Switch Mode

Chapter – 157

အမဲလိုက်သည့် အခြေအနေတွင်

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၅၇ အမဲလိုက်သည့် အခြေအနေတွင်။

ယဲ့ရှောင်က ဖုန်းချလိုက်ပြီး ဟွမ်လျိုလီက ကောင်းကင်ထဲသို့ ပျံသန်းသွားလေ၏။ သူမက ယဲ့ရှောင်၏ လက်တွင်းရှိ ရွှေရောင်ကျိဖုန်းကို ကြည့်ပြီး တံတွေးများ မြိုချမိတော့၏။ သူမ၏ မျက်လုံးက အစိမ်းရောင်အလင်းဖြင့် တောက်ပနေလေ၏။
ယဲ့ရှောင်နောက်သို့ လိုက်ချိန်မှစပြီး သူမသည် ကြယ်တာရာသားရဲများ၏ ပါဝင်ပစ္စည်းများအကြောင်း ပိုမိုဇီဇာကြောင်ပြီး ချေးများလာတော့၏။ တစ်ချိန်တည်းတွင် သူမက ပိုမိုကောင်းစွာ သိမြင်လာလေ၏။ အမွေးများကို ကြည့်ရုံဖြင့် ကျိဖုန်းသည် ပိုသန်မာလာပြီဖြစ်ကြောင်း ခန့်မှန်းနိုင်၏။ အရသာက ပိုကောင်းလာမှာ သေချာသည်။ သူ ထပ်ပြီး ကံကောင်းပြန်ပြီ ဖြစ်သည်။
” သခင် အောက်က ကြယ်တာရာသားရဲတွေအားလုံး ချက် မိသားစုက ဖျက်ဆီးလိုက်တယ်။ တစ်ကောင်မှ မကျန်ဘူး။ သားရဲအမြုတေတွေအားလုံး ဒူးထောက်ခံထားရတာ။ သူတို့ကို အသက်ပြန်သွင်းဖို့ မဖြစ်နိုင်တော့ဘူး။ ဟီး ဟီး ဟီး ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် ကျိဖုန်း၏ အလောင်းနှင့် ဟွမ်လျိုလီ ပေးလိုက်သည့် ကြယ်အမြုတေကို သူ၏ သိုလှောင်လက်စွပ်ထဲ ချက်ချင်း ထည့်လိုက်၏။ ပြီးနောက် ကောင်းကင်ပြုပြင်ခြင်း၊ နံနက်ခင်းကြယ်ကျင့်စဥ်နှင့် အထွတ်အထိပ်ကုသခြင်းနည်းစနစ်တို့ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ သန့်စင်သည့် ရွှေရောင်အလင်းက စတင်ပြန့်ကားလာ၏။ အစွမ်းထက်ပြီး သိမ်မွေ့သော ကုသခြင်းစွမ်းအားသည် မြူသဖွယ် အောက်ရှိ မြို့ဆီသို့ ပြန့်ကားသွား၏။ မကြာမီ၌ ၄င်းက မြေပြင်ပေါ်ရှိ ဒဏ်ရာရထားပြီး စစ်သားများနှင့် သေကုန်ပြီးသော သူများပေါ် လွှမ်းခြုံသွားသည်။
အစက အောက်ရှိ စစ်သည်တော်များသည် ရွှေရောင်အလင်းကို မြင်တွေ့သည့်အချိန်၌ သူတို့အံ့သြကာ ဆွံ့အကုန်၏။ ဘာဖြစ်မှန်း မသိကြပေ။ သူတို့က ဒဏ်ရာရခဲ့ပြီး ကြွေလွင့်ထားသော စစ်သည်တော်များ ပျောက်ကင်းပြီး မြေကြီးပေါ်က ထရပ်လာတာကို မြင်လိုက်ရ၏။
” အမ်း … ငါ့ဒဏ်ရာတွေ ပျောက်သွားပြီ။ ငါ့ရဲ့လက်က ပြန်ရောက်လာပြီ ”
” ငါရောပဲ။ ငါခြေထောက်ကျိုးသွားတာ ပြန်ကောင်းသွားပြီ ”
” ငါ ငါသေသွားပြီမလား။ ဘာကြောင့် အသက်ပြန်ရှင်လာတာလား။ ဘာတွေဖြစ်နေတာလဲ ”
သေသွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသည့်သူများ အခြေအနေ ပြန်ကောင်းလာတာကိုကြည့်ပြီး အားလုံးက ကြက်သေ သေနေလေ၏။
ဒါ ဘယ်လိုစွမ်းအားမျိုးလဲ။
တစ်ချိန်တည်းမှာ လူတစ်သန်းကျော်ကို အသက်ပြန်သွင်းနိုင်တာ ဆန်းကြယ်တဲ့ တည်ရှိမှုပဲ။ မဟုတ်ဘူး ဒါက ဆန်းကြယ်မှုတစ်ရပ် အမှန်တကယ် ပဥ္စလက်ဆန်တာ။
နတ်ဘုရားတစ်ပါးသာလျှင် ထိုကဲ့သို့ ပြုလုပ်နိုင်၏။
” ဆရာ မြို့တော်ဝန် ဘာတွေဖြစ်ကုန်တာလဲ။ သေသွားတဲ့သူတွေအားလုံး အသက်ပြန်ရှင်လာပြီး ဒဏ်ရာရထားတဲ့ သိုင်းပညာရှင်တွေအားလုံး ပြန်ကောင်းသွားပြီ ”
ကြွေလွင့်ဖီးနစ်မြို့၏ မြို့တော်ဝန်က ကောင်းကင်ထဲရှိ ရွှေရောင်အလင်းလုံးကို ကြည့်ပြီး သူ၏ မျက်လုံးထဲ၌ လေးနက်သော အတွေးများ ပြည့်နေလေ၏။
” ဖြစ်နိုင်တာက လူသားမျိုးနွယ်စုရဲ့ အဲ့ဒီကယ်တင်ရှင် ပေါ်လာတာလား ”
ကုသမှုက တစ်မိနစ်ခန့် ကြာညောင်းခဲ့၏။ တစ်မိနစ်အပြည့် ကြာခဲ့ပြီး တစ်မိနစ်ပြီးနောက် ယဲ့ရှောင်က အနည်းငယ် မောဟိုက်သွားကာ သူ၏ မျက်နှာက ဖြူလျော့သွားတော့သည်။ သူက တစ်ချိန်တည်းတွင် တော်ဝင်ကုသခြင်းနည်းစနစ် သုံးမျိုးကိုအသုံးပြုခဲ့ပြီး ကြွေလွင့်ဖီးနစ်မြို့တစ်မြို့လုံးကို လွှမ်းခြုံခဲ့ကာ ကုသသူ တစ်သန်းကျော်ထက် ပိုအောင် ကုသပေးခဲ့သည်။ သူက ရှန်းထျန်းအဌမအဆင့်သို့ ရောက်ပြီးဖြစ်သည့်တိုင် တော်ဝင်နည်းစနစ်၊ ခရမ်းရောင်ကြယ်ပင်လယ်၏ ပံ့ပိုးပေးမှုဖြင့်အနည်းငယ် ကြိုးပမ်းမှုများစွာ လိုအပ်နေသေးသည်ဟု ခံစားမိ၏။
သို့သော် ကုသခြင်း ကျင့်ကြံမှု နည်းစနစ်ကို ရပ်တန့်ပြီး ခရမ်းရောင်ကြယ်ပင်လယ်က ဝိညာဥ်စွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက် ယဲ့ရှောင်၏ အမူအယာက အသက်ရှူစာ အနည်းငယ်ကြာပြီးနောက် ပုံမှန်အနေအထားသို့ အမြန်အဆန် ပြန်ရောက်လာ၏။
အောက်တွင် ဒဏ်ရာရသည့်သူ မရှိတော့တာကို တွေ့သောအခါ ယဲ့ရှောင်က အချိန်ဖြုန်းမနေတော့ပေ။ အတွေးတစ်ချက်ဖြင့် ကောင်းကင်စိတ်အာရုံကို ထုတ်သုံးပြီး ကြယ်ဆုံကောင်းကင်ထဲ၌ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
အသက်ရှူစာအနည်းငယ်ကြာပြီးနောက် ယဲ့ရှောင်သည် မိုင်ရာချီကွာဝေးသော တောအုပ်ထဲ၌ ပေါ်လာလေ၏။
ထိုတောင်ဆန်းတောအုပ်ပေါ်သို့ ရောက်သည့်အချိန်၌ သူ သိုလှောင်လက်စွပ်ထဲမှ ကျိဖုန်း၏ အလောင်းကိုထုတ်ပြီး မြေပြန့်ပေါ် တင်ထားလိုက်သည်။ ကျိဖုန်း၏ အလောင်းက အကောင်းပကတိရှိနေသေးရာ သူက ၄င်းကို ပြန်ပြင်ရန် ကောင်းကင် ပြုပြင်ခြင်းကို သုံးရန်သာ လိုအပ်၏။ သူမ အလွယ်တကူ အသက်ပြန်ရှင်လာလိမ့်မည်။
” ကတော် ကတော် ကတော် ကတော် ”
ကျိဖုန်းသည် အိပ်မောကျနေသည့်ပမာ ရေရွတ်ပြောနေပြီး နိုးလာလေ၏။ ယဲ့ရှောင်နှင့် ဟွမ်လျိုလီကို မြင်လိုက်ရချိန် ကြက်က တုန်ယင်သွားတော့သည်။
ရှစ်။ ဒါမျိုး ထပ်ဖြစ်ပြန်ပြီ။ ဒီနှစ်ကောင်။ သခင်နဲ့ ကျွန်နှစ်ယောက်။ သူ့ရဲ့ ခန္ဓာကိုယ်ကို စဖျက်နေပြန်ပြီ။
သူတို့က သူမကို အသက်ပြန်သွင်းတယ်။ ကုသပေးတယ်။ ပြီးရင် တောင်ပံတွေနဲ့ ကြက်ခြေထောက်တွေကို ဆက်ခုတ်နေတာ။
” နင်တို့ နှစ်ကောင် ပြီးပြီလား။ အနည်းဆုံးတော့ ကြယ်တာရာသားရဲတစ်ကောင်အတွက် လှဲလှယ်ပြီးလေ။ ကြက်တစ်ကောင်အတွက် လှဲလှယ်ပြီးရင်တောင် အဆင်ပြေတယ်။ ဒီလောက်ထိ လွန်ကြူးနေရမှ ဖြစ်မှာလား။ ဘာကြောင့်များ ကြက်တစ်ကောင်ကိုပဲ ကြည့်နေရတာလဲ။ ဘာ့ကြောင့်လဲ ”
” ဘာလို့လဲဆိုတော့ ငါက တခြားအံ့ဖွယ်အဆင့် ကြက်တွေကို မရှာနိုင်လို့လေ ”
သူပြောပြီးသည်နှင့် ယဲ့ရှောင်က ဓါးအလင်းကို ဝှေ့ရမ်းကာ ကျိဖုန်း၏ တောင်ပံကို ခုတ်ပိုင်းလျက် ၄င်းတို့ကို ဟွမ်လျိုလီဆီအား ပေးလိုက်၏။
” လျိုလီ မီးမွှေးလိုက် ”
” သိပါပြီ ”
ဟွမ်လျိုလီက စိတ်လှုပ်ရှားစွာ မီးမွှေးလိုက်ပြီး ကြက်တောင်ပံပေါ်ရှိ အမွေးများအားလုံးကို နုတ်လိုက်၏။ ပြီးနောက် ၄င်းတို့ကို မီးပေါ်တင်ကာ မီးတောက်ကို မီးအားပြင်းစေရန် ဝိညာဥ်စွမ်းအင်ကို အသုံးပြုပြီး စတင် ကင်တော့၏။ တစ်ဖက်တွင်မူ ယဲ့ရှောင်က ကျိဖုန်း၏ ခန္ဓာကိုယ်ကို ပြန်ပြင်ပေးရန် ကုသခြင်းနည်းစနစ် စတင်သုံးပြန်၏။
ကျိဖုန်းက ပြိုလဲနေပြီးသား ဖြစ်သည်။ နောက်ဆုံးအခေါက်က နာကျင်မှုက သူမကို ယခုအချိန်ထိ ကြောက်လန့်နေသေးဆဲ ဖြစ်၏။ ပြီးနောက် သူမ၏ အကြောက်တရားက နည်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း ထပ်ရောက်လာပြန်၏။
” မကောင်းတဲ့ကောင်။ သေသင့်တဲ့ကောင်။ နင်တို့ မိစ္ဆာကောင်တွေ။ တိရစ္ဆာန်ထက် ဆိုးတဲ့ကောင်တွေ ”
” သောက်ဂွပဲ။ မသေမျိုး မျိုးမစစ်ကောင် ”
” နင်တို့နှစ်ယောက်စလုံး ဆိုးဆိုးရွားရွားသေပါစေလို့ ငါ ကျိန်တယ် ”
ကျိဖုန်းက ဆက်လက် ဆဲဆိုနေ၏။ ယဲ့ရှောင်က သူ့ကို လျစ်လျူရှူထားပြီး ကြက်တောင်ပံများကို ကြည်လည်စွာ ဆက်ခုတ်ပိုင်းနေ၏။ ပြီးနောက် သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီး သူတို့ကို ကုသရန် ကုသခြင်းနည်းစနစ်ကို အသုံးပြုလေ၏။ …..နေတာက အမွေးတိုင် တစ်ဝက်ထိုးစာခန့် ကြာခဲ့သည်။ ကျိဖုန်း၏ ပထမဆုံး အတောင်ပံကို အပြည့်အဝ ကင်ပြီးချိန်၌ နောက်ဆုံးတွင် မထိန်းထားနိုင်တော့ပေ။ သူမ မည်မျှ ကျိန်ဆဲစေကာမူ ယဲ့ရှောင်က မကြားချင်ယောင်ဆောင်နေ၏။
ဆန့်ကျင်ဘက်အနေဖြင့် ကြက်တောင်ပံခုတ်သည့် စွမ်းရည်က ပိုမိုကြမ်းတမ်းလာတော့သည်။ အစက ချက်ချင်းပင် တောင်ပံကို ဖြတ်ရန် ဓါးတစ်ချက်သာ သုံးသည်။ အဆုံးတွင်မူ သူက လကဲ့သို့ ဖြည်းဖြည်းချင်း ဖြတ်နေလေ၏။ အသည်းခိုက်ဖွယ် နာကျင်မှုက ကျိဖုန်းကို ရွေးချယ်စရာမရှိတော့ပဲ သူမ မထိန်းထားနိုင်ကြောင်း ဝန်ခံရုံမှလွှဲရင် ရွေးချယ်စရာမရှိ ဖြစ်စေ၏။ ယင်းက နာကျင်လွန်းသည်။ သိုင်းပညာရှင်များနှင့် ကြယ်တာရာသားရဲများသည် သူတို့ကျင့်စဥ် တိုးတက်လာသည်အမျှ စိတ်စွမ်းအား ဆက်တိုက် တိုးလာသည်ဆိုသော်ငြား နာကျင်မှုအပေါ် သူတို့၏ သိမြင်မှုကလည်း တိုးလာသေး၏။
နှစ်မျိုးဆုံသွားသည့်အချိန်၌ မသေမျိုးများတောင် ၄င်းကို ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
” ငါ အရှုံးပေးတယ် အရှုံးပေးတယ်။ ငါ့တောင်ပံတွေကို ထပ်မဖြတ်နဲ့တော့ ”
ယဲ့ရှောင်က လုပ်နေတာကို ရပ်လိုက်ပြီး ထူးမခြားနား ပြောလိုက်လေ၏။
” အလှဲအလှယ်အနေနဲ့ ဘာပေးမှာလဲ ”
ကျိဖုန်းက ယဲ့ရှောင်ကို ကြည့်ပြီးနောက် ခဏတာစဥ်းစားလိုက်သည်။ ပြီးနောက် အံကြိတ်ကာ ပြောလိုက်၏။
” အလွန်ဆုံးမှာ ငါ နင့်ကို ခစားရုံပေါ့ ဟုတ်တယ်မလား။ လူသား ယောင်္ကျားတွေက လှတာတွေကို ကြိုက်တာ မဟုတ်ဘူးလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ငါ ဒါမျိုး စိတ်မဝင်စားဘူး ”
” ဒါဆိုရင် နင် ဘာလိုချင်တာလဲ ”
” မင်းမှာ အဖော်အပေါင်းတချို့ရှိတယ်လို့ မင်း ပြောတာ ကြားဖူးတယ်။ သူတို့အားလုံးက စီရင်စု၉ခုထဲက ချိတ်ပိတ်မှုအသီးသီးကနေ လွတ်မြောက်လာတဲ့ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေမလား ”
ကျိဖုန်း၏ မျက်နှာထက်၌ သတိထားသည့် အရိပ်အယောင် ချက်ချင်း ပေါ်လာသည်။
” နင် ဘာလိုချင်တာလဲ ”
” ငါ ဘာမှမလိုချင်ဘူး။ မင်း သူတို့ကို ငါ့ဆီ ခေါ်လာပေးခဲ့မယ်ဆိုရင် မင်းကို ချမ်းသာပေးမယ် ”
” အိမ်မက်မက်နေလိုက် ”
ကျိဖုန်းက ဒေါသထွက်လွန်းသောကြောင့် ချက်ချင်း ကျိန်ဆဲလိုက်သည်။ ယဲ့ရှောင် လုပ်ချင်သည့် အရာကို သူ နောက်ဆုံးတော့ သိသွားပြီဖြစ်သည်။
ယခင်က ယဲ့ရှောင်သည် သတိအနေအထားကိုရုတ်တရက် လျှော့ချပြီး သူမကို ထွက်ပြေးရန် အခွင့်အရေး ပေးလိုက်ရသည့်အကြောင်းကို သူမ အံ့အားသင့်နေခဲ့၏။ ယခုအချိန်ကျမှသာ ယဲ့ရှောင် တမင်တကာ လုပ်ခဲ့ကြောင်း သူ နားလည်သွားတော့သည်။
အစတည်းက သူသည် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများအားလုံးကို ဖမ်းရန် ပြင်ဆင်ထားတာပဲ ဖြစ်သည်။
သေသင့်တယ်။ ကောက်ကျစ်တဲ့ လူသား။ သူက သူမကို ကြယ်တာရာသားရဲမျိုးနွယ်စုကို သစ္စာဖောက်စေချင်တယ်ဆိုရင် သူ အဲ့ဒီအကြောင်း မေ့ထားလိုက်တော့။
ယဲ့ရှောင်က ဒေါသမထွက်သွားပေ။ ကျိဖုန်း၏ တုံ့ပြန်မှုက သူ တွေးထင်ထားမှုအတွင်း၌ ရှိနေလေ၏။
သူသည် ကျိဖုန်း၏ မှတ်ဉာဏ်ကို ရှာဖွေရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကိုလည်း အသုံးပြုနိုင်သည်။ သို့သော် ကျိဖုန်းကိုယ်တိုင်က အံ့ဖွယ်အဆင့် ဖြစ်နေ၏။ သူက မီးဖီးနစ်၏ သွေးအဆီအနစ်အကြွင်းအကျန်ကို စုပ်ယူထားခါစဖြစ်ရာ ဝိညာဥ်စွမ်းအင်က ထပ်တိုးလာပြီ ဖြစ်သည်။ သူ့ကို ဆက်တိုက် စစ်မေးရန် ရုပ်ပိုင်းဆိုင်ရာကိုသတ်ဖြတ်ခြင်းထက် သူ၏ စိတ်ကို ရှာဖွေဖို့ ဝိညာဥ်စွမ်းအား သုံးခြင်းက ပြဿနာ ပိုများသည်။ သို့သော်ငြား တစ်ဖက်သူက သူ့အတွက် ဘာကောင်းမှန်း မသိသောကြောင့် သူကလည်း ဒုက္ခခံရဖို့ စိတ်မရှိပေ။ ဝိညာဥ်စွမ်းအင်တိုက်ခိုက်မှုသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုထက် အဆပေါင်းများစွာ ပိုနာကျင်၏။
ကျိဖုန်းက ကျိန်ဆဲနေစဥ် ရုတ်တရက် သူမ၏ စိတ်ကို တိုက်ခိုက်နေသော ဝိညာဥ်စွမ်းအင်ကို ခံစားမိလိုက်၏။ သူမက ၄င်းကို အာရုံမစိုက်ခဲ့မိပေ။ ရုပ်ချည်းတိုက်ခိုက်မှုက ယဲ့ရှောင်ကို အောင်မြင်လုနီးပါး ဖြစ်စေခဲ့၏။ သို့သော် အနည်းငယ် တိုတောင်းတာ နှမြောစရာ ကောင်းလှသည်။
” အား .. နင် ဘာလုပ်နေတာလဲ ”
ကျိဖုန်းက ချက်ချင်းပင် တအံ့တသြ အော်လိုက်မိ၏။ ကြက်က ပိုတောင် ကြောက်လန့်လာတော့သည်။
သူမက သူမကိုသူမ ကာကွယ်ရန် ဝိညာဥ်စွမ်းအင်ကို ချက်ချင်း သုံးလိုက်ပြီး မှတ်ဉာဏ်များကို ကာရန် နံရံတစ်ခု တည်ဆောက်လိုက်၏။
ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်က လှံရှည်တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး နံရံကို အညှာအတာမဲ့စွာ ချေမွတော့သည်။
ဖုန်း။
ကျိဖုန်း၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ယဲ့ရှောင်၏ တိုက်ခိုက်မှုက ကြမ်းတမ်းလွန်းလှရာ သူမ၏ စိတ်ပေါ် ခုခံမှုက လွတ်သွားသည်။ သို့သော်ငြား သူမက အံကြိတ်လျက် တက်စွမ်းသမျှ ခုခံနေလေ၏။
” ငါ သေချာပေါက် နင့်ကို ခွင့်မပြုဘူး ”
ယဲ့ရှောင်က အလျင်မလိုပေ။ လှိုင်းတစ်ခုက အလုပ်မဖြစ်လျှင်တောင် နောက်ထပ်လှိုင်းက ရောက်လာမည်။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက ၄င်း၏ လှည့်ပတ်မှု အကြိမ်အရေအတွက် တိုးလာပြီး ဝိညာဥ်စွမ်းအင်က သိပ်သည်းလာကာ ထပ်ခါတလဲလဲ ကျိဖုန်း၏ စိတ်စွမ်းအားခုခံမှုမျဥ်းကို ဆက်တိုက် ထိုးနှက်တော့၏။
သက်ရောက်မှုတိုင်းက ကျိဖုန်း၏ ဝိညာဥ်စွမ်းအင်ကို ပြိုလဲစေ၏။ သူမက အံကြိတ်လျက် တောင့်ခံထားသည်။ သူမ မှတ်ဉာဏ်များကို ယဲ့ရှောင်အား စစ်ဆေးခွင့် မပေးနိုင်ပေ။ မဟုတ်လျှင် ကျန်သည့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများအားလုံး အပြီးသတ်သွားလိမ့်မည်။ ကြယ်တာရာသားရဲများအပေါ် ထိုထိုးနှက်ချက်က စိတ်ပျက်အားငယ်စေလိမ့်မည်။ သို့သော် ယဲ့ရှောင်သည် ရှန်းထျန်းအဌမအဆင့် ကျင့်ကြံဆင့် ရှိနေသေးဆဲ ဖြစ်ကာ ဝိညာဥ်စွမ်းအင် တော်ဝင်နည်းစနစ်၊ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုလည်း ရှိနေ၏။ သူမက မီးဖီးနစ်သွေးမျိုးဆက်ကို ရထားလျှင်တောင် ၄င်းကို တောင့်ခံနိုင်မှာ မဟုတ်ပေ။
ပြင်းထန်သည့် တိုက်ပွဲ ဆက်တိုက် တွေ့ကြုံပြီးနောက် ကျိဖုန်းသည် သူမ မထိန်းထားနိုင်တော့ကြောင့် ခံစားလိုက်မိ၏။ ဝိညာဥ်စွမ်းအင်က ၄င်း၏ အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ ယဲ့ရှောင်က ထပ်မံ တိုက်ခိုက်မည်ဆိုလျှင် သူမ၏ စိတ်စွမ်းအား ခုခံမှုမျဥ်းက ယိုင်နဲ့ပြီး အပြည့်အဝ ပြိုကွဲသွားပေလိမ့်မည်။ စိတ်ပျက်အားငယ်တဲ့ သူမက အံကြိတ်လိုက်၏။
” ငါသေရမယ်ဆိုရင်တောင် မင်းကို အလွယ်တကူ ခွင့်မပြုဘူး ”
နောက်ဆုံးတွင် ယဲ့ရှောင် စိုးရိမ်ပူပန်ရသည့်အရာ ဖြစ်လာ၏။ သူမက သူ့ကိုသူ ဖောက်ခွဲရန် ဝိညာဥ်စွမ်းအင် အသုံးပြုခဲ့သည်။ ဤနည်းဖြင့် ဝိညာဥ်စွမ်းအင်များ အပြည့်အဝ ဖျက်ဆီးခံလိုက်ရပေမည်။ ယဲ့ရှောင်အဖို့ သူမ၏ မှတ်ဉာဏ်ကို ရှာဖွေပြီး အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအချို့ကို ချုံခိုတိုက်ခိုက်ဖို့ကလည်း မဖြစ်နိုင်တော့ပေ။ ဝိညာဥ်စွမ်းအင်ပေါက်ကွဲမှုက တစ်စက္ကန့်သာ ကြာ၏။ ချက်ချင်းပင် ကျိဖုန်း၏ ဝိညာဥ်က ပြိုကွဲသွားတော့သည်။
အစွမ်းထက်သော ဝိညာဥ်စွမ်းအင်လှိုင်းများက ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်ကိုတောင် ဖြတ်ကျော်လျက် တန်ပြန်တိုက်ခိုက်ကာ ထိခိုက်မှု ဖြစ်စေတော့၏။
ကံဆိုးသည်မှာ ကျိဖုန်း၏ ခွန်အားက ယဲ့ရှောင်၏ ခွန်အားထက် နိမ့်ကျနေလေသည်။ သူမက သူ၏
ဝိညာဥ်စွမ်းအင်ကိုတောင် မခုခံနိုင်လေရာ သူမ ဘာများလုပ်နိုင်မည်နည်း။ သူမက သူ့ကို မည်ကဲ့သို့ ထိခိုက်အောင် ပြုလုပ်နိုင်မည်နည်း။
ထို့အပြင် ယဲ့ရှောင်သည် သူမ၏ ကြိုးစားပမ်းစား တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရာ၌ သတိထားပြီးသား ဖြစ်၏။ ထို့ကြောင့် ကျိဖုန်းသည် သူ၏ ဝိညာဥ်စွမ်းအင်ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ခဲ့ပေ။ သက်ပြင်းချလျက် ယဲ့ရှောင်က အသက်ရှူထုတ်လိုက်၏။
” ဘာများ စိတ်အနှောက်ယှက် ဖြစ်နေရတာလဲ ”
ပြီးနောက် သူက အထွတ်အထိပ် ကုသခြင်းနည်းစနစ်ကို အသုံးပြုပြီး ကျိဖုန်း၏ ဝိညာဥ်ကို စတင်ကုသတော့၏။
ကောင်းကင်ပြုပြင်ခြင်းနည်းစနစ်နှင့် နံနက်ခင်းကြယ်ကျင့်စဥ်တို့ကလည်း ပြီးသွားနိုင်၏။ သို့သော် ယဲ့ရှောင်သည် ကစား၍ ဝသွားပြီဖြစ်သောကြောင့် နောက်ထပ် ကုသခြင်းနည်းစနစ် ပြောင်းသုံးချင်နေသည်။ သူမ၏ ကျန်ရှိသော အသိစိတ်က ဝမ်းနည်းနေသော်ငြား စိတ်သက်သာရာလည်း ရသွား၏။ အနည်းဆုံးတော့ ကျန်သည့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများကို ကာကွယ်နိုင်ကာ စီရင်စု၉ခုထဲရှိ ကြယ်တာရာသားရဲများအားလုံးကို မကျရှုံးစေခဲ့ပေ။ ကြက်က စတေးရတာက ဆုံးရှုံးမှု မရှိစေပေ။
နှုတ်ဆက်ပါတယ် .. ငါ့ရဲ့မိတ်ဆွေတို့။ ကြယ်တာရာသားရဲတွေက နောက်ဆုံး အောင်ပွဲကို သေချာပေါက် ရလိမ့်မယ်။
လူသားမျိုးနွယ်စုက ကြယ်တာရာသားရဲတွေရဲ့ ခြေထောက်အောက်မှာ သေချာပေါက် ပြိုလဲလိမ့်မယ်။
သမိုင်းကြောင်းက ငါတို့အပိုင်ပဲ ဖြစ်ရမှာ။ ကြယ်တာရာသားရဲမျိုးနွယ်စု အသက်ရှည်ပါစေ။
အသက်ရှည်ပါစေ။

အပိုင်း ၁၅၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset