Switch Mode

Chapter – 231

အတူတကွ

Chapter – 231 အတူတကွ

၀ုကွမ်ချင် လုပ်ထားသော ဆေးများကို ချန်ရှန် မြင် သောအခါ အတော် အံ့အားသင့်သွားတယ် ။
“ဒြပ်စင်ဆေးလား ၊ မင်းတကယ်ပဲ လုပ်နိုင်တယ်ပေါ့”
ချန်ရှန် ဒြပ်စင်ဆေးကို လက်ဖြင့် သေချာကိုင် ကြည့် နေပါတယ် ။
“အရည်အသွေးကတော့ ထိပ်ပဲ ။ မင်း တစ်ကြိမ် ကို ဘယ်နလုံး လုပ်နိုင်လဲ”
“ငါ သုံးလုံးပဲရသေးတယ်”
ဝုကွမ်ချင် ချန်ရှန် ဆီမှ အံ့သြမှု အရိပ်အယောင်များ ကို မြင်တယ့်အခါ ပျော်ရွှင်နေပါတော့တယ် ။
ချန်ရှန် ရယ်မောကာ –
“ငါ က ငါးလုံးရတယ် ။ နည်းနည်း ကြိုးစားလိုက်ပါဦး ၊ မင်း တစ်ကြိမ်ထဲနဲ့ ဆေးငါးလုံး ရမယ့် အချိန်ကို ငါစောင့် နေ မယ် ။ ဒီဆေးလုပ်တယ့် ဆေးပစ္စည်းတွေကို အကုန် ငါ ကူညီပေးမယ် ။ ငါ့ကို လေးလုံးပေး ၊ မင်းကတော့ လုပ်ခ အနေနဲ့ တစ်လုံးယူပေါ့ ။ မအောင်မြင်တယ့် အကြိမ်တွေ အတွက် ဘာမှ မပေးနဲ့”
ချန်ရှန် မှာ ဒြပ်စင်ဆေး လုပ်တယ့် ပါဝင်ပစ္စည်းတွေ အ များအပြား ရှိနေတယ် ။ ဒါပေမယ့် လုပ်ဖို့ အချိန်မရှိပေ ။ အများအားဖြင့် တည်ဆောက်ရေးဆေး သာ လုပ်လေ့ရှိပါ တယ် ။ အဆင့်နိမ့်ဆေးတွေကို လုပ်ဖို့ အတွက် သူလူတစ် ဦး ရှာရမှာပါ ။ အခုတော့ ဒီလိုဆေးတွေကို အဆင့်မြင့်မြင့် လုပ်နိုင်သည့် လူတစ်ဦး သူတွေ့ ရှိပြီ မဟုတ်ပါလား ။
ဝုကွမ်ချင် ဟာ အတော်ဆုံး ပြိုင်ပွဲဝင်တစ်ဦး ပါပဲ ။ သူမ မှာ မီးဝိဉာဉ်တော် ရှိပြီး အရည်အသွေးမှာလည်း မနိမ့်လှ ပါပေ ။ သူမသာ အားနည်းနည်း ထပ်စိုက်မည် ဆိုပါက တစ်စုံစာဖြင့် ၅ လုံးရနိုင်မှာပါ ။
“ကွမ်ချင် ၊ မင်းတခြား အဆင့်မြင့် ဝိဉာဉ်တော် အဆင့် ဘယ်ဆေးကို လုပ်တတ်သေးလဲ”
ချန်ရှန် မေးလိုက်တယ် ။
ဝုကွမ်ချင် သူမ ခေါင်းကို ခါယမ်းကာ –
“ဒါ ငါ အမြင့်ဆုံး ငါလုပ်နိုင်တာပဲ ။ ဒါပေမယ့် ငါကြိုး စား မှာပါ ။ ဒီ တစ်စုံစာနဲ့ ငါးလုံးရတယ့် အချိန်ကို စောင့်ပါ ဦး ။ ငါမင်းကို ကူညီပေးမှာပါ”
ချန်ရှန် ဝုကွမ်ချင်နဲ့ စကားခဏပြောကာ သူ၏ ဆေး ပညာအတွေ့ အကြုံများအား မျှဝေလျက် ရှိပါတယ် ။ ဒါ့ အပြင် သူမအား ဆေးအစုံ တစ်ရာစာ ပစ္စည်းများအား ပေး လိုက်ပါတော့တယ် ။
“မင်း တစ်စုံစာနဲ့ ဘယ်နလုံးရရ ကိစ္စမရှိဘူး ။ မင်း အ တွက် တစ်လုံးယူပြီး ကျန်တာ င့ါကိုပေးပေါ့ ။ ဒီအပေး အယူ ကို ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။ ဝုကွမ်ချင် မှာ ဆေး ပစ္စည်းရှားပါးနေတာကို သူသိနေတယ် ။ ဒါပေမယ့် ချန်ရှန် မှာကတော့ အတော်ကို ပေါပါတယ် ။
“သိပ်ကျေနပ်တာပေါ့ ၊ တစ်စုံစာ နဲ့ ဒီထက်ပိုရအောင် ငါကြိုးစားပါ့မယ်”
ဝုကွမ်ချင် စိတ်လှုပ်ရှားစွာ ပြောလိုက်တယ် ။ သူမ အနေဖြင့် ဒီလောက်ကောင်းသည့် အလုပ်မျိုး ရှာရန် မ လွယ်ကူချေ ။တခြားဆေးပညာရှင်များမှာ လစာအနေနဲ့ သာ အနည်းငယ်ရတာ ဖြစ်ပြီး သူမမှာတော့ ဆေးလေး လုပ်ပေးရုံဖြင့် လုပ်နိုင်သလောက် အကျိုးဖြစ်ထွန်းမည် မ ဟုတ်ပါလား ။ သူမရသည့် ပမာဏမှာ အဆင့် ၃ ဆေး ပညာရှင်ပင် မနာလို ဖြစ်စေလောက်ပါတယ် ။
ထိုသုံးရက်အတွင်း အားလုံးမှာ စွန့်ပစ်နယ်မြေသို့ မ သွားခင် စိတ်အပန်းဖြေလျက် ရှိကြတယ် ။ ချန်ရှန် မှအပ ကျန်သူများမှာ စိတ်အိုက်လျက် ရှိနေပုံပါ ။ အဘယ်ကြောင့် ဆိုသော် သူတို့ အတွင်းဝင်ပြီးနောက်မှာ သူတို့ဟာ စွန့် ပစ် နယ်မြေ၏ အန္တရာယ် အသွယ်သွယ်ကို သာမက မိစ္ဆာ ပ ညာရှင်များ၏ ရန်စွယ်ကိုလည်း ရင်ဆိုင်ကြရမှာပါ ။
ပြိုင်ပွဲဝင် ဆယ်ယောက်လုံး စုမိတယ့်အခါ ရှောင်ဒို တို့ ပုံစံဟာ စိတ်ဖိစီးနေသလိုပါ ။ ချန်ရှန် ကို နှုတ်ဆက်ရုံမှအပ ဘာမှ မပြောတော့ချေ ။ သူအတော်ကို ဖိအားများနေတယ် ဆိုတာ သိသာပါတယ် ။ တခြားလူများလည်း အတူတူပါပဲ၊ ချန်ရှန် တစ်ဦးတည်း သာ အေးအေးဆေးဆေး ဖြစ်နေတာ ပါ ။
ဂုဒွန်ချန် ကြီးမားလှသော အချပ်ကြီးတစ်ခုကို ထုတ် ကာ ချန်ရှန် တို့အား တက်စေပါတယ် ။ သူတို့အားလုံး ထို အရာပေါ် ရပ်ပြီးတယ့်အခါ ဂုဒွန်ချန် ဟာ ၎င်းကို ထိန်းချုပ် ကာ လျင်မြန်လှသော အရှိန်ဖြင့် ပျံသန်းစေပါတယ် ။
“ဒါက ထိပ်တန်းအဆင့် လက်နက်တစ်မျိုးပဲ”
ချန်ရှန် ရေရွတ်နေမိတယ် ။ ထိုအချပ်ပြားပေါ်တွင် ပုံ စံ ကွက်များစွာ ပါဝင်ပြီး အလွန်ရှုပ်ထွေးလှပါတယ် ။ ချန်ရှန် လက်နက်ပြုလုပ်သူရဲ့ စာလိပ်ကို ရပြီးနောက် ဒါတွေကို အနည်းငယ် တီးမိခေါက်မိ ဖြစ်လာတာပါ ။
“ဟုတ်တယ် ဒါကို နတ်လက်နက်အင်ပါယာက ဧကရီ လုပ်ပေးတာ ။ ဒီမိန်းမက ငါ့ကို ဒါနဲ့ အပေးအယူလုပ်ပြီး အ မြတ်ထုတ်သွားတာလေ”
ဂုဒွန်ချန် မကျေမနပ်ဟန် ဖြင့် ပြောပါတယ် ။ ချန်ရှန် ကြိတ်ရယ်နေမိတယ် ။ လျူမန်ဂါတစ်ယောက် ဒီလို အမြတ် ထုတ်တတ်သူ ဖြစ်လိမ့်မည်ဟု မထင်မိခဲ့ပါ ။
ဂုဒွန်ချန်နဲ့ တခြားလူများဟာ ချန်ရှန်မှာ အမည်းရောင် လိပ် ချပ်ဝတ်နှင့် ကြောက်မက်ဖွယ် ဓားကြီးကို ပိုင်ဆိုင် ထား တယ် ဆိုတာ သိကြတယ်။ ဒါ့အပြင် အနီရင့်ငှက် တောင်ပံလည်း ရှိနေတာကြောင့် ၎င်း၏ လွတ်မြောက်နိုင် မှု မှာ ပထမအဆင့်ပါပဲ ။ ဒါကြောင့်ပဲ တခြားလူ ၉ ဦးဟာ ချန်ရှန် နဲ့ အတော်ကွာခြားနေပါတယ် ။ မိစ္ဆာပညာရှင်များ နှင့် တစ်ဦးတည်း တိုက်ရန် အဆင်မပြေလှပါဘူး ။
အချပ်ပြားကြီးဟာ လျင်မြန်စွာရွေ့ နေပြီး ချန်ရှန် ၏ အနီရင့်ငှက်တောင်ပံများထက်ကို အဆများစွာ ပိုမြန်ပါ သေးတယ် ။ ဂုဒွန်ချန်တစ်ယောက် ၎င်း၏ ချီဓာတ်အများ အပြား သုံးနေရတာကို သူတွေ့ ရတယ် ။ သူတို့ကတော့ မျက်လုံးလေးများပိတ် တင်ပလ္လင်ခွေထိုင်ကာ ဟန်ချက် ညီ အောင် ထိန်းလျက် ရှိကြပါတယ် ။
တောင်ပိုင်းစွန့်ပစ်နယ်မြေဟာ ပြင်းထန်သာ သိုင်း ပညာဂိုဏ်း၏ တောင်ပိုင်းမှာ ရှိပါတယ် ။ အလွန်လျို့ ဝှက် ဆန်းကြယ်လှသော နေရာဖြစ်ပြီး ဂုဒွန်ချန်လို အဆင့် ပညာ ရှင်မျိုးပင် တစ်ဦးတည်း ကြာကြာမနေ၀ံ့ပါဘူး ။
သုံးရက်လောက် ပျံသန်းပြီးနောက်မှာတော့ တောင် အ မြင့်ကြီး တစ်ခုပေါ်သို့ ရောက်ရှိလာတယ် ။ တောင်ထိပ် ဟာ ပြားချပ်ချပ်သဏ္ဍာန် ရှိပြီး ထိုအပေါ်မှာတော့ လူများ စွာ ရပ်နေကြတယ် ။ ဒီနေရာဟာ လူစုဖို့ အကောင်းဆုံး ပါ ပဲ ။
“ရောက်ပြီဟေ့”
ဂုဒွန်ချန် ပြောလိုက်တယ် ။ အားလုံးဟာ နိုးထလာကြ ပြီး အကုန်လုံး စိတ်အိုက်နေကြပုံပါ ။ ဒီလိုအခြေအနေကို ပင် သူတို့ မထိန်းနိုင်သလို ဖြစ်နေကြတယ် ။
“ဟက် ၊ ဂိုဏ်းကြီး ဖြစ်တာနဲ့ပဲ နောက်ဆုံးမှ ရောက် ရ တယ်လို့”
ခပ်အေးအေး လှောင်သံ တစ်ခု ထွက်ပေါ်လာတယ် ၊ ၎င်းကတော့ စစ်မှန်သော သိုင်းပညာဂိုဏ်းမှ တန်ရိချိုပါ ။ အရင်တစ်ခေါက်က ၎င်းဟာ ချန်ရှန် ကြောင့် သေတော့ မလိုပင် ဖြစ်သွားတာကြောင့် ချန်ရှန်ကို မြင်တယ့်အခါ ချီ ဓာတ်များပင် ထွက်လာပါတယ် ။
ချန်ရှန် တို့ အချပ်ပြားပေါ်မှ ဆင်းသည့်အခါ တခြား ဂိုဏ်းများမှ နောက်လိုက်များစွာကို မြင်တွေ့ ကြရတယ် ။ ဂိုဏ်းများ၏ ထိပ်သီးများလည်း ပါပါတယ် ။
ချန်ရှန် ချက်ချင်းပဲ လျူမန်ဂါကို တွေ့ လိုက်တယ် ။ သူ့ ကို အံ့သြစေသည့် အချက်မှာ သူမနောက်ရှိ ဂိုဏ်းသားများ အုပ်ထဲတွင် ရွှီရှန်းရှန်း နှင့် လန်ယုလန် တို့အား တွေ့ လိုက် ရလို့ပါ ။ ရှန်းရှန်း ဟာ အမည်းရောင်ဝတ်စုံကို ၀တ်ဆင် ထားပြီး လန်ယုလန် ကတော့ အမည်းရောင် ချပ်ဝတ် တစ် ခုကို ၀တ်ဆင်ထားပါတယ် ။ နှစ်ယောက်လုံးဟာ အထက် ဆီး ဆန်ဆန်ပဲဖြစ်ပေမယ့် ချန်ရှန် ကိုတွေ့ သောအခါ အရို အသေ ပေးကြပါတယ် ။
ဒန်ရှန်တောင်ယွမ် ၏ ဂိုဏ်းချုပ်ကတော့ ရောက်ရှိ လာ ခြင်း မရှိပေ ။ ဒါပေမယ့် ဟွာရှန်ယူ တော့ ရောက်လာပါ တယ် ။ အုပ်စုတစ်ခုကို ဦးဆောင်လာတာ ဖြစ်ပြီး ဒါကို ကြည့်ခြင်းအားဖြင့် သူမ ၏ အနေအထားမှာ မည်မျှမြင့် ကြောင်း သိရှိနိုင်ပါတယ် ။ သို့သော်လည်း ထိုဆွဲဆောင် မှု ရှိသည့် အမျိုးသမီးမှာ ချန်ရှန် ကို သတိမမူသလို နှုတ်ပင် မဆက်ပါချေ ။
ချန်ရှန် စိတ်ထဲ သက်ပြင်း ကြိတ်ချမိတယ် ။ ဟွာရှန်ယူ သာ သူ့ကို နှုတ်ဆက်မည် ဆိုပါက နည်းနည်းရှော့ရှိနိုင် သည် မဟုတ်ပါလား ။ ရွှီရှန်းရှန်း နဲ့ လန်ယုလန် တို့အား သူ ဖြေရှင်းရပေလိမ့်မည် ။
သားရဲဂိုဏ်းအား ဦးဆောင်လာသည့် လူမှာ ကျွဲကြီး နှင့် ပင် တူနေပါတယ် ။ သူဟာ သားရဲဂိုဏ်း၏ ဂိုဏ်းချုပ် အသစ်ဖြစ်တယ် ။ ကြာပန်းကျွန်းရဲ့ သခင်ကတော့ ခပ် နူး နူး ညံ့ညံ့ပါပဲ ။ အဖြူရောင် ၀တ်ရုံကို ၀တ်ဆင်ထားပြီး အသား လတ်လတ်ဖြင့် ခန့်ညားလှပါတယ် ။ ခန့်ညားလှ သည့် ရုပ်ရည်ကြောင့် တခြားဂိုဏ်းမှ အမျိုးသမီးများမှာ ခိုး ကြည့်လို့ နေပါတော့တယ် ။
နတ်ဓားဂိုဏ်းကို ဦးဆောင်လာသူမှာ သက်လတ်ပိုင်း အရွယ် လူတစ်ဦးဖြစ်ပါတယ် ။ သာမန်ထက် အနည်းငယ် ထူးခြားပြီး သာမန်အ၀တ်အစားကို ၀တ်ဆင်ထားပေမယ့် ဓားရှည်တစ်လက်အား သူ့ကျောတွင် လွယ်ထားတယ် ။ ချန်ရှန်ကို အနည်းငယ် အံ့အားသင့်စေတာက ထိုလူ၏ နောက်တွင် သူမှတ်မိနေသော လူတစ်ဦးပါနေလို့ပါ ။ ဂန် ဂျူဂျန် ပါ ။ ချန်ရှန် နှင့် ရေခဲဓားမြို့ မှာ ပဋိပက္ခ ဖြစ်ပွားခဲ့ တာ ဖြစ်တယ် ။
ရှောင်ဒို ၊ ဇုရွန် တို့လည်း ရှန်းရှန်း နှင့် လန်ယုလန် တို့ ကိုမြင်တယ့်ခါ ချန်ရှန်ကို ပြုံးကာ ကြည့်နေကြတယ် ။ အ ကုန်လုံးဟာ ချန်ရှန် ကို မနာလိုဖြစ်နေကြပြီး ယခုအခါ ချန် ရှန် ပြောစကား မှန်မမှန် ဆိုတာ သက်သေပါပဲ ။ ရှန်းရှန်း ဟာ သူ့ဇနီး ဖြစ်နေပြီး လန်ယုလန် ဟာ ညီမပါ ။
ရေခဲလေ တောင်ကြားမှ ဂိုဏ်းသားများကိုလည်း လျူ မန်ဂါ ပင် ဦးဆောင်လာပါတယ် ။ ရေခဲလေတောင်ကြား နှင့် နတ်လက်နက်အင်ပါယာ တို့ဟာ အလွန်ရင်းနှီးသော ဆက်ဆံမှုရှိတာကြောင့် ထိုကဲ့သို့ အတူတူလာတာ အား လုံးအတွက် မထူးဆန်းချေ ။
“မင်းတို့အားလုံး မိစ္ဆာပညာရှင်တွေကို မရှုံးနိမ့်ချင်ကြ ဘူးမလား ။ ဒီလိုမှ မဟုတ်ရင် ငါတို့ ဂိုဏ်းတွေဟာ သူတို့ ကို သယံဇာတတွေ ထောက်ပံ့ရလိမ့်မယ် ။ ဒါဆို သူတို့ အင်အား အများကြီး ပိုကြီးလာမှာ ။ အဲဒိအခါကျ ငါတို့ ကို ပါ ခြိမ်းခြောက်လာလိမ့်မယ် ။ ငါအများကြီး မရှင်းပြချင် တော့ဘူး ၊ မင်းတို့အားလုံးလည်း နားလည်နေပြီးသားလို့ ယူဆတယ်”
ဂုဒွန်ချန် ကြည်လင်ပြတ်သားစွာ ပြောဆိုပါတယ် ။
“ချန်ရှန် ရဲ့ စွမ်းအားကတော့ အားလုံးသိပြီးသားပဲ ၊ သူ့ ကို မုန်းတီးနေကြတာက တချို့ နောက်လိုက်တွေဟာ တမင် ကို ဒုက္ခပေးလို့ပဲ ။ ဒါကြောင့်လဲ သူက ဒီလိုတွေ လုပ် ခဲ့တာဖြစ်တယ် ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါပြောတာ လက်ခံ ကြပါ”
“အတိုချုန်းပြောရရင် သူငါတို့နဲ့ မနေနဲ့ ၊ ပြီးခဲ့တဲ့ တခေါက်က ရေခဲဓားမြို့ မှာ မိစ္ဆာယန် အင်အားစု က လူ ၁၀၀ လောက်ကို သတ်သွားတယ် ။ အဆင့် ၅ ပညာရှင် ၊ အဆင့် ၃ ပညာရှင် ၊ အဆင့် ၂ ပညာရှင်နဲ့ အဆင့် ၁ ပညာ ရှင် နှစ်ဦးဆီကို သတ်သွားတယ် ။ ဒါတင်မကသေးဘူး တခြား အုပ်စုလိုက်ကိုလဲ သတ်သွားသေးတယ် ။ မိစ္ဆာယန် အင်အားစု က သူ့ကို အရိုးထဲကကို မုန်းတီးနေကြတယ် ။ ဒါကြောင့် ငါတို့နဲ့ တူတူ နေမယ်ဆိုရင် ငါတို့ကိုပါ ဒုက္ခတွေ့ စေလိမ့်မယ်”
နတ်ဓားဂိုဏ်းချုပ်က အေးစက်စွာ ပြောပါတယ် ။
သူဒီလိုပြောတယ့်အခါ များစွာသော နောက်လိုက် များ ဟာ လန့်သွားကြတယ် ။ ချန်ရှန် ဟာ တကယ်ကိုပဲ စွမ်း အားကြီးတဲ့ လူတစ်ဦးဖြစ်ဖြစ်ပြီး လူပေါင်းများစွာကို သတ် နိုင်ခဲ့သည် မဟုတ်ပါလား . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset