Switch Mode

Chapter – 28

ငါလည်း မင်းလို တွေးနေတာ

အပိုင်း (၂၈) ငါလည်း မင်းလို တွေးနေတာ

ချလပ်…။

ရွှေကြီးစိုးခြင်း တစ်ဖက်သွားဓားနှင့် တိတ်တိခိုးနာကျင်ခြင်းတို့ ထိပ်တိုက်ရင်ဆိုင်လိုက်သည့်အခိုက်အတန့်၌ စုရှောင်ရှန် နောက်သို့ ပြန်လွင့်ထွက်သွားမတတ် ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များ ရောက်ရက် ခက်သွားပြီး သွေးအန်လုနီးနီးဖြစ်သွား၏။

“ကောင်းတယ်” ကျိုးထျန်းရှန် အားရပါးရ ရယ်မောလိုက်သည်။ “ဆက်တိုက်မယ်”

စုရှောင်ရှန်အနည်းငယ် မှင်သက်နေသည်။ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရရှိပြီးနောက် ပထမဦးဆုံးအနေဖြင့် ခွန်အားအရာ၌ သူအရေးနိမ့်သွားရခြင်းဖြစ်သည်။ သူ့ပြိုင်ဘက်ပင် သူ၏ စကားကို ပြောသွားခဲ့၏။

သူခံစားလို့မကောင်းပေ။

‘သူ့တိုက်ကွက်တွေကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး’

စုရှောင်ရှန် အကြံထုတ်လိုက်သည်။ သူ၏ ပြိုင်ဘက်တွင် စတင်ခြင်းအဆင့် တစ်ဖက်သွားဓားဆန္ဒရှိရာ ထိပ်တိုက်ရင်ဆိုင်သည့်အရာတွင် သူအရေးနိမ့်ပေလိမ့်သည်။ သူ၏ အားနည်ချက်များဖြင့်ဆိုပါက ဤသို့ ဆက်တိုက် တိုက်ခိုက်လာသည်များကို သူခံနိုင်လိမ့်မည် မဟုတ်ချေ။

ကျိုးထျန်းရှန်အား သူ၏ စစ်မှန်ခြင်းနယ်ပယ် ချွန်ထက်ခြင်းနှင့် တိုက်ခိုက်ရန် စဉ်းစားကြည့်လိုက်သော်လည်း သူ့လက်ပြတ်ထွက်သွားမည်ကို စိုးရွံ့သည့်အတွက် လက်လျော့လိုက်သည်။

သို့ဆိုပါက သူ၏ ပြိုင်ဘက်၏ ဓားကွက်များအား သူ၏ စတင်ခြင်းနယ်ပယ် ဓားဆန္ဒဖြင့်သာ တန်ပြန်တိုက်ခိုက်ရန်ရှိတော့၏။

သူ၏ပြိုင်ဘက်က ခွန်အား တစ်ခုတည်းဖြင့် သူ့ထံဓားခုတ်ချလာသည်ကိုမြင်သော် တိတ်တခိုးနာကျင်ခြင်းကို ကျစ်ကျစ် ဆုပ်ကိုင်ပြီး အဖြူရောင်တိမ်တိုက် ပုံရိပ်ယောင်အတွင်း သူမြင်ခဲ့ရသော ဓားကွက်များကို စဉ်းစားလိုက်သည်။

၎င်းတို့မှာ သူ့စိတ်အတွင်းကိန်းအောင်းနေကြသော သတ်ဖြတ်ခြင်း နည်းစနစ်များဖြစ်သည်။

ရွှေကြီးစိုးခြင်းဓားက စုရှောင်ရှန်၏ ခေါင်းပေါ်သို့ တိုက်ရိုက်ကျလာခဲ့သည်။ စုရှောင်ရှန် ဓားပြားဖြင့် အလျှင်အမြန်ခုခံလိုက်သည်။ သို့ရာတွင် ၎င်းနောက်မှ ကြီးမားသော အင်အားက သူ၏ ဓားပြားဖြင့်အတူ သူ့ကို ဖိနှိပ်လိုက်သည်။ စုရှောင်ရှန် သူ၏ ဓားအား လှည့်လိုက်ရာ သဏ္ဌာန်မဲ့ စွမ်းအင်တစ်ခုထွက်လာပြီး‌ ရွှေကြီးစိုးခြင်းဓားကို တစ်ဖက်စို့ တွန်းထုတ်လိုက်၏။

ဝှစ်…။

စုရှောင်ရှန် ထိုအခိုက်အတန့်အတွင်း ဓားကို ကျိုးထျန်းရှန်၏ လည်ချောင်းသို့ ဦးတည်ပြီး အလျားလိုက်ခုတ်လိုက်သည်။ ကျိုးထျန်းရှန်နောက်သို့ခုတ်ဆုတ်လိုက်ရာ ၎င်းဓားချက်က သူ၏ ဆံပင်အနည်းငယ်ကိုသာ ဖြတ်မိသွား၏။

ခုန်ဆုတ်လိုက်သော အရှိန်ကိုယူပြီး ကြမ်းပြင်၌ ကျိုးထျန်းရှန်လှိမ့်သွားလိုက်ပြီး ကြမ်းပြင်ကိုကန်ကာ စုရှောင်ရှန်ထံ ခုန်၀င်လိုက်သည်။ ထို့သို့ လှိမ့်နေရင်း ရွှေကြီးစိုးခြင်းဓား၌ စိတ်ဝိညာဉ်စွမ်းအင်များအား သိပ်သည်းအောင် စုစည်းထားခဲ့သည်။ ထို့နောက် စုရှောင်ရှန်၏ ဒူးဆစ်တည့်တည့်ကို ဦးတည်၍ ထိုးချလိုက်သည်။

စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ကြမ်းပြင်ပေါ်သို့ ကိုယ်ကို ကိုင်းပြီး စိုက်ချလိုက်ရာ တိုး၀င်လာသော ကျိုးထျန်းရှန်၏ ဓားလက်ကိုင် ရှေ့တည့်တည့်ကို တိတိကျကျ သွားစိုက်လိုက်ပြီး သတ္တုချင်းထိတွေ့သံ ထွက်ပေါ်လာခဲ့သည်။ သူတို့နှစ်ဦး တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြလေသည်။

ပြိုင်ပွဲ၀င်နှစ်ဦး တစ်ဦးကို တစ်ဦး မီးထွက်မတတ် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦး၏ မျက်လုံးများတွင် စိတ်အားထက်သန်ခြင်းများဖြင့် ပြည့်နေကြ၏။

စုရှောင်ရှန် သူ၏ဓားကို တွန်းလိုက်ရာ သူတို့နှစ်ဦးသားရှိ အကွာအဝေး ပြန်ဟသွားသည်။

ဤစိတ်လှုပ်ရှားဖွယ်ရာဖြစ်သည့် သူတို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုကိုကြည့်ပြီး လူအုပ်ကြီး ပေါက်ကွဲသွားခဲ့သည်။

“ဒီမှာဟေ့။ စတင်ခြင်းနယ်ပယ်တစ်ဖက်သွားဓားဆန္ဒနဲ့ စတင်ခြင်းနယ်ပယ် ဓားဆန္ဒ”

“ဘုရားရေ ကျိုးထျန်းရှန်သာ ခြေတစ်လှမ်းနောက်ကျသွားရင် သူ့လည်ပင်းပြတ်သွားမှာ။ ပြီးတော့ စုရှောင်ရှန်လည်း သတိမထားမိလိုက်ရင် ဒူးဆစ်ပြတ်သွားမှာ။ ဒါဘယ်လို တိုက်ပွဲလဲဟ။ ကြမ်းလိုက်တာ”

“ဒါပေါ့။ သူတို့ တုန့်ပြန်ချက်တွေက မြန်လွန်းတယ်။ အဆင့်တက် တိုက်ပွဲတိုင်းဒီလိုဖြစ်နေရမှာ။ တစ်ဖက်သက်ဆန်လွန်းတဲ့ တိုက်ပွဲတွေကြ ရိုးအီနေပြီ”

“ဟုတ်တယ်။ မင်းပြောတာမှန်တယ်။ ဒီနှစ်ယောက်ထိပ်တိုက်ရင်ဆိုင်တာ တိုက်ကွက်အနည်းငယ်လောက်ပဲရှိသေးတယ် သေလုနီးနီး ဖြစ်သွားတဲ့ အခြေအနေတွေက မနည်းဘူး”

လူအုပ်ကြီး စိတ်အားထက်သန်စွာ ဆွေးနွေးနေကြချိန် ကျိုးထျန်းရှန်သူ၏ ခြေလှမ်းများကို ဦးစွာ တည်‌ငြိမ်အောင်လုပ်လိုက်သည်။ သို့သော် နောက်တစ်ကြိမ်ရှေ့သို့ ဆက်၍ တိုး၀င်မသွားဘဲ အားရပါးရ ရယ်ရင်းဆိုလိုက်၏။ “စုရှောင်ရှန်။ ငါ့ရဲ့ ကာလကိုးပါး ဒီရေဓားချက်ကို ခံလိုက်စမ်း”

ကာကလကိုးပါးဒီရေဓားချက်မှာ တစ်ချက်ထက် တစ်ချက်ပို၍ အစွမ်းထက်လာသည့် အဆက်မပြတ် ဓားခုတ်ချက်များကို ထုတ်လွှတ်သည့် နည်းနစ်တစ်ခုဖြစ်သည်။ အကယ်၌ ကျိုးထျန်းရှန်သာ အရှိန်အဟုန်ကို တဖြေးဖြေးချင်းတည်ဆောက်လိုက်နိုင်ပါက စိတ်ရှိသလိုထိန်းချုပ်နိုင်သည့် စတင်ခြင်းနယ်ပယ်တစ်ဖက်သွားဓားဆန္ဒနှင့် တွဲလိုက်သော် ထိုတိုက်ကွက်များကို စုရှောင်ရှန် မည်သို့မျှ ကာကွယ်နိုင်လိမ့်မည်မဟုတ်ချေ။

သူ၏ တစ်ဖက်သွားဓားကို ကျိုးထျန်းရှောင် အပေါ်တည့်တည့် ဒေါင်‌လိုက် မြှောက်လိုက်သည်။ သူ၏ ဓားတွင် စွမ်းအင်များတဖြေးဖြေးစုစည်းလာရင်း တောက်ပလာခဲ့၏။

အခြားတစ်ဖက်ရှိ ဓားကို ကိုင်ဆောင်ထားသော စုရှောင်ရှန်မှာတော့ ဘာမှ မလုပ်ဘဲ တိတ်တဆိတ်၎င်းကိုကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများအားမှိတ်လိုက်ရာ ပြိုင်ကွင်းတစ်ခုလုံး ထူးဆန်းသော အရှိန်အဝါတို့ဖြင့် ဖုံးလွှမ်းသွား၏။ ပတ်၀န်းကျင်ရှိ အရာအားလုံးနှေးကွေးသွားတော့သည်။

၎င်းမှာ အလွန် စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲမျိုးဖြစ်သည်။ တစ်ဖက်သွားဓားနှင့် ဓားတို့ တစ်ခုနှင့် တစ်ခု အရိပ်အခြေကြည့်နေကြသည်နှင့်ပင်တူသည်။

ခရက် ခက်…။

သူတို့၏ ခြေထောက်အောက်ရှိ ပြိုင်ကွင်းကြမ်းပြင် တွင်အက်ရာများထလာခဲ့သည်။ အစီအရင်ပင် စတင်၍ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့၏။

ပွဲကြည့်ရှူနေကြသည်များအားလုံး မတ်မတ်ထထိုင်လိုက်ကြသည်။ ရှောင်ချိစွေလည်း မျက်လုံးအားမှေးလိုက်ရင်း တိုက်ပွဲကို အာရုံပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

အခြေအနေက တင်းမာလာခဲ့ပြီး ထပေါက်ကွဲတော့မတတ်ဖြစ်နေသည်။ ကောင်းကင်၌ပင် မိုးတိမ်များဖြင့် အုန့်လာခဲ့၏။

အထိုအခိုက်အတန့်၌ ကျိုးထန်းရှန် သူ၏ဓားကို ခုတ်ချလိုက်ရာ သူ၏ တစ်ဖက်သွား ဓားဆန္ဒများ သဏ္ဌာန်မဲ့လှိုင်းစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုးထွက်သွားသည်။ အခြားတစ်ဖက်ရှိ စုရှောင်ရှန်သည်တော့ မျက်စိကို အသာအယာဖွင့်ရင်း လေထဲသို့ ဓားကို ဖြေးညှင်းစွာ အလျာလိုက်ပိုင်းဖြတ်လိုက်သည်။ သူ၏ တိုက်ကွက်က ကောင်းကင်မှ မိုးတိမ်တိုက်များအလား သဏ္ဌာန်ဖြစ်ပေါ်လာပြီး တစ်ဖက်သွားဓားဆန္ဒ စွမ်းအင်လှိုင်းအား ဖုံးလွှမ်းသွား၏။

ထန် ထန် ကလန်း

ပြိုင်ကွင်းအတွင်းမှ ပြိုင်ပွဲ၀င်နှစ်ဦး၏ တိုက်ပွဲကို ပုရိသတ်များ အသက်အောင့်ရင်း ကြည့်ရှူလိုက်ကြသည်။

စွမ်းအင်လှိုင်းနှင့် တိမ်တိုက်တို့ ပြိုင်ကွင်းအတွင်းတွင် နေရာလပ်မကျန်အောင် ထိတွေ့သွားပြီး သတ္တုချင်းထိတွေသံများ အဆက်မပြတ်ပေါ်လာခဲ့သည်။

“ဘုရားရေ သူတို့ ဒီလောက် ကြမ်းကြတယ်လား” တစ်စုံတစ်ယောက် မနေနိုင်ဘဲ ဆိုမိလိုက်သည်။

“လခွမ်းလိုဘဲ။ ပါးစပ်ပိတ်ပြီး ကြည့်ဟ” သူ့ဘေးနားမှလူ ချက်ချင်းငေါက်ငမ်းလိုက်သည်။

စုရှောင်ရှန်၏ ၀တ်ရုံမှာ လေထဲတွင် လွင့်နေပြီး သူ၏ ဓားခုတ်ချက်များက ပုံယောင်များပင် ထင်ကျန်လာခဲ့သည်။ လေလွင့်တိမ်တိုက်များသကဲ့သို့ သူ၏ ဓားချက်များမှာနှေးကွေးဟန်ရသော်လည်း အမှန်က ၎င်းက အလွန်လျှင်မြန်စွာ ရွေ့လျားနေသောကြောင့် ဖြစ်သည်။

တိတ်တခိုးနာကျင်ခြင်းမှ မရေမတွက်နိုင်သော ဓားအလင်းတန်းများ ထွက်သွားခဲ့သည်။ ဤတစ်ကြိမ်က အဆင့်(၉) စိတ်ဝိညာဉ်ဓားအား စုရှောင်ရှန် အစွမ်းကုန် အသုံးပြုခြင်းဖြစ်သည်။ သူ၏ ဓားက ခွန်အား အားလုံးကို ထုတ်ပြလိုက်ရသည့်အတွက် စိတ်လှုပ်ရှားမှုတို့‌ဖြင့် တုန်ခါ‌သွား၏။

သို့သော် စုရှောင်ရှန် မကြာခဏ တစ်ဖက်သွားဓားစွမ်းအင်များကို ရှောင်နေရပေသည်။ သူ၏ ခန္ဓာကိုယ်၌ ဓားရာများစွာပေါ်လာပြီး ၎င်းတို့မှ သွေးများအဆက်မပြတ်စီးကျ‌လာနေခဲ့၏။

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

“…”

သူ၏ အသိပေးချက်ဖန်သားပြင်တွင် အသိပေးချက်များ အဆက်မပြတ် ပေါ်လာခဲ့သည်။ ကျိုးထျန်းရှန်၏ တစ်ဖက်သွားဓားဆန္ဒမှာ အလွန် စွမ်းအားပြင်းသည်။ ၎င်းနှင့် ထိတွေ့လိုက်သည့်အခါတိုင်း စုရှောင်ရှန် ပြင်းစွာသော နာကျင်မှုတို့ကို ခံစားလိုက်ရသည်။ ထို့ပြင် ၎င်းက စွမ်းအင်အပိုင်းအစလေးများပင်ချန်ထားခဲ့ပြီး ဒဏ်ရာ ပျောက်ကင်းနှုန်းကို နှေးကွေးသွားစေသေး၏။

သို့သော် ထာ၀ရ အသက်စွမ်းအင်ဖြင့် လူမဆန်အောင် ပြန်ကောင်းနိုင်စွမ်းရှိသည့် စုရှောင်ရှန်အတွက်တော့ ၎င်းက အသေးအမွှားကိစ္စလေးဖြစ်သည်။

အဆိုပါ ပင်ကိုယ်စွမ်းရည်က သူ၏ ခန္ဓာကိုယ်၌ ဒဏ်ရာထွက်ပေါ်လာသည်နှင့် ချက်ခြင်း အသက်၀င်လာပြီး သာမန်နည်းစနစ်ဖြင့်ပင် ပျောက်ကင်းအောင်မလုပ်နိုင်သော တစ်ဖက်သွားဓားဆန္ဒကြောင့်ဖြစ်ပေါ်လာသော ဒဏ်ရာများကို ကုစားလိုက်သည်။

စုရှောင်ရှန် ပီတိရွှင်သွားသည်။ ဤအခြေခံပင်ကိုယ်စွမ်းရည်ကြောင့် သူအံ့ဩဘနန်းဖြစ်ရသည်။ ၎င်း၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းတို့မှာ ပြိုင်စံရှားဖြစ်၏။

ကျိုးထျန်းရှန်ဘက်တွင်တော့ အခြေ‌အနေ တစ််မျိုးဖြစ်သည်။ အရှိန်အဟုန်ကို အားယူနေရသည့်အတွက် လက်ရှိတွင် နေရာမှမရွေ့နိုင် ဖြစ်နေသည်။ သို့တောင် စုရှောင်ရှန်၏ ဓားစွမ်းအင်များကို အေးဆေးလေး ကာကွယ်နိုင်နေ၏။

“ဟားဟားဟား။ စုရှောင်ရှန် မင်းမှာ အခြား တိုက်ကွက်တွေ မရှိတော့ဘူး မဟုတ်လား”

“ကာလကိုးပါးဒီရေဓားချက်တွေ တဖြေးဖြေးချင်း အရှိန်ရလာရင် ငါကျိုးထျန်းရှန်က စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင် အနိုင်ယူနိုင်တယ်ကွ။ မင်းရဲ့ စတင်ခြင်းနယ်ပယ် ဓားဆန္ဒဆိုရင်ပြောမနေနဲ့တော့”

တစ်ဖက်သွားဓားဆန္ဒက စုရှောင်ရှန်အား လုံးလုံး ဖိနှိပ်ထားခဲ့သည်။ တဖြေးဖြေးချင်း ပြိုင်ကွင်း၏ အစွန်သို့ စုရှောင်ရှန်ရောက်လာခဲ့သည်။

“စုရှောင်ရှန် တောင့်ထား”

“အရှုံးမပေးနဲ့ ကြိုးစား။ ပြန်ချ။ နင်ဒီလို ရှုံးသွားလို့မဖြစ်ဘူးလေ”

“ဝူးဝူးဝူး… စုရှောင်ရှန် တစ်ကိုယ်လုံးသွေးတွေချည်းဘဲ။ ငါသူ့ကိုသနားလိုက်တာ”

“စုရှောင်ရှန် မတောင့်ထားနဲ့တော့ ငါ့ရင်ခွင်ထဲကိုလာခဲ့။ နင်ဒီလိုခံစားနေရတာ ငါမကြည့်နိုင်တော့ဘူး။ ဝူးဝူးဝူး…”

စုရှောင်ရှန်၏ တစ်ကိုယ်လုံးအမှန်တကယ် သွေးသံရဲရဲဖြစ်နေခြင်းဖြစ်သည်။ သို့သော် ၎င်းက အပေါ်ယံသာ။

ထိုဓားစွမ်အင်များကို အတတ်နိုင်ဆုံး ဒဏ်ရာ ပြင်းပြင်းထန်ထန် မရအောင် အာရုံစိုက်ရှောင်နေသဖြင့် သူ့ခန္ဓာကိုယ်ရှိဒဏ်ရာများမှာ မပြင်းထန်ပါချေ။ သူ၏ အလျှင်ပင် မလျော့ကျသွားခဲ့ပေ။

ထို့ပြင် ထာ၀ရ အသက်စွမ်းအင်ကလည်း ဆက်တိုက်သူ၏ ဒဏ်ရာများအား ကုစားပေးနေရာ စုရှောင်ရှန်သူ၏ အကောင်းဆုံးအခြေအနေ၌ ရှိနေသေးသည်ဟု ပြော၍ရသည်။

အမှန်က စုရှောင်ရှန် ဤတိုက်ပွဲကြားထဲ၌ လေ့ကျင့်နေခြင်းဖြစ်သည်။ ကျိုးထျန်းရှန်၏ ဓားချက်များကို အသုံးချ၍ သူ့တွင်ရှိသော ဓားနည်းစနစ်များအားလုံးကို လေ့ကျင့်လိုက်သည်။ အတိတ်က သူမကျင့်ကြံနိုင်ခဲ့သည့် ဓားနည်းစနစ်များကိုတောင် ချက်ခြင်းနားလည်သွားခဲ့သည်။

ပြိုင်ကွင်းမှ ပြုတ်ကျလုမတတ်ဖြစ်နေသည်ကို တွေ့သော် စုရှောင်ရှန် တုန့်ဆိုင်းမနေတော့ဘဲ စွမ်းရည်မှတ် (၂) မှတ်ကို၀ယ်ယူကာ ဓားထိပ်သီး ကိုအဆင့်မြှင့်လိုက်သည်။

[ဓားထိပ်သီး-စတင်ခြင်းအဆင့်(၂)]

[ဓားထိပ်သီး-စတင်ခြင်းအဆင့်(၃)]

ထိုတခဏအတွင်း စုရှောင်ရှန်၏ ခေါင်းထဲ၌ မရေမတွက်နိုင်သော ဓားနှင့်ဆိုင်သော အသိများ ၀င်ရောက်လာခဲ့သည်။ စုရှောင်ရှန် တစ်ချက်အော်လိုက်ပြီး လှုပ်ရှားလိုက်ရာ တစ်ဖက်သွားဓားစွမ်အင်များအကြား ဝေဝါးသွားသည်။ ထို့နောက် ဓားတစ်ချက်တည်းဖြင့် တစ်ဖက်သွားဓားဆန္ဒစွမ်းအင်များအားလုံးကို ပြက်ပျယ်သွားစေလိုက်သည်။ ထိုမှတဖန် ကျိုးထျန်းရှန်ထံဦးတည်၍ ဓားစွမ်းအင်တစ်ခု ပစ်လွှတ်လိုက်၏။

ဘုန်း

ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်သွားပြီး အစီအရင်တစ်ခုလုံး၏ မျက်နှာပြင်တွင်ပါ ဂယက်များထသွားစေလိုက်သည်။ ကျိုးထျန်းရှန်လည်း တုန်လှုပ်သွားပြီး နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ မျက်နှာများတွင် အံ့အားသင့်‌မှုများ အထင်းသားပေါ်လွင်နေသည်။

လူအုပ်ကြီး မှင်သက်သွားသည်။ ဘာဖြစ်နေသည်လဲ သူတို့ တစ်ဦးမှ နားမလည်ပါချေ။

“စုရှောင်ရှန်… သူ… သူ အဆင့်တက်သွားတာလား”

“ဒီလို ကြမ်းတမ်းတဲ့ တစ်ဖက်သွားဓားဆန္ဒအောက်မှာ ပြန်ခုခံတိုက်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါနဲ့ အခု သူ့ဓားဆန္ဒက ထွက်သွားတာ အဖြူရောင်တိမ်တိုက်နည်းစနစ် ဒုတိယဓားကွက်၊ တိမ်တိုက်လေပြင်းမုန်တိုင်း လားလို့”

“ဒါပေမယ့် အဲ့ဒီဓားချက်က အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်က တတိယ ဓားကွက် မဟုတ်ဘူးလား”

“ဒါ… မင်းငါ့ကို လာမေးတော့ ငါကဘယ်သူ့ကိုပြန်မေးရတော့မှာ”

“…”

စုရှောင်ရှန် အမှန်တကယ် အဆင့်တက်သွားခြင်းပေ။ ၎င်းက တိရှင်းအယ်ထံမှ သူ‌လေ့လာခဲ့သော တိုက်ကွက်ဖြစ်သည်။

သို့သော် အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်၏ ဒုတိယဓားကွက် လေပြင်းမုန်တိုင်းကို သူဘယ်သောအခါကမှ အောင်အောင်မြင်မြင် အသုံးမပြုနိုင်ခဲ့ပါချေ။ ယခု တင်းမာနေသော အ‌ခြေ‌အနေ၌ ဓားနည်းစနစ်အား တွန်းအားပေး၍ အသုံးပြုလိုက်သောအခါမှ အောင်မြင်သွားခြင်းဖြစ်ပေသည်။ သို့သော် ၎င်းက မူလ နည်းစနစ်နှင့် ကွဲပြားသည်။

ယခု သူ၏ ဓားကွက်များက အဖြူရောင်တိမ်တိုက်နည်းစနစ်နှင့် ကွဲထွက်နေလေသည်။

ရှောင်ချိစွေ တုန်လှုပ်သွားသည်။ စုရှောင်ရှန် သူ၏ ဓားဆန္ဒဖြင့် တိုက်ပွဲအတွင်း ဓားနည်းစနစ်ကို ပြောင်းလဲနိုင်လိုက်‌သည်လော။

၎င်းမှာ ဓားလမ်းစဉ်ရှိ ဆရာကြီးများပင် လွယ်လင့်တကူ မစွမ်းဆောင်နိုင်သောအရာဖြစ်သည်။ သို့သော် တိုက်ပွဲအတွင်းသူ၏ ဓားဆန္ဒ သက်သက်တည်းဖြင့် လုပ်ဆောင်နိုင်လိုက်သည်လော။

၎င်းမှာ ‌ဖြစ်နိုင်ချေ အလွန် နည်းပါးသည့် အရာဖြစ်သည်။

စုရှောင်ရှန် သွေးဖြင့် ရေချိုးလိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူ၏ အ၀တ်အစားများမှာ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပြီး သူ၏ နဂိုမူလကတည်းက နီရဲနေသော ခန္ဓာကိုယ်ကို လစ်ဟာပြလိုက်သည်။ သူ၏ ဆံနွယ်များသည်လည်း သွေးများဖြင့် ရဲရဲ‌နီနေ၏။

သို့သော် သူ့မျက်နှာထက်၌ အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ဓားကိုမြှောက်လိုက်ကာ “ဂိုဏ်းတူညီလေးကျိုး။ မင့်ဓားချက်တွေက နှေးလိုက်တာ။ ဒီထက်မြန်မြန်မလုပ်နိုင်ဘူးလား”

ကျိုးထျန်းရှန် သူ၏ ကာလကိုးပါး ဓားချက် ပြက်ပျယ်သွားသောကြောင့် အံ့အားသင့်နေခဲ့ရသည်။ သို့သော် စုရှောင်ရှန်၏ စကားကိုကြားသော် သူ၏ မျက်နှာအမူရာ ဒေါသကြောင့် ခက်ထန်သွားခဲ့၏။ သူလည်း သူ၏ ဓားကိုပင့်လိုက်ပြီး ရယ်မောလိုက်သည်။

“ငါလည်း မင်းလို တွေးနေတာ”

Comment

Leave a Reply

Options

not work with dark mode
Reset