Switch Mode

Chapter – 1

ဂျင်ချန်

Chapter – 1 ဂျင်ချန်

ပင်လယ်ကြီးသဖွယ်
အုံဆိုင်းလျက်ရှိသောတိမ်တိုက်များအောက်
တွင်ဓားပုံသဏ္ဍာန်တောင်ကြီးနှစ်ခုကမျက်နှာချင်းဆိုင် ထီးထီးကြီးရပ်တည်လျက်ရှိသည်။
တစ်တောင်ချင်းစီသည်ပေတစ်သောင်းခန်မျှမြင့်မားပြီးတစ်တောင်နှင့်တစ်တောင်
မီတာတစ်ရာခန်ဝေးကွာသည်။

ဓားပုံသဏ္ဍာန်တောင်ကြီးနှစ်တောင်သည်
အလွန်အင်မတန်မတ်စောက်ပြီးနတ်ဘုရားနှစ်ပါးက သူတို့ဓားနှစ်လက်အားကမ္ဘာအလယ်မှာ

ထိုးစိုက်ထားသကဲ့သို့ရှိသည်။ဘယ်လိုပဲကြည့်ကြည့်
လူတွေလုံးဝတက်လို့ရမည့်ပုံမပေါ်ပေ။

ထိုတောင်ကြီးတွေ၏ထိပ်ဆုံး၍မြူများအုံ
ဆိုင်းလျက်ရှိသော်လည်းတစ်ဖက်တစ်ချက်စီတွင်
လူနှစ်ယောက်မတ်တပ်ရပ်နေသည်ကို
မသဲမကွဲတွေ့နိုင်သည်။ထိုလူနှစ်ယောက်သည်
ကျောက်တုံးတွေသဖွယ်အင်မတန်တည်ငြိမ်ပြီး
ခံစားချက်ကင်းမဲ့စွာအပြင်းအထန်တိုက်ခတ်လျက်
ရှိသောလေပြင်းကြီးများကြားထဲတွင်ရပ်လျက်ရှိသည်။
ကောင်းကင်ကိုဖြတ်၍တိုက်ခတ်နေသော
လေပြင်းများကြားတွင်သူတို့၏အဝတ်များသာလျင် လူးလွင့်လျက်ရှိသည်။

ထိုလူနှစ်ယောက်တွင်တစ်ယောက်သည်
လူငယ်လေးဖြစ်ပြီးအသက်၂၀ပင်ပြည့်သေးဟန်မရှိပေ။ထိုလူငယ်လေးသည်အင်မတန်ချောမောပြီး
သူ၏ရုပ်ရည်သွင်ပြင်သည်အပြစ်အနာအစာလုံးဝမရှိချေ။ သူ၏မျက်လုံးများကထက်မြက်ဆူးရှလွန်းပြီး
တစ်ယောက်ယောက်က

ထိုမျက်ဝန်းအားစိုက်ကြည့်မိလျှင်သူတ၏ဝိညာဉ်များ
နှုတ်ယူခံလိုက်ရသည်ဟုခံစားမိမည်ဖြစ်သည်။ထိုလူငယ်၏အနက်ရောင်ဆံပင်များက
ခါးလောက်အထိရှိပြီးစည်းနှောင်ထားခြင်းမရှိသဖြင့်
လေထဲတွင်လူးလားလွင့်ပြန်လျက်ရှိသည်။သူ၏
နောက်ကျောတွင်ဓားတစ်လက်အား
အဖြူရောင်အဝတ်စနဲ့ရစ်ပတ်ထားသည်။ထိုဓား၏ ကိုယ်ပေါ်တွင်လက်ရာမြောက်စွာ
ထုဆစ်ရေးသားထားသည်က“အလင်းတန်း”။
ပိုပြီးထူးဆန်းတာကထိုလူငယ်နဲ့ဓားသည်မည်သည့်
ကြိုးမျှစက်နွယ်ထားခြင်း မရှိပဲဓားကနောက်ကျောတွင်အလိုအလျှောက်လေပေါ်တွင်ပေါ်နေခြင်းဖြစ်သည်။ထိုလူငယ်၏နာမည်ကဂျင်ချန်တစ်မိုးအောက်တွင်ထိုနာမည်နှင့်ဓားနတ်ဘုရားဆိုရင်
သူကိုပြောတာပဲဖြစ်ပါလိပ်မယ်။သူသည်
ဓားမြန်သိုင်းတွင်ပြည့်စုံသောအဆင့်သို့ရောက်နေပြီး
လောကတစ်ခွင်တွင်ဓားဝိဇ္ဇာအဖြစ်သတ်မှတ်
ခံထားရသည်။အသက်၂၀ခန်သာရှိသေးသော်လည်းအထွက်အထိပ်သို့ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ဂျင်ချန်၏အကြောင်းအားဂျန်ဂူးလောက
တစ်ခုလုံးမည်သူမှမသိကြချေ။သူက
မိဘမဲ့ကလေးတစ်ယောက်ဖြစ်ပြီးမည်သည့်ဂိုဏ်း မည်သည့်ကလန်ကိုမှမဝင်ခဲ့ချေ။
ထိုကြောင့်သူ့အကြောင်းအားမည်သူမှမသိကြပေ။သူ၏
နောက်ကြောင်းသည်ဖုံးကွယ်ထားပြီး
အဆင့်မြင့်သိုင်းပညာနှင့်အနုလက်ရာဓားသိုင်းတို့ကိုမည်သည့်နေရာတွင်သင်ကြားခဲ့သည်ဆိုခြင်းမှာ
ထူဆန်း၍စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

ဓားပုံသဏ္ဍာန်တောင်၏မျက်နှာချင်းဆိုင် ဓားပုံသဏ္ဍာန်တောင်တွင်အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသော
လူတစ်ယောက်မတ်တပ်ရပ်လျက်ရှိသည်။
ထိုအဖိုးအိုသည်အသက်၅၀၆၀ခန်ရှိမည်ထင်ရပြီးသူ၏ ဆံပင်တို့အားကြိုးကြာငှက်လည်ပင်းကဲ့သို
စည်းနှောင်ထားလေသည်။ ထိုအဖိုးအို၏မျက်ဝန်းအစုံတိုသည် အသက်ရှိနေသောဝိညာဉ်တစ်ခုကဲ့သို့တောက်ပနေပြီး
ထိုနေရာတစ်ခုလုံးအားတောက်ပသွားသယောင်ထင်ရသ

ည်။သူအကြည့်တို့ကဓားတစ်စင်းကဲ့သို့ရှထက်လွန်းပြီး
မည်သူမျှသူနဲ့အကြည့်ချင်းဆုံချင်ကြမည်မထင်ပါ။ သူလက်ထဲတွင်အနက်ရောင်ဓားတစ်လက်ရှိနေပြီး
ထူးဆန်းတာကထိုဓားကြီးတွင်အသွာမရှိခြင်းဖြစ်သည်။

ထိုအဖိုးအိုသည်ဂျန်ဂူးလောကတွင်
လွန်ခဲ့သောနှစ်တစ်ရာခန်ကပျောက်ကွယ်သွားသော ဒဏ္ဍာရီသဖွယ်နာမည်ကြီးလှသောဒူဂူးကွင်းဘီ
ဖြစ်သည်။ထိုနာမည်သည်သူ၏သိုင်းလောကနာမည်သာဖြစ်ပြီးသူရဲ့မူရင်းနာမည်အား
မည်သူမှမသိကြချေ။လွင်ခဲ့သောနှစ်တစ်ရာခန်က ပြိုင်ဘက်ကင်းသိုင်းပညာရှင်မှန်
သမျှကိုသူကအနိုင်ယူခဲ့သည်။ယခုအချိန်တွင်
သူအကြောင်းအားသိသောသူအလွန်နည်းသွားပြီ
ဖြစ်သည်။လွန်ခဲ့သောနှစ်တစ်ရာခန်
ပြိုင်ဘက်ကင်းဖြစ်ခဲ့ဒူဂူးကွင်းဘီသည်ယခုအချိန်တွင်မည်မျှအားကြီးသန်မာလာမည်ကိုမည်သူမှမသိကြချေ။

တိတ်ဆိပ်စွာဒူဂူးကွင်းဘီကသူရှေ့တွင် အသက်၂၀ခန်မျှရှိသေးသောဂျင်ချန်

အားအကဲခတ်နေ၏။သူ၏မျက်လုံးများက
ဓားသွားများသဖွယ်ဆူးရှလွန်းပြီးအကြည့်ချင်းဆုံလျင်
ကျောပင်ချမ်းစေနိုင်သည်။

“ဂျင်ချန်မင်းကအသက်အရမ်းငယ်သေးပေမယ့်
သန်မာမှုကတော့ငါထက်လုံးဝမလျော့ဘူး။မင်းရဲ့
ဓားနဲ့ပတ်သတ်ပြီးနားလည်သဘောပေါက်မှုကငါတောင်အဲ့အဆင့်ရောက်ဖို့စိတ်ကူးပဲရင်လို့ရတယ်။ဒါပေမယ့် ကံမကောင်းစွာနဲ့မင်းကငါ့ရဲ့
ချစ်တပည့်လေးကိုသတ်လိုက်တယ်။
ဒီတော့ငါ့အတွက်ကလဲ့စားချေ ဖိုပဲကျန်တော့တယ်။ဘာကိစ္စပဲရှိရှိငါ့ရဲ့တပည့်အတွက်တရားမျှတမှုကို
ပြန်ရှာရမယ်”ဟုဒူဂူးကွင်းဘီကအသံရှကြီးနဲ့
ပြောလိုက်သည်။

ဂျင်ချန်၏မျက်နာကတည်ငြိမ်စွာပဲဒူဂူးကွင်းဘီအား
ပြန်လည်စိုက်ကြည့်နေသည်။သူ၏ဝတ်ရုံဖြူက
လေ၍လူးလွင့်နေပြီးသူ့ရဲ့ဆံပင်
တွေကပြေပျက်စွာကျောနောက်တွင်လျောကျနေသည်။

“ဒီကိစ္စမှာငါ့ကိုအပြစ်တင်လိုမရဘူး။ခင်များရဲ့
တပည့်ကကျုပ်ကိုပထမစပြီးရန်စခဲ့တာ။
အပြစ်တင်မယ်ဆိုသူရဲ့ညံ့ဖျင်းမှုကိုသာအပြစ်တင် ဒါကြောင့်လည်းကျုပ်ဓားအောက်မှာ
အသက်ဆုံးရှုံးခဲ့ရတာဂုဏ်တောင်ယူသင့်သေးတယ်။”
ဂျင်ချန်ပါးစပ်ကနေတစ်လုံးချင်းပြောလိုက်သည်။

ဒေါသထွက်စွာရယ်လိုက်ပြီးဒူဂူးကွင်းဘီပြောလိုက်သည်“စကေးညံ့လို့ဟုတ်လား။ကောင်းမည်လေဒါဆိုဒီနေ့
မင်းဘယ်လောက်တော်လည်းကြည့်ရသေးတာပေါ့။မင်းရဲ့အလင်းတန်းဓားနဲ့ဒီအဖိုးကြီးကို
ဘယ်လိုသတ်မလည်းပြစမ်းပါ။”

စကားပြောပြီးလျင်ဒူဂူးကွင်းဘီကသူရဲ့
ကောင်းကင်ဓားကြီးအားဝေ့ယမ်းလိုက်ရာ
အင်မတန်မားပြင်းသောဓားချီအလင်းတန်းကြီးကဂျင်ချန်စီအရှိန်နဲပြေးဝင်သွားလေသည်။

ဂျင်ချန်ကတည်ငြိမ်စွာသူ၏အလင်းတန်းဓားအား လျင်မြန်စွာဆွဲထုတ်လိုက်သည်။အလင်းတန်းဓားက

၁.၃မီတာရှည်ပြီးလက်နှစ်လုံးခန်အနံကျယ်သည်။
အလင်းတန်းဓားမှထွက်ပေါ်လာသောဓားချီသည်
ဒူဂူးကွင်းဘီ၏ဓားချီထက်ပိုမိုကြမ်းတမ်းစွာထွက်လာပြီး သာမာန်မျက်လုံးဖြင့်မမြင်နိုင်လောက်သောအလျင်ဖြင့်ဒူဂူးကွင်းဘီစီပြန်ဝင်လာသည်။
“ဘန်း !”
ဓားချီအလင်းတန်းနှစ်ခု၏ထိပ်တိုက်တွေ့ဆုံမှုကြောင့်ကျယ်လောင်သောပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး
အနားရှိကျောက်တုံးများကျေမွသွားသည်။ကြီးမားသောချီလှိုင်းကြီးတစ်ခုထွက်ပေါ်လာပြီးအနီးအနားရှိ
မြူများနှင့်တိမ်များကင်းစင်သွားသည်။

ချက်ချင်းဆိုသလိုပင်ဂျင်ချန်နှင့်ဒူဂူးကွင်းဘီသူတို့နှစ်ယောက်ရပ်လျက်ရှိသော
တောင်ထွက်နှစ်ခုစီကနေ
တစ်ဦးစီသို့ပျံသန်းလာကြသည်။တောင်ထွက်နှစ်ခု၏ အလည်တွင်တွေ့ဆုံပြီးအပြန်အလန်တိုက်ခိုက်ကြရာ
ကြောက်မက်ဖွယ်ရာကောင်းသော
တိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်လာတော့သည်။

သူတို့နှစ်ဦး၏အပြန်အလှန်တိုက်ခိုက်မှုကအလွန်တရာ လျင်မြန်ပြီးဓားနှစ်လက်ထိခိုက်မှုမှထွက်ပေါ်လာသော အသံတို့ကအဆုံးမရှိဆူညံနေသည်။
ထက်မြက်ဆူးရှသောဓားချီများကအရပ်လေးမျက်နှာတွင်ထိမှန်ကုန်ပြီးတောင်နှစ်ခုတွင်
အပေါက်ကြီးများဖြစ်ပေါ်လာသည်။မရေမတွက်နိုင်သော
ကျောက်တုံးများကြေမွကုန်ကြပြီး
မိတာထောင်ပေါင်းများစွာကိုလွင့်စင်သွားကြသည်။

ခဏဆိုသောအချိန်အတွင်းမှာပင်ဂျင်ချန်နှင့်ဒူဂူးကွင်းဘီတို့
အချက်ရေရာကျော်အောင်တိုက်ခိုက်ပြီးသွားလေသည်။ထိုနောက်သူတိုနှစ်ယောက်လုံးသက်ဆိုင်ရာ
တောင်ထွက်တွေစီသိုပြန်လည်ဆုတ်ခွာလိုက်ကြသည်။သူတို့နှစ်ယောက်လုံး၏ဝတ်စုံများသည်
ဓားချက်များကြောင့်ရစရာပင်မရှိတော့ချေ။တစ်ယောက်နှင့်တစ်ယောက်မောပန်းစွာ
စိုက်ကြည့်လိုက်ကြပြီးဒူဂူးကွင်းဘီက“ဘယ်လိုတောင်မြန်လိုက်တဲ့ဓားလည်း
ဓါကြောင့်မို့လည်းဂျန်ဂူးတစ်ခုလုံးမင်းဓားကို

မခြေဖျက်နိုင်တာကိုး…..ဒီအဖိုးကြီးကိုတောင်
အခက်အခဲတွေ့စေတယ်…….ဒူဂူးကွင်းဘီ
ခဏရပ်လိုက်ပြီးဆက်ပြောလေသည်။“ဒီအတိုင်းဆိုအရှုံးအနိုင်သဲကွဲမှာမဟုတ်ဘူး..ငါတို့ရဲ့အကြမ်းဆုံး
ဓားကွက်ချင်းယှဉ်ပြီးအရှူံးအနိုင်ဆုံးဖြတ်မယ်”ဟုဆိုကာ
ဒူဂူးကွင်းဘီကပေါက်ကွဲသံကြီးနဲ့သူရဲ့ဓားမည်းကြီးအား
ကောင်းကင်သို့ထိုးခွဲပစ်တင်လိုက်သည်။

ဂျင်ချန်ကလည်းကြီးမားသောစွမ်းအားကြီးဖြင့်ဓာချက်အားဝေ့ရမ်းထုတ်လိုက်သည်။

သူတို့နှစ်ယောက်ထုတ်လိုက်သောစွမ်းအားကကမ္ဘာမြေကြီးအားတုန်လှုပ်သွားစေနိုင်ပြီး
ထိုနေရာတောင်ကျောတစ်ခုလုံးကိုဓားချီများဖြင့်
ပြည့်သွားစေသည်။ကြောက်မက်ဖွယ်ရာကောင်းသောတိုက်ပွဲကြီးစတင်လေပြီ။နားစည်ပေါက်ကွဲလုမတတ်
အသံကြီးများလေတိုးသံကြီးများကလည်းဝိညာဉ်ထောင်
ပေါင်းများစွာဝိုင်းအော်နေသကဲ့သို့
ကျက်သီးထဖွယ်ကောင်းလှပေသည်။အောက်မှာ
တောထဲကမရေမတွက်နိုင်သောတိရိစ္ဆာများသည်

ကြောက်ရွံစွာညီးတွားကြပြီးမြေပြင်ပေါ်သိုဒူးများ
ထောက်ကျသွားကြလေသည်။
သူတို့နှစ်ယောက်၏တိုက်ပွဲသည်အထွက်အထိပ်ကို
ရောက်လာပြီး
နောက်ဆုံးစွမ်းအားအပြင်းဆုံးတိုက်ကွက်ကို
ထုတ်လိုက်ကြသည်။

“ချချချချတ်!”“ချတ်ချတ်!”
တောင်နှင့်မလှမ်းမကမ်းရှိသစ်ပင်များသည်
သူတို့နှစ်ယောက်၏စွမ်းအားများအားခံနိုင်ရည်မရှိပဲ
အပိုင်းပိုင်းပြတ်ကုန်ပြီးလေထဲသိုလွင့်စင်ကုန်ကြသည်။

ထိုစဉ်ဂျင်ချန်နှင့်.ဒူဂူးကွင်းဘီတိုစွမ်းအားများအားပိုမိုမြှင့်တင်လိုက်ရာသူတို့ပတ်ဝင်းကျင်တွင်ချီ
လှိုင်းကြီးများ တလှိုင်းပြီးတစ်လှိုင်းလိမ်ထွက်လာသည်။အနီးအနားရှိသစ်ပင်ကြီးငယ်များ
အကုန်အပိုင်းပိုင်းဖြစ်ကာလေထဲသိုလွင့်ပျံကုန်ကြသည်။တစ်ချိန်ထဲမှာပင်ချန်ဂျင်ခန္ဓာကိုယ်အား
အလင်းတန်းဓားမှထွက်လာသောအဖြူရောင်အလင်းတန်းကြီးကလွှမ်းခြုံသွားပြီး.ဒူဂူးကွင်းဘီ

အားလည်းသူ၏ဓားမည်းကြီးကနေ
အနက်ရောင်အလင်းတန်းကြီးလွမ်းခြုံသွားတော့သည်။

“ယင်….!”
သူတိုလူနှစ်ယောက်လုံး၏စွမ်းအားများသည်
လုံးဝအထွက်အထိပ်သ့ရောက်လာပြီး
ရုတ်တရက်အလွန်ကျယ်လောင်သောဟိန်းသံကြီးက မိုးကြိုးချိန်းသံအလား
နားစည်များကွဲမတတ်ထွက်ပေါ်လာလေသည်။အလွန်လှပသောအဖြူရောင်အလင်းတန်းကြီးနှင့် အနက်ရောင်အလင်းတန်းကြီးတို့က
အလွန်လျင်မြန်သောနှုန်းဖြင့်ထိပ်တိုက်တွေ့ဆုံသွားသည်။
ထိုနောက်ဘာသံမကြားရအောင်တိတ်ဆိတ်သွားသည်။အရာရာအားလုံးပြန်လည်ငြိမ်သက်သွားပြီးဂျင်ချန်နှင့် ဒူဂူးကွင်းဘီတိုအသီးသီးသူတို့၏တောင်ထွက်များစီသို့ အင်မတန်အားနည်းသောမျက်နှာထားနှင့်ပြန်
ရောက်လာကြသည်။ဂျင်ချန်၏ရင်ဘတ်တွင်
သွေးများစီးကျလာသည်။သူ၏အင်္ကျီအားထုတ်ချင်းပေါက်ပြီးအဖြူရောင်ဝတ်ရုံတစ်ခု

လုံးသွေးများလွှမ်းသွားသည်။ဒူဂူးကွင်းဘီဓားက
ဂျင်ချန်၏နှလုံးသားအား
ထုတ်ချင်းပေါက်သွားခြင်းဖြစ်သည်။
ဒူဂူးကွင်းဘီကတော့သူရဲ့ညာလက်တစ်ခုလုံး
ပြတ်သွားလေသည်။သူနောက်ထပ်ဓားထပ်ကိုင်၍ရတော့မည်မဟုတ်ပေ။သူ၏ကောင်းကင်ဓားကြီးကဂျင်ချန်၏နှလုံးသားအားထိုးဖောက်ပြီး
တောင်အောက်မီတာထောင်ပေါင်းများစွာသိုကျသွားလေသည်။

“ဟားဟားဟား…ဟား’ရုတ်တရက်ဒူဂူးကွင်းဘီ
ရယ်မောလိုက်သည်“ဂျင်ချန်မင်းကအရည်အချင်းတော့ရှိပါတယ်။ဒီလောက်နှစ်အများကြီးကြာမှငါ့ကို
ဆုံးရှုံးမှုရဲ့အရာသာကိုခံစားစေခဲ့တယ်။ဒါပေမယ့် မင်းရဲ့စွမ်းအင်ကငါ့ထက်အားနည်းတဲ့အတွက်
မင်းအသက်ငါ့လက်ထဲ့မှာကုန်ဆုံးခဲ့ရတယ်။”

ဂျင်ချန်သူ၏အသက်စွမ်းအားများ
တဖြေးဖြေးကုန်ဆုံးလာသည်ဟုခံစားလိုက်ရပြီးသူ မျက်လုံးအားဖြေးညင်းစွာမှိတ်လိုက်သည်။

သေဆုံးခြင်းကအရေးကြီးတဲ့ကိစ္စမဟုတ်ဟု
နှလုံးသွင်းရင်းသူကိုယ်သူငြိမ်းချမ်းအောင်လုပ် လိုက်သည်။ဂျန်ဂူးမှာနှစ်ပေါင်းများစွာ
ကျင်လည်ပြီးနောက်သူလူပေါင်းများစွာကိုသတ်ခဲ့သည်။
သေဆုံးခြင်းတရားကသူ့အတွက်
အထူးအဆန်းမဟုတ်ပေ။
သူတစ်ခုတည်းသောနှောင်တက
ဓားလမ်းကြောင်းပေါ်တွင်အဆုံးအထိမလျှောက်လှမ်းခဲ့ရခြင်းပင်ဖြစ်သည်။
ဂျင်ချန်သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီးနောက်ထူးဆန်
းသော ခံစားချက်တစ်ခု သူစိတ်ထဲတွင်ပေါ်လာသည်။ယခုလိုနောက်ဆုံးအချိန်၍ဂျင်ချန်၏နှလုံးသားသည် ဓားနဲတသားထဲ ကျသွားသည်။ သူက ဓား။ ဓားကသူ။ဓားနှင့်သူကြားတွင်မည်သည့်
ခြားနားချက်မျှမရှိတော့ပေ။ထိုအချိန်တွင်ဓားသည်သူ့ ဝိညာဉ်၏အစိတ်အပိုင်းဖြစ်လာသည်။

ထိုအချိန်မှာပင်စွမ်းအားကြီးမားသော
ကမ္ဘာစွမ်းအားများသည်ကောင်းကင်မှဆင်းသက်လာပြီးဂျင်ချန်၏စိတ်ထဲသို့စီးဝင်ကုန်ကြလေသည်။ထိုနောက်

သူ၏စိတ်စွမ်းအားများနှင့်လိုက်လျောညီထွေစွာပေါင်းစပ်
သွားလေသည်။ဂျင်ချန်သူ၏စိတ်ဝညာဉ်
စွမ်းအားမြင့်မားလာသည်ကိုခံစားလိုက်ရပြီး သူဝိညာဉ်သည်သူ၏ခန္ဓာကိုယ်အတွင်းမှ
ထွက်ခွာသွားတော့သည်။ထိုအချိန်၍ဂျင်ချန်သည်
သူ၏စိတ်အတွင်း၍မီတာထောင်ပေါင်များစွာ
အားမြင်နိုင်ပြီးခြင်တစ်ကောင်ကိုပင်အသေးစိတ်မြင်၍ရသည်။

တစ်နည်းလမ်းလမ်းဖြင့်သူ၏သေဆုံးခြင်းနှင့်
စွမ်အားအဆင့်မြင့်လာမှုဆက်စပ်ခြင်းပေလော။

အပိုင်း ၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset