Switch Mode

Chapter – 51

အခန်း ၅၁။ အသင်္ချေရတနာမျှော်စင်၊ ကူးပြောင်းခြင်းကိုးမျိုးနိဗာနဆေးလုံး

“နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ တစ်ယောက်ယောက်တော့ ပေါ်ပေါက်လာခဲ့ပြီး…” မူကျိုးထျန်းသည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ဤအချိန်တွင် သူ၏ မျက်လုံးများထဲ၌ အလွန်လေးစားကြည်ညို‌သောအရိပ်အယောင်များဖြင့် ပြည့်နှံ့သွားခဲ့သည်။

“အဓိပတိဆိုတာ ဘာကိုပြောတာလဲ”

လင်းဝူတက အဓိပတိအဆောင်သည် အလွန်ထူးခြားသာလွန်ကြောင်းသိသော်လည်း ကောင်းကင်ဘုံ‌မြို့တော်သို့ရောက်ရှိသာသည့်အတွက် အဆောင်များ၏ အဆင့်သတ်မှတ်ချင်ကို စုံစမ်းရပေမည်။

သူသည် အဓိပတိအဆောင်ပိုင်ဆိုင်းထားသော်လည်း ၎င်း၏ အသုံးဝင်ပုံကို လုံးဝမသိရှိချေ။

ထိုသို့‌ကြားသည့်အခါ မူကျိုးထျန်းသည် မည်သည့်အရာကိုမှ ကွယ်ဝှက်ထားခြင်းမရှိဘဲရှင်းပြလိုက်သည်။

“ကောင်းကင်ဘုံမြို့တော်မှာ လူတစ်ယောက်ရဲ့ ရာထူးနဲ့ အခြေအနေကို တိုကင်ရဲ့ အဆင့်နဲ့ ဆုံးဖြတ်တယ်။ အသန်မာဆုံးလူက အကောင်းဆုံး တိုကင်ကို ရရှိနိုင်တယ်။ အဆင့်အနိမ့်ဆုံးတိုကင်က အဖြူရောင်ကျောက်စိမ်းတိုကင်ဘဲ။ အဲဒါက အရမ်းကို သာမန်ဆန်လွန်းတယ်။ အဖြူရောင်တိုကင်ပိုင်ဆိုင်ထားသူက ကောင်းကင်ဘုံမြို့တော်ကို ပစ္စည်းတွေဝယ်ဖို့အတွက်ဘဲ ဝင်ရောက်ခွင့်ရှိတယ်။ အထူးအကျိုးခံစားခွင့်နဲ့ လျော့ဈေးတွေမရနိုင်ဘူး။ ကောင်းကင်ဘုံမြို့တော်မှာရှိတဲ့ လူ၉၉%က အဖြူ‌ရောင်တိုကင်ကို ပိုင်ဆိုင်ထားတယ်”

“အဖြူရောင်တိုကင်အထက်မှာ အနက်ရောင်သံတိုကင်၊ ကြေးရောင်တိုကင်၊ ငွေရောင်တိုကင်၊ ရွှေရောင်တိုကင်နဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဓိပတိတိုကင်တို့ရှိတယ်။ အနက်ရောင်တိုကင်က သေချာတဲ့ ရာထူးတစ်ခုရှိပြီး ၁၀%လျော့ဈေးရနိုင်တယ်။ ကြေးရောင်တိုကင်နဲ့ဆိုရင် ၂၀% လျော့ဈေး၊ ငွေရောင်တိုကင်က ၃၀%လျော့ဈေးနဲ့ ရွှေရောင်တိုကင်က ၅၀%လျော့ဈေးရနိုင်တယ်။ အမြင့်ဆုံးအဆင့်တိုကင်က ရာထူး မြင့်ခြင်း၊ နာမည်ကြီးခြင်းနဲ့ ခွန်အားကြီးခြင်းတို့ကို ကိုယ်စားပြုတယ်” မူကျိုးထျန်းသည် လေးနက်စွာပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။

ယခုအချိန်၌ သူသည် ကောင်းကင်ဘုံမြို့တော်တွင် အဓိပတိအဆောင်၏ အသုံးဝင်ပုံကို သိရှိသွားခဲ့ပေပြီ။ သူသည် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ရောက်ရှိသွားခြင်းပင်။

“‌ရွှေရောင်တိုကင်ပိုင်ဆိုင်တဲ့ ထူတောင်တန်းမဟုနတ်ဆိုးက အရမ်းစွမ်းအားကြီးတယ်ထင်တယ်” သူသည် ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

သူတို့သည် စကားပြောလျက် စိတ်ဝိညာဉ်လှေကို နဝမလမ်းကြောင်းဆီသို့မောင်းနှင်လာခဲ့သည်။

“ဝှစ်”

တောက်ပသော နတ်အလင်းတစ်ခုသည် ကောင်းကင်ပေါ်တွင် ဖြတ်သန်းသွားခဲ့သည်။ စိတ်ဝိညာဉ်လှေပေါ်တွင် ရပ်လျက် လင်းဝူတသည် ကောင်းကင်ဘုံမြို့တော်အား ကြည့်လိုက်သည့်အခါ ၎င်း၏ ကြီးကျယ်ခမ်းနားမှုကို ပို၍ တွေ့မြင်လိုက်ရသည်။

ဤနေရာသည် စိတ်ကူး မကြည့်နိုင်သည့်နေရာဖြစ်သည်။

တခဏကြာပြီးနောက် မူကျိုးထျန်း၏ ဦးဆောင်လမ်းပြမှုဖြင့် လင်းဝူတသည် နဝမလမ်းကြောင်းဆီသို့ရောက်ရှိလာခဲ့သည်။

တချက်ကြည့်ရုံဖြင့် နဝမလမ်းကြောင်းသည် အဆုံးမရှိဟု ခံစားလိုက်ရသည်။ တောက်ပသောကြယ်ရောင်ကောင်းကင်အောက်တွင် နဂါးငွေ့တန်းဂလက်ဆီကဲ့သို့ဖြစ်နေပြီး အဆုံးမဲ့လျှို့ဝှက်ဆန်းကြယ်သောအရောင်များဖြင့် ထိန်လင်းနေသည်။

သူမြင်တွေ့ရသမျှသည် ကုန်ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသထားသည့် ဈေးဆိုင်များပင်။

“ညီအကိုတုန့်ဖုန်း …ဒီ နဝမလမ်းကြောင်းမှာ သေမျိုးအဆင့်ပစ္စည်းတွေရနိုင်တယ်။ အနိမ့်ဆုံးရုပ်ခန္တာအဆင့်ကနေ အမြင့်ဆုံး အစစ်အမှန်နတ်ဘုရားအဆင့်အထိ ပစ္စည်းတွေကို ရရှိနိုင်တယ်။ ကောင်းကင်ဘုံမြို့တော်က ကမ္ဘာပေါ်က အကောင်းဆုံးရတနာပစ္စည်းတွေကိုပဲ ရောင်းချပေးတယ်။ သာမန်ပစ္စည်းဆိုရင် ဒီနေရာမှာ ရှိဖို့ မထိုက်တန်ဘူး။ ဒီက ပစ္စည်းတွေက အကုန်လုံးစစ်ဆေးပြီးသားဖြစ်တဲ့အတွက် အတုဖြစ်‌နေမှာကို မစိုးရိမ်နဲ့” သူသည် မိတ်ဆက်ပေးလျက် နဝမမြောက်လမ်းကြောင်းတစ်လျောက်ခေါ်ဆောင်သွားခဲ့သည်။

လမ်းတလျောက်တွင် လင်းဝူတသည် ကုန်ပစ္စည်းများစွာကို မြင်တွေ့ခဲ့ရသည်။ မည်သည့်ပစ္စည်းမဆို မဟာကန္တာရကမ္ဘာကြီးတွင် ပေါ်ပေါက်လာပါက ဆူပူအုံကြွမှုဖြစ်သွားစေနိုင်ပေသည်။

“လူတစ်ယောက်ရဲ့ အရည်အချင်းကို တိုးမြှင့်ပေးနိုင်တဲ့ ရတနာတွေရှိလား” လင်းဝူတသည် ရုတ်တရက်မေးလိုက်သည်။

လူတစ်ယောက်ရဲ့ အရည်အချင်းကို တိုးမြှင့်နိုင်တာလား။

မူကျိုးထျန်းသည် လင်းဝူတအား ပဟေဠိဖြစ်စွာကြည့်လျက် ခေါင်းညိတ်လိုက်သည်။

“အင်…ဒီလိုပစ္စည်းတွေရှိတယ်။ ကောင်းကင်ဘုံမြို့တော်မှာ ရှားပါးပစ္စည်းမျိုးစုံရှိတဲ့အတွက် ခင်ဗျာဝယ်ချင်တာဝယ်နိုင်တယ်။ မြို့တော်ထဲမှာ မရှိရင်တောင် တန်ဖိုးမြင့်မြင့်ပေးပြီး ကြိုမှာထားလို့ရတယ်။ ခင်ဗျာ့ရဲ့ ဈေးနှုန်းက ကျေနပ်လောက်တဲ့အထိ မြင့်မားနေရင် တောင်းဆိုမှုကို လက်ခံပေးလိမ့်မယ်။ နဝမလမ်းကြောင်းမှာ အသင်္ချေရတနာမျှော်စင်လို့ခေါ်တဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီနေရာမှာ သေမျိုးတွေအတွက် နတ်ရတနာ‌တွေနဲ့ အထွန်အထိပ်ရတနာတွေကို အများဆုံး ရောင်းချပေးတယ်။ ဈေးတော့နည်းနည်းပိုမြင့်တာပေါ့”

မူကျိုးထျန်းသည် ခေါင်းညိတ်ကာပြောလိုက်သည်။

ထို့နောက်သူသည် စိတ်ဝိညာဉ်လှေကိုမောင်းနှင်လျက် အသင်္ချေရတနာမျှော်စင်ဆီသို့ ခေါ်ဆောင်သွားလိုက်သည်။

“အို…ကောင်းကင်အင်ပါယာမူဘဲ” အစေခံဝတ်စုံဝတ်ထားသည် လူတစ်ယောက်သည်ရောက်ရှိလာခဲ့သည်။

“ကုန်းကျို… ခင်ဗျာ့ရဲ့ သူဌေးရှိလား”

“ရှိပါတယ်”

“ကောင်းပြီး၊ ဒီတစ်ကြိမ် ကျုပ်မိတ်ဆွေတစ်ယောက်ခေါ်လာခဲ့တယ်။ သူက လူတစ်ယောက်ရဲ့ ပါရမီကိုမြှင့်တင်ပေးနိုင်တဲ့ နတ်ရတနာတွေကို ရှာနေတာ”

“ကျွန်တော်နားလည်ပါပြီ။ ကောင်းကင်အင်ပါယာမူ…အထဲကိုဝင်ပါ” ကုန်းကျို ဟုခေါ်သောလူသည် အလွန်စိတ်အားထက်သန်နေသည်။

မူကျိုးထျန်းသည် တုန့်ဆိုင်းမနေဘဲ လင်းဝူတကို ဦးဆောင်ခေါ်သွားခဲ့သည်။

“ညီအကိုမူ ကောင်းကင်အင်ပါယာတစ်ပါးဖြစ်မယ်လို့ မထင်ထားဘူး”

“ဟူး…ကျုပ်ရဲ့ ကောင်းကင်အင်ပါယာအဆင့်က ကောင်းကင်ဘုံမြို့တော်မှာ အသက်မွေးဝမ်းကျောင်းပြုဖို့ဘဲတတ်နိုင်တယ်။ ဒီနေရာမှာ ကောင်းကင်အင်ပါယာအဆင့်ကျင့်ကြံသူတွေကို နေရာတိုင်းမှာတွေ့နိုင်တာဘဲလေ”

“အင်… ဘာဘဲပြောပြော သူတို့ရဲ့ တာအိုကို သက်သေပြနိုင်တဲ့မဟာအင်ပါယာတွေက နည်းပါးလွန်းတာဘဲမလား။ ကောင်းကင်အင်ပါယာဖြစ်လာဖို့က အရမ်းခက်ခဲနေသေးတာဘဲလေ”

“ညီအကိုတုန့်ဖုန်းအတွက်တော့ ကောင်းကင်အင်ပါယာဖြစ်လာဖို့က လက်ဖြောက်တီးသလို လွယ်ကူပါတယ်။ ခင်ဗျာပြောတဲ့ ကိစ္စက အရင်းအမြစ်အရမ်းနည်းပါးတဲ့ ဒေသတွေမှာဘဲခက်ခဲတာ။ အဆင်မြင့်ကမ္ဘာ‌တွေမှာဆိုရင် မဟာအင်ပါယာက သေမျိုးတစ်ယောက်သာသာပါဘဲ” မူကျိုးထျန်းသည် ပြောကြားလိုက်သည်။

မဟာအင်ပါယာတွေတောင် သေမျိုးတွေဘဲလား။

ထိုသို့ကြားသည့်အခါ လင်းဝူတ၏ နှလုံးသားသည် တုန်ရင်သွားခဲ့သည်။

မဟာကန္တာရကမ္ဘာကြီးတွင် မဟာအင်ပါယာအဆင့်သည် လူများမရောက်ရှိနိုင်‌သည့် ရှားပါးအဆင့်တစ်ခုဖြစ်သည်။ ယခုအချိန်တွင် မူကျိုးထျန်းသည် သူတို့အား သေမျိုးတစ်ယောက်ဟုသာပြောကြားနေခဲ့သည်။

မူကျိုးထျန်းသည် အဆင့်မြင့်ကမ္ဘာတစ်ခုမှ လာခဲ့ခြင်းဖြစ်ရပေမည်။

သူနေထိုင်သည့် မဟာကန္တာရကမ္ဘာကြီးသည့် အဆင်မြင့်မားခြင်းမရှိသည်မှာသိသာပေသည်။

အသင်္ချေရတနာမျှော်စင်သို့ဝင်လိုက်သည့်အခါ ပစ္စည်းများသည် မျက်စိကျိန်းမတတ် အလင်းရောင်များအားထုတ်လွှတ်နေခဲ့သည်။

ထိုအလင်းရောင်များကြောင့် လင်းဝူတသည် မျက်လုံးမဖွင့်နိုင်ဖြစ်သွားခဲ့ရသည်။

“ညီအကိုမူ…ခင်ဗျာရောက်လာတာဘဲ။ ခင်ဗျာရဲ့ မိတ်ဆွေက လူတစ်ယောက်ရဲ့ ပါရမီကိုမြှင့်တင်ပေး‌နိုင်တဲ့ နတ်ရတနကိုရှာနေတယ်လို့ကြားတယ်”

လင်းဝူတသည် ဟိုကြည့်ဒီကြည့်ကြည့်နေစဉ် ကျောက်မျက်များဖြင့်စီးခြယ်ထားသော အင်္ကျီဝတ်လျက် ‌ခပ်ဝဝလူတစ်ယောက်သည် အပြုံးဖြင့် ရောက်ရှိလာခဲ့သည်။

“ညီအကို…သူက အသင်္ချေရတနာမျှော်စင်ရဲ့ ပိုင်ရှင် ချမ်ရူမင်ဘဲ။ ကျုပ်တို့ကတော့ ဖတ်တီးချမ်လို့ခေါ်ကြတယ်။ လိုချင်တာရှိရင် သူ့ကို ပြောလိုက်ရုံဘဲ။ သေမျိုးအဆင့်ရတနာတွေဆိုရင် သူ့ဆီမှာ ရှိတာများတယ်” မူကျိုးထျန်းသည် မိတ်ဆက်ပေးလိုက်သည်။

ချမ်ရူမင်လား။ ဘယ်လိုတောင်စိတ်ဝင်စားဖို့ကောင်းတဲ့ အမည်လဲ။

လင်းဝူတသည် ထိုလူအားကြည့်လိုက်ပြီး နှုတ်ဆက်သည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ဘေးထွက်ဆိုးကျိုးမရှိဘဲ လူတစ်‌ယောက်ရဲ့ ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ပစ္စည်းရှိလား” တခဏလောက်တွေးတောပြီးနောက် လင်းဝူတသည် ပြောကြားလိုက်သည်။

“အင်…ခင်ဗျာက ဘယ်အဆင့်ရတနာကို လိုချင်တာလဲ။ လူတစ်ယောက်ရဲ့ ပါရမီကိုမြှင်တင်ပေးနိုင်တဲ့နတ်ရတနာတွေမှာ အဆင့်အမျိုးမျိုးရှိတယ်။ တချို့ဆို မဟာ အင်ပါယာအဆင့်ထိမြှင့်တင်နိုင်တယ်။ တချို့ဆို ကောင်းကင်အင်မော်တယ်အဆင်အထိဘဲမြှင့်တင်နိုင်တယ်။ အစစ်အမှန်အာကာသအဆင့်နဲ့ အာကာသဘုရင်အဆင့်အထိ မြှင့်တင်ပေးနိုင်တဲ့ ပစ္စည်းတွေပါရှိတယ်…” ချမ်ရူမင်သည် ပြောကြားလိုက်သည်။.

ဟမ်…အဆင့်အနိမ့်ဆုံး နတ်ရတနာတောင် မဟာအင်ပါယာအဆင့်ကစတာလား။

လင်းဝူတသည် အံ့ဩမှင်သက်သွားခဲ့သည်။

“ခင်ဗျာ့အတွက် ပစ္စည်းတချို့ရွေးပေးရမလား ”

“သေချာတာပေါ့”

“ခဏလောက်စောင့်ပေးပါ” ချမ်ရူမင်သည် ထွက်ခွာသွားခဲ့သည်။

သူသာ် အလွန်လျင်မြန်စွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် လက်ကိုဝှေ့ယမ်းလိုက်သည်အခါ ပစ္စည်းမျိုးစုံထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် အလင်းတန်းများဖြင့်တောက်ပနေသည်။

အလင်းတန်းများသည် ကောင်းကင်ကိုပင်တောက်ပနိုင်စွမ်းရှိပေသည်။

ရတနာပစ္စည်းတစ်ခုစီတိုင်းသည် တောက်ပလွန်းပေသည်။

လင်းဝူတသည် နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများကို အသုံးပြုလိုက်သည့်အခါ သတင်းအချက်အလက်များစွာထွက်ပေါ်လာခဲ့သည်။

[အမည် : မဟာလေဟာနယ်ဓားအရိုး]

[ဖေယ်ပြချက် : မဟာလေဟာနယ်၏ ပါရမီမြှင့်တင်ပေးနိုင်သော သွေးအဆီအနှစ်ပါတင်သည်။ အရိုးနှင့် ပေါင်းစည်းနိုင်ခဲ့လျှင် မဟာလေဟာနယ်ဓားခန္တာကိုယ်ကို ပိုင်ဆိုင်နိုင်သည်။ အောင်မြင်စွာ ပေါင်းစည်းပြီးနောက် မဟာလေဟာနယ်ဓားကို အောင်မြင်စွာကျင့်ကြံနိုင်သည်]

[မှတ်ချက် : သူတော်စင်အဆင့် မဟာလေဟာနယ်သားရဲဆီမှ ဆွဲထုတ်ထားသောအရိုးဖြစ်သည်။ အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့လျှင် ပေါင်းစပ်သူအား မဟာအင်ပါယာအဆင့်ထိ ရောက်ရှိစေနိုင်သည်။

[ဈေးနှုန်း : အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၁၀ဘီလီယန်]

[အမည် : ကောင်းကင်ရှင်းလင်းခြင်းနတ်ရေစင်]

[ဖော်ပြချက် : အဆင့်မြင့်ကမ္ဘာကြီးတစ်ခုမှရရှိထားသော အ‌စောပိုင်းနတ်ရတနာအဆင့် ပစ္စည်းဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားဖြင့် လူတစ်ယောက်၏ ပါရမီကို မြှင့်တင်ပေးနိုင်သည်။ ကောင်းကင်တာအိုခန္တာကိုယ်ကို ရရှိနိုင်သည်]

[မှတ်ချက် : ကောင်းကင်အင်ပါယာအဆင့်အထိရောက်ရှိနိုင်သည်]

[ဈေးနှုန်း : အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၁၀ထရီလီယန်]

[အမည်: ရှေးဟောင်းကောင်းကင်အင်ပါယာသွေးစက်]

[ဖော်ပြချက် : အလယ်အလတ်ကမ္ဘာတစ်ခုဆီမှရရှိထားသည့် ကောင်းကင်အဆင့်ပစ္စည်းတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် ဆင့်ကဲတိုးတက်လာခဲ့သည်။ အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့လျှင် မူလတာအိုနတ်ဘုရားခန္တာကိုယ်အားရရှိမည်]

[သတိပြုရန် : ကောင်းကင်တာအိုကို သတ်ဖြတ်ခြင်းမှ ရရှိထားခြင်းဖြစ်သည်။ ပေါင်းစပ်ပြီးသည့်အခါ အစစ်အမှန်အာကသအဆင့်သို့ ရောက်ရှိနိုင်သည့်အထိ ပါရမီကို တိုးမြှင့်ခံရမည်]

[ဈေးနှုန်း : အထွဋ်အထိပ်အဆင့်နတ်သလင်းကျောက် ၁၀၀ဘီလီယန်]

လင်းဝူတသည် မရေမတွက်နိုင်သော နတ်ရတနာများ၏အကြောင်းကို သိရှိလိုက်ရသည်။

သူ့ရှေ့ရှိ ပစ္စည်းတိုင်းသည် တန်ဖိုးရှိလွန်းပေသည်။

သို့သော်လည်း ၎င်းတို့၏ တန်ဖိုးများသည် အနိမ်ဆုံးပင် အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၁၀၀မီလီယန်တန်ဖိုးရှိပြီး တချို့ပစ္စည်းများဆိုလျှင် နတ်သလင်းကျောက်များဖြင့်သာဝယ်ယူနိုင်ပေသည်။ လင်းဝူတသည် အလွန်ဆင်းရဲနွမ်းပါးသလိုခံစားလိုက်ရသည်။

သူသည် ဤနေရာရှိ မည်သည့်ပစ္စည်းကိုမှ ဝယ်ယူနိုင်ခြင်းမရှိချေ။

“ဘာဖြစ်လို့လဲ။ ဒီပစ္စည်းတွေကို မကြိုက်ဘူးလား။ အဆင်ပြေပါတယ်။ ဒါက အနည်းငယ်ဘဲရှိသေးတာ။ နတ်ရတနာတွေအများကြီးရှိသေးတယ်။ အချိန်ယူပြီး ရွေးချယ်နိုင်တယ်။ ခင်ဗျာ အကြိုက်တွေ့မှာပါ။ အလျင်မလိုနဲ့”

လင်းဝူတသည် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထိုပစ္စည်းများအား သဘောမကျဖြစ်နေသည်ဟု ချမ်ရူမင်က ထင်သွားခဲ့သည်။

ထို့ကြောင့် သူ့လက်အားဝှေ့ယမ်းလိုက်သည့်အခါ ပို၍များပြားသော နတ်ရတနာများထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ အဆင့်နှင့် အရေအသွေးများသည် ပို၍ကောင်းပေသည်။

သို့သော်လည်း လင်းဝူတသည် တိတ်ဆိတ်နေမြဲပင်။

ထိုသို့မြင်သောအခါ ချမ်ရူမင်သည် ထပ်မံပြသရန်ပြင်လိုက်သော်လည်း မူကျိုးထျန်းက တားဆီးလိုက်သည်။

လင်းဝူတသည် ငွေမယူလာသည်ကို သူသိပေသည်။

“ဆိုင်ရှင်ချမ်… ခင်ဗျာ့မှာ ကူးပြောင်းခြင်းကိုးမျိုးနိဗာနဆေးလုံးရှိတယ်မလား။ ဘာလို့ ညီအကိုတုန့်ကို မပြရ‌တာလဲ။ ကူးပြောင်းခြင်းကိုးမျိုးနိဗာနဆေးလုံးက လူတစ်ယောက်ရဲ့ ပါရမီကို အင်မော်တယ်အင်ပါယာအဆင်ထိ မြှင့်တင်ပေးနိုင်တယ်လို့ကြားဖူးတယ်။ အဲဒါက ရှိသေးလား” မူကျိုးထျန်းသည် လေးနက်သောအသံဖြင့် ပြောလိုက်သည်။

အင်မော်တယ်အင်ပါယာအဆင့်အထိ ရောက်အောင်ပါရမီမြှင့်နိုင်တဲ့ နတ်ရတနာလား။

လင်းဝူတသည် သိချငိစိတ်များဖြင့်ပြည့်သွားခဲ့သည်။

သို့သော်လည်း ကူးပြောင်းခြင်းကိုးမျိုးနိဗာနဆေးလုံးအကြောင်းကို ကြားသည့်အခါ ချမ်ရူမင်၏ အမူအရာသည် အနည်းငယ်အဆင်မပြေဖြစ်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ။ အဲဒါက မရှိတော့ဘူးလား”

မူကျိုးထျန်းသည် စိတ်ပျက်သွားခဲ့သည်။

“မဟုတ်ပါဘူး။ ကျုပ်တို့ဆီမှာရှိသေးတယ်… ဆေးလုံးတွေကို ခွဲခွဲပြီးရောင်းလိုက်တဲ့အတွက် ကျုပ်တို့မှာ တစ်လုံးဘဲကျန်တော့တယ်။ အဲဒီဆေးလုံးနဲ့ဆိုရင် ပြောင်းလဲမှုတစ်ကြိမ်လုပ်ပြီးတိုင်း လူတစ်ယောက်ရဲ့ ပါရမီကို အဆင့်တစ်ခုထိမြှင့်တင်ပေးနိုင်တယ်။ ပြောင်းလဲမှုကိုးခုလုပ်ပြီးတာနဲ့ လူတစ် ယောက်ရဲ့ ပါရမီကို အင်မော်တယ်အင်ပါယာအဆင့်အထိ ရောက်သွားစေနိုင်တယ်”

“ဒါကြောင့် ဒီဆေးလုံးတွေက အရမ်းအဖိုးတန်တယ်။ အလွယ်တကူရှာမတွေနိုင်ဘူး။ ပြီးတော့ သန့်စင်ဖို့လည်း ခက်ခဲလွန်းတယ်။ ဆေးလုံးသန့်စင်ဖို့အတွက် ပါဝင်ပစ္စည်း‌တွေကို နှစ်ပေါင်းများစွာစုဆောင်းရတယ် ”

“ကျုပ်လက်ထဲမှာ သေမျိုးအတွက် သင့်တော်တဲ့ ဆေးတစ်လုံးဘဲကျန်တော့တယ်။ အဲဒါနဲ့ဆိုရင် လူတစ်ယောက်ရဲ့ ပါရမီနဲ့အရိုးကို ဆယ်ဆ‌သန်မာလာစေနိုင်တယ်။ နောက်ထပ်ဆေးလုံးတွေကိုတော့ သီးသန့်မှာယူမှရမယ်” ချမ်ရူမင်သည် ရှင်းပြလိုက်သည်။

“ဝှစ်”

သူစကားပြောပြီးသည်နှင့် အဖိုးတန်ကျောက်စိမ်းပုလင်းတစ်ခုအား ထုတ်ယူလိုက်သည်။ ထိုအထဲမှ လက်မအရွယ်ဆေးလုံး၏ စွမ်းအားကို ခံစားမိလိုက်သည်။

ဆေးလုံး၏ ရနံ့ဖြင့်ပင် လင်းဝူတသည် လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

[အမည် : ကူးပြောင်းခြင်းကိုးမျိုးနိဗာနဆေးလုံး (ပထမကူးပြောင်းခြင်း)]

[ဖော်ပြချက် : သေမျိုးများအတွက် အထွဋ်အထိပ် နတ်ရတနာဖြစ်သည်။ လူတစ်ယောက်၏ ပါရမီကို ဆယ်ဆမြှင့်တင်ပေးနိုင်သည်။ ဒုတိယအသွင်ပြောင်းလဲမှုများအတွက် အဆင့်ဆင့်တိုးသွားပေမည်]

[မှတ်ချက် : ကူးပြောင်းခြင်းကိုးမျိုးနိဗာနဆေးလုံးအား ဝါးမျိုပြီး‌နောက် အသွင်ကိုမျိုးပြောင်းလဲပြီးလျင် အင်မော်တယ် အင်ပါယာအဆင့်အထိရောက်ရှိနိုင်သည်]

[ဈေးနှုန်း : အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၈၀၀]

အချက်အလက်များကို ဖတ်ရှုပြီး‌နောက် လင်းဝူတသည် တိတ်ဆိတ်သွားခဲ့သည်။

ဤပစ္စည်းသည် အသင်္ချေရတနာမျှော်စင်တွင် ဈေးအပေါ့ဆုံးဖြစ်သော်လည်း သူဝယ်ယူရန် မတတ်နိုင်ချေ။

Comment

Leave a Reply

Options

not work with dark mode
Reset