Switch Mode

Chapter – 226

မိစ္ဆာအကြံ

Chapter – 226 မိစ္ဆာအကြံ

လဲရှောင်လင် ရယ်မောကာ –
“ဒါတွေ အကုန်လုံးက အကိုတော်ချန် ကျေးဇူးပါ ၊ ခင် ဗျား ပေးတဲ့ တည်ဆောက်ရေးဆေး ကျေးဇူးနဲ့ ကျွန်တော် တို့ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ရောက်သွားတယ် ၊ ပြောမပြတတ်အောင် ကို ကျေးဇူးတင်ပါတယ်ဗျာ”
လျန်မင်ဒုန် ကလည်း –
“အကိုတော် ချန် ၊ ကျွန်တော်တို့ ဘယ်လိုတောင် ကျေး ဇူးဆပ်ရမလဲ မသိတော့ပါဘူး ။ တချိန် မှာ ကျွန်တော်တို့ အကူအညီ လိုရင် ပြောသပြောပါ ၊ အဆင့်သင့်ပါပဲ”
လဲဇောင် ကလည်း ရယ်မောကာဖြင့် –
“ကျွန်တော် က ဦးနှောက်ရှိတယ့်လူ မဟုတ်ပါဘူး ၊ ဒါပေမယ့် ကျွန်တော့မှာ စွမ်းအားတွေ ရှိနေပြီ ၊ အကိုတော် ချန် ကို တချိန်မှာ ကျေးဇူးပြန်ဆပ်ပါ့မယ်”
ရှောင်ဒို တို့ ချန်ရှန် နည်းလမ်းကို ကြိတ်လေးစားမိကြ တယ် ။ သုံးယောက်လုံး စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ၀င်ရောက်ခဲ့ပြီး ဖြစ်ပါတယ် ။ ယခုအချိန်မှစပြီး ၎င်းတို့ ဟာ ချန်ရှန် ကို သစ္စာဖောက်မည် မဟုတ်ကြပေ ။
ချန်ရှန် ရယ်မောရင်း မေးလိုက်တယ် ။
“မင်းတို့ ဆေး ဘယ်နလုံး စားခဲ့ကြတာလဲ”
“တစ်လုံး”
သုံးယောက်လုံးဟာ တစ်လုံးစီသာ သောက်ခဲ့တာ ဖြစ် ပြီး ဒါကိုကြည့်ခြင်းအားဖြင့် ၎င်းတို့ ဘယ်လောက် ကြိုးစား ထားလဲ ဆိုတာ သိနိုင်ပါတယ် ။ သူတို့ဟာ တကယ်ပဲ ၎င်း တို့ရဲ့ တစ်စို့ခြင်း အခြေအနေကို ရောက်ရှိနေကြတာပါ ။ တည်ဆောက်ရေးဆေး မကူပဲ သူတို့ရဲ့ လေ့ကျင့်ရေးနှုန်း နဲ့ သာ ဆိုပါက နောင် ၁၀ နှစ်မှ အနှစ် ၂၀ အတွင်း စစ်မှန် သော သိုင်းပညာနယ်ပယ်ကို ၀င်ရောက်နိုင်မှာပါ ။
“မင်းတို့က ဒီမှာကိုး ၊ ဂိုဏ်းချုပ်က မင်းတို့ကို စုခိုင်းနေ တယ်”
ဟိုဒုန်ဂျင် လျှောက်လာရင်း ပြောပါတယ် ။
လျန်မင်ဒုန် တို့ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် ကို ရောက်ခါစ နှစ်ရက် သုံးရက်ပင် ရှိသေးတာ ဖြစ်ပြီး ဆရာ ကြီး ဝု နှင့် ဂိုဏ်းချုပ်တို့အား တွေ့ ရတာပါ ။
သုံးယောက်လုံးဟာ စစ်မှန်သော ပညာရှင်များ ဖြစ်ကြ ပြီး တောင်ပိုင်းရဲ့ စွန့်ပစ်နယ်မြေလို အန္တရာယ်တောထဲသို့ သွားကြရမှာဖြစ်ပါတယ် ။ ချန်ရှန် လည်း အစတည်းက သူတို့ သုံးယောက်အား အတင်းပါဝင်ပြီး စွန့်စားရန် မ တိုက် တွန်းခဲ့ပါ ။ တောင်ပိုင်း စွန့်ပစ်နယ်မြေ ကို သွားရခြင်းဟာ သာမန် ပြိုင်ပွဲတစ်ခုမဟုတ်ချေ ။ အသေအကြေ တိုက်ခိုက် ရမှာ ဖြစ်ပြီး ဆန္ဒရှိမယ် ဆိုပါက ၎င်းစွန့်ပစ်နယ်မြေ၏ လုံခြုံ သော တစ်နေရာမှာ ပုန်းနေနိုင်ပါတယ် ။ ဒါဆို အသက်ရှင် နေထိုင်နိုင်မည် ဖြစ်ပြီး နောက်ဆုံးကျန်ရှိသည့်သူက အနိုင် ရရှိမှာ ဖြစ်သောကြောင့် ဒီလိုလည်း အဆင်ပြေပါတယ် ။
ဒါက အသက်ရှင်နေထိုင်နိုင်ဖို့ အတွက် စိန်ခေါ်မှု တစ် ရပ် ဖြစ်ပြီး အန္တရာယ်တွင်းထဲမှာ အမဲလိုက်မခံရအောင် နေ ထိုင်ရမည် ဖြစ်ပါတယ် ။ ဒါပေမယ့် ချန်ရှန် နားမလည် နိုင်တာက ဘာလို့ မိစ္ဆာဂိုဏ်းမှ လူများဟာ ထိုနေရာကို သွား ရန် တောင်းဆိုတာလဲ ဆိုတာ ဖြစ်တယ် ။
ဆရာကြီး ဝု ၏ ခြံဝန်းထဲမှာတော့ လူ ၁၀ ယောက် ရှိ နေပြီး ချန်ရှန် လည်း အပါအ၀င်ပါ ။ သူ ဝုကွမ်ချင်ကို မြင် တွေ့ လိုက်ရပြီး ယခုအခါမှာ သက်ကြီးပညာရှင်များစွာ သာ မက ဂိုဏ်းချုပ်ပါ ရှိနေတာကြောင့် သွားပြီး စကားပြောဖို့ မ ဖြစ်နိုင်ပါချေ ။
“လူစုံပြီပေါ့ ၊ ဟူးးး ၊ အရိုးသားဆုံး ပြောရရင် ခရီးက အ လွန်ပဲ အန္တရာယ် များလှတယ် ။ အထူးသဖြင့် အခုမှ စစ် မှန် သော သိုင်းပညာနယ်ပယ်ကို ရောက်ခါစ လူငယ်တွေ အ တွက်ပေါ့”
ဂုဒွန်ချန် သက်ပြင်းချလျက် ပြောပါတယ် ။
ဆေးဆရာမကြီးက –
“ကျွန်မသွားပြီး ငကြောက်တွေကို ဆွဲခေါ်လာမယ် ဆို ရင်ကော ၊ အဆင့် ၅ ပညာရှင် ဆယ်ယောက် ဆို စွမ်းအား အကြီး ဆုံး ဖြစ်နိုင်တယ် မဟုတ်လား”
ဂုဒွန်ချန် ခေါင်းခါယမ်းကာ –
“မလိုပါဘူး ၊ တခြားဂိုဏ်းက လူတွေက သူတို့ရဲ့ အ တော်ဆုံးတွေကို လွှတ်မှာ မဟုတ်ဘူး ၊ မိစ္ဆာဂိုဏ်းက လူ တွေ လည်း အာ့လိုပဲ ၊ ငါတို့သိထားရမှာက ပြိုင်ပွဲဟာ သူတို့ ဘက် က တောင်းဆိုတာ ဖြစ်တယ် ။ အချိ်န်နဲ့ နေရာ နှစ်ခု လုံးဟာလည်း သူတို့ စိတ်ကြိုက်ပဲ ။ နောက် ဒီပြိုင်ပွဲရဲ့ အဓိ က ရည်ရွယ်ချက် က စွမ်းအားမဟုတ်ဘူး ၊ ဘယ်သူ ပို ကြာ ကြာ တောင့်ခံနိုင်လဲ ဆိုတာပဲ”
ဆရာကြီး ဝု ကလည်း ခေါင်းညိမ့်ပြီး –
“အားချင်း ယှဉ်မယ်ဆိုရင် ဒီမိစ္ဆာဂိုဏ်းက လူတွေ က ငါတို့လောက် ကောင်းမှာ မဟုတ်ဘူး ။ တနည်းအားဖြင့် သူ တို့ သေတွင်း သူတို့ မတူးဘူးလေ ။ သူတို့က တောင်ပိုင်း မှာ ရှိတယ့် စွန့်ပစ်နယ်မြေ တောင် ဧရိယာမှာ ပြိုင်ပွဲနေရာ လုပ်ရန် တောင်းဆိုတယ် ။ ဖြစ်နိုင်တာက သူတို့ဟာ ဒီလို နေရာမှာ ပိုပြီး ရှင်သန်နိုင်လို့ပဲ ဖြစ်ရမယ် ။ မြေပြင်အခြေ အနေတွေ အန္တရာယ်တွေကို ပိုပြီး အကျွမ်းတ၀င် ရှိကြ မယ် ထင်တယ်”
ချန်ရှန် လည်း ထောက်ခံမိပါတယ် ။
“ဟုတ်တယ် ၊ ဖြစ်နိုင်တာ သူတို့ဘာမှ မလုပ်ပဲနဲ့ကို လူ တွေဟာ အဲဒိမှာ သေချာပေါက် သေလိမ့်မယ် ထင်တယ် ၊ သူတို့သာ ကျွန်တော်တို့ထက် ရှင်သန်နေထိုင်နိုင်တဲ့ အ ရည် အချင်း ရှိမယ်ဆိုရင် နောက်ဆုံးမှာ သူတို့အားလုံး ရှင် သန် သွားနိုင်ပြီး သူတို့ပဲ အနိုင်ရသွားလိမ့်မယ် ။ ဒီလိုနည်း နဲ့ သူတို့ထက် အင်အားအရာ သာလွန်တဲ့ သူတွေကို အေး အေး ဆေးဆေး ရင်ဆိုင်နိုင်မှာပေါ့ ။ သူတို့က ကျွန်တော် တို့ သေတာကို ထိုင်စောင့်နေရုံပဲလေ”
ဂုဒွန်ချန် က ဆက်လက်ပြီး –
“ဒါကြောင့် မင်းတို့ သွားတယ့်အခါ တစ်ဖက်ရန်သူကို သတ်ဖြတ်ဖို့ပဲ ဆန္ဒ မစော နေပါနဲ့ ။ တကယ်လို့ ရန်သူက တစ် ယောက်ထဲ မင်းတို့က အများကြီး ဆိုရင်တော့ သတ် ပေါ့ ၊ သူတို့ ဆင်တဲ့ ထောင်ချောက်တွေကိုလည်း သတိ ထားပါ”
“လက်ယာဂိုဏ်းတွေ ထဲမှာ ငါတို့ ဂိုဏ်းဟာ လူဦးရေ အများဆုံး လွှတ်တာပဲ ။ သားရဲဂိုဏ်း နဲ့ စစ်မှန်သော သိုင်း ပညာဂိုဏ်းက လူလေးဦးပဲ စေလွှတ်တယ် ။ ဒန်ရှန် တောင် ယွမ် နဲ့ နတ်လက်နက် အင်ပါယာက ၇ ယောက်စီ နဲ့ ကျန် တဲ့ ကြာပန်းကျွန်း ၊ ရေခဲလေတောင် ကြား နဲ့ နတ်ဓားဂိုဏ်း တို့က ခြောက်ယောက်စီ ဖြစ်ကြတယ်”
ဆရာကြီး ဝု က ပြောပါတယ် ။
“ငါတို့က ဆယ်ယောက် လွှတ်တယ် ၊ အဖွဲ့လိုက် လုပ် ဆောင် နိုင်ဖို့ အတွက် ချန်ရှန် က မင်းတို့အားလုံးကို ဦး ဆောင် လိမ့်မယ် ။ ဒီကောင်က ပြသနာကောင် ၊ နောက် သူ့ခေါင်းက သလင်းကျောက် ၁၅ သန်းတန်တယ်လေ ၊ ဒါ ကြောင့် လက်ယာ ကော လက်ဝဲ ကောဟာ သူ့ကို မျက်စိ ကျနေကြမှာ”
ချန်ရှန် အနည်းငယ် ပြုံးသွားမိတယ် ။ ဒါပေမယ့် ဆရာ ကြီး ဝု တို့ အနေဖြင့် ယခုလို ဆုံးဖြတ်လိုက်တာ ဟာ မှန် ကန် လှပါတယ် ။ ဒီလိုမှ မဟုတ်ပါက သိပ်အဆင်ပြေမည် မဟုတ်ပေ ။ရှောင်ဒို တို့ဟာ နည်းနည်း တွန့်ဆုတနေကြပုံ ပါ ။ အားလုံးဟာ ချန်ရှန် ကို လေးစားကြပြီး ချန်ရှန် နှင့် အတူ လက်တွဲလုပ်ဆောင်ရမည်ကို ကျေနပ်နေကြပါတယ်
“ချန်ရှန် ၊ မင်းက တစ်ယောက်တည်း လုပ်ရမယ် ။ မင်း မှာက အနီရင့်ငှက်တောင်ပံတွေ ရှိပြီး တိုက်ပွဲအတွေ့ အကြုံ လည်း ရှိတယ် ။ မင်းထက် အဆပေါင်းများစွာ အစွမ်းထက် တဲ့ လူတွေကိုလည်း သတ်ခဲ့ပြီးပြီ ။ မင်းရဲ့ အဓိက တာဝန် က အဲဒိ မိစ္ဆာပညာရှင်တွေကို သတ်ဖို့ပဲ ။ တချိန်တည်းမှာပဲ တခြားဂိုဏ်းက ဂိုဏ်းသားတွေကို ကာကွယ်ပေးရမယ် ။ လက်ယာဂိုဏ်းက နောက်လိုက်တွေ တိုက်ခိုက်တယ့် အချိန်ကျရင် မင်းက ကယ်ပေး ၊ ကျန်တဲ့ ၉ ယောက်က တစုတစည်းထဲနေ ၊ လူစုမကွဲစေနဲ့ ။ နောက်သုံးလအတွင်း မင်းတို့ကို ငါတို့လေ့ကျင့်ပေးမယ် ။ ကြိုးစားကြပါ”
ဂုဒွန်ချန် ပြောလိုက်တာပါ ။
ချန်ရှန် ရုတ်တရက် စဉ်းစားလိုက်မိတာက နတ်လက် နက် အင်ပါယာနှင့် ရေခဲလေ တောင်ကြား တို့ဟာ ရှန်းရှန်း နှင့် လန်ယုလန် တို့ကို စေလွှတ်မည် ဆိုတာကိုပါ ။ သူတို့ ၂ ယောက်ဟာ ၎င်းတို့ မျိုးဆက်မှာ အလွန်စွမ်းအားကြီးသူ များ ဖြစ်ကြပြီး ၎င်းတို့ ဂိုဏ်းအသီးသီးမှာ အားကိုရသူတွေ ပါ ။
ချန်ရှန် စိတ်ထဲ ဝိရောဓိ ဖြစ်လို့နေတယ် ။ သူတို့သာ အတူတူ ဆိုပါက သူ အလွန်ကို ပျော်ရွှင်မိမှာပါ ။ ဒါပေမယ့် တချိန်တည်းမှာပဲ သူ စိုးရ်ိမ်မိသွားတယ် ။ သူတို့သာ လာ မယ် ဆိုပါက အန္တရာယ် နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့ အတွက် မကောင်းလှပါဘူး ။ ဒါကြောင့် လျူမန်ဂါ ၎င်းတို့ အား မစေလွှတ်ရန် ဆုတောင်းနေမိပါတယ် ။
“ကောင်းပြီ ၊ အခု မင်းတို့အားလုံး ဆရာကြီး လို နဲ့ မင်း တို့ လေ့ကျင့်ရမယ့် လျို့ ဝှက်နေရာကို လိုက်သွား ။ ချန်ရှန် နေခဲ့ ၊ ငါတို့ မင်းနဲ့ စကားပြောစရာရှိတယ်”
ဂုဒွန်ချန် ပြောလိုက်ပါတယ် ။
ရှောင်ဒိုတို့ လည်း ကျောကုန်းတွင် ဘုကြီးပါသော လူ နောက်သို့ လိုက်ပါသွားကြပါတော့တယ် ။ ၎င်းတို့ အဝေး ရောက်သော အခါ ဆရာကြီး ဝု က –
“ဦးရီးတော်လေး ၊ မင်းဘယ်လို အခုမှ စစ်မှန်သော သိုင်းပညာနယ်ပယ် ရောက်ခါစ လူသုံးယောက်ကို ရှာတွေ့ သွားတာလဲ ။ သူတို့ကို မင်းက သတ်လိ်ုက်သလိုပဲ ၊ သူတို့ က အခြေခံ ကောင်းကောင်း ရှိတယ်”
“သေချာတာက တော့ ဦးရီးတော်လေး ဟာသူတို့ကို တည်ဆောက်ရေးဆေး ပေးလိုက်ပုံရတယ်”
ဆေးဆရာမကြီး က ၀င်ပြောလိုက်ပါတယ် ။
ဆရာကြီး ဝု နဲ့ ဂုဒွန်ချန် တို့ဟာ ချန်ရှန် မှာ ဘာလို့ တည် ဆောက်ရေးဆေး အများအပြား ရှိနေလဲ ဆိုတာကို မသိ ကြ ပါဘူး ။ ချန်ရှန် တည်ဆောက်ရေးဆေး လုပ်နိုင် တာ ကိုလည်း မသိကြပေ ။ ချန်ရှန် မှာ ယခုလို ဆေးများ စွာ ရှိနေမည် ဆိုသည့် သတင်းသာ ပျံ့ သွားမည် ဆိုပါက ချန်ဝူ နယ်မြေ တစ်ခုလုံး တုန်လှုပ်သွားမှာ အမှန်ပါပဲ ။
ဂုဒွန်ချန် နဲ့ ဆရာကြီး ဝု တို့ဟာ ချန်ရှန် သူ့ကိုယ်ပိုင် အင် အား စုအား ကြီးထွားအောင် လုပ်နေတာကို ချက်ချင်း သဘော ပေါက်သွားကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို လုပ်ခြင်းဟာ မှားယွင်းသော လုပ်ရပ်တော့ မဟုတ်ပေ ။
ချန်ရှန် ရယ်မောကာ –
“ဒီကိစ္စ ခင်ဗျားတို့ကို ဖုံးကွယ် မထားတော့ပါဘူး ၊ ဒီက ဦးရီးတော်လေး က တည်ဆောက်ရေးဆေး ဘယ်လိုလုပ် ရ လဲ ဆိုတာ သိတယ်လေ ၊ ခင်ဗျားတို့ လိုချင်တယ် ဆိုရင် ကျွန်တော် ဈေးပေါပေါ နဲ့ ရောင်းပေးပါ့မယ် ။ တစ်လုံးကို သလင်းကျောက် ၅ သိန်းပဲပေး ။ လိုချင်တယ်လို့ တစ်ခွန်း သာ ပြောလိုက် အေးဆေးပဲ”
“ဘာာာာာာ”
ဂုဒွန်ချန် ထအော်လိုက်တယ် ။ ချန်ရှန် တကယ်ပဲ တည် ဆောက် ရေးဆေးလုပ်တတ်ခြင်းကို သူ အတော် အံ့ သြနေပါတယ် ။
ဆရာကြီး ဝု လည်း ချန်ရှန် ကို မသင်္ကာသလို ကြည့် နေတယ် ။ သူနဲ့ ဂုဒွန်ချန် ဟာ ဆေးဘယ်လိုလုပ်လဲ ဆို တာ မသိပေမယ့် တည်ဆောက်ရေးဆေး လုပ်ရတာ မည် မျှ ခက်သလဲ ဆိုတာ သိကြပါတယ် ။ ဒါတင်မက စမ်းသပ် ပြုလုပ်စဉ်မှာလည်း ဆေးပစ္စည်းများစွာ ပြုန်းတီးနိုင်သေး သည် မဟုတ်ပါလား ။
“အဲဒါ အမှန် ပဲ”
ဆေးဆရာမကြီး အေးစက်စက် ထောက်ခံလိုက်တယ် ၊ သို့သော်လည်း သူမ စိတ်ထဲ ကြိတ်ရယ်နေမိတယ် ။ ချန်ရှန် ဟာ ဂုဒွန်ချန် တို့အား လျိုထားခြင်းသာဖြစ်ပြီး သူ့ အတွက် တည်ဆောက်ရေးဆေး လုပ်ခြင်းဟာ ကလေး ကစားစရာလို ဖြစ်နေတယ်ဆိုတာ သိနေသောကြောင့် ဖြစ် ပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset