Switch Mode

Chapter – 42

လီထျန်းတုအား သတ်ဖြတ်ခြင်း

အခန်း ၄၂။ လီထျန်းတုအား သတ်ဖြတ်ခြင်း

“ဂိုဏ်းချုပ်…ဂရုစိုက်ပါ”

“ချီးဘဲ…တစ်ယောက်ယောက်က ခြုံခိုတိုက်ခိုက်နေပြီ”

အရာရာတိုင်းသည် မျက်စိတစ်မှိတ်စာအချိန်အတွင်းဖြစ်ပျက်သွားခဲ့သည်။

လေဟာနယ်ထဲမှ ရက်စက်ကြမ်းကြုတ်ပုံရသော လူတစ်ယောက်သည် သူတို့၏ ဂိုဏ်းချုပ်အား ရိုက်ချလိုက်သည်ကိုမြင်သောအခါ တပည့်များသည် ကြောက်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

သူတို့အားလုံး အသက်ရှုကျပ်သွားခဲ့သည်။

တချိန်တည်းတွင် လီထျန်းတုသည် သူ့နောက်မှ ကြောက်လန့်ဖွယ်သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရသည်။

“ဘုန်း”

လင်းဝူတ၏ ထိတ်လန့်ဖွယ်လက်ဝါးသည် သူ့အပေါ်သို့ ကျရောက်ခါနီးတွင် အနက်ရောင်ရှေးဟောင်းခေါင်းလောင်းတစ်ခုသည် သူ့အားဝန်းရံဖုံးကွယ်လိုက်သည်။

“ဒုန်း”

လင်းဝူတသည် လုံးဝထိန်းချုပ်မထားချေ။ ရှေးဟောင်းအကြင်အနာမဲ့နဂါးအကောင်နှစ်ဆယ်သည် အနက်ရောင်ခေါင်းလောင်းကို အပြင်းအထန် ရိုက်ခတ်သွားခဲ့သည်။ ချက်ချင်းပင် ကျယ်လောင်သောခေါင်းလောင်းသံသည် ဦးတည်ရာမျိုးစုံသို့ ပျံ့နှံ့သွားခဲ့သည်။

“အား”

ထိုက်ယွမ်ဂိုဏ်း၏ ကျင့်ကြံခြင်းအခြေခံနိမ့်သော တပည့်အချို့သည် ခေါင်းလောင်သံကြောင်း သွေးအန်ထုတ်လိုက်ကြရသည်။

“လူသားတာအိုစိတ်ဝိညာဉ်လက်နက် အနက်ရောင်လိပ်ခေါင်းလောင်း”

အံ့ဩသောအသံတစ်ခုသည် လူအုပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

အနက်ရောင်လိပ်ခေါင်းလောင်းသည် ဂိုဏ်းချုပ်၏ အမှတ်အသားလက်နက်ဖြစ်သည်။

၎င်းသည် လူသားတာအိုစိတ်ဝိညာဉ်လက်နက်ဖြစ်ပြီး လူသားတာအိုကန့်သတ်ချက် ၆၄ခုဖြင့် ဖွဲ့စည်းထားသည်။ လူသားတာအိုစိတ်ဝိညာဉ်လက်နက်များထဲတွင်ပင် အကောင်းဆုံးဟုသတ်မှတ်နိုင်သည်။

အနက်ရောင်လိပ်ခေါင်းလောင်း၏ အကာအကွယ်သည် အလွန်စွမ်းအားကြီးလွန်းပေသည်။

အကယ်၍ သာလွန်ထူးကဲခြင်းအဆင့်တစ်ယောက်သာအသုံးပြုလျှင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ပေသည်။ တူညီစွာပင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်သာအသုံးပြုလျှင် ကောင်းကင်အဆင့်တစ်ယောက်၏ တိုက်ခိုက်မှုကိုခုခံနိုင်ကာ ၎င်းအဆင့်တွင် ပြိုင်ဘက်ကင်းပေသည်။

အရေးကြီးသည့်အခြေအနေတွင် လီထျန်းတုသည် အကာအကွယ်လက်နက်ကို ထုတ်ယူလိုက်သည်။

အနက်ရောင်လိပ်ခေါင်းလောင်း၏အကာအကွယ်ဖြင့်ဆိုလျှင် လင်းဝူတ၏ လက်ဝါးကို အလွယ်တကူကာကွယ်နိုင်ပေသည်။

သို့သော်လည်း လင်းဝူတသည် နတ်အသွင်ပြောင်းလဲခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အကြင်အနာမဲ့ နဂါးလက်ဝါး၏ အကြင်အနာမဲ့နဂါးအကောင် ၂၀ ခွန်အားဖြင့်ဆိုလျှင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်တွင် ပြိုင်ဘက်ကင်းပေသည်။

“ဘန်း”

မူလကျောက်တုံး၏ ခွန်အားတိုးမြှင့်ခြင်းစွမ်းရည်မပါလျှင်တောင် လင်းဝူတ၏ လက်ဝါးသည် အနက်ရောင်လိပ်ခေါင်းလောင်းကို လွင့်စင်သွားအောင်လုပ်နိုင်ပေသည်။ ရလဒ်အနေဖြင့် ခေါင်းလောင်းအတွင်းတွင်ရှိနေသည် လီထျန်းတုသည် သွေးအန်လျက် လွင့်စင်သွားခဲ့သည်။

သူ၏ခန္တာကိုယ်တစ်ခုလုံးသည် အပြင်းအထန်ဒဏ်ရာရသွားပြီး ထိုဒဏ်ရာများမှ သွေးများသည် ထိတ်လန့်ဖွယ်စီးဆင်းနေခဲ့သည်။

“ဘယ်လို။ ဂိုဏ်းချုပ်က ရှုံးနိမ့်သွားခဲ့တာလား”

“ဒီကောင်က အနက်ရောင်လိပ်ခေါင်းလောင်းကိုတောင် ဒီအတိုင်းလွင့်စင်သွားအောင်လုပ်နိုင်တယ်။ ဂိုဏ်းချုပ်ကို ရောဘဲ။ ဒါက ဘယ်လိုခွန်အားမျိုးလဲ”

“သူကနတ်အသွင်‌ ပြောင်းလဲခြင်းနောက်ဆုံးအဆင့်မှာအနည်းဆုံးရှိလိမ့်မယ် ”

“ရူးသွပ်စရာဘဲ”

ရက်စက်သောမြင်ကွင်းသည် ထိုက်ယွမ်ဂိုဏ်း၏ တပည့်များကို အံ့ဩတုန်လှုပ်စေသည်။

၎င်းသည် ခုခံကာကာကွယ်ရာတွင် အဓိကအသုံးပြုသည် လူသားတာအိုစိတ်ဝိညာဉ်လက်နက်ပင်။

ဒါတောင် သူ့ရဲ့ လက်ဝါးတစ်ချက်ကို မခံယူနိုင်ဘူးတဲ့လား။

ဒီလူက ဘယ်သူလဲ။

“ဝှစ်”

ကြောက်လန့်တုန်လှုပ်နေသောအကြည့်များသည် လင်းဝူတအပေါ်သို့စုပြုံကျလာခဲ့သည်။

လင်းဝူတသည် ရိုးရှင်းစွာပင် သူတို့အားလျစ်လျူရှုထားလိုက်သည်။

“ဟမ်း… လူသားတာအိုစိတ်ဝိညာဉ်လက်နက်က ဘာလို့ ခင်ဗျာ့ရဲ့အသက်ကို မကယ်နိုင်ရတာလဲလို့တွေ့နေတာမလား။ ခင်ဗျာက နုံအလွန်းတယ်”

“ဝှစ်”

သူသည်ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် လီထျန်းတုအရှေ့သို့ရောက်ရှိလာခဲ့သည်။ ထို့နောက် လက်မြှောက်ကာ ထပ်မံရိုက်ချလိုက်သည်။

ထိုသို့မြင်သောအခါ လီထျန်းတုသည် ကာကွယ်ရန်ပြင်လိုက်သည်။

သို့သော်လည်း လင်းဝူတသည် သူ့အားအခွင့်အရေးမပေးချေ။

“ဘုန်း”

လက်ဝါးကျဆင်းသွားသည့်အခါ လီထျန်းတု၏ အနက်ရောင်လိပ်ခေါင်းလောင်းအားကိုင်ဆောင်ထားသည့်လက်သည် လွင့်စင်ထွက်သွားခဲ့သည်။ ထို့နောက်လင်းဝူတ၏ ထိတ်လန့်တုန်လှုပ်ဖွယ်လက်ဝါးသည် သူ့ခန္တာကိုယ်သို့ ကျဆင်းလာခဲ့သည်။

“အား” သနားစရာကောင်းသော အော်သံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။

ထိုက်ယွမ်ဂိုဏ်း တပည့်များ၏ အကြည့်များအောက်တွင်ပင် လီထျန်းတု၏ ခန္တာကိုယ်တစ်ခြမ်းသည် ပေါက်ကွဲထွက်သွားခဲ့သည်။ အကြင်အနာမဲ့နဂါးလက်ဝါး၏ ပြင်းထန်သောစွမ်းအားကြောင့် ပေတစ်ထောင်အကွာရှိနန်းဆောင်တစ်ခုသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့သည်။

မြေပြင်သည် ထွန်ယက်ထားသောမြေတစ်ခုကဲ့သို့ဖြစ်သွားခဲ့သည်။

တိတ်ဆိတ်ခြင်း။

အသက်မဲ့စွာ တိတ်ဆိတ်ခြင်း။

လီထျန်းတုသည် လင်းဝူတ၏ လက်ဝါးတစ်ချက်ဖြင့်သတ်ဖြတ်ခံလိုက်ရသည်ကိုမြင်သောအခါ ပတ်ဝန်းကျင်ရှိတပည့်များသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။

တစ်ခုသိထားရမည်က လီထျန်းတုသည် နတ်အသွင်ပြောင်းလဲခြင်းအဆင့်တစ်ယောက်ဖြစ်သည်။

အခုတော့ လူသားတာအိုစိတ်ဝိညာဉ်လက်နက် အနက်ရောင်လိပ်ခေါင်းလောင်း၏ အကာအကွယ်ဖြင့်ပင် ပြန်တိုက်ခိုက်ရန်အခွင့်အရေးမရရှိဘဲ ရှုံးနိမ့်သွားခဲ့ရသည်။ ဒုတိယလက်ဝါးကြောင့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ရက်စက်လွန်းသည်။

ထိတ်လန့်ဖွယ်ကောင်းလွန်းသည်။

ဤကဲ့သို့‌ရက်စက်သောလူတစ်ယောက်ကို သူတို့မတွေ့ဖူးချေ။

လင်းဝူတသည် ပတ်ဝန်းကျင်ရှိ ကြောက်လန့်နေသောတပည့်များကို အေးစက်စွာကြည့်လိုက်ပြီး လျစ်လျူရှုလိုက်သည်။

“ဘုန်း”

သူသည် သူ၏လက်ကောက်ဝတ်ကိုဝှေ့ယမ်းလိုက်သည့်အခါ လီလုံရှန်း၏အလောင်း၊ လီထျန်းတု၏အလောင်းနှင့် အနက်ရောင်လိပ်ခေါင်းလောင်းတို့သည် သူ့လက်ထဲသို့ရောက်ရှိလာခဲ့သည်။ ထို့‌နောက်သူတို့အား စနစ်၏ နေရာလွတ်ထဲတွင် သိမ်းဆည်းလိုက်သည်။

ကိစ္စများအားလုံးပြီးသွားသည့်အခါ လင်းဝူတသည် ထိုက်ယွမ်ဂိုဏ်း၏ အနက်ပိုင်းထဲသို့ဝင်သွားလိုက်သည်။

ဤမတိုင်ခင်က သူသည် ယင်ထျန်းကြွယ်၏ နတ်ဆိုးအော်ရာကို နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများ၏ အကူအညီဖြင့် ခြေရာခံထားခဲ့သည်။ ပြောစရာမလိုလောက်အောင်ပင် နတ်ဆိုးအော်ရာသည် ယင်ထျန်းကြွယ်ဆီမှ ထွက်ပေါ်နေခြင်းဖြစ်သည်။

“မြန်မြန်… မဟာအကြီးအကဲကို မြန်မြန်သတင်းပို့ကြ။ ဂိုဏ်းချုပ်အသတ်ခံလိုက်ရပြီ…”

သူထွက်ခွာသွားပြီးနောက် တပည့်များသည် ဆောက်တည်ရာမရ အော်ဟစ်လိုက်ကြသည်။

“ဝှစ်”

“ဝှစ်”

“ဝှစ်”

လင်းဝူတသည် ထွက်ခွာ‌ပြေးလွှားနေသောတပည့်များကို ကြည့်နေလိုက်သည်။ သူတို့သည် ထိုက်ယွမ်ဂိုဏ်း၏ မဟာအကြီးအကဲဆီသို့ အပြေးတလွှားသွားနေကြခြင်းပင်။

ထိုသို့‌မြင်သောအခါ သူသည် နှာခေါင်းရှုံ့လိုက်ပြီး ရှေ့ဆက်သွားလိုက်သည်။

တခဏကြာပြီးနောက် လင်းဝူတသည် ‌နတ်ဆိုးအော်ရာထွက်ပေါ်နေသော ထိုက်ယွမ်ဂိုဏ်း၏ အနောက်ဘက်တောင်ကုန်းတွင်ရပ်လိုက်သည်။

လျှို့ဝှက်အခန်းတစ်ခုမှ ထွက်နေခြင်းပင်။

နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများ၏ အကူအညီဖြင့် ယင်ထျန်းကြွယ်သည် အထဲတွင်ရှိနေကြောင်းသိလိုက်သည်။

“ဝှစ်”

မတော်တဆဖြစ်မှုမှ ကာကွယ်ရန် လင်းဝူတသည် ပုန်းအောင်းလိုက်ကာ မူလကျောက်တုံး၏ ကိုယ်ပွားကိုခေါ်ဆောင်လိုက်သည်။ ထို့နောက်လျို့ဝှက်အခန်းကို တိတ်တဆိတ်စစ်ဆေးလိုက်သည်။

လျှို့ဝှက်အခန်းသည် အလွန်မဲမှောင်လွန်းပေသည်။

အလယ်တွင်ရှေးဟောင်းယဇ်ပလ္လင်တစ်ခုရှိနေသည်။ ယဇ်ပုဘင်အောက်တွင် လူတစ်ယော‌က်သည် ခြေချိတ်ထိုင်နေသည်။

[အမည် : ယင်ထျန်းကြွယ် ]

[ကျင့်ကြံခြင်းအဆင့် : နတ်အသွင်ပြောင်းလဲခြင်းနောက်ဆုံးအဆင့် ]

[ကျင့်ကြံသည့်နည်းစနစ် : ကျိန်စာစာအုပ် (အပိုင်း ၁ ) ]

[ကျွမ်းကျင်မှုများ : သေခြင်းကျိန်စာ၊ ပိုးမွှာကျိန်စာ စိတ်ဝိညာဉ်ပျံ့နှံ့ခြင်းကျိန်စာ၊ ဝိညာဉ်နှောင်ကြိုးကျိန်စာ ]

[ပစ္စည်းများ : ရှေးဟောင်းယစ်ပလ္လင်၊ ကျိန်စာစာအုပ် (အပိုင်း၁)၊ ဝိညာဉ်အလံ၊ ဝိညာဉ်မျိုးစေ့၊ သတ်ဖြတ်သူဓား…]

[သက်တမ်း : ၂၈ရက်]

[သတိပြုရန် : ၁။ ရှေးဟောင်းကျိန်စာသခင်၏ ကျိန်စာကြောင့် အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။

၂။ သူ့ခန္တာကိုယ်ရှိ စွမ်းအားများသည် ကျိန်စာတိုက်ခံထားရသည်။

၃။ မရွှေ့လျားနိုင်ပေ။]

သတင်းအချက်အလက်များကို လင်းဝူတသိရှိလိုက်သည်။

“နောက်ဆုံးတော့ ခင်ဗျာကိုတွေ့ရပြီ…”

လင်းဝူတ၏ မျက်လုံးများသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့်ပြည့်နေသည်။

အနာဂတ်တွင် ပြဿနာမဖြစ်အောင်သူ့အားချက်ချင်းသတ်ဖြတ်ရပေမည်။

ထို့အချိန်တွင် ရှေးဟောင်းယဇ်ပလ္လင်သည် စတင်လည်ပတ်လာပြီး အနက်ရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

“လင်းတရှန့်ရဲ့သားလား။ မင်းရောက်လာတယ်ပေါ့။မင်းအဖေရဲ့ အော်ရာကို ခံစားမိတယ်။ ဟီး…ဟီး…” မြင်ဟီးသံနှင့်တူသောအသံတစ်ခုသည် အေးစက်စွာထွက်ပေါ်လာခဲ့သည်။

ဟမ်း…ငါ့ကိုရှာတွေ့သွားတာလား။

လင်းဝူတ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။

တိုက်ခိုက်ရန်ရည်ရွယ်ထားသောလက်ကို ချက်ချင်းပင် ရုတ်သိမ်းလိုက်သည်။

သူသည် မည်သည့်လှုပ်ရှားမှုမျှ မလုပ်ချေ။ လေဟာနယ်အနက်ပိုင်းထဲတွင် ပုန်းအောင်းလိုက်သည်။

သူသည် ယင်ထျန်းကြွယ်၏ စကားများကို မယုံကြည်ချေ။

မျှော်လင့်ထားသည့်အတိုင်းပင် ၁၅မိနစ်လောက်တိတ်ဆိတ်သွားသည့်အခါ ယင်ထျန်းကြွယ်သည် မျက်မှောင်ကြုတ်လိုက်သည်။

“လီလုံရှန်းနဲ့ လီထျန်းတုတို့ကိုအသုံးပြုထားတဲ့ကျိန်စာက ပြယ်ပျောက်သွားခဲ့တယ်။ သူတို့ရဲ့ အသက်စွမ်းအားကို အာရုံမခံနိုင်တော့ဘူး။ သေသွားတာဖြစ်မယ်။ အပြင်မှာ တိုက်ပွဲကြီး ဖြစ်နေလောက်ပြီ။ ခွေးကောင်လေး လင်းဝူတရောက်နေတာဖြစ်မယ်။ ငါ့ဆီကို တိုက်ရိုက်မလာဝံ့တဲ့ပုံဘဲ။ ငါ့လက်ထဲက ကျိန်စာတွေကို ကြောက်နေတာလား။ ဟီး…ဟီး…” ယင်ထျန်းကြွယ်သည် လှောင်ပြောင်လိုက်သည်။

“သူသာကြောက်နေရင် ငါ့မှာအခွင့်အရေးရှိသေးတယ်။ ဒီနေရာမှ ကြောက်လန့်ဖွယ် ကျိန်စာတွေကို အသုံးပြုနိုင်တယ်။ ဒီဂူထဲကို ဝင်လာရဲရင် သူ့ကိုအနိုင်ယူနိုင်တဲ့ ကျိန်စွာတွေအများကြီးရှိတယ်။ ငါသေရင်တောင် သူ့ကို အလွတ်မပေးနိုင်ဘူး…” သူသည် ရူးသွပ်စွာပြောလိုက်သည်။

ထို့နောက်သူသည် ကျိန်စာများကို စတင်အသုံးပြုလိုက်သည်။

“ခရတ်”

ယင်ထျန်းကြွယ်သည် ရှေးဟောင်းယဇ်ပုလင်ကို အသက်သွင်းလိုက်သည်။ လင်းဝူတသည် ကောင်းကင်မြှုပ်နှံကြေးခေါင်းတလားကိုဖွင့်လိုက်သည်။ မည်သည့် အခွင့်အရေးမှ မပေးဘဲသူ့အားစုပ်ယူလိုက်သည်။

“အား…”

လင်းဝူတသည် စူးစူးဝါးဝါးအော်သံကိုကြားလိုက်ရသည်။

သို့သော်လည်း တခဏကြာပြီးနောက်တိတ်ဆိတ်သွားခဲ့သည်။

စနစ်မှ သတိပေးချက်အသံသည် ထွက်ပေါ်လာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset