စာကြည့်တိုက်တာအိုသခင်
အပိုင် (၁၄၆) တော်ဝင်ကျင့်စဥ်အသစ်ပေါင်းစည်းခြင်း၊ တထာဂတာ နတ်လက်ဝါး
ယင်းက ယဲ့ရှောင်ကို ယန်ရှီအား လှည့်ကြည့်မိစေတော့သည်။
” သူ ဘာလုပ်နေတာလဲ … ”
သူမက အမှန်တကယ်ပင် ပြတင်းပေါက်နား၌ လက်ဝှေ့ထိုးကျင့်နေသည်။ သူမ၏ လက်မောင်းများက မတုတ်သော်ငြား ကြွက်သားများအထင်းသားပေါ်နေ၏။
ဒါကတကယ်ကြီး အမျိုးသမီးတစ်ယောက်ရဲ့လက်မောင်းလား။ ချင်ယွိယန်ထက် ပိုသန်မာတယ်လို့ ဘာကြောင့်ခံစားမိတာလဲ။ ချင်ယွိယန်နဲ့ယှဥ်ရင် သူက အမျိုးသားတွေကြားထဲမှာ လေ့ကျင့်ထားတဲ့ အမျိုးသားတစ်ယောက်လိုပဲ။
” စာရင်းလုပ်ရမှာမဟုတ်ဘူးလား … ဘာကြောင့်လေ့ကျင့်နေတာလဲ .. ”
ယဲ့ရှောင်က မမေးပဲ မနေနိုင်တော့ချေ။ ယန်ရှီက သူမလုပ်နေတာကိုရပ်ပြီး ချက်ချင်းအကြောင်းပြန်လိုက်၏။
” ကျွန်မ တပ်ထဲမှာရှိတုန်းက လေ့ကျင့်တာအသားကျနေပြီးပြီ … ဘာမှမလုပ်ခင် အရင်ဆုံး လက်ဝှေ့ထိုးချင်တယ် … ဒါခွင့်မပြုထားလို့လား … ဒါဆို ကျွန်မ မလေ့ကျင့်တော့ဘူး … ”
” အဆင်ပြေပါတယ် … ဆူညံသံမထွက်သရွေ့ ရတယ် … ”
” ကျေးဇူးပါ ကြီးကြပ်သူ … ”
ယခုအချိန်တွင် ယဲ့ရှောင်သည် သူ့နားရှိလူများသည် အမှန်တကယ် ပိုထူးဆန်းပြီးရင်း ထူးဆန်းလာသည်ဟု ခံစားမိသည်။ အစထဲက ကုဟိုင်သည် အလေးအနက် မရှိခဲ့ပေ။ ကုဟိုင်က နေ့စဥ်နေ့တိုင်း ဟုန်ဆဲလ်လန်မဲ့ကိုသွားပြီး မြို့စောင့်တပ်ဖွဲ့ဖမ်းတာ ခံခဲ့ရ၏။ နဥ်ယွိဟန်ကလည်း မိန်းမဆန်သော သားရဲလူသားတစ်ယောက် ဖြစ်နေသည်။ ယခု ယန်ရှီဖြစ်၏။ ယခု သူမက ထူးဆန်းသော်ငြား သူမ၏ ကိုယ်ရည်ကိုယ်သွေးက အတော်လေးယောက်ျားဆန်သည်။
အင် ဆိုရိုးစကားရှိတဲ့အတိုင်း ငှက်တွေရဲ့ငှက်မွှေးတစ်ချို့က စုစည်းကြတာပဲ။ ငါကလည်း ထူးဆန်းနေတာများလား။
မဖြစ်နိုင်တာ။ မဖြစ်နိုင်တာ။
ငါ့ရဲ့လောကအမြင်က ဒီလောက်ရင့်ကျက်တာ။ ငါ့ရဲ့ ပါရမီကလည်း သိပ်ကိုရင့်သန်တယ်။ ငါက သိပ်ကိုချောမောခန့်ငြားနေတာ ဘယ်လိုလုပ် လူထူးလူဆန်းတစ်ယောဖြစ်နိုင်မှာလဲ။
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။ သူနား၌ လူထူးဆန်းများနေသည်က သူ့ကို စိတ်ပူပန်စေကာ သူ့ကိုသူ သံသယစဝင်လာမိစေ၏။
ဟူး …
စာအုပ်အရင်ဖတ်တာပဲ ပိုကောင်းလိမ့်မယ်။
နောက်ဆုံးလက်ဝါးသိုင်းကို ဖတ်ရှု့ပြီးနောက် သူသည် ၎င်းကို ရွှေရောင်စာအုပ်အံ့ဖွယ်ဝိညာဥ်ဆီ အပ်နင်းကာ သူ့ဘာသာသူလေ့ကျင့်စေ၏။ ပြီးနောက် ယဲ့ရှောင်က ကျန်သည့်ကျင့်စဥ်များကို တစ်ချက်သွားကြည့်နိုင်သည်။ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က နောက်ဆုံးလက်ဝါးသိုင်းကို ပြီးပြည့်စုံသည့်အဆင့်ရောက်အောင် လျင်မြန်စွာကျင့်ကြံခဲ့၏။ ဤနည်းဖြင့် ယဲ့ရှောင်၏ လက်ဝါးသိုင်းကလည်း ရွှေရောင်စစ်စစ်ဖြစ်လာတော့သည်။ သူတို့ကို အချိန်မရွေးနေရာမရွေးပေါင်းစည်းနိုင်မည်ဖြစ်၏။ သို့သော် သူအလုပ်ဆင်းသည့်အချိန်ထိ စောင့်ရပေမည်။ အကြောင်းမှာ သူ ယခုအချိန်ပေါင်းစည်းလိုက်လျှင် သူတို့က ရွှေရောင်အလင်းများ ထုတ်ဖော်လိမ့်မည်။
နေ့လယ်၌ သူအလုပ်ဆင်းသည့်အချိန် ယဲ့ရှောင်က ဦးစွာထွက်သွားနိုင်မည်။ ကျန်သည့်အလုပ်ကို ယန်ရှီ ဖြေရှင်းလိမ့်မည်။ ယဲ့ရှောင်သည် စတင်ပေါင်းစည်းရန်အတွက် အိမ်သို့တန်းတန်းမတ်မတ်သွားလိုက်၏။
ရွှေရောင်စာအုပ်က အလင်းများစီးဆင်းနေပြီး အခြေခံလက်ဝါးသိုင်းအားလုံးကို စုစည်းနေတော့သည်။
ဥုံ …
မာ …
နီ …
ထိုး …
မီ …
ဟွန်း …
ထိုစကားလုံးများက သိပ်ရင်းနှီးနေသည်။ သူတို့က ဗုဒ္ဓ၏ မန္တန်စကားလုံးခြောက်လုံး ဖြစ်သည်။
ယခင်ဘဝ ရုပ်သံဇာတ်လမ်းတွဲကြည့်နေသည့်အချိန်တွင် တထာဂတာက ဓာတ်ကြီးငါးပါးတောင်ထိပ်ပေါ်၌ ရွတ်ဆိုသည်စကားလုံးများဖြစ်ကြောင်း အမှတ်ရသွားသည်။ နောက်တစ်စက္ကန့်၌ စာလုံးကြီးခြောက်လုံး၌ ကြီးမားသည့်ရွှေရောင်ဗုဒ္ဓ လက်ဝါးတော်သိုင်းအဖြစ် တိုက်ရိုက်ပေါင်းစီးသွား၏။
တထာဂတာနတ်လက်ဝါး
” တကယ်ကြီး တထာဂတာနတ်လက်ဝါးပဲ … ”
ယဲ့ရှောင်က ထုတ်ဖော်ပြောမိသွားသည်။
ယခင်က ဖာကျန်း ပြောခဲ့ဖူးသည့်က တထာဂတာနတ်လက်ဝါးသည် အမျိုးသားအဆန်ဆုံးဖြစ်ပြီး ဗုဒ္ဓနည်းစနစ်ကဲ့သို့ အသန်မာဆုံး တိုက်ခိုက်နိုင်စွမ်းရှိသည့် ယန်ဓာတ်ဖြစ်သည်။
ယခုအချိန်တွင် သူက ယခင်က လက်ဝါးသိုင်းအကြောင်း မပြောခဲ့ပဲ ကျင့်စဥ်များအကြောင်းသာ ပြောခဲ့သည်။ တစ်နည်းဆိုရလျှင် တထာဂတာနတ်လက်ဝါး၏ စွမ်းအင်က လောကကြီးထဲရှိ လက်ဝါးသိုင်းဖြစ်ရုံသာမက သိုင်းလောကတစ်ခုလုံးထဲတွင်လည်း နာမည်ကြီး၏။ ထို့အပြင် ဖာကျန်းကလည်း ပြောခဲ့သေး၏။ တထာဂတာလက်ဝါးသိုင်းက ပျောက်ကွယ်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်၏။ သူ၏ ကိုယ်ပိုင်အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က ၎င်းကို ပေါင်းစည်းလိုက်လိမ့်မည်ဟု မထင်ထားပေ။ သူသည် ယခုအခေါက်တွင် အင်မတန်ကံကောင်းနေသည်။
ယန်ရှီက ကံကိုသယ်ဆောင်လာလေလောဟုတောင် သူ မသိပေ။ ထိုသို့သာဆိုလျှင် သူမက ကံကောင်းသောရွှေငါးလေးဖြစ်လိမ့်မည်။
ယဲ့ရှောင်က အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ကို တထာဂတာနတ်လက်ဝါး စတင်လေ့ကျင့်ထားခိုင်းလိုက်၏။ အစွမ်းထက်သည့်နည်းစနစ်ဖြင့် ယဲ့ရှောင်က သူ၏ စွမ်းအားကိုပြသရန် မြင်တွေ့ခွင့်ရရန် မစောင့်နိုင်တော့ပေ။ သို့သော် ဖြစ်စဥ်အရ ၎င်းသည် သိပ်မြန်ဆန်လွန်းပုံ မရပေ။ မနက်ဖြန်ကြမှသာ အပြည့်အဝကျင့်ကြံပြီးမည်ဟု တွက်ချက်မိသည်။
ယဲ့ရှောင်ကလည်း အလျင်မလိုပေ။ သူက ဖြည်းဖြည်းချင်းလေ့ကျင့်နိုင်၏။ သူ ဦးစွာအိပ်လိုက်အုံးမည်။ ညတာက တဖြေးဖြေးကျရောက်လာ၏။ ကျန်းဟိုင်တစ်မြို့လုံးက တိတ်ဆိတ်မှုအတိဖြစ်နေလေသည်။ လူအများစုကလည်း အိပ်မောကျနေပြီဖြစ်၏။ ထိုစဥ် စာကြည့်တိုက်၏ ထိပ်ဆုံးအလွှာဆီသို့ ဝါညိုရောင်အလင်းက တိတ်တဆိတ်ဆင်းသက်လာလေ၏။ ယင်းက အမှန်တကယ်ဝဖြီးသော ကြက်မတစ်ကောင်ဖြစ်သည်။
သူမ ရောက်လာချိန်၌ ပတ်ဝန်းကျင်ကို လည်ပတ်ကြည့်လိုက်ရာ လမ်းပေါ်၌ မည်သူမှမရှိတာ တွေ့လိုက်ရသည်။ ချက်ချင်းပင် တောင်ပံကိုတဖျက်ဖျက်ခတ်လျက် ဓားမော့ဓားဝိဇ္ဇာဆီသို့ ဆင်းသက်လိုက်၏။ ထို့နောက် လူအသွင်သဏ္ဍာန်ပြောင်းလိုက်၏။ သူက ကျိဖုန်းပင် ဖြစ်သည်။
ဒီမှာဖြစ်လောက်တယ်။
လူအသွင်သဏ္ဍာန်ပြောင်းပြီးနောက် သူမက မြေပြင်ပေါ်ချက်ချင်းလဲကာ သူမ၏ ဝိညာဥ်စွမ်းအင်ကိုသုံးပြီး မြေအောက်ရှိ နော့ဖစ်နှင့် ဆက်သွယ်လိုက်တော့သည်။
” စီနီယာနော့ဖစ် အောက်မှာရှိလား … ”
အမှောင်ထဲတွင် ကျင့်ကြံနေသော နော့ဖစ်၏ ကိုယ်ခွဲက ထိုဝိညာဥ်စွမ်းအင်ကို အာရုံခံမိပြီးနောက် ရုတ်တရက်ရပ်တန့်သွား၏။ ပြီးနောက် သူက ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။
” မင်း ဘယ်သူလဲ … ”
” စီနီယာ ကျွန်မက မြေဖီးနစ်ကြက်မျိုးနွယ်က ကျိဖုန်းပါ … စီနီယာ ဒီမှာရှိတယ်လို့ကြားလို့ ကျွန်မ လာကူညီတာပါ … ရှင့်ကိုကယ်ပြီး ကျွန်မတို့ ကြယ်တာရာသားရဲ မျိုးနွယ်စုကို ဂုဏ်ကျက်သရေတွေ ပြန်ရယူဖို့ လုပ်ဆောင်မယ် … ပြီးရင် လူသားမျိုးနွယ်စုကို ဖျက်ဆီးခိုင်းမယ် … ” ”
” ငါသိပြီ … ”
” စီနီယာ ဒီဂျူနီယာက အခင်းအကျင်းကိုဖျက်ဆီးပြီး စီနီယာကို လွတ်ပေးပါမယ် … ”
” အစီအရင်အခင်းအကျင်းလား … ခဏနေအုံး … ”
နော့ဖစ်က ရပ်တန့်ရန် အမြန်အော်လိုက်လေ၏။
” ရယ်စရာပဲ ဒါက တော်ဝင်အစီအရင်လေ … ”
ကျိဖုန်း၏ ကျင့်ကြံဆင့်သည် ရှန့်ထျန်း သတ္တမအဆင့် အံဖွယ်ချီရှန်းအဆင့်တွင်သာရှိကြောင်း သူအာရုံခံမိသည်။ ထိုကျင့်ကြံဆင့်လေးဖြင့် သူမအဖို့ တစ်ချိန်ထဲဖြင့် အစီအရင်အခင်းအကျင်းကို ဖြိုခွဲရန် ဖြစ်နိုင်မှာမဟုတ်တာ သေချာ၏။
သို့သော် တစ်ချိန်ထဲဖြင့် သူက အစီအရင်ကို မဖြိုခွဲလျှင် ထိုလူသားမကောင်းဆိုးဝါးကို ခေါ်မိလိမ့်မည်။
ထိုလူ၏ ကျင့်ကြံဆင့်က သန်မာရုံသာမက သူက ရက်စက်ပြီးအညှာအတာကင်းမဲ့သူလည်း ဖြစ်၏။ သူ့ကို ဖျက်ချသည့်အချိန်တွင်တောင် မျက်တောင်တစ်ချက်ခတ်မနေပေ။
ထိုလူရောက်လာပြီး သူ့ကိုကယ်နေသည့်သူ တစ်စုံတစ်ယောက်ကို မြင်တွေ့သွားလျှင် ဒေါသထွက်ပေလိမ့်မည်။ သူက စည်းကိုဖျက်ဆီးပြီး သူ့ကိုခုတ်ချလိုက်လျှင် ကိုယ်ခွဲက မြုပ်စရာမြေမရှိပဲ သေသွားလိမ့်မည်။
ယင်းက လုံးဝမဖြစ်နိုင်ပေ။ သူက ဤကိုယ်ခွဲကို ထိန်းထားပြီး သူ့ပင်မခန္ဓာကိုယ်ကို ကယ်တင်ရန်အတွက် စောင့်စားချင်နေ၏။ ပင်မခန္ဓာက ရှောင်လင်၏ မိစ္ဆာဂူ ခုနှစ်ဆယ့်ခုနှစ်ဂူထဲ၌ အကျဥ်းချခံထားရတာဖြစ်၏။ စွန့်စားမှုက ကြီးမားလွန်းသည်။
” စီနီယာနော့ဖစ် ဘာကြောင့်များ စီနီယာကို ကယ်ခွင့်မပေးတာလဲ … အပြင်ထွက်မလာချင်လို့လား … ”
နော့ဖစ်က ခဏတာ တိတ်ဆိတ်သွား၏။ ခဏတဖြုတ်စဥ်းစားပြီးနောက် သူက ချက်ချင်းပြောလိုက်သည်။
” မင်းကို အခြေအနေရှင်းပြပေးမယ် … ဒီမြို့မှာ လူသားမျိုးနွယ်ရဲ့ အံ့ဖွယ်ချီရှန်းတစ်ယောက်ရှိတယ် … ငါက မင်း အစီအရင်ကို မဖြိုခွဲနိုင်ပဲ အဲ့ဒီအစား သူ့ကို မျှားခေါ်မိမှာ စိုးရိမ်လို့ … မင်းသိလား ငါသာအပြင်မှာရှိရင် သူ့ကိုဖြေရှင်းဖို့က အလွယ်လေးပဲ … သူ့ကို အလွယ်သတ်နိုင်တယ် … ”
” ဒါပေမယ့် မင်းမသတ်နိုင်ဘူး … မင်းရဲ့ ကျင့်ကြံဆင့်က လုံလောက်အောင်မမြင့်မားဘူး … ငါစိုးရိမ်တာက မင်းချိတ်ကို ဖျက်ဆီးနေချိန် သူ့ကို မျှားခေါ်မိပြီး သူက မင်းကို ချုံခိုတိုက်ခိုက်လိုက်မှာကိုပဲ … မင်းသေသွားနိုင်တယ် … ငါအပြင်ထွက်လာပြီး မင်းကို ကယ်နိုင်မှာမဟုတ်ဘူး … ”
” ဒါကြောင့် ငါတို့တွေ သူ့ကို သတိပေးမိလို့မဖြစ်ဘူး … ”
” ဪ ဒီလိုလား … ”
” ဒါဆိုရင် ဒီဂျူနီယာက ဘာလုပ်သင့်လဲ … ”
” ဒီလိုဆိုရင်ရော … သူ ဒီမြို့ထဲမှာရှိသေးလားဆိုတာကြည့်ဖို့ သူ့ကို အရင်သွားရှာကြည့်ကြည့် … သူသာ မြို့ထဲမှာရှိနေရင် အလျင်စလို မလှုပ်ရှားနဲ့ … သူသာ မြို့ထဲမှာမရှိဘူးဆိုမှ မင်းလှုပ်ရှားမယ်ဆိုရင် သိပ်နောက်ကျမှာ မဟုတ်ဘူး … ”
” စီနီယာနော့ဖစ်ကတော့ စီနီယာနော့ဖစ်ပါပဲ … တကယ်ကို ဖြုန်လောက်ပါပေတယ် … ချိတ်ပိတ်ထားတာတောင် မတိုက်ခိုက်ခင် တန်ပြန်တွက်ဆနိုင်တဲ့အတွေး ရှိပြီးသားပဲ … ကျွန်မတို့တွေ စီနီယာကို ကယ်တင်နိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့ ကြယ်တာရာသားရဲမျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေကို ပြန်ထွန်းတောက်နိုင်မှာ သေချာတယ် … ”
နော့ဖစ်က ခြောက်ကပ်ကပ်ရယ်မောလိုက်၏။ သူသည် ကျိဖုန်းကို အစက အမှန်တကယ်စမ်းသပ်ချင်ရုံသာ ရှိသည်။
သူ၏ ချိတ်ကို ဖျက်နိုင်မဖျက်နိုင်တာက ဒုတိယအချက်သာ ဖြစ်၏။ အရေးကြီးဆုံးအရာက သူ ယဲ့ရှောင်ကို ရန်စ၍မရပေ။ ရန်စမိပါက သူအမှန်တကယ်အပြီးသတ်သွားပေလိမ့်မည်။
” စီနီယာနော့ဖစ် ဒီကျူနီယာက သူ့ကို ယခုပဲ သွားရှာကြည့်ပါမယ် … ဒါပေမယ့် သူက ဘယ်လိုပုံလဲ စီနီယာ … ဒီကျူနီယာကို ရှင်းပြပေးနိုင်မလား … ”
” ငါသူ့ကို တစ်ခါပဲတွေ့ဖူးတာ … သူက ငယ်ရွယ်တဲ့ လူသားသိုင်းပညာရှင်တစ်ယောက်ပဲ … အရင်က တစ်ခါမှမတွေ့ဖူးတဲ့ အစွမ်းထက်တဲ့ ဓားသိုင်းကိုသုံးတယ် … သူက တော်ဝင်အစီအရင်တစ်ခုကိုတောင် တည်ဆောက်နိုင်တာ … သူ ဘယ်သူလဲဆိုတာ ငါမသိဘူး … ငါသိတဲ့တစ်ခုတည်းသောအရာက သူက သိပ်ကို ချောမောခန့်ငြားတယ် … အနက်ရောင်ဂျာကင်နဲ့ ဘောင်းဘီရှည်ကို ဝတ်ထားတယ် … ဒါပေမယ့် ကျန်တာကိုတော့ သေချာမသိဘူး … ”
ကျိဖုန်းက ချက်ချင်းကြောင်အသွားလေ၏။
” စီနီယာပြောတာက ဝေဝါးလိုက်တာ … ချောမောခန့်ငြားတဲ့လူသားတွေက အများကြီးရှိနေတာ … သူ့ကို ဘယ်လိုရှာရမလဲ … ”
” သူက မတူဘူး … သူက အင်မတန်ရှားပါးတဲ့ အရည်အသွေးမြင့်လူသားတစ်ယောက်လို့ ပြောလို့ရတယ် … ဒါပေမယ့် မှန်ပါတယ်လေ … ရုပ်ရည်သွင်ပြင်ကိုကြည့်ရုံနဲ့ သူ့ကိုရှာတွေ့ဖို့က မလွယ်ကူဖူး … ဒါဆိုရင်ကော … မင်းကိုယ်ပေါ်မှာ ငါဝိညာဥ်စွမ်းအင်တစ်စကို ထားပေးလိုက်မယ် … ငါ သူကိုတွေ့ရင် မင်းကိုသတိပေးမယ်လေ … ”
” ဒီလိုဆိုရင် မင်းသူ့ကိုရှာဖို့ ပိုလွယ်ကူသွားလိမ့်မယ် … ”
ကျိဖုန်းက အပျော်လွန်သွား၏။
” စီနီယာက တကယ်အကြီးတစ်ယောက်ဖြစ်သင့်ပါပေတယ် … စီနီယာရဲ့ သတ္တိက အခြားလူတွေထက်သာလွန်ပြီး အစီအစဥ်ကလည်း ကောင်းမွန်းတယ် … ဒီဂျူနီယာ လေးစားမိပါရဲ့ … ”
မကြာမီ၌ နော့ဖစ်သည် အောက်ထဲကနေ သူ၏ ဝိညာဥ်အတွေးမျှင်တစ်စကို ထုတ်ပေးလိုက်၏။ ယင်းက အမျှင်တစ်ခုသာဖြစ်ပြီး ကြမ်းတမ်းမှု မရှိပေ။ ဤနည်းဖြင့်သာ ခွဲထုတ်နိုင်တာဖြစ်၏။
ယဲ့ရှောင်၏ အစီအရင်က အမှန်တကယ်သန်မာလွန်း၏။ ဝိညာဥ်စွမ်းရည်အနည်းငယ်မျှဖြင့် လွတ်မြောက်ဖို့က မဖြစ်နိုင်ပေ။
နော့ဖစ်၏ ကောင်းကင်စိတ်အာရုံကို ရရှိပြီးနောက် ကျိဖုန်းသည် ချက်ချင်းပင် နှုတ်ဆက်သွားတော့၏။
” စီနီယာ ဒီဂျူနီယာက အဲ့ကောင်ကို အခုပဲသွားရှာပါတော့မယ် … ကျေးဇူးပြုပြီး ခဏစောင့်နေပါ … ”
” အင်း သွားတော့ … ”
ကျိဖုန်းက ချက်ချင်းပင် သူမ၏ ကြယ်တာရာသားရဲအသွင်ကို ပြောင်းလိုက်၏။ ပြီးနောက် တောင်ပံကိုခတ်လျက် သူမ၏ ခန္ဓာကိုယ်က လေထဲချက်ချင်းတက်သွားကာ ကျန်းဟိုင်မြို့ထဲကို လျင်မြန်စွာပတ်သွားသည့် အလင်းစီးကြောင်းအဖြစ် အသွင်ပြောင်းလဲသွားတော့သည်။
သူမ၏ စူးရှသောအကြည့်က ကျန်းဟိုင်တစ်မြို့လုံးကို စစ်ဆေးလိုက်၏။ သို့သော် ယဲ့ရှောင်ကို မရှာနိုင်ပေ။
သို့သော် အစက သူတို့အရှိန်အဝါကို ဖုံးကွယ်နိုင်စွမ်းရှိသည့် ချီရှန်းအဆင့်တစ်စုံတစ်ယောက်ကိုရှာရန်က အလွန်ခက်ခဲပြီးသား ဖြစ်သည်။ ချီရှန်းအဆင့်ထက်သာလွန်သည့် ခွန်အားရှိသည့်သူများသာလျှင် သူတို့ကို ရှာနိုင်၏။
ယဲ့ရှောင်၏ ကျင့်ကြံဆင့်က အံ့ဖွယ်ချီရှန်းသို့ရောက်နေပြီ ဖြစ်သည်။ ထို့အပြင် သူက ဝိညာဥ်လမ်းစဥ်ကျင့်ကြံမှုနည်းစနစ်ကို လေ့ကျင့်ထားတာဖြစ်၏။ သူသာ ဆန္ဒမရှိလျှင် သူ့ကို မည်သူမှမရှာနိုင်ပေ။
အချိန်က ကုန်ဆုံးသွား၏။ မျက်တောင်တခတ်အတွင်း နောက်နေ့မနက်ရောက်နေပြီ ဖြစ်သည်။ ယဲ့ရှောင်နိုးလာပြီးနောက် သူပြုလုပ်သည့် ပထမဆုံးအရာက သူအံဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ကို တစ်ချက်ကြည့်တာပဲ ဖြစ်သည်။
မဆိုးဘူး။ တထာဂတာနတ်လက်ဝါးက ပြီးပြည့်စုံတဲ့အဆင့်ရောက်အောင် လေ့ကျင့်ပြီးပြီပဲ။ အင်မတန်နိုင်လွန်မင်းထက်ဆန်ပြီး ကြမ်းတမ်းလွန်းသည့်ခံစားချက်က တထာဂတာနတ်လက်ဝါးထဲ ပါဝင်နေပြီး ယဲ့ရှောင်က သူ့စိတ်ထဲ၌ စိတ်လှုပ်ရှားပြီး မယှဥ်သာအောင် စိတ်အေးလက်အေးဖြစ်မှုကို ခံစားနေရသည်။ နောင်ကျ သူ့အသက်ကိုကယ်နိုင်ရန် နောက်ထပ်အစွမ်းထက်သည့် တိုက်ကွက်တစ်ကွက်ရှိနေပြီ ဖြစ်သည်။ တစ်ချိန်ထဲတွင် သူ၏ ကျင့်ကြံဆင့်ကို စစ်ဆေးလိုက်၏။
ရှန့်ထျန်း သတ္တမအဆင့်က ရှန့်ထျန်း အဋ္ဌမအဆင့်ဆီ တစ်ဝက်ကပ်နေပြီ ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူ အဆင့်တက်ပြီး ရှန့်ထျန်း အဋ္ဌမအဆင့်သို့ရောက်ရန် မလိုတော့ပေ။ ထိုအခြေအနေအရ သူက ရှန့်ထျန်း နဝမအဆင့်သို့ အဆင့်တက်ရန် တစ်နှစ်ဆိုသောအချိန် မလိုလောက်ပေ။
နောက်ထပ်ကြယ်တာရာသားရဲ ကပ်ဘေးမစခင် လေးနှစ်အချိန်ရှိသေး၏။ ဆိုရလျှင် သူက အံ့ဖွယ်ဂိုဏ်၏ အထွတ်အထိပ်သို့ရောက်သွားသည်နှင့် သုံးနှစ်တာအတွက် စာကြည့်တိုက်ထဲတွင် ဆက်လက်နေထိုင်နိုင်ပေလိမ့်မည်။
သုံးနှစ်က လုံလောက်သည်။
ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ရန် ကျင့်ကြံဆင့် မည်မျှ လိုအပ်ကြောင်း သူ မသိသော်ငြား ယဲ့ရှောင်က သူအဆင့်မတက်နိုင်လျှင်တောင် သုံးနှစ်စာစုဆောင်းမှုနှင့် များပြားသည့် တော်ဝင်နည်းစနစ်များဖြင့် နောက်ထပ် ကြယ်တာရာသားရဲကပ်ဘေးရောက်လာချိန်၌ သူ့အသက်ကိုကယ်တင်ရန် လုံလောက်သည်ဆိုတာ ယုံကြည်သည်။
အပိုင်း (၁၄၆) ပြီး၏။