Switch Mode

Chapter – 145

နောက်ဆုံးသော အခြေခံ လက်ဝါး နည်းစနစ်

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၅ နောက်ဆုံးအခြေခံ လက်ဝါးနည်းစနစ်။

” ဟမ်း စီနီယာ နော့ဖစ်။ ခမ်းနားတဲ့ သိုင်းပညာရှင်တစ်ယောက် ”

ကျန်သည့် ကြယ်တာရာသားရဲများသည် တစ်ပြိုင်နက်တည်းနီးပါး အေးစက်သော လေထုများ ရှူရှိုက်မိသွား၏။

သူတို့မျက်လုံးထဲ၌ ပျော်ရွှင်မှုများ ပေါ်လာ၏။

” မဆိုးဘူး ”

ကြက်မွေးဝတ်စုံကို ဝတ်ထားသည့် အမျိုးသမီး ကြယ်တာရာသားရဲတစ်ဦးက ပြုံးပြီး ခေါင်းညိတ်လိုက်၏။

” စီနီယာ နော့ဖစ်က နာမည်ကြီးခဲ့တာ အတော်ကြာပြီ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက သူက အံ့ဖွယ်ဂိုဏ်းရဲ့ နယ်မြေထဲ ခြေချနိုင်ခဲ့တာ။ နောက်ပိုင်းမှာ သူက အံ့ဖွယ်ဂိုဏ်းရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီး အဆင့်တက်ဖို့ တစ်လမ်းဖို့ လိုတော့တယ်။ သူ့ရဲ့ ခန္ဓာခွဲကို အရင်ကယ်တင်နိုင်ခဲ့မယ်ဆိုရင် ပင်မခန္ဓာကို ကယ်တင်ဖို့ နည်းလမ်းတစ်ခုရှိလာမယ်။ အဲ့ဒီအချိန်ကြရင် အထွတ်အထိပ် အံ့ဖွယ်ဂိုဏ်းသိုင်းပညာရှင်တစ်ယောက်ရဲ့ အကူအညီနဲ့ အောင်မြင်နိုင်ချေက ပိုမြင့်သွားဦးမယ် ”

ကြယ်တာရာသားရဲက နှုတ်ခမ်းကွေးတက်သွားပြီးနောက် သူတို့၏ မျက်နှာများ အထက်တွင် စိတ်လှုပ်ရှားသည့် အပြုံးများ စတင်ပေါ်လာတော့၏။

” ရူးမိုက်တဲ့ လူသားတွေက နော့ဖစ်လိုမျိုး အစွမ်းထက်တဲ့ အံ့ဖွယ်ချီရှန်းတစ်ယောက်ကို ချိတ်ပိတ်ဖို့အတွက် နေရာသစ်ဆီ တကယ်ရွှေ့ရဲတယ်ပေါ့။ သူတို့တွေက သူတို့အတွက် ဘာကကောင်းမှန်း တကယ်မသိကြတာပဲ ”

” စီနီယာ နော့ဖစ်က ဘုရင်အေးအ်လို အမှိုက်ကောင်များ သူတို့ ထင်နေတာလား ”

” တော်လောက်ပြီ။ အချိန်ဖြုန်းနေတာ ရပ်လိုက်တော့။ မင်းတို့ရဲ့ ခွန်အားတွေကို အမြန်ပြန်ဖြည့်။ စီနီယာ နော့ဖစ်ကို ကယ်ဖို့အတွက် ကျန်းဟိုင်မြို့ဆီ ငါကိုယ်တိုင် ခရီးတစ်ခေါက် ထွက်လိုက်မယ် ”

” ဒီလိုဆိုမှတော့ ကျိဖုန်းကိုပဲ ဒုက္ခပေးရတော့မှာပဲ ”

ကြယ်အလင်းရောင်အောက်၌ ဝါညိုရောင်အလင်းရောင်သည် ကျန်းဟိုင်မြို့၏ အရပ်မျက်နှာဆီသို့ ပျံသန်းသွား၏။

တစ်ညတာက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မျက်တောင်တစ်ခတ်အတွင်း မိုးသောက်ချိန်ရောက်လာတော့၏။

ယဲ့ရှောင်သည် နံနက်စောစော၌ နိုးလာ၏။ ဂွမ်းစောင်သည် ယခင်ကအတိုင်း တူညီနေသေးဆဲဖြစ်၏။ မြင့်မားလွန်းနေပြီး ပိုပြီး သန်မာသည်ထက် သန်မာလာကာ တဖြည်းဖြည်းချင်း ပိုမြင့်မားလာ၏။ ယခင်က ယဲ့ရှောင် လေ့ကျင့်နေစဥ် ၄င်း၏ အမြင်က အမှန်တကယ် တိုးမလာခဲ့ပေ။ အနည်းငယ်သာ တိုးလာ၏။

အနက်ရောင်ကြေးခွံမြွေ၊ သူတော်စင်တမန်တော်၊ လိပ်နက်၊ ဘုရင်အေးအ်တို့ကို စားပြီးနောက် ပိုပိုပြီး မြင့်လာလေ၏။

ထိုကြယ်တာရာသားရဲများကို စားခြင်းက သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲမှုအချို့ ဖြစ်စေသည်လော။

သို့သော် ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားပြီးနောက် တူညီသည်ဟု တွေးမိလိုက်သည်။

ကြယ်တာရာသားရဲများ၏ သွေးအဆီအနစ်က လူသားများထက် အဆင့်ပိုမြင့်သည်။ လူသားများ၏ သွေးအဆီအနစ်က အားအနည်းဆုံး ဖြစ်သည်။

အစွမ်းထက်သော ကြယ်တာရာသားရဲတစ်ကောင်ကို စားသောက်ပြီးနောက် ယဲ့ရှောင်၏ ကိုယ်ပိုင်သွေးအဆီအနစ်က ဆက်လက် တိုးသွားလိမ့်မည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ် အရည်အသွေးကလည်း ယခင်ကထက် ပိုပြီး ကဏ္ဍပေါင်းစုံ၌ ကောင်းလာတာဖြစ်၏။ ယင်းက ကောင်းမွန်သည့် ကိစ္စတစ်ရပ်ဟူ၍လည်း သတ်မှတ်၍ရသည်။

အကြောင်းမှာ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးအဆီအနစ်တိုးလာသောကြောင့် ယဲ့ရှောင်သည် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်၌ ပိုပြီး သန်မာလာတာပဲဖြစ်သည်။

သွေးအဆီအနစ်က မိုးနှင့်မြေ ဝိညာဥ်စွမ်းအားကို စုပ်ယူခြင်းအတွက်လည်း အလွန်အထောက်အကူ ဖြစ်စေပြီး တိုက်ခိုက်နေစဥ် သူ၏ ခန္ဓာကိုယ် အရည်အသွေးအတွက်လည်း အဆင်ပြေစေ၏။

ယဲ့ရှောင်နိုးလာပြီးနောက် အရပ်ထပ်တိုင်းလိုက်ရာ ၀.၈လက်မ ပိုရှည်လာတာကို ခံစားလိုက်မိ၏။ ယင်းက ယဲ့ရှောင်ကို အနည်းငယ် စိတ်ပူသွားစေသည်။

သူ၏ အရပ်က ဆက်လက်ပြီး ရှည်လာနိုင်မည်လော။ ထိုအချိန်ကျလျှင် သူက ဘီလူးကြီးတစ်ကောင် ဖြစ်လာမည်လော။

ထိုသို့ဆိုလျှင် ဆိုးရွားပေလိမ့်မည်။ သူ ဘီလူးတစ်ကောင်ဖြစ်လာလျှင် ယဲ့ရှောင်၏ ရင်ထဲ အလွန်ရှုပ်ထွေးနေမှာပဲ ဖြစ်၏။ သူက သာမန်လူတစ်ယောက်ဖြစ်သောကြောင့် သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်အချိုးအစားကိုသာ သဘောကျ၏။

သို့သော် ယင်းက အဆင်ပြေလောက်သည်။ ကြယ်တာရာသားရဲများ၏ အသားကို စားသုံးသောကြောင့် သန္ဓေပြောင်းသွားသည့်သူအကြောင်း သူတစ်ခါမှ မကြားဖူးပေ။

တစ်ဖက်တွင်မူ သူက ကြယ်အမြုတေကို တိုက်ရိုက်စားခဲ့လျှင် သူ၏ ခန္ဓာကိုယ်ထဲ၌ ပြောင်းလဲမှုတချို့ရှိလိမ့်မည်။

သို့သော် သူက ကြယ်တာရာအမြုတေကို မစားခဲ့ပေ။

ယဲ့ရှောင်က အနည်းငယ် ချင့်ချိန်လိုက်၏။ မနေ့ညက နော့ဖစ်၏ အသားသည် သူ့ကို ကျင့်ကြံဆင့်၏ တစ်ရာခိုင်နှုန်း ထောက်ပံ့ပေး၏။ ဆိုရလျှင် နော့ဖစ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး တစ်ကောင်လုံး မဟုတ်သေးပေ။ အမှန်တကယ်တော့ အပြည့်အစုံပြောရလျှင် အစိတ်အပိုင်းတစ်ခု၏ အပိုင်းအစသေးသေးလေးသာ ဖြစ်သည်။

သူ၏ ကျင့်ကြံဆင့်ကို တိုးစေသည်ကပင် အတော်လေး ကောင်းနေပြီ ဖြစ်သည်။ အသွင်အပြင်အရ ကြယ်တာရာသားရဲများသည် လူသားများအတွက် အမှန်တကယ် ရတနာများ ဖြစ်နေပုံပေါ်၏။

ကြယ်တာရာအမြုတေများကို ဆေးလုံး ဖော်စပ်ရန်အတွက် အသုံးပြုနိုင်၏။ ကျင့်စဥ်များ ထုတ်ယူရန်အတွက်လည်း အသုံးပြုနိုင်သည်။ ကြယ်တာရာသားရဲအသားကိုလည်း စားနိုင်ကာ ၄င်းကို စားသုံးခြင်းဖြင့် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို အနည်းအကျင်းလည်း တိုးပေးနိုင်၏။

ကြယ်တာရာသားရဲ၏ အမွေး၊ ကြေးခွံ ၊ ဦးချို၊ အရိုး အားလုံးကို လက်နက်အဖြစ် သန့်စင်နိုင်သည်။

နောင်ကြ သူ့ခွန်အားသည် ရှန်းထျန်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်သည့်အချိန်၌ သူက ကြယ်ဆုံသည့် ကောင်းကင် စစ်မြေပြင်သို့ သွားရန် သေချာပေါက် တွေးထား၏။

ယဲ့ရှောင်က အောက်ထပ်သို့ဆင်းပြီး အလုပ်သွားရန် ပြင်ဆင်နေစဥ် သူက အနည်းငယ် မင်သက်သွား၏။ ဆိုဖာပေါ်၌ ၄ပေ ၇လက်မခန့်ရှိသော ကြောင်နှာရွက်ဖြင့် မိန်းကလေးတစ်ဦး လှဲနေသည်။ သူက ဟွမ်လျိုလီပဲ ဖြစ်၏။ သူမက အရပ်နည်းနည်း ပိုရှည်လာသည်။ ပိုအရေးကြီးသည်က ကျင့်ကြံဆင့် တက်သွား၏။

ရှန်းထျန်းစတုတ္ထအဆင့် မဟာချီရှန်းအဆင့် ဖြစ်သည်။

တုံ့ပြန်ပြီးနောက် ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွား၏။

မဆိုးဘူးပဲ။ နဂါးအမျိုးအစား သွေးမျိုးဆက်က ထင်တဲ့အတိုင်းပဲ။

အဆင့်မြင့် ကြယ်တာရာသားရဲအသားများစွာကို စားသုံးပြီးနောက် သူမက လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ လက်ရှိတိုးတက်မှုနှုန်းကို အခြေခံ ကြည့်လျှင် ဟွမ်လျိုလီက အံ့ဖွယ်ချီရှန်းသို့ တက်ရန် သိပ်မလိုတော့ပုံရ၏။ ထိုအချိန်ရောက်လျှင် ယဲ့ရှောင်အပါအဝင် အံ့ဖွယ်ချီရှန်းသိုင်းပညာရှင်နှစ်ဦး ရှိလာလိမ့်မည်။

သူက နော့ဖစ်၏ ချိတ်ကို ဖယ်ရှားသင့်သည်လော။ တူးထုတ်ပြီး တစ်ခုလုံး စားလိုက်ရမည်လော။ ထိုသို့ဆိုလျှင် သူဖြစ်စေ ၊ ဟွမ်လျိုလီဖြစ်စေ နှစ်ယောက်လုံး၏ ကျင့်စဥ်က အနည်းငယ် ပိုတိုးလာလောက်သည်။ သို့သော် ထိုအကြောင်းကို စဥ်းစားပြီးနောက် ယဲ့ရှောင်က အကြံဉာဏ်ကို ငြင်းပယ်လိုက်၏။

နော့ဖစ်ကို ကျန်းဟိုင်တစ်မြို့လုံး၏ ဝိညာဥ်စွမ်းအင်မြင့်တင်ရန်အတွက် အသုံးပြုနေတာ ဖြစ်သည်။ သူက ၄င်းကို တူးထုတ်လိုက်လျှင် ကျန်းဟိုင်မြို့ထဲရှိ လူတိုင်းက ထိုအကြောင်းကြောင့် ဝိညာဥ်စွမ်းအင် ရရှိနိုင်တော့မှာ မဟုတ်ပေ။ ယင်းက အနည်းငယ် လွန်ကဲသွားလိမ့်မည်။

သို့သော်ငြား သိပ်ပြီး စိုးရိမ်ပူပန်နေစရာ မလိုချေ။ နောင်ခါလာ နောင်စျေးသာ ဖြစ်၏။ ယခုအခေါက်တွင် ကြယ်၇လုံးတန်းသောအခါ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများစွာ ထပ်ပြေးသွားသည်။ သူတို့ကို ဖမ်းပြီး အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအားလုံးကို စားခဲ့လျှင် သူတို့၏ ဝိညာဥ်စွမ်းအင်ကို တိုးမြင့်နိုင်မှာပဲ ဖြစ်သည်။

” အိုး သခင် ကျွန်မကို ဘာကြောင့် ကြည့်နေတာ
လဲ ”

ဟွမ်လျိုလီသည် ဆိုဖာပေါ်ကနေ ကြောင်အစွာ ထလာလျက် ကျောဆန့်လိုက်၏။ ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ သူမ၏ အဝတ်အစားပေါ်ရှိ ကြယ်သီးများက လွင့်ထွက်သွား၏။ သူမက လူကောင်ထွားလာသောကြောင့် ဖြစ်သည်။

ယဲ့ရှောင်က သက်ပြင်းချလိုက်မိ၏။ ကြောင်ပေါက်လေးက ကြီးပြင်းလာလေသည်။ ပြီးနောက် သူက အိတ်ထဲကနေ ပိုက်ဆံတချို့ ထုတ်လိုက်၏။

” ငါ အလုပ်သွားဦးမယ်။ ဒါ့အပြင် အဝတ်အစားအသစ်တွေ ဝယ်သင့်ပြီ။ ဒီဝတ်စုံက သေးလွန်းတယ်။ မတော်တော့ဘူး ”

ဟွမ်လျိုလီက ယဲ့ရှောင်လှမ်းပေးသည့် ပိုက်ဆံများကိုကြည့်ပြီး ၄င်းတို့ကို ယူရန် လက်ဆန့်မထုတ်ခဲ့ပေ။

” ဒေါ်လာရာချီလေးနဲ့ ဘယ်အဝတ်အစားကို ဝယ်နိုင်မှာလဲ။ ခြေအိတ်တစ်စုံဝယ်ဖို့တောင် မလုံလောက်ဘူး။ သခင်ဖာသာ သိမ်းထားလိုက်။ ကျွန်မအတွက် အဝတ်အစားဝယ်ဖို့ အွန်လိုင်းက မိတ်ဆွေတွေကိုပဲ ဝယ်ခိုင်းလိုက်မယ် ”

ယဲ့ရှောင်၏ အမူအယာက အနည်းငယ် မကျေမနပ်ဖြစ်သွားလေ၏။

” မင်းအတွက် အဝတ်အစားဝယ်ဖို့ အွန်လိုင်းက သူစိမ်းတွေကို အမြဲတမ်း ခိုင်းမနေနဲ့။ မင်း ဘယ်သူ့ကိုမှ မသိဘူး။ ဘယ်သူ့ကိုမှ တွဲမှာလည်း မဟုတ်ဘူး။ တခြားသူတွေလည်း ပိုက်ဆံရဖို့ ရှာရတာလွယ်တာ မဟုတ်ဘူး။ အားလုံးက အလုပ်ကြိုးစားနေရတာ။ မင်းလုပ်နေတာက သိပ်ကို အကျင့်ပျက်လွန်း
တယ် ”

ဒါနဲ့ ငါ ဖန်းယင်ကြားမှာ ဘာကွာခြားတော့မှာလဲ။ ယဲ့ရှောင်သည် ထိုကဲ့သော အမျိုးသမီးမျိုးကို သိပ်မုန်းတီး၏။ သူက ဟွမ်လျိုလီကို ထိုကဲ့သို့လူမျိုး မဖြစ်စေချင်ပေ။

သူက ကောင်းမွန်သည့် အကျင့်စာရိတ္တကို တွေ့ကြုံပြီး လူ့အသိုင်းအဝိုင်း၏ ပညာရပ်တို့ကို သိသည့်သူ ဖြစ်သည်။ သူ၏ လောက အမြင်က မှန်ကန်သော တန်ဖိုးကို လိုက်ရောညီထွေအောင် လုပ်ရမှာပဲ ဖြစ်သည်။

သူက ဤလောကသို့လာပြီး နှစ်နှစ်ကျော် ကျင့်ကြံခဲ့ပြီး သူက အံ့ဖွယ်ဂိုဏ်းသိုင်းပညာရှင်တစ်ဦးဖြစ်လာသောကြောင့် ဤကဲ့သို့ ပြောတာ မဟုတ်ပေ။ သူက အားနည်းသည့် သာမန်လူကို အနိုင်ကျင့်သည့်သူ ဖြစ်လာလိမ့်မည်။ သူနှင့် လူသားများကို ရန်လိုသည့် မိစ္ဆာကြား ကွာခြားချက် ရှိတော့မည်နည်း။ နောက်ထပ်တစ်ချက် ရှိသေး၏။ ဟွမ်လျိုလီက မပါးနပ်ပေ။ ဟွမ်လျိုလီ အညှာခံရမှာကို သူ စိုးရိမ်လွန်းလှ၏။

ဟွမ်လျိုလီက ပခုံးတွန့်လိုက်၏။

” စိတ်မပူပါနဲ့။ ကျွန်မ ပိုက်ဆံမရှိရင်တော့ ကျွန်မ ထုတ်ကုန်တွေရဲ့ ရောင်းချမှုက စိတ်ချရသေးတယ်။ ချမ်းသာတဲ့ ဒုတိယမျိုးဆက်ကလေးတွေနဲ့ပဲ စကားပြောတာ။ ကျွန်မ သာမန်လူတွေကို မလိမ်မှာ သေချာတယ်။ လူချမ်းသာတွေကိုပဲ လိမ်တာ ”

” လူချမ်းသာတွေရဲ့ ပိုက်ဆံကလည်း အလုပ်ကြိုးစားပြီးမှ ရှာထားရတာတွေ။ မင်း သူတို့ကိုလည်း လိမ်လို့ မရဘူး ”

” ဒါဆို ကျွန်မ သွားခိုးလိုက်မယ် ”

ယဲ့ရှောင်သည် သူ၏ လက်ကို ခါးပတ်ချိတ်ဆီသို့ လှည့်မိသွား၏။ သတ်ဖြတ်လိုစိတ်ဆန္ဒကို ခံစားမိပြီးနောက် ဟွမ်လျိုလီက ကြောက်လန့်လွန်းသောကြောင့် တုန်ယင်သွား၏။ သူမက ချက်ချင်းပင် ဂရုမစိုက်သည့် သွင်ပြင်ကို ဘေးချိတ်ထားလျက် ပိုက်ဆံကို ယူလိုက်သည်။

” သခင် ဒေါသမထွက်ပါနဲ့။ ပြီးမှ လမ်းဘေးစျေးကို သွားပြီး အဝတ်အစားတချို့ ဝယ်လိုက်မယ် ”
ဒီတော့မှ ယဲ့ရှောင်၏ အမူအယာက ပြေလျော့သွားပြီး စာကြည်တိုက်သို့ အလုပ်လုပ်ရန် ထွက်သွားတော့သည်။

သူ စာကြည်တိုက်သို့ ရောက်သည့်အချိန် ယနေ့တွင် နောက်ထပ် လူသစ်သုံးယောက်ရောက်လာ၏။ သူတို့က လေ့ကျင့်မှု ပြီးစီးပြီး အလုပ်စလုပ်နိုင်ပြီ ဖြစ်သည်။ အိုးရန်ယွင်ကျုံးက ယဲ့ရှောင်ဘက်၌ လူတစ်ယောက် စီစဥ်ပေးသည်။

သူမကလည်း အနားယူတော့မည် ဖြစ်၏။ ထို့ကြောင့် ယဲ့ရှောင်၏ လက်အောက်ငယ်သားများထဲမှ နေရာ စီစဥ်ပေးနိုင်သည့်အချက်ကို အခွင့်ကောင်းယူလျက် သူမ၏ နေရာတွင် ထားရှိခဲ့၏။
သို့မှသာ အသုံးပြုရန် တစ်စုံတစ်ယောက် ရှိမှာပဲ ဖြစ်သည်။ အနည်းဆုံးတော့ ယဲ့ရှောင်အဖို့ သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့ ညစ်ပတ်သော အလုပ်များလုပ်ရန် မလိုအပ်တော့ချေ။

ယဲ့ရှောင်က စတုတ္ထအလွှာသို့ ရောက်လာ၏။ သူ့နေရာသို့ ရောက်ရှိပြီးနောက် အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသမီးက သူ့ရှေ့ ချက်ချင်းရောက်လာပြီး မတ်မတ်ရပ်နေ၏။

သူမ၌ ဘဲဥပုံမျက်နှာ၊ ဆံပင်တိုတိုနှင့် အရပ်၅ပေ ၅လက်မခန့် ရှည်၏။ သူမက အလွန်အရည်အချင်းရှိပြီး မတ်မတ်ရပ်နေလေသည်။ အရှိန်အဝါက မလျော့ပေ။ သူမက ချင်ယွိယန်နှင့် ယှဥ်နိုင်ပေ၏။

” တွေ့ရတာ ဝမ်းသာပါတယ် ကြီးကြပ်သူ ”

ယဲ့ရှောင်က ခေါင်းညိတ်ပြီး တစ်ဖက်သူကို တစ်ချက်ကြည့်လိုက်၏။ သူက အနည်းငယ် အံ့သြသွားတော့သည်။

ဟို့ထျန်းဆဌမအဆင့် ဟို့ထျန်းသတ္တမအဆင့်သို့ ရောက်ခါနီးပင် ဖြစ်သည်။ ထိုသူက အတော်လေး အရည်အချင်း ရှိပေ၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်ထဲမှာ သတ်ဖြတ်လိုစိတ် ခပ်ဖျော့ဖျော့ ဖြာထွက်နေ၏။ သူမသည် ကြယ်တာရာသားရဲများစွာကို သတ်ခဲ့သည်။ သူမက ကြယ်ဆုံသော စစ်မြေပြင်က အနားယူခဲ့သူ ဖြစ်နေမည်လော။

မဟုတ်လောက်ပေ။ ယဲ့ရှောင်သည် သူမ သွေးထဲရှိ သွေးဆာလောင်မှုအရှိန်အဝါကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ ယင်းက သိပ်မများပေ။ ကျားနတ်ဆိုးနှင့် အနည်းငယ် တူပြီး ကျားနတ်ဆိုးတစ်ကောင် မဟုတ်ပေ။ ထိုခံစားချက်က သူမသည် ယခင်က ကြယ်တာရာအမြုတေတစ်ခုကို စားခဲ့တာ ဖြစ်၏။

ကြယ်တာရာအမြုတေကို တိုက်ရိုက် မြိုချ၍ မရပေ။ ကြယ်တာရာအမြုတေက ကြယ်တာရာသားရဲ၏ အသားနှင့် မတူညီပေ။ အမြုတေက ကြယ်တာရာသားရဲ၏ အဆီအနစ် ဖြစ်သည်။ တစ်ချိန်တည်းတွင် ကြမ်းတမ်းသည့် ကြယ်တာရာသားရဲတစ်ကောင်၏ ကြမ်းတမ်းပြီး သွေးဆာလောင်သော ခံစားချက်လည်း ပါဝင်နေသည်။

၄င်းကို လူသားတစ်ယောက် စားသုံးသည်နှင့် လူသားစစ်စစ်သည် သွေးဆာသည့် ကြယ်တာရာသားရဲ အပြည့်အဝ မြိုတာ မခံရခင်အထိတဖြည်းဖြည်းချင်း သားရဲလူသားအဖြစ် ပြောင်းလဲသွားလိမ့်မည်။ နောက်ဆုံးတွင် ဆင်ခြင်တုံတရား ဆုံးရှုံးသွားသည့် ကြယ်တာရာသားရဲတစ်ကောင်အဖြစ် အပြည့်အဝ ပြောင်းလဲသွားလိမ့်မည်။

သူ့ရှေ့ရှိလူက ပြောပြရန် ဇာတ်ကြောင်းတစ်ခု ရှိနေပုံပေါ်၏။

” မင်းရဲ့ နာမည်ကဘာလဲ ”

” ကြီးကြပ်သူကို အကြောင်းပြန်ပါတယ်။ ကျွန်မနာမည်က ယန်ရှီးပါ။ ကျွန်မက အငြိမ်းစား စစ်သည်ပါ ”

ထင်သည့်အတိုင်း သူ၏ ခန့်မှန်းချက်က မှန်ပေ၏။

” စာကြည့်တိုက်မှာ အလုပ်သိပ်မများဘူး။ ညတိုင်း ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ရုံပဲ။ အလုပ်မဆင်းခင် စာအုပ်တွေ နေရာကျပြီလားဆိုတာ စစ်ကြည့်။ ပျက်စီးနေလား .. စစ်။ ငှားသွားတဲ့ စာအုပ်တွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း စာရင်းသွင်းရမယ်။ ကျန်တဲ့အချိန် လွတ်လွတ်လပ်လပ် နေလို့ရတယ်။ လွတ်လွတ်လပ်လပ်နေလို့ရတာက ငါတို့ရဲ့ နေရာလေးထဲမှာပဲ။ အလုပ်ချိန်အတွင်း ဒီနေရာကနေ အကြာကြီး ထွက်မသွားနဲ့ ”

” ဟုတ်ကဲ့။ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ကြီးကြပ်သူ ”

” ကောင်းပြီ ဘာမှမရှိတော့ဘူး။ မင်းက ဒီကို ရောက်ခါစပဲ။ စာအုပ်တွေ အရင်စီပြီး မင်းဘာ့သာမင်း အသားကျအောင် လုပ်လိုက်ဦး ”

” ဟုတ်ကဲ့ ”
ယန်ရှီးက စာအုပ်များကို သွားစီ၏။ သူမ၏ ပုံစံက အရည်အချင်းရှိပုံပေါ်သည်။ ကြယ်ဆုံသော စစ်မြေပြင်သို့ သွားခဲ့သည့် အငြိမ်းစား စစ်သားတစ်ဦးဟူသည် ထင်သည့်အတိုင်းပင် ထိုကဲ့သို့ အရည်အချင်း ရှိသည့်ပုံစံက သာမန် လူများ လုပ်နိုင်သည့် အရာမဟုတ်ပေ။

ယဲ့ရှောင်က အမျိုးသမီးကို အာရုံသိပ်မစိုက်ပေ။ သူက အမျိုးသမီးကို ကြည့်တောင်ကြည့်မနေပေ။ လက်ရှိစိတ်ဝင်စားမှုက ဖတ်မည် စားမည် အိပ်မည်။ ကြယ်တာရာသားရဲများကို တိုက်ခိုက်မည်။

သို့သော် သူသည် ယနေ့ရောက်ခါစ၌ သူမထင်ထားသည့်အရာတစ်ခု ရှိသည်။ သူက ပထမစာအုပ်ကို ဖတ်ခါစ၌ နောက်ဆုံးအခြေခံလက်ဝါးနည်းစနစ်ကို ရှာတွေ့သွားသည်။

” အမ်း ”
ရွှေရောင်စာအုပ်၏ စိတ်လှုပ်ရှားမှုကို ခံစားမိပြီး ယဲ့ရှောင်က အနည်းငယ် မင်သက်သွားသည်။

” ယန်ရှီလား .. ဒါမှမဟုတ် ကံကောင်းစေတတ်တဲ့ ရွှေငါးလေးလား ”

အပိုင်း ၁၄၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset