အခန်း ၃၆။ ခေါင်းကိုးလုံးနတ်ဆိုးမျောက်ဝံ
လုမိသားစု၏ အဓိကခန်းမတွင် လုချင်ဟိုဦးဆောင်လျက် ဘိုးဘေးလုစန်းမန့်အား အရိုအသေပေးကာ လက်ဆောင်များပေးအပ်လိုက်ကြသည်။
မြင်ကွငသည် အလွန်အသက်ဝင်လှပေသည်။
ခန်းမကြီးထဲတွင် လုစန်းမန့်သည် ကျယ်လောင်စွာရယ်မောနေခဲ့သည်။
သို့သော်လည်း လူတိုင်းသည် မွေးနေ့ပွဲအား စိတ်လှုပ်ရှား ပျော်ရွှင်စွာကျင်းပနေကြစဉ် ကြောက်လန့်တကြားအော်သံတစ်ခုသည် လူအုပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
“ယီးဘဲကြာ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လုယွင်ရှောင်က သူ့ခန္တာကိုယ်ကို နတ်ဆိုးကို အစာကျွေးထားတာလား”
ဘုန်း..
ရုတ်တရက်အော်သံကြောင့် လူတိုင်းသည် ထိတ်လန့်သွားကြသည်။
လူတိုင်းသည် အသံထွက်ပေါ်လာသည့်ဖက်သို့ကြည့်လိုက်ကြသည့်အခါ ကောင်းကင်ရတနာကြေးမုံအား ကိုင်ဆောင်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
တချိန်တည်းတွင် သူသည် လုယွင်ရှောင်အားကြောက်လန့်တကြားကြည့်လိုက်သည်။
…
လူတိုင်း၏ အကြည့်အောက်တွင် သူသည် လူအုပ်ကို အရူးတစ်ယောက်လို တိုးဝှေ့လျက် လုမိသားစုမှ ကြောက်လန့်တကြားထွက်ပြေးသွားခဲ့သည်။
ဘာဖြစ်နေတာလဲ။
ထိုလူ၏ ထူးဆန်းသောအပြုအမူသည် လူတိုင်းအားဆွဲဆောင်သွားခဲ့သည်။
လူတိုင်းသည် ကောင်းကင်ရတနာကြေးမုံအားထုတ်ယူလျက် သတင်းသစ်များကို စစ်ဆေးလိုက်ကြသည်။ သူတို့အားလုံးသည် ထိုလူ မည်သည့်အတွက်ကြောင့် ကြောက်လန့်သွားသည်ကို ချက်ချင်းပင်သိရှိသွားခဲ့သည်။
သူတို့သည် ကောင်းကင်ရတနာကြေးမုံအားမကြည့်လျင် ပိုကောင်းပေလိမ့်မည်။ ယခုကြည့်လိုက်သည့်အခါ လူတိုင်းအံ့ဩတုန်လှုပ်သွားကြသည်။
“ဘယ်လို။ လုယွင်ရှောင်က သူ့ခန္တာက်ိုယ်ကို နတ်ဆိုးအစာကျွေးထားတာလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ထိုက်ယွမ်ဂိုဏ်းရဲ့ စံပြတပည့်တစ်ယောက်မဟုတ်လား။ ဒီလိုကိစ္စမျိုးကို သူက ဘယ်လိုလုပ်ပြီး လုပ်မှာလဲ”
“ချီးဘဲ၊ သူက နတ်ဆိုးတွေနဲ့ ပူးပေါင်းနေတယ်”
“ဘုရားရေ၊ ဒါကအမှန်ဘဲလား။ နတ်ဆိုးတစ်ကောင်က ကျုပ်ဘေးမှာရှိနေတာပေါ့”
…
ကောင်းကင်ရတနာကြေးမုံမှ သတင်းသည် လူတိုင်းအား ထိတ်လန့်တုန်လှုပ်စေသည်။
“ဝှစ်”
ချက်ချင်းပင် လူတိုင်းသည် လုယွင်ရှောင်အားကြည့်လိုက်ကြကာ သရဲတစ်ကောင်ကိုမြင်သကဲ့သို့ အလျင်အမြန်ဆုတ်ခွာသွားကြသည်။
ကြောက်လန့်နေသော ဧည့်သည်များသည် လုမိသားစု၏ ခြံဝင်းအပြင်သို့ပင်ထွက်ပြေးသွားကြသည်။
ဤသို့ ရုတ်တရက်အဖြစ်အပျက်သည် လုမိသားစု၏ မွေးနေ့ပွဲအားအနှောင့်အယှက်ဖြစ်စေခဲ့သည်။ မိသားစုခေါင်းဆောင်လု တစ်ယောက်သာ ထိတ်လန့်ခြင်းမရှိဘဲကျန်ရစ်ခဲ့သည်။ လုစန်းမန့်၏ မျက်လုံးများသည်ပင် အံ့ဩမှုများဖြင့် ဝိုင်းစက်ပြူးကျယ်သွားခဲ့သည်။
သူတို့အားလုံးသည် လုယွင်ရှောင်အား မယုံကြည်နိုင်စွာကြည့်လိုက်ကြသည်။
“ချီးဘဲ”
“လူသားလောကမျှော်စင်ရဲ့ပိုင်ရှင်က ဘာမှမဟုတ်တဲ့ ငါလိုလူကို အာရုံစိုက်နေရတာလဲ။ ငါ့ကို ဘယ်သူက ဒုက္ခပေးဖို့ကြိုးစားနေတာလဲ။ ဒီလိုမွေးနေ့ကျင်းပနေတဲ့အချိန်မှာ ဒီသတင်ပေါက်ကြားသွားတော့ ငါ့ကိုသေအောင်လုပ်နေသလိုဘဲ”
လုယွင်ရှောင်သည် သူ၏ နှလုံးသားထဲတွင် အော်ဟစ်လိုက်သည်။
သူသည် သူ့အား ဤသို့ အကွက်ချကြံစည်ခဲ့သောလူကို အလွန်မုန်းတီးနေမိသည်။
သူ့နှလုံးသားထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နေသော်လည်း အပြင်ဘက်တွင် အလွန်တည်ငြိမ်နေခဲ့သည်။ လူတိုင်းသည် သူ့အား ကြောက်လန့်စွာကြည့်နေကြသော်လည်း သူသည် အထိတ်တလန့်ဖြစ်မသွားခဲ့ချေ။
သူသည် အထိတ်တလန့်ဖြစ်နေသော အမူအရာကို ပြသလိုက်လျှင် နတ်ဆိုးနှင့် ပူးပေါင်းနေခြင်းသည် အမှန်ဖြစ်ကြောင်း သက်သေပြထားပြီးသားဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် အမှန်ဖြစ်နေလျှင်တောင် သူသည် ဝန်ခံမည်မဟုတ်ချေ။
ထို့အပြင်သူသည် ခေါင်းကိုးလုံးနတ်ဆိုးမျောက်ဝံနှင့် ပေါင်းစည်းထားသည်။ ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် သတိထားမိလိမ့်မည်မဟုတ်ချေ။
သေမျိုးလူသားများသည် သူ၏လျှို့ဝှက်ချက်အား ဖော်ထုတ်သိရှိနိုင်မည်လား။
သူက ဝန်ခံပြောဆိုခြင်းမရှိဘဲ မည်သူမှ သူအား အန္တရာယ်ပြုဝံ့မည်မဟုတ်ချေ။
ထိုသို့တွေးပြီး လုယွင်ရှောင်သည် တည်ငြိမ်သွားခဲ့သည်။
“ယွင်ရှောင်…ကောင်းကင်ရတနာကြေးမုံမှာ မင်းရဲ့ သတင်းကပျံ့နေပြီ။ ဘာဖြစ်နေတာလဲ”
လုစန်းမန့်၏ အသံသည်ထွက်ပေါ်လာခဲ့သည်။
သူ၏မျက်လုံးများသည် လုယွင်ရှောင်အပေါ်သို့ ကျရောက်နေပြီး ထူးခြားချက်ရှိမရှိကို စေ့စေ့စပ်စပ်ကြည့်ရှုနေခဲ့သည်။
သို့သော်လည်း လုယွင်ရှောင်သည် ပြင်ဆင်ထားသည့်အတွက် ထိတ်လန့်မနေချေ။
“ဘိုးဘေး…ဒါက လူသားလောကမျှော်စင်ပိုင်ရှင်ရဲ့ ဟာသတစ်ခုဖြစ်မှာပါ။ အလေးအနက်ထားနေစရာမလိုပါဘူး”
“ဒီကမ္ဘာမှာ နတ်ဆိုးတွေနဲ့ ပူးပေါင်းတဲ့ပြစ်မှုကို မသိတဲ့သူရှိပါမလား။ ဒီဗားအဆင့် ကျင့်ကြံသူတစ်ယောက်တောင်မလုပ်ဝံ့တဲ့ကိစ္စကို ကျွန်တော့်လို တာအိုနန်းတော်အဆင့်လေးဘဲရှိတဲ့ လူက လုပ်ဝံ့ပါမလား”
“ဒါတွေက အဓိပ္ပာယ်မဲ့လွန်းတယ်”
“တစ်ယောက်ယောက်က လူသားလောကမျှော်စင်ရဲ့ ပိုင်ရှင်နဲ့တွေ့ပြီး ကျွန်တော့်ကို ဒုက္ခပေးဖို့ သတင်းအတုထုတ်လွှင့်တာဖြစ်မယ်။ ကျွန်တော်ကို သတ်ချင်နေကြတာထင်တယ်”
လုယွင်ရှောင်သည် သနားစရာကောင်းသော အမူအရာဖြင့်ပြောလိုက်သည်။
ထို့သို့ကြားသောအခါ လူတိုင်းသည် အချင်းချင်းကြည့်လိုက်ကြသည်။
“အင်…လူသားလောကမျှော်စင်ရဲ့ ပိုင်ရှင်က သတင်းအမှားထုတ်လွှင့်လိုက်တာဖြစ်နိုင်လား”
“မိုက်မဲလိုက်တာ”
“နှစ်ပေါင်းများစွာအကြာကတည်းက လူသားလောကမျှော်စင်ရဲ့ ပိုင်ရှင်က အမှားမလုပ်ခဲ့ဘူး။ သူက ကောင်းကင်ရတနာကြေးမုံမှာ သတင်းလွှင့်လိုက်ရင် အမှန်ဖြစ်နေလို့ဘဲ”
“နတ်ဆိုးနဲ့ ပူးပေါင်းတာက ရာဇဝတ်မှုဘဲ။ လုယွင်ရှောင်က ဒီကိစ္စကို လုံးဝဝန်ခံမှာမဟုတ်ဘူး”
“နတ်ဆိုးနဲ့ ပူးပေါင်းထားခြင်းရှိမရှိကို သိဖို့ နည်းလမ်းတစ်ခုခုရှိလား”
…
လူအုပ်သည် ဆွေးနွေးမှုများဖြင့်ပြည့်သွားခဲ့သည်။
လုယွင်ရှောင်၏ ပြောစကားများထက် လူသားလောကမျှော်စင်ပိုင်ရှင်၏ စကားကို ပို၍ယုံကြည်နေကြသည်။
ထို့ကြောင့် လုယွင်ရှောင်သည် သူတို့အား လုံးဝ သံသယကင်းအောင်မလုပ်နိုင်ချေ။
အပြစ်ကင်းစင်ကြောင့် သက်သေပြရန် လူအများက လိုလားနေကြသည်။
ထိုသို့တွေးပြီး လူတိုင်းသည် အကူအညီမဲ့စွာဖြင့်လင်းဝူတအား ကြည့်လိုက်ကြသည်။
သူ၏ ရက်စက်ကြမ်းကြုတ်မှုသည် လူသိများပေသည်။
အကယ်၍ လုယွင်ရှောင်သာ သူ၏ ခန္တာကိုယ်အား နတ်ဆိုးကို ကျွေးမွေးထားသည်မှာ အမှန်ဖြစ်နေလျှင် သူသည် လွှတ်မြောက်နိုင်မည်မဟုတ်ချေ။
“ဟတ်”
“မျှော်လင့်ထားတဲ့အတိုင်းဘဲ၊ ကိစ္စတွေက ငါ့ဆီရောက်လာတာဘဲ”
လင်းဝူတ၏ မျက်လုံးများသည် အေးစက်သွာစခဲ့သည်။
ယခုအဖြစ်အပျက်သည် သူ့အားရည်ရွယ်နေသည်ကို သူသိပေသည်။
လင်းဝူတသည် အတွေးနက်နေစဉ် ကျယ်လောင်သောအော်သံတစ်ခုကို ကြားလိုက်ရသည်။
“နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းရဲ့ အရှင်လင်းက နတ်ဆိုးတွေကို အနံ့ခံရာမှ အရမ်းကျွမ်းကျင်တယ်”
“နတ်ဆိုးရေက နတ်ဆိုးတွေရဲ့ ပုံသဏ္ဍာန်အစစ်အမှန်ကို ထုတ်ဖော်ပြသနိုင်တယ်လို့ကြားဖူးတယ်။ နတ်ဆိုးရေကို ခန္တာကိုယ်ပေါ်မှာ ပတ်ဖြန်းလိုက်ရုံဘဲ။ ဒါဆို လုယွင်ရှောင်က နတ်ဆိုးဟုတ်မဟုတ်ကို သိနိုင်ပြီ”
ထိုအသံသည် အသံတုလုပ်ပြောထားခြင်းဖြစ်ပေသည်။
ခန်းမထဲမှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း လင်းဝူတသည် ထိုအသံအားရှာမတွေ့ချေ။
ထိုသို့မြင်လိုက်ရသည့်အခါ လင်းဝူတ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပြည့်နှံ့သွားခဲ့သည်။
“ဝှစ်”
သူသည် သူ့လက်ကို နောက်တွင်ထားလိုက်သည်။ ချက်ချင်းပင် မူလကျောက်တုံးမှ အလင်းတစ်ခုထွက်ပေါ်လာကာ ကိုယ်ပွားအဖြစ်ပြောင်းလဲသွားခဲ့သည်။
အမှောင်ထဲတွင် သူသည် မသင်္ကာဖွယ်ရာလူကို ရှာရန် ခန်းမဆောင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများ၏ အကူအညီဖြင့် ကိုယ်ပွားသည် လီလုံရှန်းအား မကြာမိရှာတွေသွားခဲ့သည်။
နောက်ထပ် လီလုံရှန်း၏အသံသည် ထွက်ပေါ်လာခဲ့သည်။
“အရှင်လင်း… လုယွင်ရှောင်က သူဘာမှမသိဘူးလို့ပြောနေတဲ့အတွက် ကျေးဇူးပြုပြီးစစ်ဆေးပေးပါ”
“နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းက နတ်ဆိုးတွေနဲ့ ထိတွေ့မှုများတယ်။ အမှန်တရားကိုပြောနိုင်မယ်လို့ ကျုပ်ယုံကြည်တယ်”
လီလုံရှန်း၏ အသံဖြစ်ကြောင်းသေချာသိသွားသည့်အခါ လင်းဝူတ၏ မျက်လုံးများသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်သွားခဲ့သည်။
“လုယွင်ရှောင်ရဲ့ ကိစ္စပြီးရင် မင်းကို သေချာပေါက်သတ်မယ်”
ထို့နောက်လင်းဝူတသည် သူ၏ အတွေးများအားပြန်ခေါ်လိုက်သည်။
လူတိုင်း၏ မျက်လုံးများသည် သူ့အပေါ်သို့ရောက်ရှိနေမှန်း သူခံစားမိလိုက်သည်။
လုယွင်ရှောင်သည်ပင် သူ့အားကြည့်ရှုနေခဲ့သည်။
သို့သော်လည်း တခြားသူများ၏ မျှော်လင့်နေသည့်အကြည့်နှင့်မတူဘဲ သူ၏မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့်ပြည့်နေသည်။
“လူတွေတောင်းဆိုနေမှတော့၊ ကျုပ်ကစစ်ဆေးပေးရမှာပေါ့”
လင်းဝူတသည် ဖြေးညင်းစွာထရပ်လိုက်သည်။
လူတိုင်း၏ အကြည့်အောက်တွင် လင်းဝူတသည် လက်ဝါးအရွယ်ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် လုယွင်ရှောင်ဆီသို့သွားလိုက်သည်။
“ဒါက နတ်ဆိုးရေဘဲ။ နတ်ဆိုးတစ်ကောင်ရဲ့ အစစ်အမှန် ခန္တာကိုယ်ကို ထုတ်ဖော်ပြသနိုင်စွမ်းရှိတယ်”
“လူတစ်ယောက်မှာ နတ်ဆိုးအော်ရာရှိနေရင် နတ်ဆိုးရေရဲ့ လက်ကလွတ်မှာမဟုတ်ဘူး။ လုယွင်ရှောင်…မင်းစမ်းသပ်စစ်ဆေးခံဝံ့လား”
လင်းဝူတ၏ မျက်နှာသည် မထူးခြားချေ။
ထိုစဉ် ကြောက်မက်ထိတ်လန့်ဖွယ်အော်ရာတစ်ခုသည် လုယွင်ရှောင်အားဖိနှိပ်လိုက်သည်။
နတ်ဆိုးရေနှင့် ရင်ဆိုင်ရသည့်အခါ သူသည် ကြောက်လန့်ပေသည်။
သူ၏မျက်နှာသည် အဆက်မပြတ်ပြောင်းလဲနေသည်။
“ဘယ်လိုလဲ၊ မင်းငြင်းချင်လား။ ဒါမှ မဟုတ်နတ်ဆိုးတွေနဲ့ ပူးပေါင်းနေတာလား”
ရေခဲကဲ့သို့ အေးစက်သော ဓားတစ်ချောင်းသည် သူ့လက်ထဲတွင် ရောက်ရှိလာခဲ့သည်။
ထိုသို့မြင်သည့်အခါ လုယွင်ရှောင်သည် သူအား အလွန်မုန်းတီးသွားခဲ့သည်။
“ဟမ်း… ငါကနတ်ဆိုးတွေနဲ့ ပူပေါင်းနေတာမဟုတ်ဘူး။ ဘာလို့ကြောက်နေရမှာလဲ”
“ဒါဆိုရင်၊ စတင်ကြတာပေါ့…”
သူစကားပြောပြီးနောက် လင်းဝူတသည် နတ်ဆိုးရေဖြင့် ပတ်ဖြန်းလိုက်သည်။
“မလုပ်နဲ့”
လုယွင်ရှောင်သည် ငြင်းပယ်လိုက်သည်။ ထို့နောက် သူ့ဆီမှ နတ်ဆိုးဆန်သော အမူအရာများထွက်ပေါ်လာခဲ့သည်။
“အား!”
ကျယ်လောင်သောအော်ဟစ်သံနှင့်အတူ အနက်ရောင်နတ်ဆိုးအော်ရာတစ်ခုသည် လုယွင်ရှောင်၏ ခန္တာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
“ဂရား”
တချိန်တည်းတွင် ခေါင်းကိုလုံး နတ်ဆိုးမျောက်ဝံသည် သူ့နောက်တွင် ထွက်ပေါ်လာခဲ့သည်။
လူတိုင်းသည် ကြောက်လန့်သွားကြသည်။
“ဘယ်လိုတောင်ရဲတင်းလွန်းတာလဲ…လုယွင်ရှောင်။ မင်းက လူသားတစ်ယောက်မဟုတ်ဘူး”
ရေခဲကဲ့သို့ အေးစက်သောအံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်
လင်းဝူတသည် တုန့်ဆိုင်းနေခြင်းမရှိချေ။ သူသည် ဓားအားမြှောက်လျက် ချက်ချင်းပင် ခုတ်ချလိုက်သည်။