စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၆၁ အပြာရောင်မှ မီးလုံး။
သူ့ဆရာ၏ စကားကို ကြားသောအခါ စုန့်ချိုးဖုန်း၏ မျက်လုံးထဲ၌ တိုက်ပွဲဝင်စိတ် တစ်စွန်းတစ်စ ပေါ်လာလေ၏။ ရှေးယခင်ကာလတည်းက အမှန်နှင့် အမှားက အရေးမကြီးတော့ပေ။ သို့သော် မည်သူကများ အကောင်းဆုံး ဖြစ်မလာချင်မှန်း ရှိမည်နည်း။ ပန်းပဲသမားတစ်ဦးဖြစ်စေ၊ သိုင်းပညာရှင်တစ်ဦးဖြစ်စေ အနိုင်အရှုံး ရှိရပေမည်။ ပြိုင်ဘက်တစ်ယောက်ကို အနိုင်မရခဲ့လျှင် ယှဥ်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့လျှင် လူတစ်ယောက်၏ ဘဝအတွက် ခက်ခဲမှုသာ ရှိလိမ့်မည်။ အနည်းဆုံးတော့ လူအများစုက ထိုအတိုင်းသာ ဖြစ်၏။
” မင်း အနိုင်ရစေဖို့အတွက် မင်းရဲ့ ဆရာက မင်းအတွက် ကုန်ကြမ်းသုံးမျိုး ရွေးပေးထားတယ်။ ဒါတွေက မင်းရဲ့ဆရာ နှစ်ပေါင်းများစွာ သုတေသနလုပ်ပြီး ယှဥ်ပြိုင်ပွဲရဲ့ အကဲဖြတ်မှုတွေကို ဂရုတစိုက် စစ်ဆေးပြီးမှ ရွေးထားတဲ့ ကုန်ကြမ်းတွေပဲ။ မင်းရဲ့ ကိုယ်ပိုင်ကုန်ကြမ်းတွေကို သုံးတာကြောင့် အမှတ်တွေ ဆုံးရှုံးမှာ မဟုတ်ဘူး။ ဒါ့အပြင် သန့်စင်တဲ့ အရည်အသွေးလည်း တိုးလာနိုင်တယ် ”
စုန့်ချိုးဖုန်း၏ အမူအယာက ငြင်းဆန်လိုစိတ် ပေါ်လာသည်။
” ဆရာ ကျွန်တော် ”
ဆရာက လက်ရမ်းလျက် ပြုံးကာပြောလိုက်တော့သည်။
” ငါ ချန်တာ့နျန်က မင်းနဲ့ လိုက်ပါပေးဖို့ မတတ်နိုင်ဘူးလို့ တွေးနေတာလား ”
စုန့်ချိုးဖုန်းက မပြောပေ။ သို့သော် ချန်တာ့နျန်က ဆက်ပြောလိုက်၏။
” ကလေး ဒီလောကကြီးမှာ အကြွင်းမဲ့ မှန်ကန်မှုဆိုတာ မရှိဘူး။ ပထမနေရာက တစ်ခုပဲ ရှိတယ်။ မင်း မရနိုင်ရင် တခြားသူတွေက ရသွားလိမ့်မယ်။ ပထမနေရာနဲ့ ဒုတိယနေရာကြား ကွာဟချက်က မင်း ဘယ်တော့မှ မှန်းဆနိုင်မှာ မဟုတ်တဲ့ အရာပဲ။ ဥပမာအနေနဲ့ ငါ ပထမနေရာကို မရခင်တုန်းက တွဲဖက်ပါမောက္ခတစ်ယောက်အဖြစ် အကဲဖြတ်ခံရတာကတောင် ကောင်းကင်ကို တက်လှမ်းသလောက် ခက်ခဲတယ်။ ငါ ပထမနေရာကို ရပြီးတော့ အကယ်ဒမီမှာ အချိန်ပြည့် ပါမောက္ခ ဖြစ်ခဲ့တယ် ”
” ရှင်သန်နေထိုင်ဖို့ ခံစားခွင့်ပဲဖြစ်ဖြစ်၊ စာသင်ဖို့ အရင်းအမြစ်မှာပဲဖြစ်ဖြစ် ကွာဟချက်ကြီး ရှိနေတယ်။ ဒါ့အပြင် ကျန့်ကွမ်းယန်ရဲ့ တပည့်က ယှဥ်ပြိုင်ပွဲကို ကုန်ကြမ်းတွေ ယူမလာဘူးလို့ မင်း တကယ်ထင်နေတာလား။ ဘယ်သူကများ ဉာဏ်စွမ်းဉာဏ်စ အကုန်ထုတ်ပြီး ပထမနေရာကို မလိုချင်ပဲ ရှိမှာလဲ။ သူတို့နှင့် ငါတို့တင် မကဘူး။ တတိယနေရာ၊ စတုတ္ထနေရာ၊ ပဥ္စမနေရာ။ မင်းကို ပြောပြလိုက်မယ်။ တောင်းဆိုချက်တွေ ရှိနေသရွေ့ သူတို့က လုံလောက်တဲ့ ကုန်ကြမ်းတွေ သယ်လာမှာပဲ ”
” ကျွန်တော် သိပြီ။ ဒါဆို ကျွန်တော် နားလည်ပါ
ပြီ ”
သူ၏တပည့် နားလည်သွားတာကို မြင်သောအခါ ချန်တာ့နျန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်း နောက်တစ်နေ့ ရောက်သွားပြီ ဖြစ်သည်။ ယဲ့ရှောင် နံနက်ခင်း နိုးလာသည့်အချိန်၌ ရွှေရောင်စာအုပ်သည် မြေဝပ်ခြင်းကျင့်စဥ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံထားပြီး ဖြစ်တာကို တွေ့လိုက်ရ၏။ ၄င်းကို သူ ယခု အသုံးပြုနိုင်ပြီ ဖြစ်သည်။ ယဲ့ရှောင်က ချက်ချင်းပင် မြေဝပ်ခြင်းကျင့်စဥ်ကို အသုံးပြုပြီး မြေကြီး တူးလိုက်တော့၏။
ပတ်ဝန်းကျင်ရှိ အလင်းက ပိန်းပိတ်အောင် နက်မှောင်နေသော်ငြား မြေဝပ်ခြင်းကျင့်စဥ်သည် သိမြင်နားလည်မှု အဆင့်တစ်ခု ရှိသည်။ ပတ်ဝန်းကျင် အခြေအနေထဲရှိ ပြောင်းလဲမှုများကို အာရုံခံနိုင်၏။
ဥပမာအနေဖြင့် ရှေ့တွင် မိလ္လာတွင်းရှိမရှိ သိနိုင်တာပဲ ဖြစ်သည်။
တစ်ချိန်တည်းတွင် ယဲ့ရှောင်သည် မြေဝပ်ခြင်း
ကျင့်စဥ်၏ အရှိန်ကိုလည်း စမ်းကြည့်ခဲ့၏။ နတ်ဘုရားအာရုံစူးစိုက်ခြင်းကျင့်စဥ်နှင့် ယှဥ်လျှင် ယင်းက အမှန်တကယ် ပိုနှေး၏။
သို့သော်ငြား မြေဝပ်ခြင်းကျင့်စဥ်က လုံးဝ အသုံးမဝင်ဟု မဆိုလိုပေ။
နတ်အာရုံစူးစိုက်ခြင်း ကျင့်စဥ်သည် အန္တရာယ်နှင့် တွေ့ကြုံသည့်အခါ၌ အသုံးပြုနိုင်ပြီး အဝေးသို့သာ ပြေးနိုင်၏။ သို့သော် မြေဝပ်ခြင်းကျင့်စဥ်ကမူ လူတစ်ယောက်သည် အန္တာရာယ်နှင့် တွေ့ကြုံသည့်အချိန်တွင် မြေအောက်ထဲ၌ ပုန်းနိုင်ပြီး အသက်ဘေးကို ကယ်တင်နိုင်၏။ ကိုယ်ပိုင် အားသာချက်ကို သိရှိသည်ဟု ဆိုနိုင်ပေသည်။
ထို့အပြင် ယဲ့ရှောင်က ပေါင်းစပ်မှုတစ်ခုကို တွေးထား၏။ မြေဝပ်ခြင်းကျင့်စဥ်နှင့် နတ်ဘုရားအာရုံစူးစိုက်ခြင်းကျင့်စဥ်ကို အပြန်အလှန် အသုံးပြုခြင်းဖြင့် တိုက်ပွဲအတွင်း သူ့ကို စိတ်ချသေချာရသည့် ပေါင်းစည်းမှုတစ်ခု ရယူနိုင်လိမ့်မည်။ အတော်လေး ပြီးပြည့်စုံသည့် အကွက်ဖြစ်၏။ ယင်းက ရင်ဖိုစရာကောင်းလှပေ၏။
ယခုအချိန်တွင် ယှဥ်ပြိုင်ပွဲ စတင်ခါနီးပင် ဖြစ်သည်။ အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်က မြေဝပ်ခြင်းကျင့်စဥ်ကို ချက်ချင်းသုံးကာ ယှဥ်ပြိုင်ပွဲရှိရာ မြေပြင်ဆီသို့ တန်းသွားလိုက်၏။
သို့သော် သူက ဟူချန်မြစ်၏ အောက်ခြေနားရောက်သည့်အချိန်၌ ချိတ်ပိတ်မှုတစ်ခုနှင့် မတော်တဆ သွားတွေ့သည်။
ဒါ ဘာလဲ။
ယဲ့ရှောင်က အနည်းငယ် မင်သက်သွားသည်။ ပြီးနောက် ရက်စက်သည့် အသံတစ်သံက သူ့နားထဲ ကြားလိုက်ရသည်။
” ဟေ့ ဟေ့ ဟေ့ ။ ချိတ်ပိတ်မှုကို ချိုးဖျက်တဲ့ လူသားကောင်စုတ်လေးတစ်ကောင်က တကယ်ရှိနေတာပဲ။ လူ့အသားအရသာကို မမြည်းစမ်းရတာ အတော်ကြာနေပြီ။ ကြည့်ရတာ ဒီနေ့ ငါ အသားစားရတော့မယ့်ပုံပဲ။ ဟေ့ ဟေ့ ဟေ့ ”
ထိုအသံကို ကြားသောအခါ ယဲ့ရှောင်သည် တစ်ချက်ကြည့်ရန်အတွက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုလိုက်သည်။ ဖြစ်ပျက်နေတာကို ချက်ချင်း သဘောပေါက်သွား၏။
ကျန်းဟိုင်မြို့သည် အစွမ်းထက်သည့် ကြယ်တာရာသားရဲများကို ချိတ်ပိတ်ထားနိုင်သကဲ့သို့ပင် အစီအရင်၏ အမြုတေအနေဖြင့် ဝိညာဥ်စုစည်းခြင်း အစီအရင်တစ်ခု ဖန်တီးကာ မြို့ကို ဝိညာဥ်စွမ်းအင်များ စုပ်ယူနိုင်ရန် ကူညီပေး၏။ ဟူမြို့ဘက်ခြမ်းတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။
ထို့အပြင် စီရင်စု၉ခုထဲရှိ ထိပ်တန်းအလွှာ ပထမအဆင့် သိုင်းပညာရပ်မြို့တော်အနေဖြင့် ဟူမြို့၌ ချိတ်ပိတ်ခံထားရသည့် ကြယ်တာရာသားရဲ ပိုများပေလိမ့်မည်။
ထို့ကြောင့် သူက အာရုံမစိုက်မိသည့်အချိန်၌ ချိတ်ပိတ်မှုများထဲမှ တစ်ခုကို မတော်တဆ တိုးမိသွားတာပဲ ဖြစ်သည်။ ထိုချိတ်ပိတ်ထားသည့်ထဲ၌ ရှန်းထျန်းသတ္တမအဆင့် မြေနတ်စပါးအုံမြွေတစ်ကောင် ရှိနေသည်။
ယဲ့ရှောင်သည် ၄င်းကို ကြယ်တာရာသားရဲ စွယ်စုံကျမ်း၌ မြင်ခဲ့ဖူး၏။ မြေနတ်စပါးအုံမြွေ၏ အသားက လတ်ဆတ်ပြီး အရသာရှိကာ ၄င်း၏ သွေးအဆီအနစ်က ကြွယ်ဝပြီး ဝိညာဥ်စွမ်းအင်တို့ပေါများသည်။ အင်မတန် ကောင်းမွန်သည့်အားဆေးတစ်မျိုးလည်း ဖြစ်သည်။ ထိုစဥ် မြေနတ်စပါးအုံသည် တိုက်ခိုက်မှုကို စတင်ရန် မစောင့်နိုင်တော့ပေ။ ၄င်း၏ သွေးနီရောင် ပါးစပ်ကြီးကို ဟလိုက်၏။ သူ၏ ခန္ဓာကြီးမားလွန်းသောကြောင့် အသက်ရှူလိုက်သည့်အချိန်၌ လေများစွာကို စုပ်ယူမိသွားပြီး လေထဲ၌ လှိုင်းများ ဖြစ်သွားစေလေသည်။ တွင်းနက်ကြီးထဲ စုပ်ယူခံလိုက်ရသည့်ပမာ ဖြစ်စေ၏။
” သေခြင်းတရားရဲ့ မွန်းကြပ်မှုကို ခံစားစေတော့ လူသား ”
မြေနတ်စပါးအုံက ဖြတ်ကျော်သွားသော်ငြား ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်ကျော်သွားတာ မဟုတ်ပေ။ အကြောင်းမှာ မြေနတ်စပါးအုံသည် သေဆုံးသွားရ၏။ ထိုသို့တိုင် ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားတာ မဟုတ်ပေ။ အကောင်က ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ယဲ့ရှောင်၏ လက်ရှိသိုလှောင်လက်စွပ်က ၄င်းကို အပြည့်အဝ မထည့်နိုင်ပေ။ သူ၏ သိုလှောင်လက်စွပ်က သုံးထပ်တိုက် ဗီလာတိုက်လေး၏ အရွယ်အစားခန့်သာ ရှိပြီး မြေနတ်စပါးအုံ၏ ခန္ဓာကိုယ်က ဗီလာတစ်ခုခွဲစာကျော် ရှိသည်။ လက်စွပ်ထဲတွင် ကျန်သည့် ကြယ်တာရာသားရဲများ၏ အလောင်းများ၏ ကုန်ကြမ်းအချို့ကလည်း ရှိနေသေး၏။ ထို့ကြောင့် ယဲ့ရှောင်သည် ၄င်းကို အပိုင်းပိုင်း ခုတ်ပိုင်းပြီး သူ တတ်နိုင်သလောက် ထည့်ရုံသာ ရှိ၏။
ပိုတောင် စိတ်ပျက်ပြီး နာကျင်စရာကောင်းသည်က ယဲ့ရှောင်သည် ၄င်း၏ စိတ်ဝိညာဥ်ကိုသာ အသားတစ်ပိုင်းထဲတွင် ထည့်ထားတာပဲ ဖြစ်သည်။ ပြီးမှ ယဲ့ရှောင်သည် ၄င်းကို အသက်ပြန်သွင်းပြီး ပျိုးထောင်မှာ ဖြစ်၏။
ဝိညာဥ်မရှိပဲ ကုသခြင်းကျင့်စဥ်သည် ထိုသို့ ပြုလုပ်နိုင်မှာ မဟုတ်ပေ။ ဆိုလိုသည်က သူ၏ အနာဂတ်ကံကြမ္မာကလည်း လွယ်ကူတော့မှာ မဟုတ်ပေ။
မကြာမီ၌ ယဲ့ရှောင်သည် ယှဥ်ပြိုင်ပွဲကျင်းပရာနေရာသို့ ရောက်လာ၏။ ယခုအချိန်တွင် ပါဝင်ယှဥ်ပြိုင်မည့် ပန်းပဲသမားများက ပြိုင်ပွဲခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာ၏။ ယဲ့ရှောင် လူအုပ်ကြီးကို ဖြတ်ကျော်လာပြီး ပြိုင်ပွဲအတွင်း ယှဥ်ပြိုင်သူအချို့အကြောင်း လူတိုင်း ဆွေးနွေးနေတာကို ကြားရန်အတွက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ထုတ်ရန် မလိုအပ်ချေ။
ဟူချန်သိုင်းကျောင်းတော်အကယ်ဒမီ၏ ပန်းပဲပညာရှင် ပါမောက္ခ ကျန့်ကွမ်းယန်၏ ဂုဏ်ယူဝင့်ကြွားရသော တပည့်တို့သည် ဒေသထဲရှိ ထိပ်တန်းအကယ်ဒမီမှ ပန်းပဲပညာရှင်များ၏ ဂုဏ်ယူရသော တပည့်များ ဖြစ်ကြသည်။ အားလုံးက လူသိများကြသည်။ သူတို့ကဲ့သို့ လူများက ယှဥ်ပြိုင်ပွဲ၌ ထိပ်ရောက်နိုင်လောက်သည်။ ယင်းက မတတ်နိုင်ပေ။ သင်ကြားရေး အရင်းအမြစ်က ကောင်းမွန်ပြီး နိုင်ငံတိုင်း၌ သူတို့က ထိပ်ဆုံးတိုင်း၌ ရှိရာ သူတို့၌ ပါရမီအချို့လည်း ရှိနေ၏။ အကောင်းဆုံးအရာများကို အလွယ်တကူ သန့်စင်နိုင်လောက်သည်။
ကျန်သည့်သူများအတွက်မူ သူတို့၏ သင်ကြားခြင်း အရည်အသွေးက နိမ့်ပါးကာ အရင်းအမြစ်ကလည်း နုံချာပြီး ပါရမီက ပိုတောင် ဆိုးသည်။ သူတို့ စတောင်မစရသေးသော်ငြား ကျန်သည့်သူများနောက် အတော်လေး နောက်ကောက်ကျနေပြီဖြစ်သည်။
လူအချို့၏ စမှတ်က ကျန်သည့်သူများ၏ ဆုံးမှတ်ဖြစ်သည်ဟု ဆိုရိုးစကားတစ်ခု ရှိသည်။ သို့သော် ယဲ့ရှောင်က ထိုလူများကို စိတ်မဝင်စားပေ။ သူသည် အစတည်းက စိတ်ဝင်စားမှု သိပ်မရှိခဲ့ပေ။ သူ စိတ်ဝင်စားတာက တစ်ခုပဲ ရှိ၏။ ယင်းက ယှဥ်ပြိုင်ပွဲအတွင်း ပဥ္စမနေရာအတွက် ဆုလာဘ်လေဟာနယ် နီလာခရမ်းပဲ ဖြစ်သည်။
မကြာမီ၌ ယှဥ်ပြိုင်ပွဲ ကျင်းပရာနေရာသို့ ဝင်ရောက်ပြီး သူ၏ နေရာကို ရှာတွေ့သွား၏။ သန့်စင်သူများအားလုံးသည် ဟန်ချက်မညီမျှသောစိတ်အခြေအနေ ရှိသည်။ လူအချို့ကို ကာကွယ်ပေးရန်နှင့် ကျန်သည့် ယှဥ်ပြိုင်သူများ မသက်ရောက်စေရန်အတွက် သီးခြားအခန်းလေးများ ထားထား၏။ ယှဥ်ပြိုင်ပွဲအတွက် ကုန်ကြမ်းများကမူ ပြင်ဆင်ထားပြီးသားဖြစ်ကာ ဖြစ်စဥ်တစ်ခုလုံးကို ကင်မရာများက ထောက်လှမ်းနေတာပဲ ဖြစ်သည်။ သို့သော် ထိုကင်မရာက ယဲ့ရှောင်အတွက် အသုံးမဝင်ချေ။ လက်နက်သန့်စင်ခြင်းသည်ဆိုလျှင် ဝိညာဥ်စွမ်းအင် အသုံးပြုရမည်။ ယင်းက အမျှင်တစ်စသာ ဖြစ်သည့်တိုင် သူက အံ့ဖွယ်ချီရှန်းတစ်ယောက် ဖြစ်နေသေး၏။ ထိုကဲ့သို့ အခြေအနေအောက်တွင် ခန္ဓာကိုယ်တစ်ဝိုက်ရှိ သံလိုက်စက်ကွင်းက ခြေရာခံကိရိယာများကို ဟန့်တားနိုင်ရန် လုံလောက်သည်။
ယှဥ်ပြိုင်ပွဲ စတင်ပြီဖြစ်ကာ ယဲ့ရှောင်သည် ကုန်ကြမ်းများကို တစ်ချက်ကြည့်ပြီး သူ့စိတ်ထဲအစီအစဥ်တစ်ခု ချက်ချင်း ပေါ်လာ၏။ ပြီးနောက် သူက စတင် သန့်စင်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ တစ်ချိန်တည်းတွင် စင်မြင့်ပေါ်ရှိ ထုတ်လွှင့်သူကလည်း ဒိုင်လူကြီးများနှင့် စတင်ဆက်သွယ်ပြီး ဖန်သားပြင်ကြီးပေါ်ရှိ သန့်စင်သူများကို တစ်ယောက်ပြီးတစ်ယောက် အကဲဖြတ်နေ၏။
ဆိုရလျှင် ထိုကဲ့သို့ ပြိုင်ပွဲကြီးမျိုးက အကျိုးအမြတ်တချို့ ရရန်အတွက် တိုက်ရိုက် ထုတ်လွှင့်မှာ သေချာသည်။ အခမ်းအနားမှူးက အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး စီရင်စု၉ခု၏ တရားဝင် ပုံစံများနှင့် ကိုက်ညီ၏။ တစ်ယောက်နှင့် တစ်ယောက် ကိုက်ညီလွန်းပြီး အလုပ်တွင် ငြီးငွေ့စရာကောင်းမနေပေ။
” ဟုတ်ပါပြီ။ ဖန်သားပြင်ရှေ့က ချစ်လှစွာသော ပရိသတ်တို့။ စီရင်စု၉ခုက ကျင်းပတဲ့ ၁၀၃ကြိမ်မြောက် သန့်စင်သူများ ယှဥ်ပြိုင်ပွဲကို ဟူမြို့ ရုပ်မြင်သံကြားဌာနကနေ တိုက်ရိုက်ထုတ်လွှင့်ပေးနေတာပါ။ အခုက ယှဥ်ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်သူတွေက ယှဥ်ပြိုင်မှု တရားဝင်စတင်ပြီဆိုတာ ကျွန်တော် မြင်နိုင်ပါတယ် ”
အခမ်းအနားမှူးက အဓိပ္ပာယ်မရှိသည်များကို ပေါက်ပေါက်ဖောက်နေပြီးနောက် ပင်မအကြောင်းအရာဆီသို့ ဆွဲပြောလိုက်၏။
” ဒီပြိုင်ပွဲမှာ ပါရမီရှိတဲ့ ပါဝင်ယှဥ်ပြိုင်သူတွေလည်း များတယ်လို့ ပြောပါတယ်။ ဥပမာအနေနဲ့ ဟူချန်းသိုင်းကျောင်းတော်က ပါရမီရှင် လက်နက်သန့်စင်ခြင်း မိန်းကလေး ယွီချိုးရွှမ်၊ ကျင်းတူအကယ်ဒမီက လက်နက်သန့်စင်ခြင်း ပါရမီရှင် စုန့်ချိုးဖုန်း။ သူတို့တွေက ကျော်ကြားတဲ့ မိသားစုတွေက လာကြပြီး ထူးချွန်ထက်မြတ်တဲ့ ပါရမီ ရှိကြတယ်။ နိုင်ငံတကာ လူငယ်ပြိုင်ပွဲတွေမှာ ဆုတွေအများကြီး ရထားပြီးသားပါ ”
ဖန်သားပြင်နောက်ရှိ ဝန်ထမ်းက ဖန်သားပြင်ကြီးကို ထိန်းချုပ်သည်မှာ အလွန်ကျွမ်းကျင်လှ၏။ ပွဲကျင်းပသူက ပါရမီရှင်အချို့ကို ပြောသည့်အချိန်၌ သူတို့က ဖန်သားပြင်ပေါ်၌ သူတို့ ချက်ချင်း ပြောင်းလဲလိုက်ကြသည်။ ပရိသတ်က ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရတော့၏။
” ကျော်ကြားတဲ့ ဆရာတစ်ယောက်ဆိုတာ ထင်တဲ့အတိုင်းပဲ။ လူငယ်တွေကလည်း သိပ်ပြီး အစွမ်းထက်တာကိုး ”
ဆိုရိုးစကားရှိသည့်အတိုင်းပင် ကျွမ်းကျင်သူတစ်ယောက် တစ်ကြိမ် လှုပ်ရှားသည်နှင့် ကျွမ်းကျင်သူဟုတ်မဟုတ် သိရပေမည်။ ပြိုင်ပွဲကို ကြည့်နေသည့်သူများက အဓိကအားဖြင့် လက်နက်သန့်စင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူများစွာက လူအုပ်ကြီး၏ လက်နက်သန့်စင်သည့် စွမ်းရည်သာလွန်မှုကို ချက်ချင်း ခံစားမိသည်။
” အဲ့ဒီ ယွီချိုးရွှမ်၏ နည်းစနစ်က အတော်လေး ထူးကဲတယ်။ သူ့ရဲ့ သန့်စင်တဲ့အရှိန်ကို ကြည့်ကြည့်။ တစ်မိနစ်အတွင်းမှာ ကုန်ကြမ်းငါးပုံတစ်ပုံ သန့်စင်ပြီးသွားပြီ။ ငါးမိနစ်အတွင်းမှာ သန့်စင်တာ ပြီးမြောက်မယ်လို့ ငါပြောရဲတယ် ”
” ဒါက မူမမှန်လွန်းတာပဲ။ တခြားသူတွေဆို ဒါကို သန့်စင်ဖို့ အချိန်တစ်နာရီလောက် လိုတာ။ ဒါပေမဲ့ သူက ငါးမိနစ်အတွင်း ပြီးမြောက်အောင် သန့်စင်နိုင်မှာ။ ဒီလိုဆိုမှတော့ ပန်းပဲသွန်းလုပ်တဲ့ ဖြစ်စဥ်လည်း ပြီးမြောက်ဖို့ သိပ်မလိုတော့ဘူး ”
” ယှဥ်ပြိုင်ပွဲရဲ့ ကာလက ဘောနပ်စ်ကြီးပဲလေ။ သူ့ရဲ့အရှိန်နဲ့ဆိုရင် အမှတ်တွေ အတော်ရလောက်
မယ် ”
” အဲ့ဒီ စုန့်ချိုးဖုန်းက မဆိုးဘူးကွ။ သူက ယွီချိုးရွှမ်ထက် နည်းနည်းလေးပဲ ပိုနေတာ။ ဒါပေမဲ့ သူက ယွီချိုးရွှမ်ထက် သန့်စင်ထားတာ ပိုသန့်စင်တဲ့ပုံပဲ။ ဒီလိုဆိုမှတော့ သွန်းလုပ်တဲ့အရှိန်က နောက်ပိုင်းကျ ချိုးရွှမ်ထက် ပိုမြန်လောက်တယ်။ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် အပြိုင်သန့်စင်နေကြတော့ ဘယ်သူနိုင်မလဲ ရှုံးမလဲဆိုတာ ပြောဖို့ ခက်ခဲတယ် ”
” ပြောရရင် ပညာရှင်ဆရာတစ်ယောက်က တပည့်ကောင်းတစ်ယောက် မွေးထုတ်တာပဲလေ။ သူတို့ ဆရာတွေက စီရင်စု၉ခုရဲ့ ပန်းပဲလောကမှာ ထူးချွန်ထက်မြတ်တဲ့ ပုဂ္ဂိုလ်တွေလေ။ သူတို့ရဲ့လုပ်ဆောင်ချက်က ဆိုးရွားမှာ မဟုတ်ဘူး ”
” သူတို့ပြိုင်ပွဲကို အပြီးသတ်ဖို့ တစ်နာရီလောက်ပဲ လိုတယ် ”
” ဒီပြိုင်ပွဲမှာ ထိပ်တန်းတချို့က သူတို့လက်ထဲ ရောက်မယ့်ပုံပဲ ”
လူတိုင်း၏ မျက်လုံး၌ အားကျမှုများ ပြည့်နေလေ၏။ သူတို့အားလုံးက အလွန်ငယ်ရွယ်ပြီး လက်နက်သန့်စင်ခြင်း နယ်ပယ်၌ အောင်မြင်မှုများစွာ ရထားသည်။ သူတို့၏ အနာဂတ်က အကန့်အသတ်မဲ့ပြီး အောင်မြင်သည့်ဘဝကို ရလုနီးပါးပဲ ဖြစ်သည်။ ဒိုင်လူကြီးခုံ၌ ချန်တာ့နျန်သည် သူ၏ ပြိုင်ဘက်ဟောင်း ကျန့်ကွမ်းယန်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။ ယှဥ်ပြိုင်ပွဲ၌ သူသည် သူ၏ တပည့်ကို တမူထူးကဲသော ပန်းပဲစွမ်းရည်များ လက်ဆင့်ကမ်းခဲ့သည်။ နောက်ပိုင်း သူ သွန်းလုပ်သည့်အချိန်၌ စုန့်ချိုးဖုန်း၏ အစစ်အမှန်က ထုတ်ဖော်ခံရလိမ့်မည်။ ထိုအချိန်ရောက်လျှင် ယှဥ်ပြိုင်ပွဲ၏ အစစ်အမှန် အထွတ်အထိပ် ရောက်လာလိမ့်မည်။
ထိတ်လန့်သွားစေသည်က လူတိုင်းသည် သူ၏တပည့် စုန့်ချိုးဖုန်းသည် ကျန့်ကွမ်းယန်၏ ချစ်လှစွာသောတပည့် ယွီချိုးရွှမ်ကို သာလွန်သွားတာကို လူအများ မျက်မြင်တွေ့ကြမည်ဖြစ်ပြီး သူက စီရင်စု၉ခု၏ ယှဥ်ပြိုင်ပွဲ၏ ချန်ပီယံဖြစ်လာလိမ့်မည်။
သို့သော်ငြား လူတိုင်း၏ ယှဥ်ပြိုင်ပွဲရလဒ် ဆုံးဖြတ်ပြီးသားဟု တွေးလိုက်သည့်အချိန်တွင် နောက်တစ်စက္ကန့်၌ စင်မြင့်ပေါ်ရှိ သန့်စင်သည့် တစ်နေရာက ပြီးဆုံးကြောင်း ခလုတ် ရုတ်တရက် နှိပ့်လိုက်၏။ အနီရောင်အလင်းကြီးက ရုတ်တရက် လင်းထိန်လာပြီး အသံသဲ့သဲ့ ပေါ်ထွက်လေရာ အားလုံးကို ထိတ်လန့်သွားစေတော့သည်။
အပိုင်း ၁၆၁ ပြီး၏။