Switch Mode

Chapter – 50

စကားလုံးတစ်လုံး၊ ဆင်းရဲခြင်း

အခန်း ၅၀။ စကားလုံးတစ်လုံး၊ ဆင်းရဲခြင်း

“ညီအကိုရဲ့ နာမည်က ဘာလဲ”

“တုန့်ဖုန်း”

လင်းဝူတသည် အမည်တုတစ်ခုကို အသုံးပြုလိုက်သည်။ ကောင်းကင်ဘုံမြို့တော်တွင် လူပေါင်းစုံရှိနေသည့်အတွက် သူ၏ နာမည်အရင်းအား အသုံးမပြုလိုချေ။

ဤနေရာတွင် မည်ကဲ့သို့သောလူများရှိနေသည်ကို မည်သူသိရှိမည်နည်း။

သူ၏ ပုံစံအစစ်ကိုသာ ထုတ်ဖော်ပြသမိလျှင် ကပ်ဘေးတစ်ခုကို ခေါ်ဆောင်မိသကဲ့သို့ ဖြစ်သွားပေမည်။

ထို့ကြောင့် သူသည် ဂရုစိုက်ရပေမည်။

“အို… ဒါဆို ညီအကို တုန့်ဖုန်းပေါ့”

မူကျိုးထျန်းသည် လင်းဝူတ၏ နာမည်အရင်းအား မေးမြန်းခြင်းမရှိချေ။ ကောင်းကင်ဘုံမြို့တော်သို့လာရောက်သူတိုင်းသည် ကြီးမားသောနောက်ခံရှိပေသည်။ တခြားလူများအား ပြောပြသည့်အကြောင်းအရာများသည် ပုံမှန်အားဖြင့် အတုအယောင်များသာဖြစ်ပေသည်။

ဤနေရာတွင် မည်သူမှ သူ၏ တည်ရှိမှုကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ချေ။

“ညီအကိုတုန့်ဖုန်း… ခင်ဗျာက ဒီနေရာမှာ လူသစ်ဘဲ။ ကောင်းကင်ဘုံမြို့‌တော်ရဲ့ စည်းမျဉ်းတွေကို မချိူဖျက်မိအောင် ဒီနေရာရဲ့ စည်းမျဉ်းတွေကို အရင်ဆုံးမိတ်ဆက်ပေးမယ်”

“ကောင်းပါပြီ” လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။

သူသည် ကောင်းကင်ဘုံမြို့တော်၏ ရှေးဟောင်းဆန်သောလမ်းများတွင် လမ်းလျောက်လျက် မူကျိုးထျန်း၏ မိတ်ဆက်ပေးမှုများကို နားထောင်နေခဲ့သည်။

“ကောင်းကင်ဘုံမြို့တော်မှာ စည်းမျဉ်းတွေအများပြီးရှိပေမဲ့ လုံးဝချိုးဖောက်လို့မရတဲ့ သံမဏိစည်းမျဉ်းတွေရှိတယ်။ တကယ်လို ချိုးဖောက်မိရင် အပေါ့ပါးဆုံးပြစ်ဒဏ်က ကောင်းကင်ဘုံမြို့တော်ကနေ နှင်ထုတ်ခံရတာဘဲ။ အကြီးလေးဆုံးပြစ်ဒဏ်က ချက်ချင်းကွပ်မျက်ခံရမယ်”

“ပထမဆုံးစည်းမျဥ်းက ကောင်းကင်ဘုံမြို့တော်မှာ တိုက်ခိုက်ခွင့်၊ လူသတ်ခွင့်မရှိဘူး။ ဒုတိယတစ်ချက်က ဝယ်ပြီးရင် ချက်ချင်းငွေပေးချေရမယ်၊ အကြွေးထားလို့မရဘူး။ တတိယအချက်အနေနဲ့ သာမန် အဖြူရောင်ကျောက်စိမ်းတိုကင်နဲ့ဆိုရင် ပထမအထပ်ကောင်းကင်မှာ တစ်ရက်ဘဲနေနိုင်တယ်။ စတုတ္ထစည်းမျဉ်းက ပစ္စည်းချန်ထားခိုင်းလို့မရဘူး။ ပဉ္စမစည်းမျဉ်းက ကောင်းကင်ဘုံမြို့တော်ရဲ့အကြောင်းကို အပြင်လူကို မပြောရဘူး။ ဆဋ္ဌမမြောက်အချက်က ကန့်သတ်နယ်မြေတွေကို သွားခွင့်မရှိဘူး”

မူကျိုးထျန်းသည် ဤနေရာ၏ သတင်းအချက်အလက်များအား မျှဝေပေးနေသည်။

သူသည် လေးနက်စွာပြောနေသကဲ့သို့ လင်းဝူတသည်လည်း သေချာနားထောင်နေခဲ့သည်။

သူ၏မိတ်ဆက်ပေးမှုပြီးဆုံးသွားသည့်အခါ လင်းဝူတသည် ဤနေရာသ အခြေအနေကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။

ခြုံငုံပြီးပြောရလျှင် ဤနေရာသည် စကြာဝဠာထဲရှိ လဲလှယ်ရေးမြို့တော်တစ်ခုပင်။

အရောင်းအဝယ် ပြုလုပ်ခြင်းမှလွဲပြီး ဤနေရာတွင် တခြား အရာများကို လုပ်ခွင့်မရှိချေ။

“ဒါဆို ကောင်းကင်ဘုံမြို့တော်ရဲ့ ဒုတိယအထပ်ကောင်းကင်အကြောင်းကို ပြောပြနိုင်မလား”

“ရတာပေါ့။ ကောင်းကင်ဘုံမြို့တော်မှာ အဆင့်တွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတယ်။ လူတစ်ယောက်မှာ လုံလောက်တဲ့ လိုအပ်ချက်မရှိရင် တခြားအထပ်တွေကို ခြေတစ်လှမ်းတောင်လှမ်းခွင့်မရှိဘူး။ ပထမကောင်းကင်ဘုံအဆင့်ကို ဝင်ရောက်ဖို့ အနိမ့်ဆုံးလိုအပ်ချက်က ကောင်းကင်အင်ပါယာအဆင့်ဖြစ်ရမယ်။ ဒုတိယအထပ်ကောင်းကင်နယ်မြေကို ဝင်‌ရောက်ချင်ရင် ကျင့်ကြံခြင်းအဆင့်က ‌အစစ်အမှန်အာကာသအဆင့်မှာရှိရမယ်။ တတိယကောင်းကင်နယ်မြေကိုဝင်ရောက်ဖို့ဆိုရင် အနိမ့်ဆုံး အာကာသဘုရင်အဆင့်မှာရှိရမယ်။ စတုတ္ထအဆင့်အတွက်ကတော့ အဓိပတိအင်မော်တယ်အင်ပါယာတစ်ယောက်ဖြစ်မှရမယ်”

ဘယ်လို။

စွမ်းအားကြီးတဲ့ ကောင်းကင်အင်ပါယာတောင် ပထမအထပ်မှာဘဲနေခွင့်ရှိတာလား။

ထိုသို့ကြားသည့် အခါ လင်းဝူတ၏ နှလုံးသားသည် အနည်းငယ်နာကျင်သွားခဲ့သည်။

“ထူတောင်တန်းမဟာနတ်ဆိုးရဲ့လက်ထဲမှာ ရွှေရောင်တိုကင်ပြားရှိခဲ့တယ်။ ကြည့်ရတာ သူ့ရဲ့ အဆင့်အတန်းနဲ့ ရာထူးက ငါထင်ထားတာထက် မြင့်‌နေသလိုဘဲ” သူသည် တွေးတောလိုက်သည်။

သူသည် ကျောက်ရုပ်ထုမှ အခြေခံသတင်းအချပ်အလက်များကိုသာ ရရှိခဲ့ခြင်းဖြစ်သည်။ ထူတောင်တန်း၏ မဟာနတ်ဆိုးဟူသောအမည်ကလွဲလျှင် တခြားအသုံးဝင်သော အချက်အလက် တစ်ခုကိုမှ မရရှိခဲ့ချေ။

မူကျိုးထျန်း၏ ရှင်းပြချက်အရ ထူတောင်တန်းမဟာနတ်ဆိုး၏ တည်ရှိမှုသည် မရိုးရှင်းကြောင်း သိရှိလိုက်သည်။

တဖက်လူသည် မည်မျှ စွမ်းအားကြီးသည်ကိုတော့ သူက မသိရှိချေ။

“ပြီးတော့ ညီအကိုတုန့်ဖုန်း…ကောင်းကင်ဘုံမြို့တော်မှာ လူပေါင်းမျိုးစုံရှိတယ်။ ခင်ဗျာရဲ့ အခြေအနေနဲ့ အော်ရာကို ဖုံးကွယ်ပေးနိုင်တဲ့ ဝတ်စုံတစ်စုံလောက်ဝယ်ချင်လား” မူကျိုးထျန်းသည် ရုတ်တရက်မေးလိုက်သည်။

“ဝှစ်”

လင်းဝူတသည် ပဟေဠိဖြစ်နေစဉ် အနက်ရောင် ဝတ်ရုံတစ်ခုနှင့် သရဲမျက်နှာဖုံးတစ်ခုသည် မူကျိုးထျန်း၏ လက်ထဲတွင် ပေါ်လာခဲ့သည်

“ဒီလိုပစ္စည်းမျိုးကို ကောင်းကင်ဘုံမြို့တော်ရဲ့ နေရာတိုင်းမှာ ဝယ်ယူရရှိနိုင်တယ်။ သူတို့ရဲ့ အမည်တွေက ကောင်းကင်ဖုံးကွယ်ခြင်းဝတ်ရုံနဲ့ ကောင်းကင်မျက်နှာဖုံးလို့ခေါ်တယ်။ ဒါတွေကိုဝတ်ထားရင် တခြားလူက ကျင့်ကြံခြင်းအဆင့်အရမ်းမြင့်နေရင်တောင် ခင်ဗျာရဲ့ ပုံစံကို မသိရှိနိုင်ဘူး။ မိတ်ဆွေဖွဲ့တဲ့အနေနဲ့ ဒီဝတ်စုံကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးမယ်။ အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၁ဘီလီယန်ဘဲပေး…”

မူကျိုးထျန်းသည် လင်းဝူတအား တောက်လောင်စွာကြည့်လိုက်သည်။

အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၁ဘီလီယန်လား။

လင်းဝူတသည် အံ့ဩမှင်သက်သွားခဲ့သည်။

သူပြောနေသည့် အရာသည် နတ်ကျောက်တုံးဖြစ်သည်။

သူသည် နတ်အသွင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သည်။ ဘယ်လိုလုပ်ပြီး သူတွင် ဤသို့အဆင့်မြင့် ပစ္စည်းတို့ရှိရမည်နည်း။

ထို့အပြင် မူကျိုးထျန်းပြောသည့်အတိုင်းဆိုလျှင် နတ်ကျောက်တုံးသည် အထွဋ်အထိပ်အဆင့်တောင်‌ဖြစ်နေသေးသည်။

ယခုအချိန်တွင် လင်းဝူတအတွက် ထိုကိန်းဂဏန်းသည် အိမ်မက်တစ်ခုသာဖြစ်ပေသည်။

“အာ… ညီအကိုတုန့်ဖုန်း… အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၁ဘီလီယန်‌လောက်ကို မယူလာဘူးလို့ ကျုပ်ကို မပြောနဲ့နော်”

မူကျိုးထျန်းသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာပြောလိုက်သည်။

သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာဖြစ်သွားသည်။

သူ့အတွက် အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၁ဘီလီယန်သည် ဘာမှမဟုတ်ချေ။

ကောင်းကင်ဘုံမြို့တော်၌ သူ့တစ်ရက်စာ အသုံးစရိတ်သည်ပင် အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၁ဘီလီယန်ကျော်ပေသည်။

“အမ်… ကျုပ်က ငွေမယူလာခဲ့မိဘူး”

“ဟမ်”

သူက ကောင်းကင်ဘုံမြို့တော်ကို ငွေမယူခဲ့ဘဲ လာတာလား။

မူကျိုးထျန်း၏ အမူအရာသည် အနည်းငယ်ထူးဆန်းသွားခဲ့သည်။

သူသည် လင်းဝူတကို ဂရုတစိုက်ကြည့်လိုက်သည်။ သူ၏ အမူအရာသည် လိမ်ညာနေသည့်ပုံမပေါ်ချေ။

“ဟူး…ဒါဆိုရင်တော့ ကျုပ်ဘဲလူကောင်းတစ်ယောက်လုပ်ပေးပါမယ်။ ညီအကိုတုန့်ဖုန်းကို ဒီဝတ်စုံငှားပေးမယ်။ နောက်တစ်ကြိမ်ပြန်လာတဲ့အခါ ငွေယူလာပြီး ကျုပ်ကို‌‌ ပေးဖို့ မမေ့နဲ့‌‌နော်”

