Switch Mode

Chapter – 149

ကြိုးရှည်ရှည်နဲ့ ငါး အကြီးကြီး တစ်ကောင် ဖမ်းမိ

စာကြည့်တိုက်တာအိုသခင်
အပိုင်း (၁၄၉) ကြိုးရှည်ရှည်နှင့် ငါးကြီးတစ်ကောင်ဖမ်းမိ

ယဲ့ရှောင်နှင့် နော့ဖစ်၏ စိတ်ဝိညာဥ်အာရုံထွက်သွားပြီးနောက် အလင်းရောင်ခြည်အချို့ ရောက်လာလေ၏။

ပထမဆုံးရောက်လာသူက တုချန်းဖုန်းပင် ဖြစ်သည်။ သူက မဟာချီရှန်းတစ်ဦးဖြစ်၏။ လက်ရှိ ကျန်းဟိုင်မြို့တွင် ယဲ့ရှောင်နှင့် ဖာကျန်းအပြင် သူက အမြင်ဆုံးဟူ၍ သတ်မှတ်၍ရသည်။ တုချန်းဖုန်းက လက်ဝါးရာကို မြင်တွေ့သည့်အချိန်၌ သူက ကြောင်အသွားလေ၏။

” အစွမ်းထက်လိုက်တဲ့ လက်ဝါးသိုင်းပဲ … သူခွန်အားက အဓိကဂိုဏ်းအထက်မှာရှိမှာ သေချာတယ် … ”

ထိုလက်ဝါးသည် မြေပြင်ကို ထိမိသွားလျှင် တုချန်းဖုန်းက ထိုမျှ ထိတ်လန့်မှာမဟုတ်ပေ။ သို့သော် ကျန်းဟိုင်းမြို့၏ မြို့လမ်းများပေါ် ရိုက်မိသွားတာဖြစ်သည်။

ဤလောက၏ ဆောက်လုပ်ရေးကုန်ကြမ်းများသည် ယဲ့ရှောင်၏ ယခင်ဘဝရှိအိမ်ဆောက်ပစ္စည်းများထက် အဆပေါင်းများစွာပိုမာကြော၏။

ဤနေရာရှိလမ်းပေါ်၌ ဆယ်ပေခန့်ရှိသော လက်ဝါးရာကြီးချန်ထားခဲ့သည်မှာလည်း အလွန်သေသပ်လွန်းနေရာ ယဲ့ရှောင်က သူ၏ အဆင့်ဖြင့် သူသည် အလွယ်တကူလုပ်နိုင်မှာ မဟုတ်ဟု ယုံကြည်သည်။

” နေပါအုံး … ဒီလက်ဝါးရာက အဲ့ဒီစီနီယာပဲ ထပ်လုပ်သွားတာ ဖြစ်နေမလား … ပြောရရင် ကျန်းဟိုင်မြို့မှာ ဒီလိုကျင့်ကြံဆင့်ရှိတာ စီနီယာတစ်ယောက်ပဲ ရှိတာလေ … ”

ထိုစဥ် ဖာ့ကျန်း၏အသံက နောက်ကနေပေါ်ထွက်လာ၏။

” အောမီတောဖော … ”

” မဖြစ်သင့်ဘူးမလား … စီနီယာက လက်ဝါးသိုင်းကိုရော ကျင့်ကြံနိုင်တာလား … သူက ကောင်းကင်ကိုဘယ်လိုများ အာခံနိုင်တာလဲ … ”

တုချန်းဖုန်းက လှည့်ပြီးနှုတ်ဆက်လိုက်၏။

ဆရာတော် ဖာ့ကျန်း ပြီးနောက် သူ့က ထက်ပြောလိုက်၏။

” စီနီယာဓားမော့ဝိဇ္ဇာက ဓားမော့နဲ့ ဓားသိုင်းကိုသိပြီး ကုသခြင်းသိုင်းကိုလည်း သိတယ် … အစီအရင်တစ်ချို့တောင် သိလောက်သေးတာ … သူက နောက်ထပ်လက်ဝါးသိုင်း ထက်ပေါင်းထည့်မယ်ဆိုရင် မဖြစ်နိုင်သလိုပဲ … ”

ဖာ့ကျန်းက ပြုံးလိုက်၏။

” ဓားမော့ ဓားဝိဇ္ဇာဆိုရင် လက်ဝါးသိုင်းကိုအသုံးပြုဖို့ မလိုအပ်ဘူး … သူက သူသုံးနေကျဖြစ်တဲ့ ဓားမော့နဲ့ ဓားသိုင်းတို့ကို သုံးရုံပဲ … သူအရင်တုန်းက တစ်ခါမှအသုံးမပြုဖူးတဲ့ လက်ဝါးသိုင်းကို ဘာကြောင့် သုံးရတာလဲ … ”

အမှန်တကယ်တွင် ယဲ့ရှောင်သည် လက်ဝါးသိုင်းအသုံးပြုခဲ့ရခြင်းမှာ ပါဝင်ပစ္စည်းများ၏ ပြီးပြည့်စုံသောအခြေအနေကို မဖျက်ဆီးချင်သောကြောင့်ဆိုတာ သူ မသိပေ။ ထို့အပြင် ယဲ့ရှောင်သည် တထာဂတာနတ်လက်ဝါးကို သင်ယူပြီးခါစဖြစ်ပြီး ၎င်းကို အသုံးမပြုရသေးပေ။ ထို့ကြောင့် သူ၏ စွမ်းအင်ကို စမ်းသပ်ကြည့်ချင်နေ၏။

ဖာ့ကျန်း၏ စကားများက တုချန်းဖုန်းကို ခဏတဖြုတ်တွေးဆသွားစေသည်။

” ဒါက သေချာမပြောနိုင်ဘူး … ဒါပေမယ့် အခုအချိန်မှာ ကျန်းဟိုင်တစ်မြို့လုံးထဲမှာဆို မျှော်လင့်ချက်အရှိဆုံးလူက စီနီယာဓားမော့ဓားဝိဇ္ဇာပဲ … ”

ဖာ့ကျန်းကပြုံးလျက် ရှေ့သို့လျှောက်လာ၏။

သို့သော် လက်ဝါးသိုင်းကိုမြင်တွေ့သည့်အချိန်၌ သူ၏ သူငယ်အိမ်တို့ ကျုံ့သွားကာ သူ၏ မျက်လုံးပြူးကျယ်သွားပြီး တစ်ကိုယ်လုံးတုန်ရီသွား၏။

” ဒါ ဒါ ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … ”

တုချန်းဖုန်းက အတော်လေးဇဝေဇဝါဖြစ်သွားသည်။

” ဆရာတော်ဖာ့ကျန်း ဒီလက်ဝါးသိုင်းကိုသိတာလား … ”

ဖာ့ကျန်းက ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားသည့်အမူအရာဖြင့် ပြောလိုက်သည်။

” ဒီလက်ဝါးသိုင်းက စီနီယာဓားမော့ဝိဇ္ဇာ လုပ်သွားတာ မဟုတ်ဘူးဆိုတာ ဆုံးဖြတ်ချက်ချနိုင်ပြီ … ”

” ဆရာတော် ဘယ်လိုသိလဲ … ”

” ပါမောက္ခတုက ကျန်းတုသိုင်းကျောင်းတော်မှာ သိုင်းပညာလေ့လာခဲ့တာ … ရှောင်လင်မှာ ကောင်းကင်ကနေကျလာတဲ့ လက်ဝါးသိုင်းတစ်ခုရှိတယ်ဆိုတာ ကြားဖူးလား … ”

တုချန်းဖုန်း၏ တစ်ကိုယ်လုံးရှိ အမွှေးများအားလုံး ထောင်ကုန်သည်။

” ဆ ဆ ဆရာတော်ဆိုလိုတာက … လောကကြီးထဲက အသန်မာဆုံးဖြစ်ပြီး နှစ်ရာချီပျောက်ဆုံးနေခဲ့တဲ့ ရှောင်လင်လက်ဝါးသိုင်း တထာဂတာနတ်လက်ဝါးလား … ”

” အမှန်ပဲ … တထာဂတာနတ်လက်ဝါးပဲ … ”

” ဘုရားရေ … ”

တုချန်းဖုန်းက အင်မတန်ထိတ်လန့်သွားလေ၏။ ထိုအတိုင်းသာဆိုလျှင် ယင်းက ဓားမော့ဓားဝိဇ္ဇာ မဖြစ်နိုင်လောက်တော့ပေ။

ဓားမော့ဓားဝိဇ္ဇာ မည်မျှသန်မာစေကာမူ သူအဖို့ ရှောင်လင်၌ ပျောက်ဆုံးနေတာ နှစ်ရာချီရှိပြီ ဖြစ်သည့် ပြိုင်စံရှားလက်ဝါးသိုင်းကို ရဖို့က မဖြစ်နိုင်ပေ။

မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းခဲ့သည့် ရှောင်လင်ရှိကိုယ်တော်ကသာလျှင် ထိုလက်ဝါးသိုင်းကို အသုံးပြုနိုင်၏။

သို့သော် မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့သော ထိုကိုယ်တော် မည်သည့်နေရာ၌ ပေါ်လာသနည်း။ သူတို့သည် အဘယ်ကြောင့် ကျန်းဟိုင်မြို့သို့ ရောက်လာသနည်း။

သူတို့က ထိတ်လန့်နေသော်ငြား ယဲ့ရှောင်က ကျီဖုန်း၏ အလောင်းကို အိမ်သို့သယ်လာပြီးဖြစ်သည်။

” ဟွမ်လျို့လီ ထွက်လာခဲ့ … ”

ဟွမ်လျို့လီက အခန်းထဲကနေ အမြန်ပြေးထွက်လာသည်။

” ကျွန်မ ဒီမှာ ကျွန်မဒီမှာ … သခင် ဘာလို့လဲ … ”

ယဲ့ရှောင်သည် သိုလှောင်လက်စွပ်ထဲနေ ကျိဖုန်း၏အလောင်းကို ပစ်ထုတ်လိုက်၏။ ဝမ်လျို့လီသည် အစက ကြက်သေသေနေပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် သူမ၏ မျက်လုံးများ ဗလာကျင်းသွားတော့သည်။

” ဒါ ဒါ ဒါက နောက်ထပ်အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲလား … ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။

” သိုးသားကင်တုန်းကသုံးတဲ့ အကင်တုတ်ချောင်းတွေကို ထုတ်ပြီး ကြက်တောင်ပံကို ကင် … ဒန့်တလွန်သီးလေးနဲ့ပေါ့ … ပြီးတော့ သတ္ထုအိုးတစ်လုံးကိုထုတ်ပြီး စွပ်ပြုတ်ချက်ဖို့ လုပ် … ”

” အခုချက်ချင်း လုပ်လိုက်ပါ့မယ် … ”

ဟွမ်လျို့လီက အိမ်ထဲ စိတ်လှုပ်ရှားစွာ ကမန်းကတမ်းဝင်သွားပြီး ပစ္စည်းများအားလုံးကို ထုတ်လာလေ၏။

ယင်းက သိပ်အံ့သြဖို့ကောင်းလွန်းသည်။ သူမက နောက်ထပ်အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအလောင်းကို ရလာခဲ့၏။

ဤအတိုင်း ဆက်စားနိုင်မည်ဆိုလျှင် သူမ ကျင့်စဥ် ထပ်တိုးလာဖို့က သိပ်မလိုလောက်တော့ပေ။

” ဟား ဟား ဟား ဟား ကောင်းလိုက်တာ … ”

” ဟုတ်သား … ဒီလောက်များတဲ့ အံ့ဖွယ်အဆင့်ကြယ်တာရာသားရဲတွေကိုယ်စား ငါက နောက်ထပ်နှစ်ရာချီကြာ ယဲ့ရှောင်ရဲ့ ကျွန်အဖြစ်နေခဲ့မှာ … အရင်ဆုံး နှစ်ကိုးရာလောက် ကျွန်အဖြစ်နေတာပေါ့ … ”

ထိုပစ္စည်းများ ထုတ်လာပြီးနောက် ယဲ့ရှောင်သည် ချက်ချင်းပင် ကြက်လက်သည်းများကို ခုတ်လိုက်ပြီး ကျီဖုန်း၏ တောင်ပံနှင့် ခြေထောက်ကိုခုတ်ကာ ကြက်အသည်းနှင့် နှလုံးကို ဆွဲထုတ်လိုက်၏။ သို့သော် ယဲ့ရှောင်က ရှေ့မဆက်ပေ။ ထိုအစား ကျိဖုန်းကို အသက်သွင်းရန်အတွက် ကောင်းကင်ပြုပြင်ခြင်းနည်းစနစ်ကို အသုံးပြုလိုက်၏။

ဝမ်လျို့လီကလည်း ပူးပေါင်းဆောင်ရွက်ပေးပြီး ကြက်တောင်ပံမှ ငှက်မွှေးများကိုနုတ် ခုတ်ထားပြီးသား ခြေထောက်ကိုလည်း ယူလိုက်၏။

ယဲ့ရှောင်၏ ကြယ်တာရာအိမ်မွေးတစ်ကောင်အနေဖြင့် သူက ယဲ့ရှောင်၏ ရည်ရွယ်ချက်များကို အလွန်ကောင်းစွာ သိမြင်နေပြီ ဖြစ်သည်။ ကောင်းကင်ပြုပြင်ခြင်းနည်းစနစ်ကိုသုံးပြီး အသက်ပြန်သွင်းကာ ကျိဖုန်းကို ပြန်ပြင်ပေးလျက် ကြက်တောင်ပံများနှင့် ခြေထောက်ကို ဆက်တိုက်ခုတ်တာပဲ ဖြစ်သည်။

ထိုနည်းကို အသုံးပြုပြီး သူက ကြက်မဆီက ကြက်တောင်ပံများနှင့် ကြက်ခြေထောက်များစွာကို ရယူပြီး အရင်းအမြစ်အကြွယ်အဝဆုံးဖြစ်အောင် လုပ်လိုက်၏။ ထိုအကြောင်းအရင်းကြောင့် ယဲ့ရှောင်သည် တထာဂတာနတ်လက်ဝါးကို အသုံးပြုချင်တာပဲ ဖြစ်သည်။

တထာဂတာနတ်လက်ဝါးသည် သူမကို မွန်းကြပ်ပြီး သေစေ၏။ ကြယ်အမြုတေ သို့မဟုတ် ဝိညာဥ်ကို မထိခိုက်စေပေ။ ထို့ကြောင့် ကုသခြင်းနည်းစနစ်ကို အသုံးပြု၍ရသည်။

ကုသမှုကျင့်ကြံခြင်းနည်းစနစ်၏ ပစ်မှတ်သည် ဝိညာဥ်ရှိသည့် သက်ရှိ သတ္တဝါတစ်ကောင်ဖြစ်ရမည်။

ကောင်းကင်ပြုပြင်ခြင်စနည်းစနစ်ကို နော့ဖစ်၏ လက်တံများအတွက် အသုံးပြု၍မရပေ။ လက်တံများ၌ ဝိညာဥ်မရှိသောကြောင့် ဖြစ်သည်။

နော့ဖစ်၏ ရေဘဝဲလက်တံများစွာကိုရရန် ကောင်းကင်ပြုပြင်ခြင်းနည်းစနစ်ကတ်ကို အသုံးပြုချင်လျှင် သူတို့က သူ၏ ပင်မခန္ဓာ သို့မဟုတ် ခန္ဓာခွဲကိုသာ အသုံးပြုနိုင်သည်။

ကုသခြင်းကျင့်ကြံမှုနည်းစနစ်၏ ဝိသေသလက္ခဏာကလည်း နားလည်ရ လွယ်ကူပေ၏။

ကုသခြင်းကျင့်ကြံမှုနည်းစနစ်သည် ဆိုထားသည့်အတိုင်း ဝိညာဥ်ကိုအသုံးမပြုလျှင် အရာအားလုံးကို ကျပန်းပြန်ရှင်သန်စေရုံမည်သာမက ပြိုကွဲသွားသော ကျောက်တုံးများတောင် ပြန်ဆက်လာနိုင်၏။ ယင်းက သိပ်ကို လွန်သွားလိမ့်မည်။

သို့သော် ယဲ့ရှောင်က ခန့်မှန်းချက်တစ်ခု ရှိပြီးသားဖြစ်သည်။ သူ၏ ကုသခြင်းနည်းစနစ်သုံးမျိုးကို နောင်ကျပေါင်းစည်းနိုင်ခဲ့လျှင် ကုသခြင်းနည်းစနစ်အသစ်က သေဆုံးပြီးခွန်အားများကို ပြန်လည်အသက်သွင်းနိုင်စွမ်း ရှိနိုင်လိမ့်မည်လော။ ထိုစည်းမျဥ်းများကို လျစ်လျူရှု့ထားနိုင်လောက်သည်။

ကောင်းကင်ပြုပြင်ခြင်းနည်းစနစ်သည် မိုးနှင့်မြေ၏ ဝိညာဥ်စွမ်းအင်ကို ဆက်တိုက်စုပ်ယူနေပြီး ကျိဖုန်းကို လျင်မြန်စွာအသက်သွင်းလိုက်၏။

ကျိဖုန်းသည် သူမရှေ့ရှိ ယဲ့ရှောင်ကို ကြောင်အသည့်အမူအရာဖြင့် ကြည့်နေသည်။ သူမ မျက်လုံးထဲ၌ ဇဝေဇဝါဖြစ်မှုများ ပြည့်နေ၏။

” ထူးဆန်းလိုက်တာ … ငါသေပြီးသား မဟုတ်ဘူးလား … ဘာကြောင့် အသက်ရှင်နေသေးတာလဲ … ”

နောက်တစ်က္ကန့်တွင် ယဲ့ရှောင်က သူမ အသက်ရှင်လျက်ရှိနေသေးရသည့် အကြောင်းအရင်းကို သတိပေးလိုက်၏။

ကြက်တစ်ကောင်၏ စူးစူးရှရှအော်သံက ကောင်းကင်ထဲ ပြန့်လွင့်သွားတော့သည်။

ယဲ့ရှောင်က သူမ၏ တောင်ပံများနှင့် ခြေထောက်ကို ခုတ်လိုက်တော့သည်။ မလှမ်းမကမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရှိ အလုပ်သမားများက အထူးတဆန်းဖြစ်မနေကြပေ။ ဆိုရလျှင် အော်သံက ကြက်တစ်ကောင်အသံသာဖြစ်ပြီး လူတစ်ယောက်အသံ မဟုတ်ပေ။

ယဲ့ရှောင်က အကြိမ်တစ်ရာခန့် ထပ်တလဲလဲခုတ်နေပြီး ကျိဖုန်း၏ တောင်ပံနှင့် ကြက်ခြေထောက်အစုံများစွာကို ခုတ်ထစ်လိုက်၏။ ကျိဖုန်းကလည်း ထုံကျင်နေပြီ ဖြစ်သည်။

သူမသည် လူသားများ၏ အကျဥ်းချခြင်းကို ငါးဆယ့်ခြောက်နှစ်တာ ခံခဲ့ရပြီး လွတ်မြောက်လာတာဖြစ်သော်ငြား ယနေ့ကဲ့သို့ စိတ်ပျက်အားငယ်မှုမျိုးကို တစ်ခါမှမခံစားရဖူးပေ။

ထိုယဲ့ရှောင်က မိစ္ဆာတစ်ကောင်သာ ဖြစ်သည်။ မိစ္ဆာတစ်ကောင်တောင် သူ့လောက် ရက်စက်မှာမဟုတ်ပေ။ သူက အကျင့်မကောင်းသူဖြစ်၏။ သေချာပေါက်လူတစ်ယောက် မဟုတ်ပေ။

” နင် မကောင်းတဲ့ကောင် … နင် ရူးနေလား … ”

ယဲ့ရှောင်က သူမကို လျစ်လျူရှု့ထားလျက် သူ့လက်ထဲရှိ လှုပ်ရှားမှုကို ထပ်တလဲလဲ ဆက်လုပ်နေလေ၏။

” ရယ်စရာပဲ … သူက ကြက်တစ်ကောင်ပဲ သတ်နေတာလေ … ကြက်တစ်ကောင်ကိုသတ်ဖို့ ဘာကြောင့် ယုတ်မာဖို့လိုလဲ … ”

ယဲ့ရှောင် မလှုပ်မယှက်ပဲ ရှိနေတာကိုမြင်သောအခါ ကျိဖုန်းက နှာခေါင်းရှုံ့ပြီး ပြောလိုက်လေ၏။

” နင်ဘာသာနင် အညှာအတာမဲ့တာကို တွေးကြည့် … ဒီမှာ ဒီအဖွားကြီးက ဒီနေ့ နင်လက်ထဲကျရောက်သွားတယ်လို့ တွေးလို့ရတယ် … ဒါပေမယ့် နင့်ကိုနင် သိပ်ကျေနပ်မနေနဲ့ … နင်ကို ပြောပြလိုက်မယ် ငါ့အတွက် ငါ့ရဲ့ ကြယ်တာရာသားရဲနောက်လိုက်တွေက သေချာပေါက် ကလဲ့စားချေပေးမှာပဲ … သူတို့အားလုံးက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေ သူတို့ စီနီယာနော့ဖစ်ကို လာကယ်တင်တဲ့အချိန် သူ့ရဲ့အံ့ဖွယ်ချီရှန်းအဆင့် အထွတ်အထိပ်ခွန်အားနဲ့ဆို သူက နင့်ကို အပိုင်းတစ်ထောင် ခုတ်ထစ်ပိုင်းဖြတ်နိုင်မှာ သေချာတယ် … ”

သို့သော် သူမ ထိုသို့ပြောပြီးသည်နှင့် ယဲ့ရှောင်၏ မျက်လုံးများ ရုတ်တရုက်လက်သွားတာကို သူမ မသိပေ။

” ဒီကျိဖုန်းမှာ ကြံရာပါရှိတာလား … ဘုရားရေ သူတို့အားလုံးက အံ့ဖွဟ်ချီရှန်းအဆင့်တဲ့လား … ”

သူနှင့် ဟွမ်လျို့လီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ဟွမ်လျို့လီက ချက်ချင်းပင် သဘောပေါက်ပြီး ကင်ထားသော ကြက်တောင်ပံကို လှမ်းပေးလိုက်၏။

” သခင် ကျေးဇူးပြုပြီး ခဏတဖြုတ်အနားယူလိုက်ပါအုံး … စွမ်းအင်တွေ ပြန်ပြည့်ဖို့ ကြက်တောင်ပံကင်နှစ်ချောင်းကို စားလိုက် … ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး ခြေထောက်နှင့် တောင်ပံတို့အခုတ်ခံထားရသည့် ကျိဖုန်းကို ဘေးသို့ပစ်ထုတ်လိုက်သည်။ တစ်ချိန်လုံး သူမကို လျစ်လျူရှု့ထားလျက် သူနှင့် ဟွမ်လျို့လီက ကြက်တောင်ပံများကို ပျော်ပျော်ရွှင်ရွှင်စားသောက်တော့၏။ သို့သော် သူက ကျိဖုန်း၏ ခန္ဓာကိုယ်ပေါ်၌ မည်သည့်အရိပ်အယောင်မှ မချန်ထား။ ဝိညာဥ်စွမ်းအင်တစ်မျှင်သာ ထားရစ်ခဲ့သည်။

ဝိညာဥ်စွမ်းအင်တစ်မျှင်ဖြင့် ကျိဖုန်း မည်သို့ထွက်ပြေးစေကာမူ သူက သူမကို ရှာနိုင်လိမ့်မည်။

ကျိဖုန်းသည် ယဲ့ရှောင်ကြောင့် ထုံကျင်နေပြီးသား ဖြစ်၏။ ယဲ့ရှောင်နှင့် ဟွမ်လျို့လီတို့အတွေး ရုတ်တရက်လက်သွားပြီး သူမ၏ အခွင့်အရေးရောက်လာလိမ့်မည်ဟု သူမ မထင်ထားပေ။

ချက်ချင်းပင် သူမ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်များကို လှည့်ပတ်လျက် ခန္ဓာကိုယ်ကို လျင်မြန်စွာပြန်ကုသတော့သည်။

သူမ၏ ကုသခြင်းနည်းစနစ်က ယဲ့ရှောင်၏ ကုသခြင်းနည်းစနစ်ထက် နိမ့်ပါးသော်ငြား ခြေထောက်များကို ပြန်ကောင်းစေဖို့က သူမအတွက် ပြဿနာတစ်ရပ်မဟုတ်ပေ။

ခြေထောက်ပြန်ပေါက်လာပြီးနောက် ယဲ့ရှောင်တို့ သခင်နှင့်ကျွန်က သူမကို အာရုံမစိုက်ထားသည်ကို အခွင့်ကောင်းယူပြီး ချက်ချင်းပင် အလင်းစီးကြောင်းအသွင်ပြောင်းကာ ထွက်ပြေးတော့၏။

” ဟား ဟား ဟား တုံးအတဲ့လူသား … ဂရုမဲ့လွန်းတယ် … ဒီအဖွားကြီးက နင်နဲ့ စာရင်းရှင်းဖို့ တစ်နေ့ကျပြန်လာခဲ့မယ် … ”

ဟွမ်လျို့လီက ယဲ့ရှောင်ကို နောက်ထပ်ကြက်ကင်တစ်ချောင်း ပေးလိုက်၏။ သခင်နှင့် အစေခံက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်လေ၏။

” ကြည်ရတာ မကြာခင်မှာ ငါတို့တွေ စားကောင်းသောက်ဖွယ်တစ်ခု စားရတော့မယ့်ပုံပဲ … ”

” သခင်က တကယ်ဉာဏ်ရှိတာပဲ … ငါးကြီးတစ်ကောင်ကိုဖမ်းဖို့ ကြိုးကြီးကြီးချထားတာ … ကြယ်တာရာသားရဲတွေက ကျွန်မတို့ဆီကို သူတို့ဘာသာ အရောက်လာပို့မှာကို စောင့်နေရတာထက် ပိုစွမ်းတာပဲ … ဒါကိုပြောတော့မှ ကျွန်မတို့တွေ ကြက်တောင်ပံနဲ့ ကြက်ခြေထောက်တွေ အများကြီးရှိနေပြီးပြီ … ရေတိုအတွက်တော့ စားစရာတွေ ပျက်လပ်အုံးမှာ မဟုတ်ဘူး … ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သို့သော်ငြား ခြံဝန်းတစ်ခုလုံး၌ ကြက်တောင်ပံနှင့် ကြက်ခြေထောက်တို့ ပြည့်နှက်နေတာကို မြင်တွေ့သည့်အချိန်၌ သူက မျက်မှောင်ကြုတ်မိသွား၏။ သိုလှောင်လက်စွပ်ထဲတွင် များပြားသည့်အရာဝတ္ထုများဖြင့် လေဟာနယ်တစ်ဝက်ခန့်ကို နေရာယူလိမ့်မည်ဟု တွက်ချက်မိသည်။ သိုလှောင်လက်စွပ်ထဲရှိနေရာကို အနည်းငယ်ပိုချဲ့ထွင်တာက ကောင်းမည့်ပုံပေါ်သည်။

ကြက်တောင်ပံစားပြီးနောက် သခင်နှင့် အစေခံနှစ်ယောက်သားသည် ဝိညာဥ်စွမ်းအင်နှင့် သွေးအဆီအနှစ်များစွာ ရလိုက်၏။ သူတို့ ခန္ဓာကိုယ်ထဲရှိ ခွန်အားကလည်း ရူးသွပ်ဖွယ်ကောင်းလှအောင် မြင့်တက်နေသည်။

ယဲ့ရှောင်သည် သူ၏ လက်ရှိအခြေအနေက ရှန့်ထျန်း အဋ္ဌမအဆင့်နှင့် (၃၀) ရာခိုင်နှုန်း ဝေးနေသေးသည်ဟု ခံစားမိသည်။

ကြယ်တာရာသားရဲများစားခြင်းက ၎င်းကို ပိုမြန်ဆန်စေကြောင်း သိပြီးသည့်အချိန်မှစသည်။

စားသောက်ပြီးနောက် ယဲ့ရှောင်သည် ဝမ်တလုံ၏ ဖုန်းကို နှိပ်လိုက်သည်။

” ဟယ်လို သူဌေးဝမ် … မီးတောင်ထွတ်ကျောက် ထပ်မှာချင်လို့ ခင်ဗျားမှာ ရှိသေးလား … ”

” ရှိတယ် … ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး … အလွန်ဆုံးမှာ ကားနှစ်စီးစာလောက်ပဲ ရှာပေးနိုင်မယ် … ကြယ်ခုနှစ်လုံးတန်းတာ ပြီးခါစလေ … ယာဥ်ကြောပိတ်ဆို့မှုက အရင်လို ပြန်မကောင်းသေးဘူး … ”

” အခု သိပ်ပြီးနာမည်မကြီးတဲ့ ပစ္စည်းမျိုးဝယ်ချင်တယ်ဆိုရင် မြို့ကြီးတွေကို သွားရမှာ … ”

ယဲ့ရှောင်က သူဘာသာသူ တွေးလိုက်၏။

ကားနှစ်စီးစာက သူ့ သိုလှောင်လက်စွပ်၏ အရွယ်အစားကို နှစ်ဆတိုးချဲ့ပေးနိုင်လောက်သည်။ ယင်းက မများသော်ငြား ဘာမှမရှိတာထက် ပိုကောင်းသေး၏။

အပိုင်း (၁၄၉) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset