အခန်း ၆၄။ ငါးကြီးကြီးဖမ်းဖို့အတွက် ကြိုးရှည်ရှည်ဆွဲခြင်း
“ဘယ်သူလဲ”
ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် သူ၏ သားကောင်များကို ပါးစပ်အောက်မှ လုယူခံလိုက်ရရုံသာမက သူ၏ သွားများကိုပါဆုံးရှုံးလိုက်ရသဖြင့် အကူအညီမဲ့သလိုခံစားလိုက်ရသည်။ ၎င်းသည် အလွန်ဒေါသထွက်ဖွယ်ကောင်းပေသည်။
သူသည် ဒဏ္ဍာရီလာအဆင်သို့မရောက်မီ တယန်ဂိုဏ်း၏ နဂါးမွေးမြူရေးရေကန်တွင် နှစ်ပေါင်း၉၀၀၀လောက်အထိနေထိုင်ခဲ့ရသည်။
သို့သော်လည်း သူ၏ ရိပ်သိမ်းမှုများကို တခြားလူတစ်ယောက်က ယူဆောင်သွားလိမ့်မည်ဟုမည်သူထင်ထားမည်နည်း။
ဤအချိန်တွင် သူ၏သွားများအားလုံးသည် ကျိုးကြေသွားခဲ့ပြီး သွေးများသည် စမ်းချောင်းတစ်ခုကဲ့သို့စီးဆင်းနေခဲ့သည်။
မဖော်ပြနိုင်သောနာကျင်မှုနှင့် အရှက်တရားတို့ တိုးလာခဲ့သည်။
ရေလွှမ်းနဂါးသည် ပို၍တွေးတောလေလေပို၍ဒေါသထွက်လာလေလေပင်။
“ဂရား…ဘယ်သူလဲ။ သတ္တိရှိရင်ထွက်ခဲ့စမ်းပါ။ မင်းကို အပိုင်းတစ်သောင်းလောက်ပိုင်းဖြတ်ပေးမယ်” ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် ဒေါသထွက်စွာအော်ဟစ်လိုက်သည်။
“ဘုန်း”
ကြောက်လန့်တုန်လှုပ်ဖွယ်အော်ရာတစ်ခုသည် ပေါက်ကွဲထွက်လာခဲ့ပြီး တယန်ဘိုးဘေးနယ်မြေတစ်ခုလုံးကို ဖုန်ဆိုးမြေဖြစ်သွားစေသည်။
ထိုအဖြစ်အပျက်ကိုကြည့်လျက် အရူးတာအိုပညာရှင်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။
“ဘုရားရေ… ဒါကနည်းနည်းတော့ ကြမ်းလွန်းမနေဘူးလား။ ဒါက ဒဏ္ဍာရီလာအဆင့် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးတစ်ကောင်းဘဲ။ အလောင်းအနည်းငယ်ကိုစုဆောင်းဖို့အတွက် ဒီလောက်ထိ လုပ်နေစရာလိုလို့လား… အသက်ရှင်ရတာ ပင်ပန်းနေတာလား။ ဒီလို ရဲတင်းတဲ့ လူတစ်ယောက်ကို ပထမဆုံးတွေ့ဖူးတာဘဲ” အရူးတာအိုပညာရှင်သည် တီးတိုးရေရွတ်လိုက်သည်။
လင်းဝူဆ၏ အပြုအမူသည် သူ့အားသေလုမတတ်ကြောက်လန့်သွားစေခဲ့သည်။
အကယ်၍ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် လင်းဝူတ၏ ဖုံးကွယ်နိုင်ခြင်းကို မြင်သွားခဲ့လျှင် သူသည် သေချာပေါက် အစာဖြစ်သွားပေလိမ့်မည်။
ကံကောင်းစွာပင် လင်းဝူတသည် ထိုသို့လုပ်ဆောင်နိုင်ခဲ့သော်လည်း။သူ၏ ဖုံးကွယ်မှုကို ရှာမတွေ့သွားခဲ့ချေ။
…
ဘယ်လို။
တချိန်တည်းတွင် ရေကန်တစ်ဖက်ခြမ်းရှိ နန်ပါ့ထျန်းသည် လျူချင်းမင်နှင့် စုထျန်းရှင်းတို့၏ ရုတ်တရက်သေဆုံးသွားမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
“ဒါက… ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ နဂါးမွေးမြူရေးရေကန်မှာ ရေလွှမ်းနဂါးက အသက်ရှင်လျက်ရှိနေသေးတာလား။ နှစ်ပေါင်း ၈၀၀၀ထောင်ကြာသွားပြီလေ။ ဒဏ္ဍာရီလာအဆင့်ထိတောင်ရောက်နေသေးတယ်။ တကယ်လို့ သူသာ ငါ့ကိုတိုက်ခိုက်ရင် ငါလည်း…”
နန်ပါ့ထျန်းသည် ဆက်လက်မတွေးတောဝံ့တော့ချေ။
ယခုအချိန်တွင် သူ၏ နှလုံးသားသည် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နေခဲ့သည်။ တချိန်တည်းတွင် သူ၏ ကံကောင်းမှုအတွက် အနည်းငယ် ပျော်ရွှင်သွားခဲ့သည်။
သို့သော်လည်း သူ၏ ပျော်ရွှင်မှုသည် ကြာရှည်မခံခဲ့ချေ။
“ဂရား”
ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် အဆုံးမဲ့ ဒေါသဖြင့် ပတ်ဝန်းကျင်ကို ဆက်တိုက်ရှာဖွေနေခဲ့သည့်အတွက် မကြာမီသူ့အား ရှာတွေ့သွားခဲ့သည်။
“မကောင်းတော့ဘူး”
နန်ပါ့ထျန်း၏ အမူအရာသည် ချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။
“ဝှစ်”
ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါး၏ အမြီးဆင်းသက်လာသည့်အခါ နန်ပါ့ထျန်းသည် အဆောင်တစ်ခုကိုထုတ်ယူလျက် ချက်ချင်းခြွေမွလိုက်သည်။ ထို့နောက်သူ၏ ခန္တာကိုယ်သည် ထိုနေရာမှာ ပျောက်ကွယ်သွားခဲ့သည်။
သူသည် ပြန်ပေါ်လာသောအခါ တယန်ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်တွင်ရောက်ရှိနေခဲ့သည်။
“ဘုန်း”
သူနောက်သို့ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် ဆက်တိုက်လိုက်လာခဲ့သည်။ တယန်ဘိုးဘေးနယ်မြေတစ်ခုလုံးဖရိုဖရဲဖြစ်သွားခဲ့သည်။
မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာပင် သူသည် နန်ပါ့ထျန်းကို ဖမ်းမိသွားခဲ့သည်။
“ချီးဘဲကွာ…ငါက ဒီနေ့သေရတော့မှာလား” သူသည် မလိုလားစွာအော်ဟစ်လိုက်သည်။
သူသည် ခွန်အားအကုန်အသုံးပြုလျက် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးဆီမှ လွတ်မြောက်ရန်ကြိုးစားသော်လည်း ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် သူ့အားအခွင့်အရေးလုံးဝမပေးချေ။ သူ့အား အကန့်သတ်မဲ့ ကြောက်မက်ဖွယ်စွမ်းအားဖြင့် လွှမ်းခြုံသွားခဲ့သည်။
“ငါတော့သေပြီ”
ဒဏ္ဍာရီလာအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုဖြင့် ကြုံတွေ့ရသည့်အခါ နန်ပါ့ထျန်း၏ ဒီဗာအဆင့်ကျင့်ကြံခြင်းအခြေခံသည် ဟာသတစ်ခုသာဖြစ်သွားခဲ့သည်။
“ဘုန်း”
သို့သော်လည်း သူသည် သေခြင်းနှင့်ရင်ဆိုင်နေရစဉ် လေဟာနယ်ထဲမှ ရှေးဟောင်းကြေးခေါင်းတလားတစ်ခုသည် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် အလွန်ပြင်းထန်သော ခွန်အားဖြင့် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးကိုရိုက်ချလိုက်သည်။
“ဂရား” ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါး၏ ငယ်သံပါသော အော်ဟစ်သံသည် ထပ်မံထွက်ပေါ်လာခဲ့သည်။
နန်ပါ့ထျန်း၏ မယုံကြည်နိုင်သောအကြည့်အောက်တွင် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် လွှင့်စင်သွားခဲ့သည်။
“သူလား”
ရှေးဟောင်းဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သောခေါင်းတလားကိုမြင်သောအခါ နန်ပါ့ထျန်းသည့် တခြားသူများ၏ ဘိုးဘေးအလောင်းများအားစုဆောင်းခြင်းကို နှစ်သက်သည့် လင်းဝူတအား တွေးမိသွားခဲ့သည်။ တယန်ရှေးဟောင်းဘိုးဘေးနယ်မြေတွင် သူ အပြင် အရူးတာအိုပညာရှင်နှင့် လင်းဝူတသာကျန်ပေတော့သည်။
သူ၏ တွေးတောနိုင်စွမ်းအရ ကြေးခေါင်းတလားအားထိန်းချုပ်သောသူသည် လင်းဝူတဖြစ်ရပေမည်။
“သူက ဘာလို့ ငါ့ကို ကယ််ဆယ်ပေးရတာလဲ”
သူသည် ဂရုတစိုက်တွေးတောရန်အချိန်မရှိချေ။
ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် ရပ်တန့်သွားသည့်အခါ ကယ်ဆယ်ခြင်းခံရသည့် နန်ပါ့ထျန်းသည် လုံးဝတုန့်ဆိုင်းနေခြင်းမရှိချေ။ သူသည် တယန်ဘိုးဘေးနယ်မြေမှ အမြန်ဆုံးနည်းဖြင့်ထွက်ပြေးတော့သည်။
…
တဖက်တွင် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးကို ကောင်းကင်မြှုပ်နှံခြင်းကြေးခေါင်းတလားအားထိန်းချုပ်ပြီး တိုက်ခိုက်ပြီးနောက် လေဟာနယ်ထဲမှ လင်းဝူတသည် ဆက်လက်မတိုက်ခိုက်တော့ချေ။
ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် အလွန်ဒေါသထွက်သွားခဲ့သည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
…
ကမ္ဘာတုတ်လှုပ်ဖွယ် အော်ဟစ်သံနှင့် နဂါးလက်သည်းချက်များကြောင်း တယန်းဘိုးဘေးနယ်မြေတစ်ခုလုံးသည် ဖရိုဖရဲဖြစ်သွားခဲ့သည်။
…
“ဘယ်သူ…ဘယ်သူလဲ” ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် ရူးသွပ်သွားသည့်ပုံပေါ်သည်။ သူသည် သူ့အားချောင်းမြောင်းတိုက်ခိုက်သော လူကိုရှာဖွေရန် ဘိုးဘေးနယ်မြေအား ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။
သို့သော်လည်း လင်းဝူတ၏ ရည်ရွယ်ချက်သည် ပြည့်ဝသွားခဲ့ပေပြီ။ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးသည် မည်မျှပင် အော်ဟစ်ပေါက်ကွဲနေပါစေ သူသည် လှုပ်ရှားတော့မည်မဟုတ်ချေ။
တဖက်ရှိ အရူးတာအိုပညာရှင်သည် စိတ်ရှုပ်ထွေးနေသည်။
“ညီလေးရမ်… နန်ပါ့ထျန်းကသေလမ်းရှာနေတာကို ဘာလို့ ကယ်ဆယ်ပေးလိုက်တာလဲ။ ဒီလိုလူကို အသက်ရှင်ခွင့်ပေးလိုက်တာက ကပ်ဘေးတစ်ခုကို ခေါ်ဆောင်နေတာနဲ့ မတူဘူးလား”
သူသည် အသံပို့လွှတ်လိုက်သည်။
အခုအချိန်တွင် လင်းဝူတသည် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးအားမတားဆီခဲ့လျင် နန်ပါ့ထျန်းသည် သူ၏ အစာဖြစ်သွားပေလိမ့်မည်။
နန်ပါထျန်းသည် ကယ်ဆယ်ရန်ထိုက်တန်ခြင်းရှိ၊ မရှိကို အရူးတာအိုပညာရှင်က မတွေးတောနိုင်တော့ချေ။
လင်းဝူတ၏ မျက်နှာတွင် အေးစက်သောအပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။
“ကျုပ်က ငါးကြီးကြီးဖမ်းဖို့အတွက် ကြိုးရှည်ရှည်ဆွဲထားရုံပါ။ နန်ပါ့ထျန်းသေသွားရင် ဒီအတိုင်းပြီးသွားလိမ့်မယ်။ တကယ်လို့ သူ့ရဲ့ ဘိုးဘေးတွေကို ခေါ်လာခဲ့ရင် သူ့ကိုအသက်ရှင်ခွင့်ပေးလိုက်တာက ထိုက်တန်တယ်လို့ မထင်ဘူးလား”
“အမ်…”
ထိုသို့ကြားသည့်အခါ အရူးတာအိုပညာရှင်၏ စိတ်သည် တက်ကြွသွားခဲ့သည်။
…
သူသည် လင်းဝူတ၏ အစီအစဉ်ကို နားလည်သွားခဲ့သည်။
“မင်းဆိုလိုချင်တာက တယန်နယ်မြေထဲကို လူအများကြီးထပ်ခေါ်ချင်တာလား”
“အမှန်ဘဲ။ တယန်ဘိုးဘေးနယ်မြေပွင့်သွားတာက ကျိုကျို့ကုန်းမြေတစ်ခုလုံး ပျံ့နှံ့သွားလိမ့်မယ်။ ဒါဆိုရင် အင်အားစုကြီးသုံးခုက ပိုပြီးစွမ်းအားကြီးတဲ့ လူတွေကို စေလွှတ်ပေးလိမ့်မယ်။ သူတို့သာ ရောက်လာခဲ့ရင် ကျုပ်တို့ထောင်ချောက်ထဲ ကျဆင်းဖို့ အချိန်ဘဲစောင့်ရလိမ့်မယ်။ သူတို့တွေကို တစ်ခါတည်းဖမ်းဆီးလိုက်တာကပိုမကောင်းဘူးလား” လင်းဝူတ၏ တည်ငြိမ်သောအသံသည် ထွက်ပေါ်လာခဲ့သည်။
“ဝိုး”
ထိုသို့ကြားသည့်အခါ အရူးတာအိုပညာရှင်သည် ချက်ချင်းပင် အံ့ဩသွားခဲ့သည်။
လင်းဝူတသည် ကြမ်းတမ်းပြီး အဆင်အခြင်မဲ့လွန်းပေသည်။
သို့သော်လည်း သူသည် သူ၏ အပြုအမူကို နှစ်သက်ပေသည်။
အရူးတာအိုပညာရှင်၏ မျက်လုံးများသည် ရှင်းလင်းနေသည်။ လင်းဝူတသည် သူ၏ အစစ်အမှန်မိတ်ဆွေတစ်ဦးဖြစ်သည်ဟုခံစားလိုက်ရသည်။ သူတို့၏ အကျင့်စရိုက်၊ ဝါသနာတို့သည် တူညီရုံသာမက လင်းဝူတ၏ အဆင်အခြင်မဲ့မှုကိုလည်း သူသည် သဘောကျပေသည်။
“ဟားဟား…ညီလေးရမ်ရဲ့ အစီအစဉ်က ပြီးပြည့်စုံလွန်းတယ်။ ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးနဲ့ ရှေးဟောင်းတယန်ဓားက သူတို့ကို ရောက်လာစေဖို့ လုံလောက်တယ်။ ငါးအကြီးကြီးမိဖို့ မကြာလောက်တော့ဘူး။ တကယ်ကို ရိတ်သိမ်းမှုကြီးမားလိမ့်မယ်…”
သူသည် သူ၏ အပြုံးကို မရပ်တန့်နိုင်ခဲ့ချေ။
ယခုအချိန်တွင် သူသည် အင်အားစုကြီးသုံးခုမှ စွမ်းအားကြီးပုဂ္ဂိုလ်များကြေကွဲဖွယ်သေဆုံးမှုကို တွေးတောမြင်လိုက်မိသည်။
“ကောင်းပြီး…သူတို့ရောက်မလာခင် တယန်ဘိုးဘေးနယ်မြေရဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းကြစို့။ အပျက်အစီးတွေကို ခြေရာခံကြည့်သလောက်တော့ တယန်ဂိုဏ်းက ကောင်းကင်ဘုံရဲ့ စမ်းသပ်မှုဖြစ်တဲ့ မဟာကပ်ဘေးတစ်ခုကြောင်း ပျက်စီးသွားခဲ့တာဘဲ။ သူတို့ရဲ့ ရတနာတွေက အနီးအနားတဝိုက်မှာရှိနေလိမ့်မယ်” လင်းဝူတသည် ပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
ကောင်းကင်ဘုံရဲ့ မဟာကပ်ဘေးလား။
အရူးတာအိုပညာရှင်သည် အပြင်းအထန်တုန်ရင်သွားခဲ့သည်။
“ဘုရားရေ… ဒီလိုဆိုရင်တော့ တယန်ဂိုဏ်းရဲ့ ကံကြမ္မာက အရမ်းဆိုးဝါးလွန်းတာဘဲ။ သူတို့ရဲ့ ရတနာတွေတော့ ငါတို့ဟာဘဲ၊ ဟီးဟီး…”
သူတို့နှစ်ယောက်သည် အပြန်အလှန်ပြောဆိုပြီးနောက် ခေါင်းသုံးလုံးနတ်ဆိုးရေလွှမ်းနဂါးကိုရှောင်ရှားရန် ဖုံးကွယ်အဆောင်ကို အသုံးပြုလိုက်သည်။
သူတို့သည် တယန်ဘိုးဘေးနယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းထဲသို့ဝင်ရောက်သွားခဲ့ကြသည်။