ထိုသို့ပြောပြီးနောက် မူကျိုးထျန်းသည် ထိုဝတ်စုံအား လင်းဝူတလက်ထဲသို့ ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

“အဆင်ပြေပါတယ်။ ဒါက အထွဋ်အထိပ်အဆင့်နတ်ကျောက်တုံး ၁ဘီလီယန်လောက်ပါဘဲ။ မိတ်ဆွေတစ်ယောက်ရလိုက်တာက‌ ပိုကောင်းတာပေါ့။ ဘယ်သူသိမှာလဲ။ အနာဂတ်မှာ ကျုပ်က ညီအကိုတုန့်ဖုန်းရဲ့ အကူအညီလိုရင်လိုလာမှာပေါ့” မူကျိုးထျန်းသည် ရယ်မောကာပြောလိုက်သည်။

သူသည် ဤငွေပမာလောက်ကို စိတ်ထဲတွင် မထားချေ။

သို့သော်လည်း လင်းဝူတသည် ဤကျေးဇူးတရားကို မှတ်ထားလိုက်ပေသည်။ သူသည် တခြားလူများအပေါ် ကျေးဇူးကြွေးတင်သည်ကို မကြိုက်သည့်အတွက် အနာဂတ်တွင် သေချာပေါက်ပြန်ဆပ်ရပေမည်။

ထိုသို့တွေးပြီး သူသည် ဝတ်စုံကိုဝတ်ဆင်လိုက်ကာ မူကျိုးထျန်း၏ ‌နောက်သို့ လိုက်သွားခဲ့သည်။

လမ်းတစ်လျောက်လုံး လင်းဝူတ၏ မျက်လုံးများသည် ပြူးကျယ်နေခဲ့သည်။

သူသည် မှော်ဆန်သောပစ္စည်မျိုးစုံကို မြင်တွေ့ခဲ့ရသည်။

ပစ္စည်းတိုင်းသည် မဟာကန္တာရကမ္ဘာကြီးတွင် နတ်ရတနာများအဖြစ်သတ်မှတ်နိုင်ပေသည်။ မဟာအင်ပါယာများနှင့် ကောင်းကင်အင်ပါယာများသည်ပင် ၎င်းတို့ကို ရရှိရန် ရူးသွပ်ကြပေလိမ့်မည်။

“ညီအကိုတုန့်ဖုန်း… တကယ်လို့ ဝယ်ချင်တာတစ်ခုခုရှိရင် ကျုပ်ကိုပြောထားခဲ့နော်။ နောက်တစ်ခါလာရင် တန်းပြီးဝယ်လို့ရတာ‌ပေါ့”

“အမ်… ခင်ဗျာမှာ သေမျိုးတွေအတွက် ဘာပစ္စည်းတွေရှိလဲ” တခဏလောက်တွေးတောပြီးနောက် လင်းဝူတသည် မေးမြန်းလိုက်သည်။

“ဟမ်”

သေမျိုးတွေလား။

မူကျိုးထျန်းသည် အံ့ဩမှင်သက်သွားခဲ့သည်။

“အစစ်အမှန်နတ်ဘုရားအဆင့်အောက်က အဆင့်တွေက သေမျိုးတွေဘဲ။ ကောင်းကင်ဘုံမြို့တော်မှာ သေမျိုးပစ္စည်းတွေအများကြီးမရှိဘူး။ နဝမလမ်းကြောင်းရဲ့ သေမျိုးဒေသမှာဘဲရောင်းတယ်။ တချက်လောက်သွားကြည့်ကြတာ‌ပေါ့”

“ကောင်းပါပြီ”

လင်းဝူတသည် ထိုနေရာကို တိတ်တဆိတ်မှတ်သားထားလိုက်သည်။

ထို့နောက် မူကျိုးထျန်းသည် စိတ်ဝိညာဉ်လှေကိုထုတ်ယူလျက် ပထမကောင်းကင်ရှိ နဝမမြောက်လမ်းကြောင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

“ဘုန်း”

သို့သော်လည်း သူတို့ထွက်ခွာခါနီးတွင် ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခုမြည်ဟိန်းလာခဲ့သည်။

ထို့အပြင် ၎င်းတွင် ခမ်းနားထည်ဝါသော အော်ရာတစ်ခုပင် ပါဝင်နေခဲ့သည်။

“ဘာဖြစ်တာလဲ” လင်းဝူတ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။

သူသည် လှည့်ကြည့်လိုက်သည့်အခါ အလွန်လေးနက်သောမျက်နှာဖြင့် ရှိနေသော မူကျိုးထျန်းအား မြင်တွေ့လိုက်ရသည်။

“ဟမ်… ဘယ်နှနှစ်တောင်ရှိသွားပြီလဲ။ ကောင်းကင်ဘုံရဲ့ ဒဏ္ဍာရီလာခေါင်းလောင်းထပ်မြည်ပြန်ပြီ။‌ ကောင်းကင်ဘုံမြို့တော်မှာ တစ်ခုခုဖြစ်ပျက်တော့မယ်” မူကျိုးထျန်းသည် မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

ကောင်းကင်ဘုံရဲ့ ခေါင်းလောင်းလား။

လင်းဝူတသည် ပဟေဠိဖြစ်သွားခဲ့သည်။

“ညီအကိုတုန့်ဖုန်း… ဒီကောင်းကင်ဘုံခေါင်းလောင်းက အထွဋ်အထိပ်နတ်ရတနာဘဲ။ ကောင်းကင်ဘုံမြို့တော်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တိုင်း မြည်ဟိန်းလိမ့်မယ်။ ကောင်းကင်ဘုံခေါင်းလောင်းနောက်ဆုံးမြည်ဟိန်းခဲ့တာက ဒဏ္ဍာရီလာခေတ်ရဲ့ ပထမခေတ်ကထင်တယ်။ ခေတ်ပေါင်းများစွာတောင်ကြာသွားခဲ့ပြီ။ အခြေအနေအရတော့ ကိစ္စက သေးငယ်တဲ့ပုံမပေါ်ဘူး”

သူသည် စကားပြောပြီးသည်နှင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“ဘုန်း”

“ဘုန်း”

“ဘုန်း”

မြင့်မြတ်သောအလင်းရောင်တစ်ခုသည် လေဟာနယ်ထဲမှ ဆင်းသက်လာခဲ့သည်။

[မြို့အရှင်၏ အမိန့်တော်ဖြင့် ကောင်ကင်ဘုံမြို့တော်၏ ဆယ်ခုမြောက် အဓိပတိတိုကင်အား ထုတ်ပေးလိုက်သည်]

[အဓိပတိတိုကင်ကို ကိုင်ဆောင်သူသည် ကောင်းကင်ဘုံမြို့တော်မှာ အရောင်းအဝယ်လုပ်ငည့်အခါ ၁၀% လျော့ဈေးရရှိမည်]

[အချိန့်အကန့်အသတ် : အမြဲတမ်း]

ကောင်းကင်ပေါ်တွင် စာကြောင်းများသည် တစ်ကြောင်းပြီး‌လျှင်တစ်ကြောင်း ပေါ်လာခဲ့သည်။

“ဝှစ်”

အဓိပတိဟူသော စာလုံးကို အဓိကထားပြသထားခဲ့သည်။

ထိုအချိန်တွင် မြို့ထဲရှိသက်ရှိများအားလုံးသည် မျက်လုံးပြူးကျယ်သွားကြသည်။

သူတို့၏ မျက်နှာတွင် လေးစားအားကျခြင်း အရိပ်အယောက်များဖြင့်ပြည့်နေသည်။

ယခုအချိန်တွင် ကောင်းကင်ဘုံမြို့တော်၌ နောက်ထပ် အဓိပတိတစ်ယောက်ပေါ်တဃွက်လာခဲ့ပေပြီ။

မနေ့က အလုပ် နည်းနည်းရှုပ်သွားတဲ့အတွက် နောက်ကျသွားတာတောင်းပန်ပါတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset