန် အသံပြဲကြီးဖြင့် ဟိန်းလိုက်သည်။ ထို့နောက် အသိပေးချက်ဖန်သားပြင်အား ပို၍အာရုံစိုက်ခြင်းက သူ့ကို ကောင်းမွန်သောရလဒ်များပေးမည်ဖြစ်သကဲ့သို့ ခက်ထန်သည့်အကြည့်များဖြင့်စိုက်ကြည့်နေလိုက်သည်။

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[တိုးချဲ့စွမ်းရည် : အကြားအမြင် ကိုရရှိလိုက်ပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

ဘုန်းဟူသည့် မြည်သံကြီးဖြင့် စုရှောင်ရှန်ထိုင်နေသော ခုံကလေး ပျက်ဆီးသွားသည်။ စုရှောင်ရှန် စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်အား ထိန်းချုပ်မှုကင်းမဲ့သွားကာ ခုန်လိုက်ရာ မျက်နှာကျက်ကို ခေါင်းဖြင့် သွားတိုက်မိလိုက်၏။

“ကောင်းလိုက် … ဘာလဲဟ”

စုရှောင်ရှန်၏ မျက်နှာ မျက်နှာကျက်နှင့် မိတ်သွားဆက်လိုက်ပြီး သစ်သား အပိုင်းအစများ ပြုတ်ကျလာခဲ့သည်။

ဆေးအကူနှစ်ဦး နံရံနောက်မှ စုရှောင်ရှန် မျက်နှာကျက်ကို လက်ဖြင့်တွန်း၍ သူ၏ခေါင်းကို မျက်နှာကျက်ထဲမှ ထုတ်ရန် ကြိုးစားနေသည်ကို မြင်ရာ အချင်းချင်း ကြည့်လိုက်ကြမိသည်။

“သူက ရက်ရောပေမယ့် ကျပ်တော့ နည်းနည်း မပြည့်ဘူး”

“ဟုတ်တယ် ဟုတ်တယ်”

“ငါတို့ သူ့စီကလည်း ဆေးပုလင်းတစ်ယောက် (၂) လုံးစီယူထားမိတာပဲ နောက်ကျရင် ထိုင်ခုံနဲ့ မျက်နှာကျက်ကို သူ့စီက အခကြေးငွေမယူဘဲ ပြန်ပြင်ပေးလိုက်ရအောင်”

“ဟုတ်တယ် ဟုတ်တယ်”

“ဟူးးးးး သူက လူကောင်းတစ်ယောက်ပါကွာ ဒါပေမယ့် ဦးနှောက်တစ်ခြမ်းပဲ ‌အကောင်းဖြစ်နေတာ ခက်တယ်…”

“ဟုတ်တယ် ဟုတ်တယ်”

စုရှောင်ရှန် ခေါင်းကိုဆွဲနေရင်းမှ ရုတ်တရက် ရပ်လိုက်သည်။ ဤအချင်းအရာကြောင့် ဆေးအကူနှစ်ဦး ပို၍ စိုးရိမ်မိသွား၏။

“သူမဆွဲထုတ်နိုင်တော့ဘူးထင်တယ်”

“ငါတို့သွားကူညီလိုက်ရမလား”

တကယ်က သူ့ခေါင်းအားဆွဲထုတ်ချင်လျှင် စုရှောင်ရှန် လုပ်လိုက်‌နိုင်ပေသည်။ သူရပ်တန့်သွားရသည့် အကြောင်းအရင်းမှာ မျက်နှာကျက်ထဲ သူ၏ ခေါင်းစိုက်နေတာတောင်မှ အရာရာကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ နံရံနောက်ကွယ်မှ ပူပန်နေသော ဆေးအကူနှစ်ဦးကိုပင် သူမြင်နေရသည်။

ပို၍ တိတိကျကျပြောရလျှင် မိုင်အနည်းငယ်အတွင်းရှိ လူတိုင်း၏ ပုံရိပ်များဝေဝေဝါးဝါး စိတ်ထဲတွင် ပေါ်လာခြင်းဖြစ်သည်။

ထိုဆေးအကူနှစ်ဦး၏ ခံစားချက်များကိုပင် စုရှောင်ရှန် ပိုင်ခြားဆုံးဖြတ်နိုင်နေ၏။

ဒါက…

“အကြားအမြင်…”

ဤပင်ကိုယ်စွမ်းရည်၏ စွမ်းပကားကြောင့် စုရှောင်ရှန် ပျော်သွားသည်။ သူ့ပတ်၀န်းကျင်ရှိ ပုံရိပ်အားလုံးကို သူ့စိတ်ထဲမှ ပုံဖော်နိုင်နေလေသည်။ ၎င်းက သူ့အား လုပ်ကြံသတ်ဖြတ်မည့် ရန်သူများကို ကြိုတင်တားဆီးနိုင်ရုံတင်မက မိန်းမငယ်လေးများ ရေချိုးနေရာတွင်လည်း ချောင်း…

အဟွတ် အဟွတ်

၎င်းမှာ အလွန် အစွမ်းထက်သော စွမ်းရည်ဖြစ်သည်။

“ခင်ဗျား ဆင်းလာလို့ရလား” အောက်မှနေ၍ စိုးရိမ်နေသော အသံတစ်ခုပေါ်လာသည်။

သူ့စိတ်ထဲတွင် ဆေးအကူများ လှေကားတစ်ခုယူလာသည်ကို ဝေဝေဝါးဝါးမြင်လိုက်ရသည်။ စုရှောင်ရှန် ထဆဲလုမတတ်ဖြစ်သွားသည်။ ဒါသာမန် ကိစ္စလေးပါဟ။ ဘာလို့ လှေကားယူလာတာလဲ။

မျက်နှာကျက်ထဲမှ သူ၏ ခေါင်းကိုထုတ်ပြီး ခုန်ဆင်းလိုက်သည်။ ထို့နောက် ဆေးအကူများအား မည်သည်မှ စိတ်ပူစရာမလိုကြောင်း လက်ပြလိုက်သည်။

ဆေးအကူနှစ်ဦးပြိုင်တူ သက်ပြင်းချလိုက်ကြသည်။ အလွန်နွမ်းနယ်‌သွားသည်ဟု ခံစားလိုက်ကြရ၏။

သူတို့ဤသို့သော ထူးဆန်းသည့် ပြိုင်ပွဲ၀င်မျိုးကို မတွေ့ဖူးပါချေ။ သူသည် တစ်ချက် တစ်ချက် ထဖောက်တတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဓားဖြင့်ထိုးတတ်သည်။ တစ်ယောက်တည်းလည်း ခုန်ပေါက်နေတတ်ပြီး ထူးဆန်းသည့် နည်းစနစ်များကိုအသုံးပြု၍လည်း ပေါတောတောများလုပ်တတ်‌သေးသည်။

သူတို့နှစ်ဦး လှေကားအား တိတ်တဆိတ်သယ်လာပြီး ၎င်းကို တိတ်တဆိတ်ပဲ ပြန်သယ်သွားလိုက်ကြသည်။ သူတို့ကိုကြည့်ရသည်မှာ စကားပြောဖို့ပင် အားမရှိတော့ဟန်ရလေသည်။

[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတိ +၂]

စုရှောင်ရှန် ချော်လဲမတတ်ဖြစ်သွားသည်။ ‘ဒီမှာငါတို့ပဲရှိတာဟ’

‘မင်းတို့ငါ့ကိုမကျိန်ဆဲရင် ဘယ်သူဆဲမှာလဲ’

နောက်ထပ်ထိုင်ခုံတစ်လုံးပေါ်သို့ ထိုင်လိုက်ပြီး ချက်ခြင်း စွမ်းရည်မှတ် (၁၀) မှတ်ကို ၀ယ်ယူကာ [အကြားအမြင်] ထဲသို့ထည့်လိုက်၏။

‌[အကြားအမြင် (စတင်ခြင်းအဆင့်-၂)]

“…”

[အကြားအမြင်(စစ်မှန်ခြင်းအဆင့်-၁)]

သူ့စိတ်ထဲရှိ ကောင်းကောင်း ပုံဖော်နိုင်သည့် အကွာအဝေးချက်ခြင်း (၁၀) မီတာခန့် ကျယ်သွားခဲ့သည်။ တော်တော်လေးအသုံးကျသော စွမ်းရည်တစ်ခုဖြစ်သည်။ စုရှောင်ရှန်အား ပို၍ အံ့အားသင့်သွားစေခြင်းမှာ ပုံရိပ်များ ယခင်ကထက် ထင်းထင်းရှင်းရှင်း ပုံ‌ပေါ်လာသောကြည့်‌ဖြစ်သည်။

သူ့မျက်လုံးများကိုမှိတ်လိုက်ရာ တစ်စစီဆက်ထားသကဲ့သို့သော ပုံရိပ်များ ပို၍ ရှင်းလင်းထင်ရှားသွားခဲ့သည်။ နံရံနောက်မှ ခေါင်းထွက်ကာ သူ့အား ချောင်းနေသော ဆေးအကူနှစ်ဦးကိုပင် ရှင်းရှင်းလင်းလင်း‌မြင်လိုက်ရသည်။

စုရှောင်ရှန်ရုတ်တရက် နောက်လှည့်လိုက်ရာ သူတို့နှင့် အကြည့်ချင်းဆုံသွား၏။

ဒုန်း

ဆေးအကူလေးနှစ်ဦး စုရှောင်ရှန်၏ အကြည့်ကြောင့် လန့်ဖြန့်သွားရာ ပြိုင်တူဆုတ်‌လိုက်ကြသော် ခေါင်းခြင်းတိုက်မိသွားသည်။ ထို့နောက် သူတို့၏ စားပွဲစီသို့ ပြန်သွားလိုက်ကာ ရေနွေးကြမ်းပန်းကန်ကို ကိုင်ပြီး အံ့အားသင့်နေသော အမူအရာများဖြင့် နှစ်ကိုယ်ကြား တီးတိုးပြောလိုက်ကြသည်။ “ဒီစုရှောင်‌ရှန် နောက်စေ့မှာ မျက်လုံးပါတာလားမသိဘူး”

“ချီး။ စောနက ငါလိပ်ပြာလွင့်သွားတော့မလို့။ ငါတို့သူ့ကိုချောင်းနေတာ ဘယ်လိုသိသွားတာလဲဟ”

“တိုးတိုးပြောဟ”

စုရှောင်ရှန်လည်း အံ့အားသင့်သွားသည်။ ဆေးအကူနှစ်ဦး လုပ်နေသော၊ ပြောနေသော စကားများ သူ၏ စိတ်ထဲ၌ အထင်းသားပေါ်လာခဲ့၏။

ယခင်က သူ့အား ဆေးအကူနှစ်ဦးချောင်းနေသည်ကိုသာ သူ ရေးရေးလေးသိလေသည်။ ယခုတော့ သူတို့ပြောသည်များကို ကြားနေနိုင်ပြီး ဘာလုပ်နေသနည်းကိုလည်း မြင်နေရသည်။

၎င်းက သူ့နောက်စေ့၌ ကင်မရာတစ်လုံးတပ်ထားသကဲ့သို့ သူ့စိတ်ထဲတွင် ပုံဖော်ပြသခြင်းနှင့်တူသည်။

“ဘုရားရေ” ၀မ်ချောင်သူ့ကို ပြန်၍ အလစ်တိုက်တာကို မြင်လိုက်သည့်အလား စုရှောင်ရှန် ဆိုလိုက်မိသည်။ သို့သော် ဤတစ်ခေါက်တွင်တော့ နောက်သို့လှည့်ကြည့်စရာပင် လိုလိမ့်မည်မဟုတ်ဘဲ နောက်ပြန်ကန်ကာ ၀မ်ချောင်ကို [ချွန်ထက်ခြင်း] ဖြင့် နှစ်ပိုင်းဖြစ်သွား‌အောင် လုပ်နိုင်ပေလိမ့်မည်။

“နောက်ထက် ကြမ်းတဲ့ စွမ်းရည်တစ်ခု…” စုရှောင်ရှန် စိတ်လှုပ်ရှားနေ၏။

သူ့တွင်ရှိသော ပင်ကိုယ်မှတ်များချက်ခြင်း (၂၀၀၀၀) တောင်လျော့ကျသွားသည်။ သို့သော် သူ့တွင် နောက်ထပ် (၂၀၀၀၀) ကျန်သေးသည်။ စုရှောင်ရှန်အံကိုတင်းတင်းကြိတ်ရင်း နောက်ထပ် ပင်ကိုယ်သော့ (၉) ချောင်း၀ယ်ယူလိုက်လေသည်။

ယခင်တစ်ခေါက်က ရထားသော သော့တစ်ချောင်းနှင့်ဆိုပါက သူ့တွင် ယခု (၁၀) ချောင်းရှိ‌ပေမည်။

“တစ်ခုခုရပြီးတော့ ဘီးကို ငါတစ်ခါမှ ဆက်မလှည့်ကြည့်ဖူးဘူး။ မတော်လို့ ဆက်တိုက် တစ်ခုခု ရနေရင်ဘယ်လိုလုပ်မလဲ”

အပြင်းအထန်ခုန်လာခဲ့သော နှလုံးကို တည်ငြိမ်အောင်လုပ်လိုက်ပြီးနောက် အနီရောင်ဘီး၏ အခြေရှိ သော့ပေါထဲ သော့များ ဂရုတစိုက်ထည့်လိုက်သည်။

“ဟိုးးး အာအန်ဂျီးဆက် မစပါ”

ယခင်တစ်ခေါက်ထက် မီးရေပိုခံနိုင်အောင် လုပ်ပေးပါ။

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[သော့အပိုတစ်ချောင်းရရှိပါသည်]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[‌နောက်တစ်ကြိမ်ကံကောင်းပါစေ]

[သော့အပိုတစ်ချောင်းရရှိပါသည်]

ဘုန်း

“အားးးးးး”

ထို ထိတ်လန့်‌ ခြောက်ခြားဖွယ်ရာ အော်သံကြီးကြောင့် ဆေးအကူနှစ်ဦးတုန်လှုပ်သွားပြီး လက်ထဲရှိ ရေနွေးကြမ်းခွက်များပင် ဖိတ်ကျမတတ်ဖြစ်သွားသည်။

သူတို့နှစ်ဦးတစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။ ထို့နောက် ရေနွေးကြမ်းများအား တစ်ချက်တည်း မော့သောက်ပြီး လုပ်ငန်းစလိုက်ကြ၏။

သူတို့ထဲမှ တစ်ယောက်က အပူကာသည့် လက်အိတ်၀တ်လိုက်ပြီး ဆေးပုလင်းများကောက်ကိုင်လိုက်သည်။ အခြားတစ်ယောက်က လက်သုံးချောင်းထောင်ပြလိုက်သည်။

သုံး… နှစ်… တစ်

“တက်”

“မြန်မြန်”

“သူထဖောက်နေပြီ ချုပ်ထားလိုက်စမ်း”

နောက်တစ်စက္ကန့်ကြာသော် နောက်ထပ် ခြောက်ခြားဖွယ်ရာ ဟိန်းသံကြီး ထပ်ထွက်လာခဲ့၏။

“ဟ လခွမ်း မင်းတို့ ဘာလုပ်နေကြတာလဲ”

“ချီးပဲ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်ခံဟ”

“အု…ဝု”

Comment

Leave a Reply

Options

not work with dark mode
Reset