အခန်း ၃၁။ ကျဆုံးနတ်ဆိုးဗိုလ်မှူးနှင့် ကောင်းကင်မြှုပ်နှံကြေးခေါင်းတလား
“မကောင်းတော့ဘူး”
အမှောင်ထဲတွင်ပုန်းအောင်းနေသော ကျောက်မန့်နှင့် ဟန်ချင်းရှန်တို့သည် ထိတ်လန့်စိုးရွံ့သွားကြသည်။
သူတို့၏ နှလုံးသားသည် အမှောင်ထဲတွင် နစ်မြုတ်သွားခဲ့သည်။
သို့သော်လည်း သူတို့ အံ့ဩနေကြစဉ် လုချင်ဟိုသည် နေရာတစ်ခုကို စိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများသည် သူ့ရှေ့ရှိလူကို စိုက်ကြည့်နေခြင်းဖြစ်သည်။
ထိုလူသည် ကြေးခေါင်းတလားကို ပခုံးတွင် သယ်ဆောင်ထားသည်။
“လုယွင်ရှန့်လား”
“ဘုန်း”
လုချင်ဟိုသည် သူ့ရှေ့ရှိလူအားကြည့်လျက် မိုးကြိုးပစ်ချသလိုခံစားလိုက်ရသည်။ သူ၏ စိတ်သည် မဲမှောင်သွားခဲ့သည်။
လုယွင်ရှန့်က သူတို့၏ ဘိုးဘေးအုတ်ဂူအား တူးဖော်ခဲ့သည်လား။
သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရင်သွားပြီး သူ့မျက်လုံးများတွင် ပြင်းထန်သော နာကြည်းမှုများဖြင့် ပြည့်နှက်သွားသည်။
“ဟေး”
သို့သော်လည်း လုယွင်ရှန့်သည် လုချင်ဟို၏ ဒေါသနှင့် သတ်ဖြတ်ချင်မှုတို့အား ဂရုပင် မစိုက်ချေ။
ထိုအစား သူသည် ပြုံးလိုက်သည်။
သူ၏ အပြုံးသည် လုချင်ဟိုကို သေချင်စိတ်ပေါက်သွားစေသည်။
“မင်းက အပြစ်သားတစ်ယောက်ဘဲ…”
သူသည် တစ်ခုခုပြောချင်သော်လည်း လင်းဝူတသည် သူ့အားအခွင့်အရေးမပေးချေ။ သူသည် ကြေးခေါင်းတလားအားထမ်းလျက် နဂါးရစ်ခြွေတောင်ကြားမှ ပျောက်ကွယ်သွားခဲ့သည်။ သူ၏ မျက်စေ့ရှေ့မှ ပျောက်ကွယ်သွားခြင်းပင်။
ထိုအခါမှသာ လုချင်ဟို၏ အံဩမှုနှင့် ဒေါသတရားတို့သည် ပြန်လည်ရောက်ရှိလာခဲ့သည်။
“လုယွင်ရှန့်… မင်းက သောက်နတ်ဆိုးဖြစ်တည်မှုတစ်ခုဘဲ”
“ငါ့မိသားစုက ကံဆိုးတာဘဲ။ ကံဆိုးလိုကျတာ”
သူ၏ မျက်နှာပေါ်တွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နေသည်။
သူသည် လုယွင်ရှန့်အား အပိုင်းပိုင်းဆုတ်ဖြဲချင်နေသည်။
လုမိသားစုအကြီးအကဲများသည် အစောပိုင်းက လူ၏ ပုံသဏ္ဍာန်ကို အနည်းငယ်ရင်းနီးနေပေသည်။
“မိသားစုခေါင်းဆောင်… အစောပိုင်းက လူက…”
“ပါးစပ်ပိတ်ထားစမ်း”
အကြီးအကဲသည် မေးမြန်ချင်သော်လည်း လုချင်ဟို၏ ဒေါသနှင့်သာ ရင်ဆိုင်လိုက်ရသည်။
“ဒီကိစ္စကို ဘယ်သူမှ ပြောခွင့်မရှိဘူး”
“လျှို့ဝှက်အမိန့်ထုတ်ပြန်လိုက်။ လုယွင်ရှန့်ကို အင်အားအကုန်သုံးပြီး ရှာဖွေမယ်။ ဒါပေမဲ့ သူ့ကိုတွေ့ရင် မဆင်မခြင်မလုပ်နဲ့။ ဒီလူယုတ်မာ သားမိုက်ကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ချင်တယ်”
“ပြီးတော့ ဒီနေ့ကိစ္စကို ထုတ်ဖော်ပြောဆိုဝံ့တဲ့ ဘယ်သူ့ကိုမဆို သနားညှာဝာခြင်းမရှိသတ်ဖြတ်မယ်”
လုချင်ဟို၏ အသံသည် သတ်ဖြတ်ချင်စိတ်များနှင်ပြည့်နေသည်။
ထိုသို့ကြားသည့်အခါ အကြီးအကဲများသည် တိတ်ဆိတ်သွားခဲ့သည်။
သူတို့အားလုံးသည် ဤကိစ္စ၏ ကြီးလေးမှုကို သိကြပေသည်။ သုံးရက်ကြာပြီးနောက် ဘိုးဘေး လုစန်းမန့် ၏ နှစ်၅၀၀ပြည့် မွေးနေ့ပွဲရှိပေသည်။ ဤအခြေအနေတွင် လုမိသားစုဘိုးဘေးအုတ်ဂူ ဖောက်ထွင်းခံရကြောင်းသတင်းပြန့်သွားလျှင် လုမိသားစု အရှက်ကွဲပေလိမ့်မည်။
သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် တတ်နိုင်မည်မဟုတ်ချေ။ ယခုလက်ရှိ လူတိုင်းသည် လုယွင်ရှန့်လုပ်ဆောင်သွားသည့် ကိစ္စကို ဒေါသထွက်မုန်းတီးနေကြသည်။ ဤကဲ့သို့ ကိစ္စမျိုးကို အမွေဆက်ခံသူလုပ်လျှင်ပင် ခွင့်လွှတ်နိုင်ခြင်းရှိမည်မဟုတ်ချေ။
“နတ်ဆိုးကောင်…မင်းက ဆင်ခြင်းတုံတရားကင်းမဲ့လွန်းတယ်”
“မင်းကို မတွေ့စေနဲ့ပေါ့ကွာ။ တွေ့လို့ကတော့အသေဘဲ”
“ကံကောင်းလို့ပေါ့…သူက ငါ့သားမဟုတ်ဘူး။ မဟုတ်ရင် ဒေါသထွက်ပြီး ဒီနေရာမှာ သေသွားလိမ့်မယ်”
“လုယွင်ရှန့်…မင်း သေသင့်တယ်”
…
လူတိုင်းသည် မုန်းတီးမှုတို့နှင့် ပြည့်နေကြသည်။
မကြာမီ သူတို့သည် ဘိုးဘေးအုတ်ဂူအား ပုံမှန်အတိုင်းပြင်ဆင်ပြီး ထိုနေရာမှထွက်ခွာသွားကြသည်။
“ဖူး”
လုချန်ဟိုနှင့် တခြားသူများထွက်ခွာသွားသည့်အခါမှသာ အမှောင်ထဲတွင် ပုန်းအောင်းနေသော ဟန်ချင်းရှန်နှင့် ကျောက်မန့်တို့သည် သက်ပြင်းချလိုက်နိုင်သည်။ သူတို့၏ နှလုံးသားသည် နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။
အစောပိုင်းက သူတို့သည် သေခြင်းတရားအားကြောက်လန့်နေခဲ့သည်။
“ဘာဖြစ်သွားတာလဲ။ အရှင်က ဂူသင်္ချိုင်းထဲကို ဝင်သွားတာ ကျုပ်မျက်စိနဲ့ ကိုယ်တိုင် မြင်လိုက်ရတာပါ။ ဘာလို့ လုယွင်ရှန့်ဘဲ ထွက်လာခဲ့တာလဲ”
ကျောက်မန့်သည် သူ့မျက်နှာအား ပွတ်သပ်ပြီး အံ့သြစွာ မေးလိုက်သည်။
ဟန်ချင်းရှန်သည်လည်း အံ့ဩနေသည်။
“ကျုပ်လည် ဘယ်လိုလုပ်ပြီး သိမှာလဲ”
“သူက နည်းလမ်းတချို့ကို အသုံးပြုသွားတာလား”
သူသည် ဖြေးညင်းစွာ သက်ပြင်းချလိုက်သည်။
လင်းဝူတသည် နတ်ဘုရားအပျက်အစီးနယ်မြေထဲက ထွက်လာသည့်အချိန်မှစပြီး သိသိသာသာပြောင်းလဲသွားခဲ့သည်။
သူသည် နားမလည်နိုင်တော့ချေ။
“ကျုပ်တို့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”
“အရင် ပြန်ကြစို့”
“ကျုပ်တို့ အရှင့်ကို မစောင့်တော့ဘူလား”
“သခင်လေးကို စိုးရိမ်နေစရာမလိုဘူး။ ခင်ဗျာကိုခင်ဗျာဘဲ ဂရုစိုက်စမ်းပါ” ဟန်ချင်းရှန်သည်ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် နဂါးရစ်ခြွေတောင်ကြားမှ ဂရုတစိုက် ထွက်ခွာလာခဲ့ကြသည်။
နဂါးရစ်ခြွေတောင်ကြားမှ မိုင်တစ်ရာဝေးသည့် ချောက်ကြီးထဲသို့ လုယွင်ရှန့်၏ အကျည်းတန်သော ပုံသဏ္ဍာန်သည် သွေးများဖြင့် ဖုံးလွှမ်းလျက် ကောင်းကင်မှ ပြုတ်ကျသွားသည်။
သူ၏ မျက်နှာဖုံးအားဖယ်လျက် သူ၏ ရိုးသားသောမျက်နှာကို ဖော်ပြလိုက်သည်။
“အဟွတ်…အဟွတ်…”
“မင်း ဘယ်သူလဲဆိုတာ မသိစေနဲ့ပေါ့ကွာ။ မဟုတ်ရင် မင်းကို ပြာဖြစ်တဲ့အထိ မီးရှို့ပေးမယ်လို့ကျိန်ဆိုတယ်”
မုန်းတီးမှုများဖြင့် ပြည့်နေသော အသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ လုယွင်ရှန့်၏ မျက်နှာသည် အလွန်ရက်စက်ကြမ်းကြုတ်နေခဲ့သည်။
သူ၏ အစီအစဉ်သည် မည်သည့်နေရမှ မှားယွင်းသွားသည်နည်း။
သူအားမည်သူ့က တိုက်ခိုက်ခဲ့သနည်း။
သူသည် မတွေးတောနိုင်တော့ချေ။
“ဘိုးဘေးအုတ်ဂူထဲက အင်ပါယာတာအိုအဆင့် ကောင်းကင်နတ်ဆိုးသတ္တုရိုင်းတော့ ဒီလိုဘဲ ဆုံးရှုံးသွားခဲ့ပြီ”
“နောက်ထပ်တစ်ကြိမ်တွေ့ရဖို့မလွယ်တော့ဘူး”
သူ၏ နှလုံးသားသည် နာကျင်သွားခဲ့သည်။
“ဝှစ်”
သူသည် ဒေါသထွက်ခြင်း၊ မုန်းတီးခြင်းတို့နှင့် ပြည့်နှက်နေချိန်တွင် ထူးဆန်းသော အနက်ရောင်အလင်းတန်းသည် သူ့မျက်ခုံးကြားမှ ရုတ်တရက် ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်ကာ ကြီးကျယ်ခမ်းနားသော ရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုလူသည် နတ်ဘုရားတစ်ပါး သို့မဟုတ် နတ်ဆိုးတစ်ပါးနှင့် တူပေသည်။ သူ၏ အော်ရာသည် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းပေသည်။
“ကောင်းကင်နတ်ဆိုးသတ္တုရိုင်းက ဘယ်မှာလဲ”
“နတ်ဆိုးဗိုလ်မှူး… ကောင်းကင်နတ်ဆိုးသတ္တုရိုင်းအခိုးခံလိုက်ရပါတယ်” လုယွင်ရှန့်သည် မုန်းတီးစွာပြောလိုက်သည်။
အလုခံလိုက်ရတယ်လား။
ထို့သို့ကြားသည့်အခါ ထူးဆန်းသည် လူသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
သို့သော်လည်း သူက ဘာမှ မပြောချေ။
“ကြည့်ရတာ မင်းလိမ်နေတာမဟုတ်ဘူးဘဲ”
“အခိုးခံလိုက်ရတယ်ဆိုတော့ တခြားသဘာဝရတနာတွေကို ရှာဖွေကြတာပေါ့။ ကမ္ဘာကြီးက ကျယ်ပြောပြီး အဖိုးတန်ပစ္စည်းတွေမရှားပါဘူး”
“ဝှစ်”
ထိုသို့ အေးစက်စွာပြောပြီးနောက် သူသည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ လုယွင်ရှန့်စိတ်ထဲရှိ အနက်ရှိုင်းဆုံးအပိုင်းတွင် ပုန်းအောင်းနေလိုက်သည်။
လုယွင်ရှန့်သည် သက်ပြင်းချပြီး တည်ငြိမ်အောင်လုပ်လိုက်သည်။ သူသည် သူ့ပါးစပ်ထောင့်ရှိ သွေးများအားသုတ်လိုက်ပြီး အဝေးသို့ ယိမ်းယိုင်စွာထွက်ခွာသွားခဲ့သည်။
သူထွက်ခွာသွားပြီးနောက် လင်းဝူတ၏ ကိုယ်ပွားသည် လေဟာနယ်ထဲမှ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။ လုယွင်ရှန့်၏ ထွက်ခွာသွားသည့်ပုံစံကို ကြည့်လျက်သူသည် အေးစက်အထင်သေးစွာကြည့်လိုက်သည်။
“ငါမျှော်လင့်ထားတဲ့အတိုင်းဘဲ။ လုယွင်ရှန့်က သံသယဖြစ်ဖို့အရမ်းကောင်းနေတယ်”
“ကျဆုံးနတ်ဆိုးဗိုလ်မှူးက လွန်ခဲ့တဲ့ နှစ်ပေါင်း၈၀၀၀၀အကြာက ပြိုင်ဘက်ကင်းလူတစ်ယောက်ဘဲ။ မဟာအင်ပါယာကျန်းထိုက်ချူနဲ့ တစ်ခေတ်တည်းက လူတစ်ယောက်ဖြစ်တယ်။ တိုက်ဆိုင်စွာဘဲ၊ သူက ကျန်းထိုက်ချူရဲ့ အသတ်ခံခဲ့ရတယ်”
“အင်ပါယာကျန်းထိုက်ချူသေသွားပြီးတာတောင် နတ်ဆိုးဗိုလ်မှူးရဲ့ ဝိညာဉ်အပိုင်းအစတစ်ခုကျန်နေသေးမယ်လို့မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ကံဆိုးစွာနဲ့ လုယွင်ရှန့်ကို ပူးကပ်နေခဲ့တယ်”
“သူ့ကိုယ်သူ ပြန်လည်တည်ဆောက်ဖို့အတွက် လုယွင်ရှန့်ကို အသုံးချချင်တဲ့ပုံဘဲ…”
လင်းဝူတ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။
ရစ်ခြွေနဂါးတောင်ကြားမှ ထွက်ခွာပြီးနောက် လုယွင်ရှန့်၏ အော်ရာနောက်သို့ လိုက်လာခဲ့သည်။
မျှော်လင့်ထားသညိ့အတိုင်းပင် လျှို့ဝှက်ချက်ကြီးတစ်ခုကို သိရှိနိုင်ခဲ့သည်။
“နတ်ဆ်ိုးဗိုလ်မှူးက ဝိညာဉ်အပိုင်းအစတစ်ခုသာဖြစ်နေပေမဲ့ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်သန်ခဲ့တဲ့ လူအိုကြီးတစ်ယောက်ဆိုတဲ့အတိုင်း လျှို့ဝှက်အကွက်တွေရှိနေလောက်တယ်”
သူတို့အား သတ်ဖြတ်ရန် မလွယ်ကူချေ။ လင်းဝူတသည် မဆင်မခြင်မလုပ်လို့ပေ။
သို့သော်လည်း သူ့တွင် နည်းလမ်းတစ်ခုရှိပေသည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရှေးဟောင်းကောင်းကင်မြှုပ်နှံကြေးခေါင်းတလားသည် ထွက်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော ခေတ်များကို တွေ့ကြုံခံစားခဲ့ရသကဲ့သို့ ရှေးဟောင်းဆန်သော အသွင်အပြင်ကို ဖော်ထုတ်ထားသည်။
နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးဖြင့် ကြည့်လိုက်သည့်အခါ သတင်းအချက်အလက်တချို့အားရရှိလိုက်သည်။
[ အမည် : ကောင်းကင်မြှုပ်နှံ ကြေးခေါင်းတလား ]
[ အဆင့် : မသိနိုင်]
[ ဖော်ပြချက် : ဒဏ္ဍာရီလာခေတ်ကတည်းက အင်မော်တယ်အင်ပါယာခွန်းလွင်သည် ဤ အထွဋ်အထိပ်ရတနာအား ကမ္ဘာ့အဆုံးတွင် တွေ့ရှိခဲ့သည်။ ၎င်း၏ မူလအစကို မသိရှိနိုင်ပါ။ မည်သည့်ပစ္စည်များဖြင့် ပြုလုပ်ထားကြောင့် မသိရှိနိုင်ပါ။ ကံတရား၏ အကျိုးသက်ရောက်မှုမရှိနိုင်ပါ။ ကောင်းကင်၏ အလိုကိုဆန့်ကျင့်နေသော ပစ္စည်းဖြစ်သည်။ ]
[ အဖိုးတန်မှု : ၎င်းကို ရရှိပြီးပြီဆိုလျှင် တခြားမည်သည့်အရာကိုမှ တောင်းဆိုရန်မလိုတော့ချေ။ ]
[ လုပ်ဆောင်ချက် ( ၁ ) : အရာရာကို ဖိနှိပ်နိုင်သည်။ ဤခေါင်းတလားအထဲသို့ ထည့်သွင်းလိုက်သည့် အရာတိုင်းသည် မြှုပ်နှံသင်္ဂြိုလ်ခြင်းခံရမည်။ အင်မော်တယ်အင်ပါယာတစ်ပါးသည်ပင် ဤအထဲသို့ ကျဆင်းသွားလျှင် သေဆုံးရမည် ]
[ လုပ်ဆောင်ချက် ( ၂ ) : မသိရှိနိုင်ပါ ]
[ လုပ်ဆောင်ချက် ( ၃ ) : မသိရှိနိုင်ပါ ]
[ လုပ်ဆောင်ချက် ( ၄ ) : မသိရှိနိုင်ပါ ]
…
သတင်းအချက်အလက်များသည် သူ့မျက်စိရှေ့တွင်ပေါ်လာခဲ့သည်။
၎င်းတို့ကို ဖတ်ရှုပြီးနောက် လင်းဝူတသည် အကူအညီမဲ့စွာ ကြောင်တက်သွားခဲ့သည်။
ဤကောင်းကင်မြှုပ်နှံကြေးခေါင်းတလားသည် သူမျှော်မှန်းထားသည်ထက်ကျော်လွန်နေခဲ့သည်။
“နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးတောင် အရာအားလုံးကို မသိနိုင်ဘူးလား။ ဒီကြေးခေါင်းတလားက အင်မော်တယ်အင်ပါယာတစ်ပါးထက်တောင် ကျော်လွန်အားကောင်းနေတယ်လား။ ဒါကကြောက်ဖို့ကောင်းလွန်းတယ်”
သူသည် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့မျက်လုံးများတွင် နတ်ဘုရားအလင်းရောင်များ ထပ်မံတောက်ပသွားခဲ့သည်။
ကောင်းကင်မြှုပ်နှံ ကြေးခေါင်းတလား၏ မူလအစကို မသိနိုင်သော်လည်း ၎င်း၏ ထိတ်လန့်မှုမှာ သံသယဖြစ်ဖွယ်မရှိပေ။ အင်မော်တယ် အင်ပါယာတစ်ပါးကိုပင် သတ်ဖြတ်နိုင်သည်။ အကယ်၍ ကျဆုံးနတ်ဆိုးဗိုလ်မှူးသည် ၎င်းအထဲသို့ ကျဆင်းသွားခဲ့လျှင် ခြွင်းချက်မရှိသေရပေမည်။
“ဒီလိုသာဆိုရင် လုယွင်ရှန့်ကို တစ်ခုခုလုပ်နိုင်တယ်…”
သူ၏ နှုပ်ခမ်းထောင့်သည် ကွေးတက်သွားခဲ့ပြီး အေးစက်သော အပြုံးတစ်ခုဖြစ်သွားခဲ့သည်။
“ဘုန်း”
လင်းဝူတသည် သူ၏ လက်အားမြှောက်လျက် လုထျန်းရှုံ၏ အလောင်းအား သိမ်းဆည်းလိုက်သည်။