စာကြည့်တိုက်တာအိုသခင်
အပိုင်း (၁၄၈) နှစ်တစ်ထောင်ကြား တိုက်ပွဲ
ရှေးယခင်ကာလမှစတင်ပြီး စီရင်စုကိုးစု၏ ကုန်းမြေက ပြိုင်ဘက်ကင်းသည့် မျက်စိကျိမ်းလောက်အောင်တောက်ပသော သိုင်းပညာယဥ်ကျေးမှုတစ်ခု မွေးဖွားလာခဲ့သည်။ ယင်းက အချိန်၏မြစ်နှင့် ထာဝရရှင်သန်သူများသဖွယ် မှင်သက်လောက်သော မရေမတွက်နိုင်သည့် သိုင်းပညာရှင်များစွာကိုလည်း မွေးထုတ်ပေးခဲ့၏။ သူတို့အားလုံးက စိရင်စုကိုးခု၏ ဂုဏ်သရေများဖြစ်ကြသည်။
နှစ်ပေါင်းတစ်ထောင်ကြာပြီးသည့်တိုင် စီရင်စုကိုးခု၏ သမိုင်းကြောင်းနှင့် ယဥ်ကျေမှုအစုအဝေး၌ အပြောင်မြောက်ဆုံးထိုးနှက်ချက်ဖြစ်ခဲ့သေးသည်။ ယနေ့ဒဏ္ဍာရီက ဆက်လက်ရှိနေ၏။ ကမ္ဘာ့နံပါတ်တစ်စာရင်း၌ အသူရာနဂါးဧကရာဇ်။
ကမ္ဘာ့ဖီးနစ်စာရင်း၌ မီးငှက် မီးဓားမော့။
သူတို့ရှေ့ရှိ ဓားသူတော်စင် လုချင်းရှန်သည် စီရင်စုကိုးစု၏ ဂုဏ်သရေဖြစ်သည်။
စိရင်စုကိုးစုသည် သူတို့ကြောင့် လွန်ခဲ့သည့်အနှစ်နှစ်ရာ၌ သားရဲကပ်ဘေးများစွာကို အောင်မြင်စွာ ခုခံနိုင်ခဲ့တာဖြစ်ပြီး သူတို့က ထိပ်တန်းသိုင်းပညာရှင်လူရိုင်းများကိုလည်း ခုခံပေးခဲ့၏။
ထိုသို့သာ မဟုတ်လျှင် စီရင်စုကိုးစု၏ တလက်လက်တောက်ပနေသော သိုင်းပညာအမွေအနှစ်သည် လောဘကြီးသည့် လူလိမ်များကြောင့် ခိုးယူခံပြီးတာ ကြာပြီဖြစ်နေမှာပင်။
ယခုမူ လုချင်းရှန်ကဲ့သို့ ကျွမ်းကျင်သူ၏ ဂုဏ်သရေရှိသွင်ပြင်ကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ပြီ ဖြစ်သည်။ ဒီဘဝ၌ သူ နောင်တမရနိုင်တော့ပေ။
” စီနီယာဓားသူတော်စင် အံ့ဖွယ်ဂိုဏ်းရဲ့ ကြယ်တာရာသားရဲတွေက ထွက်ပြေးလွတ်မြောက်ခါစပဲ … အပြစ်ကင်းတဲ့သူတွေကို ထိခိုက်အောင်မလုပ်ရသေးပါဘူး … စီရင်စုကိုးခုက အပြစ်ကင်းတဲ့သူတွေကို မထိခိုက်အောင် ကာကွယ်ပေးစေချင်တာကြောင့် သွားစေချင်တာပါ … ”
လုချင်းရှန်က ခေါင်းညိတ်လိုက်၏။
” နားလည်ပြီ … ပြန်သွားပြီ ငါဆီ သတင်းပို့ … ကြယ်တာရာသားရဲတွေကို ငါ့ဆီအပ်ထားလိုက် … ”
ပြောပြီးသည်နှင့် လုချင်းရှန်၏ ပုံရိပ်ကိုယ်ခွဲက ဓားရောင်ခြည်တန်းအဖြစ် အသွင်ပြောင်းလဲသွားပြီး တိမ်တိုက်များအတွင်း ပျောက်ကွယ်သွားတော့၏။ သူ့မူလခန္ဓာက ထပ်မံပျောက်ကွယ်သွားသည်။
သူက စိတ်ငြိမ်နေသည့်ပမာ လေ၏အရိပ်အယောင်၊ တိမ်၏ အရိပ်အယောင်များမရှိဘဲ တိတ်တဆိတ် ထွက်ခွာသွား၏။ လုချင်းရှန်၏ တပည့် ရွှန်းအာကလည်း လှည့်ထွက်သွားကာ ဓားလမ်းကြောင်းအတိုင်းသွားလိုက်၏။ သံတမန်က သက်ပြင်းချလိုက်မိသည်။
ဒီစီနီယာဓားသူတော်စင်ရဲ့ ခွန်အားက သိပ်ကိုသန်မာတာပဲ။ ငါက ရှန့်ထျန်း ဒုတိယအဆင့် ချီရှန်းတစ်ယောက်ပဲ။ အောင်မြင်မှုတစ်ချို့နဲ့ လူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ ဓားသူတော်စင်နဲ့တွေ့ရတာ ငါပုရွတ်ဆိတ်တစ်ကောင်လောက်တောင် မကောင်းမှာ စိုးရိမ်မိပါရဲ့။
မကြာမီ၌ သူက ပျော်ရွှင်စွာရယ်မောလိုက်ပြန်၏။ ဓားသူတော်စင်က စီရင်စုကိုးခုမှဖြစ်ပြီး သူကလည်း စီရင်စုကိုးခုမှဖြစ်ကာ ယင်းသည်လည်း မဟာဂုဏ်သရေမဟုတ်ပါလော။
သူက အခြားသော တိုင်းနန်းမှဆိုလျှင် သူ ငိုနေရလိမ့်မည်။
တစ်ဖက်တွင်မူ ယဲ့ရှောင်က မြို့ထဲ၌စားသောက်ပြီးနောက် ဆင်ခြေဖုန်းအရပ်ရှိ သူ၏အိမ်သို့ လမ်းလျှောက်သွားလိုက်သည်။ သူက ပျော်ရွှင်နေပုံမပေါ်ပေ။ ကြယ်တာရာသားရဲ၏ အသားကိုစားချိန်မှစပြီး သူ့က ယခု သာမန်အစားအသောက်များစားသောအခါ အရသာ သိပ်မတွေ့တော့ပေ။ အထူးသဖြင့် အံ့ဖွယ်အဆင့်ကြယ်တာရာသားရဲများ၏ အသားဖြစ်သည်။ ဘုရင်အေးနော့ဖစ်၊ လိပ်နက်၊ သူတော်စင်သံမန်တော် သို့မဟုတ် ကြေးခွံနက် မြွေ မည်သည့်အကောင်မဆို ထိုသာမန် ဟင်းလျာများထက် အဆပေါင်းများစွာ ပိုကောင်း၏။ ချီရှန်းအဆင့် ကြယ်တာရာသားရဲများ၏အသားက နူးညံပြီး လတ်ဆတ်သည်။ တစ်ချက်ကိုက်ရုံဖြင့် ၎င်း၏ အရွတ်ကြောများ နူးညံမှုနှင့် လက်လက်ဆက်ဆက်အသား၏ ကောင်းမွန်သည့်အရသာရှိရုံသာမက တစ်ချိန်ထဲတွင် အလွန်အစွမ်းထက်သော သွေးအဆီအနှစ်နှင့် ဝိညာဥ်ဓာတ်စွမ်းအားလည်း ရှိကြသည်။
တစ်ကိုက်ကိုက်ပြီးနောက် သူတို့၏ ပါးစပ်ထဲ၌ ဝိညာဥ်စွမ်းအင်များ ပေါက်ကွဲလာမည်။ ထိုသို့သော စိတ်ကျေနပ်မှုမျိုးကို ကြွယ်ဝသည့်ဝိညာဥ်စွမ်းအင်က သယ်ဆောင်လာပြီး သူ၏ ခန္ဓာကိုယ်ကို လန်းဆန်းစေသောခံစားချက်ဖြင့် ဆေးကြောစေသည်က မည်သည့်ဟင်းလျာများနှင့်မှ မယှဥ်နိုင်ပေ။
သူတို့၏ သိုင်းပညာရှင်များက သူတို့၏ ကျင့်စဥ်သည် အံ့ဖွယ်ချီရှန်းအဆင့်သို့ရောက်ပြီးနောက် စားသောက်ရန်မလိုရတော့သည့် အကြောင်းအရင်းဖြစ်လောက်သည်။ မဟုတ်ပါလော။
သာမန်အစားစာများကို စားခြင်းက ရှန့်ထျန်းနယ်ပယ်လိုအပ်ချက်ကို မဖြည့်တင်းနိုင်လောက်ပေ။ ထို့ကြောင့် သူတို့က မစားတော့တာ ဖြစ်နိုင်၏။ ယင်းက ယဲ့ရှောင်အား နောင်ကျစားသောက်ရန်အတွက် ချီရှန်းအဆင့်ကြယ်တာရာသားရဲများ ပိုမိုဖမ်းဖို့ရာ ဆုံးဖြတ်ချက်ကိုတောင် ချမိစေတော့သည်။ ၎င်းက သူ၏ စားချင်စိတ်ကို တင်းတိမ်စေရုံသာမက လူသားမျိုးနွယ်စုကို ထိခိုက်စေမည့် ဘေးအန္တရာယ်ကိုလည်း ဖယ်ရှားပြီးဖြစ်သွားသည်။ ထို့ကြောင့် ယင်းကို ပြောပြီး သူက ပြဿနာတစ်ရပ်ကို အမြဲတမ်းနားလည်စေချင်မိ၏။
ရှန့်ထျန်းနယ်ပယ်သည် အဘယ်ကြောင့်မစားဘဲ ကြယ်တာရာသားရဲများက ဆုတ်ယုတ်မသွားဘဲ ပျောက်ကွယ်သွားရသနည်း။
သာမန်ဇီဝဗေဒဆင့်ကဲဖြစ်စဥ် သီအိုရီအရ လူတစ်ယောက်က မစားသောက်လျှင် သူတို့၏ အစားချေဖျက်သည့်စနစ်သည် အသုံးမဝင်ဖြစ်သွားမည် မဟုတ်ပါလော။
နောက်ပိုင်း၌ ယဲ့ရှောင်သည် အဓိပ္ပါယ်ရှိသည့်ရှင်းပြချက်ကို တွေးမိသွား၏။ ယင်းက သိုင်းလောက ကိုယ်တိုင်ကတောင် ကျိုးကြောင်းမသင့်သောကြောင့် တစ်ချို့သောနေရာ၌ ကျိုးကြောင်းမသင့်သည့် ကိစ္စရပ်ရှိနေတာကို နားလည်နိုင်၏။
သူက ထိုမေးခွန်းကို စဥ်းစားနေစဥ် ရုတ်တရက်ရပ်တန့်ပြီး မလှမ်းမကမ်းရှိခေါင်မိုးကို မော့ကြည့်လိုက်၏။ ထိုနေရာ၌ သတ်ဖြတ်ခြင်းဆန္ဒပုန်းကွယ်နေလေ၏။ ကောင်းစွာပုန်းနေခြင်းဖြစ်သော်ငြား သူ၏ အမြင်အာရုံကနေ မပုန်းပွယ်နိုင်ပေ။
ခုနှစ်စင်ကြယ်၏ ခမ်းနားသောကြီးကျယ်မှုကို ချက်ချင်းအသက်သွင်းလိုက်ရာ သူမ၏ သွင်ပြင်ကို ချက်ချင်းတွေ့လိုက်ရ၏။
သူမ၏ သွင်ပြင်က စွဲဆောင်မှုရှိပြီး ငှက်မွှေးဝတ်စုံကို ဝတ်ထားလေ၏။ သူက ကျိဖုန်းမဟုတ်လျှင် မည်သူဖြစ်နိုင်အုံးမည်နည်း။
ခေါင်းမော့လိုက်သည့်အချိန်တွင် တစ်ဖက်လူက သူ့ကို သတိပြုမိပြီး ဖြစ်သည်။
ငှက်မွှေးကုတ်အောက်၌ ပုန်းနေသော နော့ဖစ်၏ ဝိညာဥ်စွမ်းအင်တစ်မျှင်က ချက်ချင်းထုတ်ပြောလိုက်တော့သည်။
” အဲ့ဒါသူပဲ … အဲ့တာသူပဲ … ”
ကျိဖုန်း၏ မျက်လုံးထဲ၌ အေးစက်စက်အရိပ်အယောင် ဖျက်ခနဲပေါ်လာ၏။
” ဒီတော့ အဲ့ဒီလူသားကိုး … စီနီယာနော့ဖစ် ကျေးဇူးပြုပြီး ဒီမှာစောင့်နေပါ … ဒီဂျူနီယာက အခုပဲ သူ့ကို သွားဖျက်ဆီးလိုက်ပါမယ် … ”
နော့ဖစ်၏ ဝိညာဥ်စွမ်းအင်က အမြန်ပြောသည်။
” မလုပ်နဲ့ ရပ်လိုက် … အဆင်အခြင်မဲ့ မတိုက်ခိုက်နဲ့ … သူ ကျန်းဟိုင်မြို့မှာရှိကြောင်း ငါတို့သိဖို့ပဲ လိုတယ် … အခုတော့ ပြဿနာကို ရှောင်ရှားသင့်ပြီ … မြန်မြန်သွား … ”
” သူ့ကို အနိုင်မယူနိုင်ရင် ကြယ်တာရာသားရဲမျိုးနွယ်စုရဲ့ အစီအစဥ်က ပျက်ဆီးသွားလိမ့်မယ် … ”
ကျိဖုန်းက ပြုံးလိုက်၏။
” စီနီယာ သိပ်စိတ်မပူပါနဲ့ … ကျွန်မရဲ့ခွန်အားကို စီနီယာ မသိတာ နားလည်နိုင်ပါတယ် … ကျွန်မ ကျိဖုန်းက အံ့ဖွယ်ဂိုဏ်းကို တစ်ဆင့်ပဲရှိသေးပေမယ့် တစ်ယောက်ချင်းတိုက်ပွဲမှာ ဘယ်သူကိုမှ မကြောက်ဖူးဘူး … ”
” တစ်ဖက်လူက လူသားဖြစ်နေတဲ့အချက်ကို ပြောမနေနဲ့ … သူက အံ့ဖွယ်ချီရှန်း ဖြစ်နေရင်တောင် ကျွန်မကို သူအနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး … ဒါအပြင် ကျွန်မ သူ့ကို မသတ်နိုင်ရင်တောင် ကျွန်မ အသက်ရှင်လျက် ထွက်ပြေးနိုင်ဖို့က မခက်ခဲဘူးလေ … ”
” စီနီယာ စောင့်နေလိုက်ပါ … ”
နော့ဖစ်က တစ်စုံတစ်ခုပြောချင်သေးသည်။ သို့သော် ကျိဖုန်းက ခေါင်မိုးပေါ်ကနေ ခုန်ဆင်းပြီးဖြစ်နေ၏။ ယင်းက နော့ဖစ်ကို ဆွံ့အသွားစေသည်။ ကျိဖုန်းသည် ယုံကြည်ချက်လွန်ကဲနေတာ ဖြစ်နိုင်၏။
ယနေ့ခေတ်လူငယ် ကြယ်တာရာသားရဲငယ်လေးတွေက ဒီလောက် မောက်မာထောင်လွှားနေကြပြီလား။
ဟူး … အခုနှမြောစရာပဲ။ သူ့ကို တစ်စုံတစ်ယောက် လာကယ်ဖို့က မလွယ်တာ။ အခုတော့ သူကိုယ်တိုင်ပဲ ထပ်ပြီး ထုတ်ပေးလိုက်ရပြန်ပြီ။ နောက်တစ်ခေါက်မှ အစွမ်းထက်တဲ့ အံ့ဖွယ်ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင် ရောက်လာတာကိုပဲ သူ စောင့်ချင်တယ်။ ဘယ်လောက်စောင့်ရမလဲဆိုတာ မသိတော့ပါဘူး။
သူ့အပေါ် ယဲ့ရှောင် ဒေါသမပေါက်ကွဲဖို့ မျှော်လင့်မိတာပါ။
သို့သော် ထိုအကြောင်းကိုတွေးကြည့်ပြီး ထိုအခြေအနေအထိတော့ မဖြစ်လောက်ပေ။ ဆိုရလျှင် သူ၏ ဝိညာဥ်စွမ်းအင်တစ်မျှင်ကို ကောင်းစွာဝှက်ထားခဲ့၏။ ကျိဖုန်းက သူ့ကို မထုတ်ဖော်သရွေ့ သူ ပြဿနာရှိမှာ မဟုတ်ပေ။
” ငါ့ရဲ့ ဒီနေရာကို ရှာတွေ့တယ်ဆိုတော့ စီနီယာနော့ဖစ်မှတ်ထားတဲ့အတိုင်း ဒီလူက ငါ့ကို သတိထားမိစေတာပဲ … ”
” … ”
ယဲ့ရှောင်က တစ်ဖက်လူကိုကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲ၌ နားလည်သည့်အရိပ်အယောင်ပေါ်လာသည်။
” တစ်နေရာရာကနေ ခုန်ထွက်လာတဲ့ ခူကောင်တစ်ကောင်လို့ ထင်နေတာ … ရေဘဝဲရဲ့ လက်အောက်ငယ်သားများ ဖြစ်နေလိမ့်မည်ဟု မထင်ထားဘူး … ”
ယင်းက ယဲ့ရှောင်ကို အတော်လေးမကျေမနပ် ဖြစ်သွားစေ၏။
ထိုနော့ဖစ်က အနည်းငယ်မရိုးသားပေ။ သူ့ကို ယဲ့ရှောင်က မြေအောက်၌ ချိတ်ပိတ်ထားပြီဖြစ်၏။ ထိုသို့တိုင် ဤလှည့်ကွက်လေးတစ်ချို့ကို သုံးရဲသေးသည်။ သူသေချင်နေတာပဲ ဖြစ်မည်။ သူ့ကိုထွက်ရှာပြီး နော့ဖစ်ကို စကားပြောနေသည့်ပုံကို ကြည့်ခြင်းအားဖြင့် သူ့ကို အလွယ်လေးခုတ်ပိုင်းပြီး ရေဘဝဲသားအချို့ လုပ်လိုက်မည်။ ယဲ့ရှောင်က ယခင်က ရေဘဝဲသားကိုရသည်နှင့် ရေဘဝဲဘာဘီကျု့ကို မကျေနပ်သေးပေ။
” နင်က စီနီယာနော့ဖစ်ရဲ့ သွင်ပြင်အစစ်အမှန်ကို ခေါ်ရဲတယ်ပေါ့ … လူသား နင်သေချင်နေတာပဲ … ”
ကျိဖုန်း၏ မျက်လုံးထဲ၌ ရက်စက်သည့်အရိပ်အယောင် ဖျက်ခနဲပေါ်လာသည်။
ကြယ်တာရာသားရဲများကြား၌ မှတ်တမ်းမတင်ထားသော စည်းမျဥ်းတစ်ခုရှိ၏။ ယင်းက ကျန်သည့်သူများကို သူတို့၏ သွင်ပြင်အစစ်အမှန်အား သမန်ကာရှန်ကာဆွေးနွေးခြင်းကို တားမြစ်ထား၏။ ယင်းက လူသားများသည် သူတို့ကို ရုပ်ဆိုးသည် သို့မဟုတ် လှသည်ဟု တစ်ပါးသူများပြောတာကို မနစ်ခြိုက်သည့်ပုံများ ဖြစ်၏။ ယင်းက အင်မတန်မလေးစားသည့်ပုံအတိုင်း ဖြစ်သည်။
ယဲ့ရှောင်က သူမ လေးစားရသည့် စီနီယာကိုနော့ဖစ်ကို သူမရှေ့၌ ရေဘဝဲတစ်ကောင်ဟု တန်းခေါ်ခဲ့သည်။ သူမ၏ အိုင်ဒေါကို လူသားမိန်းကလေးရှေ့၌ ခွေးဟုခေါ်ခဲ့ခြင်းနှင့် မခြားပေ။
သို့သော်ငြား သူမ ပြောပြီးသည်နှင့် ယဲ့ရှောင်၏ အတွေးများက နော့ဖစ်ဆီကနေ သူမဆီ ရောက်သွား၏။
” ရှန့်ထျန်း သတ္တမအဆင့် အံ့ဖွယ်ချီရှန်း … မင်းရဲ့အသားက အတော်လေးတော့ ကောင်းလောက်မှာပါ … ”
ပြောပြီးသည်နှင့် ယဲ့ရှောင်က လက်မြောက်ကာ လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ ထိုသိမ်မွေ့သည်ဟု ထင်ရသော လက်ဝါးသည် အရိုက်ခံရပြီးနောက် ကျိဖုန်း၏ မျက်လုံးကို လက်သွားစေ၏။ တစ်ချိန်ထဲတွင် ကျိဖုန်းတောင် မခုခံနိုင်သည့် ကြီးမားသည့်ဖိအားလည်း လိုက်ပါလာ၏။ ချက်ချင်းပင် ကျိဖုန်းသည် ယခုအချိန်တွင် ပါးမွှားလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလာ ခံစားရ၏။ သူမက သိပ်ကို နုံချာလွန်းသည်။
” မကောင်းတော့ဘူး … ”
ယခုအချိန်တွင် သူမက စီနီယာနော့ဖစ်သည် အဆင်အခြင်မမဲ့ဖို့ ပြောရသည့်အကြောင်းအရင်းကို ရုတ်တရက်နားလည်သွားပြီ ဖြစ်သည်။ ထိုလူက မည်ကဲ့သို့ သာမန်လူသား အံ့ဖွယ်ချီရှန်းတစ်ဦး မည်ကဲ့သို့ဖြစ်နိုင်မည်။ သူ၏ ကျင့်ကြံဆင့်အပြင် စီနီယာနော့ဖစ်၏ ကိုယ်ခွဲက ကိုယ်တိုင်ရောက်လာလျှင်တောင် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပါလော။
” စီနီယာနော့ဖစ်ရေ ကျွန်မကို စောစောက ဘာကြောင့်မပြောတာလဲ … ”
ကျိဖုန်း၏ နောက်ဆုံးအတွေးက အဆုံးမဲ့ အမုန်းတရားများဖြင့် ပြည့်သွားသည်။ သူမ တုံးအမိသည့်အတွက် မုန်းတီးသည်။ ထိုသို့ လိမ်ညာသူတစ်ဦး ဖြစ်ခြင်းအတွက် နော့ဖစ်ကို ပိုတောင် မုန်းတီးမိသည်။ ကံဆိုးသည်မှာ အတွေးက တစ်စက္ကန့်တောင်မကြာလောက်ပေ။ အကြောင်းမှာ နောက်တစ်စက္ကန့်၌ ယဲ့ရှောင်၏ တထာဂတာနတ်လက်ဝါးက သူမကိုယ်ပေါ် အညှာအတာမဲ့စွာ ကျရောက်လာသောကြောင့် ဖြစ်သည်။
ဖုန် …
ကုန်တင်ကားတစ်စီးစာထက် ပိုတောင်ကြီးမားသည့် လက်ဝါးရာကြီးက ထူးထဲသည့် အင်ကတေမြေပြင်ကို ဆယ်ပေခန့်နက်သွားစေ၏။
ဖုန်မှုန့်နှင့် မီးခိုများ တထောင်းထောင်းထလာပြီး ကျောက်စကျောက်နများက အရပ်မျက်နှာအနှံ ပြန့်နှံသွား၏။
ကျိဖုန်း၏ ခန္ဓာကိုယ်ကလည်း သွင်ပြင်အစစ်အမှန်ပေါ်လာပြီ ဖြစ်သည်။ ယင်းက သုံးပေခန့်မြင့်မားသော ကြက်မတစ်ကောင် ဖြစ်သည်။
သူ့ဘေးတွင်လည်း ကွဲကြေနေသော ဦးခွံတစ်ခုရှိနေ၏။ မသေခင် ပဲ့ထွက်လာသည့် အခွံဖြစ်နိုင်သည်။
” တကယ်ကြက်မပဲ … ငါ ဒီနေ့ အတော်ကံကောင်းတာပဲ … စွပ်ပြုတ်အချို့ လုပ်သောက်ရတော့မယ် … ”
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွား၏။ သူက သိုလှောင်လက်စွပ်ကိုသုံးပြီး ကျိဖုန်းကို ထည့်လိုက်၏။ ပြီးနောက် နတ်ဘုရားအာရုံစူးစိုက်ခြင်းကိုသုံးပြီး နေရာကနေ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ထိုဖြစ်ရပ်ကို အနီးအနားရှိ နေထိုင်သူများ ကြားလိုက်ကြသည့်အချိန်တွင် ပြတင်းပေါက်ကနေ ခေါင်းပြူကြည့်ကြတော့၏။
” ဘာဖြစ်သွားတာလဲဟေ့ … ဘာဖြစ်သွားတာလဲ … ”
” ဘုရားရေ … လမ်းမပေါ်မှာ တစ်ယောက်ယောက်ရဲ့ လက်ဝါးရာကြီး … ဘယ်သူများ ချန်ထားရစ်ခဲ့တာလဲ … ”
” ဒါက နည်းနည်းကြောက်ဖို့ကောင်းမနေဘူးလား … ဒီနည်းစနစ်က ချီရှန်းတစ်ယောက်ထက်သာတာ သိသာတယ် … ”
” ချီရှန်းလား … မင်းချီရှန်းတွေကို တွေးတာမြင်လွန်းနေပါပြီ … ဒီလိုလက်ဝါးရာက အံ့ဖွယ်ချီရှန်းတစ်ယောက် ဖြစ်မှာပဲ … ”
ခေါင်မိုးပေါ်၌ နော့ဖစ်၏ ဝိညာဥ်စွမ်းအားက တုန်ရီသွားမိ၏။
” ဒီကောင်က ကြောက်ဖို့ကောင်းတဲ့ လက်ဝါးသိုင်း တကယ်ကြီးတက်တယ်ပေါ့ … တော်ဝင်နည်းစနစ်ဆိုတာ သေချာတယ် … ”
” ဒီကောင်က ရှန့်ထျန်း သတ္တမအဆင့်ပဲ ရှိသေးတာကို … အဆင့်တူလူတွေကို ချက်ချင်းသတ်ဖြတ်နိုင်တာပဲ … သူက တိုက်ပွဲမှာ တစ်ဆင့်ကျော်နိုင်မလား … ”
” ကံကောင်းလို့ သူ ငါကို ရှာမတွေ့သွားဘူး … မဟုတ်ရင် မူလခန္ဓာရဲ့ ဒီဝိညာဥ်အာရုံနဲ့ဆိုရင် သေချာပေါက် ဖျက်ဆီးခံရမှာ … အခု ငါ့ရဲ့ခွန်အားများနေတဲ့ပုံပဲ … မူလခန္ဓာကိုယ်ကွဲထက်တောင် ပိုသန်မာနေတာ … မဟုတ်ဘူး … ငါ့ရဲ့ မူလခန္ဓာက ဒီလိုမျိုးချိတ်ကို ကြုံရာကျပန်းထုတ်နိုင်မှာ မဟုတ်ဘူး … ငါ ပိုကျင့်ကြံဖို လိုတယ် … ဆုံးဖြတ်လိုက်ပြီ … အရင်ဆုံး နှစ်တစ်ထောင်ကျင့်ကြံမယ် … နှစ်တစ်ထောင်ကြာပြီရင် ငါ ချိတ်ကို ချိုးဖျက်ပြီး မူလခန္ဓာနဲ့ ပေါင်းစည်းမယ် … ဒါဆို ငါ သိပ်နောက်မကျဘူး … ”
ယခုအချိန်တွင် သူက အရှိန်အဝါတစ်ချို့ပြေးလာနေကို ခံစားမိသွားသည်။ ချက်ချင်းပင် လှည့်ထွက်သွား၏။ ကြာကြာမနေရဲတော့ချေ။ တကယ်တွင် ယဲ့ရှောင်သည် သူ့ကို အစောထဲက ရှာတွေ့ခဲ့ပြီ ဖြစ်၏။
ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုဖြင့် ထိုမျှနီးကပ်သောအကွာအဝေးဖြင့် ယဲ့ရှောင်၏ စစ်ဆေးမှုကို မည်သူက ရှောင်နိုင်မည်နည်း။ သို့သော် နော့ဖစ်က ကျိဖုန်းနှင့် အတူပူးပေါင်းကြံစည်ထားသောကြောင်း ယဲ့ရှောင် သူ့ကို သီးသန့်စာရင်းရှင်းရန် တွေးထားပြီးသား ဖြစ်၏။ ဆိုရလျှင် ယနေ့တွင် ကြက်စွပ်ပြုတ်ကို သောက်ရန် စဥ်းစားနေတာပဲ ဖြစ်သည်။
အပိုင်း (၁၄၈) ပြီး၏။