Switch Mode

Chapter – 23

အခန်း၂၃။ ခေါင်းဖြတ်သုတ်သင်ခြင်း၊ အဆင့်ရှစ်မှော်ဆေးလုံး

“လင်းဝူတ ထွက်လာပြီ”

မင်းသားလီယန်၏ ဂေဟာအပြင်ဘက်တွင် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သော လီပင်းထျန်းနှင့် တခြားသူများသည် လင်းဝူတပြန်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူပြန်လာသည်ကိုမြင်သောအခါ လူတိုင်း၏ စိတ်ဝိညာဉ်သည် တက်ကြွသွားခဲ့သည်။ သူတို့သည် လင်းဝူတအားစိုက်ကြည့်လိုက်ကြပြီး သူ့နောက်တွင် လူတချို့ပါလာသည်ကို သတိထားမိသွားခဲ့သည်။

လင်းဝူတသည် လူတချို့အား သံကြိုးဖြင့် ချည်နှောင်လျက် ဆွဲခေါ်လာခဲ့သည်။

သူတို့၏ ပုံသဏ္ဍာန်သည် အလွန်သနားစရာကောင်းနေသည်။

“ဟူး”

“မင်းသားလီယန်ဂေဟာထဲက ငရဲနတ်ဆိုးဂိုဏ်းရဲ့အကြွင်းအကျန်တွေကို တကယ်ဘဲဖမ်းဆီးနိုင်ခဲ့တာဘဲ”

လီပင်းထျန်၊ ယန်ရှောက်ချင်းနှင့် တခြားသူများသည် အံ့ဩမှင်သက်နေခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ချမ်ထိုက်ကျီ၏ မျက်နှာသည် မဲမှောင်နေခဲ့ပြီး လင်းဝူတကို မကျေမနပ်ဖြစ်စွာကြည့်လိုက်သည်။

“ညီလေးလင်း… မင်းသားလီယန်က ပြဿနာမရှာလိုက်ဘူးမလား”

“အမှန်ပါဘဲ”

“သူက နားလည်မှုရှိစွာနဲ့ဘဲ ကျုပ်နဲ့ ပူးပေါင်းပေးခဲ့တယ်” လင်းဝူတသည် မထူးခြားစွာပြောလိုက်သည်။

ဘယ်လို။

မင်းသားလီယန်က သူနဲ့ ပူးပေါင်းခဲ့တာလား။

သူက အလွယ်တကူဘဲလုပ်နိုင်ခဲ့တာလား။

လီပင်းထျန်းနှင့် တခြားသူများ၏ မျက်နှာသည် ထူးဆန်းသော အမူအရာအဖြစ်သွားသည်။

သူတို့သည် မင်းသားလီယန်နှင့် အရင်တုန်းက ဆက်ဆံရန်ကြိုးစားခဲ့ဖူးပြီး လီမင်းဆက်သည် ယှဉ်ကပ်ရန်မလွယ်ကူပေ။

သို့သော်လည်း လင်းဝူတသည် ငရဲနတ်ဆိုးဂိုဏ်း၏ အကြွင်းအကျန်များအား ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့သည်။ မင်းသားလီယန်သည် ဆက်ဆံရေးဆိုးဝါးပုံမပေါ်ချေ။ ထိုအစား သူသည် ထင်ထားသည်ထက် နွေးထွေးနေခဲ့သည်။

သို့သော်လည်း လန်ချင်းယွဲ့ကို မြင်သည့်အခါလီပင်းထျန်းနှင့် တခြားသူများ၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့်ပြည့်သွားခဲ့သည်။

“ညီလေးလင်း…ဒါက…!”

ယန်ရှောက်ချင်းသည် လန်ချင်းယွဲ့အား လက်ညှိုးထိုးလျက်ပြောလိုက်သည်။

သူမသည် မင်းသမီးလီယန်ဖြစ်သည်။

လင်းဝူတသည် မည်သည့်အတွက်ကြောင့် ချည်နှောင်ထားရသနည်း။

မင်းသားလီယန်က ခွင့်ပြုသည်လား။

ဤကိစ္စသည် သူတို့နားလည်နိုင်သည်ထက်ကျော်လွန်နေကြောင့် ခံစားလိုက်ရသည်။

“သူမက မင်းသမီးလီယန်၊ လန်ချင်းယွဲ့ဘဲ”

“ဒါပေမဲ့ နတ်ဆိုးရဲ့ စားသောက်ခြင်းကို ခံထားရတယ်”

ဘယ်လို။

လန်ချင်းယွဲ့က နတ်ဆိုးတစ်ကောင်လား။

ထိုသို့ကြားသည့်အခါ လီပင်းထျန်းနှင့် တခြားသူများ၏ မျက်နှာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။

နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်း၏ အဖွဲ့ဝင်များအနေဖြင့် နတ်ဆိုးများအကြောင်းကို ပို၍သိပေသည်။ သူတို့သည် သက်ရှိများအားစားသုံးသည့် မွန်းစတားများပင်။ သူတို့အားလုံးသည် ထူးခြားဆန်းကြယ်ကြသည်။

ကျင့်ကြံသူများတောင် သူတို့အားဖိနှိပ်ရန် ခွန်အားအများကြီး စစ်ထုတ်ရပေမည်။

သူတို့အား အံ့ဩစေသည့်အရာက လင်းဝူတသည် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းကို ရောက်ရှိလာသေးရုံသာဖြစ်ပြီး နတ်ဆိုးတစ်ကောင်အား ဖမ်းဆီးနိုင်ခဲ့ခြင်းပင်။

ထို့အပြင် ၎င်းသည် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းက လွှမ်းမိုးနိုင်ခြင်း မရှိသည့် မင်းသားလီယန်၏ ဂေဟာထဲတွင်ဖြစ်နေသည်။ ထိုသို့တွေးပြီး လီပင်းထျန်းနှင့် တခြားသူများသည် ကြောက်လန့်မှုများနှင့်ပြည့်နှံ့သွားခဲ့သည်။

“သူမက အယောင်ဆောင်ဖုံးကွယ်ထားတာဘဲ”

“ညီလေးလင်း ဖမ်းဆီးနိုင်ခဲ့တာကောင်းတယ်။ မဟုတ်ရင် ထျန်းယွမ်ရှေးဟောင်းမြို့က ဘယ်လိုအန္တရာယ်နဲ့ ကြုံရမလဲမသိနိုင်ဘူး ”

“အဲဒီအချိန်ကျရင် ကျုပ်တို့ရဲ့ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းက အပြစ်တင်ခံရခြင်းက လွတ်မှာမဟုတ်ဘူး” လီပင်းထျန်းသည် ကျေးဇူးတင်စွာပြောလိုက်သည်။

ယန်ရှောက်ချင်းနှင့် တခြားသူများသည် လေးလံစွာ‌ ခေါင်းညိတ်လိုက်သည်။

“အမှန်ဘဲ။ ညီလေးလင်း… ကျေးဇူးပါဘဲကွာ။ မဟုတ်ရင် ကျုပ်တို့ ပြဿနာအကြီးကြီးရင်ဆိုင်ရနိုင်တယ်”

“ညီလေးလင်းကို ဂုဏ်ပြုအမှတ်ပေးသင့်တယ်”

“အမှန်ဘဲ၊ သေချာပေါက်လုပ်ပေးသင့်တယ်။ ဘုရင်ခံ သီးသန့်ကျင့်ကြံခြင်းက ထွက်လာခဲ့ရင် မြို့တော်ရဲ့ အခြေအနေကို တင်ပြပေးရမယ်။ ပြီးတော့ ယွမ်ပြည်နယ်ရဲ့ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းက ဂုဏ်ကျက်သရေကို မျှဝေရရှိသင့်ပြီ”

“ဘုရင်ခံမှာ စူးရှတဲ့ မျက်လုံးတွေရှိတာဘဲ။ ညီလေးလင်းက အစစ်အမှန်ပါရမီရှင်တစ်‌ယောက်ဘဲ”

လက်ထောက်ဘုရင်ခံသုံးယောက်သည် တစ်ယောက်ပြီးတစ်ယောက်ချီးမွမ်းလိုက်ကြသည်။

လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသည်။

ချမ်းထိုက်ကျီ၏ မျက်နှာသည်သာ မဲမှောင်နေသည်။

“လက်ထောက်ဘုရင်ခံချမ်… ခင်ဗျာက မပျော်မရွှင်ဖြစ်နေတဲ့ပုံဘဲ”

လင်းဝူတသည် သူ့အားမထူးခြားစွာကြည့်လိုက်သည်။

“ဘယ်လို။ ကျုပ်က ဘာမဖြစ်ရမှာလဲ”

“နတ်ဆိုးကြောင့် အံ့ဩသင့်နေရုံပါ” ချမ်ထိုက်ကျီသည် အလောတကြီးဖြေကြားလိုက်သည်။

သူ၏ နှလုံးသားထဲတွင် လင်းဝူတအား မုန်းတီးမှုသည် ပို၍ ကြီးမားလာခဲ့သည်။

“ညီလေးလင်း… ဒီနတ်ဆိုးနဲ့ ငရဲနတ်ဆိုးဂိုဏ်းက အကြွင်းအကျန်တွေကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ”

“သူတို့ကို ကွပ်မျက်ခြင်းမြေပြင်မှာ ကွပ်မျက်မယ်”

သူသည် လူအုပ်၏ အပြုအမူများအား လျစ်လျူရှုလျက် သံကြိုးအားဆွဲကာ ကွပ်မျက်ခြင်းမြေပြင်ဆီသို့ ခေါ်ဆောင်သွားတော့သည်။

လီပင်းထျန်းနှင့် တခြားသူများသည် အချင်းချင်းကြည့်လိုက်ကြပြီး အလျင်အမြန်လိုက်သွားခဲ့ကြသည်။

အလွန်လျင်မြန်စွာဖြင့် ကွပ်မျက်ခြင်းမြေပြင်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လင်းဝူတသည် နတ်ဆိုးနှင့် ထွက်ပြေးလွတ်မြောက်သွားသူများဆွဲခေါ်လာသည်ကို မြင်သောအခါ လူတိုင်းသည် ကွပ်မျက်ခြင်းမြေပြင်ဆီသို့အလျင်အမြန်လိုက်သွားခဲ့ကြသည်။

မကြာမီ သီးသန့်ကျင့်ကြံနေသည်ဟု သတင်းလွှင့်ထားသော မင်းသားလီယန်သည် ကွပ်မျက်ခြင်းမြေပြင်ဆီသို့ အလျင်အမြန်ရောက်ရှိလာခဲ့သည်။

ကွပ်မျက်ခြင်းမြေပြင်ရှိ လန်ချင်းယွဲ့အားမြင်သည့်အခါ တစ်ယောက်ယောက်သည် စိတ်လှုပ်ရှာစွာဖြင့် အော်ဟစ်လိုက်သည်။

“ဘုရားရေ…မင်းသမီး လီယန်က နတ်ဆိုးတစ်ကောင်လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

မင်းသမီးက နတ်ဆိုးတစ်ကောင်ဖြစ်နေတာလား။

“မင်းသားလီယန်တောင် ဒီနေရာကိုရောက်နေပြီ။ ကြည့်ရတာ အမှန်ဖြစ်‌နေတဲ့ပုံဘဲ”

“ကံကောင်းစွာနဲ့ နတ်ဆိုးအမဲလိုက်ခန်းမရဲ့ အရှင်သခင်က ဒီနတ်ဆိုးကို ရှာတွေ့ခဲ့တယ်။ တကယ်လို သူမကိုသာ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိခဲ့ရင် ထျန်းယွမ်ရှေးဟောင်းမြို့က ဘယ်လို ကပ်ဘေးမျိုးကို ရင်ဆိုင်ရမလဲမသိဘူး”

“အရှင်လင်းရဲ့ သတ္တိနဲ့ အရည်အချင်းက ချီးမွမ်းစရာဘဲ”

“သူက နည်းနည်း အရိုင်းဆန်ပေမဲ့ လုပ်နိုင်စွမ်းတော့ရှိတယ်…”

လူအုပ်သည် ကွပ်မျက်ခြင်းမြေပြင်ရှိ နတ်ဆိုးနှင့် ငရဲနတ်ဆိုးဂိုဏ်း၏ အကြွင်းအကျန်များအားကြည့်လျက် အပြင်းအထန်ဆွေးနွေးလိုက်ကြသည်။

လင်းဝူတသည် လက်မြောက်လိုက်သည်နှင့် လူတိုင်းတိတ်ဆိတ်သွားကြသည်။

“ဒီနတ်ဆိုးက မင်းသမီးလီယန်ကို စားသုံးခဲ့ပြီး မင်းသားလီယန်နဲ့ အတူတူနေခဲ့တယ်။ ပြီးတော့သက်ရှိ ၃၀၀၀ကျော်ကို ဝါးမျိုထားခဲ့တယ်။ သူမရဲ့ အပြစ်က ပြောမပြနိုင်လောက်အောင်ကြီးမားတယ်”

“သူမက မင်းသားလီယန်ကို သတ်ဖြတ်လုနီးပါးဘဲ။ ကံကောင်းစွာနဲ့ ကျုပ်ရောက်ရှိသွားခဲ့ပြီး နတ်ဆိုးကို ဖိနှိပ်နိုင်ခဲ့တယ်”

“နတ်ဆိုးတွေက သေသင့်တယ်”

“နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းက ကမ္ဘာကြီးရဲ့အမိန့်ကို ထိန်းသိမ်းဖို့နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေဖို့ဘဲ။ ဒါ့ကြောင့် ကမ္ဘာပေါ်က မကောင်းဆိုးဝါးနတ်ဆိုးတွေကို သတိပေးတဲ့အနေနဲ့ လူသိရှင်ကြားကွပ်မျက်မယ်”

သူ၏ အေးသက်ပြီး ခံစားချက်မဲ့သောအသံသည် အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။

လင်းဝူတသည် လန်ချင်းယွဲ့ဆီသို့ ရွှမ်မင်ဓားသွားအားဆွဲလျက် သွားလိုက်သည်။

“ဖွီး…မျိုးမစစ်…လူသား”

“မင်းသားလီယန်က လျှို့ဝှက် ပူးပေါင်းနေတာသိသာနေတာဘဲ…” လန်ချင်းယွဲ့သည် အော်ဟစ်လိုက်သည်။

သူမ၏ မျက်လုံးအစုံသည် သွေးနီရောင်လွှမ်းကာ အလွန်နတ်ဆိုးဆန်နေခဲ့သည်။ သူမသည် မင်းသားလီယန်ကိုပါ ဆွဲခေါ်ချင်သော်လည်း လင်းဝူတသည် အခွင့်အရေးမပေးချေ။

“ခရတ်”

အေးစက်သော ဓားသွားသည် ကျဆင်းလာခဲ့ပြီး ခေါင်းတစ်လုံးသည် လေထဲတွင် လွင့်ပျံသွားခဲ့သည်။

“ဘုန်း”

သူမ၏ အသက်စွမ်းအားကုန်ဆုံးသွားသည်နှင့် လက်ရှစ်ဖက်နတ်ဆိုးအဖြစ်ပြောင်းလဲသွားခဲ့ပြီး လူတိုင်းသည် အလွန်အံ့ဩသွားကြသည်။ မင်းသမီးလီယန်သည် အမှန်ပင် နတ်ဆိုးတစ်ကောင်ဖြစ်နေသည်။

“ဟူး”

ထိုသို့ရက်စက်ကြမ်းကြုတ်လွန်းသောမြင်ကွင်းကို မြင်သည့်အခါ အကြွင်းအကျန်လေးယောက်သည် ချွဲများဖြင့် စိုရွှဲသွားခဲ့သည်။

“အရှင်…ကျုပ်တို့ အသက်ကိုချမ်းသာပေးပါ။ တောင်းပန်ပါတယ်”

သူတို့သည် ခြေထောက်ဖက်တောင်းပန်လိုက်သည်။ သို့သော်လည်း တုန့်ပြန်မှုအနေဖြင့် အေးစက်သောဓားသွားတစ်ခုသာပြန်လည်ရရှိသည်။

“ရွှပ်”

အလွန်ထက်ရှသောဓားသွားကြောင့် သူတို့လေးယောက်သည် ခေါင်းဖြတ်ခံလိုက်ရသည်။

“ငရဲနတ်ဆိုးဂိုဏ်းရဲ့ သူတွေနဲ့ဖြစ်စေ နတ်ဆိုးတွေနဲ့ဖြစ်စေ ပူးပေါင်းတဲ့သူမှန်သမျှ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းရဲ့ ‌ရန်သူလိုသတ်မှတ်တယ်။ ကျုပ်က သူတို့ကို သတ်ပေးရလိမ့်မယ်”

“သူရဲ့ အဆင့်အတန်းက ဘာဘဲဖြစ်နေပါစေ ရလဒ်က အတူတူဘဲဖြစ်မယ်”

ကြမ်းတမ်းသော အသံသည် ထွက်ပေါ်လာခဲ့သည်။

ထိုသို့ကြားသည့်အခါ မင်းသားလီယန်၏ ခန္တာကိုယ်သည် တုန်ရင်သွားခဲ့ပြီး အဆုံးမရှိသည့် ကြောက်လန့်မှုများဖြင့် ပြည့်သွားခဲ့သည်။

လင်းဝူတသည် သူအားရည်ရွယ်ပြောဆို‌နေသည်ကိုသိသည်။ သူအားသတိပေးနေခြင်းပင်။

“အရှင်လင်း… ခင်ဗျာက နတ်ဆိုးနဲ့ ငရဲနတ်ဆိုးဂိုဏ်းရဲ့ လူတွေကို သတ်ဖြတ်ပေးခဲ့တယ်။ ပြီးတော့ထျန်းယွမ်ရှေးဟောင်းမြို့ရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို ယူဆောင်ပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျာကို ဂုဏ်ပြုအမှတ်တွေရစေဖို့ နန်းမြို့တော်ကို တင်ပြပေးမယ်”

“ဒီအရှင်က နတ်ဆိုးတွေကို လုံးဝသနားညှာတာမှုရှိနေမှာမဟုတ်ဘူး” မင်းသားလီယန်သည် ကြောက်လန့်မှုအားဖိနှိပ်လျက် အော်ဟစ်ပြောဆိုလိုက်သည်။ ထို့နောက် သူသည် လင်းဝူတအား မလုံမလဲဖြစ်စွာကြည့်လိုက်သည်။

လင်းဝူတသည် သူအား လုံးဝ အာရုံစိုက်မနေပေ။ ထို့နောက် သူသည် ကောင်းကင်မြှုပ်နှံကြေးခေါင်းတလားအားထုတ်ယူပြီး လန်ချင်းယွဲ့နှင့် တခြားသူများ၏ အလောင်းအားသိမ်းဆည်းလိုက်သည်။

ထို့နောက် သူ၏လက်အားနောက်တွင်ထားလျက် ကြယ်ဖမ်းသူခြံဝင်းထဲသို့ ပြန်တော့သည်။

[ ဒင် ]

[ သင်သည် အဆင့်ခုနစ်နတ်ဆိုး လန်ချင်းယွဲ့၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် အဆင့်ခုနစ်‌မှော်ဆေးလုံးအားရရှိပါသည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် အဆင့်ရှစ် မှော်ဆေးလုံးအားရရှိပါမည် ]

[ သင်သည် လီဖန်ထျန်း၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် မိုးကြီးသွားဆေဘာဓားနည်းစနစ်အားရရှိပါသည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် မိုးကြိုးဓားပြားနည်းစနစ်အားရရှိပါမည် ]

[ သင်သည် မူချင်းဖန်၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် အလယ်အလတ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀တုံးအားရရှိပါသည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ အားရရှိပါမည် ]

[ ဒင်… ပိုင်ရှင်သည် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းအတွက် ဂုဏ်ဆောင်ပေးခဲ့ပါသည်။ ကံစွမ်းအားအမှတ် ၅၀၀ရရှိပါမည် ]

[ ဒင်… ပိုင်ရှင်သည် ငရဲနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူဆယ်ယောက်နှင့် နတ်ဆိုးတစ်ကောင်အားသတ်ဖြတ်‌ခဲ့ပါသည်။ ကံစွမ်းအားအမှတ် ၇၀၀ရရှိပါမည် ]

[ ဒင်…ထျန်းယွမ်ရှေးဟောင်းမြို့ရှိလူတိုင်းသည် သင့်အား ကြည်ညိုလေးစားလာခဲ့သည်။ ကံစွမ်းအားအမှတ် ၂၀၀၀ရရှိပါမည် ]

သတိပေးသောအသံများသည် သူ၏စိတ်ထဲတွင် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

ထိုသတိပေးချက်အသံများကိုကြားသည်အခါ လင်းဝူတသည် စိတ်ကျေနပ်စွာဖြင့် နှုတ်ခမ်းကို ကွေးတက်နေအောင်ပြုံးလိုက်မိသည်။

သူ၏ အားစိုက်ထုတ်မှုသည် အလဟသတ်မဖြစ်ခဲ့ပေ။ ရက်ရောစွာပြန်လည်ရရှိခဲ့သည်။ သူသည် ခြံဝင်းသို့ပြန်ရောက်မှ သူ၏ ရိပ်သိမ်းနိုင်မှုများအား စစ်ဆေးရပေမည်။

Comment

Leave a Reply

Options

not work with dark mode
Reset