Switch Mode

Chapter – 154

လူသားတွေရဲ့ နှလုံးသားက ရက်စက်တယ်။ ဒါကြောင့် သတိထားတာ အကောင်းဆုံးပဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၅၄ လူသားတွေရဲ့ နှလုံးသားက ရက်စက်တယ်။ ဒါကြောင့် သတိထားတာ အကောင်းဆုံးပဲ။

” အဟွန့် အဟွန့် အဟွန့်။ ဟုတ်တာပေါ့ ဒါက ငါ့ဟာ မဟုတ်ဘူး။ ဒါက ကျွန်မဟာ မဟုတ်ဘူး။ ကျွန်မရဲ့ အဝတ်အစားတွေ ခြေအိတ်တွေကို ရောင်းချတဲ့ ထူးထူးဆန်းဆန်း ဝါသနာ မရှိဘူးလေ ”
ယဲ့ရှောင်က မကောင်းတာ တစ်ခုခုကို ခံစားမိနေပြီ ဖြစ်သည်။ အမှန်တကယ်ပင် ဟွမ်လျိုလီက သူမ မလိုချင်တော့သည့် ပစ္စည်းများကို ရောင်းချနေလျှင် သူမက တစ်ရက်လျှင် ၁၀စုံဝတ်လျှင်တောင် မည်မျှများများ ရှိနိုင်မည်နည်း။ ထိုကဲ့သို့ အရာများက အများအပြား မထုတ်လုပ်နိုင်ပေ။
သို့သော်ငြား ဟွမ်လျိုလီသည် ပိုက်ဆံများစွာ ရနေသေး၏။ ထို့ကြောင့် နောက်ကွယ်တွင် ဖုံးကွယ်ထားသော အကြောင်းအရင်းတစ်ခု ရှိရပေမည်။
” မင်း အဲ့ဒါတွေကို ဘယ်ကနေရလာတာလဲ ”
ဟွမ်လျိုလီက ပြောင်ချော်ချော်ပြုံးလျက် ယဲ့ရှောင်၏ နား၌ ကပ်ပြောလိုက်သည်။
” ကုန်သွယ်ရေး လျှို့ဝှက်ချက်လေ။ သခင့်ကို ပြောပြရင် ထိခိုက်စရာ မရှိဘူး။ တကယ်တော့ အဲ့ဒါ
က ”
ဖျောက်။
ဟွမ်လျိုလီပြောတာကြားပြီးနောက် ယဲ့ရှောင်၏ လောကအမြင်က ရှုပ်ထွေးသွားတော့၏။ သူ၏ လက်ထဲရှိ အကင်ကလည်း မြေကြီးပေါ် ပြုတ်ကျသွား၏။
ဟွမ်လျိုလီ၏ မျက်နှာထက်တွင် ရင်နာမှုများ ပြည့်သွားတော့သည်။
” သခင် အကင်တွေကို ဘာကြောင့် လွှတ်ပစ်လိုက်ရတာလဲ။ ဖြုန်းတီးရာရောက်တာပဲ ”
” မပြောနဲ့။ ငါပစ်ထုတ်ချင်နေပြီ ”
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားပြီး ညတာကျရောက်လာ၏။ ရက်အတော်ကြာ ဟွမ်လျိုလီကြောင့် ဉာဏ်အလင်းပွင့်သွားပြီးနောက် နောက်ဆုံးတွင် ထိုကဲ့သို့ ညစ်ပတ်သည့် အရာများကို သူ မလုပ်တော့ဟု ကျိန်ဆိုလိုက်၏။ ယဲ့ရှောင်က အနည်းငယ် စိတ်တည်ငြိမ်သွားပြီး ဆိုးဆိုးရွားရွား မခံစားရတော့ပေ။
” သခင် ကျွန်မတို့တွေ ပိုစားသင့်လား။ ခုနတုန်းက အကင်နည်းနည်းပဲ စားရသေးတာလေ။ ဒါပေမဲ့ ရှင် အဲ့ဒါတွေကို လွှတ်ပစ်လိုက်တာ ”
” မင်းဘာ့သာမင်းစား။ ငါ အဲ့လောက် စားချင်စိတ် မရှိဘူး ”
ယဲ့ရှောင်က ပန်းခြံထဲရှိ ခုံတန်းတစ်ခုကို ရှာတွေ့ပြီး ထိုင်လိုက်လေ၏။ သူက အာဆွတ်စေရန်အတွက် သိုလှောင်လက်စွပ်ထဲမှ ရေတစ်ပုလင်း ထုတ်ယူလိုက်၏။ ပြီးနောက် ရုပ်ဖျက်သည့် နည်းစနစ်ကို စသုံးလိုက်တော့သည်။ ဤနေရာက နယ်မြေစိမ်းဖြစ်သည်။ ကျန်းဟိုင် မဟုတ်ပေ။ စီရင်စု၉ခုကဲ့သို့ နေရာမျိုး၌ အရည်အချင်းရှိသည့် လူများစွာ ရှိနေလေရာ တတ်နိုင်လျှင် အထောက်အထား မပေါ်စေတာက အကောင်းဆုံးပဲဖြစ်၏။
ယခင်က အချက်အလက် အချို့ကနေ ၄င်းကို သူ မြင်ခဲ့ဖူးသည်။
စီရင်စု၉ခု၌ ထိပ်တန်းအလွှာ သိုင်းပညာရှင်အချို့ ရှိနေသည်။ သူတို့ထဲမှ အချို့က အထွတ်အထိပ် အံ့ဖွယ်ဂိုဏ်းထက် အားမနည်းပေ။
ကမ္ဘာ့နဂါးစာရင်း၌ လျိုချန်စွင်းနှင့် မူရာကာမီ ပေ့ချွမ်တို့က အဆင့် ၄၉နှင့် အဆင့် ၅၀အသီးသီး ရထားကြ၏။
စီရင်စု၉ခုတစ်ခုလုံး၌ နဂါးနှင့် ဖီးနစ်စာရင်းကို သိမ်းပိုက်ထားသည့် လူက စုစုပေါင်း ၁၇ယောက် ရှိသည်။
အများစုက နဂါးဖီးနစ်အဆင့်သတ်မှတ်ချက်၌ ထိပ်တန်းနေရာအချို့ ရထားသည်။
မိုးပြာနဂါးဓါး ဧကရာဇ်က ကမ္ဘာ့နဂါးအဆင့်သတ်မှတ်ချက်၌ အဆင့် ၁ ရထား၏။
မီးငှက် မီးဓါးက ကမ္ဘာ့ဖီးနစ်အဆင့်သတ်မှတ်ချက်၌ အဆင့် ၁ ရထားသည်။
ကျားဖြူလျှပ်စီးက ကမ္ဘာ့ဖီးနစ်အဆင့်သတ်မှတ်ချက်၌ အဆင့် ၃ ရထား၏။
လိပ်နတ်စိန်သည် ကမ္ဘာ့နဂါးစာရင်း၌ အဆင့်သတ်မှတ်ချက်၌ အဆင့် ၃ ရထား၏။
ဓါးမော့နတ်ဘုရားက အဆင့် ၉ ရထားလေသည်။ ဓါးသူတော်စင် လုချင်းရှန်က ကမ္ဘာ့နဂါးစာရင်း၌ အဆင့် ၁၀ ရထားသည်။
ထို့အပြင် အဆင့် ၁၀မှ အဆင့် ၂၀၊ အဆင့် ၂၀မှ အဆင့် ၃၀အထက်၌ လူအချို့ ရှိသေးသည်။
အတိတ်တုန်းကဆိုလျှင် သိုင်းပညာရှင်များ ပိုတောင် များသည်ဟု ဆိုကြသည်။ နွားသိုးတစ်ကောင်၏ အမွေးများပမာ များပြားလွန်းသည်ဟု ဆိုပြီး သူတို့က ကျန်သည့် နိုင်ငံများကိုတောင် အထင်သေးနိုင်ကြ၏။
ထိုကဲ့သို့ အစွမ်းထက်သည့် သိုင်းပညာယဥ်ကျေးမှုတစ်ခုဖြင့် ကျန်သည့်နိုင်ငံများက သူတို့ကို ပစ်မှတ်ထားတာ အံ့သြစရာ မရှိတော့ပေ။
သူတို့က အစွမ်းထက်နေလွန်းသောကြောင့် မြင်းတစ်ကောင်၏ ကျောပေါ်၌ စီးနေနိုင်သည့် ပုံစံမျိုးဖြစ်သည်။ သူသည် ကျန်သည့်နိုင်ငံများကို သေစေနိုင်သည့် ခြိမ်းခြောက်မှုတစ်ခု ခံစားမိအောင် ပြုလုပ်မိပြီဖြစ်၏။
စီရင်စု၉ခု၏ အမှားမဟုတ်ပေ။ သို့သော် ထိုလူများ၏ နှလုံးသားက ကောက်ကျစ်သည်။ တောက်ပလွန်းလျှင် လုယက်ချင်သည့် အကြည့်များစွာကို ဆွဲဆောင်မိမှာ မလွှဲမသွေပင် ဖြစ်၏။ သူ့အတွက်လည်း ယခုအချိန်တွင် တူညီနေသည်။
သာမန်လူတစ်ယောက်က ဆယ်စုနှစ်အနည်းငယ် အသက်ပိုကြီးနိုင်ပြီး နှစ်တစ်ရာနီးပါး ရောက်နိုင်သည့် လောကထဲ၌ သူက အံ့ဖွယ်ဂိုဏ်းသို့ ရောက်အောင်သာ ကျင့်ကြံနိုင်သည်။
အသက် ၂၀အရွယ်တွင် အံ့ဖွယ်ဂိုဏ်းသို့ ရောင်နိုင်ခြင်းက ကျန်သည့်သူများက အခြားသောအတွေးများ မရှိဟု မည်သူက အာမခံနိုင်မည်နည်း။
ပုံမှန်ဆို သူသည် ကျန်းဟိုင်မြို့ကဲ့သို့ နေရာလေး၌ သိုင်းပညာရှင်များ တွေ့ဆုံမည့်အကြောင်းကို သူ စိုးရိမ်ပူပန်စရာ မလိုပေ။ သို့သော် သူအပြင်ထွက်လာပြီးနောက် ဂရုစိုက်ပေမည်။ ယဲ့ရှောင်သည် ရုပ်ဖျက်ပြီးနောက် သူ့ရှေ့၌ ၃နှစ်အရွယ်ကလေးမလေးတစ်ဦး ရပ်နေတာကို ရုတ်တရက် သဘောပေါက်သွား၏။ သူမ၏ မျက်လုံးများက ပြူးကျယ်နေပြီး ယဲ့ရှောင်ကို တအံ့တသြ ကြည့်လိုက်သည်။
” ဝါး …။ ဦးဦးက သိပ်အံ့သြဖို့ ကောင်းတာပဲ။ ဦးဦးရဲ့ မျက်နှာက နောက်ထပ် လူတစ်ယောက်အဖြစ် တကယ်ကြီး ပြောင်းသွားနိုင်တယ် ”
” ”
” ဦးဦး တခြားတစ်ယောက်အဖြစ် ပြောင်းနိုင်သေးလား ”
ယဲ့ရှောင်က ကလေးမလေး၏ ခေါင်းကို ပုတ်လိုက်၏။
” မင်း အမြင်မှားတာ ”
” ဒါပေမဲ့ ခုနတုန်းက ဦးဦး နောက်ထပ် လူတစ်ယောက်အဖြစ် ပြောင်းသွားတာကို သမီး ရှင်းရှင်းလင်းလင်း တွေ့လိုက်တယ် ”
ယဲ့ရှောင်က ခဏတာ စဥ်းစားပြီးနောက် သိုလှောင်လက်စွပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ပြီး ထိုမိန်းကလေးအား ပေးလိုက်၏။
” ဘာမှမတွေ့ခဲ့သလိုမျိုး ဟန်ဆောင်ထားလိုက် ဟုတ်ပြီလား။ ဒီအကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရဘူးနော် ”
ကလေးမလေးသည် သကြားလုံးရပြီးနောက် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်တော့၏။
” ဟုတ်ပြီ ”
” ဒါဆိုရင် လက်သည်းကတိလုပ်ပြီး နှစ်တစ်ရာကြာ ထိန်းထားရအောင် ကတိမဖျက်နဲ့ ”
ကလေးမလေးသည် အံ့သြဖွယ်ကောင်းသည့် စာချုပ်တစ်ခုကို ချုပ်ဆိုသည့်ပမာ ယဲ့ရှောင်နှင့် အလွန်လေးနက်စွာဖြင့် လက်သည်းချင်း ချိတ်လိုက်လေ၏။
” သမီးရဲ့အမေ ဘယ်မှာလဲ။ ဘာကြောင့် တစ်ယောက်တည်းလဲ ”
” မာမီက သန့်စင်ခန်းသွားတယ် ”
ပြောပြီးသည်နှင့် မလှမ်းမကမ်း သန့်စင်ခန်းထဲ၌ ကြည့်ကောင်းသော သွင်ပြင်ဖြင့် မိန်းမပျိုလေးတစ်ဦးက ကြောက်လန့်တကြား လျှောက်လာကာ အော်လိုက်လေ၏။
” ရှောင်ရီ ဘယ်ကိုပြေးနေတာလဲ ”
” မာမီ သမီး ဒီမှာ ”
မိန်းကလေးက လက်ဝှေ့ရမ်းလျက် ပြေးလာလေ၏။ မကြာမီ၌ အမျိုးသမီးလေးကလည်း လျှောက်လာသည်။ သူမက ယဲ့ရှောင်ကို တစ်ချက်ကြည့်ပြီးနောက် သမီးလေး၏ လက်ထဲရှိ သကြားလုံးကိုကြည့်ပြီး ချက်ချင်း ပြောလိုက်၏။
” ရှောင်ရီ တခြားသူဆီက တစ်ခုခု ထပ်ယူပြန်ပြီလား ”
ပြီးနောက် သူမက ယဲ့ရှောင်ကို တောင်းပန်လိုက်၏။ သူမ သမီးထံမှ သကြားလုံးကိုလည်း တောင်းလိုက်၏။
” ဆရာ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ သမီးလေးက အသိတရား သိပ်မရှိဘူး။ ရှောင်ရီ ဦးဦးဆီ သကြားလုံး အမြန်ပြန်ပေးလိုက်လေ ”
ရှောင်ရီက သူမနောက်ကျော၌ လက်လေးကိုထားပြီး သူမ မိခင်၏လက်ကို ရှောင်လိုက်သည်။
” မဟုတ်ဘူး ဒါက ဦးဦး ပေးထားတာ ”
ယဲ့ရှောင်က ပြုံးပြီးပြောလိုက်တော့၏။
” ကျွန်တော် တကယ်ပဲ သူ့ကို ပေးထားတာ ”
ဒီတော့မှ ရှောင်ရီ၏ မိခင်က လုပ်နေတာကို ရပ်လိုက်ပြီး ယဲ့ရှောင်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
” ကျွန်မ သမီးကို သကြားလုံးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
” ရပါတယ်။ သူက သိပ်ချစ်ဖို့ကောင်းတာ ”
ရှောင်ရီ၏ မိခင်က ပြုံးလိုက်ပြီး သူမသမီး၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
” ရှောင်ရီ ဦးဦးကို ကျေးဇူးတင်ပြီးပြီလား ”
ရှောင်ရီက ချက်ချင်းပင် ကလေးဆန်သည့် အသံလေးဖြင့် ပြောလိုက်လေ၏။
” ကျေးဇူးပါ ဦးဦး ”
” ရပါတယ်ကွယ် ”
ထိုစဥ် ဟွမ်လျိုလီက ပါးစပ်ထဲ၌ ကြက်အူချောင်းကို ကိုက်ကာ အမြန်ပြေးလာလေ၏။ ၄င်းကို ရှောင်ရီ တွေ့သောအခါ သူ၏ မျက်လုံးဝိုင်းကြီးများက ပြူးကျယ်လာလေ၏။
” ဝါး … ချစ်စရာကောင်းတဲ့ ကြောင်ပဲ။ ဦးဦး ဒါက
ဦးဦးရဲ့ ကြောင်လား။ သမီး ကိုင်ကြည့်လို့ရမ
လား ”
ယဲ့ရှောင်က ဟွမ်လျိုလီကို ကြည့်ပြီး ခေါင်းညိတ်လိုက်လေ၏။
ရှောင်ရီက ဟွမ်လျိုလီကို ချက်ချင်း ဖက်လိုက်ရာ အံ့သြသွားလေ၏။
” မာမီ ကြောင်က သိပ်ပြီး နူးညံ့တာပဲ ”
ရှောင်ရီ၏ မိခင်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ သမီးလေးကို နှစ်သိမ့်လိုက်သည်။
” ဒါဆို သမီးကြီးလာတဲ့အချိန် အမေတို့လည်း ကြောင်တစ်ကောင် မွေးကြမယ် ”
” ဟုတ် ”
ရှောင်ရီက ပုံမှန်မဟုတ် စိတ်လှုပ်ရှားနေပြီး ဟွမ်လျိုလီကို ဖက်ထားကာ လွှတ်ပေးရန် ဆန္ဒမရှိပေ။
ယဲ့ရှောင်သည် ထိုသားအမိကို ကြည့်ပြီး နွေးထွေးမှုအချို့ ခံစားလိုက်ရသည်။ နွေးထွေးသည့် မိသားစုချစ်ခြင်းတရားက ကူးစက်တတ်ဆုံး ဖြစ်လေသည်။
ယဲ့ရှောင် အထူးသဖြင့် သူ၏ ယခင်ဘဝ၌ ဆေးရုံကုတင်ပေါ်တွင်သာ လှဲနေရပြီး ယခုဘဝတွင်မူ ကျင့်ကြံခြင်းပေါ်သာ အာရုံစိုက်ထားသည့် ယဲ့ရှောင်အတွက် ထိုကဲ့သို့ မိသားစုချစ်ခြင်းတရားပေါ် နွေးထွေးသည့် ခံစားချက်မျိုးက ပိုတောင် ပြင်းထန်သည်။
မိသားစုချစ်ခြင်းတရားမျိုး တစ်ခါမှ မရဖူးသည့် လူတစ်ယောက် ရှိနိုင်သည်။ လှပသည့်အရာများအတွက် တောင်းတဖို့က သူ့အတွက် မကြာခဏ သူ တောင်းတမိလေ၏။
ရှောင်ရီက ဟွမ်လျိုလီနှင့် အတော်ကြာ ဆော့ကစားလိုက်၏။ ယဲ့ရှောင်၏ အမူအယာက ရုတ်တရက် ရပ်တန့်သွားပြီး အကြည့်တို့က ပိုပြီး ကြမ်းတမ်းလာသည်။
ဒါက ကျိဖုန်းရဲ့ အရှိန်အဝါပဲ။
အဲ့ဒီကြက်မကြီးက နောက်ဆုံးတော့ အသိုက်ကနေ ထွက်လာပြီ။
ကြယ်တာရာသားရဲတစ်ကောင်အနေဖြင့် ဟွမ်လျိုလီက ယဲ့ရှောင်၏ ရင်ထဲရှိ ပြောင်းလဲမှုကို ခံစားမိ၏။ သူမက မြောင်ဟု အော်ပြီး ယဲ့ရှောင် ပုခုံးပေါ် ခုန်တက်လိုက်လေ၏။
ရှောင်ရီက အမြန်ပြေးလာသည်။
” ကြောင်လေးရေ .. ကြောင်လေးရေ … တူတူဆော့ကြမယ်လေ ”
ရှောင်ရီ၏ မိခင်က ယဲ့ရှောင်၏ အမူအယာက အတော်လေး လေးနက်သွားတာကို သတိပြုမိသွားပြီး ချက်ချင်း လိုက်လာ၏။
” ရှောင်ရီ နောက်ကျနေပြီ။ ဦးဦးက အိမ်ပြန်နေတာ။ အမေတို့ အိမ်ပြန်ဖို့ အချိန်ကျပြီ ”
” ဒါပေမဲ့ သမီး ကီတီလေးနဲ့ ဆော့ချင်သေးတယ်လေ ”
ရှောင်ရီသည် ပြောရလျှင် ကလေးမလေးတစ်ယောက်သာ ရှိသေး၏။ သူမက အနည်းငယ် မတရားခံရသလို ခံစားလိုက်ရပြီး မျက်လုံးရွဲကြီးများ၌ အရည်များ ပြည့်လာတော့၏။ သူမ၏ မိခင်က သမီးကို စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
” မရဘူး။ ဦးဦးက တကယ် အိမ်သွားရမှာ ”
” ဒါဆိုရင် ဦးဦးက သမီးတို့အိမ်ကို သွားလို့ရမ
လား ”
ထိုစဥ် ရှောင်ရီက အကြံတစ်ခု ပေါ်လာသည့်ပမာ ယဲ့ရှောင်၏လက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်လေ၏။
” ဦးဦး … ဦးဦးက သမီးရဲ့အဖေ ဖြစ်ပေးလို့ရတယ်လေ။ ဒါဆိုရင် သမီးတို့ မိသားစုတစ်စု ဖြစ်လာမယ်။ ရှောင်ရီက ကြောင်လေးနဲ့ အမြဲ ဆော့လို့ရ
ပြီ ”
ရှောင်ရီ၏ မိခင်မျက်နှာက ချက်ချင်း နီရဲသွားတော့သည်။
” ရှောင်ရီ … ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာ
လဲ ”
ယဲ့ရှောင်က ရှောင်ရီ၏ မျက်နှာလေးကို ဖျစ်ညစ်လိုက်သည်။
” မရဘူး။ ရှောင်ရီမှာက အဖေ ရှိပြီးသားမို့လို့ပဲ ”
” ရှောင်ရီမှာ အဖေ မရှိတော့ဘူး ”
” ဒါက ”
ယဲ့ရှောင်က ရှောင်ရီ၏ မိခင်ကို ကြည့်လိုက်သည်။ သူက ရှောင်ရီ၏ မိခင် အကြည့်များမှ တစ်စုံတစ်ခုကို မြင်နိုင်သည်။ နောက်ထပ် တစ်ကိုယ်တည်း မိဘတစ်ယောက်တည်းသာ ရှိသည့် မိသားစုဖြစ်နေပြန်၏။
” ရှောင်ရီ အဓိပ္ပာယ်မရှိပြောတာ ရပ်လိုက်တော့ ”
” မီးမီးက အဓိပ္ပာယ်မရှိ ပြောနေတာ မဟုတ်ဘူး။ ဦးဦးက သိပ်ချောတာ။ မာမီ ခုနတုန်းက ဦးဦးကို မကြာခဏ ချောင်းကြည့်နေတာပဲလေ ”
ရှောင်ရီ မိခင်၏ မျက်နှာက ပိုတောင် နီဆွေးသွားတော့သည်။
” အရူးမလေး … အဓိပ္ပာယ်မရှိတာတွေ ပိုပိုပြောနေတော့တာပဲ။ အိမ်မှာ သမီးအတွက် အဖွားက အသီးသုပ်လုပ်ထားပေးမှာ နောက်ကျသွားရင် စားမကောင်းပဲနေမယ် ” ယဲ့ရှောင်က အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
” ဦးလေးက အလုပ်ရှိသေးတယ်။ နောက်ကြ အားတဲ့အခါ ထပ်လာကစားမယ် ”
” ဒါဆို လက်သည်း ကတိနော် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ရှောင်ရီနှင့် သူ၏ မိခင်ကို နှစ်သိမ့်ပေးပြီးနောက် သူက သူတို့ထွက်သွားတာကိုကြည့်ပြီး ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ထုတ်ဖော်ကာ ကျိဖုန်း၏ တည်နေရာကို ရှာဖွေလိုက်၏။
” သခင် ကျွန်မ ခန္ဓာကိုယ်ထဲက ကြယ်တာရာသားရဲသွေးမျိုးဆက် ဆူပွက်နေတာကို ခံစားမိတယ် ”
” တစ်ခုခု မှားနေပြီပဲ။ အခုအချိန်ထိ ကျိဖုန်းပေါ်မှာရှိတဲ့ ဝိညာဥ်စွမ်းအင်ကို ရှာမတွေ့တော့ဘူး။ ကြွေလွင့်ဖီးနစ်မြို့တစ်ခုလုံးမှာ ကြယ်တာရာသားရဲတွေရဲ့ သံလိုက်စက်ကွင်းက သိပ်ကို သန်မာတာ .. ကြယ်၇လုံးတန်းတာနဲ့ ဆင်တူတယ် ”
” ကျွန်မတို့ ကြယ်တာရာသားရဲတွေထဲမှာ ဒီလိုအခြေအနေမျိုး ဖြစ်လာခဲ့ရင် သွေးမျိုးဆက်စွမ်းအားရှိတဲ့ အလွန်အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတစ်ကောင်က နှိုးထလိမ့်မယ်။ ဒါက သတ်သေတဲ့လုပ်ရပ် ဖြစ်နိုင်ပေမဲ့ နောင်ကြ ကြယ်တာရာသားရဲတွေအားလုံးကို သိသိသာသာ တိုးတက်မှုရလာစေတာ ”
” မီးဖီးနစ်က ကြွေလွင့်ဖီးနစ်မြို့မှ အသက်ခံခဲ့ရတယ်လို့ ကောလဟာလရှိတယ်။ သူ့ရဲ့ သွေးမျိုးဆက်က သာမန်နဂါးအမျိုးအစားသွေးမျိုးထက်တောင် ပိုသန်မာတယ် ”
” ကျိဖုန်းက မီးဖီးနစ် သေသွားတဲ့နေရာကို ရှာတွေ့သွားတာများလား ”
” ဖြစ်နိုင်တယ်။ မီးဖီးနစ်ကို နှစ်ပေါင်းရာချီ ချိတ်ပိတ်ထားတာ။ ဒဏ်ရာတွေနဲ့ပါ ပေါင်းလိုက်ရင် အချိန်အတော်ကြာ ရှင်သန်နိုင်လောက်မှာ မဟုတ်ဘူး။ ဒီလိုအခြေအနေအောက်မှာ ဒီဧရိယာထဲက ကြယ်တာရာသားရဲတွေရဲ့ ခွန်အားကို တိုးမြင့်ဖို့ သူ့ရဲ့ သွေးစက်ကို စတေးတာ အကျိုးအကြောင်းသင့်တယ် ”
ထိုစဥ် လမ်းမထက်မှ အော်သံများ ပေါ်ထွက်လာ၏။
” ကြယ်တာရာသားရဲ ။ အဲ့ဒီမှာ ကြယ်တာရာသားရဲတစ်ကောင်ရှိတယ် ”
” ကယ်ကြပါ ”
အော်သံများကို တစ်သံပြီးတစ်သံ ကြားရသည်။
ကြွေလွင့်ဖီးနစ်မြို့က ကျန်းဟိုင်မြို့ကဲ့သို့ မဟုတ်ပေ။ ကျန်းဟိုင်မြို့တွင် ယဲ့ရှောင်၏ တည်ရှိမှုကြောင့် ကြယ်၇လုံးတန်းစဥ်က ကြယ်တာရာသားရဲတစ်ကောင်မှ ပေါ်မလာပေ။ သို့သော် ကြွေလွင့်ဖီးနစ်မြို့က ကြယ်တာရာသားရဲများ ကျူးကျော်နေသည့်နေရာဖြစ်ပြီး ကျန်သည့်မြို့များအတွက်လည်း တူညီနေရာ တစ်ချိန်တည်းတွင် ကြယ်တာရာသားရဲများအားလုံးကို သတ်ဖြတ်ဖို့က မဖြစ်နိုင်ပေ။ သူတို့က ပုန်းနေသည့် လူသားများကို တန်ပြန်တိုက်ခိုက်ရန် နောက်ထပ်အခွင့်အရေးကို စောင့်နေကြရုံပဲ ဖြစ်သည်။
ယခု ကြွေလွင့်ဖီးနစ်မြို့ထဲရှိ မီးဖီးနစ်ကြယ်တာရာသားရဲ နှိုးထလာပြီဖြစ်ရာ ပုန်းနေသောကြယ်တာရာသားရဲများကို အုံကြွလာစေပြီး လူသားများကို တိုက်ခိုက်စေတော့၏။
” ငါ ကျိဖုန်းကို လွှတ်ပေးလိုက်တာ။ ကြွေလွင့်ဖီးနစ်မြို့က မီးဖီးနစ်သွေးစက်ကို လွှတ်ပေးဖို့ သူ ဘယ်လိုနည်းလမ်း သုံးခဲ့မှန်း မသိပေမဲ့ ဒါ ငါနဲ့ တစ်ခုခု သက်ဆိုင်တယ် ”
” လျိုလီ …။ ဒီဧရိယာတစ်ဝိုက်ကို ရှင်းလိုက် ”
” နားလည်ပါပြီ ”

အပိုင်း ၁၅၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset