Switch Mode

Chapter – 69

ခင်ဗျားတို့ကို စောင့်နေတာ

အခန်း ၆၉။ ခင်ဗျားတို့ကို စောင့်နေတာ

“ဟားဟား…ဒီခံစားချက်က ကောင်းလိုက်တာ”

အရူးတာအိုပညာရှင်သည် ချောင်ယင်ယန်၏ အသက်စွမ်းအင်များကို စုပ်ယူပြီးနောက် အလွန်စိတ်လှုပ်ရှားသွားခဲ့ပြီး ကျေနပ်သွားခဲ့သည်။ စိတ်လှုပ်ရှားမှုကြောင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဤတစ်ကြိမ်မိသော ငါးကြီးကြီးသည် ကျေနပ်ဖွယ်ကောင်းပေသည်။

ချောင်ယင်ယန်တစ်ယောက်တည်းဖြင့်ပင် သူ၏သက်တမ်း နှစ်ပေါင်း ၈၀၀လောက်အထိ တိုးလာခဲ့သည်။ အကယ်၍ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါး၏ အသက်စွမ်းအင်များကို စုပ်ယူပြီးလျင် သူ၏ သက်တမ်းသည် မည်မျှအထိ တိုးလာမည်နည်း။

ဤအချိန်တွင် အရူးတာအိုပညာရှင်၏ မျက်လုံးများသည် လောဘကြီးမှုများဖြင့် ပြည့်နေသည်။

“ဘုန်း”

တုန့်ဆိုင်းနေခြင်းမရှိဘဲ သူသည် ချောင်ယင်ယန်၏ အလောင်းအားလွှင့်ပစ်လိုက်ပြီး သူ့နတ်ဆိုးလက်ဖြင့် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါး၏ ခေါင်းကို ကိုင်လိုက်သည်။

“အား…”

အသက်စွမ်းအင်များသည် အရူးတာအိုပညာရှင်ဆီသို့ မြစ်တစ်စင်းကဲ့သို့ စီးဝင်‌သွားခဲ့သည်။

ဂူသင်္ချိုင်းမဟာအဓိပတိနည်းစနစ်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြောင့် အရူးတာအိုပညာရှင်၏ အသက်စွမ်းအင်သည် ထပ်မံတိုးလာခဲ့သည်။

ဒဏ္ဍာရီလာအဆင့် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါး၏ သက်တမ်းသည် ချောင်ယင်ယန်ထက် အလွန်များပြားလွန်းပေသည်။ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် သက်တမ်း နှစ်ပေါင်း ၃၀၀၀ကျန်ရှိပေသေးသည်။

“ဘုန်း”

“ဘုန်း”

“ဘုန်း”

အရူးတာအိုပညာရှင်၏ ရူးသွပ်ဖွယ်စုပ်ယူမှုကြောင့် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါး၏ သက်တမ်းများသည် အလျင်အမြန်ကုန်ဆုံးသွားခဲ့သည်။

နှစ်ပေါင်း ၁၈၆၄နှစ်အထိ ထပ်မံတိုးသွားခဲ့သည်။

[အမည် : အရူးတာအိုပညာရှင် (ချီစုမင်)]
(ချီစုမင်နဲ့ ချီကျန့်မင်သည် တစ်ယောက်တည်းဖြစ်သည်)

[ကျင့်ကြံခြင်းအဆင့် : ကောင်းကင််နယ်ပယ်အစောပိုင်းအဆင့်]

[သင်တမ်း : နှစ်ပေါင်း ၂၇၀၀]

သတင်းအချက်အလက်များကို ကြည့်ရှုလိုက်သည်။

၎င်းတို့ကို ဖတ်ရှုပြီးနောက် လင်းဝူတသည် အလွန်အံ့ဩသင့်သွားခဲ့သည်။

၎င်းသည် အမှန်တကယ်ပင် အသက်နှုတ်ယူခြင်းလက်နက်တစ်ခုဖြစ်သည်။

ထို့အပြင် အရူးတာအိုပညာရှင်အတွက် အထူးဖန်တီးပေးထားသကဲ့သို့ဖြစ်နေ၏။

“ဂုဏ်ယူပါတယ်…ခင်ဗျားက အခု အသက်နှစ်ပေါင်း ၂၀၀၀‌ ကျော်လောက်အထိ တိုးသွားခဲ့ပြီ”

“ဟီးဟီး…မင်းအတွက်လည်းပဲ ဂုဏ်ယူပါတယ်” အရူးတာအိုပညာရှင်သည် နားရွက်ချိတ်လုမတတ်ပြုံးလိုက်သည်။

ဤအချိန်တွင် သူသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူ၏ သက်တမ်းသည် နှစ်ပေါင်း ၂၀၀၀ကျော်အထိ တိုးလာခဲ့သည်။ သူသည် ဂူသင်္ချိုင်းများကို ဖောက်ထွင်းသည့်အခါ သူ့သက်တမ်းကို စိုးရိမ်နေစရာမလိုတော့ချေ။

ဤသက်တမ်းဖြင့်ဆိုလျှင် အနာဂတ်တွင် ကြီးကြီးမားမားစွမ်းဆောင်နိုင်ပေလိမ့်မည်။

ထိုသို့တွေးပြီး အရူးတာအိုပညာရှင်သည် နှုတ်ခမ်းသပ်လိုက်ကာ လေဟာနယ်သို့ မျှော်လင့်တောင့်တစွာကြည့်လိုက်သည်။

ထိုနေရာတွင် ငါးကြီးကြီးများရှိပေသေးသည်။ အကယ်၍ သူတို့အားလုံး၏ သက်တမ်းအား စုပ်ယူနိုင်ခဲ့လျှင် …

သူသည် ပို၍တွေးတောလေလေ ပို၍တောင့်တလာလေလေပင်။

တူညီစွာပင် လင်းဝူတသည်လည်း တခြားသူများ၏ ရောက်ရှိလာမှုကို စောင့်မျှော်နေလိုက်သည်။

“ချောင်ယင်ယန်ကိုတော့ သတ်ပြီးပြီ။ အခုနောက်ထပ်အနေနဲ့ ရွှမ်ထျန်းဂိုဏ်းနဲ့ ထျန်းရှင်းဓားဂိုဏ်းက လူတွေအလှည့်ပဲ။ သူတို့ထဲမှာ ဒဏ္ဍာရီလာနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေတဲ့ ဘိုးဘေး သုံးယောက်ပါတယ်။ ကျုပ်တို့ ဂရုမစိုက်လို့ မရဘူး။ ကျုပ်အထင် မကြာခင် သူတို့ရောက်လာလိမ့်မယ်။ ကျောက်တုံးစေတီကိုသွားပြီး သူတို့ကိုသတ်ဖို့အတွက် ထောင်ချောက်ဆင်ကြစို့” လင်းဝူတသည် အသံနှိမ့်လျက်ပြောလိုက်သည်။

“ကောင်းပြီ”

အရူးတာအိုပညာရှင်သည် သူ၏ အကြံပြုချက်ကိုကြားသည့်အခါ သဘာဝကျကျပင် အလွန်ပျော်ရွှင်သွားခဲ့သည်။

ထိုသို့ဖြင့် သူတို့သည် ခြေရာလက်ရာများကို ရှင်းလင်းလိုက်ပြီး နဂါးမွေးမြူရေးရေကန်မှထွက်ခွာခဲ့ကြကာ ကျောက်တုံးစေတီဆီသို့ ဦးတည်လိုက်ကြသည်။

“ဝှစ်”

“ဝှစ်”

“ဝှစ်”

လင်းဝူတနှင့် အရူးတာအိုပညာရှင်တို့ ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် လီဖန်ထျန်း၊ ဖူထျန်းချွယ်နှင့် တခြားသူများသည် အသီးသီးရောက်ရှိလာခဲ့ကြသည်။ တစ်ယောက်ချင်းစီ ထုတ်လွှတ်ထားသောစွမ်းအားပြည့်ဝသည့်အော်ရာသည် လေဟာနယ်ကိုပင် တုန်ရင်စေပြီး အေးခဲ့လုမတတ်ဖြစ်နေသည်။

“ဒီနေရာမှာ အလွန်ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့တယ်” ဖူထျန်းချွယ်သည် ပြောလိုက်သည်။

ဤအချိန်တွင် သူတို့သည် ထိတ်လန့်ဖွယ်ကောင်းသောဓားအော်ရာနှင့် ထူးကဲသောတာအိုလက်နက်၏အော်ရာကို ခံစားမိလိုက်ကြသည်။

ချောင်ယင်ယန်သည် သူတို့ရှေ့မှ အရင်ရောက်ရှိသွားခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။

“ဟမ်…သူက အတော်မြန်တာဘဲ” ဖန်ချင်ထျန်းသည် တာရီနတ်ဆိုးဂိုဏ်း၏ ဘိုးဘေး လီဖန်ထျန်းကို စောင်းငဲ့ကြည့်လျက်ပြောလိုက်သည်။

သူတို့သည် နဂါးမွေးမြူရေးရေကန်တွင် အကြာကြီးမနေခဲ့ကြချေ။ သူတို့သည် သူတို့၏ အမြန်ဆုံးနှုန်းကို အသုံးပြုလျက် တတိယအဆင့်၏ အနက်ပိုင်းထဲသို့ အလျင်အမြန်ဝင်ရောက်သွားခဲ့ကြသည်။

သို့သော် တခြားသူများသည် စိတ်အားထက်သန်နေသော်လည်း လီဖန်ထျန်းသည် မျက်မှောင်ကြုတ်နေခဲ့သည်။

သူ၏ နှလုံးသားထဲတွင် အလွန်သန်မာသော မလွယ်ကူမှုကို ခံစားလိုက်ရသည်။

သူသည် ဒဏ္ဍာရီလာနယ်ပယ် ပြီးပြည့်စုံသောအဆင့်ဖြစ်သည့်အလျောက် အလွန်ပြင်းထန်သော ထူးကဲသောတာအိုအော်ရာကို ခံစားနိုင်သည်။ ၎င်းသည် သူ့တာရီနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းစောင့်ရတနာအော်ရာပင်။

တူညီစွာပင် ချောင်ယင်ယန်၏ အော်ရာသည်လည်း ရှိနေပေသည်။

“ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးက သေသွားပြီလား။ ချောင်ယင်ယန်က သတ်လိုက်တာလား၊ ဒါမှမဟုတ် မသေသေးဘဲ တတိယအဆင့်အနက်ပိုင်းထဲကို ဝင်သွားတာလား။ ဆိုးဆိုးဝါးဝါးမဖြစ်ဖို့ဘဲမျှော်လင့်တယ်…” သူသည် သူ၏ နှလုံးသားထဲတွင် ဆုတောင်းလိုက်သည်။

ထို့နောက် သူသည်လည်း တတိယအဆင့်အနက်ပိုင်းထဲသို့ လိုက်သွားခဲ့သည်။

အဆင့်ကိုးဆင့် ကျောက်တုံးစေတီ…

“ဘုန်း”

လင်းဝူတသည် ထိုနေရာသို့ပြန်ရောက်ရောက်ချင်း တယန်ဓားကို မူလနေရာအတိုင်းပြန်စိုက်ထားလိုက်သည်။

“ဒါက ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်ဘဲ။ မင်းမလိုချင်ဘူးလား” အရူးတာအိုပညာရှင်၏ မျက်လုံးများတွင် အံ့ဩမှုများဖြင့်‌ပြည့်နေသည်။

လင်းဝူတသည် နှာခေါင်းရှုံ့လိုက်သည်။

“တကယ်လို့ သည်းမခံနိုင်ရင် လိုချင်တဲ့ရလဒ်ရမှာမဟုတ်ဘူး။ ဒီနေရာမှာ ထူးကဲသောတာအိုလက်နက်ကတစ်ခုတည်းရှိပေမဲ့ အင်အားစုကြီး သုံးခုရောက်လာခဲ့တယ်။ တကယ်လို့ သူတို့ကို အချင်းချင်းတိုက်ခိုက်အောင် မလုပ်နိုင်ရင် သူတို့ကို သတ်ဖို့နည်းလမ်းရှိမှာမဟုတ်ဘူး။ သူတို့အားလုံး ဒဏ်ရာရနေတဲ့အချိန်မှာ ကျုပ်တို့က အလွယ်တကူဖမ်းလိုက်ရုံပဲ” လင်းဝူတ၏ အေးစက်သောအသံသည် ထွင်ပေါ်လာခဲ့သည်။

“အံ့ဩစရာဘဲ” အရူးတာအိုပညာရှင်သည် လက်ခုပ်တီးလျက်ချီးမွမ်းလိုက်သည်။

ဤနေရာတွင် ထူးကဲသောတာအိုလက်နက်တစ်ခုသာရှိပေသည်။ အင်အားစုကြီး သုံးခုသည် ဤလက်နက်ကို ရရှိရန် သေချာပေါက် အချင်းချင်းတိုက်ခိုက်ကြပေလိမ့်မည်။

ထိုသို့ဖြစ်ပျက်လာခဲ့လျှင် သူတို့တွင် သူတို့အားသတ်ရန် အခွင့်အရေးရှိလာပေပြီ။

ထိုသို့တွေးပြီး လင်းဝူတနှင့် အရူးတာအိုပညာရှင်သည် လေဟာနယ်ထဲတွင် ပုန်းအောင်းနေလိုက်ကြပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်ကြသည်။

“ဝှစ်”

“ဝှစ်”

“ဝှစ်”

မကြာမီ ဖူထျန်းချွယ်နှင့် တခြားသူများသည် အလွန်ပြင်းထန်သော အော်ရာကို ထုတ်လွှတ်လျက် ရောက်ရှိလာခဲ့ကြသည်။

“ချီးဘဲကွာ… တစ်ယောက်ယောက်က ဒီနေရာကို အရင် ရောက်သွားခဲ့ပြီ”

ကျောက်တုံးစေတီ၏ အတွင်းပိုင်းကိုကြည့်လျက် သူတို့၏ အမူအရာသည် မဲမှောင်သွားခဲ့သည်။

“ဂိုဏ်းချုပ်ချောင်က မြန်လွန်းတာပဲ။ သူက စွပ်ပြုတ်တစ်ခွက်လုံးကိုသောက်သွားခဲ့တယ်၊ ငါတို့အတွက် အသားဖတ်လေးတောင် ချန်မထားခဲ့ဘူး။ ဒါက နည်းနည်းတော့များသွားပြီ” ဖူထျန်းချွယ်၏ မျက်လုံးများတွင် မကျေမနပ်မှုများနှင့် ပြည့်သွားခဲ့သည်။

“ဟမ်း…အရင်‌ရောက်သူ အရင်ရမှာပဲ၊ ဘာမှ မကျေမနပ်ဖြစ်နေစရာမလိုဘူး” လီဖန်ထျန်းသည် တည်ငြိမ်စွာဖြင့် တုန့်ပြန်လိုက်သည်။

ဤအချိန်တွင် ကျောက်တုံးစေတီထဲမှ ရတနာများအား ချောင်ယင်ယန်က ယူသွားခဲ့ပြီဟု သူသည်ပင်‌ ထင်မိသွားခဲ့သည်။

ထို့ကြောင့် သူသည် အလွန်ပျော်ရွှင်သွားခဲ့သည်။

“သွားကြစို့…တကယ်လို့ ကျုပ်ထင်တာမမှားရင် ချောင်ယင်ယန်က နဝမအထပ်မှာရှိလိမ့်မယ်။ အကျိုးအမြတ်အားလုံးကို သူတစ်ယောက်တည်း ယူဆောင်ခွင့် မပေးနိုင်ဘူး”

ဖန်ချင်ထျန်း၏ အမူအရာသည် အေးစက်သွားခဲ့သည်။

ထိုသို့ပြောပြီးနောက် သူသည် ခြေတစ်လှမ်းလှမ်းလိုက်ကာ ချက်ချင်းပင် နဝမအထပ်သို့ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း သူတို့သည် ရောက်ရှိလာသည့်အခါ မျက်မှောင်ကြုတ်လိုက်မိကြသည်။ ဤနေရာတွင် ချောင်ယင်ယန်သည် ရှိမနေချေ။

“သူဘယ်မှာလဲ”

လူတိုင်းသည် အချင်းချင်းကြည့်လိုက်မိကြသည်။

သူတို့သည် ပဟေဠိဖြစ်နေကြသော်လည်း ထိုကိစ္စကို အများကြီး တွေးတောနေခြင်း မရှိကြတော့ချေ။

သူတို့နှင့် မဝေးသောနေရာတွင် တယန်ဓားကိုမြင်လိုက်ရ၍ပင်။

“တယန်ဓား”

လူတိုင်း၏ စိတ်ဝိညာဉ်သည်တက်ကြွသွားခဲ့ကြပြီး သူတို့၏ မျက်လုံးများတွင် လောဘများဖြင့် ပြည့်နေကြသည်။

တယန်ဓားသည် အတိတ်တုန်းက တယန်ဂိုဏ်း၏ ဂိုဏ်းစောင့် လက်နက်တစ်ခုဖြစ်သည်။ ထူးကဲသောတာအိုကန့်သတ်ချက် ၃၆ခုဖြင့် ပြုလုပ်ထားသည့် ထူးကဲသောတာအို စိတ်ဝိညာဉ်လက်နက်တစ်ခုဖြစ်သည်။ ၎င်းသည် အလွန်အဆင့်မြင့်သည်ဟု ပြောနိုင်ပေသည်။

ရွှမ်ထျန်းဂိုဏ်း၏ ရွှမ်ထျန်းချိပ်တံဆိပ်ဖြစ်စေ၊ ထျန်းရှင်းဓားဂိုဏ်း၏ ချီရှောင်ဓားဖြစ်စေ ယှဉ်နိုင်သော အရာမဟုတ်ချေ။

၎င်းကို ရရှိလျင် သူတို့၏ ခွန်အားသည် အကြီးအကျယ် တိုးတက်သွားပေလိမ့်မည်။ ထိုအခါ သူတို့သည် ကျိုကျို့ကုန်းမြေကို လွှမ်းမိုးနိုင်ပေလိမ့်မည်။

ထိုသို့တွေးပြီး သူတို့၏မျက်လုံးများသည် လောဘများဖြင့်ပြည့်နှက်သွားခဲ့သည်။

“ဘုန်း”

ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်၏ ဆွဲဆောင်မှုသည် ကြီးမားလွန်းပေသည်။

တယန်ဓားကို မြင်သောအခါ ဖူထျန်းချွယ်သည် ချောင်ယင်ယန်၏ ကိစ္စကို တွေးတောခြင်းမရှိတော့ချေ။ သူသည် ရွှမ်ထျန်းချိပ်တံဆိပ်ကို ထုတ်ယူလျက် ချက်ချင်းပင် အသုံးပြုလိုက်သည်။

ထိုသို့မြင်သောအခါ သူ့ဘေးရှိ ဖန်ချင်ထျန်းသည် လျှင်မြန်စွာတုန့်ပြန်လိုက်သည်။ သူသည် အလျင်အမြန် ချီရှောင်ဓားကို ဆွဲထုတ်လိုက်သည်။ ၎င်းသည် လွှမ်းမိုးမှုရှိစွာဖြင့် ရွှမ်ထျန်းချိပ်တံဆိပ်အား ခုတ်ချလိုက်သည်။

“ဘုန်း”

ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်နှစ်ခုထိပ်တိုက်တွေ့ခြင်းမှ ထွက်ပေါ်လာသည့် ထိတ်လန့်တုန်လှုပ်ဖွယ်အင်အားသည် ကျောက်တုံးစေတီအား လုံးဝပြိုကျပျက်စီးသွားစေသည်။

“ဖန်ချင်ထျန်း…မင်းဘာလုပ်တာလဲ” ဖူထျန်းချွယ်သည် သူ့ကို မဲမှောင်စွာကြည့်လိုက်သည်။

“ဟမ်း… မြင်တဲ့သူတိုင်း ရယူခွင့်ရှိတယ်။ တယန်ဓားက မင်းပိုင်တာမဟုတ်ဘူး” ဖန်ချင်ထျန်းသည် သူ့လက်ထဲတွင် ချီရှောင်ဓားကိုကိုင်လျက် အေးစက်စွာပြောလိုက်သည်။

“ဟတ်… တယန်ဓားကို ငါယူချင်နေတယ်လို့ မင်းထင်‌နေတာလား”

“ဒီလိုမဟုတ်ဘူးပေါ့”

“လုံးဝမဟုတ်ဘူး။ တယန်ဓားက ထူးကဲသောတာအိုကန့်သတ်ချက် ၃၆ခုနဲ့ပြုလုပ်ထားတာ။ မင်းရဲ့ချီရှောင်ဓားဖြစ်စေ၊ ငါ့ရဲ့ ရွှမ်ထျန်းဓားဖြစ်စေ သူ့ပြိုင်ဘက်မဟုတ်ဘူး။ အတူတူပူးပေါင်းမှသာ အဲဒီဓားကို ရနိုင်မှာ။ အရင်ဆုံး တယန်းဓားကို ဖိနှိပ်ပြီးမှ ဘယ်သူပိုင်ဆိုင်မလဲဆုံးဖြတ်ကြမယ်” ဖူထျန်းချွယ်သည် အကြံပြုပြောဆိုလိုက်သည်။

ထိုသို့ကြားသည့်အခါ ဖန်ချင်ထျန်းသည် သူ့အားစိုက်ကြည့်လိုက်ပြီး တခဏလောက်တွေးတောလိုက်ကာ ခေါင်းညိတ်လိုက်သည်။

“ဒီလိုဆိုမှတော့ အတူတူတိုက်ခိုက်ကြတာပေါ့”

ဖူထျန်းချွယ်သည် ရွှမ်ထျန်းချိပ်တံဆိပ်အားအသက်သွင်းပြီး အဝေးမှ နေ၍ တယန်ဓားအား ဖိနှိပ်လိုက်သည်။ တချိန်တည်းတွင် ဖန်ချင်ထျန်းသည် ချီရှောင်ဓားကို ဆွဲထုတ်လိုက်သည်။

သူတို့သည် တယန်ဓား၏ ထူးကဲသောတာအိုစွမ်းအားကိုဖိနှိပ်ရန် သူတို့၏ လက်နက်များကို အသုံးပြုလိုက်သည်။

ကံဆိုးစွာပင် စိတ်ကူးသည် ကောင်းသော်လည်း အဖြစ်မှန်က ရက်စက်ပေသည်။

လင်းဝူတသည် သူတို့အား အဆက်မပြတ် လေ့လာနေခဲ့သည်။

“ဘုန်း”

ရွှမ်ထျန်းချိပ်တံဆိပ်နှင့် ချီ‌ရှောင်ဓားတို့သည် သူတို့၏ လက်ထဲမှ ထွက်ခွာသွားစဉ်တွင် ထူးဆန်းသောလက်ကြီးတစ်ခုသည် လေဟာနယ်ထဲမှ ရုတ်တရက် ထွက်လာပြီး ထိုလက်နက်နှစ်ခုကို လျှပ်စီးလက်သကဲ့သို့ ဖမ်းယူလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset