Switch Mode

Chapter – 32

သူတော်စင်အဆင့် နည်းစနစ် ကောင်းကင်တည်ငြိမ်ခြင်းမန္တန်

အခန်း ၃၂။ သူတော်စင်အဆင့် နည်းစနစ် ကောင်းကင်တည်ငြိမ်ခြင်းမန္တန်

[ ဒင် ]

[ သင်သည် လုထျန်းရှုံ၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် ရှေးဟောင်းတာအိုစာအုပ်၏ မပြည့်စုံသော စာရွက်တစ်ရွက်အားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် ရှေးဟောင်းတာအိုစာအုပ်၏ ပြီးပြည့်စုံသော စာရွက်တစ်ရွက်အားရရှိပါမည် ]

[ ထိုအရာတွင် စွမ်းအားကြီးရှေးဟောင်းနည်းစနစ် ကောင်းကင်တည်ငြိမ်ခြင်းမန္တန်ကို မှတ်တမ်းတင်ထားသည်။ ၎င်းကို ကျွမ်းကျင်ပြီးနောက် ကမ္ဘာပေါ်ရှိ အရာအားလုံးကို အကျဉ်းချပိတ်ဆို့ထားနိုင်သည် ]

အေးစက်‌သော သတိပေးချက်တစ်ခုသည် သူ၏ စိတ်ထဲတွင် မြည်ဟိန်းလာခဲ့သည်။

ကောင်းကင်တည်ငြိမ်ခြင်းမန္တန်လား။

လင်းဝူတ၏ မျက်လုံးများသည် စိတ်ဝင်စားမှုများဖြင့် မြင့်တက်သွားခဲ့သည်။

သူသိသလောက်ဆိုလျှင် ရှေးဟောင်းတာအိုဂိုဏ်းသည် အလွန်ရှေးကျကာ သာမန်ထက်ထူးခြားလွန်ကဲစွာ အစွမ်းထက်လွန်းသည်။ ၎င်းသည် ကောင်းကင်၏ ဆန္ဒကို တစ်ကြိမ်ဖြည့်စည်းပေးခဲ့ပြီး ကောင်းကင်တာအိုမှ တာအိုကျင့်စဉ်ကို ချီးမြှင့်ခဲ့သည်။

ထိုကျင့်စဉ်အတွင်း၌ မှော်ဆန်ပြီး အစွမ်းထက်သော လျှို့ဝှက်နည်းပညာများနှင့် နတ်ဘုရားအဆင့်စွမ်းရည်များစွာ ရှိခဲ့သည်…။

သူတို့ခေတ်ကာလတွင် တစ်ကမ္ဘာလုံး၌ အသန်မာဆုံးဖြစ်ခဲ့သည်။

ယခုအရာသည် စာအုပ်၏ စာမျက်နှာတစ်ခုဆိုလျှင်တောင် ၎င်းအတွင်း၌မှတ်တမ်းတင်ထားသောအရာများသည် သာမန်ထက်ထူးကဲလွန်းပေသည်။

စနစ်၏ ဆယ်ဆမြှင့်တင်မှုဖြင့် ဆိုလျှင် ပြောနေစရာပင်မလိုတော့ချေ။

“ဝှစ်”

သူ့နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် လင်းဝူတသည် ကောင်းကင်တည်ငြိမ်ခြင်းမန္တန်၏ မိတ်ဆက်ကို ဖတ်ရှုလိုက်သည်။

[ အမည် : ကောင်းကင်တည်ငြိမ်ခြင်းမန္တန် ]

[ အမျိုးအစား : မန္တန် ]

[ အဆင့် : သူတော်စင်အဆင့်နည်းစနစ် ]

[ ဖော်ပြချက် : ဤရှေးဟောင်းနည်းစနစ်အား ဆယ်ဆမြှင့်ဝာင်ထားသည်။ ၎င်းသည် သူတော်စင်အဆင့်နည်းစနစ်သို့ ရောက်ရှိသွားခဲ့သည်။ ဤနည်းစနစ်သည် ကမ္ဘာပေါ်ရှိအရာအားလုံးကို အကျဉ်းချ ပိတ်ဆို့နိုင်သည်။ ထူးကဲသောတာအိုအဆင့်အထိ ကျင့်ကြံပြီးလျှင် အဆင့်တစ်ဆင့်ပိုမြင့်သော ပြိုင်ဘက်ကို အကျဉ်းချပိတ်ဆို့နိုင်သည် ]

သူတော်စင်အဆင့်နည်းစနစ်လား။

လင်းဝူတသည် အေးဆေးတည်ငြိမ်သောပုံစံဖြင့် မိတ်ဆက်အားဖတ်ရှုပြီးနောက် အကူအညီမဲ့စွာ အံ့ဩသင့်သွားခဲ့ရသည်။

၎င်းသည် သူတော်စင်အဆင့်နည်းစနစ်ဖြစ်သည်။

သူတော်စင်တစ်ပါးမှမွေးဖွားလာသူနှင့် ရှေးဟောင်းမိသားစုကြီးများတွင်သာ ပြီးပြည့်စုံသော သူတော်စင်အဆင့်နည်းစနစ်ရှိကြသည်။

မဟာအင်ပါယာ ကျန်းထိုက်ချူ၏ အလောင်းအားစုဆောင်းခဲ့သည့် အချိန်တွင် သူသည် အင်ပါယာကျင့်စဉ်ကို ရရှိခဲ့သည်။ ယခု လုထျန်းရှုံ၏ အလောင်းအားစုဆောင်းပြီးနောက် သူတော်စင်အဆင့်နည်းစနစ်အားရရှိခဲ့သည်။

လင်းဝူတသည် အလွန်ကျေနပ်နေသည်။

[ ဒင် ]

[ ဂုဏ်ယူပါတယ်…ပိုင်ရှင်သည် သူတော်အဆင့်နည်း၏နစ်အား ရရှိခဲ့ပါသည်။ အလောင်းစုစောင်းခြင်းစနစ်၏ စည်းမျဉ်းအရ စနစ်သည် လျှို့ဝှက်နည်းစနစ်များ၊ မှော်နည်းစနစ်များနှင့် တခြားနည်းစနစ်များအား ကြီးမားသောအောင်မြင်မှုအဆင့်အထိ အလိုအလျောက်ကျင့်ကြံပေးပေလိမ့်မည် ]

[ ကောင်းကင်တည်ငြိမ်ခြင်းမန္တန် : ကြီးမားသော အောင်မြင်မှုအဆင့် ]

[ မန္တန်အားအသုံးပြုလျှင် ပိုင်ရှင်ထက် အဆင့်ကြီးတစ်ဆင့်ပိုမြင့်သော ပြိုင်ဘက်အား အကျဉ်စချပိတ်ဆို့နိုင်သည်။ အကျဉ်းချပိတ်ဆို့ခြင်း၏ ကြာချိန်သည် ၃ စက္ကန့်ဖြစ်သည်]

“မဆိုးဘူးဘဲ” လင်းဝူတသည် ချီးမွမ်းလိုက်သည်။

သူတောင်စင်အဆင့်နည်းစနစ်ကောင်းကင်တည်ငြိမ်ခြင်းမန္တန်သည် သံသယမရှိအောင် သန်မာလွန်းပေသည်။ အကျဉ်းချပိတ်ဆို့နိုင်သည့်ကြာချိန် ၃ စက္ကန့်သည် လုံလောက်ပေသည်။

ခန္တာကိုယ်နှင့် စိတ်ဝိညာဉ်ကို ၃ စက္ကန့်အတွင်း ပိတ်ဆိုးနိုင်လျှင် ပစ်မှတ်သည် သေ‌ချာပေါက်သေရပေမည်။

ကောင်းကင်တည်ငြိမ်ခြင်းမန္တန်ကို ထူးကဲစွာ ကျွမ်းကျင်ခြင်းအဆင့်ထိ လေ့ကျင့်နိုင်ခဲ့သည်။ သူ့ထက်တစ်ဆင့်ပိုမြင့်သောသူကို အကျဉ်းချ ပိတ်ဆို့နိုင်ပေသည်။ အထွဋ်အထိပ်အဆင့်နှင့် ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်နိုင်ခဲ့လျှင် ပို၍ စွမ်းအားကြီးလာပေအုံးမည်။

လင်းဝူတသည် မေးမြန်းလိုက်သည်။

“စနစ်… ကောင်းကင်တည်ငြိမ်ခြင်းမန္တန်ကို အထွဋ်အထိပ်အဆင့်ထိ လေ့ကျင့်ဖို့ ကံစွမ်းအားအမှတ် ဘယ်လောက် လိုအပ်လဲ”

“သန်းပေါင်းတစ်ထောင်လိုအပ်ပါတယ်”

“ဟူး”

များလွန်းတာဘဲ။

လင်းဝူတသည် ပြောစရာစကားမဲ့သွားခဲ့သည်။

[ ဤနည်းစနစ်က သူတော်စင်အဆင့်သာရှိသော်လည်း အပြည့်အဝစွမ်းအားထုတ်ဖော်နိုင်လျှင် မဟာသူတော်စင်အဆင့်နည်းစနစ်ကဲ့သို့ အားကောင်းသည် ]

“သန်းပေါင်းတစ်ထောင်က နည်းလွန်းနေလား”

“ဒီနည်းစနစ်အတွက်ဆို မနည်းဘူး…..”

လင်းဝူတသည် အံ့ဩသင့်သွားခဲ့သည်။

ထိုသို့ကြားသည့်အခါ လင်းဝူတသည် ဆင်းရဲသလိုခံစားလိုက်ရသည်။

ကောင်းကင်တည်ငြိမ်ခြင်းမန္တန်သည် အလွန်စွမ်းအားကြီးပေသည်။

ကံကောင်းစွာဖြင့် သူတွင် စနစ် အကူအညီရှိပြီး တချိန်ချိန်တွင် အထွဋ်အထိပ်ထိ လေ့ကျင်နိုင်ပေသည်။

သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းကိုသာ အားကိုးနေလျှင် အချိန်မည်မျှအထိ ကြာမည်ကို သူမတွေးတောနိုင်တော့ချေ။

“အို…ဟုတ်သားဘဲ၊ ကောင်းကင်နတ်ဆိုးသတ္တုရိုင်းက ကံစွမ်းအားအမှတ်ဘယ်လောက်တန်လဲ”

လင်းဝူတသည် ကောင်းကင်နတ်ဆိုးသတ္တုရိုင်းအားထုတ်ယူလိုက်သည်။

သူသည် ၎င်းကို အသုံးမပြုသည့်အတွက် ပေးလှူလိုက်ခြင်းက ပိုကောင်းပေသည်။

“၂၀၀၀၀တန်‌ကြေးရှိပါတယ်”

“ကောင်းပြီ၊ လဲလှယ်မယ်” ကောင်းကင်နတ်ဆိုးသတ္တုရိုင်းသည် ထူးကဲသောတာအိုအဆင့်စိတ်ဝိညာဉ်ပစ္စည်းအဖြစ်ပြောင်းလဲနိုင်ရန် အခွင့်အရေးရှိသော်လည်း အလွန်ဝေးကွာနေပေသည်။ နှစ်ပေါင်း ၁၀၀၀၀အထိကြာမြင့်ပေအုံးမည်။ ထိုကာလတွင် လင်းဝူတသည် တာအိုကို သိမြင်ပြီး အင်မော်တယ်တစ်ပါးတောင်ဖြစ်လာနိုင်သည်…။

[ ဒင်… သင်သည် ကောင်းကင်နတ်ဆိုးသတ္တုရိုင်းအားပေးလှူခဲ့သည့်အတွက် ကံစွမ်းအားအမှတ် ၂၀၀၀၀ရရှိပါသည် ]

ရင်းနီးနေသောအသံကို ကြားလိုက်ရသည်။

[ အမည် : လင်းဝူတ ]

[ ထင်ရှားသည့်လက္ခဏာ : နတ်ဆိုးအမဲလိုက်ခန်းမ၏ အရှင်သခင် ]

[ ကျင့်ကြံခြင်း : နတ်အသွင်ပြောင်းလဲခြင်း နှောင်းပိုင်းအဆင့် ]

[ ကျင့်ကြံသည့် နည်းစနစ် : ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စု၏ အင်ပါယာကျင့်စဉ် ]

[ ကျွမ်းကျင်မှုများ : အကြင်နာမဲ့နဂါးလက်ဝါး (ကြီးမားသောအောင်မြင်မှုအဆင့်)၊ မဟာမိုးကြိုးလက်ဝါး (ကြီးမားသောအောင်မြင်မှုအဆင့်)၊ ရွှမ်ထျန်းရှေးဟောင်းဓားနည်းစနစ် (ကြီးမားသောအောင်မြင်မှုအဆင့်)၊ အလွန်ဝေးလျှင်ပင်အလွန်နီးကပ်စေခြင်းနည်းစနစ် (ကြီးမားသောအောင်မြင်မှုအဆင့်)၊ ကောင်းကင်တည်ငြိမ်ခြင်းမန္တန် (ကြီးမားသောအောင်မြင်မှုအဆင့်) ]

[ ပစ္စည်းများ : ကောင်းကင်မြှုပ်နှံကြေးခေါင်းတလား၊ မူလကျောက်တုံး၊ အလောင်းမြေပုံ၊ ရွှမ်ထျန်ရှေးဟောင်းဓား၊ အသက်ရှည်စိတ်ဝိညာဉ်ဆေးလုံး၊ နဂါးမြှုပ်နှံမြေပုံ၏ သုံးပုံတစ်ပုံ၊ အကန့်အသတ်မဲ့ ဖန်တီးမှုဆေးလုံး၊ မူလပြန်ဆေးလုံး ]

[ သက်တမ်း: နှစ်ပေါင်း ၁၂၇၃၆ ]

[ ကံစွမ်းအားအမှတ် : ၃၅၁၀၀ ]

သတင်းအချက်အလက်များစွာသည် သူ၏ ရှေ့တွင်ပေါ်လာခဲ့သည်။

၎င်းတို့ကို ဖတ်ရှုပြီးနောက် လင်းဝူတသည် တိတ်ဆိတ်သွားခဲ့သည်။

[ စနစ်…အကြင်အနာမဲ့ နဂါးလက်ဝါးကို အဆင့်မြှင့်မယ် ]

[ ဒင်… ကံစွမ်းအား ၃၀၀၀၀ကိုအသုံးပြုခဲ့သည့်အတွက် အကြင်အနာမဲ့ နဂါးလက်ဝါးအား အထွဋ်အထိပ်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပါသည်။ လက်ဝါးတစ်ချက်ဖြင့် အကြင်အနာမဲ့နဂါးအကောင်၂၀၏ ခွန်အားကိုထုတ်ဖော်နိုင်သည် ]

[ ထိုဖောက်နိုင်စွမ်းသည် ပေ၂၀၀၀အထိရှိသည်။ ]

[ပိုင်ရှင်သည် နတ်အသွင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်တွင်ရှိနေလျှင်ပင် နတ်အသွင်ပြောင်းလဲခြင်း အထွဋ်အထိပ်အဆင့်ရှိသူတစ်ယောက်ကို လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်သည်။ သင်သည် နတ်အသွင်ပြောင်းလဲခြင်း ပြီးပြည့်စုံခြင်းအဆင့်ရှိသူတစ်ယောက်နှင့် တိုက်ခိုက်လျှင်ပင် ရှုံးနိမ့်လိမ့်မည်မဟုတ်ချေ ]

အကြင်အနာမဲ့ နဂါးအကောင် ၂၀ရဲ့ ခွန်အားလား။

လင်းဝူတသည် အလွန်ကျေနပ်သွားခဲ့သည်။ စနစ်၏ ပြောကြားချက်အရ သူသည် နတ်အသွင်ပြောင်းလဲခြင်းအဆင့်တွင် ပြိုင်ဘက်ကင်းပေသည်။ သို့သော်လည်း သူခက်ခက်ခဲခဲရှာဖွေထားရသည့် ကံစွမ်းအားအမှတ်များသည် အလွန်နည်းပါးသွားခဲ့သည်။

[ ကံစွမ်းအားအမှတ် : ၅၁၀၀ ]

“ဟူး…ငါ‌တော့အလုပ်ကြိုးစားရတော့မယ်”

“သုံးရက်ကြာရင် လုမိသားစုရဲ့ ဘိုးဘေး လုစန်းမန့်ရဲ့ မွေးနေ့ဘဲ။ ပြီးတော့ လုယွင်ရှောင်က လာရောက်ဂုဏ်ပြုပေးလိမ့်မယ်။ တကယ်လို့သူသာ နတ်ဆိုးတွေကို သူခန္တာ ကျွေးထားရင် ငါတော့ အမှတ်အနည်းငယ်လောက်ရအုံးမယ်” လင်းဝူတသည် သူ၏ နှလုံးသားထဲတွင် တွက်ချက်လိုက်သည်။

သူသည် ချောက်ကမ်းပါးမှ ထွက်လာခဲ့ပြီး လုယွင်ရှန့်၏ အော်ရာ နောက်သို့လိုက်သွားခဲ့သည်။

လုယွင်ရှန့်သည် နဂါးရစ်ခြွေတောင်ကြားတွင်ဖြစ်ပျက်သွားသည့် ကိစ္စအားမသိရှိပေ။ ထို့ကြောင့် သူ့အကြောင့်အား လူများသိရှိသွားသည့်ကို သူသည် မသိရှိချေ။

ထို့ကြောင့် သူသည် လုမိသားစု ဆီသို့ ပြန်လာခဲ့သည်။

လုချင်ဟိုသည် လုယွင်ရှန့်အား ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ထားသည်။ လုယွင်ရှန့်သည် လုမိသားစုဆီသို့ ပြန်သွားခဲ့လျှင် ဒုက္ခရောက်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် လုယွင်ရှန့်သည် သူတို့အားရင်ဆိုင်နိုင်မည်လား။

“ငါအထင် လုယွင်ရှန့်တော့ အရိုက်ခံရလောက်တယ်…”

လင်းဝူတ၏ နှုတ်ခမ်းထောင့်သည် မြင်တက်သွားခဲ့ပြီး အေးစက်စွာပြုံးလိုက်သည်။

အရာအာစလုံးသည် သူ၏ အစီအစဉ်အတိုင်းသာရှိသေးသည်။

ထျန်းယွမ်ရှေးဟောင်းမြို့အားလှည့်ပတ်လျက် လုယွင်ရှန့်သည် လုမိသားစုဆီသို့ ပြန်လာခဲ့သည်။

သို့သော်လည်း လုမိသားစုသည် သူ့အားရှာဖွေနေခဲ့သည်။

လုမိသားစု အဓိကခန်းမထဲတွင် မိသားစုခေါင်းဆောင်လုချင်ဟို၏ မျက်နှာသည် မဲမှောင်ပြီး သူ၏မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နေသည်။ သူသည်အဓိကထိုင်ခုံတွင် ထိုင်လျက် စူးရှသော မျက်လုံးများဖြင့် တခြားလူများအား ကြည့်လိုက်သည်။

“အဲကောင်ကို ရှာတွေ့ပြီလား” သူ၏ ခံစားချက်မဲ့သောအသံသည် ထွက်ပေါ်လာခဲ့သည်။ ထိုသို့ကြားသည့်အခါ လူတိုင်းသည် တုန်ရင်သွားခဲ့သည်။

“မိသားစုခေါင်းဆောင်လု… လူတိုင်းကို ရှာဖွေဖို့လွှတ်ထားပေမဲ့ နဝမသခင်လေးနဲ့ ပတ်သတ်ပြီး ဘာသတင်းမှမကြားရသေးပါဘူး။ သူက ထိုက်ယွမ်မြို့မှာ မရှိတော့မှာတောင် စိုးရိမ်မိတယ်” အကြီးအကဲတစ်ယောက်ကပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ လုချင်ဟို၏ မျက်နှာသည် ပို၍မဲမှောင်သွားခဲ့သည်။

“ဆက်လက်ရှာဖွေကြ”

“လီမင်းဆက်ကို‌ ပြောင်းပြန်လှန်ရမယ်ဆိုရင်‌တောင် ခွေးမသား လုယွင်ရှန့်ကို ရအောင်ရှာဖွေရမယ်။ ပြီးတော့ ငါကိုယ်တိုင်သတ်ပြီး ဘိုးဘေးတွေကို ကျေနပ်အောင်လုပ်ပေးမယ်”

“သူက သူ့ရဲ့ ဘိုးဘေးအုတ်ဂူတောင် တူးဖော်ခဲ့တယ်။ ဒီသားမိုက်က နှလုံးသားမဲ့လွန်းတယ်”

“လုမိသားစုဘိုးဘေးက အခြေခံတည်ဆောက်တဲ့နေရာမှာ အနည်းငယ်ခက်ခဲနေတယ်။ ရလဒ်အနေနဲ့ လုမိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်။ ဒီသားမိုက်ကြောင့် မိသားစုပျက်စီးလိမ့်မယ်”

“သူ့ကိုရှာ‌တွေ့ရင် လုမိသားစုရဲ့ အရက်စက်ဆုံး အပြစ်ပေးမှုနဲ့ အပြစ်ပေးမယ်” လုချင်ဟိုသည် ဒေါသထွက်စွာအော်ဟစ်လိုက်သည်။ အကြီးအကဲများ၏ အမူအရာသည် မဲမှောင်နေကြသော်လည်း မိသားစုခေါင်းဆောင်၏ အမိန့်အားနားထောင်ဘဲမနေဝံ့ချေ။ အခုအချိန်တွင် သူတို့သည် ပြန်လည်ရှာဖွေရန် လိုအပ်နေပေသည်။

“ရှပ်”

“ရှပ်”

“ရှပ်”

ထိုအချိန်တွင် အစောင့်တစ်ယောက်သည် ရောက်ရှိလာခဲ့သည်။

“မိသားစုခေါင်းဆောင်လု… ကျွန်တော်တို့ နဝမသခင်လေးကို ရှာတွေ့ပါပြီ”

ဘယ်လို။

လုချင်ဟိုသည် ထိုစကားကိုကြားသောအခါ ထိုင်ခုံမှ ချက်ချင်းထရပ်လိုက်သည်။

“အဲဒီ မျိုးမစစ်သားက ဘယ်မှာလဲ”

“အမ်…နဝမသခင်လေးက သူ့အခန်းကို ပြန်သွားခဲ့ပါတယ်…”

အစောင့်သည် တုန်ရင်နေသောအသံဖြင့်ပြောလိုက်သည်။

ဘယ်လို။

ဒီကောင်က ပြန်လာ‌ဝံ့သေးတာလား။

ဘယ်လောက်တောင်လေးစားမှုမရှိလိုက်သလဲ။

လုချင်ဟိုသည် ချက်ချင်းပင်ဒေါသတကြီးပြေးထွက်သွားခဲ့သည်။ သူ၏မျက်လုံးထဲတွက် ရက်စက်သောအရိပ်အယောင်များဖြင့်ပြည့်နေသည်။

“ဘုန်း”

“ဘုန်း”

“ဘုန်း”

ထိုအချိန်တွင် လုယွင်ရှန့်သည် ပုံမှန်အတိုင်းတံခါးဖွင့်လိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset