အခန်း ၇၀။ အားလုံးကို သတ်ဖြတ်ခြင်း၊ နေ့ချင်းညချင်းကြွယ်ဝလာခြင်း
“ဘယ်သူလဲ”
အရာရာတိုင်းသည် မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။
ရွှမ်ထျန်းချိပ်တံဆိပ်နှင့် ချီရှောင်ဓားတို့သည် သူတို့၏ မျက်လုံးရှေ့တွင်ပင် အတင်းအကျပ်လုယူခံလိုက်ရသည်ကို မြင်သောအခါ ဖူထျန်းချွယ်နှင့် ဖန်ချင်ထျန်းတို့သည် အံ့ဩမှင်သက်သွားခဲ့သည်။
ချက်ချင်းပင် သူတို့သည် ရူးသွပ်စွာအော်ဟစ်လိုက်ကြသည်။
“ချီးဘဲကွာ…ထွက်လာခဲ့စမ်း”
“ခွေးမသား…ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်ကို ပြန်ပေးစမ်း”
“ဘုန်း”
ထိုသို့ပြောပြီး သူတို့နှစ်ယောက်သည် လင်းဝူတပုန်းအောင်နေသော နေရာသို့ ပျံသန်းတက်ရောက်လာခဲ့ကာ သူ့အားဖိနှိပ်ရန် ရှာဖွေလိုက်ကြသည်။
ဒဏ္ဍာရီလာနယ်ပယ် ပြီးပြည့်စုံသောအဆင့်စွမ်းအားသည် တယန်ဘိုးဘေးနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
သို့သော်လည်း လင်းဝူတသည် ဖုံးကွယ်ခြင်းအဆောင်ကြောင့် ကိုယ်ပျောက်နေခဲ့ပြီး သူတို့ အော်ရာ၏ ဖိနှိပ်မှုကို လုံးဝခံစားရခြင်းမရှိချေ။
ထိုလက်နက်နှစ်ခုကို လုယူပြီးနောက် လင်းဝူတသည် အဆုံးမဲ့ လေဟာနယ်ထဲတွင် ပုန်းအောင်းနေခဲ့သည်။ သူတို့နှစ်ယောက်မည်မျှပင် အော်ဟစ်ပါစေ သူက လှုပ်ရှားတော့မည်မဟုတ်ချေ။
…………
“ငရဲကို သွား လိုက်တော့” ရုတ်တရက်အေးစက်သောအသံတစ်ခုသည် လူတိုင်း၏ နားထဲသို့ဝင်ရောက်လာခဲ့သည်။
“ဘုန်း”
ထိုစကားများကို ပြောပြီးနောက် လင်းဝူတသည် ရှေးဟောင်းဓားအစီအရင်ကို ချက်ချင်းပင် ခြွေမွလိုက်သည်။ ချက်ချင်းပင် ထိတ်လန့်ဖွယ်ကောင်းသော ဓားအစီအရင်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
၎င်းသည် ကျောက်တုံစေတီတစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည်။
“မကောင်းတော့ဘူး၊ ချုံခိုတိုက်ခိုက်သူရှိတယ်”
“ပြေးကြ”
လူတိုင်းသည် အံ့ဩတုန်လှုပ်သွားကြသည်။
ဤအချိန်တွင် သူတို့သည် တယန်ဓားနှင့် အလုခံလိုက်ရသည့် ထူးကဲသောတာအိုလက်နက်နှစ်ခုကို ဂရုမစိုက်နိုင်တော့ချေ။ ဖူထျန်းချွယ်၊ ဖန်ချင်ထျန်းနှင့် လီဖန်ထျန်းအပါအဝင် တခြားသူများသည် ထိုနေရာမှ လွှတ်မြောက်အောင် ကြိုးစားလိုက်ကြသည်။
သို့သော်လည်း လင်းဝူတသည် သူတို့ဆန္ဒကို မည်သို့ခွင့်ပြုနိုင်မည်နည်း။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
…
လူတိုင်းသည် လွတ်မြောက်ရန် ကြိုးစားနေကြစဉ် ကြောက်မက်ဖွယ် ဓားမြစ်တစ်စင်းဖြစ်ပေါ်လာခဲ့သည်။ ၎င်းသည် အလွန်ပြင်းထန်သော စွမ်းအားဖြင့် သူတို့အားတိုက်ခိုက်လိုက်သည်။
ရှေးဟောင်းဓားအစီအရင်သည် လီဖန်ထျန်းနှင့် တခြားသူများအားမလွတ်မြောက်နိုင်အောင် ပိတ်ဆို့ထားသည်။
အကန့်အသတ်မဲ့ဓားမြစ်တစ်ခုဆင်းသက်လာသည်ကို သူတို့သည် အကူအညီမဲ့စွာကြည့်နေလိုက်ကြသည်။
“ဘယ်သူ…ဘယ်သူလဲ” ဖူထျန်းချွယ်သည် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
သူမျက်နှာတွင် အစောပိုင်းကကဲ့သို့ ဂုဏ်သိက္ခာရှိမှုတို့နှင့် တည်ငြိမ်မှုတို့မရှိတော့ချေ။ မခံမရပ်နိုင်သောထိတ်လန့်ကြောက်ရွံ့ခြင်းတို့သာ ရှိတော့သည်။ ရှေးဟောင်းဓားအစီအရင်၏ ကြောက်လန့်ဖွယ်ကောင်းမှုသည် သူစိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့သည်။
ဒဏ္ဍာရီလာနယ်ပယ်နှောင်းပိုင်းအဆင့်ခွန်အားရှိသော်လည်း ရှေးဟောင်းဓားအစီအရင်၏ စွမ်းအားကြောင့် သူသည် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ သွေးများသည် သူခန္တာကိုယ်မှ အပြင်းအထန်စီးဆင်းနေသည်။
ရှေးဟောင်းဓားအစီအရင်သည့် အကန့်အသတ်မဲ့သည့်ပုံပေါ်သည်။
ဤသို့သာ ဆက်ဖြစ်နေလျှင် သူတို့သည် အချိန်ကြာမြင်စွာ ရင်ဆိုင်နိုင်မည်မဟုတ်ချေ။
ဖူထျန်းချွယ်သည် ပို၍တွေးတောလေလေ ပို၍ကြောက်လန့်လာလေလေပင်။
တူညီစွာပင် ဖန်ချင်ထျန်း၊ လီဖန်ထျန်းနှင့် တခြားသူများသည်လည်း ထိုသို့ခံစားလိုက်ရသည်။
ဤအချိန်တွင် သူတို့သည် လှည့်စားခံလိုက်ရမှန်းသဘောပေါက်သွားခဲ့ကြသည်။
“ချောင်ယင်ယန်လား” ဖန်ချင်ထျန်းသည် အသံနှိမ့်လျက်ပြေလိုက်သည်။
ထိုသို့ကြားသည့်အခါ လူတိုင်း၏ နှလုံးသားသည် တုန်ရင်သွားခဲ့သည်။
သို့သော်လည်း သူတို့သည် ထိုကိစ္စကို ငြင်းပယ်လိုက်သည်။
အကယ်၍ နောက်ကွယ်မှ ကိုင်တွယ်နေသူသည် ချောင်ယင်ယန်ဖြစ်နေလျှင် သူ့ဘိုးဘေးဖြစ်သော လီဖန်ထျန်းကို ဤမျှအထိ ရက်စက်လိမ့်မည်မဟုတ်ချေ။
ဘယ်သူဖြစ်နိုင်လဲ။
ဘယ်သူမှ မသိချေ။
“ဘုန်း”
အချိန်ကြာလာသည်နှင့် အမျှ သူတို့၏ ခန္တာကိုယ်တွင် ဓားဒဏ်ရာများဖြင့် ပြည့်နှံ့လာခဲ့သည်။ သူတို့အားလုံးသည် အပြင်းအထန်ဒဏ်ရာရသွာခဲ့ပြီး သူတို့ခွန်အားတစ်ဝက်လောက်အထိ လျော့ကျသွားခဲ့သည်။
ထိုသို့ဖြစ်နေသည့်တိုင်အောင် အမှောင်ထဲတွင်ပုန်းအောင်းနေသော သူသည် သူတို့အားအလွှတ်ပေးမည်ပုံမပေါ်ချေ။ အဆုံးမဲ့ ရှေးဟောင်းဓားစွမ်းအားတစ်ခုသည် သူတို့၏ ချီပင်လယ်အားထိုးဖောက်သွားခဲ့သည်။ ထို့အပြင် သူတို့၏ မရီဒန်များသည် ဖြတ်တောက်ခံလိုက်ရပြီး ခြေလက်များအားလုံးသည် ပိုင်းဖြတ်ခံလိုက်ရသည်။ သူတို့သည် လှုပ်ရှားနိုင်စွမ်းမရှိတော့ချေ။
၎င်းသည် အဆုံးသတ်မဟုတ်သေးပေ၊ ထိုနောက် အရူးတာအိုပညာရှင်သည် လေဟာနယ်ထဲမှ ရူးသွပ်စွာ ပြုံးလျက် ထွက်ပေါ်လာခဲ့သည်။
“ဟီးဟီး…ငါးကြီးကြီးတွေထပ်မိပြန်ပြီ။ နှစ်ယောက်က ဒဏ္ဍာရီလာနယ်ပယ်နှောင်းပိုင်းအဆင့်ဖြစ်ပြီး သုံးယောက်က ဒဏ္ဍာရီလာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်တွေပဲ။ နန်ပါ့ထျန်းလို ငါးစာလေးက ဒီလို ငါးကြီးကြီးတွေဖမ်းမိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါက မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်။ ဘာဘဲပြောပြော ဘယ်သူမှ တယန်ဓားရဲ့ ဆွဲဆောင်မှုကို မခံနိုင်ခဲ့ကြဘူး” သူ၏ နတ်ဆိုးဆန်သောအသံသည် ဖြေးညင်းစွာထွက်ပေါ်လာခဲ့သည်။
ထိုသို့ကြားသည့်အခါ ဖူထျန်းချွယ်နှင့် တခြားသူများ၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။
ဤအရာသည် ထောင်ချောက်တစ်ခုဖြစ်လိမ့်မည်ဟု သူတို့သည် ဘယ်တော့မှ မတွေးတောခဲ့ကြချေ။
ထိုလူသည် တယန်ဓားကို အသုံးပြုလျက် သူတို့အားဆွဲဆောင်ကာ ထောင်ချောက်ထဲသို့ ကျဆင်းစေခဲ့သည်။
ထိုလူသည် ရက်စက်လွန်းပေသည်။
“ခင်ဗျားက ရွှမ်ထျန်းချိပ်တံဆိပ်နဲ့ ချီရှောင်ဓားတို့ကို ယူပြီးပြီပဲ။ ကျုပ်တို့ကို သွားခွင့်မပေးနိုင်သေးဘူးလား” ဖန်ချင်ထျန်းသည် မေးလိုက်သည်။
အရူးတာအိုပညာရှင်သည် အေးစက်စွာ ရယ်မောလိုက်သည်။
“ထွက်သွားခွင့်ပေးရမှာလား။ ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ။ အစကနေ အဆုံးထိ ငါတို့ရဲ့ ရည်ရွယ်ချက်က မင်းတို့ရဲ့ ထူးကဲသောတာအိုစိတ်ဝိညာဥ်လက်နက်တွေကိုပဲ မဟုတ်ဘူး၊ မင်းတို့တွေလည်း ပါတယ်”
ဘယ်လို။ သူတို့လား။
လူတိုင်းသည် အံ့ဩသွားခဲ့ကြသည်။
…
အရူးတာအိုပညာရှင်သည် မည်သည့်အရာကို လုပ်ချင်းမှန်း သူတို့မတွေးတောနိုင်ဖြစ်နေခဲ့သည်။
“ဝှစ်”
သူတို့သည် အံ့ဩနေကြစဉ် အရူးတာအိုပညာရှင်သည် ပျောက်ကွယ်သွားခဲ့ပြီး လီဖန်ထျန်းရှေ့တွင်ပေါ်လာခဲ့သည်။
“မင်းတို့အားလုံးကို ငါ့ရဲ့ ကျင့်ကြံခြင်းအတွက်လိုအပ်တယ်”
ထိုသို့ပြောပြီး အရူးတာအိုပညာရှင်သည် ဂူသင်္ချိုင်းမဟာအဓိပတိနည်းစနစ်ကို အသုံးပြုလိုက်ပြီး လီဖန်ထျန်း၏ အသက်စွမ်းအားကို စုပ်ယူတော့သည်။
“အား”
ငယ်သံပါသောအော်ဟစ်သံသည် တယန်ဘိုးဘေးနယ်မြေတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
ဖူထျန်းချွယ်နှင့် တခြားသူများသည် ထိတ်လန့်တကြားကြည့်နေကြစဉ် လီဖန်ထျန်းသည် အလျင်အမြန်အိုမင်းသွားခဲ့ပြီး သူ၏ အသက်စွမ်းအားများကုန်ဆုံးသွားခဲ့သည်။
“ဒုန်း”
တခဏအတွင်းမှာပင် သူသည် အေးစက်သော အလောင်းကောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။
အရူးတာအိုပညာရှင်သည် ကျေနပ်သောအမူအရာကို ထုတ်ဖော်လိုက်သည်။
…
“ချောင်ယင်ယန်နဲ့ ယှဉ်ရင် ခင်ဗျာက အများကြီးပိုဆိုးတာဘဲ။ လူအိုကြီးတွေရဲ့ သက်တမ်းက အရမ်းနည်းပုံရတယ်။ ဒီနေ့ကစပြီး တန်ဖိုးရှိတဲ့ လူငယ်တွေကိုပဲ ရှာတော့မယ်” အရူးတာအိုပညာရှင်သည် မျက်မှောင်ကြုတ်လျက် တီးတိုးရေရွတ်လိုက်သည်။
လီဖန်ထျန်း၏ အသက်စွမ်းအင်များကို ကျေနပ်သည့်ပုံမရချေ။
သူသည် နှစ်ပေါင်း ၃၀၀အထိသာ သက်တမ်းတိုးမြင့်လာခဲ့သည်။
“နောက်ထပ်ဘယ်သူ့ကို ရွေးရမလဲ”
သူ၏ ရက်စက်သောမျက်လုံးများသည် ဖူထျန်းချွယ်နှင့် တခြားသူများအပေါ်သို့ကျရောက်သွားခဲ့သည်
ထိုသို့မြင်သောအခါ သူတို့သည် အလွန် ကြောက်လန့်သွားကြသည်။
“ဒါဆို ခင်ဗျားက သူများတွေရဲ့ အသက်စွမ်းအင်ကို စုပ်ယူတဲ့သူပေါ့။ ခင်ဗျားက အဲဒီအရူးအိုကြီးလား။ ခင်ဗျားက ကျုပ်ရဲ့ ရွှမ်ထျန်းဂိုဏ်း ဘိုးဘေးဂူသင်္ချိုင်းကို ဖောက်ထွင်းခဲ့သူဘဲ” ဖူထျန်းချွယ်သည် အော်ဟစ်လိုက်သည်။
“ဟီးဟီး…ငါ့ကို တကယ်ဘဲ မြင်တွေ့သွားခဲ့တာပဲ။ ကံဆိုးစွာနဲ့ ငါ့ကိုသိသွားရင်တောင် အရမ်းနောက်ကျသွားပြီ။ ဖူထျန်းချွယ်…မင်းရဲ့ ဘိုးဘေးတွေနဲ့ ငရဲမှာသွားတွေ့လိုက်တော့”
“ဘုန်း”
သူ၏ ကြီးမားသောလက်သည် သူ့ခေါင်းပေါ်သို့ကျဆင်းသွားခဲ့ပြီး ဂူသင်္ချိုင်းမဟာအဓိပတိနည်းစနစ်ကို အသုံးပြုလျက် အသက်စွမ်းအင်များအားစုပ်ယူလိုက်သည်။
ထိုအချိန်တွင် အသက်စွမ်းအင်များသည် စုပ်ယူခံလိုက်ရပြီး သူ့၏ သက်တမ်းအဖြစ်ပြောင်းလဲသွားခဲ့သည်။
မကြာမီ ဖူထျန်းချွယ်သည်လည်း လီဖန်ထျန်းနောက်သို့ လိုက်သွားခဲ့ရသည်။
ထို့နောက် အရူးတာအိုပညာရှင်သည် ထိုနည်းစနစ်ကို ထပ်ခါထပ်ခါ အသုံးပြုလိုက်သည်။ ဖန်ချင်ထျန်းနှငိ့ တခြားသူတို့သည် စိတ်ပျက်အားငယ်စွာဖြင့် သူတို့၏ အသက်စွမ်းအင်များစုပ်ယူခြင်းကို ဘာမှမလုပ်နိုင်ဘဲ ကြည့်နေရတော့သည်။
အကုန်လုံးစုပ်ယူပြီးသွားသည့်အခါ အရူးတာအိုပညာရှင်၏ သက်တမ်းသည် နှစ်ပေါင်း ၂၀၀၀ကျော်အထိ ထပ်မံတိုးမြင့်သွားခဲ့သည်။
[အမည် : အရူးတာအိုပညာရှင် (ချီစုမင်)]
[ကျင့်ကြံခြင်းအဆင့် : ကောင်းကင်နယ်ပယ်အစောပိုင်းအဆင့်]
[သက်တမ်း : နှစ်ပေါင်း ၅၁၂၈နှစ်]
…
သူ၏ ပြောင်းလဲမှုသည် အလွန်ကြီးမားပေသည်။
“ဟားဟား… ဒီခံစားချက်ကကောင်းလိုက်တာ။ ငါ့ရဲ့ သက်တမ်းက အများကြီးတိုးသွားခဲ့ပြီ။ အခုအချိန်ကစပြီး ဂူသင်္ချိုင်းတွေဖောက်ထွင်းတဲ့အခါ ကြောက်နေစရာမလိုတော့ဘူး” အရူးတာအိုပညာရှင်သည် ရယ်မောလိုက်သည်။
ဤတယန်ဘိုးဘေးနယ်မြေသို့ စွန့်စားခရီးတွင် သူသည် အကျိုးအမြတ်များစွာရရှိခဲ့ပေသည်။
တူညီစွာပင် လင်းဝူတသည်လည်း များပြားသော အကျိုးအမြတ်ကို ရရှိခဲ့သည်။
ဒဏ္ဍယရီလာနယ်ပယ်ကျွမ်းကျင်သူများ၏ အလောင်းများကို ရရှိခဲ့ရုံသာမက ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်များကိုပါ အလကားရရှိခဲ့သည်။ သူရရှိသည့်အကျိုးအမြတ်သည် အရူးတာအိုပညာရှင်ထက်ပိုများပေသည်။
“ဒီဘိုးဘေးနယ်မြေက တကယ်ကို ရတနာတွေနဲ့ပြည့်နေတာပဲ။ ကံဆိုးစွာနဲ့ ဒီနည်းလမ်းက တစ်ကြိမ်လောက်ပဲ အသုံးဝင်တယ်” အရူးတာအိုပညာရှင်သည် သနားစရာကောင်းစွာပြောလိုက်သည်။
သူသည် အမှန်တကယ်ပင် ထပ်မံလိုချင်ပေသေးသည်။ ထပ်မံပြီး အသုံးပြု၍မရခြင်းသည် အလွန်သနားစရာကောင်းပေသည်။
ဤမတော်တဆမှုပြီးနောက် အင်အားစုကြီး သုံးခုသည် တယန်ဘိုးဘေးနယ်မြေကို ခြေတစ်လှမ်းတောင်လှမ်းဝံ့မည်မဟုတ်တော့ချေ။
အရူးတာအိုပညာချင်သည် အနည်းငယ်စိတ်ပျက်သွားခဲ့သော်လည်း စိတ်ထဲတွင်တော့ မထားပေ။
“ညီလေးရမ်… ဒါတွေအားလုံးက မင်းရဲ့ ကျေးဇူးကြောင့်ပါ။ တကယ်လို့မင်းမှာ ဒီလိုကြောက်စရာကောင်းတဲ့ ဓားအစီအရင်သာမရှိရင် သူတို့ကို သတ်နိုင်မှာမဟုတ်ဘူး”
“ကျုပ်က အပြန်အလှန်ကူညီပေးရုံပါ။ သူတို့ကို အောင်မြင်စွာထောင်ချောက်ဆင်နိုင်ခဲ့တာက ဖုံးကွယ်အဆောင်ရဲ့ ကျေးဇူးကြောင်းလည်းပါတယ်။ မဟုတ်ရင် ထောင်ချောက်ဆင်တာက ပြီးပြည့်စုံမှာမဟုတ်ဘူး” လင်းဝူတသည် မထူးခြားစွာပြောလိုက်သည်။
သူသည် အရူးဝာာအိုပညာရှင်၏ အကူအညီပေးမှုကို အသိအမှတ်ပြုပေသည်။
“ညီလေးရမ်… ဒီလိုကိစ္စကြီးကြီးမားမားလုပ်ရတာကို ထပ်ပြီး စိတ်ဝင်စားသေးလား။ ငါနေရာတစ်ခုကို သိသေးတယ်။ အဲနေရာက အရမ်းအန္တရာယ်များတယ်။ ဂရုမစိုက်မိတာနဲ့ မင်းရဲ့အသက်ကိုဆုံးရှုံးရနိုင်တယ်။ ဒါပေမဲ့ ချောင်ယင်ယန်တို့လို့ မရေမတွက်နိုင်တဲ့ငါးကြီးကြီးတွေကို ထောင်ချောက်ဆင်နိုင်လိမ့်မယ်။ ငါတစ်ယောက်တည်းတော့ အဲဒီနေရာကို မသွားချင်ဘူး၊ ညီလေးရမ်…မင်းနဲ့ဆိုရင်တော့ ကြိုးစားကြည့်ချင်တယ်”
“ပြီးတော့ ငါကအဖွဲ့အစည်းတစ်ခုကို ဝင်ထားတယ်။ အဲဒီအဖွဲ့အစည်းက လူတွေက အရမ်းသန်မာပြီး အရမ်းမှော်ဆန်တဲ့ စွမ်းရည်တွေရှိတယ်။ သူတို့က မင်းကို လုံးဝစိတ်ပျက်စေမှာမဟုတ်ဘူး” အရူးတာအိုပညာရှင်သည် တခဏလောက်တိတ်ဆိတ်နေပြီးနောက် လျှို့ဝှက်ဆန်းကြယ်စွာပြောလိုက်သည်။
အဖွဲ့အစည်းတစ်ခုလား။
သူ၏ စကားများသည် လင်းဝူတအား စီရင်သူအဖွဲ့အစည်းကို သတိရသွားစေခဲ့သည်။ ထိုအဖွဲ့အစည်းသည် အလွန်ခွန်အားကြီးပေလိမ့်မည်။
“အဲဒီနေရာက ဘယ်နေရာမှာလဲ” သူသည် စူးစမ်းလိုသည့် ဟန်ဖြင့် မေးလိုက်သည်။
“အင်… အသေးစိတ်အချက်အလက်တွေကို ပြောပြဖို့ ငါ့အတွက် အဆင်မပြေဘူး။ ညီလေးရမ်…မင်းကို အရင်ဆုံးဖိတ်ခေါ်ချင်တယ်။ အားလုံးပြင်ဆင်ပြီးရင် အတူတူသွားဖို့ မင်းကို ဖိတ်ခေါ်လိုက်မယ်။ အဲဒီအခါကျမှ အကြောင်းအရာတွေကို ပြောပြပေးမယ်။ မင်း သဘောတူဖို့ပဲ လိုတယ်”
ထိုသို့ပြောပြီး အရူးတာအိုပညာရှင်သည် ထူးဆန်းပြီးအနက်ရောင်ရှိသော ဖိတ်ခေါ်ခြင်းတိုကင်တစ်ခုကို လင်းဝူတအားပေးလိုက်သည်။
ထိုသို့ပြုလုပ်ပြီးသည်နှင့် အရူးတာအိုပညာရှင်သည် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။