စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၆၀ တော်ဝင်ကျင့်စဥ် မြေဝပ်သိုင်း။
ယဲ့ရှောင်သည် သံရိုင်းကို သာလွန်အဆင့်အောက်လက်နက်အဖြစ် သွက်သွက်လေး သန့်စင်ခဲ့သည်။
သူက အကဲဖြတ်မှုကို ကျော်ဖြတ်နိုင်သရွေ့ အဆင်ပြေသွားလိမ့်မည်။ အာရုံစိုက်မှုများစွာရရန် မလိုအပ်ချေ။
ပြိုင်ပွဲအစစ်အမှန် စတင်သည့်အချိန်၌ သူက ခွန်အားအစစ်အမှန်၏ အနည်းငယ်ကို ထုတ်သုံးလိုက်မည်။ ထို့ထက် သူက ကျန်သည့်အရာများကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။
မကြာမီ၌ ယဲ့ရှောင်သည် အကဲဖြတ်မှုကို ဖြတ်ကျော်ရန် သက်သေရလာခဲ့သည်။ သူက အိုင်ဒီအသစ်ကို အသုံးပြုခဲ့၏။ မည်သည့်နည်းနဲ့မဆို သူ့၌ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု ရှိနေလေသည်။ သူက အကဲဖြတ်အရာရှိ၏ မှတ်ဉာဏ်များကို သိရှိနိင်ပြီး အရာအားလုံး အဆင်ပြေသွားလိမ့်မည်။
ပါဝင်ယှဥ်ပြိုင်ခွင့် ရရှိပြီးနောက် သူက ပြိုင်ပွဲထဲ တရားဝင် ပါဝင်ရန်အတွက် စစ်ဆေးခြင်း ခမ်းမထဲသို့ ဝင်ရောက်နိုင်ဖို့ရာ နောက်တစ်နေ့ထိစောင့်ရန် လိုအပ်သည်။
ပါဝင်ယှဥ်ပြိုင်ခြင်း လုပ်ထုံးလုပ်နည်းက အနိုင်ရသူနဲ့ အရှုံးရသူကို တစ်လှည့်တည်းတွင် ဆုံးဖြတ်မည့်တစ်လှည့်စနစ်ဖြစ်သည်။ အကဲဖြတ်သည့်အလှည့် မရှိ။ ယှဥ်ပြိုင်ခြင်းအလှည့်ပေါင်းများစွာ မရှိ။ ချန်ပီယံအတွက် နောက်ဆုံးယှဥ်ပြိုင်မှုမတိုင်မီ အဆင့်များစွာ ရွေးချယ်မှု မရှိချေ။
ပါဝင်ယှဥ်ပြိုင်သူများ အားလုံးသည် တစ်ချိန်တည်းတွင် စစ်ဆေးသည့်အခန်းထဲသို့ ဝင်ရပြီး လက်နက် သို့မဟုတ် သံချပ်ကာတစ်ခုကို သန့်စင်ရသည်။ နောက်ဆုံးတွင် အကဲဖြတ်ဆရာက တိုင်းသိပြည်သိ သန့်စင်သူများသည် အကဲဖြတ်ပေးသည့် သူတို့ကို အသီးသီး အဆင့်သတ်မှတ်ပေးလိမ့်မည်။
သန့်စင်ခြင်းအတွက် ကုန်ကြမ်းများကို အဖွဲ့အစည်းက ပေးထားမည်ဖြစ်သည်။ သူတို့က သူတို့ဘာ့သာလည်း ယူလာနိုင်၏။
အဓိကအကြောင်းအရင်းက သန့်စင်ရန်အတွက် သန့်စင်သူအချို့ကို ဂရုစိုက်လိုသောကြောင့် ဖြစ်သည်။
အကြောင်းမှာ သူတို့က တစ်စိတ်တစ်ပိုင်းသာ သန့်စင်ရသေးလျှင်တောင် သူတို့က သူတို့သန့်စင်သည့် ပစ္စည်း၌ စံသတ်မှတ်ချက်တစ်ခုသို့ ရောက်ရှိနေသရွေ့ သူတို့၌ အလွန်ထူးချွန်သည့် ပါရမီ ရှိနေသေးသည်။ သူတို့သည် ယှဥ်ပြိုင်ပွဲ၏ တင်းကျပ်သော စည်းမျဥ်းများကြောင့် မကိုက်ညီနိုင်သည်။ ထို့ကြောင့် စီရင်စု၉ခုသည် ပါရမီရှင်များစွာကို လွှဲချော်ခဲ့ရ၏။
ထို့ကြောင့် ကျင်းပသည့် အဖွဲ့အစည်းအကြောင်း စိုးရိမ်ပူပန်ရန် မလိုပေ။ အကြောင်းမှာ လူအချို့က တန်ဖိုးကြီးပြီး ရှားပါးသော သန့်စင်ခြင်း ကုန်ကြမ်းများကို သယ်လာပြီး ပိုကောင်းမွန်ပြီး မမျှတသည့် ယှဥ်ပြိုင်ပွဲ ဖြစ်စေတတ်သောကြောင့် ဖြစ်သည်။
သန့်စင်ရာ၌ ကုန်ကြမ်းက တန်ဖိုးကြီးလေ နည်းပညာစမ်းသပ်မှုက ပိုမြင့်မားလေဖြစ်သောကြောင့် ဖြစ်သည်။
သန့်စင်သူတစ်ယောက်၏ သန့်စင်သည့်စွမ်းရည်က မကောင်းလျှင် သူ သန့်စင်သည့် အရည်အသွေးမြင့်သည့် ကုန်ကြမ်းများဖြင့် ကုန်ပစ္စည်းက အရည်အသွေးနိမ့် ကုန်ကြမ်းများဖြင့် သန့်စင်သည်လောက် ကောင်းမှာ မဟုတ်ပေ။
ကျင်းပသည့်အဖွဲ့က အသုံးပြုသည့် ကုန်ကြမ်းများက အဆင့်သတ်မှတ်ချက်တစ်ခုတွင် ရှိသည်။ ကုန်ကြမ်း၏ အဆင့်က ပိုမြင့်လေ ၄င်းကို သန့်စင်ရ ပိုခက်ခဲလေ ဖြစ်သည်။ ကုန်ကြမ်းက အဆင့်နိမ့်လေ လက်နက် သို့မဟုတ် သံချပ်ကာ၏ အရည်အသွေးက နိမ့်လေ ဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့် ပန်းပဲသမားအချို့က သူတို့ ကိုယ်ပိုင်ကုန်ကြမ်းများ ယူလာတတ်၏။ သန့်စင်ခြင်း ယှဥ်ပြိုင်ပွဲ၏ ရလဒ်သည် သန့်စင်သည့် ရလဒ်နှင့် သန့်စင်ခြင်းအချိန်ဖြင့် ဆုံးဖြတ်တာ ဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်ကုန်ကြမ်းများကို သယ်လာခဲ့မည်ဆိုလျှင် ကုန်ကြမ်းများ၏ အရည်အသွေးအလိုက် သူတို့က အပိုဆောင်းအမှတ်များ ထပ်ထည့်လောက်သည်။ ဆုလာဘ်အတွက်မူ သန့်စင်ခြင်း ယှဥ်ပြိုင်ပွဲ၌ အမှတ်တစ်ထောင် ဆုရရှိမည်။
ထိပ်တန်းအယောက်တစ်ထောင်က ဆုရရှိမည်။ အဓိကအကြောင်းအရင်းက ယှဥ်ပြိုင်သူ များပြားလွန်းသောကြောင့် ဖြစ်သည်။
အကြောင်းမှာ စီရင်စု၉ခု၏ လူဦးရေက များပြားလွန်းသောကြောင့် ဖြစ်သည်။ လက်နက်ပညာရှင်
နှင့် အဂ္ဂရိတ်ပညာရှင်ကဲ့သို့ လူအနည်းစုပဲဆိုလျှင်တောင် ပါဝင်ယှဥ်ပြိုင်သည့် စုစုပေါင် အရေအတွက်က အတော်လေး များပြားနေပြီ ဖြစ်နေပေ၏။
ထို့ကြောင့် ယှဥ်ပြိုင်ပွဲ၌ ပါဝင်သည့် လူအရေအတွက်က နှစ်စဥ်နှစ်တိုင်း အနည်းဆုံး တစ်သောင်းကျော်သည်။
အသက်အရွယ်ကို ကန့်သတ်ထားသည့် အချက်ပေါ်လည်း အခြေခံထား၏။ မဟုတ်လျှင် ယှဥ်ပြိုင်ပွဲ၌ ပါဝင်သည့် လူဦးရေက ထို့ထက်တောင် ပိုများလောက်သည်။ ယှဥ်ပြိုင်ပွဲအတွက် ဆုလာဘ်များကို အဆင့်သတ်မှတ်ချက်အလိုက် ပေး၏။
ယဲ့ရှောင်သည် ထိပ်ဆုံးရှိ ဆုများကိုသာစိတ်ဝင်စားသည်။ ထိပ်ဆုံးရှိ ဆုအချို့ကအထွတ်အထိပ်အဆင့် ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင်၏ ကြယ်အမြုတေတစ်ခု။ အထွတ်အထိပ်အဆင့် ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင်၏ ချွန်ထက်သော လက်သည်းတစ်စုံ။ ရှားပါးသော ကြယ်သတ္တု။ နီလာခရမ်း သံမဏိ ၆ပေါင်။ ထူးခြားသည့် ကုန်ကြမ်းသွေးသစ်သားတစ်စု။ လေဟာနယ် နီလာခရမ်း တစ်တုံး ဖြစ်သည်။
ယဲ့ရှောင်အတွက်မူ သူက ယှဥ်ပြိုင်ပွဲ၏ စည်းမျဥ်းများကို အလွန်စိတ်ဝင်စားခြင်း မရှိပေ။ အချိန်ကျလာသည့်အခါ သူက ၄င်းကို သန့်စင်လိုက်ရုံပဲ ရှိသည်။ သူ၏ သန့်စင်ခြင်း အဆင့်ကို အလွန်ယုံကြည်ချက်ရှိ၏။ တိုက်ပွဲဝင်ခွန်အားအရာတွင် သူက ရှန်းထျန်းအဌမအဆင့်သာ ရှိသေးသည်။ ယင်းက မလုံလောက်ပေ။ သို့သော် သန့်စင်ခြင်းအရာတွင်မူ ဤလောကကြီးထဲ၌ တော်ဝင်လက်နက်ကို အလွယ်တကူ သန့်စင်နိုင်သည့်လူက အများအပြား မရှိလောက်သည် မဟုတ်ပါလော။
သူ မထင်ထားသည်က လေဟာနယ် နီလာခရမ်းသည် ပဥ္စမနေရာအတွက် ဆုလာဘ်သာ ဖြစ်သည်။
ထို့ကြောင့် ဂရုတစိုက် စဥ်းစားပြီးနောက် အဓိပ္ပာယ်ရှိကြောင်း သိလိုက်ရသည်။ လေဟာနယ် ကုန်ကြမ်းက အလွန်ကောင်းမွန်သည့် ထိပ်တန်းအဆင့် ကုန်ကြမ်းတစ်ခုဖြစ်သော်ငြား ၄င်းကို သန့်စင်ရန် မလွယ်ကူချေ။ ယင်းက လုံလောက်သည့် သန့်စင်ခြင်း စံသတ်မှတ်ချက် လိုအပ်သည်။ ယှဥ်ပြိုင်ပွဲ၌ ပါဝင်သည့်သူများက အသက် ကန့်သတ်ထား၏။ သူတို့က အသက် ၃၀အောက် ဖြစ်ရမည်။ အသက် ၃၀အောက်၌ သန့်စင်သူများ မည်မျှများများက အလွန်မြင့်မားပြီး ကောင်းကင်ကို ဖီဆန်နိုင်ပြီး စံသတ်မှတ်ချက် ရှိမည်နည်း။ သူတို့က လူမဟုတ်သရွေ့ ဖြစ်သည်။ ထို့ကြောင့် လေဟာနယ် နီလာခရမ်းသည် ထိုမျှ အရေးပါသည်ဟု မထင်ရပေ။ ယင်းကလည်း မှန်ပေ၏။ ယဲ့ရှောင်အဖို့ စစ်ဆေးမှုက ပိုတောင် ရိုးရှင်းသွားသည်။
ယဲ့ရှောင်က အချိန်ကျလာလျှင် ထိပ်တန်းအဆင့် လက်နက် သို့မဟုတ် တစ်စုံတစ်ခုကို သန့်စင်လိုက်မည်ဟုသာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ပြီးနောက် သူက လေဟာနယ် နီလာခရမ်းကို ယူမည်။ မည်သည့်နည်းနဲ့မဆို ယှဥ်ပြိုင်ပွဲ၌ သူ၏ အဆင့်သတ်မှတ်ချက်က လုံလောက်နေပြီ ဖြစ်၏။ တစ်ပါးသူ၏ ပစ္စည်းများကို မခိုးသရွေ့ အဆင်ပြေသည်။
သူက အများရှေ့ ထုတ်ဖော်မခံရချင်ပေ။ အာရုံစိုက်မှုလည်း မရချင်။
ဟူမြို့၏ အစွန်းရှိ တောအုပ်ထဲသို့ ရောက်လာပြီးနောက် ယဲ့ရှောင်သည် သူဖမ်းမိထားသည့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအချို့ကို စတင်ဖြေရှင်းတော့သည်။ သူတို့ကို အသက်ပြန်မသွင်းရသေးပေ။ ယဲ့ရှောင်က သူတို့၏ ခန္ဓာကိုယ်ထဲ ဝိညာဥ်ကို ပိတ််ထားပြီး ကျန်းဟိုင်မြို့သို့ ပြန်ရောက်ပြီးမှ သူတို့ကို အသက်သွင်းမှာ ဖြစ်သည်။ ပြီးနောက် သူက သူတို့ကို မွေးမြူထားမှာပဲ ဖြစ်သည်။
ထိုစဥ် ယဲ့ရှောင်က ကြယ်တာရာအမြုတေများကို ဦးစွာ တူးထုတ်ရန် ပြင်ဆင်လိုက်သည်။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးကာ သူတို့၏ တော်ဝင်နည်းစနစ်များကို စမ်းစစ်ချင်၏။ သို့မှသာ သူ လိုအပ်သည့်အရာ ရနိုင်မှာဖြစ်သည်။ ကျိဖုန်းအပါဝင် ကြယ်တာရာသားရဲ စုစုပေါင်း ၅ကောင် ရှိ၏။ ကြက်တစ်ကောင်၊ ငါးတစ်ကောင်၊ သမင်တစ်ကောင်၊ ဂျင်ဆင်းနှင့် တာပွန်းမျောက်တစ်ကောင် ဖြစ်သည်။
အားလုံးက ယဲ့ရှောင်စားဖို့ ကြိုက်သည့်အရာများ ဖြစ်သည်။ ဂျင်ဆင်း၊ သမင်နှင့် တာပွန်းကဲ့သို့ အရာများသည် အလွန်အဟာရပြည့်၏။ ယဲ့ရှောင်သည် အဟာရထည့်ဖြည့်ရန် မလိုတော့သည့်တိုင် ထိုပစ္စည်းများက ဘာမှမရှိတာထက်တော့ ပိုကောင်းနေသေး၏။ ထို့အပြင် သူတို့၏ ကြီးမားသည့် အဟာရဓာတ်သည် ထပ်တိုးအာနိသင်သာ ဖြစ်စေသည်။ သူတို့၏ အမှန်တကယ် ကောင်းမွန်သည့် အာနိသင်များက လူတစ်ယောက်၏ ကျင့်ကြံဆင့်နှင့် လူတစ်ယောက်၏ သွေးအဆီအနစ်ကို မြှင့်တင်ပေးနိုင်သည်။ သူတို့က ကျန်သည့်သူများထက် အနည်းငယ် ပိုသန်မာသည်။
သို့သော် ယဲ့ရှောင်သည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကနေ သူတို့ကို စစ်ဆေးပြီးနောက် အနည်းငယ် စိတ်ပျက်သွား၏။ အကြောင်းမှာ ကြယ်အမြုတေများအတွင်း၌ တော်ဝင်နည်းစနစ်နှစ်ခုသာ ရှိသောကြောင့် ဖြစ်သည်။ တစ်ခုက မြေဝပ်ခြင်းကျင့်စဥ်ဖြစ်ပြီး ကြယ်တာရာသားရဲ မြေအမတာ၏ ကြယ်အမြုတေ မြေအင်မော်တယ် ဝမ်ဆီမှ ရထားတာ ဖြစ်သည်။
ကမ္ဘာမြေကြီးထဲ ဝပ်နိုင်ရုံဟုသာ မဆိုပေ။ ယင်းက ကျောက်တုံးတစ်တုံး သို့မဟုတ် သတ္တုကိုလည်း ထိုးဖောက်နိုင်၏။ ထို့အပြင် ယင်းက မနှေးပေ။ ၄င်းကို ဝေဖန်စမ်းစစ်ပြီး ယဲ့ရှောင် အကဲဖြတ်ထားပုံအရ နတ်ဘုရားအာရုံစူးစိုက်ခြင်း ကျင့်စဥ်ထက် အနည်းငယ်သာနှေးသည်။
သို့သော် ယင်းကို နတ်ဘုရားအာရုံစူးစိုက်ခြင်း ကျင့်စဥ်နှင့် နောင်ကြ နောက်ထပ် တော်ဝင်ကျင့်စဥ်နှင့် ပေါင်းစည်းနိုင်၏။
ယင်းက ကြီးမားသည့် အကျိုးအမြတ်တစ်ခုဟူ၍ သတ်မှတ်၍လည်း ရသည်။ ဆုံးရှုံးသည်ဟူ၍ တွေး၍မရ။
ယဲ့ရှောင်က ချက်ချင်းပင် သူသည် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်၌ ၄င်းကို မှတ်သားလိုက်ပြီး ရွှေရောင်စာအုပ်ကို စတင်ကျင့်ကြံခိုင်းလိုက်၏။ နောက်ထပ် ကျင့်စဥ်ကတော့ အနည်းငယ် ပျင်းစရာကောင်းလှပေ၏။ ယင်းက ကုသခြင်းကျင့်စဥ်ဖြစ်သည်။ ယဲ့ရှောင်၌ ကောင်းကင်ပြုပြင်ခြင်းကျင့်စဥ်၊ နံနက်ခင်းကြယ်ကျင့်စဥ်နှင့် အထွတ်အထိပ် ကုသခြင်းကျင့်စဥ်တို့စသည့် တော်ဝင်ကျင့်စဥ်သုံးမျိုးရှိပြီးသား ဖြစ်သည်။ ထိုကုသခြင်းကျင့်စဥ်က အခြေခံ အမျိုးအစားဖြစ်ပြီး ကောင်းကင်ပြုပြင်ခြင်းကျင့်စဥ်ကဲ့သို့ပဲ ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်၏ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲ၌ ၄င်းကို မှတ်တမ်းမတင်နိုင်တာ အတော်လေး နောင်တရစရာကောင်းလှသည်။
ကောင်းကင်ဘုံက ယင်းကို ဆန္ဒရှိလျှင် ယဲ့ရှောင်က ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။
ကျန်သည့် ကြယ်တာရာသားရဲသုံးကောင်အတွက်မူ သူတို့၌ ကောင်းမွန်သည့် သွေးမျိုးဆက်သာရှိပြီး နဂါးအမျိုးအစား သွေးမျိုးဆက်သို့ မရောက်သေးသောကြောင့် သူတို့သည် ကြယ်အမြုတေထဲ၌ မည်သည့်တော်ဝင်ကျင့်စဥ်မှ ရှိမနေပေ။
ကျိဖုန်းသည် နဂါးအမျိုးအစား သွေးမျိုးဆက် ဖွဲ့တည်ခါစ ဖြစ်သည်။ ထို့ကြောင့် သူမ၏ ကြယ်တာရာအမြုတေသည် တော်ဝင်ကျင့်စဥ် မဖွဲ့တည်ရသေးပေ။
သူတို့က တော်ဝင်ကျင့်စဥ်များကို ကျင့်ကြံကောင်း ကျင့်ကြံလောက်၏။ သို့သော် ၄င်းတို့ကို ရယူရန်အတွက် သူတို့၏ ဝိညာဥ်ကို အတင်းအဓမ္မခွဲဖွင့်ရန် လိုအပ်သည်။ ယဲ့ရှောင်၏ လက်ရှိကျင့်ကြံမှုဖြင့် ယင်းက ပြဿနာအသေးအမွှားသာ ဖြစ်သည်။
ယဲ့ရှောင်သည် သူ၏ကျင့်စဥ်က သူတို့ကို မြေပြင်ပေါ်၌ အချိန်မရွေး နေရာမရွေး ဖိနှိပ်နိုင်သည့် အဆင့်ထိရောက်အောင် မြှင့်တင်ပြီးသည့်အထိ စောင့်ဆိုင်းဖို့ ပြင်ဆင်ထားသည်။ သူတို့ မခုခံနိုင်တော့မှ သူတို့ ဝိညာဥ်ကို ရှာဖွေမှာ ဖြစ်၏။ ယင်းက သူတို့ကို ပျိုးထောင်ရခြင်း၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။
ယဲ့ရှောင်က သူ နားလည်သဘောပေါက်မှုကိုလည်း ဖော်ပြသင့်သည်။ ဆိုရလျှင် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင် ကြုံရာကျပန်းပေါ်လာဖို့က မဖြစ်နိုင်ပေ။ နဂါးအမျိုးအစား သွေးမျိုးဆက်ဖြင့်ဆိုလျှင်တောင် သွေးမျိုးဆက်က အဖိုးမဖြတ်နိုင်လွန်းပေ။
အံ့ဖွယ်အဆင့်သို့ ကျင့်ကြံနိုင်သည့် ကြယ်တာရာသားရဲအများစုသည် သူတို့၏ ချွေးကြောင့် ၉၉ရာခိုင်နှုန်းဖြစ်ပြီး တစ်ရာခိုင်နှုန်းက ကံကောင်းမှုကြောင့် ဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် ယဲ့ရှောင်သည် ထိုစဥ်က ဟွမ်လျိုလီကို ပျိုးထောင်ချင်ခဲ့တာပဲ ဖြစ်သည်။ နဂါးအမျိုးအစား သွေးမျိုးဆက်ဖြင့် အကောင်ပေါက်တစ်ကောင်ကို ရှာတွေ့ဖို့က အလွန်ခက်ခဲသည်။
သို့သော်ငြား ယဲ့ရှောင်က လက်သည်းကျင့်စဥ် ထိုးနှက်ချက်ကျင့်စဥ် ခြေသိုင်းတို့ကိုလည်း ကျိဖုန်းနှင့် ကျန်သည့် ကြယ်တာရာသားရဲသုံးကောင်၏ ကြယ်အမြုတေထဲကနေ ရှာတွေ့ခဲ့သည်။ သူတို့အားလုံးက အခြေခံကျင့်စဥ်များဖြစ်သော်ငြား ဘာမှမရှိတာထက် ပိုကောင်း၏။
ယဲ့ရှောင်သည် ထိုကျင့်စဥ်များအားလုံးကို ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲသို့ စုပ်ယူလိုက်ပြီးနောက် ၄င်းကို စတင်ကျင့်ကြံစေတော့သည်။
အခြေခံကျင့်စဥ်သုံးမျိုးဖြစ်သောကြောင့် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်သည် ၄င်းတို့ကို လျင်မြန်စွာ ကျင့်ကြံလိုက်၏။ သူတို့ထဲတွင် ထိုးနှက်ချက်ကျင့်စဥ်ကို ကျင့်ကြံပြီးနောက် ၄င်းသည် ရွှေရောင်အလင်းဖျော့ဖျော့ စတင်ပေါ်လာတော့၏။ ဆိုလိုသည်က ထိုထိုးနှက်ချက်ကျင့်စဥ်သည် အဆင့်တက်တော့မှာပဲ ဖြစ်သည်။ ထိုအချိန်ကျလျှင် သူက နောက်ထပ် တော်ဝင်ကျင့်စဥ်တစ်ခု ပေါင်းစည်းနိုင်လိမ့်မည်။ သွင်ပြင်အရ ယခုအခေါက် ခရီးကနေ သူ တော်တော်များများ ရိတ်သိမ်းနိုင်ခဲ့ပုံ ပေါ်၏။ ယခုအခေါက် ထွက်လာတာက မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်။
တော်ဝင်ကျင့်စဥ်တစ်မျိုး၊ အခြေခံကျင့်စဥ်သုံးမျိုးနှင့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ၅ကောင်။ နောက်တစ်နေ့တွင် နောက်ထပ် လေဟာနယ် နီလာခရမ်းတစ်ခု ရလာလိမ့်မည်။ အကျိုးအမြတ်က ထိုက်တန်ပေ၏။ ယင်းက အံ့သြစရာကောင်းလှသည်။
တစ်ဖက်တွင်မူ ဟူချန်းမြစ်ပေါ်ရှိ ခမ်းနားသော ရွက်လှေဟော်တယ်ပေါ်၌ လူနှစ်ယောက်က စားသောက်နေပြီး လူရွယ်တစ်ဦးနှင့် လူငယ်တစ်ဦးဖြစ်သည်။ နှစ်ယောက်လုံးက အလွန်ကျော့ရှင်းစွာဝတ်စားထား၏။ သူတို့အဝတ်အစားများက အလွန်ထူးကဲပြီး တန်ဖိုးကြီးသည်။ လူရွယ်က ဦးစွာ ပြောလိုက်၏။
” ချိုးဖုန်း .. မင်းက နှစ်ပေါင်းများစွာထဲမှာ ငါ ခေါ်လာတဲ့ တပည့်တွေထဲမှာ ဂုဏ်အယူရဆုံး တပည့်ပဲ။ အသက် ၁၇ရောက်တဲ့အချိန်မှာ အဆင့်မြင့် သန့်စင်သူ စံသတ်မှတ်ချက်က်ို ရလာခဲ့တယ်။ ငါ တကယ် ကျေနပ်တယ်ကွာ ”
” ဒါပေမဲ့ မနက်ဖြန်တော့ မင်း ငါ့ကို တကယ်ဂုဏ်တက်အောင် လုပ်ပေးသင့်တယ် ”
ချိုးဖုန်း၏ အမူအယာက မပြောင်းလဲသွားပေ။ သူ့ရှေ့ရှိ ပန်းကန်ပြားမှ အမဲသားကို လှီးလိုက်ပြီးနောက် ပါးစပ်ထဲ ထည့်လိုက်၏။ ၄င်းကို အရသာခံပြီး ပြန်ပြောလိုက်သည်။
” ဆရာ စိတ်မပူပါနဲ့။ နှစ်ပေါင်းများစွာ ဆရာ့ပညာတွေပေါ့။ ကျွန်တော် အကြွေးတင်နေတာပါ။ ဘာကိစ္စပဲရှိရှိ ဒီယှဥ်ပြိုင်ပွဲမှာ ပထမနေရာကို သေချာပေါက်ယူပြီး ဆရာ့အတွက် ဂုဏ်တက်အောင် လုပ်ပေးပါ့မယ် ”
လူရွယ်က ခေါင်းညိတ်ပြီးနောက် ခံစားချက်အချို့ဖြင့် ပြောလိုက်လေ၏။
” အဲ့ဒီတုန်းက ဒီပြိုင်ပွဲမှာ ငါလည်း ဝင်ပါခဲ့တယ်။ ပထမနေရာ ရခဲ့ပေမဲ့ စီရင်စု၉ခုထဲက နောက်ထပ်သန့်စင်ခြင်း ပါမောက္ခက ငါ ပထမနေရာကို ရပြီးတဲ့နောက် အသက် ၃၀ပြည့်သွားတာကြောင့် ယှဥ်ပြိုင်ပွဲတိုင်း ဝင်ပါခွင့် မပြုခဲ့ဘူး။ ဒါကြောင့် ဒါက ငါ့ဘဝမှာ တစ်ခုတည်းသော နောင်တပဲ။ အခု ဆရာက မင်းကို သင်ပေးခဲ့တယ်။ အနည်းဆုံးတော့ မင်းက စီရင်စု၉ခု ပြိုင်ပွဲမှာ နှစ်ကြိမ်ထပ်ပါလို့ရတယ်။ ဒါက မင်းရဲ့ အခွင့်အရေးပဲ။ ပြီးတော့ စီရင်စု၉ခုမှာ ကျော်ကြားဖို့အတွက် မင်းရဲ့ဘဝမှာ အကောင်းဆုံး အခွင့်အရေးလည်း ဟုတ်တယ် ”
ချိုးဖုန်း၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွား၏။
” ဆရာ။ စီရင်စု၉ခုရဲ့ အမွေဆက်ခံသူ။ လက်နက်သန့်စင်ခြင်းနဲ့ လက်နက်သန့်စင်ခြင်းရဲ့ အမွေဆက်ခံသူ ဟူသိုင်းကျောင်းတော်ရဲ့ လက်နက်သန့်စင်ခြင်း ပညာရှင်အဖြစ် လူသိများတဲ့ ပါမောက္ခ ကျန့်ကွမ်းယန်အကြောင်း ပြောနေတာလား ”
” ဟုတ်တယ် ”
သူ့နာမည်ကို ကြားသောအခါ လူရွယ်၏ မျက်လုံးများက ရုတ်တရက် ခက်ထန်သွားသည်။
” အဲ့ဒီတုန်းက ငါ လေးနှစ်လုံး သူ ဖိနှိပ့်တာ ခံခဲ့ရတာ။ သူ ထွက်သွားပြီးတဲ့နောက် ငါ ပထမနေရာကို မရခင် လေးနှစ်လုံးလုံး ဒုတိယနေရာပဲ ရခဲ့တာ။ ဒါပေမဲ့ ငါ အနိုင်မရခဲ့မှန်း သိနေတယ်။ သူ ရှိနေသေးရင် ငါ ရှုံးနေဦးမှာပဲ။ ငါကြားတာ ဒီတစ်ခေါက် သူ့ရဲ့တပည့်လည်း ဝင်ပြိုင်မယ်တဲ့။ ဒါ့အပြင် သူက ပြိုင်စံရှားပါရမီရှင်တစ်ယောက်ဆိုတော့ လျှော့တွက်လို့ မရဘူး ”
” ထင်တဲ့အတိုင်းပဲ ချန်ပီယံက မင်းတို့နှစ်ယောက်တည်းက တစ်ယောက်ပဲဖြစ်မှာ ”
အပိုင်း ၁၆၀ ပြီး၏။