စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၅၁ အဆင့်တက်ခြင်း ရှန်းထျန်းအဌမအဆင့်။
ထားလိုက်တော့။ ထားလိုက်တော့။ အရင်ဆုံး ရှန်းထျန်းအဌမအဆင့်ရောက်အောင် အဆင့်တက်ရုံပဲ။ တပ်ဖွဲ့တွေ ရောက်လာတဲ့အချိန် ငါ အဲ့ဒါကို ပိတ်ဆို့လိုက်မယ်။ ရေကျလာတဲ့အချိန် အဲ့ဒါနဲ့ ကမ္ဘာမြေပြင်ကို ကာထားမယ်။ အချိန်ကျလာတဲ့အခါ ငါ လုပ်နိုင်တဲ့ အရာ ဘာမှရှိမနေဘူးလေ။
သို့သော် ယဲ့ရှောင်သည် သတိစိုးစိမှ မရှိပဲ အပြည့်အဝ မနေပေ။ သူအဆင့်တက်နေချိန်၌ လျှပ်စီး ထပ်မံ ကျရောက်လာမှာကို စိုးရိမ်နေ၏။ ထို့ကြောင့် သူက ခေါင်းထက်၌ လက်ကိုင်ရိုးရှည် ဓါးမော့ကို ထားလျက် မည်သည့် သိုင်းသူတော်ကောင်းတစ်ယောက် မှ မပါပဲ ချုံခိုတိုက်က်ခိုက်မည့် လျှပ်စီးများကို ကာကွယ်ရန်အတွက် လျှပ်စီးတံတိုင်းအဖြစ် ထားလိုက်၏။
ထိုသို့ပြုလုပ်ပြီးနောက် ယဲ့ရှောင်သည် ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနစ်များကို ဖိနှိပ့်မထားတော့ပဲ လျင်မြန်စွာ ပေါ်ထွက်ခွင့်ပြုလိုက်၏။ တစ်ချိန်တည်းတွင် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းနည်းစနစ်ကလည်း စတင် လည်ပတ်နေပြီး ပြန့်ကားလာတော့သည်။ ယခုအချိန်တွင် ယဲ့ရှောင်က သူ၏ ကျင့်ကြံခြင်းနည်းစနစ်သည် သူ့ခန္ဓာကိုယ်ထဲ တိကျသည့် နေရာတစ်ခုကို စတင်သိမ်းပိုက်ပြီးဖြစ်ကြောင်း သဘောပေါက်သွားသည်။ မုန်တိုင်းတစ်ခုပြီးတစ်ခု ဖန်တီးနေတော့သည်။ မုန်တိုင်းက ယဲ့ရှောင်ကို ကျင့်ကြံခြင်း အခြေအနေတစ်ခု ထောက်ပံ့နေ၏။ သို့သော် ကျင့်ကြံခြင်းနည်းစနစ်များ၏ ကွဲပြားခြားနားသော အမျိုးအစားအရ ကွဲပြားခြားနားသည့် အရွယ်အစား၏ မတူညီသော စုပ်ယူသည့်နှုန်း ရှိသည်။
ယဲ့ရှောင်က သူ၏ ဝိညာဥ်စွမ်းအင်က ဆက်လက်တိုးတက်နေသည်။ ပိုရှုပ်ထွေးပြီး ထူးကဲသော အဆင့်သို့ ဝင်ရောက်နေကြောင်း ခံစားမိသည်။ ဝိညာဥ်စွမ်းအင် သိုင်းခွန်အားက ကြီးကြီးမားမား တိုးတက်လာလေ၏။
ကျင့်ကြံခြင်းနည်းစနစ် အားလုံးက တိုက်ခိုက်ရန် အကောင်းဆုံး ကြိုးစားနေကြသည်။ ခရမ်းရောင်ကြယ်ပင်လယ် ကျင့်ကြံခြင်းနည်းစနစ်က ဝိညာဥ်စွမ်းအင်ကို လည်ပတ်ရာ၌ အမြန်ဆုံး ဖြစ်၏။ နောက်ထပ်က လွန်ကဲခြင်းစွမ်းအား ဓါးမော့၊ ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးနှင့် တထဂတာလက်ဝါး၊ တိုက်ပွဲဝင်ပုံစံ ကျင့်ကြံခြင်းနည်းစနစ် သုံးမျိုး ဖြစ်သည်။ ပြီးနောက် ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်း၊ ကောင်းကင်ပြုပြင်ခြင်း နည်းစနစ်နှင့် နံနက်ခင်းကြယ်ကျင့်စဥ်၊ မူလကုသခြင်းနည်းစနစ်နှင့် နတ်ဘုရားအာရုံစူးစိုက်ခြင်း နည်းစနစ်တို့ ဖြစ်ကာ ယင်းတို့က အကူကျင့်ကြံခြင်း နည်းစနစ်များဖြစ်သည်။
နောက်ဆုံးတွင် နတ်ဘုရားလက်မှုပညာ တစ်သောင်းမှတစ်ဖြစ်ပြီး အဂ္ဂရိတ်နှစ်မျိုးနှင့် လက်နက်သန့်စင်ခြင်းကျင့်ကြံမှု နည်းစနစ်၊ မြေကမ္ဘာခွင်းကောင်းကင်ခုနှစ်စင်ကြယ်၊ ကောင်းကင်ဖန်တီးခြင်း အစီအရင်။ ထိုတော်ဝင်အစီအရင်နှစ်ခုကလည်း လည်ပတ်လာတော့သည်။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက အလွန်မြန်မြန်ဆန်ဆန် လည်ပတ်နေလေ၏။ သို့သော် ယင်းက ဝိညာဥ်စွမ်းအင် ကျင့်ကြံမှုတစ်မျိုးဖြစ်နေ၏။ ထို့ကြောင့် ယဲ့ရှောင်က ယှဥ်နိုင်ရန် နည်းလမ်း မရှိပေ။ ၄င်းလည်ပတ်သည့် အရှိန်က မြန်လားနှေးလား ဆုံးဖြတ်ရလည်း ခက်ခဲနေ၏။
သွင်ပြင်အရ လူတစ်ယောက်၏ ကျင့်ကြံဆင့်တိုးတက်လာသည်နှင့် အမျိုးမျိုးသော သိုင်းကျင့်စဥ်များ၏ ကျင့်ကြံမှုအရှိန်ကလည်း ဖြည်းဖြည်းချင်း ကွဲပြားခြားနားချက် ပေါ်လာပြီး ယင်းကလည်း သေးငယ်တာ မဟုတ်ပေ။
အဓိက စိတ်စွမ်းအား ကျင့်ကြံခြင်းနည်းစနစ်နှင့် တိုက်ပွဲရေးပုံစံ ကျင့်ကြံခြင်းနည်းစနစ်ကို ဥပမာယူကြည့်လျှင် သူတို့၏ တိုးတက်သည့်အရှိန်က အမြန်ဆုံး ဖြစ်နေ၏။
အရံကျင့်စဥ်များက အနည်းငယ် နိမ့်နေ၏။ ဆေးလုံးဖော်စပ်ခြင်း၊ လက်နက်သန့်စင်ခြင်းအစီအရင်ဖွဲ့တည်ခြင်းကဲ့သို့သော အရာများကို ပြောရန် မလိုအပ်ပေ။ ယခင်ကျင့်စဥ်များနှင့် ယှဥ်လျှင် ယင်းတို့က အသုံးမတည့်ပေ။ အရှိန်က နှေးလွန်းသောကြောင့် လျစ်လျူရှူထားနိုင်၏။
ယဲ့ရှောင်သည် နောက်ဆုံးတော့ လူအများသည် သိုင်းပညာရှင်များကိုသာ အာရုံစိုက်ကြပြီး လက်နက်သန့်စင်သူများ၊ အဂ္ဂရိတ်ပညာရှင်များ၊ အစီအရင်သခင်များကို အာရုံမစိုက်ရတာကို နားလည်သွားပြီ ဖြစ်သည်။
ထိုအရာများပေါ် အားစိုက်ထုတ်မှုပမာဏက တိုက်ခိုက်ရေးပုံစံ ကျင့်စဥ်များအောက် မလျော့ပေ။ အရံကျင့်ကြံခြင်းနည်းစနစ်များသည် တိုက်ခိုက်ရေးပုံစံ ကျင့်ကြံခြင်းနည်းစနစ်များထက် ကျင့်ကြံရ ပိုခက်ခဲသည်။ အချိန်ပိုကုန်သည်ဟုတောင် ဆိုနိုင်သည်။
သို့သော် သူတို့သယ်လာသည့် အကျိုးခံစားခွင့်က တိုက်ပွဲဝင်ပုံစံ ကျင့်ကြံခြင်းနည်းစနစ်များနှင့် စိတ်စွမ်းအားကျင့်ကြံခြင်းနည်းစနစ်နှင့် ယှဥ်လျှင် နိမ့်ကျနေလေ၏။
အဆင့်တူ အစီအရီသခင်များက သူ့ထက်ပိုအစွမ်းထက်သည့် တိုက်ခိုက်ရေးပုံစံ သိုင်းပညာရှင်များစွာကို သတ်ဖြတ်နိုင်သည့် အစီအရင်တစ်ခုကို တည်ဆောက်နိုင်တာ အမှန်ပဲဖြစ်သည်။ သို့သော် နောက်ပိုင်းအဆင့်များ၌ သူ့ကျင့်ကြံဆင့်၏ ဖြစ်စဥ်က အလွန်နှေးကွေးသွား၏။ မကြာမီ၌ သူ့ကို တိုက်ခိုက်ရေးပုံစံ သိုင်းပညာရှင်များက ကျော်တက်သွားလိမ့်မည်။ ထိုအချိန်ရောက်လျှင် နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်ကြသည့်အချိန် တစ်ဖက်လူကို အစီအရင်ထဲ မခေါ်နိုင်သရွေ့ သူက မြုပ်စရာမြေမရှိပဲ သေသွားမှာ သေချာ၏။
အစီအရင်ဖွဲ့စည်းပုံကို ကျင့်ကြံနိုင်သည့်သူများနှင့် ဆေးလုံးဖော်စပ်ခြင်း၊ လက်နက်သန့်စင်ခြင်းတို့ကို ကျင့်ကြံနိုင်သည့်သူများက သူတို့မိသားစုထဲ လက်ဆင့်ကမ်းလာခဲ့သည့် ကောင်းမွန်သည့် ကျင့်ကြံခြင်းနည်းစနစ်များကြောင့် သူတို့က အင်မတန် ပါရမီထူးလျှင်ထူး မဟုတ်လျှင် ကျင့်ကြံဆင့်၌ အမှိုက်များ ဖြစ်နေတတ်ကြသည်။
အဂ္ဂရိတ်ပညာရှင် အစီအရင်အခင်းအကျင်း အစီအရင်ဖွဲ့စည်းမှု သခင်များနှင့် လက်နက်သန့်စင်သူများ သားရဲသခင်များ၊ ရုပ်သေးသခင်များ၊ အဆိပ်သခင်များ၊ ယန္တရားပညာရှင်များနှင့် ကျန်သည့် သိုင်းပညာရှင်များ ၉၉ရာခိုင်နှုန်းအတွက် ပြောရန် မလိုပေ။
ပါရမီအချို့ရှိသရွေ့ အဆင့်တက်ရန် မလွယ်ကူသည့်အရာများကို ရွေးချယ်ကြမှာ မဟုတ်ပေ။ ယဲ့ရှောင်က တစ်စုံတစ်ခုကိုလည်း နားလည်၏။ ယင်းက အံ့ဖွယ်ချီရှန်းအဆင့်၏ အဆင့်သုံးမျိုးဖြစ်သည်။ အမှန်တကယ်တွင် ရှန်းထျန်းဆဌမအဆင့်မှ ရှန်းထျန်းသတ္တမအဆင့်တွင် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်သိုလှောင်မှုက အလွန်ကြီးမားပြီးသားဖြစ်ကာ ယခင်အဆင့်များထက် တိုးမြင့်လာမှုကို ကျော်လွန်၏။
သတ္တမအဆင့်မှ အဌမအဆင့်အတွက် တူညီနေ၏။ လိုအပ်သည့် ဝိညာဥ်စွမ်းအင်ပမာဏက အလွန်များပြားသည်။ ယင်းက ရှင်းပြရန် ခက်ခဲသည့် ကိစ္စရပ်မဟုတ်ပေ။ မဟာချီရှန်းများက အဓိကအားဖြင့် လူတစ်ယောက်၏ စိတ်နေသဘောထားကို လေ့ကျင့်ကြတာများ၏။
ယင်းက အိမ်တစ်လုံးတည်ဆောက်ကဲ့သို့ပင်။ ကောင်းမွန်သည့် အုတ်မြစ်ဖြင့်သာ နောက်ပိုင်း၌ တည်ဆောက်ရတာ ပိုလွယ်ကူ၏။
လူတစ်ယောက်၏ စိတ်နေသဘောထားကို လေ့ကျင့်ခြင်းဖြင့် အံ့ဖွယ်ဂိုဏ်း၏ နောက်ရှိအလွှာတိုင်း၌ တူညီနေသော ဝိညာဥ်စွမ်းအင်ပမာဏများစွာကို ထိန်းချုပ်နိုင်လာမည်။
ယခင်က သူသည် ရှန်းထျန်းသတ္တမအဆင့်သို့ ရောက်သည့်အချိန်၌ သူ၏ ကိုယ်ပိုင်ခွန်အားကို ထိန်းချုပ်ရန် ခက်ခဲခဲ့သောကြောင့် အမေရိက၏ စမ်းသပ်မှုအသစ်စက်ပစ္စည်းကို ဝင်တိုက်ခဲ့မိသည်။ ထိုအကြောင်းကို တွေးပြီးနောက် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံမှုက နောက်ဆုံးသော တားမြစ်မှုကို ချိုးဖျက်သွားသည်။
ဖုန်း။
ယခုအခေါက်တွင်မူ လေလည်သံကဲ့သို့ ဖောက်ခနဲအသံမျိုး မဟုတ်တော့ပေ။ ထိုအစား ခန္ဓာကိုယ်တွင်းမှ ပေါက်ကွဲသံကြီး ပေါ်ထွက်လာပြီး ဗုံးတစ်လုံး ပေါက်သွားသလိုပင်။ ချက်ချင်းပင် ယဲ့ရှောင်၏ မျက်ဝန်းထဲမှ တောက်ပသည့် အလင်းတန်းနှစ်ခုက လျှပ်ပြက်သည့်ပမာ ဖြစ်သွားတော့၏။ လောကကို တုန်လှုပ်ဖွယ် စွမ်းအင်က ခန္ဓာကိုယ်အတွင်း ရူးသွပ်စွာ ပြန့်ကားလာလေ၏။
ကြမ်းတမ်းသော လေပြင်းက အရပ်မျက်နှာအနှံ့ ပြန့်ကားသွားကာ သူ့ခန္ဓာကိုယ်နားတစ်ဝိုက်၌ ပြင်းထန်သည့် ကျင့်စဥ် ဝဲဂယက်တစ်ခုကို ဖန်တီးလိုက်သည်။ ၃၆၀ဒီဂရီ။ ၄င်း၏ အတွင်း၌ သူ့ကို ခိုင်မာစွာ လွှမ်းခြုံထား၏။
လျှပ်စီးကျဆင်းလာသော်ငြား အင်မတန်သိပ်သည်းသော ဝိညာဥ်စွမ်းအင်နှင့် ထိမိသွားသည့်အချိန်တွင် ၄င်းက အသက်ရှိနေသည့်ပမာ ယဲ့ရှောင်၏ ခန္ဓာကိုယ်ကို မထိနိုင်ခဲ့ပေ။
ဒါက ရှန်းထျန်းအဌမအဆင့်ရဲ့ စွမ်းအားလား။
ယဲ့ရှောင်၏ လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။ ပတ်ဝန်းကျင်ရှိ မိုးမြေတို့က တစ်သားတည်း ပေါင်းစည်းသွားသည့်ပမာ ခံစားလိုက်ရသည်။ သူက ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုရှင်းရှင်းလင်းလင်း အာရုံခံနိုင်ရန် ကြည့်နေဖို့ မလိုပေ။ သူက ဝိညာဥ်စွမ်းအင်ကို အသုံးပြုနေတာမဟုတ်။ သူ၏ လွန်ကဲအောင် အစွမ်းထက်သည့် ကျင့်စဥ်မှ မြစ်ဖျားခံလာသည့် သိမြင်နားလည်မှုတစ်မျိုး ဖြစ်သည်။
သူ့ကျင့်စဥ်က ရှန်းထျန်းအဌမအဆင့်သို့ ရောက်ပြီးနောက် ပေါ်လာသည့် ထူးဆန်းသော နည်းလမ်းတစ်မျိုး ဖြစ်၏။
ဘန်း။
ထိုစဥ် ကောင်းကင်ကနေ လျှပ်စီများ ကျဆင်းလာပြီး ယဲ့ရှောင်၏ ခွန်အားကို စမ်းသပ်ချင်နေသည့်ပမာ ဖြစ်နေ၏။ ယဲ့ရှောင်၏ ခေါင်းပေါ်ရှိ လက်ကိုင်ရိုးရှည် ဓါးမော့က စွမ်းအင်အနည်းငယ်ကို စုပ်ယူလိုက်သည့်တိုင် ကျန်ရှိသည့် စွမ်းအင်များက သူ့ကို အရပ်မျက်နှာအနှံ့ကနေ ဝင်လာ၏။ အရေအတွက်တိုးလာပြီး ခွန်အားက တိုးလာလေရာ ယဲ့ရှောင်အနားတစ်ဝိုက်တွင် ရှိနေသော မိုးမြေဝိညာဥ်စွမ်းအင်ကို ဖောက်ထွက်နိုင်ခြင်းမရှိသေးပဲ သူ့ကို ထိခိုက်အောင် အနည်းငယ်မျှ မလုပ်နိုင်ချေ။
မင်းကို မျက်နှာသာပေးခဲ့ပေမဲ့ မင်းက မလိုချင်ဘူးပဲ။
ရပ်တန့်မည့်ပုံ မပေါ်သော လျှပ်စီးကိုကြည့်ပြီး ယဲ့ရှောင်က အနည်းငယ် စိတ်မရှည် ဖြစ်သွားလေ၏။ ဤနှုန်းနှင့်ဆို မည်သည့်အချိန်ကျမှ အဆုံးသတ်မည်မှန်း သူ မသိပေ။
လက်ချောင်းကို အနည်းငယ် လှုပ်ရှားလိုက်လေရာ လျှပ်စီးကို ခုခံနေသော လက်ကိုင်ရိုးရှည်ဓါးမော့က ယဲ့ရှောင်၏ အမိန့်ကို အာရုံခံမိပြီး သူ့လက်ထဲကနေ ချက်ချင်း ပျံထွက်သွားတော့၏။
လက်ကိုင်ရိုးရှည်ဓါးမော့၏ ခုခံမှုမပါပဲ ကောင်းကင်ထဲရှိ လျှပ်စီးက ပိုတောင်ကြမ်းတမ်းလာပြီး ယဲ့ရှောင်၏ ခေါင်းထက်ကို ချက်ချင်း ပစ်ချတော့၏။ လျှပ်စီးကို ဖယ်ရှားနိုင်သည့် ဝိညာဥ်စွမ်းအင် လှည့်ပတ်နေမှုကြောင့်သာ မဟုတ်လျှင် ယဲ့ရှောင်သည် ယခုလောက်ဆို မီးသွေးတုံး ဖြစ်နေလောက်ပြီပင်။
သို့သော်ငြား ထိုသို့တိုင် လျှပ်စီးက မြေပြင်ပေါ် ကျရောက်သွားသည့်အချိန်၌ ပတ်ဝန်းကျင်ရှိ တောင်များကို ပေါက်ကွဲမှုကြီး ဖြစ်သွားစေ၏။ ပန်းပွင့်များ ၊ အပင်များ ၊ သစ်ပင်များ ၊ တိရစ္ဆာန်လေးများက မီးသွေးတုံးများ ဖြစ်သွားပြီး ပြာဖြစ်ကုန်၏။
ယဲ့ရှောင်က လက်ကိုင်ရိုးရှည် ဓါးမော့ကို ညင်သာစွာ ပွတ်သပ်ပြီးနောက် ဓါးသွားကို လှန်လိုက်၏။ ဓါးသွားသည် စိတ်လှုပ်ရှားနေသည့်ပမာ မီးခနဲအသံ ပေါ်ထွက်လာလေ၏။ သူက ရှေ့ဆက် ကြည့်နေပုံပေါ်သည်။
” မင်းကို သန့်စင်တဲ့ အချိန်ကစပြီး ငါ အသုံးမပြုရသေးဘူး။ ဒီနေ့ မင်းအတွက် ချိတ်ကို ဖွင့်ပေးမယ် ဟုတ်ပြီလား ”
ထိုစကားလုံးများ ပြောပြီးသည်နှင့် လက်ကိုင်ရိုးရှည် ဓါးမော့မှ မြည်သံများက ပိုတောင် ပြင်းထန်လာပြီး အင်မတန် စိတ်လှုပ်ရှားနေသည့် ကလေးတစ်ယောက်ပမာ ဖြစ်နေလေ၏။
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။ သူက လက်ထဲရှိ ဓါးမော့ကို မြှောက်လိုက်သည်။ ယခုအချိန်တွင် ရှန်းထျန်းအဌမအဆင့် စွမ်းအင်အားလုံးက လက်ကိုင်ရိုးရှည် ဓါးမော့၏ ကိုယ်ထဲ၌ စုဝေးနေပြီး ထိုကဲ့သို့ ပြင်းထန်သည့်ခွန်အားကို တောင့်ခံနေစဥ် လက်ကိုင်ရိုးရှည် ဓါးမော့က အင်မတန် အစွမ်းထက်သည့် ရွှေရောင်တောက်ပမှုတစ်ခုကို ထုတ်လွှင့်နေ၏။
ယခုအချိန်တွင် လက်ကိုင်ရိုးရှည် ဓါးမော့က ဓါးမော့လား သို့မဟုတ် ဓါးတစ်လက်လားဆိုတာ ပြောရန် မဖြစ်နိုင်ပေ။ ထင်ယောင်ထင်မှားဖြစ်မှုထဲတွင် ယင်းက ပြိုင်ဘက်ကင်း ဓါးမော့နှင့် ဆင်တူနေပြီး ထိုသို့တိုင် အရာအားလုံးကို ဖြိုခွင်းနိုင်သည့် ဓါးတစ်လက်ဟူ၍လည်း ထင်မှတ်ရသည်။ ယင်းက ယဲ့ရှောင်သည် ထိုစဥ်က လက်ကိုင်ရိုးရှည် ဓါးမော့ကို သန့်စင်ချင်ရသည့် ဆန္ဒလည်း ဖြစ်သည်။ သူက ဓါးမော့သိုင်းနှင့် ဓါးသိုင်း နှစ်မျိုးလုံးကို ပြသနိုင်၏။
ပတ်ဝန်းကျင်ခွန်အားများက တွန့်ရှုံ့သွားပုံရသည်။ သူ့နားသို့ ကျဆင်းလာသော လျှပ်စီးက မမြင်ရသည့် အင်အားတစ်မျိုးဖြင့် ထိန်းချုပ်ခံထားရသည့်ပမာ လက်ကိုင်ရိုးရှည် ဓါးမော့နား မကပ်နိုင်ပေ။
” ကောင်းကင်ပိုင်းဖြတ်ခြင်း ”
စကားနှစ်ခွန်းကို ထုတ်ပြောလိုက်၏။ ပြီးနောက် ယဲ့ရှောင်သည် သူ၏ ခေါင်းကို ခုတ်ချလိုက်တော့၏။
ဓါးအလင်းက မိုင်၆၀ကျော် ပြန့်ကားသွားပြီး တစ်ချက်တည်းဖြင့် ကောင်းကင်ကို ပိုင်းဖြတ်သွားတော့သည်။
တောင်တန်းတစ်ခုလုံးကို ကာထားသည့် တိမ်စိုင်တိမ်မည်းများက ယဲ့ရှောင်၏ ကောင်းကင်ခွင်းဓါးကြောင့် ချက်ချင်းပင် ပိုင်းဖြတ်ခံလိုက်ရသည်။ ကောင်းကင်သည် အလယ်ခွဲ ဆံပင်ပုံစံဖြီးထားသည့်ပမာ ဖြစ်သွားလေ၏။
ထိုဓါးသိုင်းကွက်ပြီးနောက် အစောပိုင်းက မောက်မာထောင်လွှားနေသော တိမ်စိုင်တိမ်မည်းများသည် ယခုအချိန်၌ တဖြည်းဖြည်းချင်း ငြိမ်ကျသွားကာ နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။
ထင်သည့်အတိုင်းပင် မည်သူပင်ဖြစ်စေကာမူ မျက်နှာသာ သိပ်ပေး၍ မရပေ။ မျက်နှာသာပေးလေလေ သူတို့က ပိုမောက်မာထောင်လွှားလေ ဖြစ်၏။ ကောင်းကင်ဘုံအတွက်လည်း တူညီပေသည်။
ယခုအချိန်တွင် ယဲ့ရှောင်က ထိုအရပ်မျက်နှာ၌ အင်မတန် အစွမ်းထက်သည့် အင်အားစုများစွာ လျင်မြန်စွာ စုဝေးလာတာကို ခံစားမိ၏။ ထိုအကြောင်းကို တွေးမိပြီး သိချင်စိတ်ပြင်းပြသည့် လူအချို့က ရောက်လာတာပဲ ဖြစ်သည်။
ယဲ့ရှောင်က ခေါင်းခါလိုက်ပြီးနောက် သိုင်းလောကမှ လူအိုကြီးများကို အင်မတန် ဆွံ့အနေရှာတော့၏။ ပြီးနောက် သူက နတ်ဘုရားအာရုံစူးစိုက်ခြင်းကို သုံးပြီး ကျန်းဟိုင်မြို့ဘက်သို့ ပျံသန်းသွားတော့သည်။
သူက ထွက်သွားတောမည့်အချိန်၌ လူရိပ်အချို့က လျင်မြန်စွာ ရောက်လာလေ၏။
ထပ်ခြမ်းခြမ်းခံရသော မိုးကြိုးတိမ်တိုက်နှင့် ထပ်ခြမ်းခြမ်းခံထားရပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော မိုးကြိုးတိမ်တိုက်ကိုကြည့်ပြီး သူက အတွေးနက်သွားမိတော့၏။
” သိပ်အစွမ်းထက်လိုက်တာ။ ဘယ်သူ အဆင့်တက်သွားတာလဲ။ သူတို့က မိုးကြိုးတိမ်တိုက်ကိုတောင် တကယ်ကြီး ဆင့်ခေါ်နိုင်တယ်။ လူတစ်ယောက်ရဲ့ ကျင့်စဥ်က ဘုရင်နယ်ပယ်ကို ရောက်တဲ့အချိန်ကျမှ မိုးကြိုးကို ဆင့်ခေါ်နိုင်တာလို့ ငါကြားဖူးတယ် ”
” မိုးကြိုးတိမ်တိုက်ရဲ့ပမာဏက ဘုရင်နယ်ပယ်အထိ မရှိသေးဘူး။ ဒါပေမဲ့ ဒါက ပိုတောင်ကြောက်ဖို့ကောင်းသေးတယ်။ တစ်ဖက်လူက အံ့ဖွယ်ချီရှန်းအဆင့်ပဲ ရှိသေးတယ်ဆိုပေမဲ့ နတ်လျှပ်စီးကို ဆင့်ခေါ်နိုင်နေပြီလို့ ဆိုလိုတာပဲ ”
” ဒါက သိပ်ကြောက်ဖို့ကောင်းလွန်းတယ်။ ရှေးယခင်တည်းက လူအနည်းစုပဲ နတ်လျှပ်စီးကို အံ့ဖွယ်ချီရှန်းအဆင့်မှာ ဆင့်ခေါ်နိုင်တာ။ ဒါပေမဲ့ သမိုင်းကြောင်းထဲက လူတိုင်းရဲ့ အောင်မြင်မှုက သာမန်လူထက် သာလွန်ပြီးသား ”
” မင်းရဲ့ အမြင်က ကျဥ်းလွန်းတယ်။ လျှပ်စီးတိမ်တိုက်ကို ဆင့်ခေါ်တာ ဘာလဲ။ သူက လျှပ်စီးတိမ်တိုက်ကို ဖြတ်ထားတာ မတွေ့ဘူးလား ”
” ဒီလူက ငါတို့ စီရင်စု၉ခုရဲ့ အံ့ဖွယ်ဂိုဏ်းထက် သာပြီးသား။ သူက အဲ့ဒီဒဏ္ဍာရီတွေထဲကထက်တောင် ပိုပြီး သန်မာမှာ ”
” သူက တကယ်ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခြင်း ခံရတာပဲ။ ငါတို့ စီရင်စု၉ခုမှာ နောက်ထပ် စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာတော့မယ့်ပုံပဲ ”
လူတိုင်းက အပူတပြင်း ဆွေးနွေးနေကြ၏။ သူတို့မျက်လုံးထဲ၌ ထိတ်လန့်မှုများ ပြည့်နေသော်ငြား တစ်ချိန်တည်းတွင် စိတ်ပြင်းပြမှု စိတ်လှုပ်ရှားမှုတို့လည်း ပြည့်နေလေ၏။ စီရင်စု၉ခုအပြင် တခြားအကြောင်းပြချက်မရှိပေ။ ကျန်သည့် အင်အားစုများက စီရင်စု၉ခု၏ မျိုးဆက်သာ ဖြစ်သည်။
ယင်းက လုံလောက်နေပြီ ဖြစ်၏။
တစ်ဖက်တွင် ကျန်းဟိုင်မြို့၌ ဖြစ်၏။
ဘန်း။
ရုတ်တရက် ယဲ့ရှောင်သည် နတ်ဘုရားအာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို သင်ယူသည့်အချိန်၌ တောင်ကို ဖြတ်တိုက်ခဲ့မိပြီး ထိုစဥ်က တောင်တစ်ခုလုံးက အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။ ပြီးခဲ့သည့်အခေါက်ကနှင့် မတူပဲ ယခုအချိန်တွင် တောင်ထွတ်ပေါ်၌သာ တွင်းနက်ကြီးတစ်ခု ဖြစ်စေခဲ့၏။ အိပ်မောကျပြီး အိမ်မက်မက်နေသည့် ကျန်းဟိုင်မြို့မှ မရေမတွက်နိုင်သည့် လူပေါင်းများစွာက နှိုးလာလေ၏။
” ဘာဖြစ်တာလဲ ”
” ငလျင်လား ”
” ပြေးကြဟေ့ ”
” အား …။ ငါ့ကို မိသွားပြီ။ ငါ ထွက်လို့မရသေးဘူး။ မလှုပ်နဲ့။ မင်းရဲ့ခေါင်းက အထဲကို ဖြိုခွဲနေတာ ”
အပိုင်း ၁၅၁ ပြီး၏။