Switch Mode

Chapter – 229

စိတ်အားတက်ကြွခြင်း

Chapter – 229 စိတ်အားတက်ကြွခြင်း

သိုင်းပညာရှင်တစ်ဦးအတွက် သုံးလဆိုတာ သိပ်ပြီး ကြာမြင့်လှသည့် ကာလမဟုတ်ချေ ။ ခပ်မြန်မြန်ပင် ကုန် ဆုံးသွားပါတယ် ။ ချန်ရှန် ဟာ ယခုအခါ အဆင့် ၃ စစ်မှန် သော သိုင်းပညာရှင် တစ်ဦးဖြစ်နေပြီ ဖြစ်ကာ အစွမ်းထက် လှသော မိစ္ဆာကျင့်စဉ်များကိုလည်း တတ်မြောက်ထားပြီး ပါ ပြီ ။ သူ့အစွမ်းအား အဆင့် ၄ ပညာရှင်ထက်ကို သာလွန် ကာ အဆင့် ၅ ပညာရှင်နီးနီးသို့ ရောက်ရှိနေပြီ ဖြစ်တယ် ။ သို့သော်လည်း ဒါဟာ သာမန် ပညာရှင် အဆင့်အတန်းကို ဆိုလိုခြင်း ဖြစ်ပြီး သူသာ တကယ်လို့ ပိုကောင်းတဲ့ ဝိဉာဉ် တော် စွမ်းအားများ ၊ နတ်အတွင်းအား သွေးကြောရှိသော သူများ ၊ ထူးထူးခြားခြား သိုင်းစွမ်းရည် တတ်သော သူများ နှင့် ရင်ဆိုင်တွေ့ ရပါက ဟန်နိုင်မည် မဟုတ်ချေ ။
ရှောင်ဒို တို့လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးတဲ့ အခါ မှာတော့ ၎င်းတို့ အားအင်များ အတော်တိုးတက်လာ ပြီ ဟု ချန်ရှန် ခံစားလိုက်မိပါတယ် ။ တစ်ဦးချင်းစီတွင် ကောင်းမွန်လှသည့် စွမ်းအင် ၊ ကြီးစွာသော အဟုန် နှင့် ၎င်း တို့ ကိုယ်တွင်းရှိ စစ်မှန်သော ချီဓာတ်ပမာဏမှာလဲ များ ပြား စွာ ရှိနေကြပါပြီ ။ အချိန်ခဏအတွင်းမှာပဲ ၎င်းတို့ ဟာ သွားရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ပါတယ် ။ သူ့ကို အံ့သြစေသည့် အချက်မှာ လဲရှောင်လင် တို့ သုံးယောက် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ၂ သို့တက် လှမ်း နိုင် သွားလို့ပါပဲ ။ သူတို့ဟာ တည်ဆောက်ရေးဆေး ဒုတိယ အလုံးကို စားသုံးလိုက်တာ ဖြစ်ပြီး သိပ်မကြာတဲ့ အချိန် အတွင်းမှာပဲ လျင်မြန်စွာ တိုးတက်လာတာပါ ။ ၎င်း တို့ လေ့ကျင့်နေစဉ်ကာလအတွင်း ဆေးများစွာ စားခဲ့တာ လည်း ပါပါတယ် ။
ဒီရက်တွေမှာ ချန်ရှန် ဆေးဆရာမကြီးကို မတွေ့ မိပါ ချေ ။ သူမစကားအရ သွားစရာ ရှိလို့ဟုသာ သိထားပါ တယ် ။
“မင်းတို့ ပထမဆုံး မင်းတို့ မိသားစုတွေဆီ သွားနှုတ် ဆက် လိုက် ။ သုံးရက်ကြာရင် တွေ့ ဆုံမယ့် နေရာကို ပို့ ပေးမယ်”
ဂုဒွန်ချန် ပြောလိုက်တာပါ ။
ယောင်ဟိုင်ရှန်း သူ၏ နားခိုရာသို့ ပြန်သွားပြီး သူလဲ ဆေးပင်များ စိုက်ပျိုးထားပါတယ် ။ သူ့အနေဖြင့် ၎င်းအပင် များအား တစ်ဦးဦးကို လက်လွှဲပေးခဲ့ရန် လိုအပ်သည် မ ဟုတ်ပါလား ။ ဇုရွန် လည်း သူ့ဦးလေး ဟိုဒုန်ဂျင် နောက် သို့ လိုက်ပါသွားတယ် ။ ရှောင်ဒို နှင့် ဆူဝဲလောင် တို့မှာလဲ ၎င်းတို့ မိသားစု ရှိရာသို့ အသီးသီး ထွက်ခွာသွားကြပါတော့ တယ် ။
ချန်ရှန် လည်း သူ့အပြင်ကမ္ဘာဆီသို့ သွားချင်ပေမယ့် အချိန်မရှိတော့ပါချေ ။ သူ စွန့်ပစ်နယ်မြေမှ ပြန်လာမည့် အချိန်မှသာ သွားရန် ဆုံးဖြတ်လိုက်တယ် ။ သူထွက်ခွာ တုန်းက နှင့် နှိုင်းယှဉ်ပါက ဘယ်လိုတွေများ ကွာခြား မှု ရှိနေမလဲ ဆိုတာ သိပ်ကို သိချင်နေပါတယ် ။
“ကွမ်ချင် ၊ မင်း မပြန်ဘူးလား”
ချန်ရှန် မေးလိုက်တယ် ။
“မပြန်တော့ဘူး ၊ ငါ့မိသားစုမှာ ဘယ်သူမှ မရှိဘူး”
ဝုကွမ်ချင် ခပ်တိုးတိုး ပြန်ဖြေပါတယ် ။
“ဆောရီးပါဗျာ”
ချန်ရှန် သက်ပြင်းချပြီး အလျင်အမြန် ပြန်ပြောလိုက် ပါ တယ် ။
“ကိစ္စမရှိပါဘူး ။ ငါ ဆေးဘုရင်ခြံဝန်း ကိုပြန်ရမယ် ၊ ဆေးပညာတွေ သင်ယူစရာရှိသေးတယ်”
ဝုကွမ်ချင် ပြုံးလျက် ပြန်ဖြေပါတယ် ။ အတော် စိတ် ဓာတ် ခိုင်မာပုံရသည့် မိန်းကလေး တစ်ဦးအသွင်ပါပဲ ။
ဝုကွမ်ချင် ထွက်သွားပြီးနောက် ချန်ရှန် လျန်မင်ဒုန် တို့ သုံးသီးအား ကြည့်လိုက်တယ် ။
“မင်းတို့ကကော”
“ကျွန်တော်တို့က ဒီမစ်ရှင်ပြီးမှပဲ ပြန်တော့မယ်လို့ ဆုံး ဖြတ် ထား ကြတယ်”
လျန်မင်ဒုန် ပြုံးကာ ပြောလိုက်တယ် ။
“ကျွန်တော်တို့ မိသားစုဟာ ဒီ မိစ္ဆာမျိုးမစစ်တွေ လုပ် လို့ ဒုက္ခရောက်ခဲ့ရပြီးပြီ ။ ဂိုဏ်းချုပ်ကြောင့်သာ မဟုတ် ရင် အဲဒိကောင် ၂ ကောင်လောက်ကို သွားသတ်ပြီးပြီ’
လဲရှောင်လင် ဒေါသတကြီး ပြောဆိုပါတယ် ။
“မတတ်နိုင်ဘူး ၊ ငါတို့ ဂိုဏ်းချုပ်စကားကို နားထောင် ရမှာပါပဲ ။ ကျွန်တော်လည်း အဲကောင်တွေကို သတ်ချင်လှ ပြီ”
လဲဇောင် ခေါင်းကုတ်ကာ ပြောပါတယ် ။
“သွားသောက်ကြစို့ ၊ ငါတိုက်မှာပါ’
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။
ပြောရင်းဆိုရင်း ၎င်းတို့ဟာ ၀င်ပေါက်ဆီ ဦးတည် လိုက်ကြတယ် ။ လမ်းလျှောက်လာရင်းဖြင့် နောက်မှ အော်သံတစ်ခု ကြားလိုက်ရတယ် ။
“မင်းတို့ သုံးယောက် ရပ်လိုက်”
ချန်ရှန် တို့ ချက်ချင်း လှည့်ကြည့်လိုက်ကြတယ် ။ လူ ၁၀ ယောက်လောက်ကို မြင်တွေ့ လိုက်ရပြီး အားလုံးဟာ အဆင့် ၁၀ မော်တယ် ပညာရှင်တွေပါ ။ သူတို့ မျက်နှာများ ဟာ ခက်ထန်လှပြီး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပုံပါပဲ ။
“မင်းတို့လူနှစ်ယောက်ကို သူတို့ သတ်တာမလား”
ချန်ရှန် ပြုံးရင်း မေးလိုက်တယ် ။
“ဟုတ်တယ် ၊ သူတို့ပဲ ။ ဒီကောင်တွေ သေပြီသာ မှတ်တော့”
လဲရှောင်လုံ လက်သီးဆုပ်ကာ ဒေါသတကြီး ပြောဆို ပါ တယ် ။
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် –
“နှစ်ယောက်ကို သတ်လိုက် ၊ ကျန်တာကို ဒဏ်ရာရ ရုံ လုပ်”
“ဘယ်လို ၊ နှစ်ယောက်ကို သတ်ရမှာလား”
လဲရှောင်လုံ တခဏမျှ အံ့သြသွားတယ် ။ သူတို့ဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း အပေါက်ဝမှာ ဖြစ်ပြီး တိုက်ခိုက်ခြင်း က ဘာမှတော့ မဖြစ်ပေ ။ ဒါပေမယ့် သေ သွားတယ့် ထိဆိုရင်တော့ နည်းနည်း အန္တရာယ် ရှိပါပေ တယ် ။
“အကိုတော် ချန် ၊ သိပ်ပြီး မသင့်တော်ဘူး ထင်တယ် ၊ နောက် ကျွန်တော်တို့က ၀င်ပေါက်တင် ရှိသေးတယ်နော်”
လျန်မင်ဒုန် မျက်မှောင်ကြုတ်ကာ ပြောပါတယ် ။
“သတ်မယ် ဆိုရင်လည်း ဘယ်သူမှ မရှိတယ့်နေရာ ဆို မှ ပိုမကောင်းဘူးလား”
လဲဇောင် လည်း နည်းနည်း စိုးရိမ်နေပုံပါ ။
ချန်ရှန် က ရယ်မောကာ
“အေးဆေးပါ ၊ မင်းတို့က တောင်ပိုင်း စွန့်ပစ်နယ်မြေ မှာ သွားစွန့်စားရမယ့် လူတွေ ။ ဂိုဏ်းချုပ်က မင်းတို့ကို ဘာ မှ မလုပ်ပါဘူး ။ နောက် ဒါက မင်းတို့အတွက် တရားမျှတ မှုကို ယူရမယ့် အချိန်ပဲ ။ သူတို့က မင်းတို့ လူနှစ်ယောက် ကို သတ်ခဲ့တယ် မလား ၊ သွေးကြွေးဆပ်ရမှာပေါ့”
“ကောင်းပြီ”
လျန်မင်ဒုန် ရဲ့ ပုံစံဟာ ရက်စက်မယ့်ပုံ ပေါက်သွား သလို ပါပဲ ။
လဲရှောင်လင် လည်း သူက လက်သီးကို ဆုပ်ကာ ရယ် မောပြီး –
“ခွေးကောင်တွေ ၊ ဒီနေ့ မင်းတို့ကို ခွင့်မလွှတ်နိုင်ဘူး”
ပြောနေရင်းဖြင့် သူ့တို့ ညီအကို ပြေးထွက်သွားကြ တယ် ။ လျန်မင်ဒုန်လည်း နောက်မှ လိုက်သွားပါတယ် ။
သုံးယောက်သားဟာ လျင်မြန်လှပြီး ဒါတောင်မှ သူ တို့ ၏ စွမ်းအား အကုန် မဟုတ်သေးပါဘူး ။ လူငယ်တွေ ဟာ လဲရှောင်လင် နှင့် လဲဇောင်တို့၏ ဒဏ်ကို ဘယ်လိုမှ မခံ နိုင် တော့ပဲ ရှောင်တိမ်းချိန်ပင် မရလိုက်ပါ ။ အချို့ မှာ နံရံ ပေါ်သို့ လွင့်ထွက်ပြီး တခဏအတွင်းမှာပဲ ဒဏ်ရာတွေ ရ ကုန်ပါတယ် ။
လျန်မင်ဒုန် ကတော့ ညီအကိုနှစ်ယောက်လို သိပ် မ ရက်စက်ပါ ။ ယပ်တောင်တစ်ခု ကို အသုံးပြုကာ ထိုလူများ ၏ မျက်နှာအား ခပ်ပျော့ပျော့ပင် ရိုက်ချနေပါတယ် ။ သူ့ တိုက်ခိုက်မှုဟာ ညင်သာပေမယ့် ဒီလို ညင်သာမှုကပင် လူငယ်များ အော်ဟစ်နေစေပါတယ် ။ ယပ်တောင်ရိုက် ချက်များမှာ လေများလိုက်ပါလျက် သွားများကျွတ်ကာ ပါး စပ်မှ သွေးများ ထွက်လာစေပါတော့တယ် ။
ဒါဟာ စစ်မှန်သော ပညာရှင် ၏ စွမ်းအားပါပဲ ။ သူတို့ ဟာ ဒီ မတိုင်ခင်က အဆင့် ၁၀ သာ ရှိသောကြောင့် ဒီ လို လူအုပ်ကြီးကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး ။ အားလုံး တိုက် ခိုက်ရင်တောင်မှ ဒီလူတွေကို ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ချေ ။ သို့သော်လည်း ယခုအခါမှာတော့ သူတို့၏ သာမန် တိုက်ခိုက်မှုနဲ့တင် လူငယ်များမှာ ဒဏ်ရာအပြင်း အထန် ရရှိလျက် ရှိနေတယ် ။
“မင်း . . . မင်း တို့ စစ်မှန်သော သိုင်းပညာရှင်တွေ လား”
လူငယ်တစ်ဦးက မေးလိုက်တယ် ။ ယခင်က ချောမော ခန့်ညားလှသော သူ၏ မျက်နှာမှာ ယခုအခါ လဲရှောင်လုံ ၏ ထိုးနှက်ချက်များကြောင့် စုတ်ပြတ်လျက် ရှိပါတယ် ။
လဲရှောင်လင်တို့ဟာ သက်ကြီး ခြံဝန်း၏ လေ့ကျင့်ပေး မှုကြောင့် အဆင့်တူ ပညာရှင် နဲ့ ရင်ဆိုင်ရမယ် ဆိုရင် တောင်မှ ၎င်းတို့ ကို နိုင်ရန် မလွယ်ကူလှချေ ။ ဒါ့အပြင် ၎င်း တို့ဟာ ကြိုးလည်းကြိုးစား ပါရမီလည်း ရှိကြသောကြောင့် ၎င်းတို့၏ ချီဓာတ်များမှာ အတော်ပင် ပြင်းထန်လျက်ရှိပါ တယ် ။
“ဟုတ်တယ် ၊ အားနည်းသူတွေကို အနိုင်ကျင့်တတ် တယ့် မျိုးမစစ်ကောင်တွေ သေပေတော့”
လဲရှောင်လင် အေးစက်စွာပြောပြီး ထိုလူ၏ ရင်ဘတ် အား ကန်ပစ်လိုက်ပါတော့တယ် ။ ထိုအချိန်မှာပဲ ထိုလူ ၏ ရင်ဘတ်မှာ သွေးများဖြင့် ပြည့်နေပါတော့တယ် ။
လျန်မင်ဒုန် သူ၏ သံယပ်တောင်အား ဖွင့်ကာ လူတစ် ဦး ၏ လည်မျိုအား ရိုက်နှက်လိုက်တယ် ။ အော်သံကြီး မှာ စူးစူးဝါးဝါး ထွက်ပေါ်လာပြီး လဲကျသွားပါတယ် ။ ယခုအခါ လူအုပ်ကြီးဟာ ခိုကိုးရာမဲ့ပြေးလွှားကာ အော်ဟစ်နေကြပါ တယ် ။
“ကဲ ညီတော်တို့ ၊ သွားသောက်ကြစို့”
ချန်ရှန် အော်ပြောပါတယ် ။ လျန်မင်ဒုန် တို့ဟာ ဒီလူ များ ရဲ့ ဖိနှိပ်မှုကို အမြဲခံခဲ့ရတာ ဖြစ်ပြီး ဒီနေ့မှာတော့ သူတို့ ကိုယ် သူတို့ ဂုဏ်ယူလျက် စိတ်အားတက်ကြွနေကြပါ တယ် ။ သူတို့ရင်ထဲ အတော်ကို ကျေနပ်နေကြပြီး ဒီနေ့ သူတို့ ဒီလို ဖြစ်လာရတာဟာ ချန်ရှန်ကြောင့်ဆိုတာ သိကြ ပါ တယ် ။
ဟော်တယ် ရောက်သည့် အခါမှာတော့ ချန်ရှန် တို့ လည်း စားသောက်ရင်း စကားပြောဆိုနေကြပါတော့တယ်
သူတို့ ဟော်တယ်မှ ပြန်သောအခါ အတော်ညနက်နေ ပါ ပြီ ။ ချန်ရှန် ဆေးဘုရင်ခြံဝန်းထဲ ရောက်သည့်အခါ အခန်းတစ်ခုအတွင်း မီးအိမ် အလင်းရောင်ကို မြင်လိုက်ရ တယ် ။ ဒါ ဝုကွမ်ချင် ပါပဲ ။
ချန်ရှန် ဝုကွမ်ချင် နှင့် မတွေ့ ရသည်မှာ အတော်ကြာ ပြီ ဖြစ်ပါတယ် ။ သူမဟာ မီးဝိဉာဉ်တော် တစ်ခုကို ပိုင်ဆိုင် ထားသူ ဖြစ်ပြီး ဆေးပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ် ။ ချန် ရှန် သူမ ဘယ်ကို ရောက်နေလဲ ဆိုတာ အမြဲသိချင်နေ ခဲ့တာပါ ။
သူလည်း သွားပြီး ဝုကွမ်ချင် ၏ တံခါးကို ခေါက်လိုက် တယ် ။ ဝုကွမ်ချင် လည်း တံခါးဖွင့်လိုက်တယ့် အခါ ချန်ရှန် ကို မြင်လိ်ုက်ရတယ် ။ ဒါကြောင့် ပြုံးကာဖြင့် –
“ဘယ်လိုဖြစ်လို့လဲ”
“ဘာကိစ္စမှ မရှိပဲ ငါလာလို့ မရဘူးပေါ့”
ချန်ရှန် ရယ်မောကာ မေးလိုက်ပါတယ် ။
ဝုကွမ်ချင်လည်း ချန်ရှန်ကို ခေါ်ကာ လက်ဖက်ရည် ဖြင့် ဧည့်ခံပါတယ် ။
“ချန်ရှန် ၊ သူ့ရဲ့ အပြာရောင်ကြယ်မီး ဝိဉာဉ်တော် ကို ဖယ် ခိုင်းလိုက် ၊ ခင်ဗျား ရဲ့ ဟာကိုလည်း ဖယ် ၊ ပြီးရင် ခင် ဗျား ရဲ့ နေမီး ဝိဉာဉ်တော် နဲ့ သူ့ ဟာနဲ့ပေါင်းရင် ဘယ်လို ဖြစ်မလဲ ကြည့်ကြည့်ပါလား”
လောင်ဆုရီ သိချင်စိတ် ပြင်းပြစွာ ပြောလိုက်တယ် ။
မတူညီသော မီးဝိဉာဉ်တော် ပေါင်းစည်းခြင်းဟာ အ လွန် ကို ရှားပါးဖြစ်စဉ် ဖြစ်ပြီး အဘယ်ကြောင့်ဆိုသော ဒီ လို မီးဝိဉာဉ်တော် တွေ ရှိသူ အလွန်နည်းလို့ပါ ။ သို့ သော် လည်း ဆေးဘုရင်ခြံဝန်းမှာတော့ မီးဝိဉာဉ်တော် ရှိသူ သုံး ဦး ရှိနေပါတယ် ။ ဒါဟာ တကယ်ကို ကြုံတောင့်ကြုံခဲ ဖြစ် စဉ်ပဲ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset