Switch Mode

Chapter – 153

မြို့၏ ကြွေလွှင့် ဖီးနစ်

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၅၃ မြို့၏ ကြွေလွင့်ဖီးနစ်။

ယဲ့ရှောင်ဘက်တွင်မူ သူက ဒါရိုက်တာ၏ စကားကို မကြားပေ။ သူ ရုံးခန်းထဲမှ ထွက်သွားပြီးနောက် စာကြည့်တိုက်အပြင်ဘက်သို့ ချက်ချင်းရောက်သွားသောကြောင့် ဖြစ်သည်။ သူ၏ အရှိန်က မြန်ဆန်လွန်း၏။ အတွေးတစ်ချက်ဖြင့် သူသွားလိုသည့် နေရာသို့ သွားနိုင်၏။
ယဲ့ရှောင်က ချက်ချင်း မထွက်သွားပေ။ ထိုအစား မြေအောက်သို့ ဦးစွာ သွားလိုက်၏။ ရက်အနည်းငယ်ကြာ ထွက်လာပြီးနောက် နော့ဖစ်ထံမှ အသားတချို့ကို သွားယူခဲ့သည်။ သူ၏ ကျင့်ကြံဆင့်က နောက်အဆင့်သို့ ရောက်သည့်အချိန်၌ ၄င်းက နှေးပြီးရင်း နှေးလာတော့၏။ အံ့ဖွယ်အဆင့်အထက် ကြယ်တာရာသားရဲများမှ အသား ပိုစားခြင်းဖြင့်သာ ကျင့်ကြံဆင့်ကို မြန်မြန်ဆန်ဆန် မြင့်တင်နိုင်တာ ဖြစ်သည်။
နော့ဖစ်က ကျင့်ကြံနေစဥ် ရုတ်တရက်ကြီး ပြင်းထန်သည့် နာကျင်မှု ခံစားလိုက်ရပြီး ပေါက်ခါစ လတ်လတ်ဆတ်ဆတ် နူးညံ့သော လက်တံနှစ်ခုက ယဲ့ရှောင် ထပ်ဖြတ်တာ ခံလိုက်ရပြန်၏။
သူက မျက်လုံး ရုတ်တရက် ဖွင့်လိုက်ရာ သူ့အသစ်ပေါက်ခါစ လက်တံများကို သိုလှောင်လက်စွပ်ထဲ ထည့်နေသည့် ယဲ့ရှောင်ကို တွေ့လိုက်ရ၏။ ပြီးနောက် သူက လှည့်ထွက်သွားတော့သည်။ ရေဘဝဲတစ်ကောင်ကသာ စိတ်ရှုပ်ထွေးပြီး ကျန်ရစ်ခဲ့၏။
ဒီအခြေအနေက ဘာလား။ သူက လာနှောက်နေတာလား။
” ဒီမျိုးမစစ်က သူက အခု ငါ့လက်တံတွေကို ဖြတ်တောက်နေပြီ။ သူ ငါနဲ့ ဆွေးနွေးဖို့ မလိုဘူးလား ”
” မင်း မဆွေးနွေးချင်ရင် အနည်းဆုံးတော့ ငါ့ကို အကြောင်းကြားသင့်တယ်လေ ”
” မင်းက တစ်ခွန်းမှတောင် မပြောသွားရင် မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ ”
” ဒီလူက မင်းရဲ့ အိမ်မွေးတိရစ္ဆာန်လိုမျိုး မှတ်ပြီး မင်းစားချင်တဲ့အချိန်တိုင်း လာစားလို့ရတယ် ထင်နေတာလား ”
” ပြီးတော့ ကြည်ညိုစရာ ငါ့ရဲ့ ပေါက်ခါစ အနူးညံ့ဆုံး လက်တံတွေကို ဘာကြောင့်များ ဖြတ်ချင်ရတာလဲ။ တခြားလက်တံတွေကို ဘာလို့ မဖြတ်တာလဲ။ ဒီလက်တံနှစ်ချောင်းကို ယူသွားပြီး သူတို့ကို အနိုင်ကျင့်ချင်နေတာလား။ ငါးကို အနိုင်ကျင့်တာ လွန်လွန်းတယ်။ ငါးကို အနိုင်ကျင့်တာ လွန်လွန်းတယ် ”
” ယဲ့ရှောင် စောင့်နေလိုက်စမ်း။ အနှစ်၁၅၀၀အတွင်းမှာ ငါ့ကိုငါက မဟာအောင်မြင်မှု အဆင့်ထိရောက်အောင် သေချာပေါက် ကျင့်ကြံပြီး ပင်မခန္ဓာနဲ့ ပေါင်းစည်းမယ်။ ငါ မင်းကို သေချာပေါက် သတ်မယ်။ မင်းကို နုတ်နုတ်စင်းပစ်မယ်။ မင်းကို အပိုင်းတစ်ထောင် ခုတ်ပစ်ပြီး လူသားလုံး လုပ်ပစ်မယ် ”
ထိုစဥ် ယဲ့ရှောင်က အပြင်ဘက်သို့ ရောက်သွားပြီး ဖြစ်၏။ ပြီးနောက် သူက တိုက်တိုက်ဆိုင်ဆိုင်ပင် ကုဟိုင်နဲ့ တွေ့၏။
သူသည် ကင်းလှည့်ရန်အတွက် မြို့စောင့်တပ်ဖွဲ့ကားကို မောင်းနေတာ ဖြစ်သည်။ တစ်ချိန်တည်းတွင် လမ်းပေါ်၌ မြို့စောင့်တပ်ဖွဲ့ဝင်များစွာလည်း ပိုရှိနေလေ၏။
” လောင်ယဲ့ တာဝန်ချိန်ကြီး အပြင် ဘာကြောင့် ရောက်နေတာလဲ ”
ကုဟိုင်သည် မြင်သည်နှင့် နှုတ်ဆက်လိုက်၏။
” ငါ ကိစ္စအလုပ်တစ်ခုရှိလို့ ဒီကို ရောက်လာတာ။ ဒါကိုပြောတော့မှ ဒီမှာ မြို့စောင့်တပ်ဖွဲ့ဝင်တွေ ဒီလောက်များနေရတာလဲ။ ဘာအမှု ဖြစ်လို့လဲ ”
” မင်း မသိဘူးလား။ အခု ကျန်းဟိုင်တစ်မြို့လုံးပဲလေ ”
” ”
သူ၏ ဇဝေဇဝါ အမူအယာကိုကြည့်ပြီး ကုဟိုင်က ဖုန်းကို လက်ညိုးထိုးပြလိုက်၏။
” ဖိုရမ်ပေါ်သွား။ ကိစ္စကြီးပဲ ”
ယဲ့ရှောင်က ဖုန်းထုတ်လိုက်ပြီး ကျန်းဟိုင်မြို့ရှိ ဒေသတွင်း ဖိုရမ်ကို ဖွင့်ကြည့်လိုက်လေ၏။ တစ်ချက်ကြည့်လိုက်သည့်အချိန်တွင် အနည်းငယ် အံ့သြသွားမိသည်။
လျိုချန်စွင်း လာနေပြီဖြစ်သည်။ မူရာကာမီ ပေ့ချွမ်ကလည်း လာနေပြီ ဖြစ်၏။
နှစ်ယောက်သားက အချိန်းအချက်ပြုထားပုံရသည်။ တစ်ယောက်က ရင်နိုင်ငံမှဖြစ်ပြီး နောက်တစ်ယောက်က ဟန်နိုင်ငံမှ ဖြစ်သည်။ နှစ်ယောက်လုံးက ကျန်းဟိုင်မြို့ဆီသို့ တန်းလာနေပြီး အထူးသဖြင့် သူ့ကို လာရှာတာပဲ ဖြစ်သည်။
သူကလည်း အနည်းငယ် ဆွံ့အသွားတော့၏။ သူတို့နှစ်ယောက်သည် အဓိပ္ပာယ်မရှိတာများသာပြောပြီး ဘာမှ ပိုကောင်းအောင် မလုပ်နိုင်ကြပေ။
သူတို့ တကယ်ကြီး လာတယ်လား။ ဒီလောက် စိတ်ဝင်စားစရာ ကောင်းတယ်လား။
ပြဿနာဖြစ်ရမှာကို မကြောက်သည့် ကျန်းဟိုင်မြို့မှ အင်တာနက် အသုံးပြုသူများလည်း ရှိသည်။ လူတိုင်းလူတိုင်းက ရူးသွပ်သည်ထက် ရူးသွပ်လာ၏။
” သူတို့ ဒီမှာ ဓါးသူတော်စင် လျိုချန်စွင်းက နောက်ဆုံးတော့ ဒီရောက်လာပြီး ငါတို့ ကျန်းဟိုင်မြို့ရဲ့ ဓါးမော့ဓါးဝိဇ္ဇာကို အနိုင်ယူနိုင်မလားဆိုတာ သိချင်မိတယ် ”
” ဒါ အဓိပ္ပာယ်မရှိဘူးမလား။ သူက ဓါးမော့ဓါးဝိဇ္ဇာကို သေချာပေါက် အနိုင်မယူနိုင်ဘူးပေါ့။ စီနီယာဓါးမော့ဓါးဝိဇ္ဇာက တစ်ချိန်တည်းမှာပဲ သိုင်းနှစ်မျိုး ကျင့်ကြံထားတာ။ နှစ်ယောက်လုံးက အံ့ဖွယ်ဂိုဏ်းအဆင့်ကို ရောက်ပြီးပြီ ”
” ဒါမျိုး ပြောလို့မရဘူးလေ။ သူတို့နှစ်ယောက်ကြားက တိုက်ပွဲက သေချာပေါက် ဓါးနည်းစနစ်တွေနဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်မှာပဲ။ စီနီယာဓါးမော့ဓါးဝိဇ္ဇာလို ကျွမ်းကျင်သူတစ်ယောက်အဖို့ မျက်နှာပျက်မှာ မဖြစ်နိုင်ဘူး။ သူနဲ့ တိုက်ခိုက်ဖို့အတွက် ဓါးသိုင်းကိုပဲ သုံးလောက်တယ်။ မဟုတ်ရင် သူ အနိုင်ရသွားတဲ့အခါ သိပ်ပြီး ဂုဏ်တက်စရာ ကောင်းနေမှာ မဟုတ်ဘူး ”
” တုတ်ချောင်းတွေကို ဖြေရှင်းတဲ့အချိန်မှာ ဘာများ မျက်နှာကြည့်နေစရာလိုလဲ။ ကိုယ်တိုင် လာစိန်ခေါ်တာလေ။ စီနီယာဓါးမော့ဓါးဝိဇ္ဇာက သူ့ကို စိန်ခေါ်တဲ့ သူမှ မဟုတ်တာ။ ဒါ့အပြင် စီနီယာဓါးမော့ဓါးဝိဇ္ဇာက တစ်ချိန်တည်းမှာပဲ သူ့ကို ဓါးမော့နဲ့ ဓါးလေ့ကျင့်ထားဖို့ ခိုင်းတာမှ မဟုတ်တာ။ သူ မလုပ်နိုင်ရင် တခြားသူကို ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ ”
” ဒါတောင် မူရာကာမီ ပေ့ချွမ်က လာနေတာနော်။ နှစ်ယောက်လုံးက စီနီယာဓါးမော့ဓါးဝိဇ္ဇာကို စိန်ခေါ်မှာ။ စီနီယာဓါးမော့ဓါးဝိဇ္ဇာက တစ်ယောက်ပဲ ရှိတာ။ သူက ပထမ အလှည့်ကို နိုင်သွားခဲ့ရင် ဒဏ်ရာရမှာ သေချာတယ်။ သူ့အဖို့ ဒဏ်ရာ မရပဲနဲ့ သူတို့ကို ချက်ချင်းသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ”
” ကိုယ့်လူမျိုးကို အကောင်းပြောပြီး တခြားသူတွေကို ချီးကျူးတတ်တဲ့ မင်းလိုလူမျိုးတွေ ဘာကြောင့် အမြဲတမ်း ရှိနေရတာလဲ။ အချိန်အတော်ကြာ ဒူးထောက်ပြီးတော့ မင်း တကယ် မတ်တပ်မရပ်နိုင်တော့ဘူးလား ”
” နင့်ဖင်ကြီးကိုပဲ ထောက်။ ငါက ခန့်မှန်းရုံပဲလေ။ ဓါးမော့ဓါးဝိဇ္ဇာက အံ့ဖွယ်ဂိုဏ်းက လူနှစ်ယောက်ကို တစ်ကိုယ်တည်း တိုက်ခိုက်တော့ အခွင့်မသာတာတွေ အများကြီး ရှိတာပဲ။ ဘာကြောင့် နင် ဒူးထောက်မှာလဲ ”
” ငါ ဂရုမစိုက်ဘူး။ နင်က မျိုးချစ်စိတ် မရှိဘူး။ သူလျှိုတစ်ယောက်ပဲ ”
ထိုမှတ်ချက်များကို ကြည့်ပြီး ယဲ့ရှောင်က ကြောင်အသွားတော့၏။
ကာယကံရှင်က သူတို့ကို စိတ်ထဲမထားပေ။
ဆန့်ကျင်ဖက်အနေဖြင့် အင်တာနက် အသုံးပြုသူများက ဆူညံမှုများစွာ ပြုလုပ်နေ၏။ သူတို့ထဲ၌ အရှိန်အဟုန်ကို ဖန်တီးရန် လူအချို့ ရှိသည်ဟု သံသယဝင်နေမိသည်။ ဟန်နိုင်ငံ သို့မဟုတ် ရင်နိုင်ငံမှ လူများစွာ ရောနေတာတောင် ဖြစ်နိုင်ပေ၏။
ကုဟိုင်ကလည်း ခေါင်းလှည့်လာ၏။
” လောင်ယဲ့ မင်း ချမ်းသာချင်လား ”
ယဲ့ရှောင်က ဇဝေဇဝါ ဖြစ်သွား၏။
” ချမ်းသာဖို့လား။ ဘယ်ကနေ ချမ်းသာမှာတုန်း ” ကုဟိုင်က ဘယ်ကြည့်ညာကြည့် ကြည့်လိုက်၏။
” အွန်လိုင်းကုမ္မဏီတချို့က ခန့်မှန်းနေတာ ရှိတယ်။ သူတို့က သုံးယောက်ကို လောင်းကြေးထပ်ကြတာလေ။ ဘယ်သူနိုင်မလဲ ”
” ဓါးမော့ဓါးဝိဇ္ဇာအတွက် လောင်းကြေးက ၅ဆ၁ဆ၊ လျိုချန်စွင်းအတွက် လောင်းကြေးက ၇ဆ၁ဆ၊ မူရာကာမီ ပေ့ချွမ်းအတွက် လောင်းကြေးက ၁ဆ၂ဆ ”
” ငါ တွက်ချက်ပြီးသွားပြီ။ အားလုံးကို လောင်းလိုက်မယ်။ အချိန်ကျလာတဲ့အခါ စီနီယာဓါးမော့ဓါးဝိဇ္ဇာနိုင်တာပဲဖြစ်ဖြစ်၊ လျိုချန်စွင်း နိုင်တာပဲဖြစ်ဖြစ်၊ ငါတို့က အမြတ်ထွက်လိမ့်မယ်။ မူရာကာမီပေ့ချွမ်နိုင်သွားရင် ငါတို့ ရှုံးမှာပေါ့။ ငါတို့ ပိုက်ဆံတော့ မရှုံးပါဘူး။ ဘယ်လိုထင်လဲ ”
ယဲ့ရှောင်က နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။
” မင်းက မြို့စောင့်တပ်ဖွဲ့ကနေ ဘယ်လိုလုပ် ဒီကိစ္စ လုပ်နိုင်ရတာလဲ ”
” မတတ်နိုင်ဘူးလေ။ မြို့စောင့်တပ်ဖွဲ့ရဲ့ လစာက လုံမှ မလုံလောက်တာ။ ၁၀ရက်အတွင်း ကလေးမွေးတော့မှာ။ ကလေးအတွက် နို့မှုန့်ဖိုး ရှာရမယ်လေ ”
” ဒါ့အပြင် ငါက လောဘမကြီးဘူး။ နေ့တိုင်းနေ့တိုင်း ကျန်းဟိုင်မြို့ကို ကာကွယ်နေတာ။ သွေးတွေချွေးတွေနဲ့ ငါ့မှာက ရှင်းလင်းတဲ့ အသိတရား ရှိပြီးသား။ မြို့သူမြို့သားတွေဆီကနေ အပ်တိုတစ်ချောင်း ချည်တစ်မျှင်တောင် ယူမှာ မဟုတ်ဘူး။ ပိုက်ဆံတချို့ရဖို့အတွက် ငါ့ကိုယ်ပိုင်ပိုက်ဆံကိုပဲ သုံးမှာ။ ဒါ ခွင့်မပြုဘူးလား ”
” ဒါ့အပြင် ငါ့အမေအကောင့်ကို ငါ သုံးနေတာ။ ဘယ်သူ့မှ မသိဘူး ဟီး ဟီး ဟီး ”
” မင်းက ဒါကို အေးအေးဆေးဆေး မှတ်သင့်တယ်။ မှားတယ်လို့ ခံစားနေတာလား။ ဒီလောင်းကြေးတွေနဲ့ဆို ဘယ်သူပဲဖြစ်ဖြစ် မင်း ရှုံးမှာမှ မဟုတ်တာ။ သရေကျနိုင်တာပဲလေ ”
” သရေလား။ ဘာသရေလဲ ”
” ကွက်ကျော်ရိုက်တာ ရှိရမယ် ”
” ကွက်ကျော်ရိုက်တာလား။ ဘာကွက်ကျော်ရိုက်တာလဲ ”
” စီရင်စု၉ခုရဲ့ အဲ့ဒီအတုအယောင် ဆော့ဝဲဖ်ကို ဒေါင်းလော့ဆွဲလိုက်။ အဲ့ဒီမှာ တူညီတဲ့ အခြေအနေတွေရှိတယ်။ အားလုံးက အလိမ်တွေပဲ။ တစ်ခုကတော့ လုံ့လဝီရိယရှိပြီး ကိုယ်တိုင် ကြိုးစားမှပဲ ရမှာ ”
” မင်းအခုပြောတော့ တကယ်ကြီး စွန့်စားရပြီးတော့ စွန့်စားမှုတစ်ခုရှိတယ်လို့ ငါတကယ် ခံစားမိနေပြီ။ ဒါဆို ငါဘာလုပ်သင့်လဲ။ ငါ့ကလေးအတွက် နို့မှုန့်တချို့ ဝယ်ချင်သေးတာလေ ”
” ဒါ လွယ်လွယ်လေးပဲ မဟုတ်ဘူးလား။ မင်း အဲ့ဒီလူလိမ်တွေရဲ့ နေရာကို သွားဖျက်ဆီးလိုက်ရင် သေချာပေါက် ကောင်းကျိုးဆောင်ရွက်ရာရောက်မှာပဲ။ အချိန်ကျလာတဲ့အခါ မြို့စောင့်တပ်ဖွဲ့က မင်းကို ဘောနပ်စ်တော်တော်များများ ချီးမြှင့်မှာ ဟုတ်တယ်မလား ”
” ဒီနည်းနဲ့သာဆိုရင် ကျန်းဟိုင်မြို့အတွက် မင်းက အကျိုးသယ်ပိုးရာရပြီး ကလေးနို့မှုန့်ဖိုးလည်း ရပြီလေ။ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာ မဟုတ်ဘူးလား ”
” လောင်ယဲ့။ မြို့စောင့်တပ်ဖွဲ့က်ု လာလိုက်လေ။ မင်းရဲ့ ဦးနှောက်က သိပ်ကို ကောင်းလွန်းနေတယ်။ မင်းက မြို့စောင့်တပ်ဖွဲ့အတွက် တကယ် မျိုးစေ့ကောင်းလေးပဲ ”
” မင်းလာရင် မင်းရာထူးတက်တာ ငါ့ထက် ပိုမြန်မယ်လို့ အာမခံတယ် ”
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” မလုပ်နဲ့။ ငါ စိတ်မဝင်စားဘူး။ အလုပ်များနေလို့ ငါ အရင်သွားနှင့်မယ် တာ့တာ့ ”
” ဟုတ်ပြီ နောက်မှ တွေ့မယ်။ ဒါပေမဲ့ ကလေးမွေးတဲ့အချိန် ဆေးရုံကို လာနိုင်မလား။ မင်းငါ့ကို ပြီးခဲ့တဲ့အခေါက်က ကူညီပေးခဲ့တာ။ ဝမ်ဝမ်နဲ့ ငါက မင်းကို ကလေးရဲ့ ခေါင်းကိုင်ဖခင် ဖြစ်ခွင့်ပေးမယ်။ မင်းဆန္ဒရှိလား ”
ယဲ့ရှောင်က မင်သက်သွား၏။ ခေါင်းကိုင်ဖခင် ဖြစ်ဖို့လား။
ကလေးတည်းက ထိုအတွေး တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူက ချစ်သူရည်းစားတောင် မရှိဖူးသောကြောင့် မည်ကဲ့သို့ ခေါင်းကိုင်ဖခင် ဖြစ်နိုင်မည်နည်း။
” ငါ စဥ်းစားကြည့်ဦးမယ်။ အချိန်ကျမှ ကြည့်တာပေါ့ ”
” ဟုတ်ပြီလေ။ ဒါဆို ငါလည်း ကင်း ဆက်လှည့်
လိုက်ဦးမယ် ”
” သွားတော့ ” နှစ်ယောက်သားက နှုတ်ဆက်စကားပြောပြီးနောက် ယဲ့ရှောင်က ထွက်လာလေ၏။
ညနေစောင်းတွင် လူတစ်ယောက်နှင့် ကြောင်တစ်ကောင်က ချင်စီရင်စု၏ နယ်စပ်တွင် ရှိသည့် မြို့လေးတစ်မြို့ ဖြစ်သည့် ကြွေလွင့်ဖီးနစ်မြို့ကို ရောက်လာလေ၏။
လွန်ခဲ့သည့်နှစ်ရာချီက လူသားသိုင်းပညာရှင်တစ်ဦးသည် ဖီးနစ်သွေးမျိုးဆက်ဖြင့် ကြယ်တာရာသားရဲတစ်ကောင်ဖြစ်သည့် ဖီးနစ်ကို သတ်ဖြတ်ခဲ့ကြောင်း ကောလဟာလ ရှိသည်။ ဖီးနစ်သေဆုံးပြီးနောက် ၄င်း၏ သွေးမျိုးဆက်စွမ်းအားက အာဟာရအဖြစ် ပြောင်းလဲသွားပြီး ကြွေလွင့်ဖီးနစ်မြို့ထဲ၌ ချိတ်ပိတ်ထားကာ ကောင်းကင်နဲ့ မြေကြီး၏ ဝိညာဥ်ဆန္ဒစွမ်းအားများကို စုပ်ယူရာ၌ ကူညီပေးသည်။ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်က ယဲ့ရှောင်နှင့် ဟွမ်လျိုလီသာ ဖြစ်သည်။
ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်က ပြန်ပို့သည့် အချက်အလက်အရ ပြီးခဲ့သည့်အခေါက် ကျိဖုန်းသည် ဤနေရာ၌ ပျောက်ကွယ်သွားတာပဲ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်က ကျိဖုန်းကို ရှာရန် ဤနေရာသို့ ရောက်လာတာပဲ ဖြစ်သည်။
” သခင် ကျိဖုန်းကို ရှာတွေ့ပြီလား ”
ဟွမ်လျိုလီက မမေးပဲ မနေနိုင်တော့ပေ။ ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ငါ မှတ်သားထားတဲ့
ဝိညာဥ်စွမ်းအင်ကွက် ဖုံးကွယ်ထားတာ။ အဲ့ဒါကို ဖွင့်ဖို့အတွက် နည်းလမ်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားကို အသက်သွင်းလိုက်တဲ့အချိန် ငါ့ရဲ့ ဝိညာဥ်စွမ်းအားက သူမ သတင်းဖြန့်မဲ့ ဝိညာဥ်စွမ်းအင်အဖြစ် သုံးလို့ရမယ်။ နောက်တစ်နည်းက သူ့နားကပ်ရင် ငါ့ရဲ့ ဝိညာဥ်စွမ်းအင်က ငါ့စွမ်းအားကို အာရုံခံမိပြီး တုံ့ပြန်လိမ့်မယ်။ ပြီးတော့ ကျိဖုန်းက ဘာလှုပ်ရှားမှုမှ မရှိရင် သူ့ရဲ့ ဝိညာဥ်စွမ်းအင်က ဝှက်ထားမှာပဲ ”
” ဒီလိုဆိုရင် ဘာပဲဖြစ်ဖြစ် ကျိဖုန်းက ငါ့ရဲ့ဝိညာဥ်စွမ်းအင်ကို ရှာမတွေ့နိုင်ဘူး ”
” ဒါကို အာရုံမစိုက်မိသလို ဝိညာဥ်စွမ်းအင်ကို ဖယ်ရှားမိမှာ မဟုတ်ဘူး ”
” ဝိုး သခင်က တကယ်ဉာဏ်ရှိပြီး အင်မတန် ထက်မြတ်တာ။ ထူးချွန်တဲ့ အိုင်ကျူရှိနေတာ ဉာဏ်ရည်ရှိနေတာပဲ ”
” မင်း မျက်နှာချိုသွေးတာ ရပ်လိုက်လို့ရပြီ ”
” အဟမ်း .. ဟုတ်ပြီလေ သခင်။ ဒါဆို ကျွန်မတို့တွေ ဘာလုပ်သင့်လဲ။ ခွင့်က ၁၀ရက်ပဲ ရတာ။ ၁၀ရက်ကြာပြီးတဲ့နောက် ကျွန်မတို့ သူ့ကို မရှာနိုင်ရင် ဘယ်လိုလုပ်မလဲ ”
” လောနေဖို့ မလိုဘူး။ ဝိညာဥ်စွမ်းအင်က အချိန်တိုင်း ကူးပြောင်းနေတာကို ငါတွေ့တယ်။ ကူးပြောင်းတဲ့အချိန်က ညပဲ။ သူမက ညဘက်မှာမှ ထွက်လာလောက်တယ်။ ညကျရင် အရှိန်အဝါကို ထုတ်တဲ့အချိန်ကျ သူ့ကို ချက်ချင်း ရှာတွေ့ပြီး ဖမ်းပြီး သူ့ရဲ့ အဖော်အပေါင်းတွေကိုပါ တစ်ခါတည်း ဖမ်းလို့ရမှာ ”
” ဆရာက တကယ် ဉာဏ်ရှိတာပဲ။ ဒါဆို အခု ကျွန်မတို့ ဘာလုပ်သင့်လဲ ”
” အရင်ဆုံး စီးပွားအလုပ်ကိစ္စ လုပ်ကြတာပေါ့ ”
၁၀မိနစ်ခန့် ကြာပြီးနောက် ယဲ့ရှောင်သည် အစက်အသားကင်တစ်ပုံးကို ကိုင်ထားပြီး လမ်းပေါ်၌ ဟွမ်လျိုလီနှင့်အတူ စားနေလေ၏။
” ဝိုး ကြွေလွင့်ဖီးနစ်မြို့က အသားကင်က တကယ် အရသာရှိတာပဲ။ ကျန်းဟိုင်မြို့ကထက်တောင် ပိုကောင်းသေးတယ် ”
” ဒါအမှန်ပဲလေ။ နေရာတိုင်းမှာ ကိုယ်ပိုင်အထိမ်းအမှတ် ဟင်းလျာတွေ ရှိကြတယ်။ ကြွေလွင့်ဖီးနစ်မြို့က အစားအသောက်ကောင်းတယ်။ အစပ်အရသာနှင့် ပူစပ်စပ်အရသာရှိတယ် ”
” ကျန်းဟိုင်မြို့က တဇွတ်ကြော်တွေကိုကြည့်ဦး။ သူတို့က ဇီရာမှုန့်နှင့် ငရုပ်မှုန့်နဲ့ပဲ ကြော်ကြတာ။ ကြွေလွင့်ဖီးနစ်မြို့က အစပ်ကင်တွေကိုကြည့်။ သူတို့က ထိပ်တန်းအရည်အသွေးရှိတဲ့ စီချွမ်း ချောင်ထန်း ငရုပ်မှုန့်ကို သုံးကြတာ။ သူတို့က နှမ်းဆီနဲ့ ငရုပ်မှုန့်တောင် ရှိသေးတယ်။ အစပ်ဆီက ရနံ့မွှေးရုံတင်မကဘူး။ အစပ်အရသာလည်း ရှိတယ်။ စီရင်စု၉ခုထဲမှာ အကောင်းဆုံး အစပ်ဆီလို့ ပြောလို့ရတယ် ”
” ဒါဆိုရင် ပိုစားဖို့လိုတယ် ”
” မင်းမှာ ပိုက်ဆံရှိလို့လား ”
” ရှိတာပေါ့။ ကျွန်မ အသားကပ်ရောင်းထားပြီး ပိုက်ဆံတော်တော်များများ ရထားတယ်။ ယွမ် ၇၀၀၀၀ ၈၀၀၀၀လောက် ”
” ဘယ်လောက်လို့ ပြောလိုက်တာ ”
” ၇၀၀၀၀ ၈၀၀၀၀ ”
” ဒါက မင်း ပိုက်ဆံရတဲ့ ပုံလား။ ဒါကို ဝယ်တဲ့လူတွေ ဘာကြောင့် များရတာလဲ ”
” အဟုတ်ပဲ။ စီးပွားရေး အတော်ကောင်းတယ် ”
” ဒါပေမဲ့ ဒါက မမှန်ဘူးမလား။ မင်းရဲ့ အသားကပ်တွေကို အရင်တုန်းက တစ်ခါမှ ရောင်းဖူးတဲ့ပုံ မပေါ်ဘူး။ မင်း အဲ့ဒါတွေကို မဝတ်ခင်မှာ အမြဲ လျှော်နေတာပဲ။ ဘယ်သူ့ရဲ့ အသားကပ်တွေကို ရောင်းချနေတာတုန်း ”

အပိုင်း ၁၅၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset