Chapter – 227 ပြောင်းလဲခြင်းစွမ်းရည်
ဆေးဆရာမကြီး ထောက်ခံသံကို ကြားရတဲ့အခါ ဆ ရာကြီး ဝု နှင့် ဂုဒွန်ချန် တို့ တုန်လှုပ်သွားကြပါတယ် ။ ချန်ရှန် တည်ဆောက်ရေးဆေးကို တကယ်ပဲ ပြုလုပ်နိုင် နေတာ ကို သိရှိလိုက်ကြရပြီး သူ့လက်ထဲတွင်လည်း အ တော် များများ ရှိလိမ့်မည် ဟု ထင်မိနေကြတယ် ။
“ဦးရီးတော်လေး ၊ မင်း မှာ ဘယ်နလုံးရှိလဲ”
ဂုဒွန်ချန် အလျင်အမြန် မေးလိုက်တယ် ။ နှစ်ပေါင်း များ စွာ ကြာအောင် ပြင်းထန်သောသိုင်းပညာဂိုဏ်း မှာ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ၀င်ရောက်နိုင်သူဟာ တဖြည်းဖြည်း နည်းသထက် နည်းလာတာပါ ။
“ဆယ်လုံး”
ချန်ရှန် ပြုံးကာ ပြန်ဖြေလိုက်တယ် ။
“ခင်ဗျား လိုချင်လို့လား ၊ ဒါပေမယ့် ကျွန်တော် တခါ တည်း အများကြီး တော့ မရောင်းနိုင်သေးဘူး ။ မှာထား မယ် ဆိုရင်တော့ တခါတည်း လုပ်ပေးမယ် ။ တစ်လုံးကို ဒြပ်စင်ဆေး ၁၂၀၀ ပဲပေး ဒါမှမဟုတ်လဲ သလင်းကျောက် ခြောက်သိန်းပေါ့”
ဂုဒွန်ချန် ချန်ရှန်ကို ကျိန်ဆဲနေတယ် ။
“ငါ သက်ကြီးခြံဝန်းက လူတွေနဲ့ အရင် တိုင်ပင်လိုက် ဦးမယ်”
“မြန်မြန် တိုင်ပင် ၊ သူတို့ မရှိတယ့်အခါကျမှ ကျွန်တော့ မတ နဲ့ နော်”
ချန်ရှန် ရယ်မော ပြောဆိုပြီး ဆေးဆရာမကြီး နှင့် အ တူ ဆေးဘုရင် ခြံဝန်းထဲသို့ လိုက်ပါသွားပါတော့တယ် ။
တည်ဆောက်ရေးဆေးဟာ လူ တစ်ဦးကို ချီဓာတ် အ မြောက် အများ ထုတ်လွှတ်ပေးနိုင်တာပါ ။ အဆင့် ၁၀ မော် တယ် ပညာရှင်များ ဆိုပါက ၎င်းတို့၏ တစ်စို့ခြင်း အခြေ အနေကို ကျော်လွှားကာ စစ်မှန်သော သိုင်းပညာနယ်ပယ် သို့ ၀င်ရောက် နိုင်မည် ဖြစ်ပါတယ် ။ ဒါကြောင့်ပဲ ၎င်းဆေး ဟာ အလွန်ဈေးကြီးလှပြီး ရှားပါးလှပါတယ် ။ ချန်ရှန် သူ့ မှာ ရှိတယ့် ဆေးအရေအတွက်ကို အမှန်တိုင်း ထုတ်မပြော ခဲ့ပါဘူး ။ ဒီလိုသာ ပေးသိခဲ့ပါက ရှားပါး ဆေးအဖြစ် သတ် မှတ်တော့မည် မဟုတ်ပဲ သူပြန်ရောင်းပါက ဈေးရတော့ မည် မဟုတ်ပေ ။ သူ့တစ်ကိုယ်ရည်စာ လည်း အသုံးပြုချင် တာ ဖြစ်ပြီး ရောင်းမည် ဆိုပါကလည်း ဈေးမြင့်မြင့် ဖြင့် သာ ရောင်းဖို့ ဆုံးဖြတ်ထားတာပါ ။ အခွင့်အရေး ရှိမယ် ဆိုပါက လေလံပင် ဆွဲချင်ပါသေးတယ် ။
“မင်း မိုးပြာသီးတွေ အကုန်လုံး သုံးလိုက်ပြီလား”
ဆေးဘုရင် ခြံဝန်းသို့ ရောက်ပြီးတဲ့အခါ ဆေးဆရာ မ ကြီး က မေးလိုက်တယ် ။
“အင်း ၊ အကြိမ် အတော်များများ မအောင်မြင် ဖြစ်ပြီး တော့ ခု ဆိုရင် ကျွန်တော့မှာ ဆေး တစ်ရာကျော် ရှိတယ်”
ချန်ရှန် ရယ်မော ပြောဆိုနေပြီး ဆေးဆရာမကြီး က တော့ ကျိန်ဆဲနေပါတော့တယ် ။ သူမ ချန်ရှန် ကို အတော် မနာလို ဖြစ်နေတာပါ ။ သူဟာ စစ်မှန်သော သိုင်းပညာ နယ် ပယ် အဆင့် သာ ရှိပြီး တည်ဆောက်ရေးဆေးတွေ အများကြီး သူ့လက်ထဲ ရှိနေတာပါ ။ ဒီပမာဏနှင့် ဆိုပါ က စစ်မှန်သော ပညာရှင် တစ်ရာလောက်ကို မွေးထုတ်ပေး နိုင် မှာပါ ။
သို့သော်လည်း ချန်ရှန် ဒီလို အများကြီး တပည့်မွေး ဖို့ ဆန္ဒ မရှိပေ ။ သူအများကြီး မလိုပါဘူး ။ သူ့အပေါ် ကောင်း ရမယ် ၊ သူ့နဲ့ အတူ အလုပ်လုပ်ရမယ် ၊ သစ္စာရှိရမယ် စ သည့် လူအနည်းငယ်သာ သူလိုအပ်နေပါတယ် ။
“အခု မင်းက နတ်သိုင်းစွမ်းရည်ကို သင်တော့ မယ် ပေါ့လေ”
ဆေးဆရာမကြီး မေးလိုက်တယ် ။
“ခင်ဗျား သင်ပေးမလို့လား”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။
“ဒါပေါ့”
ချန်ရှန် ခေါင်းကို ခါယမ်းပြီး –
“အခုတော့ မဟုတ်သေးဘူး ၊ ကျွန်တော့မှာ ပိုအရေး ကြီးတဲ့ အရာတွေ လုပ်စရာ ရှိသေးတယ် ။ ဟဲဟဲ ခင်ဗျား မျက်နှာဖုံးကို ချွတ်ပြီး သင်ပေးမယ် ဆိုရင် ပိုကြိုက်တယ်”
“ဟက် ၊ မင်းက သင်လည်း သင်ချင်သေးတယ် ၊ သင် တာလဲ မဟုတ်ဘူး ၊ မင်းနောက်မှ နောင်တမရနဲ့”
ဆေးဆရာမကြီး ခြေဆောင့်ကာ ဒေါသတကြီး ထွက် ခွာ သွားပါတယ် ။
ချန်ရှန် စိတ်ရှုပ်သွားတယ် ။ ဆေးဆရာမကြီး ရုတ် တရက် ဘာလို့ ဒေါသထွက်နေလဲ ဆိုတာကို သူ နားမ လည် နိုင်ပါ ။
သူလည်း သူ၏ အခန်းထဲသို့ ပြန်သွားပြီး တင်ပလ္လင်ခွေ ထိုင်လိုက်တယ် ။
“နဂါးလေး ၊ မင်းငါ့ကို ဝိဉာဉ်တော် စွမ်းအားတွေ သင် ပေးမယ် မဟုတ်လား”
ချန်ရှန် ဒီ ဝိဉာဉ်တော် စွမ်းအားကို အရင်သင်တာ ကောင်းလိမ့်မည် ဟု စဉ်းစားလိုက်မိတယ် ။ ဒီလိုသာ ဆို ပါက သူအသက်ရှင်သန်ဖို့ ပိုမို အခွင့်အရေး များမည် မ ဟုတ်ပါလား ။ အထူးသဖြင့် ပုံစံ အမျိုးမျိုး ပြောင်းလဲနိုင် သည့် အတွက် အတော် အသုံးဝင်မှာပါ ။
“ကျွန်မ သင်ပေးပါ့မယ် ၊ ဒါပေမယ့် သင်လို့ တတ်မ တတ် က တော့ ခင်ဗျားပေါ် မှာ မူတည်တယ်”
လောင်ဆုရီ အထင်သေးဟန် ဖြင့် ပြောပါတယ် ။ ချန် ရှန် ကို မတတ်လောက်ဘူးဟု ထင်နေခြင်းပါ ။
“ကောင်မလေး ၊ ငါ့ကို အထင်မသေးစမ်းပါနဲ့ဟ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။
“မြန်မြန် သာ သင်ပေး”
“ပထမဆုံး သင်ပေးမှာက ပုံစံ ၇၂ မျိုး ပြောင်းလဲခြင်း ပဲ ၊ ခင်ဗျားရဲ့ ဝိဉာဉ်တော်လေးဟာ အလွန် အားနည်းနေ သေး တာ ကြောင့် လက်ရှိမှာ ခင်ဗျား အကောင်သေးသေး လေးတွေပဲ ပြောင်းလို့ ရဦးမယ် ။ အကောင်ကြီးကြီးတွေ ပြောင်းဖို့ကိုတော့ ယောင်လို့တောင် မစဉ်းစားနဲ့”
လောင်ဆုရီ ပြောလိုက်တယ် ။
“လက်ရှိမှာ ကျွန်မတောင် အကြီးဆုံးအရွယ်ဆို ကျား တစ်ကောင် ပဲ ပြောင်းလို့ရတယ်”
“အေးဆေးပေါ့ ၊ အခု ငါ ငှက်ကလေး အသွင်ပြောင်း လို့ ရမလား”
ချန်ရှန် အတော် စိတ်လှုပ်ရှားနေမိတယ် ။ ငှက်လေး အသွင် ပြောင်းကာ ပျံသန်းမည် ဆိုပါက ရန်သူများ သူ့ကို သတိမမူမိလောက်ပါပေ ။
“ဒါပေ့ါ ၊ ခင်ဗျားပြောင်းလို့ရတယ် ။ ဒါပေမယ့် အရင် သင်ကြည့်ပါဦး”
လောင်ဆုရီ ရယ်မော ပြောဆိုတယ် ။
“အစားအများကြီး မစားထားနဲ့ ၊ ခင်ဗျား ရန်သူနဲ့ တွေ့ ပြီး စွမ်းအားကြီးတယ့် တိုက်ခိုက်မှုနဲ့ ကြုံမယ် ဆိုတောင် ချက်ချင်း သေမှာ မဟုတ်ဘူး ။ နတ်ဝိဉာဉ်တော် ရှိတယ့် လူ ဟာ တခြားလူထက် ပိုစွမ်းတယ် ။ ပြောရမယ် ဆို လွယ် လွယ် မသေဘူးပေါ့”
ချန်ရှန် သူ့လက်နှစ်ဖက်ကို ပွတ်နေတယ် ။ ထိုအချိန် မှာပဲ လောင်ဆုရီဟာ ပုံစံ ၇၂ မျိုးပြောင်းလဲခြင်းလို့ ခေါ် သည့် နတ်ဝိဉာဉ်တော် စွမ်းအား ကို သင်ကြားပေးပါ တော့ တယ် ။ အတော်ကို ရှုပ်ထွေးတာ ဖြစ်ပြီး ကံကောင်း စွာပဲ လောင်ဆုရီ ဟာ သူမ၏ နတ်အတွင်းအား အာရုံမှ တဆင့် ရှင်းပြ ပေးနေပါတယ် ။ အတော်ကို လျင်မြန်ပြီး နားလည် လွယ်လှပါတယ် ။ ချန်ရှန် အနေဖြင့် စုမေးယို နှင့် ဘိုင်ယုယု တို့ဟာ ကောင်းကင်နယ်ပယ်က ဆိုတာ ပိုမို သေ ချာ သည့် အချက်မှာ နတ်အတွင်းအား ကူးပြောင်း ခြင်း ဟာ သူတွေ့ ဖူးနေကြ လူများ နဲ့ မတူပဲ တမူထူးနေ သော ကြောင့် ဖြစ်ပါတယ်။
ပုံစံ ၇၂ မျိုး ပြောင်းလဲခြင်း ဆိုသည်မှာ အတိအကျ အား ဖြင့် ပုံစံ ၇၂ မျိုးသို့ ပြောင်းလဲနိုင်ခြင်းမဟုတ်ပဲ အမျိုး အစား များစွာ ကွဲပြားပါတယ် ။ ဒီစွမ်းရည်ကို သာ တတ် ကျွမ်းသွားမည် ဆိုပါက နတ်ဝိဉာဉ်တော်လေး ဟာ အား ကောင်းလာပြီး ပုံစံမျိုးစုံ ကို ပြောင်းလဲနိုင်မှာပဲ ဖြစ်ပါတယ်။
နတ်ဝိဉာဉ် တော် ကို အသုံးပြုပြီး ခန္ဓာကိုယ် ကို ထိန်း ချုပ်ရန် အတော် ခက်ခဲလှပြီး ထို နတ်ဝိဉာဉ်တော် မှ ထူး ခြားသော စွမ်းရည် ထုတ်ယူခြင်းဟာလည်း မလွယ်ကူ လှ ပါဘူး ။ လောင်ဆုရီ ဟာ ဒီစွမ်းအင်ကို ဝိဉာဉ်တော် စွမ်း အင်လို့ ခေါ်ပြီး အသုံးပြုသူဟာ ကိုယ်ပိုင် စိတ်ဖြင့် ကိုယ် ခန္ဓာ ကို လိုသလို ပြောင်းလဲ နိုင်မှာပါ ။ တချိန်တည်းမှာပင် ထို ဝိဉာဉ်တော် စွမ်းအားဖြင့် စိတ်တွင်းမှ စွမ်းအားများ စွာ ကိုလည်း ထုတ်လွှတ်နိုင်ပါသေးတယ် ။
ဝိဉာဉ်တော် စွမ်းအား ဟာ ကိုယ်တွင်းရှိ အစိတ် အပိုင်း အားလုံးကို စီးဆင်းတယ့်အခါ စွမ်းအား တစ်ခု ထုတ်လွှတ် နိုင်ပါတယ် ။ ထိုစွမ်းအားနှင့် အသံလှိုင်း လို မျိုး ဝိဉာဉ်တော်သွေးကြောများ ထဲ ထုတ်လွှတ်ပြီး ဝိဉာဉ် တော် စွမ်းအားကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ ဖြစ်စဉ် ဟာ တမျိုးတဖုံတော့ ရှုပ်လို့နေပါတယ် ။ ဒါပေမယ့် ဒီဖြစ်စဉ်ကို သာ ရင်းနှီးကျွမ်းဝင်သွားမည် ဆိုပါက အချိန်တိုလေး အ တွင်းမှာပဲ ပုံစံမျိုးစုံ ပြောင်းလဲနိုင်မှာပါ ။ လောင်ဆုရီ ဆို ပါက မျက်စိတမှိတ် အတွင်းမှာပဲ ပြောင်းလဲနိုင်တာ ဖြစ်ပါ တယ် ။
သုံးရက်ကြာတယ့်အထိ ချန်ရှန် ထိုင်နေတုန်းပါပဲ ။ လုံး ၀ လှုပ်ရှားမှုမရှိပဲ သူ့စိတ်ထဲမှာတော့ လောင်ဆုရီ၏ ရယ် မောသံများကိုပဲ ကြားနေရပါတယ် ။ စိတ်ထဲမှ သူမကို သိပ် ပြီး မကျေနပ် ဖြစ်နေပါတော့တယ် ။
“ကောင်မလေး ၊ ငါ က ဝိဉာဉ်တော် စွမ်းအားရဲ့ လုပ် ဆောင်ပုံတွေကို မသိသေးလို့ ပါ ။ ငါသင်ပြီးတယ့်ထိ စောင့် ကြည့်လိုက်”
ချန်ရှန် ပြောလိုက်တယ် ။
သူအမှန်တိုင်းပြောနေခြင်းပါ ။ ဒီ နည်းစနစ်ဟာ ထိန်း ချုပ်ရ အလွန် ခက်ခဲတာ ဖြစ်ပြီး သူ၏ ကိုယ်ထဲမှာ ဝိဉာဉ် တော် စွမ်းအားများဟာ စီးဆင်းနေသလိုပါပဲ ။ သူဟာ ထို စွမ်းအားများကို ထုတ်သုံးရန် ကြိုးစားနေတာပါ ။ သူမူလ ပုံစံ ပြန်ပြောင်းချင်ပါက ဝိဉာဉ်တော် သွေးကြောများ ကို ချိုးဖြတ် ပစ်လိုက်ရုံပါ ။ ဒါဆို ချက်ချင်း ပုံမှန်အတိုင်း ပြန် ဖြစ်သွားမှာ ဖြစ်ပါတယ် ။
နောက်ထပ် သုံးရက် ကြာသွားပါပြီ ။ ရုတ်တရက် ရွှေ ရောင် အငွေ့ များ ချန်ရှန် ၏ ကိုယ်မှ ထွက်လာပြီး သူ၏ နှုတ်ခမ်းမှာ အနည်းငယ် လှုပ်ခတ်သွားပါတယ် ။ အလင်း တစ်ချက် ဖြတ်ခနဲ လက်သွားကာ လောင်ဆုရီ ၏ အော် သံကို ကြားလိုက်ရတယ် ။
“ခင်ဗျား တကယ်ကို လျင်လျင်မြန်မြန် နဲ့ တတ်သွားပြီ ပေါ့”
ချန်ရှန် အမှန်တကယ်ကို တတ်မြောက်ခဲ့တာပါ ။ သူ ဟာ ငှက်လေးအသွင်သာ ပြောင်းနိုင်သေးတာ ဖြစ်ပါတယ် ၊ သူ၏ တောင်ပံများကို ဖြန့်ရင်း အခန်းတွင်း ပျံသန်းနေမိ ပါတယ် ။ သူ့ကိုယ်မှာ မည်သည့် ပြောင်းလဲမှုမျှ ဖြစ်ပေါ် ခြင်း မရှိပဲ အသွင်သာ ပြောင်းသွားခြင်းပါ ။ အားအင်များ လည်း ယုတ်လျော့သွားခြင်း မရှိပေ ။ သူ့ချီဓာတ်များကို အသုံးပြုနိုင်ပါသေးတယ် ။
“အခု နတ်ဝိဉာဉ်တော်လေးက ခင်ဗျားကိုယ် အခြေ အနေ ကို ထိန်းညှိနေတယ် ။ ခင်ဗျား တွေးလိုက်တာနဲ့ ပျံ သန်း နိုင်လိမ့်မယ် ။ တခြားလူတွေ အမြင်မှာ ခင်ဗျားက ငှက် လေး အသွင် ပြောင်းသွားတာပေါ့”
လောင်ဆုရီ ပြောပြတာပါ ။
ချန်ရှန် တကယ်ကိုပဲ သူ၏ အတောင်ပံများကို ထိန်း ချုပ်စရာ မလိုပေ ။ အတွေးတစ်ချက်နဲ့တင် သူသွားချင်တဲ့ နေရာကို သွားနိုင်ပါတယ် ။ အတော်ကို မှော်ဆန်တယ့် စွမ်း ရည် ဖြစ်ပြီး သူ အသွင်းမပြောင်းခဲ့ဘူးဆိုရင်တောင်မှ ဈာန် ကြွ သလို နတ်ဝိဉာဉ်တော် စွမ်းအားလေးအား အသုံးပြု နိုင်တာ ဖြစ်ပါတယ် ။ ဒါကကိုပဲ ရှင်တိုရဲ့ အစွမ်းထက်ဆုံး စွမ်းရည်ပါ ။
အတွေးတချက် လက်ခနဲ ချန်ရှန်ခေါင်းထဲ ၀င်လာပါ တယ် ။ သူပြတင်းပေါက်မှ ထွက်လာပြီး ဆေးဆရာမကြီး အခန်းသို့ ပျံသန်းသွားတယ် ။ ဆေးဆရာမကြီး ၏ သွင်ပြင် အစစ်အမှန်ကို အလွန် သိချင်နေတာဖြစ်ပြီး အခုသူ့မှာ ချောင်းကြည့်ရန် အခွင့်အရေး ရရှိလာပြီ မဟုတ်ပါလား ။
ငှက်ကလေး တစ်ကောင်အသွင် ပြောင်းပြီး သူ့ အ သက်ရှူပုံလည်း သာမန်ငှက်များလို ပြုမူနေလိုက်တယ် ။
“ခင်ဗျားက အတော် ဆိုးတာပဲ ၊ ဒီလိုလုပ်ခွင့် မပြုနိုင် ဘူး”
လောင်ဆုရီ ချန်ရှန် ချောင်းကြည့်ဖို့ ပြင်နေတာကို ကြည့်ရင်း ငေါက်လိုက်တယ် ။
“ငါ သူရေချိုးနေတာကို ကြည့်တာမှ မဟုတ်တာ ၊ သူ့ မျက်နှာဖုံး ကွာတာကို ကြည့်ချင်ရုံလေးပဲ”
ချန်ရှန် ခပ်မဲ့မဲ့ ပြောလိုက်ပါတယ် ။
“ဟက် ၊ ခင်ဗျား ဝိဉာဉ်တော် စွမ်းအားကို ဒီလို မဟုတ် တရုတ်တွေ သုံးမယ်ဆို နောက်ခါ ဘာမှ မသင်ပေးပဲ နေရ လိ့်မ်မယ်”
လောင်ဆုရီ ဒေါသတကြီး ပြောဆိုပါတယ် ။
“ကောင်မလေး ၊ မင်းကော ငါ့ကို မဟုတ်တာတွေ မပြောဖူးဘူးလား ၊ နောက် မင်းကိုယ်တိုင်လဲ ငါ့ကို အမ တော် ယုယု တို့ မေးယိုတို့လို မချောင်းကြည့်ခဲ့ဖူးဘူးလား ၊ ဟဲဟဲ ၊ မင်းငါ့ကို အကုန်မြင်တယ်မလား”
ချန်ရှန် ရယ်မော ပြောဆိုတယ် ။ လက်ရှိမှာတော့ သူ ဟာ ဆေးဆရာမကြီး ၏ အိပ်ခန်း ပြတင်းပေါက်မှာ နားနေ တာ ဖြစ်ပါတော့တယ် . . . ။