Switch Mode

Chapter – 2

ချင်းရန်ရှင်းတန်

Chapter – 2 ချင်းရန်ရှင်းတန်

ရုတ်တရက်ဂျင်ချန်လက်ထဲရှိဓားသည်အလိုအလျှောက်
သူဘာသာထိမ်းချုပ်ပြီးမမျှော်လင့်ပဲဓားက
ဒူဂူးကွင်းဘီစီအလင်း၏အလျင်ကဲ့သို့ပျံသန်းသွားသည်။ ဓားရှည်၏အမြန်နှုန်းသည်စိတ်ကူးလို့မရအောင်
မြန်ဆန်ပြီးဒူဂူးကွင်းဘီ
သူလည်ပင်းကိုဓားထိုးဖောက်သွားမှသာဒူဂူးကွင်းဘီသူကိုဓားထိုးမိမှန်း သိခွင့်ရလိုက်သည်။ ထိုဓားတွင်အလွန်ထူးဆန်းပြီးပြင်းထန်လွန်းတဲ့ဓားချီတွေ
ပါဝင်နေခြင်းဖြစ်သည်။ဒူဂူးကွင်းဘီ၏ပြူးကျယ်စွာဖွင့်လျက်ရှိသောမျက်လုံးတိုသည် အလွင်တရာ
ကြောက်ရွံသွားကြောင်းအတိုင်းသားဖော်ပြနေသည်။ထိုဓားချက်ပြီးနောက်ဓားရှည်သည်လေအတွင်း
ခဏပျံသန်းပြီးနောက်
ဂျင်ချန်၏လက်အတွင်းသိုပြန်လည်ရောက်ရှိလာလေသည်။
ဒူဂူးကွင်းဘီမျက်လုံးကြီးပြူးလျက်ဓားအားမယုံကြည်စွာ စိုက်ကြည်နေသည်။ထိုကဲ့သိုသောထူးဆန်းမှုကို
သူကိုတောင်မြင်တွေခဲ့ရသည်မဟုတ်လား။
သူတစ်စုံတစ်ခုကိုပြောဖို့ပါးစပ်ကိုဖွင့်လိုက်ပေမယ့် ဓားကသူလည်ပင်းကိုထိုးဖောက်ပြီးဖြစ်နေလေသည်။

သူ၏နောက်ဆုံးအကြည့်တွင်မယုံကြည်ခြင်း
ကြောက်ရွံ့ခြင်းတို့ရောယှက်နေပြီး
မြေပြင်သိုဖြေးညင်းစွာဒူးထောက်ကျသည်။
ထာဝရသူမတ်တပ်ပြန်ရပ်နိုင်တော့မည်မဟုတ်ပေ။ဂျင်ချန်သူဓားကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ရင်း
ဒူဂူးကွင်းဘီ၏အလောင်းကိုကြည့်နေသည်။သူဘဝရဲ့
နောက်ဆုံးအချိန်မှာဓားနတ်ဘုရားအဆင့်သို့
သူတက်လှမ်းလာနိုင်လိပ်မယ်လို့သူမထင်ထားချေ။ ဒါပေမယ့်သူကိုယ်တိုင်ကလည်း
သေဖို့အင်မတန်နီးကပ်နေပြီဖြစ်သည်။
ဂျင်ချန်သက်ပြင်းတစ်ချက် ချလိုက်ပြီးသူ၏မျက်လုံးများသည် မှေးစင်းလာလေသည်။သူရဲ့အဆင့်တက်မှုကသူခန္ဓာကိုယ်အား စွမ်းအားတွေထောက်ပံ့ပေးသော်လည်း
သေခြင်းတရား၏လက်ကနေလွတ်အောင်တော့မစွမ်းနိုင်ပေ။
နောက်ဆုံးမှာတော့ဂျင်ချန်သည်ဒူဂူးကွင်းဘီသွားရာလမ်းသို့
ကောက်ကောက်ပါအောင်လိုက်သွားရလေတော့သည်။

ဂျင်ချန်နဲ့ဒူဂူးကွင်းဘီသေဆုံးသွားပြီးနောက်
ဓားပုံသဏ္ဍာန်တောင်ကြီးသည်စတင်တုန်ခါလာ ပြီးအလွန်ကျယ်လောင်သော
အသံကြီးမည်ဟည်းလာလေသည်။
ထိုတောင်ကြီးနှစ်တောင်ရှိမရေမတွက်နိင်သော
ကျောက်တုံးများသည်အရပ်လေးမျက်နာသို့
တဟုန်ထိုးလိမ့်ဆင်းလာကြသည်။ကောင်းကင်ကလည်းအစိမ်းရောင်နှင့်ခရမ်းရောင်များတောက်ပလာကာ
ပတ်ဝန်းကျင်တစ်ခုလုံးဆေးရေးပန်ချီချယ်သထားသကဲ့သို့အလွန်လှပလေသည်။
ထိုကဲ့သို့သော်မြင်ကွင်းကိုဂျင်ချန်ကော်
ဒူဂူးကွင်းဘီကော်မြင်တွေ့ခွင့်မရသွားကြချေ။
……………………………………………………………………
…………….
အင်မတန်ခန်းနားတင့်တယ်သော
စံအိမ်ဝန်းကြီးအတွင်း၍သားနားသောအဆောင်တစ်ခု၏အပြင်၍လူတစ်စုမတ်တပ်ရပ်နေကြသည်။
လူလတ်ပိုင်းအရွယ်ရှိလူတစ်ယောက်က
အဆောင်ရှေ့တွင်စိုးရိမ်ပူပန်စွာခေါက်တုန်ခေါက်ပြန် လမ်းလျှောက်နေလေသည်။

သူကအသက်၃၀လောက်ရှိပြီးသူကိုကြည်ရတာ
နန်းဆန်သောအရှိန်အဝါရှိလေသည်။သူကခန်ညားပြီးသူဝတ်ဆင်ထားသောရွှေရောင်လိုင်းပါသည်
ဝတ်ရုံကသူရဲ့ဥပတိရုပ်ကိုပိုမိုခန်ညားစေသည်။
ထိုအဆောင်၏အပြင်တွင် လူအယောက်၃၀ခန်မတ်တပ်
ရပ်နေကြပြီးသူတို့မျက်နှာတွင်စိတ်လှုပ်ရှားမှုကို
အထင်းသားတွေ့မြင်နိုင်သည်။ထိုလူအုပ်စုအတွင်း၍ အသက်အကြီးဆုံးလူများမှာအသက်၆၀
၇၀၀န်းကျင့်ရှိသည်။တခြားသူများကအသက်၃၀
ကျော်ဝန်းကျင်များဖြစ်ကြပြီးထိုသူများမှာကျားကဲ့သို့ သန်မာကြလေသည်။ထိုသူများကိုကြည့်ခြင်းဖြင့်
သာမာန်သူများမဟုတ်ကြောင်းခန်မှန်းနိုင်လေသည်။ထိုအဆောင်၏အတွင်း၍အမျိုးသမီးတစ်ယောက်
နာကျင်စွာအော်သံကိုကြားလိုက်ရသည်။
“သခင်မအားစိုက်ထာပါကလေးကအပြင်ထွက်ခါနီးပြီကျွန်မထပ်ပြောမယ်အားနည်းနည်းပိုထည့်ပါ
ကလေးကအပြင်ထွက်ခါနီးပြီး”
လက်သည်၏အသံများကလည်းထွက်ပေါ်လျက်
ရှိသည်။ထိုလက်သည်မှာအသက်ကြီးနေပြီဖြစ်ကြောင်း သူမ၏အသံကိုနားထောင်ရုံနဲ့သိနိုင်လေသည်။

အဆောင်၏အပြင်ဘက်တွင်ထိုလူငယ်မှာ
အလွင်အမင်းဆိုးရိမ်လျက်ရှိနေပြီး“အာ…
ဒါကအခုထိတောင်မမွေးနိုင်သေးတာတစ်ရက်နဲ့
တစ်ညရှိပြီရင်အာဘာပြသာနာများတက်လည်းမသိဘူး။ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်တော့ရင်းအာ
ဒုက္ခရောက်မှာ ငါအရမ်းဆိုးရိမ်တယ်” ထိုလူငယ်၏အသံမှာ အလွင်အမင်း ဆိုးရိမ်လျက်ရှိကြောင်းထင်ရှားလေသည်။
“သခင်ကြီးအရမ်းကြီးမစိုးရိမ်ပါနဲ့သခင်မရင်းအာ
သေချာပေါက်အဆင်ပြေမှာပါ။သခင်မရင်းအာ
ကသူတော်စင်မာစတာအဆင့်ရောက်ပြီးသားလေ”ဟုအဖြူရောင်ဆံပင်များနှင့်
အဖိုးကြီးကဝင်ပြောလေသည်။သိုသော်လည်း
သူမျက်ဝန်းများကစိုးရိမ်မှုကိုဖုံးကွယ်မထားနိုင်ချေ။ ထိုလူများအဆောင်အပြင်တွင်
နှစ်နာရီခန်ကြာအောင်စောင့်ပြီးနောက် အဆောင်အတွင်းမှစိတ်လှုပ်ရှားစွာ
အော်လိုက်သည့်အသံကိုကြားလိုက်ရသည်။
“သခင်ကြီး..သခင်ကြီး…သခင်မရင်းအာကလေးမွေးပြီ။

သခင်မကော်ကလေးကော်ဘေးကင်းကြတယ်။
ကလေးကယောကျာ်းလေးပါ။”
ထိုအသံကိုကြားပြီးနောက်စိတ်ပူစွာစောင့်နေသော ထိုလူငယ်သည်အလွင်ပျော်ရွင်သွားသည်။
သူမျက်နှာတွင်စိုးရိမ်ပူပန်မှုအစား
ပျော်ရွင်မှုကအစားထိုးသွားပြီး
သူမည်မျှပျော်သွားကြောင်းဖော်ပြရန်
စကားလုံးပင်ရှာ၍တွေ့မည်မဟုတ်ပေ။သူက တခါးအားတွင်းဖွင့်လိုက်ပြီး ထိုနေရာအားတစ်ခါမှမရောက်ဖူးသကဲ့သို့ပြေးဝင်သွားသည်။
သူ၏အမြန်နှုန်းမှာသာမာန်လူများလုပ်ပြဖို့မဖြစ်နိုင်ပေ။ ထိုလူငယ်သည်အိပ်ယာဘေးသိုဖြတ်ခနဲဆိုပေါ်လာပြီး ထိုင်ချလိုက်သည့်။ထိုနောက်ဆိုးရိမ်ပူပန်စွာဖြင့်ရင်းအာမင်းဘယ်လိုနေသေးလည်းအားလုံးအဆင်ပြေလား”’သူအမူအရာသည်စိတ်လှုပ်ရှားနေသည်မှလွဲ၍
သူအသံကညင်သာပြီးစိုးရိမ်သည့်ဟန်ပေါ်နေသည်။အိပ်ယာ၏အထက်၍အသက်၂၀ခန်
ရှိသောမိန်ကလေးတစ်ယောက်လဲလျှောင်းနေသည်။သူမ၏အသွင်အပြင်သည်အလွန်အင်မတန်
ချောမောလှပပြီးတစ်တိုင်းပြည်လုံးသူမအတွက်

တိုက်ပွဲများပင်ဖြစ်ပွားသွားနိုင်လေသည်။
သူမ၏မျက်နှာသည်အလွင်မောပန်းနေဟန်ပေါ်လွင်ပြီး
ဖြူဖတ်ဖြူရော့ဖြစ်နေသည်။ ဒါတောင်မှနတ်သမီးလေးအလားချောမောလှပမှုက
ပျောက်မသွားချေ။ထိုအမျိုးသမီးကသူမဘေးနားရှိထို
လူအားကြည့်ကာ“ယောကျာ်းကျွန်မအဆင်ပြေပါတယ်။
ကျေးဇူးပြု၍ ကလေးကိုသာ ပြပေးပါ”“အိုဟုတ်သားပဲ….ရင်းအာအဆင်ပြေရင်
အရာအားလုံးဖြစ်စေရမယ်”ထိုလူကပြုံးလိုက်ပြီးအနှီးဖြင့်ထုပ်ထားသော
ကလေးအားကြည့်လိုက်သည်။
သူတစ်ခုခုပြောဟန်ပြင်လိုက်စဉ်မီးဖွားပေး
သောအမျိုးသမီးကနေ မွေးကင်းစ ကလေးလေးအားချီထားရင်း“ငိုလိုက်ကလေးငိုလေ……
ကလေးကဘာလိုမငိုတာလည်းမသိ
ကျွန်မကလေးမွေးပေးလာတာအယောက်၉၀၀
ကျော်တော့မယ် ဒီလို မွေးမွေးချင်းမငိုတဲ့ ကလေးကိုပထမဆုံးတွေ့ဖူးတာပဲ”
သူမစကားပြောနေစဉ်အပြင်၍စောင့်နေသောလူစုကြီးသည် အခန်းတံခါး

ကိုဖွင့်၍ဝင်ခဲ့ကြလေသည်။သူတိုတစ်ယောက်ချင်းစီက
ပြုံး၍အိပ်ယာထက်
ရှိအမျိုးသမီးအားဝိုင်းဂုဏ်ပြုကြသည်။ ရင်းအာ၏ယောကျာ်းကပြုံး၍“ရင်းအာ
မင်းအရင်အနားယူသင့်တယ်ငါကလေးကို
အခုပဲသွားယူချည်မယ်”ဟုဆိုကာလက်သည်စီသို့
လျှောက်သွားလိုက်သည်။“ဘာဖြစ်တာလည်းကလေးမှာပြသာနာ
ရှိလို့လား?”သူကအသံကိုနှိမ်၍မေးလိုက်သည်။အချို့ကလေးများသည်
မွေးကတည်းက ရောဂါ များရှိတတ်သည်။ထိုအခြေအနေမျိုးသည်
တစ်ခါတစ်ရံဖြစ်တတ်သည်။ထိုကြောင့်သူ
မွေးကင်းစကလေးတွင်ရောဂါပါလာမည်ကိုစိုးရိမ်မိသည်။
သူမေးခွင်းကိုကြားလိုက်ရသောအခါမီးဖွားသည်က
ရိုသေလေးစားစွာပြန်ဖြေလိုက်လေသည်“သခင်ကြီး…… သခင်လေးမှာဘာပြသာနာမှမရှိပေမယ့်ကျွန်မရဲ့
၁၀နှစ်တာမီးဖွားမှုအတွေ့အကြုံ

အရမွေးကင်းစကလေးတိုင်းကငိုကြပါတယ်။ဒါပေမယ့်
သခင်လေးကတော့အသံလေးတစ်ချက်
တောင်မထွက်ပါဘူး။ဒါဟာ
အတော်ထူးဆန်းတယ်လို့ပြောလို့ရမယ်” ထိုသူကမွေးကင်းစကလေးအားကြည့်ရင်း
တစ်ချက်စဉ်းစားသွားသည်။ထိုကလေးငယ်၏
မျက်ဝန်းတို့ကတောက်ပနေပြီးအညစ်အကြေးတစ်စက် မှမရှိချေ။ကလေးကအလွန်ချစ်စရာကောင်းပြီးသူ့တွင် မည်သည့်ပြသာနာ
မှမရှိကြောင်းသိသာသည်။သိုသော်ထိုကလေး၏မျက်ဝန်းများတွင်း၍မျက်စံ
သည်အနက်ရောင်တောက်နေပြီးမည်သည့် အဆင်းအစက်ကလေး
မျှမရှိချေ။ထိုလူသည်မယုံကြည်နိုင်စွာ
ကြည့်ရင်းခေါင်းအားခါရမ်းမိသည်။ထိုသူကကလေး၏ဗိုက်ပေါ်တွင်လက်ကလေးတင်လိုက်
ရာသူလက်ကနေအဝါရောင်အလင်းတန်းကလေးထွက်လာလေသည်။
ထိုလူ၏လှုပ်ရှားမှုအားကြည့်ရင်းမီးဖွားပေးသည်အမျိုးသမီးသည်စိတ်မသက်

မသာခံစားလိုက်ရသည်။သူမကအားလုံးတွင်
အဆင့်အနိုမ့်ဆုံးလက်သည်ဖြစ်
သည်။အကယ်၍ကလေးတွင်ပြသာနာတစ်စုံတစ်ရာရှိပါကထိုလူသူမကို
အပြစ်တင်လျှင်သူမဘယ်လိုမှငြင်းဆန်ရန်အင်အား
ရှိမည်မဟုတ်ပေ။
ထိုလူငယ်ကသူလက်အား
လျင်မြန်စွာပြန်ရုပ်သိမ်းလိုက်သည်။ထိုနောက်စိတ်
အေးလက်အေးဖြစ်သွားသည့်ပုံစံဖြင့်“ကလေးက
ဘေးကင်းပါတယ်။ငါပြသာနာ
လေးတစ်ခုတောင်ရှာလိုမရဘူး”သူကလေးအားလက်သည်လက်ထဲကနေယူလိုက်လေသည်။ထိုအရာကိုကြားလိုက်ရသောအခါလက်သည်က
နှလုံးခုန်မြန်နေရာကနေပုံမှန်
ပြန်ဖြစ်သွားသည်။ပြီးနောက်စိတ်လှုပ်ရှားစွာရယ်မောလိုက်ပြီး“သခင်ကြီးပြော
တာမှန်တယ်။ဒါကကလေးရဲ့အနာဂတ်ကို ရည်ညွန်းတာဖြစ်နိုင်တယ်။
သခင်လေးကသင်မာလာပြီး
တစ်ဦးချင်းယှဉ်ပြိုင်မှုတွေမှာပြိုင်ဘက်ကင်း

မှာသေချာတယ်။”
သခင်ကြီးကလက်သည်၏စကားအားနားထောင်၍
ကျေနပ်စွာရယ်လိုက်ကာ
“ဟုတ်တယ်ဟုတ်တယ်….ငါမှာမျှော်လင့်လိုတော့ရပြီ။ ကဲ့တစ်ယောက်ယောက်
လာပြီးအဘွားဟောင်ကိုရွှေဒင်းဂါးတစ်ရာချီးမြင့်လိုက်”လက်သည်၏မျက်နှာသည်အရမ်းရမ်းပျော်ရွင်သွားပြီး “သခင်ကြီးကိုအရမ်းအရမ်းကျေးဇူးတင်ပါတယ်”
သခင်ကြီးကကလေးအားသူအမေရှိရာစီသို့ခေါ်သွားပြီး ပြုံး၍“ရင်းအားကြည့်..
ငါတိုကလေးဘယ်တောင်ချစ်ဖို့ကောင်းလိုက်လည်း” ရင်းအာကကလေးအားကြင်နာစွာနဖူးလေးကို
နမ်းလိုက်သည်။ပြီးနောက်
ပျော်ရွင်စွာပြောလိုက်သည်“ယောကျာ်း ငါတိုကလေးမမွေးခင်ကပြောထား
တဲ့အတိုင်းကလေးနာမည်ကို
ချင်းရန်ရှင်းတန်လို့ခေါ်ကြရအောင်”
ယောကျားဖြစ်သူကရယ်ရင်း“ကောင်းပါတယ်ဒါဆိုငါကလေးကိုချင်းရန်ရှင်းတန်

လိုနာမည်မည့်လိုက်တော့မယ်၊ဒီနေ့
ဧည့်သည်အားလုံးကိုခေါ်ပြီးငါ့သားအတွက်စားပွဲ
သောက်ပွဲကြီးကျင်းပရမယ်။ငါတို့ကောင်းကောင်း
အောင်ပွဲခံကြရအောင်”……..
မျက်စိတစ်မှိတ်ဆိုသောအချိန်ကာလအတွင်း
တစ်နှစ်ပြည့်သွားလေသည်။ရေကန်ငယ်လေးရှေ့တွင်
ကလေးတစ်ယောက်ခံစားချက်
ကင်းမဲ့စွာမတ်တပ်ရပ်နေသည်။သူမျက်လုံးနှစ်ခုလုံးက
ရေကန်
အလယ်ရှိကျောက်တုံးအားစိုက်ကြည့်နေလေသည်။ထိုကောင်လေးသည်မြတ်မြတ်သောအဝတ်
များကိုဝတ်ထားသော်လည်းစိတ်ရှုပ်ထွေးနေသည့်အမှုအရာကတစ်နှစ်သားအရွယ်ကောင်လေး
၏မျက်နှာတွင်အထင်းသားတွေ့နိုင်လေသည်။ ထိုကလေးသည်ချင်းရန်ရှင်းတန်ဖြစ်သည်။
ထိုအချိန်တွင်ချင်းရန်ရှင်းတန်၏စိတ်ထဲတွင်အတွေး
ပေါင်းစုံပြေးလွှားနေသည်။ဇာတ်ကားကြည့်ရသကဲ့သို့ ဓားပုံသဏ္ဍာန်တောင်ကြီးနှင့်ဓားကြီး
နှစ်ချောင်း၏ပုံရိပ်များအသက်၂၀အရွယ်ကောင်လေးတစ်ယောက်၏ပုံစံများ၊အသက်တစ်ရာခန်ရှိ

ပြီဖြစ်သောဒူဂူးကွင်းဘီ၏တိုက်ပွဲဝင်နေသည့်
ပုံရိပ်များကထပ်ကာထပ်ကာလည်ပတ်နေသည်။
နောက်ဆုံးမှာတော့သူသေဆုံးသွားပြီးဓားနတ်ဘုရားအဆင့်သို့ရောက်ရှိသွားပုံတွေပြီးတော့
သူမှတ်မိသေးသည်မှာဒူဂူးကွင်းဘီ၏လည်ပင်းကို
ဓားထုတ်ချင်းပေါက်သွားတာတိုဖြစ်သည်။

အပိုင်း ၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset