စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၆၅ အံ့ဖွယ်ဂိုဏ်းနှစ်ယောက် ဆုံစည်းခြင်း။
ဘန်း။
တောင်တစ်ခုလုံးက စတင်လှုပ်ခါလာ၏။
ဖာ့ရှင်း၏ ခန္ဓာထဲရှိ စွမ်းအင်က အပြည့်အဝ ကုန်ခမ်းသွားပြီးမှန်း သူ နားလည်လိုက်သည်။ တောင်သည် အစောတည်းက အငြိုးကြီးဝိညာဥ်များကြောင့် နက်ရှိုင်းစွာ တိုက်စားခံရပြီ ဖြစ်၏။ ထို့ကြောင့် ပြိုလဲနေပြီဖြစ်သည်။
ဖာ့ရှင်း၏ ခန္ဓာထဲရှိ တထဂတာ နတ်လက်ဝါး၏ စွမ်းအားကြောင့်သာမဟုတ်လျှင် အစောတည်းက ပြိုလဲနေလောက်ပြီ။
ဖာ့ရှင်း၏ စွမ်းအားက ယခု အပြည့်အဝ ပျောက်ကွယ်သွားပြီဖြစ်ရာ ၄င်း အဆုံးသတ်သွားတာ သဘာဝကျ၏။
လင်းဝမ်က ယဲ့ရှောင်ကို ချက်ချင်း ပြောလိုက်သည်။ ” မြန်မြန် သွား။ ဒီတောင် ပြိုတော့မယ် ”
ယဲ့ရှောင်က သူမကို ဇဝေဇဝါ ကြည့်လိုက်၏။ လင်းဝမ်က မျက်ရည်သုတ်ကာ ပြုံးပြီး ပြောလိုက်တော့သည်။
” ကျွန်မ သူ့ကို နှစ်ပေါင်းများစွာ စောင့်လာခဲ့တာ။ အခု ကျွန်မ သူ့ကို ရှာတွေ့ပြီဆိုတော့ ဘယ်နေရာကို သွားရတော့မှာလဲ ”
ယဲ့ရှောင်က မထွက်သွားပေ။ သူက လင်းဝမ်နောက်သို့ လိုက်သွား၏။ လင်းဝမ်က တအံ့တသြ အော်ပြောလိုက်သည်။
” ရှင် ကျွန်မနောက် ဘာကြောင့် လိုက်နေတာလဲ။ ရူးနေလား။ ရှင် သေသွားလိမ့်မယ် ”
ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်လေ၏။
” အသက်တိုင်းက မိသားစုရဲ့ မျှော်လင့်ချက်ကို သယ်ဆောင်ထားတာ။ ချစ်ရသူတွေရဲ့ မျှော်လင့်ချက်။ မိတ်ဆွေတွေရဲ့ အတွေးတွေကို သယ်ဆောင်ထားတာ။ မင်း ဒါကို တန်ဖိုးထားသင့်တယ် ”
ထိုသို့ပြောပြီးနောက် လင်းဝမ်၏ ထိတ်လန့်နေသော အကြည့်အောက်၌ သူက ညာလက်ကို လက်သီးအဖြစ် ကျစ်ကျစ်ဆုပ်လိုက်ပြီးနောက် ပြိုလဲနေသော တောင်ကို ထိုးချလိုက်သည်။
လင်းဝမ်သည် သူမ၏ ဘဝ၌ ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှ မကြုံတွေ့ဖူးကြောင်း ကျိန်ဆိုရဲသည်။ လက်သီးတစ်ချက်တည်းဖြင့် မြေပြင်က အက်ကွဲသွားပြီး လေနှင့် တိမ်က အရောင်ပြောင်းသွားလေ၏။ ပေတစ်သောင်းခန့် မြင့်မားသော တောင်တစ်လုံးသည် ထိုလူသား၏ လက်သီးလေးက အစိတ်စိတ်အမွှာမွှာ ချေမွခံလိုက်ရ၏။ ကောင်းကင်ထဲ အလင်းတန်းတစ်ချက် ဖြတ်လာသည့် ရှင်းလင်းနေသည့် လေဟာနယ်ထဲ တိမ်တိုက်များအားလုံး ကွဲထွက်သွားစေသည်။ ကောင်းကင်ထဲ၌ ကြယ်အလင်းများက ပြည့်နေတော့၏။ ယင်းက ဆန်းကြယ်ပြီး အလွန်ထူးဆန်းနေစေတော့သည်။
ယဲ့ရှောင်က နေရာကနေ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ မည်သည့်အချိန်က ပျောက်ကွယ်သွားမှန်း မည်သူမှ မသိပေ။
သူ လက်သီးထိုးလိုက်သည့်အချိန်ပဲ ဖြစ်ကောင်းဖြစ်နိုင်၏။ သို့တည်းမဟုတ် လင်းဝမ် မင်သက်နေသည့်အချိန်လည်း ဖြစ်နိုင်သည်။ လင်းဝမ်က နေရာမှာတင် အံ့သြဆွံ့အနေ၏။ ထိုမြင်ကွင်းကို ကြည့်နေစဥ် သူမရဲ့ မျက်နှာထက်၌ မယုံနိုင်မှုများ ပြည့်နေသည်။
သူမ နတ်ဘုရားတစ်ပါးနှင့် တွေ့လိုက်ရတာများလား။
သုံးရက်ကြာပြီးနောက် ကျန်းဟိုင်မြို့တွင် ဖြစ်သည်။ ဝတ်ရုံဖြူဝတ်ထားသည့် လူရိပ်တစ်ရိပ်က ကျန်းဟိုင်မြို့၏ မြစ်မျက်နှာပြင်ပေါ်၌ ပေါ်လာလေ၏။
သူက လက်နောက်ပစ်ထားကာ သူ၏ ခန္ဓာကိုယ်သည် မြစ်မျက်နှာပြင်အထက် မျောလွင့်နေသည်။ သာမန်လူတစ်ယောက်က တစ်ချက်ကြည့်ရုံဖြင့် သူ့ကို မှတ်မိမှာပဲ ဖြစ်သည်။ သူက အံ့ဖွယ်ဂိုဏ်းမှ သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ အဓိကဂိုဏ်းမှ သိုင်းပညာရှင်သာလျှင် ကောင်းကင်ကို ပျံတက်နိုင်သောစွမ်းအင် ရှိသောကြောင့် ဖြစ်သည်။
လှေများဖြင့် ဖြတ်သန်းသွားလာသော ဧည့်သည်များ၊ လှေပိုင်ရှင်များစွာသည် ထိုအံ့သြဖွယ် မြင်ကွင်းက်ု မြင်တွေ့သည့်အချိန်၌ ဓာတ်ပုံများရိုက်ပြီး We Chatပေါ်၌ တင်ကြ၏။ ဆိုရလျှင် ကျန်းဟိုင်မြို့ကဲ့သို့ နေရာလေး၌ အံ့ဖွယ်ဂိုဏ်းအထက် သိုင်းပညာရှင်များများစားစား မရှိပေ။
စီနီယာဓါးမော့ဓါးဝိဇ္ဇာက အလွန်သန်မာ၏။ သို့သော် ယင်းက သိုသိုသိပ်သိပ် နေလွန်းသောကြောင့် သူ့ကို မည်သူမှ မမြင်နိုင်ပေ။ ထို့ကြောင့် မဟာချီရှန်းအဆင့်ရှိ သိုင်းပညာရှင်များကလည်း နာမည်ကြီးနိုင်၏။
မကြာမီ၌ လူအများက သူတို့၏ ဓာတ်ပုံများကို We Chat ပေါ်၌ တင်ကြပြီး သူ၏ အင်တာနက်ပေါ်၌ အနည်းငယ် နာမည်ရှိလာတော့သည်။
ကျန်းဟိုင်သိုင်းကျောင်းတော်၌ ဖျောင်ကျန့်ရှန်သည် သူ၏ ဓါးရေးလေ့ကျင့်ပြီးခါစ၌ ကျောင်းသားအချို့က ရောက်လာပြီး သူ့ကို ချီးကျူးတော့၏။
” ဖျောင် …။ မင်းရဲ့ ဓါးသိုင်းက သန်မာပြီးရင်း သန်မာလာနေတာပဲ ”
ဖျောင်ကျန့်ရှန်က အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” မလုံလောက်ဘူး။ အဝေးကြီး လိုသေးတယ် ”
သူက မလှမ်းမကမ်းရှိ ကြေးနီနတ်သေး ရုပ်ထုပေါ်ရှိ ဓါးရာများကို ကြည့်လိုက်သည်။ ၄င်းတို့ကိုကြည့်ပြီးချိန်၌ စွမ်းအင်ကင်းမဲ့မှုကို ခံစားရသည်။ ထိုဓါး၏ ဓါးဆန္ဒက အစွမ်းထက်လွန်း၏။ ယခု သူ နားလည်သဘောပေါက်နိုင်သည်ကို ကျော်လွန်ပြီးအစွမ်းထက်တာ ဖြစ်သည်။
၄င်းကို သူ ကြည့်မိချိန်တိုင်းတွင် မြင့်မားသော တောင်တစ်တောင်ကို ကြည့်နေရသည့်ပမာ ခံစားရပြီး အဆုံးကို မမြင်ရပေ။
” အော် … ဟုတ်သား ဖျောင်။ ဒီနေ့ မင်း တွေ့ပြီးပြီလား။ ငါတို့ကျန်းဟိုင်မြို့မှာ နောက်ထပ် မဟာချီရှန်းရှိနေပြီ ”
” အော် … တစ်ယောက်ယောက် အဆင့်တက်သွားတာလား ”
” မဟုတ်ဘူး။ လူသစ်ပဲ။ သူက ဝတ်ရုံဖြူဝတ်ထားတယ်။ ကျန်းဟိုင်မြို့ကို ရောက်လာပြီးတော့ မလှုပ်ရှားပဲ မြစ်မျက်နှာပြင်ပေါ်မှာ ရပ်နေတာ။ သူ ဘာလုပ်လဲဆိုတာ သိချင်မိတယ် ”
ဖျောင်ကျန့်ရှန်၏ အမူအယာက တောင့်တင်းသွားကာ ချက်ချင်း မေးလိုက်၏။
” သူ ဘယ်လိုပုံလဲ။ ငါ့ကိုပြ ”
ကျောင်းသားများထဲမှ တစ်ယောက်က သူ၏ ဖုန်းကို ဖျောင်ကျန့်ရှန်အား ချက်ချင်း ပေးလိုက်၏။
” ဟေ့ အဲ့ဒီလူပဲ။ ကျန်းဟိုင်မြို့က လူတိုင်း ရူးသွပ်တော့မှာ ”
ဖျောင်ကျန့်ရှန်က ဖုန်းကို ယူကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့် သူ အသက်ရှူနှုန်းက တောင့်ခဲသွားပြီး မျက်ဝန်းများက လေးနက်သွားလေ၏။
” သူက မဟာချီရှန်းတစ်ယောက် မဟုတ်ဘူး ”
” အမ်း။ သူက မဟာချီရှန်း မဟုတ်ဘူးလား။ ဒါဆို သူက ဘာလဲ ”
” မဟာချီရှန်းတွေပဲ ဝိညာဥ်စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီး လေထဲရပ်နိုင်တာလေ ”
ဖျောင်ကျန့်ရှန်က ထပ်ပြောလိုက်ပြီး စကားလုံးတိုင်းက ရှင်းလင်းနေ၏။
” ဒါက ငါ့ဆရာ ဟန်နိုင်ငံရဲ့ ဓါးသူတော်စင် လျိုချန်စွင်းပဲ ”
သူပြောပြီးသည်နှင့် ချက်ချင်းပင် ပုံကို တစ်ဖက်ကျောင်းသားဆီပေးပြီး မြစ်ဘေးဆီသို့ သွက်သွက်လေး သွားလိုက်၏။
ဦးနှောက်ကို ခဏသာ အလုပ်ပေးပြီးနောက် ကျန်သည့် ကျောင်းသားများက ရူးသွပ်ကုန်၏။
” လခွမ်း။ သူ ဘာပြောလိုက်တာလဲ။ အဲ့ဒါ သူ့ဆရာလို့ ပြောလိုက်တာလား။ ဟန်နိုင်ငံရဲ့ ဓါးသူတော်စင် လျိုချန်စွင်း အံ့ဖွယ်ချီရှန်းလား ”
” ဘုရားရေ တကယ်ကြီး အံ့ဖွယ်ချီရှန်းတဲ့။ သူ့ကို မဟာဂိုဏ်းလို့ပဲ ငါ ထင်ထားတာ ”
” ငါတို့ ဘာစောင့်နေရတာလဲ။ မြန်မြန် သတင်းလွှင့်ကြလေ။ ဒီသတင်းက ပေါက်ကွဲသွားမှာ။ သတင်းလွှင့်ခဲ့ရင် ဘယ်လောက်တောင် လူဆွဲဆောင်နိုင်မလဲဆိုတာ မသိရဘူး ”
” ဟုတ်တယ်။ မြန်မြန်လေး ”
မကြာမီ၌ ကျန်းဟိုင်မြို့၏ မိတ်ဆွေအသိုင်းအဝိုင်း၌ အမျိုးမျိုးသော အဓိက ဖိုရမ်များ အမျိုးမျိုးသော အွန်လိုင်း ဆက်သွယ်မှုကိရိယာများ၌ အပူတပြင်း ဆွေးနွေးနေကြတော့သည်။
သက်ဆိုင်သည့် ခေါင်းစဥ်များက မျက်တောင်တစ်ခတ်အတွင်း၌ နာမည်ကြီးလာလေ၏။
” မြစ်ပေါ်မှာ ပေါ်လာတဲ့ ဆန်းကြယ်တဲ့ သူက
ဟန်နိုင်ငံရဲ့ ဓါးသူတော်စင် လျိုချန်စွင်းပါ ”
” လျိုချန်စွင်းက ငါတို့ရဲ့ စီနီယာဓါးမော့ဓါးဝိဇ္ဇာနဲ့ ယှဥ်တိုက်ခိုက်ဖို့ ကျန်းဟိုင်မြို့ကို ရောက်လာခဲ့ပြီ ”
လျိုချန်စွင်း၏ အိုင်ဒီ ပေါ်ပေါက်လာသည်နှင့် ကျန်းဟိုင်တစ်မြို့လုံးက ဆူပွက်သွားလေ၏။ မရေမတွက်နိုင်သည့် လူပေါင်းများစွာက မြစ်ဘေးဆီသို့ ရူးသွပ်စွာ စုဝေးလာသည်။
တစ်သောင်း၊ ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ ငါးသိန်း၊ ဆယ်သိန်း။
မကြာမီ၌ သန်းတစ်ထောင်ကျော်သွားသည်။
တစ်ချိန်တည်းတွင် တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်များက အင်တာနက်ပေါ်၌ တစ်ခုပြီးတစ်ခုပေါ်လာသည်။ တရားဝင်သတင်းကတောင် တိုက်ရိုက်ထုတ်လွှင့်ပြီး စတင်လာတော့၏။
တိုက်ရိုက်ထုတ်လွှင့်သည့် အရေအတွက်ကလည်း တိုးလာ၏။ မီဒီယာအားလုံးကနေ ကြည့်ရှုသူအရေအတွက်ကလည်း ချက်ချင်းပင် သုညကနေ ၁သန်းထိ တက်သွားပြီး ၁သန်းက ၁၀သန်း လျင်မြန်စွာ တက်သွား၏။ မျက်တောင်တစ်ခတ်အတွင်း သန်းရာချီဖြစ်သွားတော့သည်။
ဟန်နိုင်ငံ၏ ဓါးသူတော်စင် လျိုချန်စွင်းသည် ကမ္ဘာ့နဂါးစာရင်း၌ အဆင့် ၄၉ရထား၏။ တစ်တည်းဆိုရလျှင် ကြယ်ဆုံသော စစ်မြေပြင်မှ သိုင်းပညာရှင်များအပြင် သူက လောကကြီး၌ အဆင့် ၄၉ ရနိုင်သူ ဖြစ်၏။
လူဦးရေ ၁၀ဘီလီယံထဲရှိ အဆင့်၄၉ရလဒ်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။ သူ့ကဲ့သို့ တည်ရှိမှုမျိုးက နားလည်ရ ခက်ခဲသည်။
ယခု သူ ရုတ်တရက် ပေါ်လာလေရာ သူ့ကို မည်သူက အာရုံမစိုက်ပဲ နေမည်နည်း။
တုချန်ဖုန်း ၊ ဖာ့ကျန်းနှင့် မဟာချီရှန်းတစ်စုကတောင်လည်း အမြန်ရောက်လာကြ၏။ တစ်ချိန်တည်းတွင် အနီးအနားမြို့များမှ မဟာချီရှန်းများကလည်း သတင်းကြားပြီး ရောက်လာကြ၏။ ကြာရှည်စောင့်ဆိုင်းနေရသည့် တိုက်ပွဲကို မည်သူကမှ မလွှဲချော်ချင်ပေ။
တစ်ဖက်က ကျန်းဟိုင်မြို့၏ အဆန်းကြယ်ဆုံး သိုင်းပညာရှင်ဖြစ်ပြီး ကျန်တစ်ယောက်က ဟန်နိုင်ငံ၏ အရည်အချင်းရှိသော ဓါးသူတော်စင် ကမ္ဘာ့နဂါးစာရင်း၌ အဆင့် ၄၉ ရထားသူဖြစ်သည်။
ထို့အပြင် ယခင်က တစ်ခါမှ ပေါ်မလာဖူးသော ဓါးမော့ဓါးဝိဇ္ဇာ၏ အထောက်အထားကို လူတိုင်းက အင်မတန် သိချင်နေကြသည်။
” ဒါက ဟန်နိုင်ငံရဲ့ ဓါးသူတော်စင် လျိုချန်စွင်းလား။ သိပ်အစွမ်းထက်တာပဲ ”
တုချန်ဖုန်းက ထုတ်ပြောလိုက်မိ၏။ ဖာ့ကျန်းကလည်း ဘေးက ဝင်ပြောသည်။
” သူက တကယ် သာမန်လူ မဟုတ်ဘူး။ အဲ့မှာရပ်နေရုံနဲ့ ဝန်းရံနေတဲ့ ပတ်ဝန်းကျင်မှာ တစ်သားတည်း ဖြစ်လာပုံပဲ။ လူတိုင်းက သူ့အဆင့်ကို မြင်နိုင်ပေမဲ့ တစ်ဖက်လူ ဘယ်လောက်အစွမ်းထက်လဲဆိုတာ အာရုံမခံနိုင်ဘူး။ ကြည့်လိုက်ရင် စာရွက်တစ်ရွက်လိုပဲ ”
” သူတို့ မသိတာက အတွေးတစ်ချက်နဲ့ တစ်ဖက်သူက ဒီနေရာက လူအားလုံးကို ပြာဖြစ်အောင် ပြောင်းလိုက်နိုင်တယ်ဆိုတာပဲ ”
” ဒါက အံ့ဖွယ်ဂိုဏ်းပဲလေ။ ဒီဘဝမှာ မင်းနဲ့ငါ အဲ့ဒီအဆင့်ကို ခြေချနိုင်ခွင့် ရှိပါ့မလားဆိုတာ မသိ
ဘူး ”
ထိုစဥ် ချင်ရှန်းလုံနှင့် ကျန်သည့်ချီရှန်းများကလည်း သတင်းကြားပြီး ကမန်းကတမ်း ရောက်လာကြ၏။
တုချန်ဖုန်းက ပြောလိုက်တော့သည်။
” ချင်ရှန်းလုံ မင်း ကြယ်ဆုံသော စစ်မြေပြင်ကို သွားမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား ”
ချင်ရှန်းလုံက ခေါင်းညိတ်ပြီး ပြုံးကာ ချက်ချင်း ပြောလိုက်တော့၏။
” ငါ သွားမယ်ဆိုရင်တောင် ဒီမြေကမ္ဘာတုန်လှုပ်ဖွယ် တိုက်ပွဲကို ကြည့်ပြီးတဲ့အထိ စောင့်ပြီးမှ သွားမှာပေါ့။ မဟုတ်ရင် တစ်ဘဝလုံး နှမြောစရာကောင်းနေလိမ့်မယ် ”
” အဟုတ်ပဲ။ ဒါက တစ်သတ်မှာ တစ်ခါပဲ ကြုံရတဲ့တိုက်ပွဲ ”
လူတိုင်းက သက်ပြင်းချလိုက်၏။ သို့သော် ထိုစဥ် အရှေ့ပိုင်းမိုးကုတ်စက်ဝန်းထဲ ပုံရိပ်တစ်ရိပ် ပေါ်လာ၏။ ထိုပုံရိပ်က အင်မတန် မြန်ဆန်ပြီး မျက်တောင်တစ်ခတ်အတွင်း သူက မြစ်အထက် ရောက်နေပြီ ဖြစ်သည်။
သူ ရောက်လာချိန်၌ မူလက လေထဲ၌ လက်နောက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည့် လျိုချန်စွင်းသည် မျက်လုံး ရုတ်တရက် ဖွင့်လိုက်၏။
ထိုမြင်ကွင်းက လူများစွာကို ထိတ်လန့်သွားစေ၏။
” ကြည့် ..။ လျိုချန်စွင်းက တကယ်ကြီး သူ့မျက်လုံးဖွင့်လိုက်တယ်။ သူ မျက်လုံးဖွင့်လိုက်တယ် ”
” အဲ့ဒီလူက ရင်နိုင်ငံ ကျားဟဲလျို နင်ဂျာဂိုဏ်းကလူ။ နဂါးစာရင်းမှာ အဆင့် ၅၀ရထားတဲ့ မူရာကာမီလား ”
” ဟုတ်တယ်။ သူပဲ ဖြစ်ရမယ်။ သူပဲ ဟန်နိုင်ငံ ဓါးသူတော်စင် လျိုချန်စွင်းကို အာရုံစိုက်အောင် လုပ်နိုင်တာ။ သူ့အပြင် တခြားဘယ်သူ့မှ မလုပ်နိုင်ဘူး”
ထိုပုံရိပ်ရောက်လာပြီးနောက် သူက ပြုံးကာ ပြောလိုက်တော့၏။
” ညီအစ်ကို လျို မတွေ့ရတာ အတော်ကြာပြီ။ ဘယ်လိုလဲ ”
လျိုချန်စွင်းက ထူးမခြားနား ပြောလိုက်၏။
” ညီအစ်ကို မူရာကာမီ မင်းက ယဥ်ကျေးလွန်းတာပဲ။ ကြယ်၇လုံးတန်းတုန်းက သိမြင်မှုတချို့ ရလိုက်တယ်လို့ ကြားလိုက်တယ်။ မင်းရဲ့ခွန်အား အတော်လေး တိုးတက်နေလောက်ရောပေါ့ ဟုတ်တယ်မလား ”
မူရာကာမီပေ့ချွမ်က ပြုံးလိုက်၏။
” မဆိုးပါဘူး။ အစ်ကို လျိုက ရှန်းထျန်း အဌမ
အဆင့်ကို တက်သွားပြီဆို အမှန်လား သိချင်မိတယ် ”
လျိုချန်စွင်းက မျက်လုံးများ မှေးကျဥ်းလိုက်သော်ငြား ပြန်မပြောပေ။
” ညီအစ်အကို မူရာကာမီ မင်းရော … ရှန်းထျန်းအဌမအဆင့်ကို တက်သွားတာ မဟုတ်ဘူးလား ”
နှစ်ယောက်သားက သမန်ကာလျှံကာ ပြောနေ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ဆင်းသက်ပုံပေါ်နေပြီး တစ်ချိန်တည်းတွင် စီပွားရေးအကြောင်း ကြွားဝါနေပုံပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ နှစ်ယောက်လုံးက သူတို့ခွန်အားကို အင်မတန် ယုံကြည်ချက်ရှိ၏။
ဆိုရလျှင် ရှန်းထျန်းအဌမအဆင့်က အလွန်အစွမ်းထက်နေပြီးသား ဖြစ်သည်။
မြစ်ဆိပ်နှစ်ဖက်ရှိ လူများက အံ့သြမိသွားသည်။
” ဘုရားရေ …။ နှစ်ယောက်လုံးက ရှန်းထျန်းအဌမအဆင့်ကို တကယ် အဆင့်တက်သွားတာလား။ ဒီအရှိန်က မြန်လွန်းမနေဘူးလား ”
” သူတို့က လောကကြီးထဲ သိုင်းပညာရှင် တစ်ဒါဇင်ထဲ အဆင့်ဝင်ပြီးသား။ သူတို့ ကျင့်စဥ်က ကျင့်ကြံမှုအရှိန်မြန်တာက ပုံမှန်ပဲလေ ”
” ဒါပေမဲ့ လျိုချန်စွင်းက ဒီနှစ်ဆို အသက် ၄၅နှစ်ပဲ ရှိသေးတာ။ အသက် ၄၅နှစ် ရှန်းထျန်း အဌမအဆင့် သိုင်းပညာရှင်။ ဘုရားရေ … စီရင်စု ၉ခုထဲမှာ ထိပ်တန်းသိုင်းပညာရှင်တချို့ကလွှဲရင် သာမန်လူတွေက ကျော်တက်နိုင်မှာ မဟုတ်ဘူး ”
လူအုပ်ကြီးထဲရှိ ဖျောင့်ကျန်ရှန်က ခေါင်းခါလိုက်၏။
” မဟုတ်ဘူး။ ကျုပ်ဆရာက အသက် ၄၄နှစ် ”
ဟင်။
ပတ်ဝန်းကျင်ရှိ လူအများက အေးစက်သော လေထုများ ရှူရှိုက်မိသွား၏။
သန်မာလိုက်တာ။ ယင်းက တစ်နှစ်ကွာဟရုံမျှ မဟုတ်ပေ။ အမှန်တကယ်တွင် တစ်နှစ်ကွာဟချက်ကို ရောက်ရန်အတွက် နှစ်ပေါင်း မည်မျှများများ ကြိုးစားရမည်မှန်း လူတိုင်း သိကြလိမ့်မည်။ သူတို့က ရောက်နိုင်မရောက်နိုင် မသိကြပေ။
အပိုင်း ၁၆၅ ပြီး၏။