Chapter – 230 မီးဝိဉာဉ်တော်ပေါင်းစပ်မှု
စုမေးယို ၏ မျက်လုံးများ မြင့်တက်သွားတယ် ။ ချက် ချင်းပဲ ချန်ရှန်အား ထိုကဲ့သို့ ပြုလုပ်ရန် တိုက်တွန်းပါ တယ် ။
ဝုကွမ်ချင်ဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း ၏ အ ငယ်ဆုံး အမျိုးသမီး နောက်လိုက်များထဲမှာ ဂုဏ်ပြု ခြင်း ခံရသော ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ် ။ သူမ ဟာ လှပရုံမျှ မက အလွန်လည်း ပါရမီပါလှပါတယ် ။ စွန့် ပစ်နယ်မြေကို သွားဝံ့သည့် အဓိက အကြောင်းပြချက် မှာ သူမကိုယ် သူမ ရှင်သန်နိုင်လိမ့်မည်ဟု ယုံကြည် ချက် ရှိနေသော ကြောင့် ဖြစ်ပါတယ် ။ ဒါတွေအားလုံး ဟာ သူမမှာ မီးဝိဉာဉ်တော် ရှိနေလို့ပါ ။
“ကွမ်ချင် ၊ ဒီရက်တွေမှာ မင်းဘယ်ရောက်နေတာလဲ ၊ မင်းကို အတော် သတိရနေတာ ။ ဒါပေမယ့် ရှာကိုမတွေ့ ဘူးဟေ့ ၊ ဆေးဆရာမကြီးက မင်းကို အတော်လုံလုံခြုံ ခြုံ ဖွက်ထားတာပဲ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။ သူမကို အနေ မခက် စေရန် အရယ်အမောလေးဖြင့် စကားစ လိုက်ခြင်း ဖြစ်ပါတယ် ။
ဝုကွမ်ချင် သူမ၏ ဆံပင်များကို ရင်ဘတ်ပေါ်ချလိုက် ပုံမှာ ပိုမို ချစ်စဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသွားပါတော့ တယ် ။
“မင်းက ငါ့ကို တကယ်လွမ်းနေတာပေါ့”
ဝုကွမ်ချင် ချိုသာစွာ ပြုံးလိုက်တယ် ။ သူမဟာ အ လွန်ကို လုံလုံခြုံခြုံ ၀တ်ထားသောကြောင့် ချန်ရှန် သိပ် မကျေနပ်ပင် ဖြစ်မိပါတယ် ။ ဒါကြောင့်ပဲ သူမ၏ လှပ သော ကိုယ်ဟန်ကို မမြင်တွေ့ ရပါ ။
“ဆေးဆရာမကြီးက မင်းကို မပြောပြရဘူးလို့ မှာ ထား တယ် ။ ဒါပေမယ့် ပြောပြပါ့မယ် ။တချိန်လုံး ငါက ငါ့ရဲ့ အပြာရောင် ကြယ်မီးဝိဉာဉ်တော်ကို ဘယ်လို ဖုံးကွယ်ထားရမလဲ ဆိုတာ လေ့လာနေတာ ၊ ဒီမှာကြည့်”
ပြောပြီးနောက် ဝုကွမ်ချင်ဟာ အနီရောင်မီးတောက် တစ်ခုကို ထုတ်လွှတ်လိုက်တယ် ။
“ဆေးဆရာမကြီး ပြောတာက ငါသာ နိဗ္ဗှာန် အဆင့် ကို ရောက်ရင် ငါ့ရဲ့ မီးကို ဖုံးကွယ်ထားစရာ မလိုဘူးလို့ ပြောတယ်”
ချန်ရှန် ရယ်မောရင်း
“ကွမ်ချင် ၊ မင်းရဲ့ အပြာရောင်မီးတောက် နည်းနည်း လောက် ငါ့အတွက် ထုတ်ပေးနိုင်မလား”
ဝုကွမ်ချင် ချန်ရှန် ဘယ်လိုလုပ်ချင်တယ် ဆိုတာကို မသိပါဘူး ။ ဒါပေမယ့် သူမ လက်ခံလိုက်တယ် ။
“ရပါတယ် ၊ ငါလုပ်ပေးမယ် ၊ မင်းကြောင့်သာ မ ဟုတ်ရင် ငါဒီမီးဝိဉာဉ်တော်နဲ့ ပေါင်းစပ်နိုင်မှာ မဟုတ်ပါ ဘူး”
“မင်း အပြာရောင် ကြယ်မီး ဝိဉာဉ်တော်နဲ့ ပေါင်းစပ် တုန်းက ငါ့ကို အတင်းဖက်ထားတာ ၊ ငါ့ကျောကို တောင် ကုတ်ခြစ်လိုက်သေးတယ် ၊ ဟားဟား”
ချန်ရှန် ရယ်မောလိုက်တယ် ။ ဝုကွမ်ချင်လည်း ပြုံး နေပြီး သူမ၏ မျက်နှာမှာလည်း ရှက်ရွံ့ မှုကြောင့် အနည်း ငယ် နီရဲသွားပါတယ် ။
ဝုကွမ်ချင် သူမ၏ လှပသွယ်လျသော လက်ကို ဆန့် ကာ သူမ၏ လှပသော မျက်လုံးများမှာ ချန်ရှန် ကို ကြည့် လို့ နေပါတယ် ။ ပြုံးပြီးနောက် လျာထုတ်ပြကာ –
“ဒီမီးတောက်က အလွန်စွမ်းတယ်နော် ၊ သတိထား”
ပြောနေရင်းဖြင့် အပြာရောင် မီးတောက်များဟာ သူ မ ၏ လက်မှာ ပေါ်လာပါတယ် ။
ချန်ရှန် သေချာကို လေ့လာကြည့်နေတယ် ။ ဝုကွမ် ချင် တစ်ယောက် သူမ၏ မီးတောက်များကို သေချာစွာ ထိန်းချုပ် နိုင်နေပြီ ဆိုတာကို ချန်ရှန် သိလိုက်တယ် ။ နောက်ပြီး သူမ ယခုလို ပြင်းထန်လှသည့် မီးတောက် ထုတ်လွှတ်နေတာတောင် အခန်းအပူချန်ဟာ ပူသွား ခြင်း မရှိချေ ။ ပြောရမည် ဆိုပါက ဘာမျှ ပြောင်းလဲခြင်း မရှိတာပါ ။
ချန်ရှန် ရုတ်တရက် သူ၏ လက်ကို ထုတ်ကာ အပြာ ရောင် မီးတောက်အား ကိုင်လိုက်တယ် ။ ဝုကွမ်ချင် ထိတ်လန့်တကြား အော်ဟစ်သွားပါတယ် ။ သို့သော်လဲ သူမကို ပိုမို အံ့အားသင့်မှုတစ်ခု မျက်နှာပေါ်မှာ ဖြစ်ပေါ် လာ ပါတယ် ။ မူလက ချန်ရှန်တော့ လောင်ကျွမ်းသွား လိမ့်မည် ဟု တွေးထင်ခဲ့တာပါ ။ ဒါပေမယ့် သူမ ထင် သလို ဘာမှဖြစ်ခြင်း မရှိပေ ။ သူမကိုယ် သူမပင် မီး တောက် က ပူလားမပူလား ဆိုတာ သံသယ ဖြစ်မိသွား ပါ တယ် ။
“မင်း အဆင်ပြေရဲ့ လား”
ဝုကွမ်ချင် စိုးရိမ်ဟန် ဖြင့် ကြည့်ပြီးမေးလိုက်တယ် ။
“ဘာမှ ဖြစ်ဘူး”
ချန်ရှန် ရယ်မော ကာ သူ၏ မီးဝိဉာဉ်တော်ကို ထုတ် လိုက်တယ် ။ ဝုကွမ်ချင် သူမလက်ပေါ်မှ အပြာရောင် မီး တောက်ဟာ ချန်ရှန်၏ သာမန်မီးတောက် နှင့် ထိတွေ့ သွားတာကို သာ မြင်လိုက်ရပြီး မကြာမီမှာပဲ မီးတောက် နှစ်ခု ဟာ စတင်ပေါင်းစပ်ကြပါတော့တယ် ။
ချန်ရှန် ဆီမှ သူမသင်ခဲ့သော အနီရင့်ရောင်ငှက် ကျင့်စဉ် ကို သူမ ကောင်းကောင်းသိပါတယ် ။ ချန်ရှန် မီး တောက် နှင့် သူမ မီးတောက် ပေါင်းစပ်နေတာကို ကြည့် ရင်း ချန်ရှန် မှာလည်း မီးဝိဉာဉ်တော် တစ်ခု ရှိနေလိမ့် မည် ဟု သူမ ခန့်မှန်းမိပါတယ် ။
“အပြာရောင် ကြယ်မီး က ခင်ဗျားရဲ့ နေမီး ကို စုပ်ယူ နေ တယ် ။ ကြည့်ရတာ ကောင်းကင်နေမီး ဝိဉာဉ်တော် က ကြယ်မီးဝိဉာဉ်တော်ကို စုပ်ယူခွင့်ပေးထားသလိုပဲ ၊ ဒီ မီးဝိဉာဉ်တော် နှစ်ခုက တကယ်ကို တစ်ခုနဲ့တစ်ခု မ ဆန့်ကျင်ကြဘူးပဲ”
လောင်ဆုရီ အံ့သြစွာ ပြောဆိုပါတယ် ။
စုမေးယို နှင့် ဘိုင်ယုယု တို့လည်း ဒီဖြစ်စဉ်ကို အလွန် စိတ်ဝင်စားနေကြတယ် ။
အပြာရောင်မီးတောင်ဟာ ခရမ်းရောင် မီးတောက် အ ဖြစ် အလွန့်ကို နှေးကွေးစွာ ပြောင်းလဲနေတယ် ။ မီး ဝိဉာဉ်တော် ဟာ ပြောင်းလဲသွားနေပြီး မူက အပြာ ဟာ ချန်ရှန် ၏ နေမီးဝိဉာဉ်တော် နှင့် တွေ့ တယ့်အခါ ခရမ်း ရောင် မီးတောက် အဖြစ် ပြောင်းလဲသွားပါတော့တယ် ။
ချန်ရှန် နဲ့ ဝုကွမ်ချင်တို့ တုန်လှုပ်သွားကြတယ် ။
“ကောင်းကင် နေမီး ဝိဉာဉ်တော် ဟာ မီးဝိဉာဉ် တော် ထဲမှာ ဘုရင်ပဲ ။ ဒီမြင်ကွင်းက မထူးဆန်းပါဘူး ၊ ကျွန်မ ရဲ့ ခန့်မှန်းချက်တွေကို မြင်ပြီ မဟုတ်လား ၊ ဒီက နဂါး က ပေါ့သေးသေး မဟုတ်ပါဘူးဆို”
လောင်ဆုရီ ဂုဏ်ယူဟန် ဖြင့် ပြောဆိုပါတယ် ။
“ခုမှ လာပြောမနေနဲ့ ၊ အရင်ထဲက ပြောပါလား”
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံဖြင့် လောင် ဆု ရီ အား ခပ်ငေါက်ငေါက် ပြောလိုက်တယ် ။
ချန်ရှန် မီးတောက်ကို ဝုကွမ်ချင်အား ပြန်ပေးလိုက် ပါတယ် ။
“ချန်ရှန် ၊ မင်းမှာလည်း မီးဝိဉာဉ်တော် ရှိနေတာ လား”
ဝုကွမ်ချင် ချန်ရှန် ကို မသေချာသလို မေးလိုက်ပါ တယ် ။
ချန်ရှန် ခေါင်းညိမ့်လိုက်ပြီး ဝုကွမ်ချင်မှာလည်း မီး ဝိ ဉာဉ်တော် ရှိနေတာကြောင့် သူမကို ပြောလို့ ဘာမှမ ဖြစ် နိုင်ဟု တွေးလိုက်မိပါတယ် ။
“မင်းရဲ့ မီးဝိဉာဉ်တော်က အတော် စွမ်းတယ် ၊ ငါ့ ရဲ့ မီးတောက် ကိုတောင် အရောင်ပြောင်းစေတယ်”
ဝုကွမ်ချင် မျက်လုံးအပြူးသားဖြင့် ပြောပါတယ် ။ အ လွန် ချစ်စဖွယ်ကောင်းလှပြီး ချန်ရှန် အတွက် ၀မ်းသာ နေပုံပါ ။ ချန်ရှန် ဟာ ဆေးပညာပါရမီရှင် တစ်ဦး ဖြစ် ကြောင်း သူမ သိနေတာကြောင့် မီးဝိဉာဉ်တော် မရှိပါ က ခရီးတွင်မည် မဟုတ်ပါဘူး ။
“အချိန်သာရရင် ၊ မင်းရဲ့ မီးဝိဉာဉ်တော် ကို ပြောင်း မယ့် နည်းလမ်းတွေ စဉ်းစားပေးပါ့မယ် ။ တစ်ခုခုတော့ အကျိုးရှိမှာပေါ့”
ချန်ရှန် လက်ဝါးများကို ပွတ်ရင်း ပြောလိုက်တယ် ။
ဝုကွမ်ချင် ရင်ထဲ နွေးသွားပြီး ခပ်တိုးတိုးဖြင့် –
“မင်းအပေါ်မှာ တခုခု မကောင်းတဲ့ အကျိုးဖြစ်သွား မယ် ဆိုရင် မေ့လိုက်ပါကွာ ၊ ငါ့အတွက် အပြာရောင် မီး နဲ့ တင် လုံလောက်ပါတယ် ။ ငါလုပ်ထားတဲ့ဆေးတွေ မင်း ကို ယူပေးဦးမယ်”
ဝုကွမ်ချင် လှည့်လိုက်စဉ်မှာပဲ လောင်ဆုရီက ချန် ရှန် ၏ အသံတုကာ –
“ဟက် ၊ ယောကျာ်းနဲ့ မိန်းမ ပေါင်းစပ်မှု ကို ကြိုးစား ကြည့်မယ် ဆိုရင်ကော ဘယ်လိုလဲ ၊ စမ်းကြည့်ကြ မ လား”
ချန်ရှန် တစ်ခုခု ပြောရန် ပြင်ဆင်နေချိန်မှာပဲ လောင် ဆုရီ ဟာ သူ့အသံတိုင်း ပြောလိုက်တာ ဖြစ်ပြီး ချန်ရှန် ကို မိုးကြိုးပစ်သွားသလိုပါပဲ ။ လောင်ဆုရီ တစ်ခုခု နှောင့် ယှက် လိမ့်မည်ဟု ထင်ထားမိသော်လည်း ယခုလောက် မထင် မိချေ ။ ဒီလို ညစ်ညမ်းသော အတွေးများ သူမ ဆီ တွင် မည်ကဲ့သို့ ရှိနေလဲ ဆိုတာ သူတွေးမရပေ ။ ဘယ် သူမှ မရှိရင် ဘာမှ ဖြစ်မည် မဟုတ်ပဲ ယခု မိန်းကလေး တစ်ဦးရှေ့ မှာ သူ့အသံတု လုပ်ကာ ပြောလိုက်ခြင်းက သူ့ သိက္ခာကို ကျဆင်းစေမည် မဟုတ်ပါလား ။
‘နဂါးမလေး ၊ မင်းအဖေက တကယ် ကို ညစ်ပတ် တဲ့ နဂါး ဖြစ်လိမ့်မယ် ၊ အလွန်ရှက်စရာကောင်းတဲ့ အ တွေးတွေ မှတ်ဉာဏ်တွေကို မင်းခေါင်းထဲ ချန်ထားခဲ့ပုံ ပဲ”
ချန်ရှန် ချက်ချင်း ကျိန်ဆဲမိပါတယ် ။
ဝုကွမ်ချင် ချန်ရှန် စကားများကို ကြားတဲ့အခါ ချက် ချင်း ရပ်သွားတယ် ။ သူမ ချန်ရှန် ဆီမှ ဒီလို တောင်းဆို မှုမျိုး လုပ်လိမ့်မည်ဟု တကယ်ကို မထင်ခဲ့ချေ ။ သူမ မျက်နှာရဲတွတ်သွားကာ နားရွက်ထိတိုင်အောင်ပဲ ဖြစ်ပါ တယ် ။
လက်ရှိအခြေအနေ ဟာ အတော်ကို ရှက်ကိုးရှက် ကန်း ဖြစ်စေတယ့် အခြေအနေပါ ။ ချန်ရှန် ချက်ချင်းပင် နဂါးမလေး အား ကန်ထုတ်ကာ နောက်တစ်ခါမပြောရဲ စေ ရန် ရိုက်နှက်ပစ်ချင်နေမိပါတယ် ။
ချန်ရှန် ချောင်းနှစ်ချက်ခန့် ဆိုးကာ –
“ကွမ်ချင် ၊ မင်းလုပ်ထားတဲ့ဆေးတွေ ငါ့ကို ပြလေ”
“အန်း”
ဝုကွမ်ချင် သက်ပြင်းတစ်ချက် ချလိုက်တယ် ။ နှစ်ဦး လုံးဟာ ခုနက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် ကို ဘာမှ မဖြစ်သလို ဟန်ဆောင်နေလိုက်ကြပါတယ် ။
ချန်ရှန် သက်ပြင်းချကာ –
‘နဂါးလေး ၊ မင်း ပြသနာရှာချင်ရင် ဒီလိုနည်းနဲ့ မရှာ နဲ့ ၊ တနေ့ ငါ့ကို ဒုက္ခရောက်လိမ့်မယ်ကွ ၊ ဒီကကောင် က မင်းကြောင့် သိက္ခာကျပေါင်းများနေပြီ”
“ဟက် ၊ ခင်ဗျားက သိက္ခာရှိတယ်ပေါ့ ၊ နောက်ဆုံး အ ခေါက်တုန်းက ခင်ဗျား ငှက်လိုပြောင်းပြီး ဆေးဆရာ မကြီး ရေချိုးတာကို သွားချောင်းဖို့ တွေးသေးတယ် မ လား ။ ကျွန်မလည်း ဒီလို လုပ်ဖို့ အခွင့်အရေး ရလာ တာ ပဲ ။ ဝုကွမ်ချင် က ပထမ ခင်ဗျားကို နည်းနည်းပဲ စိတ်ဝင် စားတာ ၊ ဒါပေမယ့် ခင်ဗျားနဲ့ ခုလို စကားတွေ ရှုပ်ပြီး နောက်မှာ ခင်ဗျားကို စိတ်ဝင်စားလာတာပဲ ။ အခုတော့ အခွင့်အရေး ရတာကို ခင်ဗျားက ငတုံး ၊ အမှန်တကယ် ဆို စွန့်ပစ်နယ်မြေ မသွားခင် ခင်ဗျားအတွက် အပန်းဖြေ ရာတောင် ရောက်သေးတယ်”
လောင်ဆုရီ ခပ်ငေါက်ငေါက် ပြောဆိုပါတယ် ။
ချန်ရှန် ဘာပြောရမှန်း မသိတော့ပါ ။ သူရုတ်တရက် လောင်ဆုရီအား ကလေးမလေး တစ်ယောက်လို မမြင် တော့ ချေ ။ သူမက တကယ်ပဲ မိန်းမတွေ အကြောင်းကို သိရှိနေသည် မဟုတ်ပါလား ။
“နဂါးထီးတွေ အားလုံးက မိန်းမတွေ နဲ့ အကျွမ်းဝင်ပုံ ရတယ် ။ ကြည့်ရတာ ဒီလိုကိစ္စတွေကို သူ့အဖေဆီက အမွေရခဲ့တာ ဖြစ်မယ် ။ ချန်ရှန် ဒါကို မှတ်ထားတော့ ၊ နောက်ဆို ဒီကောင်မလေးက မင်းကိုပါ ဝါးစားနေလိမ့် မယ် ။ အရိုးတွေပါ ကျန်မှာ မဟုတ်ဘူး”
စုမေးယို ချန်ရှန် ကို သတိပေးပြီး ရယ်မောနေပါ တော့ တယ် ။
ချန်ရှန် စိတ်ထဲက ကြိတ်ပြီး ကျိန်ဆဲနေမိတယ် ။
“အနှေးနဲ့ အမြန် ဒီကောင်မလေးကို ဝါးကို စားပစ် ဦး မယ်”
ယခုအခါ ချန်ရှန် နေမီးဝိဉာဉ်တော်ဟာ တခြား မီး ဝိဉာဉ်တော်များနှင့် ပေါင်းစပ်နိုင်တာကို သိရှိသွားပါပြီ ။ ဒါပေမယ့် ဘယ်လို အသုံးချရမလဲ ဆိုတာ မသိသေးပေ ၊ သူ့အနေဖြင့် ဆေးဆရာမကြီး နှင့် ဝုကွမ်ချင်တို့၏ မီး များ အား ပြောင်းလဲကြည့်ချင်နေတာ ဖြစ်ပါတော့တယ် . . .။