Switch Mode

Chapter – 18

အလစ် တိုက်ခိုက်ခြင်း

အပိုင်း (၁၈) အလစ် တိုက်ခိုက်ခြင်း

ဖက် ဖက်…။

‌လေးလံသော ခြေလှမ်းနှင့်အတူ လူငယ်တစ်ယောက် ပြိုင်ကွင်းစီသို့ ချဉ်းကပ်လာလေသည်။

သူသည် ပိန်ပါးပြီး အချိူးစားကျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ထူထပ်သော မျက်ခုံးနှင့် ပါးလွှာသော နှုတ်ခမ်းသားတို့ဖြင့် ကြည့်ပျော်ရှုပျော် မျက်နှာမျိုးရှိသည်။ သူ့မျက်နှာထက်၌လည်း ကောက်ကျစ်စဉ်းလဲဟန်ရသော အပြုံးတစ်ခုရှိနေ၏။

သူသည် မိုးတိမ်လေ ပြိုင်ပွဲ၌ ယခင်နှစ်က အဆင့် (၇) ဆွဲခဲ့သည့်သူဖြစ်သည်။ အပြင်စည်းမှ ဂိုဏ်းသားများ သူ့အား သခင်လေး ၀မ်ဟု ခေါ်ဆိုကြပြီး သူ၏ နာမည်မှာ ၀မ်ချောင်ဖြစ်၏။

စုရှောင်ရှန် လက်သီး ကျစ်ကျစ်ဆုပ်လိုက်သည်။ ၀မ်ချောင်တွင် အသုံးပြုရန်အတွက် စွမ်းအင်စုစည်းရသော နည်းစနစ်တစ်ခုရှိမှန်း သူသိသည်။ အကယ်၍ ၀မ်ချောင်အား ထို နည်းစနစ်ကို အသုံးပြုခွင့်ပေးလိုက်လျှင် သူရှုံးသွားနိုင်သည်။

လက်ထဲမှ စိတ်ဝိညာဉ်သလင်းကျောက်တုံးကို တစ်ချက်ရှိုက်လိုက်ရင်း စုရှောင်ရှန် ခပ်သဲ့သဲ့ ရယ်လိုက်သည်။ “နေကောင်းလား ဂိုဏ်းတူညီလေး”

၀မ်ချောင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ့ထံမှ ထွက်နေသော အရှိန်အဝါများလည်း စုရှောင်ရှန် တစ်ချက်မှ ‌မရွေ့လိုက်ရဘဲ ပျောက်သွား၏။ ၀မ်ချောင်ဒေါသထွက်သွားသည်။

သူ၏ အရှိန်အဝါမှာ ထူးခြားကာ အားကြီးသည်။ သို့သော် သူသည် စုရှောင်ရှန်အတွက်ထက် တစ်နှစ် နောက်ကျပြီးမှ ၀င်လာသောကြောင့် သူ၏ ဂိုဏ်းတူ ညီလေးဖြစ်သည်ဟုပြောလျှင် မမှားချေ။

စုရှောင်ရှန် ၀မ်ချောင်၏ ဖိအားပြင်းသော အရှိန်အဝါကို မတောင့်ခံနိုင်မည်ကို စိုးရိမ်နေကြသော ပွဲကြည့်ပုရိသတ်များ ဤသို့သော အခြေအနေကို မ‌မျှော်လင့်ထားပေ။ စုရှောင်ရှန်ထံတွင် အများမည်သူတစ်‌ဦးတစ်ယောက်နှင့်မှ မတူသော ထူးဆန်းသည့် နည်းလမ်းများရှိ၏။ ၎င်းတို့တစ်ခုခြင်းစီကလည်း အံ့ဩစရာကောင်းလောက်အောင် သက်ရောက်မှုရှိလေသည်။

“ငါရယ်ရတာသေတော့မယ်။ စုရှောင်‌ရှန်က စုရှောင်ရှန်ပါပဲ”

“ဘုရားရေ ၀မ်သလင်လေး ကို သူဒီလိုစကားပြောရဲတယ်နော်။ ငါသာသူ့နေရာမှာဆို အဲ့ဒီ အရှိန်အဝါကြောင့် မေ့လဲနေလောက်ပြီ”

“ဟားဟား မင်းသူ့ကို အခုချိန်အထိ ဘယ်လို အသက်ရှင်လာတယ်ထင်နေတာလဲကွ။ စုရှောင်ရှန်လည်း သူ့ဟာနဲ့သူ အစွမ်းထက်ပါတယ်ကွ”

ပြိုင်ကွင်းအတွင်း၌ ၀မ်ချောင် စုရှောင်ရှန်အား သိမ်းငှက်တစ်ကောင်သားကောင်ကို ချောင်းနေသကဲ့သို့ သောမျက်လုံးများဖြင့်ကြည့်လိုက်သည်။ “စုရှောင်ရှန်။ မင်းတကယ် အထင်ကြီးဖို့ကောင်းတယ်သိလား။ ငါ ၀မ်ချောင်ရဲ့ လက်ပါးစေကို ထိရဲတယ်။ ကြည့်ရတာ မင်းတော့ သေချင်နေပြီထင်တယ်”

စုရှောင်ရှန် ၀မ်ချောင်က လျှိုကျန်းအကြောင်းအား ပြောနေခြင်းကိုသိသည်။ ပြောရလျှင် လူတိုင်း သူဘာပြောသည်ကို နားလည်၏။

ဤအခြေအနေအား စိတ်ထဲမှ စုရှောင်ရှန် ကျိန်ဆဲလိုက်သည်။ အဘယ်ကြောင့် သူ ဤမျှ ကံဆိုးရပါသနည်း။ ယခု တစ်ပါးသူ၏ လက်ပါးစေတစ်ယောက်ကို သူအနိုင်ယူလိုက်ခြင်းဖြစ်သည်။ သိုသော် သူ့အား ဒဏ်ရာ ကောင်းကောင်း ကုသချိန်တောင်မပေးဘဲ ယခု ထိုလက်ပါးစေနောက်မှ ဆရာကြီးပေါ်လာ၏။

သူမနေနိုင်ဘဲ ကြီးကြပ်သူကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။

သူ့ကို မယုံသည့်အတွက် စိတ်ဆိုးသွားသော ကြီးကြပ်သူက ပွဲစကြောင်း ကြေငြာလိုက်၏။ “အသင့်ပြင်… စ”

၀မ်ချောင်နှင့် သူ့အခြား စုရှောင်ရှန် အကွာအဝေးတစ်ခု ခွာလိုက်သည်။ ၀မ်ချောင်၏ ကြောက်စရာအကောင်းရသည့်အချက်မှာ သူ၏ အရှိန်အဝါကြောင့်မဟုတ်ပေ။ ထိုအစား “အရိပ်ကိုယ်ပွား” ဟု ခေါ်သည့် စိတ်ဝိညာဥ် နည်းစနစ်ဖြစ်သည်။

ဤ နည်းစနစ်က ‌ကျင့်ကြံသူကို အရိပ်ကိုယ်ပွား (၇) ခုအထိ ခွဲနိုင်အောင် လုပ်ပေးသည်။ ဤအချက်နှင့် ၀မ်ချောင်၏ ဓားမြှောင် နည်းစနစ်တို့ကိုပေါင်းလျှင် စုရှောင်ရှန်သူ၏ တိုက်ခိုက်မှုများကို မည်သို့မျှ ရှောင်နိုင်လိမ့်မည်မဟုတ်ချေ။

အရိပ်ကိုယ်ပွား စိတ်ဝိညာဉ်နည်းစနစ်မှာ စတင်ခြင်းအဆင့် နည်းစနစ်ဖြစ်သော်လည်း စစ်မှန်ခြင်းနယ်ပယ် နည်းစနစ်များနှင့် ယှဉ်နိုင်သော နည်းစနစ် တစ်ခုဖြစ်သည်။

စုရှောင်ရှန် နောက်ဆုတ်သွားသည်ကို မြင်သော် ၀မ်ချောင်၏ မျက်နှာထက်၌ အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဤအရာမှာ သူဖြစ်ချင်သည့်အတိုင်းပင်။

အရိပ်ကိုယ်ပွား နည်းစနစ်ကို သူ ပို၍ စွမ်းအင်စုစည်းနိုင်လေလေ အရိပ်ကိုယ်ပွားများ ပို၍ ထုတ်နိုင်လေလေဖြစ်သည်။ စုရှောင်ရှန် သူတို့ကြားရှိ အကွာအဝေးအား ခြားချင်သည်ဆိုဦးတော့ ဤအခြေအနေကို သူအခွင့်ကောင်းယူနိုင်၏။

၀မ်ချောင် အေးစက်စက်ရယ်ပြီးနောက် ထူးဆန်းသည့် လက်ကွက်အချို့ကို လုပ်လိုက်သည်။ သူ၏ အရိပ်ကိုယ်ပွား (၇) ခုလုံးအား ဆင့်ခေါ်နိုင်မည်ဆိုလျှင် စုရှောင်ရှန် အမှန်တကယ် သေသွားပေလိမ့်မည်။

ပြိုင်ပွဲမစခင်က ပြိုင်ကွင်းအတွင်းမှ စုရှောင်ရှန်နှင့် ၀မ်ချောင်တို့ တစ်ဦးနှင့်တစ်ဦး စကားအနည်းငယ် သတ် လိုက်ကြသေးသည်။ သို့သော် ယခု သူတို့ ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့ကြသည်။ ပုရိသတ်များအတွက်တော့ ထိုသို့်မဟုတ်ပေ။ ဆူညံနေရင်း ထပ် ဆူလိုက်ကြ၏။

“အဲ့ဒီစုရှောင်ရှန် ရူးသွားတာလား။ သခင်လေး ဝမ်ရဲ့ အရိပ်ကိုယ်ပွားစိတ်ဝိညာဉ်နည်းစနစ်က စွမ်းအင်စုစည်းလေလေ ပိုကြမ်းလေလေ ဆိုတာ သူမသိဘူးလားမသိဘူး။ သူတို့ကြား အကွာအဝေးကို ခွာလိုက်တာက သူ့ကိုယ်သူ သေကြောင်းကြံလိုက်တာပဲ”

“ငါကြားတာတော့ သူ အဖြူရောင်တိမ်တိုက်နည်းစနစ်တစ်ခုတည်းသိတာတဲ့။ အဲ့တော့ သခင်လေး ၀မ်ရဲ့ နည်းစနစ်ကို သူတကယ် မသိတာဖြစ်နိုင်တယ်”

“ပြီးသွားပြီ။ လုံး၀ပြီးသွားပြီ။ သခင်လေး၀မ် သူ့ကိုယ်ပွား (၇) ခုကို စုစည်းပြီတာနဲ့ သူတော့ အပိုင်းပိုင်းဖြစ်ပြီ”

“ဟုတ်တယ်။ သူ့မှာပဲ အဆင့်(၉) စိတ်ဝိညာဉ်လက်နက်ရှိတာမဟုတ်ဘူး။ တခြားသူတွေလည်းရှိတာပဲ။ ဥပမာ သခင်လေး၀မ်‌မှာ ဆိုရင် ခရမ်းရောင် ဓားမြှောင် အစုံလိုက် ရှိတယ်။ ပြောကာမှ သူသုံးတာမြင်ဖူးတယ်။ အရမ်းကြမ်းတာပဲ”

“ကြည့်လိုက်။ စုရှောင်ရှန် သစ်သားဓားကို ဆက်ကိုင်ထားတုန်းပဲ။ ဟ… ချီး။ ဘာလဲဟ။ မျက်လုံးပါ မှိတ်လိုက်တယ်”

ဆေးအကူ၏ အပြုအစု အောက်တွင် လျှိုကျန်း သတိပြန်ရလာခဲ့သည်။ ပွဲကြည့်စင်သို့ သူရောက်လာသည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲ၀င်နှစ်ဦးအကြား၌ ပေါက်ကွဲထွက်တော့မည့် တိုက်ပွဲကို မြင်လိုက်ရ၏။

ချက်ခြင်း သူ့ မျက်ဆံများ ကျုံ့သွားသည်။ ၎င်းမှာ ၀မ်ချောင်၏ အရိပ်ကိုယ်ပွား နည်းနစ်ကြောင့်မဟုတ်ဘဲ စုရှောင်ရှန် မျက်လုံးမှိတ်ထားသည့် မြင်ကွင်းကို ရင်းနှီးသောကြောင့်ဖြစ်သည်။

“အဲ့ဒါ… အရင်ပွဲက ငါဝင်နှောက်လိုက်လို့ အပြည့်အစုံ ထုတ်မသုံးလိုက်ရတဲ့ ဓားကွက်မလား”

“ချီး။ နှစ်ဖက်လုံးက စတွေ့တာနဲ့ ဝှက်ဖဲတွေ စ‌သုံးကြတာ ဘယ်လိုတိုက်ပွဲလဲဟ။ ဘာလို့ သူတို့ ဒီလောက် လောနေကြတာလဲ”

စုရှောင်ရှန်လည်း ၀မ်ချောင်နှင့် အတွေးတူသည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာများကြောင့် အနီးကပ်တိုက်ခိုက်ရန်မသင့်တော့ပေ။ အရိပ်ကိုယ်ပွားနှင့် လေလွင့်တိမ် တိုက် နည်းစနစ် နှစ်ခုလုံး အသုံးပြုရန် စွမ်းအင်စုစည်းဖို့ လိုသောကြောင့် တစ်ချက် တည်းနှင့် ဤပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်၏။

သို့သော် သူ့ ပြိုင်ဘက်ကို ဒဏ်ရာ အပြင်းအထန် မရစေရန် သစ်သားဓားကိုသာ စုရှောင်ရှန် သုံးနေခြင်းဖြစ်သည်။

သူသည် သူ့ပြိုင်ဘက်ကို အမြဲ စဉ်းစားပေး၊ ဂရုစိုက်ပေးသည့် ပြိုင်ပွဲ၀င်တစ်ဦးဖြစ်ပေသည်။

ဤသစ်သားဓားဖြင့် သူစမ်းကြည့်ရသော် အဖျက်စွမ်းအား အနည်းငယ်ရှိသည်ကို သူတွေ့လိုက်ရသည်။ အနည်းဆုံးတော့ သစ်ပစ်တစ်ပင်အား နှစ်ခြမ်းပိုင်းနိုင်လောက်၏။

အမှန်တစ်ကယ်တော့ လေလွင့်တိမ်တိုက်၏ အဖျက်စွမ်းပကားမှာ အသုံးပြုသည့် လက်နက်အပေါ်၌ မမူတည်ပဲ ဓားဆန္ဒ‌အပေါ်တွင် သာ မူတည်လေသည်။

အခြားတစ်ဖက်တွင်တော့ ၀မ်ချောင်အနားတွင် ပိုရိပ်ယောင်များပေါ်လာခဲ့၏။ မည်သူမှ အသက်ပြင်းပြင်းမရှူရဲချေ။ ဤတိုက်ပွဲ တစ်ခဏအတွင်း အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်းကို သိလိုက်ရသည်။

ကြီးကြပ်သူပင် ထိုင်ချပြီး နားများကို အုပ်ထားလိုက်သည်။ အမှန်အတိုင်းပြောရသော် သူ့လိုနေရာမှ လူများ ဤသို့ ရင်‌ဆိုင်တိုက်ခိုက်သည့် ပွဲများကို အကြောက်ဆုံးဖြစ်သည်။

သို့သော်လည်း ပြိုင်ပွဲ၀င်များအား တိုက်ခိုက်ခွင့်မပေးလျှင်လည်း အနိုင်ရသူကို ခွဲဖြာနိုင်မည် မ‌ဟုတ်ပေ။ သူတို့ ဓားများအား ယှဉ်ခုတ်ခွင့်ပြုရာတွင်လည်း တစ်ယောက်မဟုတ် တစ်ယောက်တော့ မတော်တဆ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားနိုင်သည်။ အဆိုးဆုံးဆိုလျှင် သေသည်အထိ ဖြစ်ပွားနိုင်၏။

စုရှောင်ရှန် ဘက်သို့ ကြီးကြပ်သူ ပြန်လှည့်လိုက်ရာ သစ်သားဓားကိုင်၍ မျက်လုံးမှိတ်ထားသော သကောင့်သားကို မြင်ပြီး သွေးတက်လု နီးနီးဖြစ်သွားသည်။ ထို့ပြင်သူ၏ အရှိန်အဝါလည်း တစ်စ တစ်စ ‌မှေးမှိန်လာခဲ့၏။

‘ဟ နည်းနည်းတော့ ကြိုးစားပြီး ပြန်ချပါဟ’

‘မင်းမှာလည်း အဆင့် (၉) စိတ်ဝိညာဉ်ဓားတစ်ချောင်းရှိတယ်မလား။ အဲ့တာ သုံးလေ’

‘မဟုတ်ရင် ၀မ်ချောင်နဲ့ ချပြီးတဲ့အချိန် မင်းကို ငါဘယ်လိုကယ်နိုင်တော့မှာ’

ရွှင်း

ဓားသံစူးစူးရှရှ ထွက်ပေါ်လာ၏။ လူတိုင်း အသံလာရာကြည့်လိုက်သော် စုရှောင်ရှန်၏ ဓားထံရောက်သွားသည်။ ချက်ခြင်းသူတို့၏ မျက်နှာအမူအရာများ တင်း သွား၏။

ဟမ်… သစ်သားဓားတစ်ချောင်းလား။

ငါတို့ အကြားမှားနေတာများလား။

မဟုတ်မှလွဲရော အဲ့အသံက ၀မ်ချောင်ရဲ့ ဓားမြှောင်တွေစီက လာတာများလား။

ထို့နောက် ၀မ်ချောင်၏ မျက်လုံးများ အရောင်တောက်ပသွားပြီး ရှေ့သို့ တစ်ဟုန်ထိုး ဝင်သွားတာကို တွေ့လိုက်၏။ သူ့ခန္ဓာကိုယ် ရုတ်တရက် ဝါးသွားပြီး အခြားနေရာတစ်ခုရှိ အရိပ်ကိုယ်ပွားရှိရာ၌ ပြန်ပေါ်လာခဲ့သည်။ သို့ပြင့် အရိပ်ကိုယ်ပွားများအကြား နေရာ ဆက်တိုက်ပြောင်းရင်း စုရှောင်ရှန်ထံ ချဉ်းကပ်သွားလိုက်သည်။

သူတို့ကြားရှိ အကွာအဝေး နီးကပ်လာခဲ့သည်။

ပြိုင်ကွင်းတစ်၀က်…

၁ မီတာ…

စုရှောင်ရှန်ကတော့ မျက်စိမှိတ်ထားစဲဖြစ်၏။

လူတိုင်းစိတ်ထဲမှ စုရှောင်ရှန်အား ကျိန်ဆဲလိုက်သည်။ သေမင်းက မင်းအရှေ့ရောက်နေပြီ မင်းက မျက်လုံးမှိတ်ထားတုန်းပဲ။ ဒီအတိုင်းဆက်သွားနေရင် မင်း တကယ် ထာ၀ရ မျက်လုံးပိတ်သွားရလိမ့်မယ်နော်။

ကြီးကြပ်သူလည်း ရှေ့သို့ ချက်ခြင်း ပြေးသွားလိုက်သည်။ စုရှောင်ရှန်ရူးသွားပေပြီ။ ဒဏ်ရာရပြီးသည့်နောက် ပြိုင်ပွဲအပေါ် လက်လျော့လိုက်ခြင်းဖြစ်ရမည်။

သို့သော် ပြိုင်ပွဲ၀င်နှစ်ဦး အကြား တစ်လက်မသာ ကွာဝေးတော့သည့်အချိန် ရုတ်တရက် စုရှောင်ရှန်၏ မျက်လုံးများ ပွင့်လာခဲ့သည်။ မည်သူမျှ သူ့ညာလက်ထဲမှ သစ်သားဓားအား ခုတ်လိုက်ခြင်းကို မမြင်လိုက်ရပေ။

သူ့ တိုက်ခိုက်မှုက လေလွင့်တိမ်တိုက်များလို အလွန်နှေးကွေးသည်။ သို့သော် ချက်ခြင်း သူတို့ရှေ့ရောက်လာသလို ခံစားလိုက်ကြရသည်။ ဤသို့ဖြင့် ပွဲကြည့်စင်တစ်ခုလုံး ငြိမ်ကျသွား၏။

ရွှီ….

နောက်ဖပ် စူးစူးရှရှ ဓားသံကို ကြားလိုက်ကြရသည်။ ဤတစ်ကြိမ်တော့ ဘာဖြစ်သည်ကို လူတိုင်း တွေ့လိုက်ရ၏။ ၎င်းမှာ ၀မ်ချောင်၏ ဓားမြှောင်များမှ မဟုတ်ဘဲ စုရှောင်ရှန်၏ သစ်သားဓားမှ ထုတ်လွှတ်နေခြင်းဖြစ်သည်။

“သစ်သားဓား တစ်လက်က ဘယ်လို အသံထွက်နိုင်တာလဲ”

“ဘာဖြစ်နေတာလဲ”

ပွဲကြည့်စင်မှ လူတိုင်း သူတို့နှစ်ဦးအကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုကို စောင့်နေကြခြင်းဖြစ်သည်။ သို့သော် ဤကဲ့သို့သော မြင်ကွင်းကို မြင်လိုက်ရမည်ဟု သူတို့ မထင်ထားပါချေ။

ရွှီ….

ထိုအသံနှင့်အတူ ဓားဆန္ဒမှ ဓားများအားလုံးကို ချိတ်ဆက်ပေးလိုက်သည့်အလား ဓားကိုင်ထားသောလူများအားလုံး၏ ဓားများလည်း စတင် အသံထွက်လာပြီး တုန်ခါသွားကြသည်။

ဤဖြစ်ရပ်ကို သူတို့ အလွန် ရင်းရင်းနှီးနှီးရှိပေသည်။ ယခင် (၂) ရက်လောက်က ‌အပြင်စည်း တစ်ခုလုံး၌ ထွက်ပေါ်လာသော အမည်မသိ ဓား စူးရှ သံဖြစ်‌ ကြေားကို ဓားသမားတိုင်း သတိထားမိသွားသည်။

မဟုတ်မှလွဲရော ထိုဒီကိစ္စသည်လည်း စုရှောင်ရှန်ကြောင့် ဖြစ်သွားသည်လော။

“ဒါ… ဘယ်လိုဖြစ်နိုင်မှာ”

“ငါအမြင်မှားနေတာလားဟ”

လေထဲရှိ ရှောင်ချိစွေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသံပေးနေသော သူ၏ ဓားကို ဆုပ်ကိုင်လိုက်သည်။

ဒီစတင်ခြင်းအဆင့် ဓားဆန္ဒက…

တကယ်ပဲ စုရှောင်ရှန်စီက လာတာလားဟ။

ပြိုင်ကွင်းအတွင်း၌ ထိုဓားစူးရှသံ မြည်လာသည်ကို ကြားသောအခါ ၀မ်ချောင် ချက်ခြင်းပဲ အန္တာရာယ်ကို ခံစားမိ၍အစီအစဉ်ပြောင်းလိုက်သည်။ သူ၏ အရိပ်ကိုယ်ပွားများကို သူ့ရှေ့တွင် ကာခိုင်းလိုက်ရင်း စုရှောင်ရှန်နှင့် အဝေးသို့ သူဆုတ်သွားလိုက်သည်။

ရွှင်း ရွှင်း ရွှင်း…

ဓားစွမ်းအင်အလင်းတန်းတစ်ခုက ၀မ်ချောင်၏ ခရမ်းရောင် ဓားမြှောင်များဖြင့် တိုက်ရိုက် လာထိသည်။ ထို့နောက် သတ္တုခြင်း ပွတ်ရိုက်သည့်အသံ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။

ရုတ်တရက် ခေါင်းမော့ကြည့်လိုက် ၀မ်ချောင်ကြက်သေ သေသွားရသည်။ စုရှောင်ရှန်၏ ဓားချက်မှ ရာနှင့်ချီသော ဓားစွမ်းအင်အလင်းတန်းများထွက်လာခဲ့၏။ ၎င်းတို့က ပင့်ကူအိမ်သဖွယ် ဖွဲ့စည်းသွားပြီး ၀မ်ချောင်ထံ တိုး၀င်လာနေခဲ့သည်။ ထိုအလင်းတန်းများက အလွန်ကြီးမားသောကြောင့် ပြိုင်ဘက်၏ လွတ်လမ်းကို လုံး၀ ပိတ်ပင်ထား၏။ ထို့ကြောင့် နောက်သို့ ဆက်တိုက်ဆုတ်ရန်မှ တစ်ပါး ၀မ်ချောင်ထံတွင် ရွေးချယ်စရာမရှိပေ။

“ဘယ်လိုဖြစ်နိုင်မှာ”

“စုရှောင်ရှန်က ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်ဘူးလား ဘာလို့ သူ့မှာ ဒီလောက် အဖျက်စွမ်းအားကြီးတဲ့ ဓားနည်းစနစ်ရှိနေတာလဲဟ”

ဇွက် ဇွက် ဇွက်…။

၀မ်ချောင်၏ အရိပ်ကိုယ်ပွားများ တစ်ခုပြီး တစ်ခု ထိုဓားစွမ်းအင်အလင်းတန်းပိုအိမ်အကြား ပိုင်းပိုင်းပြတ်သွားခဲ့သည်။ ထို့နောက် ၀မ်ချောင်၏ ခန္ဓာကိုယ်၌ပင် ပါးလွှာသော ဓားချက်များ ပေါ်လာခဲ့၏။ ထို ဒဏ်ရာများ၌ သွေးကြည်ဥများ ပေါ်လာခဲ့သည်။

ပြိုင်ကွင်းအပြင်ဘက်မှ လျှိုကျန်း ဤ မြင်ကွင်းကြောင့် ကြက်သေ သေသွားခဲ့သည်။ ဤဓားနည်းစနစ်…။

ယခင်သူနှင့်ပြိုင်ပွဲ၌ စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ကိုင်ထားသည်ကို သူအမှတ်ရလိုက်သည်။ သစ်သားဓားဖြင့်ပင် ဤမျှအဖျက်စွမ်းအားကြီးပါက အကယ်၍ ထိုအချိန်က အနက်ရောင်စွမ်းအင်များကိုသာ သူ ပေါက်ကွဲအောင်မလုပ်ခဲ့ပါက စုရှောင်ရှန်၏ ဓားအောက်၌ အသားစဖြစ်သွားနိုင်ပေသည်။

သူထင်သည့်အတိုင်း စုရှောင်ရှန် သူ၏ ခွန်အား အစစ်အမှန်ကို ဖုန်းကွယ်ထားခဲ့လေသည်။

ပြိုင်ကွင်းအတွင်း၌ ဓားအလင်းတန်းကြောင့် ၀မ်ချောင် သူ၏ မူလ နေရာသို့ ပြန်ရောက်လာခဲ့သည်။ ထို့ပြင် ဆက်လက်၍ နောက်ဆုတ်နေရပြီး ပြိုင်ကွင်း၏ အစွန်းသို့ နီးကပ်လာခဲ့၏။

ချက်ခြင်းပဲ သူ၏ ဓားမြှောင်များကို ပြန်သိမ်းလိုက်ပြီး ရင်ဘက်ပေါ်သို့ လက်တင်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်တစ်ခု သူ့ရှေ့၌ ပေါ်လာပြီး ဓားအလင်းတန်းများကို ချက်ခြင်း ပျက်ပြယ်သွားစေလိုက်သည်။

“စိတ်ဝိညာဉ် စွမ်းအင်လှိုင်း အကာအကွယ်”

စိတ်ဝိညာဉ်စွမ်းအင်များ ပျောက်သွားသော် ၀မ်ချောင်၏ မျက်‌ဆံ ချက်ခြင်း ကျုံ့သွား၏။

စုရှောင်ရှန်တစ်ယောက် အရှေ့သို့ တစ်ဟုန်ထိုး ပြေးလာခဲ့ပြီး ၀မ်ချောင်၏ လည်ပင်း ပေါ်၌ သစ်သားဓားတင်လိုက်သည်။

“မင်းရှုံးသွားပြီ”

ဂလု

၀မ်ချောင် တံတွေး အလိုလို မျိုချမိသွားသည်။ သူ့ လည်သီး တုန်ခါသွားသော် ချက်ခြင်းဘဲ သစ်သားဓား၏ ဓားစွမ်းအင်များကြောင့် ရလိုက်သော ဒဏ်ရာများမှ သွေးများ တစ်ပြိုင်နက် ထွက်လာခဲ့၏။

သူ့မျက်နှာတစ်ခုလုံး သွေးဖြင့် ရဲရဲနီသွားသည်။ ၎င်းတို့အားလုံးမှာ အပေါ်ယံ ဒဏ်ရာများသာဖြစ်၏။ သူ့ အကောင်းဆုံးအခြေအနေ၌ သူရှိ‌နေသေးသည်။ သို့သော် သူ ရှုံးသွားခဲ့လေပြီ။

ဓားတစ်ချက်၊ စကားတစ်ကြောင်းဖြင့် မိုးတိမ်လေ ပြိုင်ပွဲ၌ အဆင့် (၇) ဆွဲခဲ့သော ပါရမီရှင်တစ်ယောက် အနိုင်ယူခံလိုက်ရသည်။

ချု့ယွင်ကွင်းတစ်ခုလုံးကို လေပြေလေးတိုက်ခတ်သွား၏။ သို့ရာတွင် ပွဲကြည့်စင်တစ်ခုလုံး အပ်ကျသံပင် ကြားနိုင်သည့်အလား တိတ်ဆိတ်သွားသည်။ ဒိုင်လူကြီးလည်း နားမလည်နိုင်သည့်အကြည့်များဖြင့် ဘယ်ညာ ကို မှင်သက်စွာကြည့်လိုက်သည်။

စုရှောင်ရှန်သူ၏ ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး နောက်လှည့်ကာ ထွက်သွားလိုက်သည်။ သူပြန်၍ အနားယူရပေမည်။ ထိုဓားကွက်က သူ့တွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးကို စုပ်ယူသွားခဲ့၏။

သူ့ခြေထောက်များ တုန်ရီနေသည်။

‘တောင့်ထားစမ်း’ သူ့ကိုယ်သူ ပြောလိုက်သည်။ ‘မင်းဒီမှာ လဲကျသွားလို့မရဘူး။ မင်းကို ကြည့်နေတဲ့ လူတွေအများကြီးရှိတယ်။ မင်းစတဲ့ ဇာတ်ကို နိုင်အောင် ကစမ်း’

၀မ်ချောင်၏ မျက်လုံးများ နာကျည်းမှုများဖြင့် ပြည့်နေသည်။ သူတို့ စွမ်းအင်စုစည်းသည့် အချိန်မှလွဲ၍ တိုက်ပွဲစသည်နှင့် စက္ကန့်ပိုင်း အတွင်း သူရှုံးနိမ့်သွားသည်လော။

မိုးတိမ်လေပြိုင်ပွဲ၌ အဆင့် (၇) ဆွဲခဲ့သည် အပြင်စည်း၏ ၀မ်သခင်လေး ရှုံးနိမ့်သွားချေပြီ။

သူနောက်လှည့်၍မကြည့်သော်လည်း အစီအရင်၏အလွန်ရှိ လူများသူ့အား လက်ညှိုးထိုးပြီး ဝိုင်းလှောင်နေကြသည်ကို ကြား‌ရသည့်အလား ခံစားလိုက်ရသည်။

လျှိုကျန်းပင်လျှင် စုရှောင်ရှန်အား သေမတတ် ထိုးနှက်နိုင်ခဲ့သေးသည်။ သူ၊ ၀မ်သခင်လေးသည်တော့ တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားသည်လော။

ဤစုရှောင်ရှန်က သူ၏ နတ်ဘုရားမ‌လေး တိရှင်းအယ်အား သစ်သားဓားဖြင့် ပုတ်လိုက်၊ ရိုက်လိုက် ကျီဆယ်ခဲ့သည်။ သို့သော် သူ၊ သခင်လေး၀မ် ပြိုင်ကွင်းအတွင်းသို့ရောက်သည်နှင့် ထိုသွေးကြွေးတောင် မဆပ်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့သည်လော။

၀မ်ချောင်၏ မျက်နှာထက်၌ အကျည်းတန်သော အမူအရာ တစ်ခု ပေါ်လာခဲ့သည်။

သူ့အင်္ကျီလက်စထဲ၌ ထည့်ထားသော ခရမ်းရောင် ဓားမြှောင်များမှထူးဆန်းသော အရှိန်အဝါများ တဖန် ထွက်ပေါ်လာခဲ့သည်။ ၀မ်ချောင်၏ ပုံရိပ် ဝေဝါးသွားပြီး စုရှောင်ရှန်ထံသို့ တစ်ဟုန်ထိုး ပြေး၀င်သွားလိုက်သည်။

“စုရှောင်ရှန် သတိထား”

“၀မ်ချောင် ရပ်လိုက်စမ်း”

“ပွဲပြီးသွားပြီ။ ငါပြောနေတယ် ပွဲပြီးသွားပြီလို့” ကြီးကြပ်သူနောက်မှ အော်ရင်း သူလည်း ခုန်အုပ်လိုက်၏။ ပြိုင်ပွဲပြီးကြောင်းကို ကြေငြာဖို့ သူမှင်သက်နေခဲ့သည့်အတွက် ဤသို့သော အဖြစ်မျိုး ဖြစ်လာလိမ့်မည်ဟု သူမထင်ထားချေ။

လူတိုင်း စုရှောင်ရှန် အနိုင်ရသွားကြောင်း တွေ့နိုင်ပေသည်။ သို့သော် မည်သူမှ ၀မ်ချောင် ရုတ်တရက် အနောက်မှ အလစ်တိုက်ခိုက်မည်ဟု မထင်ထားချေ။

ကြှးကြပ်သူ နောင်တရသွားသည်။ ၀မ်ချောင်အား ရပ်တန့်ရန် သူနောက်ကျသွားလေပြီ။

[ခြုံခိုတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

စုရှောင်ရှန်မှာ ပင်ကိုယ်မှတ်များအား အလွန် လိုချင်သဖြင့် အသိပေးချက် ဖန်သားပြင်အား မကြာခဏ ကြည့် တတ်သည်။ ထို့ကြောင့် ထို အသိပေးချက်ကိုမြင်သော် ချက်ခြင်းနောက်လှည့်ပြီး ပြန်ချလိုက်သည်။

ဇွက်

၀မ်ချောင်၏ အဆင့်(၉) စိတ်ဝိညာဉ် ဓားမြှောင်က စုရှောင်ရှန်၏ ပုခုံး ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားသည်။ သွေးများ နေရာအနှံ့ ပြန့်သွား၏။

ဘုတ်

စုရှောင်ရှန်၏ ညာဘက်လက် ၀မ်ချောင်၏ နှလုံးတည့်တည့်ရှိရာ ရင်ဘက်ကို ထိုးဖောက်သွား၏။

Comment

Leave a Reply

Options

not work with dark mode
Reset