Switch Mode

Chapter – 228

ကောင်းကင်နဂါးတံဆိပ်

Chapter – 228 ကောင်းကင်နဂါးတံဆိပ်

လောင်ဆုရီ ခပ်တိုးတိုးဖြင့် –
“မတူဘူးလေ ၊ ကျွန်မပြောတယ်ဆိုတာ ခင်ဗျား နဲ့ ဟို ညီအမနှစ်ယောက် ရင်းနှီးမှုရှိအောင်ပြောတာ ၊ ကိုယ့် ဟာ ကိုယ် ကောင်းအောင်နေ”
ချန်ရှန် အခန်းထဲသို့ ပျံသန်းသွားတယ် ။ သူခန့်မှန်း ထားသလို ဆေးဆရာမကြီး အခန်းထဲ ရှိမနေပါဘူး ။ ကြည့် ရတာ သူမ သီးသန့် အခန်းထဲ ရောက်နေပုံပါ ။ ထိုအခန်း ထဲ သို့ ၀င်ဖို့တော့ မလွယ်ကူပါချေ ။ ဒါကြောင့် ယခုနေရာ မှာသာ စောင့်နေပါတော့တယ် ။
ညအချိန်ရောက်လာတယ့် အခါမှာတော့ ချန်ရှန် အသံ တချို့ ကြားလိုက်ရတယ် ။ ထိုအချိန်မှာ သူ၏ ဝိဉာဉ်တော် စွမ်းအား တ၀က်လောက် ကုန်ဆုံးနေပြီ ဖြစ်တယ် ။ သို့ သော် လည်း သိပ်မသိသာသေးပါဘူး ။ သိပ်မကြာခင်မှာ ပဲ သူ ဆေးဆရာမကြီး ၏ သွင်ပြင်ကို မြင်တွေ့ ရတော့ မည် မဟုတ်ပါလား ။
ဆေးဆရာမကြီး အခန်းထဲ ၀င်လာပြီး သူမ၏ အမည်း ရောင် ၀တ်ရုံကို ပထမဆုံး ချွတ်လိုက်တယ် ။ ထိုဝတ်ရုံ အောက်မှာတော့ အဖြူရောင် ကိုယ်ကျပ်ကို ၀တ်ဆင်ထား ပြီး သူမ၏ လှပသော ကိုယ်ဟန် မှာ အထင်းသားပါ ။ ထို့ နောက်မှာတော့ သူမ မျက်နှာဖုံးကို ချွတ်ဖို့ ပြင်ဆင်ပါတယ်
ချန်ရှန် စိတ်လှုပ်ရှားမှု အမြင့်ဆုံး ဖြစ်နေချိန်မှာပဲ ရုတ် တရက် ကျိန်ဆဲလိုက်မိတယ် ။ အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်နှာအား အဖြူရောင် အလင်းတန်းနှင့် ကာထား သောကြောင့် ဖြစ်ပါတယ် ။ သူမဟာ အလွန်ပင် သတိရှိ လှပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် သူမ၏ သွင်ပြင် ကို လူမြင်မခံချင်ပုံပါ ။ ဒီလောက်ထိ ဘာလို့ လျို့ ဝှက်ရ တာ ပါသလဲ . . .
ချန်ရှန် စိတ်ပျက်လက်ပျက်ဖြင့် ပျံသန်းလိုက်တယ် ။ ဆေးဆရာမကြီးဟာ ငှက်ကို သတိပြုမိလိုက်ပြီး ထူးဆန်း သလို ခံစားလိုက်ရတယ် ။ ဒါကြောင့် တိုက်ခိုက်ဖို့ပင် ပြင် ဆင် မိနေပေမယ့် တကယ်တမ်းတော့ ဘာမှ မလုပ်လိုက်မိ ပါချေ ။
ချန်ရှန် သူ့စိတ်ထဲ အတော် အံ့သြမိတယ် ။ သူ့ကို သတိ ပြုမိလောက်တယ် ဆိုတာကို သိသောကြောင့် အလျင် မြန်ပဲ ပျံသန်းသွားလိုက်တယ် ။ ဆေးဆရာမကြီး ဟာ နိဗ္ဗာန်အဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး လက်တစ်ချက် အဝှေ့ ဖြစ်ပင် သူ့ကို အပိုင်းပိုင်းအစစ လုပ်ပစ်နိုင်သည် မ ဟုတ်ပါလား ။ တစ်ကိုယ်လုံး ချွေးစေးများပင် ပျံလျက်ရှိ ပြီး ဒီလို အန္တရာယ်များသည့် အလုပ်မျိုး နောက်တစ်ခါ မလုပ် ရန် ဆုံးဖြတ်လိုက်ပါတော့တယ် ။
“ဟားဟား ၊ ခင်ဗျား ကြောက်တယ် ဆိုတာ ဘယ်လိုလဲ သိ ပြီ မလား”
လောင် ဆု ရီ စပ်ဖြဲဖြဲဖြင့် ပြောပါတယ် ။
“ပြန်ရောက်တယ့်အခါ လိပ် ကို ဘယ်လိုပြောင်းလဲ ဆို တာ သင်သင့်တယ်”
သူ့လက်ရှိ ဝိဉာဉ်တော် စွမ်းအားဖြင့် တချို့ သော အ ကောင်သေးများကို သာ ပြောင်းလဲ နိုင်သေးတာ ဖြစ်ပါ တယ် ။ ပြန်ရောက်တယ့် အခါမှာတော့ ရှဉ့်နှင့် ကြွက် အ ဖြစ် ပြောင်းလဲနည်းကို သင်ကြားပြီး ပုန်းအောင်ရန် အတွက် ပါပဲ ။
ပြောင်းလဲမှုမှာ ကျွမ်းကျင်လာစေရန် အတွက် သူ တစ်လ လောက် လေ့ကျင့်ခဲ့တယ်။ သို့သော်လည်း သူ လောင်ဆုရီ လိုမျိုး မျက်စိတမှိတ်အတွင်း ပြောင်းလဲနိုင် ခြင်း မရှိသေးချေ ။ စက္ကန့် အနည်းငယ်တော့ ကြာနေပါ သေးတယ် ။
ချန်ရှန် ပထမတော့ ရှောင်ဒိုတို့ဆီ သွားချင်ပေမယ့် ၎င်းတို့ အပြင်းအထန် လေ့ကျင့်နေမည်ကို သိနေပါတယ် ။ ထိုသို့ လေ့ကျင့်မှသာ ၎င်းတို့၏ စွမ်းအားများ တိုးတက် လာ မည် မဟုတ်ပါလော ။ တချိန်တည်းမှာပဲ သက်ကြီးပညာရှင် တို့ဟာ အမျိုးမျိုးသော စွမ်းရည်များကို အနီးကပ် သင်ကြား ပြသ ပေးနေတာ ဖြစ်ပြိး ၎င်းတို့ ၏ စွမ်းအားများ တိုးတက် လာမလာ ကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးလျက် ရှိပါ တယ် ။ ၎င်းတို့ ဆီသွားခြင်းကပဲ နှောက်ယှက်သလို ဖြစ်နေ မည် မဟုတ်ပါလား ။
“ဒီကောင်တွေ အတွက် အချိန်ကောင်းပဲ ၊ ဆရာ ကြီး တွေ သင်ပေးတာ ခံနေရတာ”
ချန်ရှန် ရယ်မောရင်း ရေရွတ်လိုက်မိတယ် ။ ထို့နောက် သူ၏ ဥယျာဉ်လေးထဲသို့ ထွက်လာပါတော့တယ် ။ မိုးပြာ ပင် နှစ်ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်ရာ ကြီးတောင် ကြီးလာပါ ပြီ ။ မကြာမီ ပန်းများ ပွင့်နိုင်တော့မှာပါ ။
အရောင်ငါးမျိုး ကြာပန်းမှာလည်း အညှောင့်ပေါက် လျက် ရှိ နေပါပြီ ။ အဆိုပါကြာပန်းများကို စိုက်ပျိုးရာမှာ ၎င်း တို့၏ အစေ့များအား စိုက်ပျိုးရတာ ဖြစ်ပြီး ရှင်သန် ကြီး ထွားရန် ရေမလိုအပ်ချေ ။ အဓိကအားဖြင့် ချီဒြပ်စင် ၅ ခု အား စုပ်ယူပြီး ရှင်သန် ကြီးထွားတာ ဖြစ်ပါတယ် ။
ဆေးဆရာမကြီးဟာ မကြာခဏ ချန်ရှန် ၏ ဥယျာဉ် ကို လာ အကဲခတ်လေ့ ရှိတယ် ။ ဥယျာဉ်ထဲရှိ ဆေးပင်များ ၏ ကြီးထွားမှုနှုန်းဟာ အလွန်ကို မြန်ဆန် လှတာကို သူမ သိရှိသွားတယ် ။ချန်ရှန် တွင် အပင်များ ရှင်သန်ကြီးထွား ရန် လုပ်နိုင်သော အရာတစ်ခုခု ရှိလိမ့်မည်ဟု သူမ ခန့်မှန်း မိ နေ တယ် ။ အလွန်ကို ကြောက်မက်ဖွယ် အစွမ်းဖြစ်ပြီး ပေါ့သေးသေးတော့ မဟုတ်ချေ ။ ဒါကြောင့် သူမဟာ တခြား မည်သူကိုမျှ ပြောပြခြင်း မရှိပါ ။ ဝုကွမ်ချင်ပင် ဒီနေ ရာအား ၀င်ချင်တိုင်း ၀င်ခွင့် မရှိပေ ။
“မင်းလည်း ဒီမှာပဲ အချိန်ဖြုန်းမနေနဲ့ ။ အသက်ရှင်ပြီး ပြန်လာဖို့လိုတယ်မော်”
ဆေးဆရာမကြီးဟာ ချန်ရှန် စိုက်ပျိုးထားသမျှကို စစ် ဆေး ကြည့်ရှုနေရင်းပြောလိုက်တယ် ။
“ကျွန်တော် သိပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားကို နိုင်အောင် လုပ်ပြီး လက်ထပ်ပစ်မယ် ။ ခင်ဗျား ရုပ်ရည်ကို မသိပေမယ့် ပုံစံကတော့ ကျွန်တော့ စိတ်ကြိုက် ပဲ”
ချန်ရှန် စပ်ဖြဲဖြဲ နှင့် ပြောပါတယ် ။
ဆေးဆရာမကြီး ချန်ရှန် စပ်ဖြဲဖြဲ ပုံစံကို ကြည့်ရင်း ဘာ မှ မပြောလိုတော့ပဲ ထွက်ခွာသွားပါတော့တယ် ။
ဥယျာဉ် တစ်ခုလုံးကို စစ်ဆေးပြီးတယ့် အခါ ချန်ရှန် သူ ၏ ကိုယ်ပိုင် အခန်းထဲသို့ ၀င်ကာ ဆက်လက် လေ့ကျင့် ပါ တယ် ။ သူဟာ ယခုများစွာသော မိစ္ဆာကျင့်စဉ်များ နှင့် နတ် ကျင့်စဉ်များ ကို တချိန်တည်းမှာ အတော်အတန် သိရှိ နား လည် ပြီး ဖြစ်ပါတယ် ။ ဒါတင်မက ဝိဉာဉ်တော် စွမ်း အား ကို လည်း ပြင်ဆင်နေလျက် ရှိတယ် ။
“နောက်တစ်ခုကတော့ ကောင်းကင်နဂါး တံဆိပ် လို့ ခေါ်တဲ့ ဝိဉာဉ်တော် စွမ်းအင်ပဲ ။ ဒါက ကျွန်မတို့ နဂါး အင် အားစုရဲ့ ကြောက်စရာအကောင်းဆုံး စွမ်းရည် ။ ဒါကို လုပ် လိုက်ရင် ခင်ဗျားရဲ့ ဝိဉာဉ်တော် စွမ်းအား နဲ့ ချီဓာတ်ကို ခွဲခြားလိုက်ပြီး ဝိဉာဉ်တော် ချီဓာတ်များစွာကို စုပ်ယူလိုက် တာ ပါ ။ ပြီးကျမှ နဂါးလက် သည်း ကြီး ကောင်းကင်ပေါ် က ကျလာသလို ပြောင်းလဲသွားမှာပဲ ဖြစ်တယ် ။ ဒီဝိဉာဉ် တော် စွမ်းအား ကို လုပ်ခြင်းဟာ အချိန်နည်းနည်း လိုတယ် ၊ ဒါကြောင့် ပုန်းခိုပြီး တိုက်ခိုက်တဲ့အခါမှသာ သုံးသင့်တာ ပေါ့”
လောင် ဆုရီ ပြောပြပါတယ် ။
ဒီဝိဉာဉ်တော် စွမ်းအားကို အပြင်ဖက်ကို ထွက်ရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် တိတ်တဆိတ်ပဲ မြို့ အပြင်ဖက်ရှိ တောထဲသို့ ထွက်လာခဲ့တယ် ။ ပုံစံ ၇၂ မျိုးပြောင်းလဲခြင်း ကဲ့သို့ပင် သူပထမဆုံး ဝိဉာဉ်တော် စွမ်းအားများအား သူ့ ကိုယ်ထဲ စီးဆင်းရန် ပြုလုပ်ပါတယ် ။ နောက်ဆုံးအခါကျ မှ စွမ်းအားတစ်ခုကို ထုတ်လွှတ်သွားနိင်မှာပါ ။ ဒါပေမယ့် ဒါ က ပုံစံ ၇၂ မျိုး ပြောင်းလဲခြင်း စွမ်းရည်နဲ့ မတူပါဘူး ။ ကောင်းကင်နဂါးတံဆိပ် ဟာ စစ်မှန်သော ချီဓာတ်များ ကို လည်း တချိန်တည်းမှာ လိုအပ်တယ် ။ ဒါကြောင့် ချန် ရှန် စစ်မှန်သော ချီဓာတ်များအား ထုတ်လွှတ်ပေးရပါတယ် ။ စစ်မှန်သောချီဓာတ် များဟာ ဝိဉာဉ်တော် စွမ်းအားများ ၏ ထိန်းချုပ်မှု အောက်မှာ ညင်သာစွာပင် ကောင်းကင်ထက် သို့ လွင့်ပျံသွားတယ် ။ ထို့နောက် ဝိဉာဉ်တော် ချီဓာတ် များအား စတင် စုပ်ယူပါတော့တယ် ။
“စွမ်းအား ထုတ်လိုက်”
လောင်ဆုရီ အော်ပြောလိုက်တယ် ။
ချန်ရှန် အလျင်မြန်ပဲ စွမ်းအားထုတ်ဖို့ ကြိုးစားလိုက် တယ် ။ ဒါပေမယ့်လည်း တိကျမှု မရှိသောကြောင့် ကျရှုံး ခဲ့ ပါတယ် ။ အကြိမ်သုံးဆယ်လောက် ကျရှုံးပြီးနောက် ဒြပ် စင်ဆေးများအား ချီဓာတ်များ ပြန်လည် စုဆောင်းမိစေရန် အသုံးပြုရပါတော့တယ် ။
ချန်ရှန် တောထဲ တစ်လလောက် နေပြီး လေ့ကျင့်ခဲ့ တာ ပါ ။ ထိုအတောတွင်း နေ့ဘက်တွင် ထို စွမ်းအားကို လေ့ကျင့်ပြီး ညသို့ရောက်တယ့်အခါ ရွှေနဂါးတံတွေးကို ပြု လုပ်ပါတယ် ။ သူလုံးဝအချိန်မဖြုန်းနေပါ ။ ဒီလိုမှသာ တောင်ပိုင်း စွန့်ပစ်နယ်မြေမှာ ရှင်သန်နိုင်မည် မဟုတ်ပါ လား ။
နေ့ခင်းဘက်မှာတော့ တိမ်များ ခွဲထွက်သွားနေပါပြီ ၊ သူ သာ အာရုံမစိုက်ပါက မလွယ်ကူလှချေ ။ ခပ်လှမ်းလှမ်း မှာတော့ တောင်အမြင့်ကြီး တစ်ခု ရှိနေပါတယ် ။ သူ၏ ပါး စပ် အနည်းငယ် လှုပ်ခတ်သွားပြီး စွမ်းအားတစ်ခု ထွက် ပေါ် လာသလိုပါပဲ ။
ချန်ရှန်ပါးစပ် ပိတ်သွားသည့်အခါ အရောင်ကွဲ ၅ မျိုး ၆ မျိုး လောက်ရှိသည့် နဂါးလက်သည်းကြီးတစ်ခု ရုတ်တ ရက် ထိုတောင်ထိပ်မှာ ပေါ်လာပါတယ် ။ သို့သော်လည်း လူ လက်သည်းနှင့် ပိုပြီးဆင်ပါတယ် အကြေးခွံမရှိနေလို့ပါ
ဒါဟာ ကောင်းကင်နဂါး တံဆိပ် ပါ ။ ပြင်းထန်စွာပင် ကောင်းကင်ပေါ်မှ ကျလာပြီး မျက်စိတမှိတ်အတွင်းမှာ ထို တောင်ထိပ်သို့ ဖိချလိုက်ပါတယ် ။ ကျယ်လောင်လှသော အသံများ ထွက်ပေါ်လာပြီး မြေကြီးတစ်ခုလုံး တုန်လှုပ်ကာ ကျောက်တုံးများ ခဲများ ဟာ မီးခိုးငွေ့ များလိုပဲ အရပ်လေး မျက်နှာသို့ လွင့်ပျံသွားပါတော့တယ် ။ တောင်ကြီးတစ်ခု လုံး ပြားပြားဝပ်သွားပါချေပြီ ။
“ပြင်းလှချည်လား”
ချန်ရှန် အံ့သြတကြီး ရေရွတ်မိတယ် ။ သူဟာ စစ်မှန် သော ချီဓာတ်များ နှင့် ဝိဉာဉ်တော် စွမ်းအားများအား သိပ် ပြီး မသုံးလိုက်ရပါဘူး ။ ဒါတောင် ယခုလောက် ပြင်းထန် နေ ရင် သူ့အားကုန်သာ သုံးမည် ဆိုပါက မည်မျှ ကြောက် မက်ဖွယ် ကောင်းပေလိ့မ်မည်နည်း ။
၎င်းနေရာဟာ ရှီမန်မြို့ နှင့် သိပ်မဝေးပါချေ ။ ဒါကြောင့် သူ့ဂိုဏ်း မှ ပြင်းထန်သော တုန်ခါမှုကို သတိပြုမိနိုင်သည် မဟုတ်ပါလား ။ ဆေးဘုရင်ခြံဝန်းသို့ သုတ်ချေတင် ပြေး ပါ ချေပြီ ။
သူ့ဆေးဥယျာဉ်လေး ကို ရောက်ရှိသောအခါ ဆေးဆ ရာမကြီးအား တွေ့ ရပြန်ပါတယ် ။ ချန်ရှန် မရှိတည်းက ဆေးဆရာမကြီးဟာ ဒီဥယျာဉ်ကို ထိန်းသိမ်းထားတာ ဖြစ် ပါတယ် ။ သူမဟာ ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက် ဒီဆေးပင်တွေကို ဘယ်လို ထိန်းသိမ်း ပြုလုပ်ရမယ် ဆိုတာ သိနေပြီးသားပါ ။ သူမ အကျိုးတွက် မပါသော်လည်း ဂရု တစိုက်ပင် ထိန်းသိမ်းပေးထားတာ ဖြစ်တယ် ။
သူပြန်ရောက်ရှိတယ့်အခါ မိုးပြာအပင် သုံးပင် ဟာ ပန်း ပွင့်နေတာကို တွေ့ လိုက်ရတယ် ။ အပင်ကြီးတွင် ပန်း ပွင့် ၅၀ လောက် ပွင့်နေတာ ဖြစ်ပြီး တခြားနှစ်ပင်မှာတော့ ၂၀ စီ ဖူးပွင့်နေကြတာပါ ။ ဒီလို ကိစ္စမျိုးများကို ကျင့်သား ရ နေတာကြောင့် ဆေးဆရာမကြီး အနေဖြင့် သိပ်ပြီး အံ့သြ ဟန် မပြတော့ပါချေ ။
“နောက်တစ်ခါ မင်းအပြင်သွားမယ် ဆိုရင် ငါ့ကို ပြော သွား ၊ ဒီအပင်တွေကို ဂရုစိုက်မယ့် လူမရှိမှတော့ ဘယ် လို ကြီးထွားတော့မှာလဲ”
ဆေးဆရာမကြီး ခပ်ငေါက်ငေါက် ပြောလိုက်ပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset