အခန်း(၁၆)
“လင်းဝူတ…မင်းဘာလုပ်နေတာလဲ”
သူတို့ကိုလျစ်လျူရှုပြီး အလောင်းများအား ကြေးခေါင်းတလားတွင်စုဆောင်းနေသည်ကိုမြင်သောအခါ အလွန်စိတ်ဆိုးနေသော လင်းထျန်းဟဲသည် ချက်ချင်းပင် ရူးသွပ်စွာအော်ဟစ်လိုက်သည်။
“ကျုပ်မကြာခင်ကပြောခဲ့သလိုဘဲ ခင်ဗျာ့တို့ရဲ့ အလောင်းကို စုဆောင်းပေးနေတာ”
တည်ငြိမ်သောအသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
လင်းဝူတသည် သူတို့၏ မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ဆိုးမှုတို့အားလျစ်လျူရှုလိုက်သည်။ ထိုအစား သူ၏ မျက်လုံးများသည် အလောင်းများအပေါ်တွင် ကျရောက်နေခဲ့သည်။ သူဖြတ်သွားသည့်နေရာတိုင်းမှ အလောင်းများအား ကောင်းကင်မြှုပ်နှံကြေးခေါင်းတစ်လားတွင် သိမ်းဆည်းနေခဲ့သည်။
[ ဒင် ]
[ သင်သည် လင်းယွင်ဖန်၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် တစ်နှစ်စာ ကျင့်ကြံခြင်းအခြေခံအားရရှိပါသည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် ဆယ်နှစ်စာ ကျင့်ကြံခြင်းအခြေခံအားရရှိပါမည် ]
[ သင်သည် လင်းခွန်၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ အားရရှိပါသည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ရရှိပါမည် ]
[ သင်သည် လင်းထျန်းလွင်၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် မိုးကြိုးလက်ဝါးနည်းစနစ်အားရရှိပါသည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် မဟာမိုးကြိုးသွားနည်းစနစ်ကို ရရှိပါမည် ]
[ သင်သည် လင်းယန်၏ အလောင်းအားစုဆောင်းနိုင်ခဲ့သည့်အတွက်… ရရှိ… ]
…
သတိပေးချက် များသည့် သူ၏စိတ်ထဲတွင် ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်မြှုပ်နှံခြင်းကြေးခေါင်းတလားတွင် အလောင်တစ်လောင်းစုဆောင်းတိုင်း တစ်ခုခုကို ကျပန်းရရှိနေခဲ့သည်။ ၎င်းတို့သည် ဆေးလုံး၊ လက်နက်၊ သိုင်းနည်းစနစ် အစရှိသဖြင့် အမျိုးမျိုးပင်…။
သူသည် ပစ္စည်းအမျိုးမျိုးအားရရှိနေခဲ့သည်။
လင်းဝူတသည် အလွန်ပျော်ရွှင်နေခဲ့သည်။
မြေပြင်တွင် တုန်ရင်ကာ လဲလျောင်းနေကြသော လင်းထျန်နန်းနှင့် တခြားသူများသည် အလွန်မုန်းတီးနေကြပြီး စိတ်ပျက်နေကြသည်။
“လင်းဝူတ…မင်းအသေဆိုးနဲ့ သေပါစေလို့ကျိန်ဆဲတယ်”
ရုတ်တရက် လင်းထျန်းဟဲသို့ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
လင်းဝူတသည် ခဏရပ်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကို မြှင့်လျက် သူ့အားစိုက်ကြည့်လိုက်သည်။ ထို့နောက်ရှေးဟောင်းကောင်းကင်မြှုပ်နှံခြင်းကြေးခေါင်းတလားကိုထမ်းလျက် သူ့ဆီသို့ တန်းမတ်စွာ လျောက်လာခဲ့သည်။
“မင်းဘာလုပ်ချင်တာလဲ”
လင်းဝူတ၏ အန္တရာယ်ရှိသောအကြည့်အားမြင်သောအခါ လင်းထျန်းဟဲသည် သူ့အားတိုက်ခိုက်ပြီးဟုတွေးမိသွားပြီး သူ၏ လက်ကျန်ခွန်အားကို စုစည်းလျက် ခုခံရန်ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူသည် အထင်မှားနေခြင်းပင်။
“ဆွစ်”
သူရောက်ရှိလာသည့်အခါ လင်းဝူတသည် သူ့အားလျစ်လျူရှုလိုက်ပြီး ကောင်းကင်မြှုပ်နှံခြင်းကြေးခေါင်းတလားကို မြေပြင်တွင်ချလိုက်သည်။ ထို့နောက် သူသည်တစ်ခုခုအားနားလည်သွားခဲ့သည်။
လင်းဝူတသည် သူ့အား အမှုအရာကင်းမဲ့စွာကြည့်နေခဲ့သည်။
သူ့စောင့်ဆိုင်းနေသည့်အရာက ရောက်ရှိလာခြင်းဖြစ်သည်မှာ သေချာပေသည်…။
“လင်းဝူတ…မင်း…”
လင်းထျန်းဟဲသည် တစ်ခုခုအားနားလည်သွားပုံပေါ်သည်။ ထို့နောက် သူသည် လင်းဝူတအားတစ်ခုခုမေးချင်းသော်လည်း ကောင်းကင်ပေါ်မှ ကြောက်လန့်တုန်လှုပ်ဖွယ်ဓားတစ်စင်းသည် ဆင်းသက်လာခဲ့ပြီး သူ့ရင်ဘတ်အားဖောက်ထွက်သွားခဲ့သည်။
ထိုဓား၏ ခွန်အားသည် တာအိုနန်းတော်အဆင့်ခွန်အားရှိပေဖသည်။
၎င်းသည် လင်းထျန်းဟဲ၏ အသက်အားနှုတ်ယူသွားခဲ့သည်။
“ဘုန်း”
သူသေသွားသည့်အခါ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေသည် လင်းဝူတသည် ကောင်းကင်မြှုပ်နှံကြေးခေါင်းတလားအားဖွင့်ပြီး သူ့၏ အလောင်းအားစုဆောင်းလိုက်သည်။
[ ဒင် ]
[ သင်သည် လင်းထျန်းဟဲ၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် နတ်ပစ္စည်း မြင့်မြတ်သောစိတ်ဝိညာဉ်သစ်သီးအားရရှိပါသည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် အထွဋ်အမြတ်ပစ္စည်း နတ်ဘုရားစိတ်ဝိညာဉ်သစ်သီးအားရရှိပါမည် ]
[ အမည် : နတ်ဘုရားစိတ်ဝိညာဉ်သစ်သီး ]
[ အဆင့် : မွေးရာပါနတ်အဆင့်ပစ္စည်း ]
[ ဖော်ပြချက်:
၁။ ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသောရှားပါးပစ္စည်းတစ်ခုဖြစ်သည်။ ၎င်းကို ဝါးမျိုပြီးသည့်အခါ ကောင်းကင်ဘုံကိုးခုနှင့် ငရဲဘုံကိုးခုအားထွင်းဖောက်မြင်နိုင်သည့် နတ်ဘုရားမျက်စိအားရရှိမည်။
၂။ နတ်ဘုရားစိတ်ဝိညာဉ်မျက်စိသည် ဖုံးကွယ်နေသော ကမ္ဘာကြီး၏ ရတနာအော်ရာများကို ရှာဖွေနိုင်သည်။
၃။ ပုံရိပ်ယောင်များကိုဖယ်ရှားနိုင်ပြီး အစစ်အမှန်အားမြင်နိုင်သည် ]
[ သတိပြုချက် : ဤမျက်စိဖြင့်ဆိုလျင် သင်သည် နတ်ဘုရားတစ်ပါးဖြစ်သည် ]
…
နတ်ဘုရားစိတ်ဝိညာဉ်သစ်သီး၏ သတင်းအချက်အလက်များသည် သူ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။
ဘယ်လို။
ဒါက မွေးရာပါ နတ်ပစ္စည်းလား။
လင်းဝူတ၏ မျက်လုံးများသည် အံ့ဩမှုများနှင်ပြည့်သွားခံ့သည်။
သာမန်ဆန်သော လင်းထျန်းဟဲ၏ ခန္တာကိုယ်တွင် ဤသို့ နတ်ဘုရားဆန်သော ပစ္စည်းတစ်ခုပုန်းကွယ်နေခြင်းအား မယုံကြည်နိုင်ဖြစ်နေသည်။ ထို့မြင့်မြတ်သောစိတ်ဝိညာဉ်သစ်သီးသည် သူအသက်ရှင်စဉ်က ရှာဖွေတွေ့ရှိထားခြင်းဖြစ်ပေမည်။
ထို့အပြင် ၎င်းသည် မြင့်မြတ်သော စိတ်ဝိညာဉ်မျက်လုံးအားရရှိပေမည်။
ထိုသို့မဟုတ်လျှင် သူ၏ ပါရမီဖြင့်ဆိုလျှင် အသက်လှည်းဘီးပြီးပြည့်စုံသောအဆင့်သို့ရောက်ရှိနိုင်မည်မဟုတ်ချေ။
“ဒီလက်ဆောင်က အံ့ဩသင့်စရာဘဲ”
လင်းဝူတသည် အလွန်ပျော်ရွှင်သွားခဲ့သည်။
နတ်ဘုရားစိတ်ဝိညာဉ်သစ်သီး၏ မူလအစနှင့် အသုံးပြုပုံတို့အားနားလည်သွားသည့်အခါ သူသည် သူ့နှင့် မဝေးသောနေရာတွင်ရှိနေသည့် လင်းထျန်းနန်နှင့် လင်းထျန်းဟုန်တို့အားကြည့်လိုက်သည်။
ထို့နောက်သူသည် ထိုနေရာတွင် စောင့်ဆိုင်းနေလိုက်သည်။
“ဟူး…”
သူ့ကိုကြည့်ပြီး သူတို့နှစ်ယောက်သည် ဝမ်းနည်းစွာသက်ပြင်းချလိုက်သည်။
“ကြည့်ရတာ ငါတို့အလောင်းကို စုဆောင်းပေးတဲ့ သူရှိတာကောင်းတာဘဲ။ မဟုတ်ရင် မြှုပ်နှံစရာနေရာမရှိဖြစ်သွားလိမ့်မယ်…”
“ဝှစ်”
“ဝှစ်”
ထို့သို့ပြောပြီးနောက် ကောင်းကင်ဘုံမှ ဓားနှစ်လက်သည် ဆင်းသက်လာခဲ့ပြီး သူတို့၏ အသက်အားနှုတ်ယူသွားခဲ့သည်။
ထိုအချိန်တွင် လင်းမိသားစုဝင်များအားလုံးသည် ကောင်းကင်ဘုံ၏ ကပ်ဘေးကြောင့် သေဆုံးသွားခဲ့သည်။
လင်းဝူတသည် ဤကိစ္စအတွက် ဘာမှမပြောချေ။
ထိုနေရာတွင် တခဏလောက်ရပ်နေပြီးနောက်ကောင်းကင်မြှုပ်နှံကြေးခေါင်းတလားအားဖွင့်ပြီး လင်းထျန်းနန်နှင့် လင်းထျန်းဟုန်တို့၏ အလောင်းအားစုဆောင်းလိုက်သည်။
[ ဒင် ]
[ သင်သည် လင်းထျန်းနန်၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် အကွာအဝေးချုံ့ခြင်းနည်းစနစ်အားရရှိပါသည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် အလွန်ဝေးလျှင်ပင်အလွန်နီးကပ်စေခြင်းနည်းစနစ်အားရရှိပါမည် ]
[ ယခုအချိန်တွင် စနစ်သည် ထိုနည်းစနစ်ကို သင့်အား ကြီးမားသော အောင်မြင်မှုအဆင့်အထိအလိုအလျောက် လေ့ကျင့်ပေးသွားပါမည်။ ဥမမာအားဖြင့် သင်သည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဆယ်မိုင်အကွာအဝေးသို့ရောက်ရှိနိုင်ပါသည် ]
[ သင်သည် လင်းထျန်းဟုန်၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် နှစ်ပေါင်း ၃၀၀သက်တမ်းရှိသည့် အသက်ရှည်စိတ်ဝိညာဉ်ဆေးပင်အား ရရှိပါသည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် နှစ်ပေါင်း၃၀၀၀သက်တမ်းရှိသည့် အသက်ရှည်စိတ်ဝိညာဉ်ဆေးအားရရှိပါမည် ]
…
အသံနှစ်ခုသည် မြည်ဟိန်းလာခဲ့သည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
ထိုစကားများကို ပြောပြီးနောက် အလွန်ဝေးလျှင်ပင်အလွန်နီးကပ်စေခြင်းနည်းစနစ်၏ ကြီးမားသောအောင်မြင်မှုအဆင့် ထိုးထွင်းသိမြင်သောဉာဏ်အလင်းများသည် သူ၏ စိတ်ထဲတွင် လွှမ်းခြုံသွားခဲ့သည်။
စနစ်၏ လွှမ်းမိုးမှုအောက်တွင် လင်းဝူတသည် ထိုနည်းစနစ်အား ကြီးမားသောအောင်မြင်မှုအဆင့်အထိ ကျင့်ကြံလိုက်နိုင်သည်။
“ထွက်သွားသင့်ပြီ…”
ပျက်သုံးသွားသော လင်းမိသားစုကို ကြည့်လျက် လင်းဝူတသည် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကောင်းကင်မြှုပ်နှံခြင်းကြေးခေါင်းတလားသိမ်းဆည်းပြီး ခြေတစ်လှမ်းလှမ်းလိုက်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
“ဝှစ်”
ပူပင်ခြင်းကင်းမဲ့ခြံဝင်းသို့ ခြေလှမ်းအနည်းငယ်ဖြင့် ရောက်ရှိလာခဲ့သည်။
“ဒီအလွန်ဝေးလျှင်ပင်အလွန်နီးကပ်စေခြင်းနည်းစနစ်က သာမန်ထက်ထူးခြားတာဘဲ” လင်းဝူတသည် ချီးမွှမ်းလိုက်သည်။
သူသည် သူ၏ အခန်းထဲသို့သွားပြီး နတ်ဘုရားစိတ်ဝိညာဉ်သစ်သီးအားထုတ်ယူလိုက်သည်။ ၎င်းကို တခဏလောက်ဆန်းစစ်ပြီးနောက် ဝါးမျိုလိုက်သည်။
“ဘုန်း၊ ဘုန်း၊ ဘုန်း”
နတ်ဘုရားစိတ်ဝိညာဉ်သစ်သီးတွင် အဆုံးမဲ့ ကံကောင်းခြင်းများပါဝင်ပေသည်။
၎င်းကိုဝါးမျိုလိုက်သည်နှင့် စွမ်းအားပြည့်ဝသည့် နတ်ဘုရားအဆီအနှစ်စွမ်းအားသည့် လွှမ်းခြုံသွားခဲ့ပြီး သူ့၏ ခန္တာကိုယ်တစ်ခုလုံးသို့စီးဆင်းသွားခဲ့သည်။
အဆုံးတွင် အရေးကြီးသော စွမ်းအားနှစ်ခုသည် သူ၏ မျက်လုံးနှစ်လုံးတွင် စုစည်းသွားခဲ့သည်။
သူ၏ မျက်လုံးအနက်ပိုင်းထဲတွကိ ကောင်းကင်တာအို၏ အသိအမြင်များ ပွင့်လန်းနေခဲ့သည်။
ဤကမ္ဘာကြီးသည်ရုတ်တရက် စိတ်ဝင်စားဖွယ်ကောင်းလာခဲ့သည်။
သူ၏မျက်လုံးများသည် နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများအဖြစ်သို့ပြောင်းလဲသွားပြီးနောက် လင်းဝူတသည် ကမ္ဘာကြီးအားပို၍ ထွင်းဖောက်မြင်လာနိုင်ခဲ့သည်။ အော်ရာအမျိုးမျိုးသည် ရောယှက်စီးဆင်းနေသည်။
၎င်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ကျေနပ်နှစ်သက်ဖွယ်ကောင်းသည်။
အရာအားလုံးသည် စနစ်၏ ပြောကြားချက်အတိုင်းပင်။ ဤနတ်မျက်စိဖြင့်ဆိုလျှင် အထက်ကောင်းကင်ဘုံကိုးခုနှင့် အောက်ငရဲဘုံကိုးခုအားမြင်နိုင်စွမ်းရှိပေသည်။
သူသည် ဖျော့တော့သော ရတနာအော်ရာများကိုပင် ခံစားမိခဲ့သည်။
အလင်းတန်းအမျိုးမျိုးသည် လေဟာနယ်ထဲတွင် ရောယှက်နေသည်။
“ဒါက မှော်ဆန်လွန်းတယ်”
၎င်းကို ဂရုတစိုက်စမ်းသပ်ပြီးနောက် လင်းဝူတသည် နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံး၏ ကောင်းကင်ဘုံအားဖိဆန်နိုင်သောအစွမ်းကို ခံစားလိုက်ရသည်။ ဤနတ်မျက်စိတစ်စုံနှင့်ဆိုလျင် မည်သည့်အရာမျှ သူ့ထံမှမဖုံးကွယ်နိုင်တော့ချေ။
ဤအရာကို လင်းဝူတသည် အလွန် စိတ်ကျေနပ်နေခဲ့သည်။
“သခင်လေး…ကျုပ်တို့ အခုထွက်ခွာကြတော့မလား”
ရုတ်တရက် ဟန်ချင်းရှန်၏ အသံသည် အခန်းအပြင်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
“အားလုံးအဆင်သင့်ဖြစ်ပြီလား”
“ဟုတ်ကဲ့”
“ဒါဆိုလည်း ယွမ်ပြည်နယ်ရဲ့ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းဆီကို သွားကြတာပေါ့”
တည်ငြိမ်သောအသံကထွက်ပေါ်လာခဲ့သည်။
လင်းဝူတသည် အလောင်းစုဆောင်းခြင်းမှရရှိသည့်ပစ္စည်းများအားလုံးကို ရှင်းလင်းလိုက်သည်။ မဟာမိုးကြိုးသွားလက်ဝါး၊ အသက်ရှည်ဆေး၊ အလွန်ဝေးလျှင်ပင်အလွန်နီးကပ်စေခြင်းနည်းစနစ်နှင့် တခြားတန်ဖိုးရှိသောပစ္စည်းတို့အားသိမ်းထားလိုက်ပြီးနောက် ကျန်သည့်အရာများအား စွန့်ကြဲလိုက်သည်။
အဆုံးတွင်သူသည် ကံစွမ်းအားအမှတ် ၃၀၀၀ကို ရရှိလိုက်သည်။
အများကြီးမရရှိခဲ့သော်လည်း ဘာမှမရရှိခြင်းထက်ပို၍ကောင်းပေသည်။
…
“ဝှစ်”
နေ့တစ်ဝက်ခန့်ကြာပြီးနောက် ရှေးဟောင်းစိတ်ဝိညာဉ်လှေတစ်စီးသည် ပူပင်ခြင်းကင်းမဲ့ခြံဝင်းမှ ထွက်ခွာလာခဲ့သည်။ ၎င်းသည် မျက်စိကျိန်းစပ်လောက်အောင်တောက်ပသောအလင်းကိုထုတ်လွှတ်နေခဲ့ပြီး ချင်းယွမ်ရှေးဟောင်းမြို့မှ ထွက်ခွာသွားခဲ့သည်။