စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၅၂ ရက်အနည်းငယ်အတွက် ပျက်ကွက်
ခွင့်တင်ခြင်း။
” အဟွန့် အဟွန့် အဟွန့် ”
ယဲ့ရှောင်သည် တောင်ပေါ်သို့ ကို့ယို့ကားယား တွယ်တက်လာ၏။ သူ၏ ခန္ဓာကိုယ်က အဆင်ပြေသော်ငြား ကိုယ်ပေါ်၌ ဖုန်မှုန့်အနည်းငယ် ရှိနေ၏။
သူ ရှန်းထျန်းသတ္တမအဆင့်သို့ အဆင့်တက်သွား
စဥ်က ကဲ့သို့ပင်။ ရှန်းထျန်းအဌမအဆင့်သို့ တက်ပြီးနောက် ယဲ့ရှောင်၏ ကျင့်ကြံဆင့်တိုးတာက များလွန်းသောကြောင့် အချိန်တိုအတွင်း သူက မလေ့ကျင့်ခဲ့လျှင် ၄င်းကို ထိန်းချုပ်ရန်က သူ့အတွက် ခက်ခဲသွားလိမ့်မည်။
နတ်ဘုရားအာရုံစူးစိုက်ခြင်းကို အသုံးပြုပြီးနောက် သူ၏ အရှိန်က မြန်ဆန်လွန်းလှရာ သူတောင် ၄င်းကို မမှန်းဆရဲချေ။
အစောတုန်းက သူသည် ကျုံးစီရင်စုနှင့် ချူစီရင်စု၏ တောင်တစ်သိန်းထဲ၌ ရှိနေခဲ့တာဖြစ်သည်။ စက္ကန့်အနည်းငယ်အတွင်း သူက မျက်တောင်တစ်ခတ်အတွင်း၌ ကျန်းဟိုင်မြို့သို့ ပြန်ရောက်လာတာပဲ ဖြစ်သည်။
ယဲ့ရှောင်က သူ၏ လက်ရှိခွန်အားအရ သူသည် ရှန်းထျန်းသတ္တမအဆင့်ကို သူကိုယ်တိုင် ရင်ဆိုင်ရမည်ဆိုလျှင် လက်တစ်ဖက်တည်းဖြင့် ရှန်းထျန်းသတ္တမအဆင့် သိုင်းပညာရှင်များကို ချေမှုန်းနိုင်လိမ့်မည်ဟု ယူဆမိသည်။
သန်မာလိုက်တာ။
ရှန်းထျန်းသတ္တမအဆင့်က ထိုမျှ သန်မာနေပြီဆိုလျှင် ရှန်းထျန်းနဝမအဆင့်ဆို မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
ပြီးနောက် ဘုရင်နှင့် ဧကရာဇ်နယ်ပယ်ဆို မည်သို့ ဖြစ်မည်နည်း။ သူတို့ မည်မျှ သန်မာမည်နည်း။
ထိုအကြောင်းကို တွေးကြည့်ခြင်းက ယဲ့ရှောင်၏ နှလုံးခုန်နှုန်းကို မြန်လာစေ၏။ သူက ရေကို တောင်းတမိလာတော့သည်။ အတိတ်တုန်းက သူက ဖာသိဖာသာ ပိုဖြစ်သော်ငြား ယခုမူ သူ၏ စိတ်နေစိတ်ထား ပြောင်းလဲသွားပြီ ဖြစ်၏။
စွမ်းအား၏ ချိုမြိန်မှုကို ရရှိပြီးနောက် သူက ပိုတောင် တောင်းတလာတော့သည်။
ယဲ့ရှောင်က သူ အတိတ်ဘဝ၌ လူကြီးတစ်ယောက် ပြောတာကို ကြားဖူး၏။
လူတစ်ယောက်က ပိုက်ဆံမရလျှင် အလုပ်ကြိုးစားဖို့က သူ့အတွက် အလွန်ခက်ခဲပေလိမ့်မည်။ အကြောင်းမှာ ငွေကြောင့် ရရှိသည့် သာယာမှုနှင့် စွမ်းဆောင်နိုင်မှုကို မခံစားမိသောကြောင့် ဖြစ်သည်။
သို့သော် သူ ပိုက်ဆံရလာသည့်အချိန် သုံးစွဲခြင်းမှ သူ၏ အခြေခံအကျဆုံး ရည်မှန်းချက်များကို လှုံ့ဆော်မိလာပြီး တစ်ကိုယ်လုံးက ပိုက်ဆံရရန်အတွက် အလုပ်ကြိုးစားပမ်းစား လုပ်လာလိမ့်မည်။ ယင်းက သူ ယခု ရှိနေသည့် အခြေအနေ ဖြစ်နိုင်၏။
သူ ထိုမျှ သန်မာလိမ့်မည်ဟု မထင်ထားပေ။ ချီရှန်းတစ်ယောက်က အလွန်အထင်ကြီးဖွယ်ကောင်းနေပြီဖြစ်သော်ငြား ချီရှန်းတစ်ယောက်၏ အရည်အချင်းက အကန့်အသတ်ရှိသည်။ ယခု ယဲ့ရှောင်က ကောင်းကင်၏ စွမ်းဆောင်ရည်ကို လှုပ်ခါနိုင်ပြီဟု ခံစားမိနေသည်။
ထိုနှစ်မျိုးကြားကွာဟချက်က အမှန်တကယ် သိသာသည်။ လူသားများ၏ နှလုံးသားက အမှန်တကယ် ပြောင်းလဲ၏။
ချက်ချင်းပင် ဝဋ်ကြွေးချေ မိုးကြိုးကို ခွဲလိုက်သည့် လွှမ်းမိုးနိုင်သော အရှိန်အဝါကို ပြန်တွေးမိပြီး ယဲ့ရှောင်က ဤဘဝ၌ တစ်ပါးသူအား မည်သူတစ်ဦးတစ်ယောက်ကိုမှ လက်အောက်ခံ ဖြစ်လောက်မှာ မဟုတ်ပေ။
ယင်းက သန်မာသူတစ်ဦး၏ ဂုဏ်သိက္ခာက ဖန်တီးလိုက်သည့် အကြောင်းအရင်းပေလော။
မြစ်ကြောင်းစုဝေးနေသည့် လူအရေအတွက်က အတော်များနေပြီ ဖြစ်သည်။ ယဲ့ရှောင်က ခြေဖဝါးတစ်ချက်ထိပြီး သူ၏ ခန္ဓာကိုယ်က ရပ်သည့် နေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။ ယခုအခေါက်တွင် သူက နတ်ဘုရားအာရုံစူးစိုက်ခြင်းကို ထပ်မံ မသုံးတော့ပဲ အရှိန်က ပိုနှေးသွားလေ၏။
ထိုသို့တိုင် ယဲ့ရှောင်သည် သူ၏ အရှိန်က လူတစ်ယောက်၏ ခေါင်းမွေးများကို ထောင်ထသွားစေသည်အထိ မြန်ဆန်လွန်းသည်ဟု ခံစားမိနေ၏။
သူက နောက်ရက်အနည်းငယ်အတွင်း ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦး၏ စွမ်းအားကို ပြီးပြည့်စုံစွာ ထိန်းချုပ်ရမည့်နည်းကို သင်ယူရမည့်ပုံပေါ်၏။ ယဲ့ရှောင် အိမ်ပြန်ရောက်သည့်အချိန်တွင် အာရုံတက်ခါနီးပြီ ဖြစ်သည်။
သို့သော် တံခါးဖွင့်လိုက်သောအခါ နေရာရှိ မြင်ကွင်းကြောင့် မင်သက်သွားမိသည်။
ဆိုဖာပေါ်၌ ငယ်ရွယ်ပြီး လှပသော မိန်းကလေးက လှဲနေလေ၏။
သူမ၌ ကြောင်နှာရွက်တစ်စုံရှိပြီး ဖွင့်ထားသည့် ခန္ဓာကိုယ် ရှိနေလေ၏။ ချင်ယွိယန်နှင့် ယန်ရှီးတို့
နှင့် ယှဥ်နိုင်ပြီးသား ဖြစ်သည်။ သူမက သူတို့ကို မရှုံးပေ။
သူမ၏ မျက်နှာက အထူးသဖြင့် ဖြူဖွေးကာ အသားအရေက ကြည်လင်နေ၏။ အမျိုးသမီးများစွာ၏ အသားအရေထက် အဆပေါင်းများစွာ ပိုကောင်းသည်။
သူမ၏ သွယ်လျသော ခြေတံရှည်တစ်စုံက တူကဲ့သို့ ဖြစ်နေသည်။ ပိန်ပြီး ရှည်သွယ်၏။ အနက်ရောင် အသားကပ်အောက်၌ သူတို့က ပိုတောင် သွယ်နေပုံ ပေါ်သည်။
” ဟီး ဟီး ဟီး။ ကြက်တောင်ပံစားမယ်။ သခင် ကြက်တောင်ပံ စားချင်တယ်။ ကြက်တောင်ပံ အစပ်လေး ”
ထိုစဥ် တစ်ဖက်လူ၏ ပါးစပ်မှ ယောင်သည့်အသံများ ပေါ်ထွက်လာ၏။ ထိုသူက ဟွမ်လျိုလီဖြစ်ကြောင်း ယဲ့ရှောင် ခန့်မှန်းနိုင်၏။ ထို့အပြင် သူမက ရှန်းထျန်းပဥ္စမအဆင့်သို့ အဆင့်တက်ပြီး ဖြစ်သည်။
သူ့ရဲ့ ကြယ်တာရာအိမ်မွေးကတော့ ထင်တဲ့အတိုင်းပင်။ သူ့ရဲ့ ခွန်အား တက်တဲ့အချိန်က တကယ်မြန်တာကိုး။ နဂါးအမျိုးအစား သွေးမျိုးဆက်ရဲ့ စွမ်းအားက တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်။
သာမန် ကြယ်တာရာသားရဲတွေဆို သွေးမျိုးဆက်စွမ်းအား ချို့တဲ့မှုကြောင့် အဆင့်တက်ဖို့ ပိုခက်ခဲနေမှာ။ တကယ်တော့ သူတို့က အဆင့်တောင် မတက်နိုင်လောက်ဘူး။
ဟွမ်လျိုလီအတွက်ကတော့ ဒီအရာကို စိုးရိမ်ပူပန်နေစရာ မလိုဘူး။
နောက်ထပ် တစ်ချက်ရှိသေးသည်။ ပုံရိပ်ယောင်ကြောင် သွေးမျိုးဆက်သည် ဝိညာဥ်စွမ်းအင် ကျင့်ကြံမှုကို အထူးပြုထားသော်ငြား အစွမ်းထက်သည့် နဂါးအမျိုးအစား ကြယ်တာရာသားရဲများ၏ ကြယ်အမြုတေများ သွေးများကို ဝါးမြိုပြီးနောက် သူမက အခွင့်အရေးတစ်ခု ရှိလာပြီး ကျန်သည့် သွေးမျိုးဆက်များ၏ စွမ်းအားကို ရလာနိုင်တာ ဖြစ်သည်။
သူမအတွက် သင့်တော်သည့် သွေးမျိုးဆက်ကို ရှာနိုင်ခဲ့လျှင် ဟန်ချက်ညီသည့် နည်းလမ်းဖြင့် ဝိညာဥ်စွမ်းအင်နှင့် တိုက်ခိုက်နိုင်ရန် စွမ်းအား ရှိလာမည်ဖြစ်ကာ သူမ၏ အလားလာက ပိုတောင် တိုင်းတာမရ ဖြစ်လာလိမ့်မည်။
ထိုအချိန်ရောက်လျှင် သူမ လုပ်ရန် မလိုအပ်သည့် ကိစ္စရပ်များစွာ ရှိလာနိုင်ပြီး ဟွမ်လျိုလီအတွက် စီစဥ်ပေးနိုင်လောက်သည်။
ပြီးပြည့်စုံတယ်။
သို့သော်ငြား ထိုစဥ် ဟွမ်လျိုလီက လှည့်လာလေ၏။ အစက သူမသည် မှောက်လျက် အိပ်နေတာ ဖြစ်သည်။ သို့သော် ယခုမူ ပက်လက်လှန် အိပ်နေတော့သည်။
” ”
ဒါ ဒါက အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ကို ခေါ်ထားတာအတွက် ပေးရတဲ့ တန်ကြေးလား။
ယဲ့ရှောင်က သူ၏ ရင်ထဲတွင် အနည်းငယ် ကူကယ်ရာမဲ့သွားလေ၏။ ပြီးနောက် သူက သူမကို စောင်ခြုံပေးလိုက်သည်။
နောင်ကြ ဟွမ်လျိုလီကို ဆိုဖာပေါ်တွင် ဆက်အိပ်ခွင့် မပေးမှ ရမည့်ပုံပေါ်၏။ ဆိုရလျှင် ကလေးအရွယ်ရောက်လာပြီး အလွန်လည်း ကျေးဇူးသိတတ်လာ၏။ သူက သူမကို ဆုချီးမြှင့်သင့်ပြီ ဖြစ်သည်။ မနက်ဖြန်ကျ သူမ၏ ကိုယ်ပိုင်အခန်းလေး ပေးသင့်နေပြီဖြစ်သည်။
မကြာမီ၌ နောက်တစ်နေ့ ရောက်လာ၏။ အလုပ်သွားသည့် လမ်း၌ ယဲ့ရှောင်က မနက်စာစားပြီး သူဌေးရွှီ၏ ဆိုင်ကနေ ဖြတ်သွားသည်။ သူက လက်ဆွဲသေတ္တာတစ်လုံးကို သယ်လာပြီး တံခါးဝ၌ ရပ်ကာ သူ၏ သမီးကို ပြောနေသော သူဌေးရွှီကို မြင်လိုက်ရ၏။
ယခု သူက ရှန်းထျန်းအဌမအဆင့်သို့ တက်သွားပြီ ဖြစ်သည်။ သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုရန်တောင် မလိုအပ်ပဲ ခန့်လှမ်းလှမ်းကနေ အသံများကို အလွယ်တကူ ကြားနိုင်၏။
” မှတ်ထားဦး။ ပစ္စည်းတွေကို စျေးမှား မရောင်းနဲ့ဦး။ စျေးမသိရင် ချက်ချင်း ခေါ်လိုက် ”
” သမီး သိပါပြီ ”
” အဖေမရှိတုန်း ဘာလက်နက်မှ မဝယ်နဲ့။ တချို့ကောင်စုတ်လေးတွေက အဖေမရှိတာကို တွေ့တဲ့အချိန် သမီးကို အရူးလုပ်ဖို့ အဆင့်နိမ့်တဲ့ ပစ္စည်းတချို့ သုံးလောက်တယ် ”
” ဟုတ်ပါပြီ ”
” ပြီးတော့ အဲ့ဒီယဲ့ရှောင်။ သူက ရုပ်ရည်ကြည့်ကောင်းပေမဲ့ စိတ်ထားမကောင်းဘူး။ သူနဲ့ အဆက်ဆံ သိပ်မလုပ်နဲ့။ နားလည်လား ”
” ဟုတ်တယ်။ ဟုတ်ပါပြီ ”
မှာပြီးနောက် သူဌေး ရွှီက လှည့်ထွက်သွားကာ ကားထဲဝင်ရန် ပြင်ဆင်လိုက်၏။ သူ လှည့်လိုက်စဥ်တွင် ယဲ့ရှောင်ကို တွေ့သွား၏။ သူသည် အစက မင်သက်နေရာမှ နှာခေါင်းတစ်ချက် ရှုပ်ပြီးနောက် လှည့်ထွက်သွားတော့၏။
ယဲ့ရှောင်က ဒေါသမထွက်ပေ။ သူကသာလျှင် သူဌေး ရွှီကို ထိုအခြေအနေသို့ ပြောင်းလဲပစ်ခဲ့သူ ဖြစ်၏။ ယခင်က အခြားသူများ သူဌေး ရွှီကို လာရှာပြီး သူ သန့်စင်ခဲ့သည့် ဓါးများအကြောင်း ရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့် ယဲ့ရှောင်သည် သူ့ထံ၌ သူဌေး ရွှီ ဒေါ်လာ၁သန်း ဆုံးရှုံးသည်ဟူ၍ အကြောင်းအရာ ပြောင်းလဲခဲ့၏။ ထိုအချိန်မှစကာ သူဌေး ရွှီက သူ့ကို သဘောမကျတော့ပေ။
မည်သည့်နည်းနဲ့မဆို ထိုမှတ်ဉာဏ်ရှိမနေသရွေ့ သူ့ကို အခြားသူများ လာရှာမှာ မဟုတ်ပေ။ သူက လက်နက်ပညာရှင် ဖြစ်နေသရွေ့ အဆင်ပြေသည်။
သူဌေး ရွှီ ကားထဲဝင်ပြီး ထွက်သွားပြီးနောက် ယဲ့ရှောင်က ဆိုင်ဝင်ပေါက်သို့သွားကာ ရွှီတာ့မောင်ကို စပ်စပ်စုစု မေးလိုက်လေ၏။
” တာ့မောင် မင်းရဲ့ အဖေက ထူးဆန်းလိုက်တာ ဘာဖြစ်တာလဲ ”
” ကျွန်မအဖေက ကျွန်မကို ရှင်နဲ့ စကားမပြောစေချင်ဘူး ”
ယဲ့ရှောင်က ပေါက်စီနှစ်လုံး လှမ်းပေးလိုက်၏။
” ဒီမှာ ပဲပေါက်စီလေး နွေးနေတုန်းပဲ ”
ရွှီတာ့မောင်က အနည်းငယ် တွေဝေသွားပြီးနောက် ပေါက်စီများကို ယူလိုက်သည်။
” ရှင့်ကို ပြောပြမယ်။ ကျွန်မ အဖေကို ပြန်မပြောနဲ့ဦးနော် ”
” ကျုပ် သိပါတယ် ”
ရွှီတာ့မောင်က သူ့အဖေထွက်သွားသည့်ဘက်ကို ကြည့်လိုက်၏။ သူ ပြန်မလာတော့တာကိုအတည်ပြုပြီးနောက် စိတ်ကျေနပ်နေသောအကြည့်ဖြင့်ပေါက်စီတစ်ကိုက်ကိုက်ပြီး ဆက်ပြောလိုက်သည်။
” ကျွန်မ အဖေက ကျန်းစီရင်စုကို သွားနေတာလေ။ ကျန်းစီရင်စုရဲ့ ဟူမြို့မှာ လက်နက်သန့်စင်တဲ့ အစဥ်အလာတစ်ခု ရှိတယ်။ အဲ့ဒီမှာ တန်ဖိုးကြီးတဲ့ ဆုတစ်ခုရှိမယ်လို့ ကြားထားတယ် ”
” ဘာဆုလဲ ”
” ဆုတွေ အများကြီး ရှိပုံပဲ။ လက်နက်သန့်စင်ဖို့အတွက် နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဥက္ကာခဲ၊ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရွှေသဲနဲ့ အံ့ဖွယ်ဂိုဏ်းကြယ်တာရာသားရဲအတွက် ကုန်ကြမ်းတွေလည်း ရှိတယ်။ အား ဟုတ်သား။ လေဟာနယ် နီလာခရမ်းတစ်ခုလည်း ရှိတယ် ”
ယဲ့ရှောင်၏ အကြည့်က ရုတ်တရက် လှုပ်ရှားသွားလေ၏။
လေဟာနယ် နီလာခရမ်း။
ပစ္စည်းကောင်းပဲ။
ယင်းသည် လေဟာနယ် ကုန်ကြမ်းတစ်မျိုး ဖြစ်၏။ ၄င်း၏ အဆင့်က မီးတောင်ထွတ်ကျောက်ထက် ပိုပြီး သန်မာပြီး အတွင်း၌ သိုလှောင်နိုင်သော လေဟာနယ်စွမ်းအင်က အဆပေါင်းများစွာ ပိုသန်မာ၏။
သူ၏ သိုလှောင်လက်စွပ်ကို မီးတောင်ထွတ်ကျောက်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး အထဲသို့ လေဟာနယ်စွမ်းအင်များ ထပ်မထည့်နိုင်မှာကို သူ စိုးရိမ်ပူပန်နေခဲ့တာ ဖြစ်သည်။ သူက လေဟာနယ်နီလာခရမ်းအကြောင်းကို သတင်းရလိမ့်မည်ဟု မထင်ထားချေ။ ထိုလေဟာနယ်နီလာခရမ်းကို ရရန် နည်းလမ်းတစ်ခု စဥ်းစားရမည့်ပုံပေါ်၏။
” အား ဟုတ်သား။ လောင်ရွှီက လက်နက် ဘယ်လိုသန့်စင်ရမလဲဆိုတာ ဘယ်တုန်းက စသင်ယူတာလဲ ”
” ကျွန်မအဖေက လက်နက်ဘယ်လိုသန့်စင်ရမလဲဆိုတာ မသိဘူး။ သူက လက်နက်တွေကို ဝယ်ဖို့ အခွင့်အရေး ယူရုံပဲ။ ယှဥ်ပြိုင်ပွဲမှာ လက်နက်သန့်စင်သူတွေ အများကြီး ပါမှာလေ။ သူတို့က လက်နက်ကောင်း တော်တော်များများ ဖန်တီးမှာ သေချာတယ်။ ကျွန်မ အဖေက ယှဥ်ပြိုင်ပွဲတိုင်း ဝင်ပါမှာ မဟုတ်ဘူး ”
” ကျုပ် သိပြီ။ ဒါဆို သွားတော့မယ်။ အလုပ်နောက်ကျတော့မှာမလို့ ”
” ကျွန်မ ရှင့်ကို ပြောပြတယ်ဆိုတာ ရှင် ကျွန်မ အဖေကို မပြောနဲ့ဦးနော်။ မဟုတ်ရင် သူက ကျွန်မကို ထပ်ဆူနေဦးမှာ ” ရွှီတာ့မောင်က သူ့ကို ထပ်ပြီး သတိပေးလိုက်၏။
” စိတ်မပူနဲ့ ”
ယဲ့ရှောင်က လှည့်ထွက်သွား၏။ သူက စိတ်ထဲ၌ တိတ်တဆိတ် တွက်ချက်နေသည်။ ထိုအကြောင်းကို ပြောတော့မှ ကျိဖုန်း ထွက်သွားတာ အတော်ကြာပြီ ဖြစ်သည်။ သူမက ယခုလောက်ဆို အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများကို ရှာတွေ့နေသည် မဟုတ်ပါလော။ သူကလည်း ကျိဖုန်းကို ရှာပြီး ကြယ်တာရာသားရဲအချို့ကို ဖမ်းရန် အခွင့်အရေး ယူရမည်။
အချိန်ကျလာသည့်အခါ သူတို့အားလုံးကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ ပျိုးထောင်မည်။ အချိန်ရလာလျှင် သူက အသားစားချင်သည့်အခါ သားရဲတစ်ကောင်လုံးကို ခုတ်ပိုင်းပြီး သားရဲတစ်ဝက်ကို စားကာ ကျန်သည့်တစ်ဝက်ကို အသက်ပြန်သွင်းနိုင်၏။ ၄င်းကို နောက်မှစားရန် သိမ်းထားပြီး ယင်းက တစ်သက်လုံး ခံနေမှာပဲ ဖြစ်သည်။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ၏ အသားက သာမန်အစားအစာထက် သာလွန်သည့် နူးညံ့မှု ရှိသည့် စားစရာ ဖြစ်ရုံသာမက တစ်ချိန်တည်းတွင် သွေးအဆီအနစ်များစွာ ပိုင်ဆိုင်ပြီး အကျိုးအမြတ်များစွာ ဆောင်ယူလာ၏။ အထူးသဖြင့် ကျင့်ကြံခြင်းအတွက် ဖြစ်သည်။
သူက ရက်အနည်းငယ်လောက် စောင့်ဆိုင်းရဦးမည်။ မည်သည့်နည်းနဲ့မဆို ကြယ်၇လုံးတန်းသည့်နေ့က ပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် အချိန်အတိုင်းအတာတစ်ခုထိ ဘာအန္တရာယ်မှ ရှိဦးမှာ မဟုတ်ပေ။
ထို့အပြင် ဒါရိုက်တာ အိုးရန်က အငြိမ်းစား မယူသေးပေ။ သူ၏ ကိုယ်ပိုင် ဧရိယာကို ဂရုစိုက်ရန် ယန်ရှီ ရှိသေး၏။ ထို့ကြောင့် ရက်အနည်းငယ် ခွင့်ယူဖို့က သူ့အတွက် ပြဿနာ မရှိလောက်ပေ။
နာရီဝက်ခန့်ကြာသွား၏။
” မင်းပြောတာက ခွင့်ယူချင်တာလား ”
ဒါရိုက်တာ၏ ရုံးခန်းထဲ၌ အိုးရန်ယွင်ကျုံးက ယဲ့ရှောင်၏ ခွင့်တင်တာကို ကြည့်ပြီး သူမ မျက်မှန်ကို ပင့်တင်လိုက်၏။
” ဒါ တကယ်ရတာပဲ။ မင်းက ပုံမှန်ဆို ခွင့်မယူတတ်ပါဘူး။ စနေနဲ့ တနင်္ဂနွေမှာတောင် စာလာဖတ်နေသေးတာ။ စာကြည့်တိုက်ထဲမှာ မင်းအချိန်ကုန်တာက အိမ်မှာ မင်းအချိန်ကုန်တာထက် ပိုတောင် ကြာသေးတယ်။ မင်းက အခု တကယ်ကြီး ခွင့်ယူချင်တယ်ပေါ့ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ကျွန်တော် လတ်တလောမှာ အွန်လိုင်းမိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်ပြီး သူတို့နဲ့ တွေ့ဖို့ ချိန်းထားလို့ ”
” အော် …။ ဘဝရဲ့ အရေးကြီးတဲ့ အရေးရာတွေ အကြောင်းကို မင်း စတွေးနေပြီပေါ့။ ဒါဆိုရင် မင်းအတွက် ခွင့်ပေးလိုက်မယ်။ မဟုတ်ရင် အပြစ်ကြီး ကျူးလွန်ရာ ကျသွားမှာပေါ့ ”
အိုးရန်ယွင်ကျုံးက ချက်ချင်းပင် ယဲ့ရှောင်အတွက် ခွင့်ပေးလိုက်လေ၏။
” ၇ရက်က မလောက်မှာ စိုးရတယ်။ ၁၀ရက် ပေးလိုက်မယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် စာကြည့်တိုက်က ဒီကာလအတွင်း အလုပ်မှ မများသေးတာ။ ယန်ရှီက မင်းအတွက် ဖြေရှင်းထားလိမ့်မယ်။ မင်း စိတ်ချလက်ချ သွားလို့ရတယ် ”
” ကျေးဇူးပါ ဒါရိုက်တာ ”
ယဲ့ရှောင်က ခွင့်စာယူပြီး ထွက်သွားလေ၏။
ဒါရိုက်တာ အိုးရန်အတွက်မူ သူမက ယဲ့ရှောင် ထွက်ခွာသွားသည့်ဘက်ကို စိုးရိမ်ပူပန်မှုအချို့ဖြင့် ကြည့်လိုက်လေ၏။
” ဒီကလေးက တုံးအလွန်းတယ်။ နေ့တိုင်းနေ့တိုင်း ၂နာရီလောက် တခြားအလုပ်အပြင် အိမ်ကိုပဲသွားတာ။ သူ့ကို တခြားသူတွေများ လိမ်နေမလား။ ငါကြားတာတော့ အခုအချိန်မှာ လူအများစုက အဖွားကြီးတွေဆီပဲ သွားနေကြတာတဲ့ ”
သူမက ခဏတာ စဥ်းစားပြီးနောက် ခေါင်းခါလိုက်၏။
” ထားလိုက်တော့။ ဒါကိစ္စ ရေးကြီးခွင်ကျယ်မှ မဟုတ်တာ။ အဖွားကြီးတစ်ယောက်ဆိုရင်တောင် ယဲ့ရှောင် အကျိုးမယုတ်ပါဘူး။ ပြောရရင် သူက ယောင်္ကျားတစ်ယောက်ပဲလေ။ ဒါ့အပြင် သူ့အမှားကနေ သင်ယူနိုင်မှာ။ သဘောထား ပုံစံတစ်မျိုးလို့ပဲ မှတ်ယူလိုက်တော့မယ် ”
အပိုင်း ၁၅၂ ပြီး၏။