Switch Mode

Chapter – 158

ဒီကလေးက လောကကြီးထဲမှာ အကောင်းဆုံးပဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၅၈ ဒီကလေးက လောကကြီးထဲမှာ အကောင်းဆုံးပဲ။

သူမ၏ အသိစိတ်က အမှောင်ထုထဲ တဖြည်းဖြည်း ချင်း ကျရောက်သွား၏။ ကျိဖုန်းက သူမ သေတော့မည်မှန်း သိနေသည်။ ထို့ကြောင့် သူမ မခုခံခဲ့ပေ။
သူမ၏ အသိစိတ်က အမှောင်ထုထဲ ကျရောက်သွားချိန် အလင်းတန်းဖြင့် ရုတ်တရက် လင်းထိန်လာလိမ့်မည်ဆိုတာ မည်သူက သိမည်နည်း။ ယခုအချိန်တွင် ကျိဖုန်းက အလိုလိုပင် ကုတ်ခြစ်လိုက်မိသည်။
နောက်တစ်စက္ကန့်၌ သူမသည် ကြယ်ဆုံသော ကောင်းကင် တောအုပ်ထဲသို့ ချက်ချင်း ပြန်ရောက်သွားလေ၏။ သူမရှေ့ရှိ ယဲ့ရှောင်ကို ကြည့်ပြီး
ကျိဖုန်းက အံ့သြဆွံ့အသွားကာ ဘဝအကြောင်း သံသယတောင် ဖြစ်လာလေ၏။
ဘာဖြစ်သွားတာလဲ။
သူ့ကိုသူ ဖောက်ခွဲခဲ့တာပဲ မဟုတ်ဘူးလား။ သူမ
ဝိညာဥ်စွမ်းအားက အစွမ်းထက်လွန်းတာကြောင့် ဝိညာဥ်ကို ပေါက်ကွဲစေဖို့ လုံလောက်တယ် မဟုတ်ဘူးလား။ ဒါပေမဲ့ သူမ အဆင်ပြေနေသေးတယ်လား။ ယဲ့ရှောင်က သူမကို ပြန်ခေါ်လာနိုင်ခဲ့တာလား။ သူက ကွဲကြေပြီးတဲ့ ဝိညာဥ်ကိုတောင် ကယ်တင်နိုင်တယ်လား။
သူမက ဘဝကို သံသယဝင်နေစဥ် ယဲ့ရှောင်၏
ဝိညာဥ်စွမ်းအင်က လှံရှည်တစ်စင်းအဖြစ် ထပ်မံ ဖွဲ့တည်ပြီးနောက် သူမ စိတ်ကို ရုတ်တရက် ကျူးကျော်လာလေ၏။
ဖုန်း။
” အား ”
ကျိဖုန်းက အော်လိုက်၏။ ပြီးသွားချေပြီ။ သူမသည် ခုနတုန်းက ထိတ်လန့်မှုကြောင့်သာ ပူပန်နေခဲ့ရုံ ရှိသည်။ သို့သော် အဆုံးတွင်မူ သူမကိုသူမ ကာကွယ်ရန်အချိန် မရခဲ့ပေ။
မျိုးမစစ်။
သူမ၏ ဝိညာဥ်က ယဲ့ရှောင်၏ စိတ်ဝိညာဥ်စွမ်းအားကြောင့် ချက်ချင်းပင် သိမ်းပိုက်ခံလိုက်ရသည်။ သူမက မျက်ရည်စီးကြောင်းနှစ်ခုသာ ကျန်ရစ်ခဲ့၏။ ငါတောင်းပန်ပါတယ် ငါ့ရဲ့ အပေါင်းအဖော်တို့။ အဆုံးကြ ငါ့ရဲ့ မှတ်ဉာဏ်တွေကို မကာကွယ်နိုင်သေးဘူး။ ငါ တောင်းပန်ပါတယ်။ အကောင်းဆုံး ကြိုးစားခဲ့တယ်။ တကယ်အကောင်းဆုံး ကြိုးစားခဲ့တယ်။
ဒါပေမဲ့ သူက သန်မာလွန်းတယ်။
ဝူး ဝူး ဝူး ဝူး။
ယဲ့ရှောင်သည် ကျိဖုန်း၏ မှတ်ဉာဏ်များကို စစ်ဆေးပြီးနောက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ချက်ချင်း အသုံးပြုကာ ကျိဖုန်း၏ ဝိညာဥ်ကို ချေမှုန်းလိုက်ပြန်၏။ ပြီးနောက် သူက သူမကို သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။ သူမဝိညာဥ်က ဖျက်ဆီးမခံရသရွေ့ သူက သူမကို အသက်ပြန်သွင်းနိုင်မည်ဖြစ်သည်။ ယခုက ကျန်သည့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများကို ရှာဖွေရန် အချိန်ရောက်လာပြီ ဖြစ်သည်။
ယဲ့ရှောင်က ကြက်တောင်ပံကင်ကို ဆက်စားပြီးနောက် သူတို့ကို ဘေးသို့ပစ်ထုတ်လိုက်၏။ ပြီးနောက် လက်သုတ်ရန် တစ်ရှူးယူလိုက်သည်။
” ငကြောင် အလုပ်သွားဖို့ အချိန်ရောက်ပြီ ”
” သိပြီ ”
ဟွမ်လျိုလီက ယဲ့ရှောင်၏ ပခုံးပေါ် ချက်ချင်း ခုန်တက်လိုက်လေ၏။ အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်က နတ်ဘုရားအာရုံစူးစိုက်ခြင်းကို ထုတ်ဖော်လိုက်သည်။ ကျိဖုန်း၏ မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း သူက တောင်ဘက်အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
တစ်ဖက်တွင်မူ စီရင်စု၉ခုတွင်းရှိ တောင်တန်းတစ်သိန်း၏ တောင်ဘက်နယ်စပ်ထဲတွင် ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲတစ်ပွဲက စတင်နေပြီ ဖြစ်၏။
တိုက်ပွဲတွင် ပါဝင်သူများက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲလေးကောင်နှင့် စီရင်စု၉ခု၏ ဓါးသူတော်စင် လုချင်ရှန်း၏ ကိုယ်ခွဲဖြစ်သည်။
နှစ်ဦးနှစ်ဖက်ကြားရှိ တိုက်ပွဲသည် ပတ်ဝန်းကျင်ရှိ တောင်ပေါင်းများစွာကို ဖျက်ဆီးခဲ့၏။ ဓါးရာများ၊ ကုတ်ရာခြစ်ရာများ ပြည့်နေသည့် တောင်က ၁၂လုံးခန့်ရှိသည်။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲလေးကောင်တွင် တစ်ကောင်က သေပြီး တစ်ကောင်က ဒဏ်ရာပြင်းပြင်းထန်ထန် ရကာ ကျန်နှစ်ကောင်က ဒဏ်ရာအနည်းငယ် ရထား၏။
ဓါးသူတော်စင် လုချင်ရှန်း၏ ကိုယ်ခွဲကမူ အလင်းနှင့်အမှောင်ကြား ကူးလူးနေသည်။ သူလည်း တိုက်ကွက်များစွာ ခံခဲ့ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရထား၏။ သူ၏ အသွင်သဏ္ဍန်ကိုတောင် မထိန်းထားနိုင်လုနီးပါး ဖြစ်သွားသည်။
” သောက်ဂွပဲ။ စီရင်စု၉ခုရဲ့ ဓါးသူတော်စင် လုချင်ရှန်းက ထင်တဲ့အတိုင်းပဲ။ သူ့ရဲ့ ကိုယ်ပိုင်ဓါးဆန္ဒနဲ့ ကိုယ်ခွဲတစ်ခု ဖွဲ့တည်ပြီး ဒီအဆင့်ထိရောက်အောင် လုပ်နိုင်ခဲ့တယ် ”
” ဒီနေရာမှာရှိတဲ့ လူတိုင်းက ရှန်းထျန်းသတ္တမအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားမျိုး ရှိကြတာ။ မင်းက ငါတို့ထဲကတစ်ယောက်ကို သတ်ခဲ့ပြီး တစ်ယောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့တယ်။ နှစ်ယောက်ကို ဒဏ်ရာအသေးလေး ရစေခဲ့တာ။ မင်းရဲ့ ခန္ဓာအစစ်အမှန်သာ ရောက်လာခဲ့ရင် အချိန်မရွေး ငါတို့တွေ မင်းသတ်တာ ခံရမှာ မဟုတ်ဘူးလား။ ကံဆိုးတာက မင်းရဲ့ ပင်မခန္ဓာနဲ့ ရောက်မလာခဲ့ဘူး။ မင်းရဲ့ ကိုယ်ခွဲကို ငါတို့ ဖျက်ဆီးပြီးတာနဲ့ သုံးယောက်လုံးက စီရင်စု၉ခုကနေ လွတ်မြောက်နိုင်ပြီ။ မင်း ငါတို့ကို ဘယ်လိုရှာမလဲဆိုတာ ကြည့်ကြတာပေါ့ ”
လုချန်ရှန်း ကိုယ်ခွဲ၏ အမူအယာက အင်မတန် သုန်မှုန်သွားသည်။ သူ၏ ပင်မခန္ဓာက အဆင့်တက်ခါနီးပြီဖြစ်၏။ ထို့ကြောင့် သူက တောင်ကနေ မခွာနိုင်ပေ။
အစက ထွက်ပြေးသွားသည့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအချို့ကို ဖြေရှင်းရန်အတွက် ဓါးဆန္ဒကိုယ်ခွဲကို အသုံးပြုချင်ခဲ့သည်။ သို့သော် ဤအံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများက ပူးပေါင်းပြီးပြီး သူ့ကို တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ တစ်ယောက်ယောက်သည် သူတို့ကို သူ တစ်ယောက်ချင်း သုတ်သင်ရှင်းလင်းမည့် အစီအစဥ်ကို ဖျက်ဆီးခဲ့၏။
ဓါးဆန္ဒ ကိုယ်ခွဲတစ်ခုမျှသာ ဖြစ်သော်ငြား တစ်ယောက်ချင်း သို့မဟုတ် နှစ်ယောက်တစ်ယောက်ဆိုလျှင် ထိုကြယ်တာရာသားရဲများအားလုံးကို သတ်ဖြတ်နိုင်ရန် တစ်ရာရာခိုင်နှုန်း ယုံကြည်ချက်ရှိ၏။
သို့သော်ငြား သူ ယခုအချိန်တွင် မလုပ်နိုင်မှာ စိုးရိမ်ရသည်။
သူ့၌ ဓါးဆန္ဒကိုယ်ခွဲသာရှိပြီး လုချင်ရှန်းလောက် အစွမ်းမထက်ပေ။ သူ၏ ဓါးဆန္ဒ ပြိုကွဲသွားသည့်အချိန်တွင် သူ၏ ကိုယ်ခွဲ ဖျက်ဆီးခံရမည့်အချိန်လည်း ဟုတ်နေသည်။ ကံဆိုးသည်မှာ သူက သူတို့အားလုံးကို မသတ်နိုင်ပေ။ သူသည် သူတို့အားလုံးကို လွတ်ပေးလိုက်သည်နှင့် တောင်ပေါ်သို့ ကျားကို လွတ်ပေးလိုက်ခြင်းနှင့် တူနေလိမ့်မည်။
ထို့အပြင် သူ၏ တည်ရှိမှုက သူတို့ကို သတိပေးပြီးသား ဖြစ်သွား၏။ သူတို့က သတိအနေအထား ရှိနေလိမ့်မည်။ နောင်ကြ သူတို့ကို ဖမ်းချင်လျှင် လွယ်ကူတော့မှာ မဟုတ်ပေ။
သူ၏ ကိုယ်ပိုင်ခွန်အားကို တွက်ဆလိုက်၏။ သူ၏ လက်ရှိခွန်အားဖြင့် ကြိုးစားပမ်းစား တိုက်ခိုက်ပြီးနောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် ကြယ်တာရာသားရဲကို သတ်ဖြတ်နိုင်လောက်သည်။ သူက ၄င်းကို အပြည့်အဝ ဖျက်ဆီးနိုင်မည်ဆိုလျှင် နှစ်ကောင်သာ ကျန်မည်ဖြစ်ကာ စီရင်စု၉ခုအတွက် ခြိမ်းခြောက်နိုင်မှုက ပိုနည်းသွားလိမ့်မည်။
ထိုအတွေးဖြင့် သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ သူ၏ စွမ်းအင်ခန္ဓာက စတင်လှုပ်ခါလာစဥ် ရုတ်တရက် တောက်ပလာလေ၏။
ကြယ်တာရာသားရဲသုံးကောင်က ထိတ်လန့်သွားတော့သည်။
” ဂရုစိုက်။ သူ သေတဲ့အထိ တိုက်ခိုက်ချင်နေပြီ ”
သူတို့၏ အဆင့်သို့ ရောက်ရှိပြီးနောက် အလှည့်များစွာ တိုက်ခိုက်ပြီး တိုက်ပွဲကို ဝေဖန်ဆန်းစစ်ပြီးနောက် တစ်ယောက်ချင်းစီ၏ လှုပ်ရှားမှုကို သူတို့၏ လက်ဖမိုးပမာ သိနေပြီဖြစ်သည်။
ထင်သည့်အတိုင်းပင် လုချင်ရှန်းက နောက်တစ်စက္ကန့်၌ လှုပ်ရှားတော့၏။ သူက ကြီးမားသည့် ဓါးဆန္ဒကြီးဖြင့် ဓါးတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ဓါး၏ ခမ်းနားထည်ဝါမှုက ကောင်းကင်ထဲရှိ ကြယ်များကို သူတို့၏ အရောင်အဝါ ဆုံးရှုံးသွားစေ၏။
” အစွမ်းထက်လိုက်တဲ့ ဓါးသိုင်းပဲ။ ငါတို့ ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး ”
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသုံးကောင်က ထုတ်ဖော်ပြောပြီး ရှောင်တိမ်းရန် ချက်ချင်း ပြင်ဆင်လိုက်လေ၏။
သို့သော် သူတို့ ရှောင်သည်နှင့် ဓါးအလင်းက အလှည့်အပြောင်းဖြစ်ကာ ဒဏ်ရာရထားသည့်ကြယ်တာရာသားရဲဆီသို့ ဦးတည်သွားတော့သည်။
” မြေအမတာ ၀မ်။ သူ့ရဲ့ ပစ်မှတ်က မင်းပဲ။ မြေခွင်း နည်းစနစ်ကို သုံးလိုက် ”
မြေအမတာက တော်ဝင်အဆင့် ရွေ့လျားမှုနည်းစနစ်၊ မြေမြုပ်နည်းစနစ်ကို အသုံးပြုကာ တောင်ထဲသို့ ဝပ်ချင်သည်။ သို့သော် ယင်းက နောက်ကျသွားပြီဖြစ်၏။ သူ ဒဏ်ရာပြင်းပြင်းထန်ထန် မရထားလျှင် ထိုဓါးကို အလွယ်တကူ ရှောင်တိမ်းနိုင်ပေလိမ့်မည်။ သို့သော် သူ၏ ဓါးက ဒဏ်ရာပြင်းထန်လွန်းနေ၏။ ပြင်းထန်လွန်းသောကြောင့် ဝိညာဥ်စွမ်းအင်ကို လှည့်ပတ်သည့်အချိန်တွင်တောင် ခန္ဓာကိုယ်ထဲရှိ စူးရှသော နာကျင်မှုကို ခံစားမိသည်။
ပြီးသွားပြီ။
ယင်းက ကြယ်တာရာသားရဲသုံးကောင်၏ အတွေးတစ်ချက်ဖြစ်၏။ မြေအမတာက သေချာပေါက် သေလိမ့်မည်။
လုချင်ရှန်း၏ မျက်လုံး၌လည်း စိတ်သက်သာရာရသည့် အမူအယာ ပေါ်လာသည်။ ထိုဓါး၌ သူ၏ အသန်မာဆုံး ဓါးဆန္ဒသိပ်သည်းထားမှု ပါရှိကာ မြေအမတာကို သတ်ဖြတ်ရန် လုံလောက်နေပြီဖြစ်သည်။ ဤနည်းဖြင့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲနှစ်ကောင်သာ ကျန်တော့မည်။ ပြီးနောက် သူ၏ ကျန်ရှိသည့် ဓါးဆန္ဒကို သူတို့ခန္ဓာကိုယ်ပေါ်၌ ကပ်တွယ်ထားလိုက်မည်။ သူ တံခါးပိတ်ကျင့်ကြံရာ၌ ထွက်လာပြီးနောက် ထိုအံ့ဖွယ်အဆင့် ကြယ်တာရာသားရဲနှစ်ကောင်ကို ရှာကာ သူတို့ကို ဖျက်ဆီးလိုက်မည်။ ထိုအချိန်ရောက်လျှင် ပြဿနာရှိတော့မှာ မဟုတ်ပေ။
သို့သော် သေရေးရှင်ရေးအခြေအနေ၌ ကြယ်ဆုံကောင်းကင်ကနေ ဓါးအလင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ ဓါးအလင်းကို ထိမှန်သွားသည်။
ဖုန်း။
နှစ်ခုတိုက်မိသွားပြီး အစွမ်းထက်သည့် လှိုင်းက ကြယ်တာရာသားရဲသုံးကောင်ကို လွှင့်ထွက်သွားစေ၏။ အလင်းက ညအမှောင်ယံအတွင်း လျင်မြန်စွာ ပြန့်ကားသွားကာ တောင်ထဲရှိ အမှောင်ထုကောင်းကင်ကို လင်းထိန်သွားစေသည်။
မရေမတွက်နိုင်သည့် သတ္တဝါများစွာသည် လုချင်ရှန်းနှင့် ကြယ်တာရာသားရဲလေးကောင်ကြားရှိ တိုက်ပွဲကြောင့် ထိတ်လန့်နေပြီးသားဖြစ်ကာ ထပ်မံ ထိတ်လန့်သွားကြပြန်၏။
ဖုန်း ဖုန်း ဖုန်း။
ပြင်းထန်သည့် ပေါက်ကွဲမှုများဖြင့် ကြယ်တာရာသားရဲသုံးကောင်က တောင်သုံးလုံးနှင့် တိုက်မိသွားသည်။
သို့သော် သက်ရောက်မှုက သူတို့၏ အံ့ဖွယ်အဆင့် ခန္ဓာကိုယ် ထိခိုက်မှုမရှိစေပေ။ ထိုအစား …..အား လုချင်ရှန်း၏ သေစေနိုင်သော ဓါးကို ရှောင်တိမ်း
ခွင့်ပေးလိုက်၏။
” ဘာတွေဖြစ်ကုန်တာလဲ။ ဘယ်သူ လှုပ်ရှားလိုက်တာလဲ ”
” ငါတို့ ကြယ်တာရာသားရဲမျိုးနွယ်စုရဲ့ ဘစ်ဘော့ကြီးများလား ”
လုချင်ရှန်း၏ ဓါးဆန္ဒကိုယ်ခွဲစွမ်းအင်ခန္ဓာက အားနည်းပြီးရင်းအားနည်းလာကာ ဖောက်ထွင်းမည်လုနီးပါး ဖြစ်လာ၏။
သို့သော် သူက သုန်မှုန်သည့် အမူအယာ ရှိနေသည်။ သူ့အမူအယာသည် ယခင်က ထိုမျှ မဆိုးဖူးပေ။ ဓါးရောင်ခြည်၏ ဓါးဆန္ဒသည် သူ့ဘဝတွင် ဆုံတွေ့ခဲ့ဖူးသည့် ထိပ်တန်းရန်သူ သုံးယေယက်ထဲမှတစ်ယောက်ဆိုတာ သေချာ၏။ သို့သော် ယင်းက သူ ဂရုစိုက်သည့်အရာ မဟုတ်ပေ။ သူ ဂရုစိုက်သည်က ထိုဓါးဆန္ဒကို ယခင်က တစ်ခါမှ မတွေ့ဖူးတာပဲ ဖြစ်သည်။ တစ်နည်းဆိုရလျှင် အသစ်ရောက်လာသူက ဓါးသိုင်းကျွမ်းကျင်သူ အသစ်ဖြစ်ရမည်။ ဓါးဧကရာဇ်အသူရာနဂါးနှင့် သူအပြင် စီရင်စု၉ခုထဲ၌ ထိုကဲ့သို့ ဓါးသိုင်းကျွမ်းကျင်သူတစ်ယောက် ရှိလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားပေ။
သူ၏ အကြည့်များက အတော်လေး ကြမ်းကြုတ်နေ၏။ တစ်ဖက်သူသည် မည်သူဆိုတာ သိချင်သည်။
နောက်တစ်စက္ကန့်တွင် ယဲ့ရှောင်က လေဟာနယ်ထဲက ထွက်ပေါ်လာ၏။
” မြန်လိုက်တဲ့ အရှိန် ”
လုချင်ရှန်းက ထိတ်လန့်သွားသည်။ သူက ယဲ့ရှောင်၏ အရှိန်ကြောင့် လန့်သွားတာပဲ ဖြစ်၏။ သူ၏ အတွေ့အကြုံအရ ယဲ့ရှောင်၏ ကျင့်ကြံဆင့်သည် ရှန်းထျန်းနဝမအဆင့်သို့ မရောက်သေးကြောင်း သေချာသည်။ သူက အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်တွင်ရှိပြီး သူ၏ အရှိန်အဝါက ထိပ်သီးသို့ရောက်ရန် မလုံလောက်ပေ။ သို့သော် သူ၏ အရှိန်က သူ့ခန္ဓာအစစ် ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦး၏ အထွတ်အထိပ်ထက် မနိမ့်ပေ။ ထိုလူက အတော်အရည်အချင်းရှိ၏။ လုချင်ရှန်းက အနည်းငယ် စိတ်လှုပ်ရှားသွားတော့သည်။
ယင်းက သန်မာပြီး ကျင့်ကြံသူတစ်ဦး၏ သန်မာသော ကျင့်ကြံသူတစ်ယောက်ကို ဆုံတွေ့သည့်အချိန်၌ တစ်ယောက်နှင့်တစ်ယောက်အသိအမှတ်ပြုသည့် ခံစားချက်မျိုး ဖြစ်သည်။
ထိုကဲ့သို့ ခံစားချက်မျိုး မရတာ နှစ်ပေါင်းမည်မျှ ကြာမည်မှန်း သူ မသိတော့ပေ။ ယင်းက စိတ်လှုပ်ရှားစရာ ကောင်းလွန်း၏။
တစ်ဖက်သူ၏ မျက်နှာကို မြင်သည့်အချိန်၌ သူက မင်သက်သွားမိသည်။
တစ်ဖက်လူက သူစိမ်းတစ်ယောက် ဖြစ်နေသောကြောင့် မဟုတ်ပဲ သူ ငယ်ရွယ်လွန်းသောကြောင့် ဖြစ်သည်။ လုချင်ရှန်းက နှစ်ပေါင်းရာချီ နေထိုင်လာခဲ့၏။ ထို့ကြောင့် အရိုးများကို မြင်နိုင်သည့် သူ၏ စွမ်းရည်သည် သာမန်အံ့ဖွယ်ဂိုဏ်းထက် ပိုသန်မာ၏။ သူ့ကိုယ်ခွဲသာ ဤနေရာတွင် ရှိနေသည့်တိုင် ၄င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ တစ်ဖက်သူက အလွန်ငယ်ရွယ်၏။ ယင်းက လုချင်ရှန်း၏ ရင်ကို ပိုတောင် ရှုပ်ထွေးသွားစေသည်။ လူငယ်လေးသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုကျင့်ကြံဆင့်ထိရောက်အောင် တကယ်ကျင့်နိုင်ခဲ့၏။ စီရင်စု၉ခု၏ သမိုင်းကြောင်းတစ်ခုလုံးထဲ၌ ထိုအဆင့်သို့ ရောက်နိုင်သည့် သူက အနည်းစုသာ ရှိသည်။ ထိုအကြောင်းကို တွေးမိသောအခါ သူ အံ့ဖွယ်ဂိုဏ်းသို့ ရောက်သည့်အချိန် သူက အသက် ၃၀ရှိနေပြီ ဖြစ်သည်။ ထိုသို့တိုင် လောကကြီးက အသိအမှတ်ပြုသည့် ဓါးသူတော်စင်တစ်ယောက်ဖြစ်လာပြီး ကမ္ဘာ့နဂါးစာရင်း၌ အဆင့် ၁၀ရထား၏။
သူအသက် ၃၀အရွယ်သို့ရောက်သည့်အချိန်၌ ပိုတောင် ကြောက်မက်ဖွယ်ကောင်းသည်က သူအသက်၃၀သို့ ရောက်သည့်အချိန်မှ သူသည် ရှန်းထျန်းသတ္တမအဆင့်သို့ ရောက်နိုင်ခဲ့ပြီး အံ့ဖွယ်ဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့တာ ဖြစ်သည်။
သို့သော် တစ်ဖက်လူ၏ ကျင့်ကြံဆင့်က ရှန်းထျန်းသတ္တမအဆင့်တွင် ရှိရုံတောင် မဟုတ်တာ သေချာသည်။
ဒီကလေး။ ဒီကလေးက တကယ်ရော လူဟုတ်ရဲ့လား။
သူက ရှေးခေတ်တည်းက ဆင်းသက်လာတဲ့ ထိပ်တန်းအဆင့် ကြယ်တာရာသားရဲ မဟုတ်ရင် သူက ပြိုင်ဘက်ကင်း လူသားအကြီးအကဲဆီကနေ မွေးလာခဲ့တဲ့ ဧကရာဇ်ရဲ့ မျိုးဆက်သားများလား။
လုချင်ရှန်းက သူ့ကို ချီးကျူးနေတာ မဟုတ်တာ သေချာ၏။ သူက နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့ပြီး တစ်လောကလုံးကိုလည်း လည်ပတ်ခဲ့ဖူး၏။ မရေမတွက်နိုင်သည့် ပါရမီရှင်များစွာကို တွေ့ခဲ့ဖူးသည်။ သို့သော် လွန်ခဲ့သည့် အနှစ်တစ်ရာတွင် သူ တွေ့ခဲ့သည့် ပါရမီရှင်များအားလုံးက သူ့ရှေ့ရှိ လူနဲ့ မယှဥ်နိုင်ကြပေ။
စီရင်စု၉ခုထဲရှိ နံပါတ်တစ် ပုဂ္ဂိုလ်ကတောင် ဤလောကထဲရှိ နဂါးစာရင်းရှိ နံပါတ်တစ် ဓါးဧကရာဇ်အသူရာနဂါးက နဂါးသာလျှင် သူ့ကိုစိတ်ရောကိုယ်ပါ အညံ့ခံစေနိုင်သည့်သူဖြစ်ပြီး သူ့ရှေ့ရှိ လူနှင့် ယှဥ်လျှင် အမှန်တကယ် မှေးမှိန်သွား၏။
ယဲ့ရှောင်က သူ ရောက်ရှိလာမှုက လုချင်ရှန်းကို စိတ်ကူးယဥ်ကမ္ဘာထဲ ကျရောက်သွားစေလိမ့်မည်ဟု မထင်ထားပေ။ သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုလိုက်ရာ တစ်ဖက်သူသည် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို သတ်ပြီးကြောင်း အာရုံခံမိ၏။ နောက်တစ်ကောင်သတ်လိုက်လျှင် သူ့အတွက် ဘာကျန်တော့မည်နည်း။
သူသည် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအချို့ကို ဖမ်းဆီးရန်အတွက် တန်ကြေးကြီးကြီး ပေးဆပ်ထားရသည်။ ထိုအကြောင်းအရင်းကြောင့် ဓါးကို တားလိုက်ပြီး တစ်ဖက်လူက မြေအမတာကို ထပ်မဖျက်ဆီးနိုင်အောင် ဟန့်တားတားလိုက်တာပဲ ဖြစ်သည်။
သို့သော် လုချင်ရှန်း၏ ကိုယ်ခွဲကို မြင်တွေ့သည့်အချိန်၌ သူက အနည်းငယ် ထိတ်လန့်သွားမိ၏။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ဖြန့်ကျန့်ထားပြီးဖြစ်ရာ တစ်ဖက်သူသည် ဓါးဆန္ဒကိုယ်ခွဲသာဖြစ်ပြီး ပင်မခန္ဓာ မဟုတ်ကြောင်း သိလိုက်ရ၏။

အပိုင်း ၁၅၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset