Switch Mode

Chapter – 29

ကဗျာဆရာ

အပိုင်း (၂၉) ကဗျာဆရာ

ထိုသို့ပြောလိုက်ပြီးနောက် သူ၏ ပြန့်ကျက်နေသော တစ်ဖက်သွားဓားဆန္ဒကို သူ၏ ရွှေကြီးစိုးခြင်း တစ်ဖက်သွားဓားထဲသို့ ပြန်စုပ်ယူ စုစည်းစေလိုက်သည်။ ကျိုးထျန်းရှန်ဓားကို ကြပ်ကြပ်ကိုင်ထားသော လက်ကို လျော့လိုက်ရာ သူ၏ဓားတုန်ခါသွားပြီး ၎င်းမှ မျက်စိဆူးစေသောအလင်း‌ ထွက်ပေါ်လာခဲ့သည်။

စုရှောင်ရှန်၏ မျက်မှောင်ကုပ်လိုက်ပြီး “ဒီကောင့်မှာ ဝှက်ဖဲတွေကျန်နေသေးတာလားဟ” ဟုဆိုလိုက်သည်။

ထို့နောက် ပြန်လည်တည်ငြိမ်သွားသော တိတ်တခိုးနာကျင်ခြင်းကို ကျစ်ကျစ်ဆုပ်ကိုင်လိုက်ရာ ၎င်းမှ စိတ်လှုပ်ရှားသည့်အလား တုန်ခါသွား၏။

စုရှောင်ရှန် သူ၏ လက်ရှိ ဓားဆန္ဒဖြင့် ကျိုးထျန်းရှန်၏ တိုက်ကွက်ကို ခုခံနိုင်လိမ့်မည်မဟုတ်ကြောင်း သိသည်။

သို့ကြောင့် တုန့်ဆိုင်းမနေတော့ဘဲ ချက်ခြင်း စွမ်းရည်မှတ်(၃) မှတ်ကို ၀ယ်ယူလိုက်ပြီး ဓားထိပ်သီး ထဲအကုန်ထည့်လိုက်လေသည်။

[ဓားထိပ်သီး(စတင်ခြင်းအဆင့်-၆)]

ချက်ခြင်းသူ၏ခေါင်းထဲသို့ ဓားနှင့်ပတ်သက်သည့် အသိပညာများ၀င်လာခဲ့သည်။ ကျိုးထျန်းရှန် ရွှေကြီးစိုးခြင်းဓားကို ဖွဖွလေးကိုင်ထားသည်ကိုကြည့်ပြီး အတွေးတစ်ခုရသွားရ၏။

စုရှောင်ရှန်လည်း သူ၏ ဓားဆန္ဒကို တိတ်တိခိုးနာကျင်ခြင်းထဲသို့ ပြန်စုစည်းစေလိုက်သည်။ သူလည်း ကျိုးထျန်းရှန်ကဲ့သို့ ဓားကိုကိုင်ထားသောလက်ကို အနည်းငယ်လျော့လိုက်ရာ ၎င်းတွင် စုစည်းနေသော ဓားဆန္ဒများ ပိုမို၍ သိပ်သည်းသွားလေသည်။

ကျိုးထျန်းရှန် မှင်သက်သွားသည်။

ပွဲကြည့်ရှူနေကြသူများလည်း ပြိုင်ပွဲ၀င်နှစ်ယောက်၏ တူညီသော တိုက်ခိုက်ခံပုံကိုမြင်သောအခါ အံ့အားသင့်သွားကြ၏။

“ဘာလဲဟ။ စုရှောင်ရှန်လည်း ကျိုးထျန်းရှန်ရဲ့ ဓားနည်းစနစ်ကို သိနေတာလား”

“ဘာ်လိုဖြစ်နိုင်မှာလဲ။ ကျိုးထျန်းရှန်ရဲ့ ‘နတ်ဘုရား တောင်ပင့်ခြင်း’နည်းစနစ်က စစ်မှန်ခြင်းနယ်ပယ် နည်းစနစ်တစ်ခုလေ။ ဒါမျိုးကို စုရှောင်ရှန် ဘယ်ကနေ သွားလေ့ကျင့်နိုင်မှာ”

“ဒါမှမဟုတ် ကျိုးထျန်းရှန်သုံးတာကိုကြည့်ပြီး သူသင်ယူလိုက်တာလဲ။ ဘုရားရေ ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်တာလဲ”

“စစ်မှန်ခြင်းနယ်ပယ် နည်းစနစ်တစ်ခုကို နေရာမှာတင် သင်ယူလိုက်တယ် ဟုတ်လား။ မဖြစ်နိုင်တာ”

အမှန်တကယ်က စုရှောင်ရှန် ကျိုးထျန်းရှန်တစ်‌ယောာက် မည်သည့် နည်းစနစ်အား အသုံးပြုနေသည်ကို မသိပါပေ။ ထို့ပြင် သူ့၏ ပုံစံအတိုင်း လိုက်လုပ်ရာတွင်လည်း ကျိုးထျန်းရှန်ကဲ့သို့ မျက်စိ‌စူးလောက်သော အလင်းရောင်များတောက်ပမလာချေ။ တကယ်က ကျိုးထျန်းရှန်၏ နည်းစနစ်ကိုကြည့်ပြီး ဓားကွက်အသစ်တစ်ခု ဖန်တီးလိုက်ခြင်းဖြစ်သည်။

“လေလွင့်တိမ်တိုက် အဆင့်(၂)”

“နတ်ဘုရားတောင်ပင့်ခြင်း နည်းစနစ်”

သူတို့နှစ်ဦးတစ်ပြိုင်တည်း လက်နက်များကို မြှောက်ပင့်လိုက်ကြသည်။ ကျိုးထျန်းရှန် သူ၏ ဓားကိုမြှောက်လိုက်ရာ မီတာအနည်းငယ်ရှည်လျားသော ရွှေရောင်ဓားစွမ်းအင်ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် စုရှောင်ရှန်ထံ လေကိုဖြတ်သန်းကာ အလျှင်အမြန်တိုး၀င်သွားခဲ့သည်။ စုရှောင်ရှန်ထံတွင် ပြေးစရာ အပေါက်မရှိတော့ချေ။

စုရှောင်ရှန်လည်း ဓားကိူပင့်မြှောက်လိုက်သည်။ သို့သော် ကျိုးထျန်းရှန်ကဲ့သို့ မည်သည့်အရာကိုမှ မထုတ်လွှတ်လိုက်ပါချေ။ ဓားကို ရိုးရိုးသာမန်မြှောက်လိုက်သည့်အလားသာဖြစ်သည်။

၎င်းအား မြင်လိုက်ရသော ကြည့်ရှူသူများ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ရှောင်ချိစွေလည်း နှလုံးတစ်ချက်ခုန်သွား၏။

‘မင်း ခန်းခန်းနားနားကြီး ဓားကို မလိုက်ပြီး ဘာမှ မဟုတ်ဘူးတဲ့လား’

‘ချီး။ သေမှာပေါ့ဟ’

သူ စုရှောင်ရှန်အားကယ်တင်ရန် ပြင်လိုက်သည်။ သို့သော် ရွှေရောင်ဓားစွမ်းအင်များအောက်၌ ‌စုရှောင်ရှန်၏ ဓားရွေ့သွားသည်ကို သူတွေ့လိုက်ရသည်။

စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို နောက်သို့ ဆွဲလိုက်သည်။ ရုတ်တရက် တိမ်ကဲ့သို့သောအရာဖြင့် ပြုလုပ်ထားသော လေပွေတစ်ခုထွက်ပေါ်လာပြီး သူ့ကို ထိတော့မည့် ရွှေရောင်ဓားစွမ်းအင်များကို ဓားနှင့်အတူ တစ်ဖက်သို့ လမ်းလွှဲ စုပ်ယူသွားလိုက်တော့သည်။

ထို့နောက် ကိုယ်ကိုတစ်ပါတ် အပြည့်လှည့်လိုက်ပြီး ၎င်းရွှေရောင်ဓားစွမ်အင်ကို ကျိုးထျန်းရှန်စီသို့ ပြန်ပို့ပေးလိုက်သည်။

ကျိုးထျန်းရှန် မှင်သက်သွား၏။ ‘ဒါဘာ နည်းစနစ်ကြီးလဲဟ’

‘ငါ့စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ်နည်းစနစ် တိုက်ကွက်ကိုတောင် ငါ့စီ ပြန်ပို့လိုက်နိုင်တယ်’

ထိုရွှေရောင်ဓားစွမ်းအင်များက သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို စုပ်ယူသွားခဲ့သည်။ သူ့တွင် ထိုသူ့ထံပြန်လာနေသော ရွှေရောင်ဓားစွမ်းအင်ကို ခုခံဖို့်ခွန်အားမရှိပါတော့ချေ။ သို့သော်လည်း အကောင်းဆုံး နောက်ထက် ရွှေရောင်ဓားစွမ်းအင်ကို ပြန်လည် ထုတ်လွှတ်လိုက်သည်။

သို့ဖြင့် ရွှေရောင်ဓားစွမ်းအင်နှစ်ခု ထိတိုက်သွားပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ရွှေမှုန်ရွှေစများ ပြန့်ထွက်သွားသည်။ ၎င်းမှာ အလွန်လှပသော မြင်ကွင်းတစ်ခုပင်ဖြစ်သည်။ ထိုရွှေမှုန်ရွှေစများကျလာရာကြားမှ ကျိုးထျန်းရှန်ထံသို့ ပုံရိပ်တစ်ခု တိုး၀င်သွား၏။

ကျိုးထျန်းရှန်တိုက်ပွဲဖြစ်နေသည်ကိုပင် မေ့လျော့သွားပြီး စုရှောင်ရှန်၏ က‌ဗျာဆန်ဆန် ဓားနည်းစနစ်တွင် မျောပါသွားခဲ့သည်။

၎င်းမှာ သူငယ်စဉ်က သူ့ကို ဓားလမ်းစဉ်ပေါ်သို့ တင်ပေးခဲ့သော သူ၏ အဖိုးအသုံးပြုသည့် နည်းစနစ်ကိုပင် ပြန်၍ အမှတ်ရလိုက်စေသည်။

“ဓားတစ်ချောင်းကို အဲ့လိုအသုံးပြုလို့ရတယ်လား”

“ဒါဆိုရင် တစ်ဖက်သွားဓားကကော”

တိုက်ပွဲဖြစ်နေသည်ကိုပင် မေ့လျော့သွားပြီး ကျိုးထျန်းရှန် အတွေးနက်သွားခဲ့သည်။

စုရှောင်ရှန်လည်း သူ၏ တိုက်ကွက်ကို ရပ်တန့်လိုက်ရုံမှ တစ်ပါး ရွေးချယ်စရာမရှိဖြစ်သွားခဲ့သည်။ သူ၏ အနက်ရောင်ဓားက ကျိုးထျန်းရှန်၏ နဖူးရှေ့တည့်တည့်၌ ရပ်သွားခဲ့သည်။ သို့သော် သူ၏ ဓားဆန္ဒအား အပြည့်အ၀ ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် ကျိုးထျန်းရှန်၏ နဖူးအတွင်းသို့ အနည်းငယ်ဖောက်၀င်သွားကာ သူ့ကို သွေးထွက်သွားစေတော့သည်။

ကျိုးထျန်းရှန် အတွေးထဲ၌ ‌‌နစ်မျောနေ၏။

စုရှောင်ရှန်လည်းစွံ့အနေသည်။ ‘ငါတို့အခု တိုက်ပွဲထဲမှာနော်။ မင်းရဲ့ ပြိုင်ဘက်ကို အနည်းငယ် လေးစားမှုလေးတော့ ပြပါဟ’

သူ၏ဓားကို ရုတ်သိမ်းလိုက်သည့်အချိန် ကျိုးထျန်းရှန်ထံမှ စိတ်ဝိညာဉ်စွမ်းအင်များ အားပြင်းပြင်းဖြင့် ထွက်လာခဲ့ပြီး စုရှောင်ရှန်ကို အဝေးသို့ လွင့်ထွက်သွားစေလိုက်သည်။

လူတိုင်း ကောင်းကင်ကို အလန့်တအားကြည့်လိုက်ကြသည်။ ပြိုင်ကွင်းအပေါ်၌ စိတ်ဝိညာဉ်စွမ်းအင်များ လေပွေကဲ့သို့ လည်ပတ်လာခဲ့ပြီး ကျိုးထျန်းရှန်၏ ခန္ဓာကိုယ်ထဲသို့ ၀င်သွားကြသည်။ တစ်ချိန်တည်း နတ်ဘုရားတစ်ပါးက ခန့်ညားသော အသံဖြင့် ရေရွတ် နေသကဲ့သို့ အသံများကိုကြားလိုက်ရကာ လူတိုင်းလန့်ဖျပ်သွားကြ၏။

ဟူး…။

ကျိုးထျန်းရှန် မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။ သူ့အရှိန်အဝါမှာ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၁၀) မှ စစ်မှန်ခြင်းနယ်ပယ် သို့ပြောင်းလဲသွား၏။ ညာသံပေးလိုက်ရာ သူ၏ တစ်ဖက်သွားဓားဆန္ဒ ပတ်၀န်းကျင်သို့ ပြန့်နှံ့သွားပြီး အကာအကွယ် အစီအရင်ကို တစ်စစီဖျက်စီးသွားစေလိုက်သည်။

စုရှောင်ရှန် ကြမ်းပြင်၌ ၀ပ်နေရင်းမှ ဤအချင်းအရာအား မှင်သက်စွာကြည့်လိုက်သည်။ ‘ဘာဖြစ်နေတာလဲဟ’

‘တိုက်ပွဲအတွင်းမှာ စစ်မှန်ခြင်းနယ်ပယ်ကို အဆင့်တက်သွားတယ်လား’

‘မင်း မှာငါ့လို စနစ်မရှိပါဘူးနော်’

ထိုအတွေးများအား ခေါင်းထဲမှခါထုတ်ပြီး မတ်တပ်ထရပ်လိုက်သည်။ ကျိုးထျန်းရှန်မှာ စတင်ခြင်းအဆင့်(၁၀) အထွတ်အထိပ်၌ပင် အလွန်ကြမ်းနေချေပြီ။ ယခု စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သွားသောအခါ မည်မျှ ပိုကြမ်းလာလိမ့်မည်နည်း။

သို့သော် သူ့အတွေးများနှင့် ဆန့်ကျင်ဘက် တစ်ဖက်သွားဓားကိုသိမ်းပြီးသော် ကျိုးထျန်းရှန် ရိုရိုသေသေလက်သီးဆုပ်ရင်း အော်ပြောလိုက်သည်။ “အခုလို အခွင့်အ‌ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအကိုစု။ ကျွန်တော် အပေါ်ယံကိုပဲ ကြည့်ပြီး ဂိုဏ်းတူအကိုစုကို ဆုံးဖြတ်မိသွားတယ်။ အခုတော့ ဂိုဏ်းတူအကိုစုက လူကြီးလူကောင်း တစ်ယောက်ဆိုတာ သိလိုက်ရပါပြီ”

ရှောင်ချိစွေလည်း အသိစိတ်ပြန်၀င်လာပြီး ချက်ချင်းလက်ပြလိုက်သည်။ “ပြိုင်ပွဲပြီးပြီ။ အနိုင်ရရှိသူ စုရှောင်ရှန်”

တကယ်ဆို စုရှောင်ရှန်သူ၏ ဓားကို ပြန်မဆွဲလိုက်ပါက ကျိုးထျန်းရှန် အဆင့်တက်သွားဖို့နေနေသာသာ အသက်ပင်မရှင်နိုင်လောက်ချေ။

‌သူ့စောင့်ကြည့်မှုအောက်၌တော့ ဤသို့သော အဖြစ်မျိုး ဖြစ်လာမည်မဟုတ်ပေ။

သို့ရာ အနိုင်ကအနိုင် အရှုံးကအရှုံးဖြစ်သည်။ တကယ့် သေရေးရှင်ရေးတိုက်ပွဲတွင် သင်၏ရန်သူက သင့်ကိုအဆင့်တက်ဖို့ အခွင့်အရေးပေးလိမ့်မည်မဟုတ်ပေ။ စုရှောင်ရှန် သူ၏ ဓားကို ပြုတ်ရုတ်သိမ်းလိုက်သည်နှင့် ဤပွဲပြီးသွားခဲ့ပြီးဖြစ်သည်။

စုရှောင်ရှန် အနက်ရောင်ဓားကို ကျော၌ လွယ်လိုက်ရင်း ပြုံးပြလိုက်သည်။ ကျိုးထျန်းရှန်၏ စကားအပေါ် မည်သည်မျှ မတုန့်ပြန်လိုက်ပေ။

ကျိုးထျန်းရှန် ရှက်ကိုးရှက်ကန်း ပြန်ပြုံးပြလိုက်သည်။ တိုက်ပွဲမစခင်က စုရှောင်ရှန်မှာ ယုတ်မာရက်စက်သည့်သူဟု သူရဲရဲတင်းတင်းကြီးပြောခဲ့ချေသည်။ ယခု ထို”ယုတ်မာရက်စက်”သည့်သူက သူ၏ အသက်ချမ်းသာပေးလိုက်သည်။ ပြေရလျှင် သူအလွန် နေရခက်နေ၏။

စုရှောင်ရှန်အား တည့်တည့်မကြည့်ရဲဘဲ ဖြစ်နေသည်။ ထို့နောက် သူ့စိတ်ထဲအတွေးတစ်ခု၀င်လာရာ စုရှောင်ရှန်အား လေးပင်းစွာကြည့်လိုက်ပြီး “ငါဆုံးဖြတ်လိုက်ပြီ။ ငါကျိုးထျန်းရှန် မင်းနဲ့ မိတ်ဆွေဖွဲ့မယ်”

စုရှောင်ရှန် ဤ နုံအသော ကောင်လေးကို မည်သည်မျှ ပြန်မပြောဘဲ ပြိုင်ကွင်းအတွင်းမှ လက်ပြ၍ ထွက်သွားလိုက်သည်။

သူတိုက်ခိုက်ခဲ့ဖူးသည့် တိုက်ပွဲများအတွင်း ဤတိုက်ပွဲမှာ အခက်ခဲဆုံးဖြစ်သည်။ လျိုကျန်းနှင့် တိုက်ပွဲက ခက်ခဲသည်မှန်သော်လည်း ကျိုးထျန်းရှန်နှင့် တိုက်ပွဲလောက်တော့ မပြင်းထန်ချေ။ ထို့ပြင် ဤတိုက်ပွဲမှ အတွေးသစ် အမြင်သစ်များရလိုက်၏။

အထူးသဖြင့် အဆုံး၌ သူထုတ်သုံးလိုက်‌သော လေလွင့်တိမ်တိုက် အဆင့်(၂) ဖြစ်သည်။ စုရှောင်ရှန် ထိုနည်းစနစ်ကို မည်သို့ခေါ်ရမည်မှန်း နာမည်‌ပင် မမှည့်ရသေးချေ။ အတွေးတစ်ခု၀င်လာခဲ့ပြီး ထိုဓားကွက်ကို အလိုလို ဖန်တီးလိုက်ပြီးသားဖြစ်သွားသည်။

၎င်းကို သူ၏ဓား၊ နည်းစနစ်နှင့် ဓားဆန္ဒတို့ဖြင့်တစ်သားတည်းဖြစ်သွားချင်းဟုပြောနိုင်သည်။

အရာရာတိုင်းမှာ ကံပါလာသည့်အလား ဖြစ်ပျက်သွားခဲ့သည်။

သူကိုယ်တိုင်ပင် ထို‌နည်းစနစ်ကို အသုံးပြုရာ၌ ၎င်း၏ ထူးခြားမှုကြောင့် မှင်သက်သွားခဲ့ရသည်။ သို့ကြောင့် အိမ်မြန်မြန်ပြန်၍ ၎င်းနှင့် ရင်းနှီးအောင်လုပ်ရပေမည်။

ကျိုးထျန်းရှန် အဆင့်တက်ပြီး အကာအကွယ် အစီအရင်ကို ဖျက်ဆီးလိုက်ရာ အသိပေးချက်များ စုရှောင်ရှန်၏ စိတ်ထဲ၌ အဆက်မပြတ် ပေါ်လာနေခဲ့သည်။ သို့သော် ၎င်းကို သူလစ်လျူရှူလိုက်ပြီး ဓားနည်းစနစ်ကိုအပေါ်၌သာ စိတ်ရောက်နေခဲ့လေသည်။

ပွဲကြည့်ရှူသူများ မိုးခြိမ်းသံအလား လက်ခုပ်သံများဖြင့် အားပေးလိုက်ကြသည်။ အချို့က စုရှောင်ရှန်ကို လေးစားနေကြသည်။ အချို့က မှင်သက်နေကြသည်။ အချို့ကတော့ ကျိုးထျန်းရှန်အတွက် စိတ်မကောင်းဖြစ်နေကြ၏။

ပွဲကြည့်စင်မှ လူတိုင်း ဤတိုက်ပွဲ၏ ရလဒ်မှာ ကျိုးထျန်းရှန် အလျှင်အမြန် သတိဝင်လာခဲ့ပါက ပြောင်းလဲသွားလိမ့်မည်ဟု ဖြစ်နိုင်ချေ အမျိုးမျိုးကို ဆွေးနွေးလိုက်ကြသည်။

သို့သော်ထိုထဲတွင် ရှောင်ချိစွေမပါပေ။ ထွက်သွားသောစုရှောင်ရှန်ကိုသာ မည်သည့်စကားမျှ မပြောနိုင်ဘဲ မှင်သက်သက်ကြီး ကြည့်နေလိုက်သည်။

သူပြိုင်ပွဲရလဒ်ကို အနည်းငယ် ကြာမှ ကြေငြာရခြင်းမှာ ကျိုးထျန်းရှန် အရှုံပေးသည့်အချိန်ကို စောင့်ဆိုင်းနေသောကြောင့်မဟုတ်ဘဲ စုရှောင်ရှန်၏ ဓားနည်းစနစ်အောက်၌ မှင်သက်နေခဲ့ရခြင်းကြောင့်ဖြစ်သည်။

၎င်းက ကဗျာဆန်သည်။ နတ်ဘုရားတွေသာသုံးသော ဓားနည်းစနစ်မျိုးဖြစ်၏။

စိတ်ဝိညာဉ်နည်းစနစ်များ ဓားကွက်များကို မေ့ထားလိုက်ပြီး ဓားဆန္ဒတစ်ခုတည်းဖြင့် ပြိုင်ဘက်၏ တိုက်ခိုက်မှုကို အသုံးပြုပြီး တိုက်ပွဲ၀င်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ (၈) ယောက်မြောက်ဓားနတ်ဘုရား ပြောသွားခဲ့သည့် အစွမ်းထက်ဆုံး ဓားကိုင်နည်းပင်မဟုတ်ချေလော။

စုရှောင်ရှန်ပင် ဓားဆန္ဒတစ်ခုတည်းအပေါ်မှီခို၍ တိုက်ခိုက်ခြင်းမှာ မည်မျှ ခြောက်ခြားဖွယ်ရာဖြစ်ကြောင်းကို သိသည့်ဟန်မပေါ်ပေ။

သို့သော် သူကတော့ သိသည်။ ထိုနေ့၌ အနာဂါတ်တွင် အစွမ်းအထက်ဆုံးဓားသမားတစ်ယောက်ဖြစ်လာမည့် ဒဏ္ဌာရီလာ ဓားသမား၏ မွေးဖွားခြင်းကို သူမြင်လိုက်ရ၏။

ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူအုပ်ကြီးကို သူလက်ပြ၍ ငြိမ်သက်ခိုင်းလိုက်ပြီးနောက် ဖန်သားပြင်ကို အသက်ပြန်သွင်းလိုက်သည်။

“ပြိုင်ပွဲ ဆက်မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset