စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၆၃ ဗုဒ္ဓကျောင်းတော်၏ မဟာပညာရှိ။ နတ်ဆိုးကို နှိမ်နင်းရန် ကိုယ်ပိုင် ခန္ဓာကိုယ်ကို အသုံးပြုခြင်း။
ယဲ့ရှောင်က အင်တာနက် မသုံးပေ။ ထို့ကြောင့် ထိုကိစ္စရပ်များအကြောင်း မသိပေ။ သို့သော် ဝေဝါးဝါးတော့ ခန့်မှန်းမိ၏။ သို့သော် မည်သည့်အချက်အလက်မှ ချန်မထားခဲ့သောကြောင့် ကိစ္စမရှိပေ။ သူ မည်သူမှန်း ဘယ်သူ့မှ သိမှာမဟုတ်ပေ။ သူ၏ သွင်ပြင်ကို မှတ်မိကြလျှင်တောင် သူ့ကို ရုပ်ဖျက်ပြီးနောက် မျက်နှာဖုံးတစ်ခု ဝတ်ထားတာပဲ ဖြစ်သည်။ သူ့က်ု ပိုပျော်ရွှင်စေသည်က သူက လေဟာနယ် နီလာခရမ်းရခဲ့တာပဲ ဖြစ်သည်။ ထိုပစ္စည်းကို ရလာပြီးနောက် ယဲ့ရှောင်သည် ဟူမြို့မှ ပန်းပဲကုန်ကြမ်း အရေအတွက်များစွာကို ဝယ်ယူခဲ့သည်။ ဟူမြို့က နိုင်ငံတကာ မြို့ကြီးတစ်ခုဟု ဆိုရပေမည်။ ၄င်း၏ အုတ်မြစ်က အလွန်ခိုင်မာပြီး ယဲ့ရှောင် လိုအပ်သည့် ပိုရှားပါးသည့် ကုန်ကြမ်းအချို့ကို အလွယ်တကူ ရှာတွေ့နိုင်သည်။ ရွှေ့ပျော့၊ အဖြိုက်နက်၊ နှစ်တစ်သောင်းသက်တမ်းရှိ ဥက္ကာခဲ စသည့် အရာအားလုံး ရနိုင်သည်။ သို့သော်ငြား ထိုအရာများ၏ တန်ဖိုးက စျေးမပေါပေ။ သူတို့ကို ပေါင်းလိုက်လျှင် ၁၀သန်းကျော်ပေ၏။
ယဲ့ရှောင်၌ ငွေသား မလုံလောက်ချေ။ သို့သော် ယဲ့ရှောင်၌ ကြက်မွေးများ လုံလုံလောက်လောက် ရှိသည်။ အားလုံးက ကျိဖုန်း၏ တောင်ပံကနေ နုတ်ထားတာပဲ ဖြစ်သည်။ ယဲ့ရှောင်သည် ၄င်းတို့ကို ဘယ်တုန်းကမှ မလွှင့်ပစ်ခဲ့ပေ။
အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲတစ်ကောင်၏ ကြက်မွေးများက စျေးမပေါပေ။ သူတို့က ရွှေပျော့၊ အဖြိုက်နက်၊ ကျန်သည့်ကုန်ကြမ်းများနှင့် သေချာပေါက် မယှဥ်နိုင်သော်ငြား အရေအတွက် သာလွန်၏။ ထို့ကြောင့် သူက မှောင်ခိုစျေးတစ်ခုကို ရှာခဲ့သည်။ ကျိဖုန်း၏ ငှက်မွေး အရေအတွက်ကို မူတည်ပြီး ယဲ့ရှောင်က သူ လိုချင်သည့် ကုန်ကြမ်းများကို အလွယ်တကူ ရခဲ့၏။ ယင်းက သူ့စီးပွားရေးရှာရန် နည်းလမ်းတစ်ခု တွေးမိစေ၏။ နောင်ကြ ကျိဖုန်းကို ပျိုးထောင်သည့်အချိန်၌ ကြက်မွေးများ နုတ်နိုင်၏။ သူမ၏ ကြက်မွေးများက စျေးမပေါပေ။ ကုန်ကြမ်းများ ယူပြီးနောက် ယဲ့ရှောင်သည် ဟူမြို့မှ ထွက်သွားတော့၏။
သူသည် အစက တစ်ချက်ကြည့်ရန် ဟူမြို့ရှိ သိုင်းစာကြည့်တိုက်သို့ သွားချင်ခဲ့သည်။ သင့်တော်သည့် အခြေခံကျင့်စဥ် ရှိမရှိ ရှာချင်ခဲ့၏။ သို့သော်ငြား ဟူမြို့၏ သိုင်းစာကြည့်တိုက်က စီမံခန့်ခွဲမှု အလွန်တင်းကြပ်သည်။ ယာယီနေထိုင်ခွင့်နှင့် မှတ်ပုံတင် လိုအပ်၏။
လိုအပ်ချက်များလွန်းသောကြောင့် အဆုံးတွင် ယဲ့ရှောင်က မဝင်ခဲ့ပေ။ ပြီးနောက် ယဲ့ရှောင်သည် နက်ရှိုင်းသော တောအုပ်ထဲသို့သွားပြီးနောက် သိုလှောင်လက်စွပ်အသစ်ကို စတင်သွန်းလုပ်တော့၏။
ကုန်ကြမ်းအနေဖြင့် လေဟာနယ် နီလာခရမ်းကို အသုံးပြုပြီး ၄င်းကို သန့်စင်ကာ ဖိနှိပ့်လျက် အင်မတန် သေးငယ်သည့် ကျောက်ရိုင်းတစ်ခု ဖွဲ့တည်လိုက်သည်။ ပြီးနောက် ၄င်းကို ရွှေပျော့၊ ခဲမဖြူနှင့် ကျန်သည့် ကုန်ကြမ်းမျိုးဖြင့် ပေါင်းစည်းလိုက်ပြီး ချဲ့ထွင်နိုင်ကာ ချုပ်ချယ်နိုင်သည်။ ဖိစီးမှုဒဏ်ကို အဆင့်တစ်ခုထိ ခံနိုင်အောင် ပြုလုပ်လိုက်၏။ ပြီးနောက် မူလသိုလှောင်လက်စွပ်ထဲ၌ သိမ်းဆည်းထားသည့် လေဟာနယ်စွမ်းအင်များအားလုံးကို သိုလှောင်လက်စွပ်အသစ်သို့ ကူးပြောင်းပေးပြီး သိုလှောင်လက်စွပ်၏ လေဟာနယ် သိုလှောင်မှုစွမ်းအင်ကို တိုးစေ၏။
ထို့အပြင် သူသည် ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် သိုလှောင်လက်စွပ်ထဲ၌ အသေးစား မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ်အစီအရင်ကိုလည်း တည်ဆောက်ခဲ့ပြီး လက်စွပ်ထဲရှိ အသက်ဓာတ်များကို ဘေးကင်းအောင် ထိန်းထား၏။ ထို့အပြင် နောင်ကြ သိုလှောင်လက်စွပ်ထဲ၌ သိမ်းထားသည့် သက်ရှိများ မထိခိုက်စေရန်အတွက် သူသည် အပြည့်အဝ သိုလှောင်မှု လေဟာနယ်အဖြစ် သိုလှောင်လက်စွပ်ကို ပြုလုပ်မှာ မဟုတ်ပေ။
ပင်မသိုလှောင်မှုထဲ၌ နီလာခရမ်းတစ်ခုကို အသုံးပြုသည်ထက် ယဲ့ရှောင်သည် လက်စွပ်ပေါ်၌ လေဟာနယ်ခရမ်းအချို့ကိုလည်း အသုံးပြုမည်။ ယင်းက ထူးခြားသည့် သိုလှောင်မှု နေရာအချို့ကိုလည်း ဖွဲ့တည်ပေးနိုင်သည်။
သိုလှောင်နေရာလေးတိုင်းသည် သီးခြားအစီအရင်တစ်ခုချင်း တည်ဆောက်ထား၏။ ယင်းက ပြီးပြည့်စုံသည်။
လက်စွပ်၏ ပင်မကိုယ်ထည်က အဖြိုက်နက်၊ ရွှေပျော့ဖြင့် ပြုလုပ်ထား၏။ သန့်စင်သည့် အနက်ရောင်လက်စွပ်တစ်ကွင်းနှင့် တူနေသည်။ လက်စွပ်အတွင်း၌ လေဟာနယ်နီလာခရမ်းတစ်တုံးကို မြုပ်ထားလေ၏။ ဤနည်းဖြင့် လေဟာနယ် နီလာခရမ်းကို အလွယ်တကူ ပိတ်ဆို့ထားနိုင်ပြီး ကျန်သည့်သူများက ၄င်းကို မြင်နိုင်တော့မှာ မဟုတ်ပေ။ ယင်းက သိုလှောင်လက်စွပ်တစ်ကွင်းဆိုတာ သူတို့ သိမှာမဟုတ်ချေ။ သာမန်လက်စွပ်ဖြစ်ပြီး ဝတ်ဆင်ထားသည့်အချိန်တွင် မိုက်သည်ဟုသာ သူတို့ တွေးလောက်၏။
လေဟာနယ်သိုလှောင်လက်စွပ်အတွင်း ဘောလုံးကွင်း လေးကွင်းခန့် ကျယ်နေပြီးသားဖြစ်သည်။
ယခင်က ဗီလာနှစ်ခု အကျယ်အဝန်းနှင့် ယှဥ်လျှင် ယင်းက မိုးနှင့်မြေပမာ ဖြစ်နေတော့သည်။ ယဲ့ရှောင်သည် လေဟာနယ်နီလာခရမ်းကို ယူရန်အတွက် ဟူမြို့သို့ ခရီးတစ်ခေါက် ထွက်ခဲ့တာ အချည်းနှီး မဖြစ်ပေ။ ပြီးနောက် ယဲ့ရှောင်သည် ချီရှန်းအဆင့် ကြယ်တာရာသားရဲအချို့၏ အလောင်းများအပါအဝင် ကုန်ကြမ်းများအားလုံးကို လက်စွပ်ထဲ ထည့်လိုက်၏။
ကျန်းဟိုင်မြို့သို့ ပြန်ရောက်ပြီးနောက် သူက ၄င်းတို့ကို အသက်သွင်းပြီး ပျိုးထောင်မှာ ဖြစ်သည်။
ယခုအခေါက် ခရီးစဥ်က ငွေကြေးများစွာ ရသည်ဟု ဆိုနိုင်ပေသည်။ ချီရှန်းအဆင့် ကြယ်တာရာသားရဲ ၇ကောင်၊ ဘောလုံးကွင်းလေးကွင်းအရွယ်အစားခန့်ရှိသော သိုလှောင်လက်စွပ်တစ်ကွင်းရလာ၏။ ကျန်သည့်အရာများကို မဆိုထားနှင့် သိုလှောင်လက်စွပ်က တစ်ကမ္ဘာလုံး၌ ရှာရ ခက်ခဲတာ ဖြစ်နိုင်သည်။
ကိုယ်ပိုင် လက်ထဲတွင်ရှိတာ တစ်ရာခိုင်နှုန်း သေချာ၏။ အာကာသစစ်မြေပြင်တွင်သာ သိုင်းပညာရှင်များကို အများအပြား ပို့ဆောင်နိုင်၏။
ယဲ့ရှောင်၏ မိသားစုသည် လက်ထဲ၌ သီးသန့်ကိုင်ထားသည့် တစ်ဦးတည်းသောသူ ဖြစ်လောက်သည်။ ထို့သို့ပြုလုပ်ပြီးနောက် သူတို့က ကျန်းဟိုင်မြို့သို့ ပြန်လာနိုင်၏။
သို့သော် ထိုစဥ် တောအုပ်ထဲက အနက်ရောင် လျှပ်စီးလုံးက ရုတ်တရက် ပေါ်ထွက်လာသည်။ သိပ်သည်းသည့် သတ်ဖြတ်လိုစိတ်က လိုက်ပါလာပြီး ၄င်းက ယဲ့ရှောင်၏ ခေါင်းဆီသို့ ဦးတည်သွားလေ၏။
နောက်အဆင့်၊ ထူးကဲအဆင့် ကျင့်ကြံမှုဖြင့် အနက်ရောင် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။ ချီရှန်းအဆင့်သို့ရောက်ရန် ဆံချည်တစ်မျှင်စာသာ ဝေးတော့၏။
၄င်း၏ အရှိန်က အင်မတန် မြန်ဆန်လွန်းသည်။ သွေးသံရဲရဲ ပါးစပ်ထဲ၌ ချွန်ထက်သော သွားများသည် စတီးလွှ လေးစင်းပမာ သမ်းနေလေ၏။ ချီရှန်းအဆင့်အောက် သိုင်းပညာရှင်တစ်ယောက်က အကိုက်ခံခဲ့ရလျှင် သူတို့လည်ပင်း ကျိုးသွားပြီးခေါင်းပြုတ်ထွက်သွားနိုင်၏။
သို့သော်ငြား အရှိန်က မြန်ဆန်လွန်းသည်။ အနက်ရောင်ကြယ်တာရာသားရဲက အလွန်သန်မာသော်ငြား ယဲ့ရှောင်သည် အံ့ဖွယ်ချီရှန်းတစ်ယောက် ဖြစ်၏။ သူက ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်းကို ကျင့်ကြံထားပြီး တော်ဝင်အဆင့် သံချပ်ကာကိုလည်း ဝတ်ထားသေး၏။
အနက်ရောင်ကြယ်တာရာသားရဲက သူ့ကို အမှန်တကယ် ကိုက်ချင်လျှင် ၄င်း၏ သွားများက အသုံးမဝင်တော့သည့် အစိတ်အပိုင်းဖြစ်သွားသည်အထိ ချေမှုန်းခံရလောက်သည်။
ကံဆိုးသည်မှာ ၄င်းက ယဲ့ရှောင်ဆီ ရောက်လာတာ မဟုတ်ပေ။
သူက ခုန်ထွက်လာပြီး နောက်တစ်စက္ကန့်၌ ပိုတောင် မြန်ဆန်သည့် ဓါးရောင်ခြည်က ရုတ်တရက် ပေါ်ထွက်လာ၏။
ဖုန်း။
ချွန်ထက်သော ရောင်ခြည်သည် ၄င်း၏ ခေါင်းကို တိုက်ရိုက် ထိုးဖောက်သွားပြီး ဘေးရှိကျောက်ဆောင်ကို စိုက်ဝင်သွား၏။
အနက်ရောင် ကြယ်တာရာသားရဲက နှစ်ချက် အသက်ငင်နေပြီးနောက် ၄င်း၏ အသက်ဓာတ် အပြည့်အဝ ဆုံးရှုံးသွားတော့၏။
ယဲ့ရှောင်သည် တစ်ဖက်ကို ကြည့်လိုက်၏။ အသက် ၄၀အရွယ်ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။
သို့သော် သူမက အသက် ၄၀ပုံပေါ်သော်ငြား သူမ၏ အရိုးသက်က ၇၀ကျော်နေပြီဖြစ်သည်။ သူမက ရှန်းထျန်းဒုတိယအဆင့် ချီရှန်းအဆင့်သို့ရောက်အောင် ကျင့်ကြံထားသောကြောင့် ထိုမျှ ငယ်ရွယ်ပုံပေါ်နေတာပဲ ဖြစ်သည်။
သူမက ယဲ့ရှောင်ကို စိတ်မချမ်းမြေ့သည့် အမူအယာဖြင့် တစ်ချက်ကြည့်ပြီး အေးစက်စက် ပြောလိုက်၏။
” တောအုပ်မြို့ မြို့စောင့်တပ်ဖွဲ့ရဲ့ သတိပေးစာကို မတွေ့ဘူးလား။ အခုအချိန် ဒီတောင်ပေါ် လူသားတွေ ခြေချခွင့် မရှိဘူး။ ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိလား။ ခုနတုန်းက ငါ့ကြောင့်သာ မဟုတ်ရင် မင်း သေနေလောက်ပြီ ”
ယဲ့ရှောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
” ကျွန်တော်က တခြားနိုင်ငံကနေလာတာ။ ဒီနေရာကို ဖြတ်သွားရုံပဲ။ ဒါကြောင့် အခ့ ခဏအနားယူဖို့ လုပ်မိတာ ”
ထိုစကားကိုကြားသောအခါ ယဲ့ရှောင်ကို တစ်ဖက်လူက သံသယဖြင့် ကြည့်လိုက်၏။ သူ လိမ်နေပုံမပေါ်တာကို မြင်သောအခါ သူမလေသံကအနည်းငယ် ပိုသိမ်မွေ့သွားသည်။
” ဒီလိုဆိုတော့ ရှင် တောင်အောက်ကို အမြန်ဆင်းသင့်တယ်။ ဒီတောင်က မလုံခြုံဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။ သူ လှည့်သွားခါစ၌ လူရိပ်အချို့က အမျိုးသမီးသိုင်းပညာရှင်၏ဘေးသို့ အမြန်ရောက်လာသည်။
” ခေါင်းဆောင် လင်း တောင်ပေါ်မှာ အစီအရင်တည်ဆောက်ပြီးပါပြီ။ အဲ့ဒီကြယ်တာရာသားရဲတွေ ထွက်ပြေးလာပြီး အစီအရင်ထဲ ခြေချမိပြီဆိုတာနဲ့ သူတို့ သေချာပေါက် သေမှာပဲ ”
ခေါင်းဆောင် လင်းက ခေါင်းညိတ်လိုက်၏။
” အားလုံးပဲ ဒီနှစ်ရက်မှာ အလုပ်ကြိုးစားပြီး ပိုရှာကြ။ အကြောင်းအရင်း မသိရပဲ ကြယ်တာရာသားရဲ အများကြီးက ဒီတောင်ဆီ ဆွဲဆောင်ခံနေရတာ။ ငါတို့တွေ သူတို့ကို မဖယ်ရှားဘူးဆိုရင် တောအုပ်မြို့ရဲ့ မြို့သူမြို့သားတွေကို ခြိမ်းခြောက်မှုကြီး ဖြစ်လိမ့်မယ် ”
” ဟုတ်ကဲ့ ”
လူတိုင်းက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေကြပြီး စိတ်ပူပန်စွာ စတင်ရှာဖွေကြတော့၏။ တစ်ဖက်သူ၏ စကားများက ယဲ့ရှောင်ကို အနည်းငယ် သိချင်စိတ်ဖြစ်သွားစေ၏။
ကြယ်တာရာသားရဲရဲ့ စိတ်ဝင်စားမှုကို ရုတ်တရက် နှိုးဆွပေးနိုင်တဲ့တောင်။ ဒီမှာက ပစ္စည်းကောင်းတချို့များ ရှိတာလား။
အတွေးတစ်ချက်ဖြင့် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုဖြင် တောင်တစ်ခုလုံးကို ချက်ချင်း စစ်ဆေးလိုက်သည်။ ချက်ချင်းပင်
ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က တုန်လှုပ်လာ၏။
ဒါက တထဂတာ နတ်လက်ဝါး။
ယဲ့ရှောင်က အနည်းငယ် မင်သက်သွားမိသည်။ တောင်ထဲ၌ တထဂတာ နတ်လက်ဝါး၏ စွမ်းအားကို သူ အမှန်တကယ် ခံစားမိသည်။
သို့သော်ငြား ယင်းက အချိန်အတော်ကြာ ကုန်လွန်သည့်ပုံပေါ်၏။ တထဂတာ နတ်လက်ဝါးထဲရှိ ဗုဒ္ဓစွမ်းအားက ပျောက်ကွယ်သွားနှင့်ပြီ ဖြစ်သည်။
တောင်ထဲတွင် တထဂတာ နတ်လက်ဝါးအပြင် မထီမဲ့မြင်
ဝိညာဥ်စွမ်းအင်လှိုင်းမိစ္ဆာလည်း ရှိနေလေ၏။
မထီမဲ့မြင်ဝိညာဥ်စွမ်းအင်များသည် ဗုဒ္ဓစွမ်းအားကို ဆက်တိုက် တိုက်ခိုက်နေ၏။ ဗုဒ္ဓစွမ်းအား အပြည့်အဝ ဖျက်ဆီးခံရသည့်အချိန်၌ မထီမဲ့မြင်ဝိညာဥ်စွမ်းအင်က အရပ်မျက်နှာအနှံ့ပြန့်သွား၏။ မထီမဲ့မြင်ဝိညာဥ်စွမ်းအင်၏ ဝိညာဥ်စွမ်းအားတို့ အတူတကွ ပေါင်းစည်းသွားပြီး ၄င်းက ရှန်းထျန်းဆဌမအဆင့် မဟာဂိုဏ်း၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူတို့ကို ပိတ်ဆို့ခံထားရာကနေ ဖောက်ထွက်ခွင့်ပေးခဲ့လျှင် တောင်ပြင်ရှိ တောအုပ်မြို့ကို ဖျက်ဆီးခြင်းကပ်ဘေးတစ်ခု ဆောင်ယူလာနိုင်၏။
လူဦးရေသန်းချီရှိသည့်မြို့က သွေးချောင်းစီးသွားမှာ သေချာပြီး မရေမတွက်နိုင်သည့် အသက်ပေါင်းများစွာ သတ်ဖြတ်ခံရလိမ့်မည်။
ယဲ့ရှောင်က စိတိထဲ အနည်းငယ် လှုပ်ရှားသွား၏။ သူက ချက်ချင်းပင် မြေဝပ်ခြင်းကျင့်စဥ်ကို အသုံးပြုပြီး မြေကြီးထဲ ဝင်လိုက်၏။
သူ မြေအောက်သို့ ရောက်သည့်အချိန်၌ ယဲ့ရှောင်သည် တောင်အတွင်း၌ သုံးထောင်ကုဗပေထက် ပိုသည့် နေရာလွတ်များကို တွေ့လိုက်ရသည်။
သင်္ကန်းဝတ်ထားသည့် ရဟန်းအိုတစ်ပါးရှိနေပြီး မြေပြင်ပေါ်၌ တင်ပလ္လင်ခွေရပ်သားဖြင့် ပရိနိဗ္ဗာန်စံသွားပြီဖြစ်သည်။ သူ၏ လက်က လက်အုပ်ချီထားလျက် အလွန်ကိုင်းရှိုင်းသည့် သွင်ပြင်ကို ထိန်းသိမ်းထား၏။
သူ့ဘေး၌ သိုလှောင်လက်စွပ်တစ်ကွင်း ရှိနေသည်။
တထဂတာ နတ်လက်ဝါး၏ စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ဖြာထွက်နေသည်။
သူ့ရှေ့၌ သွေးအိုင်ရှိနေ၏။ သိပ်သည်းပြီး ညစ်ပတ်သော သွေးများက အထဲသို့ စီးဝင်နေပြီး အင်မတန် သိပ်သည်းကာ ရူးသွပ်ပြီး သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် ရောသွား၏။ ရံဖန်ရံခါ၌ အညှိုးကြီးဝိညာဥ်တစ်ကောင်က အတွင်းကနေ ခေါင်းပြူ ထွက်လာသည်။
” လူသား အဲ့ဒါ လူသားပဲ။ မွှေးလိုက်တဲ့ အသားနံ့ကွာ ”
အေးစက်ပြီး သွေးဆာသည့်အသံက ပေါ်ထွက်လာ၏။ နောက်ထပ် အညှိုးကြီးဝိညာဥ်များကလည်း သွေးအိုင်ထဲကနေ ခေါင်းပြူထွက်လာပြီး ယဲ့ရှောင်ကို ကြည့်လိုက်ကြ၏။
” ဟား ဟား ဟား။ တကယ် လူသားပဲ။ ငါ လူသား မစားရတာ ကြာနေပြီ။ သူ့ကို စားမယ် ”
” ညီအစ်ကိုတို့ ဒီချိတ်ကို ချိုးဖျက်လိုက်ရအောင်။ မြန်မြန် သွက်သွက်လေး ”
ယဲ့ရှောင်ကဲ့သို့ သက်ရှိလူသားတစ်ယောက်ကို တွေ့မြင်ပြီးနောက် အငြိုးကြီးဝိညာဥ်များက ပိုတောင် စိတ်လှုပ်ရှားသွားသည်။ သူတို့က မျက်လုံးများ လက်နေပြီး အနီရောင်အလင်းတစ်ခု ဖြာထွက်နေ၏။ ချိတ်ပိတ်မှုကို ချိုးဖျက်ပြီးနောက် ယဲ့ရှောင်ကို အပိုင်းပိုင်း ကိုက်ဖြတ်ချင်နေကြသည်။ သူတို့၏ တိုက်ခိုက်မှုအောက်၌ ရဟန်းအို၏ ခန္ဓာပေါ်ရှိ တထဂတာ နတ်လက်ဝါး၏ ဗုဒ္ဓစွမ်းအားက အားနည်းပြီးရင်းအားနည်းလာသည်။ သူ၏ အရိုးကတောင် တုန်ယင်နေ၏။ သူ ထိန်းမထားနိုင်တော့တာ သိသာနေသည်။
ဖုန်း။
ယဲ့ရှောင်က အချိန်ဖြုန်းမနေတော့ပဲ တထဂတာ နတ်လက်ဝါးကို သုံးလိုက်၏။
လက်ဝါးအောက်သို့ ရိုက်ချလိုက်သည့်အချိန်၌ သွေးအိုင်က နေရာမှာတင် ပေါက်ကွဲသွားသည်။ အတွင်းရှိ အညှိုးကြီးဝိညာဥ်များက အပိုင်းပိာင်း အစိတ်စိတ်အမွှားမွှား ကြေကုန်၏။ သို့သော် မကြာမီ၌ သူတို့က ထပ်မံပေါင်းစည်းပြီး ပိုတောင်များပြားသည့် အရိုးကြီးဝိညာဥ်များ ဖွဲ့တည်လိုက်သည်။
” တထဂတာ နတ်လက်ဝါး။ ဒါက တထဂတာ နတ်လက်ဝါးရဲ့ ဆက်ခံသူပဲ ”
” ဒါပေမဲ့ သူတို့မှာ တထဂတာ နတ်လက်ဝါး ရှိတော့ရော ဘာအရေးလဲ။ ငါတို့က သာမန်အငြိုးကြီးဝိညာဥ်တွေမှ မဟုတ်တာ။ ဝိညာဥ်နဲ့ သွေးဆာလောင်မှုစွမ်းအားကနေ ဖွဲ့တည်ထားတဲ့ အငြိုးကြီးဝိညာဥ်တွေပဲ။ ဗုဒ္ဓစွမ်းအားတစ်ခုတည်းနဲ့ ငါတို့ကို အပြည့်အဝ သတ်ဖို့ မလုံလောက်ဘူး ”
ယဲ့ရှောင်က စိတ်မရှုပ်သွားပေ။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို တစ်ချက်သုံးလိုက်ပြီး တစ်ဖက်သူက ထင်ယောင်ထင်မှားနှင့် အစစ်အမှန် ပေါင်းစည်းမှုရှိသည့် ခန္ဓာတစ်ခုရှိကြောင်း ချက်ချင်းသဘောပေါက်သွား၏။ တထဂတာ နတ်လက်ဝါး၏ တိုက်ခိုက်မှုဖြင့် ယင်းက ဝိညာဥ်စွမ်းအင်တိုက်ခိုက်မှုတစ်ခု ရှိရမည်။ ရိုးရှင်းပေ၏။
” နှုတ်ဆက်ပါတယ် ”
” ”
သူတို့က ဖြစ်ပျက်နေတာကို နားမလည်သေးပေ။ နောက်တစ်စက္ကန့်၌ ယဲ့ရှောင်သည် သူ၏
ဝိညာဥ်စွမ်းအင်ကို ထိန်းချုပ်ပြီး တထဂတာ နတ်လက်ဝါးနှင့် ပေါင်းစည်းရန်အတွက် ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုကို အသုံးပြုခဲ့သည်။ ပြီးနောက် နောက်ထပ် လက်ဝါးက ရိုက်ချလာ၏။ ထိုလက်ဝါးကျလာသည့် အချိန်တွင် အငြိုးကြီးဝိညာဥ်များစွာက ပြာဖြစ်သွားလေ၏။
ဒီတော့မှ ယဲ့ရှောင်သည် ပရိနိဗ္ဗာန်စံသွားပြီဖြစ်သည့် ဗုဒ္ဓရဟန်းရှေ့သို့ ရောက်လာလေသည်။
အပိုင်း ၁၆၃ ပြီး၏။