Chapter – 14
အပျက်အစီးပုံ၏ အဆုံးတွင် ရှေးဟောင်း ဂူ ဘုရားကျောင်းလေးက ပေါ်ထွက်လာသည်။ တိတ်ဆိတ်ကာ သေးငယ်ပြီး အထူးတလည် ခမ်းနားနေခြင်း မရှိချေ။ ရှေးဟောင်း ခန်းမတစ်ခုသာလျှင် ဖြစ်ပြီး အတွင်းပိုင်းတွင် ထူထဲသော ဖုန်အပြည့်တက်နေသည့် ကျောက်တုံးဗုဒ္ဓ ရုပ်ပွားတော်ကြီး တစ်ခုရှိသည်။ မတ်တပ်ရုပ်ပွားတော် ပုံသဏ္ဌာန်ရှိနေခြင်း ဖြစ်ပြီး ဘေးဖက်တွင်မူ အလင်းရောင် ထုတ်လွှင့်နေသော ရှေးဟောင်း ကြေးနီရောင် မီးအိမ်တစ်ခုကို မြင်နိုင်သည်။
ရှေးဟောင်း ဂူဘုရားကျောင်း၏ ရှေ့မှာ ခမ်းနားလွန်းသော ဗောဓိသစ်ပင်ကြီး ရှိနေသည်။ အလွန်အမင်းကြီးမားပြီး လူခြောက်ယောက် ခုနှစ်ယောက်ပင် ဝိုင်းပတ်လျှင်ပင် မလုံလောက်သေးချေ။ ရှေးဟောင်းပင်စည်ကြီးက အခေါင်းပေါက်ရှိပြီး အရွက်စိမ်း ငါးရွက် ခြောက်ရွက်ခန့် ကျန်ရစ်ခြင်းကြောင့်သာမဟုတ်လျှင် ခြောက်ကပ်သေနေပြီ ဖြစ်ကြောင်း သိနိုင်လိမ့်မည် မဟုတ်ချေ။
ရှေးဟောင်း ဂူဘုရားကျောင်းနှင့် ဗောဓိရှေ့ဟောင်းညောင်ပင်ကြီးက ကပ်လျက်ရှိနေခြင်းဖြစ်ပြီး လေထုက ရှေးကျလွန်းသည်။ ထိုခံစားချက်ကပင် အချိန်ကာလကို ကျော်ဖြတ်သွားပြီး အဆုံးအစမဲ့သော ငြိမ်သက်မှုနှင့် ရှေးဆန်မှုကို ခံစားလိုက်ရစေသည်။
သူတို့က ထိုနေရာသို့ ရောက်သွားသောအခါ မှင်သက်မှုကို မည်သူကမှ မထိန်ချုပ်နိုင်ကြတော့ချေ။ သူတို့၏ အနောက်တွင် ခမ်းနားပြီး ကျယ်ပြောသည့် ရှေးဟောင်း နန်းတော်များ ရှိခဲ့ပြီး ယခုမူ အပျက်အစီးပုံအဖြစ် ပြောင်းသွားသည်။
သို့သော် ထိုသေးငယ်သော ရှေးဟောင်း ဂူဘုရားကမူ တည်ရှိနေသေး၏။ ၄င်းက လူအများကို တည်ငြိမ်သောခံစားချက်ကို ပေးပြီး သဘာဝနှင့် ဆက်စပ်မိသွားသလို ခံစားချက်မျိုးကို ရစေသည်။
” ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီးတဲ့ ရှေးဟောင်းဂူဘုရားက ရှိနေရတာလဲ။ ”
” ဗောဓိ ရှေးဟောင်းသစ်ပင်မှာ အရွက်နည်းနည်းဘဲ ကျန်တော့တယ်။ နောက်ပြီး သလင်းသားတွေလောက် ကြည်လင်တဲ့ အစိမ်းရောင်အလင်းကို လွှင့်ထုတ်နေသေးတယ်။ ဗောဓိ ရှေးဟောင်းသစ်ပင်က ဗောဓိသစ်ပင်လို့ ခေါ်ပြီး ဗုဒ္ဓဘာသာဝင်များနှင့် လေးနက်သော ဆက်ဆံရေးရှိတယ် .. ။ ”
ဒဏ္ဍာရီလာအရ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကာလတွင် ဂေါတမမြတ်စွာဘုရားက ဗောဓိ ရှေးဟောင်းသစ်ပင်အောက်တွင် ဉာဏ်အလင်း ပွင့်သွားခဲ့ပြီး ဗုဒ္ဓဘုရား ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဗောဓိ ရှေးဟောင်းသစ်ပင်က ရှေးဟောင်း ဂူဘုရားကျောင်းနှင့် ကပ်လျက်ရှိနေပြီး အဖော်ပြုပေးနေသလို ဖြစ်နေရာ နှစ်ခုလုံးက ထူးခြားပြီး လူအများကို မှင်သက်စေသော ခံစားချက်မျိုးကို ရသည်။
” ဘာလို့ သမိုင်းရဲ့ ရှည်လျားလျက်ရှိတဲ့ မြစ်က စီးဆင်းနေဆဲဘဲလို့ ခံစားနေရတာလဲ။ ငါ့ရဲ့ရှေ့က အရာအားလုံးက ငါ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကို ပြန်မြင်ယောင်စေသလိုမျိုးဘဲ။ သမိုင်းထဲက ကိစ္စတွေကိုတောင် ကိုယ်တိုင်ကြုံတွေ့လိုရသလို ခံစားလိုက်ရတယ်။”
မီတာငါးဆယ် အကွာအဝေးက အလွန်တိုသည်။ လူအုပ်က ချက်ချင်းလိုလို အနားသို့ ရောက်သွားပြီး ထူးဆန်းသော ခံစားချက်ကလည်း နှလုံးသားထဲတွင် မွှေနှောက်နေသလို ဖြစ်တည်လာသည်။ အိုမင်းသော ရှေးဟောင်းပန်းချီကား တစ်ချပ်ကို မြင်ရသလို ခံစားချက်မျိုးဖြစ်ပြီး လေထုအတွင်း ပြည့်နက်နေသည်။
” ဒါက နတ်ဘုရားတွေ နေထိုင်သွားတဲ့ ဂူ ဘုရားကျောင်းလို အရာလား။ ”
” ဒီလောကမှာ တကယ်ဘဲ ဗုဒ္ဓဘုရားက ရှိနေတာလား။ဒီရှေးဟောင်း ဂူဘုရားကျောင်းက ကန္တာရ နယ်မြေလို နေရာမျိုးမှာ ရှိနေပေမဲ့လည်း အရမ်းကို ငြိမ်သက်အေးချမ်းပြီး တိတ်ဆိတ်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေတာဘဲ။”
ရှေးဟောင်း ဂူဘုရားကျောင်းက တိတ်ဆိတ်နေပြီး ငြိမ်းချမ်းအေးဆေးမှုသာ တည်ရှိနေခြင်းဖြစ်သည်။
” ကြေးနီရောင် ကဗျည်းလည်း ရှိတယ်။ အဲ့ဒီမှာ စာတွေ ရှိတယ်။ ”
တိတ်ဆိတ်ကာ ကွဲထွက်နေသည် ဆိုသော ခံစားချက်မျိုးကို ပေးစွမ်းသည့် ရှေးဟောင်း ဘုရားကျောင်းကြီးတွင် သံချေးများတက်နေသည့် ကြေးနီရောင် ကဗျည်းအသေး တစ်ခုရှိနေသည်။
ယင်းအပေါ်တွင် ရှေးစကားလုံးဖြင့် စကားလုံး လေးလုံးကို ရေးထွင်းထားသည်။ နဂါးများ မြွေများက ရစ်ပတ်နေသလိုမျိုးပင် အရှိန်အဝါ ကြီးမြတ်လွန်းပြီး ကျန်းဆိုသည့် အဓိပ္ပါယ်က အဆုံးအစမဲ့နေသည်။ ထို့အပြင် ရှုပ်ထွေးကာ ခက်ခဲလွန်းပြီး အဓိပ္ပါယ်ဖော်ရန် ရှုပ်ထွေးသည့်တိုင်အောင် ပထမဦးဆုံးစကားလုံးက “သ” ဖြစ်ကြောင်း မှတ်မိလွယ်သည်။
လူအများစုက ထိုစကားလုံးကို မှတ်မိနိုင်သည်။ သို့သော် အဓိပ္ပါယ် အပြည့်အဝ ဖော်ရန် ခက်ခဲသည်။
” နောက်ဆုံးစကာလုံးက ဘုရားကျောင်းဘဲ။”
ကျိုးရင်က ကျုံးသင့်ကျမ်းစာကို အဆင့်တစ်ခုအထိရောက်အောင် နားလည်နိုင်စွမ်းရှိသဖြင့် နောက်ဆုံးစကားလုံးကို မှတ်မိလိုက်သည်။
” ဒီစကားလုံး လေးလုံးက မဟာ မိုးသောက်မုန်တိုင်းဘုရားကျောင်း ဆိုတာဘဲ။ ”
ထိုအချိန်တွင် ယဲ့ဖန်းက ဖတ်ပြလိုက်သည်။ လူတိုင်းက အံ့ဩသွားပြီး မယုံကြည်နိုင်သလို ဖြစ်သွားပြန်သည်။
“မဟာ မိုးသောက်မုန်တိုင်းဘုရားကျောင်း … မဟာ လဲ့ယင် ဘုရားကျောင်း … ငါ နားကြားများ မှားတာလား။”
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
ဒဏ္ဍာရီအရ မဟာ လဲ့ယင် ဂူဘုရားကျောင်းက ဗုဒ္ဓဘုရား သတင်းသုံးရာနေရာ ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်များအတွက် အဆင့်လွန် တော်ဝင်နယ်မြေကြီး ဖြစ်သည်။
သို့ရာတွင် သူတို့အရှေ့ရှိ ငြိမ်သက်အေးချမ်းပြီး ကွဲထွက်နေသည်ဆိုသော ထူးခြားသည့်ခံစားချက်မျိုးကို ပေးစွမ်းသည့် ဂူဘုရားကျောင်းကမူ သေးငယ်လွန်းသည်။ ထို့ပြင် အထူးတလည် ခမ်းနားမှုမျိုးလည်း မရှိချေ။ ဤအတိုင်း ရှေးဟောင်း ဂူဘုရားကျောင်းနှင့်သာတူသည်။ သို့သော် မဟာ လဲ့ယင်ဂူဘုရားကျောင်း ဟုခေါ်နေသည်။
အခေါင်းကိုဆွဲသော နဂါးကိုးကောင်၏ အလောင်းကို မျက်မြင်တွေ့ကြုံပြီးနောက် လူတိုင်းကလည်း ဆိုးရွားစရာအတွေ့အကြုံကို ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူတို့က နတ်ဘုရားများ၏ တည်ရှိမှုကိုလည်း ယုံကြည်လုနီးပါး ဖြစ်နသည်။
ထိုအချိန်တွင် အနည်းငယ်သာ ပို၍အံ့ဩသွားရသည်။ မားစ်ပေါ်မှ ရှေးဟောင်း ဂူဘုရားကို မဟာမိုးသောက်မုန်းတိုင်းဘုရားကျောင်း ဟု ခေါ်သည်။
ဒါက ဘာကိုဆိုလိုတာလဲ။
ဖြစ်နိုင်တာက ရှေးခေတ်သမိုင်းတွေ ဒဏ္ဍာရီတွေကို နားလည်သဘောပေါက်နိုင်စွမ်း တစ်ဆင့်မြင့်သွားတာလား။ ဒါမှမဟုတ် လျှို့ဝှက်ဆန်းကျယ်တဲ့ ပိတ်ဆို့ကာကွယ်ထားခံရတဲ့ အဲ့ဒီ သမိုင်းမှတ်တမ်းက တဖြည်းဖြည်းချင်း ပုံပေါ်လာတာလား။
” ဗုဒ္ဓဘုရား တရားဟောကြားတဲ့အသံက မိုးချုန်းသံလိုဘဲ ခမ်းနားထည်ဝါတယ်တဲ့။”
ထိုအရာက မဟာ မိုးထစ်ချုန်း ဘုရားကျောင်း ဖြစ်သည်။ သူတို့အရှေ့ရှိ ရှေးဟောင်းဂူဘုရားကျောင်းကြီးက ဒဏ္ဍာရီထဲမှ နေရာတစ်ခု ဖြစ်နိုင်သည်။
ခန့်မှန်းမှုကသာ မှန်ကန်လျှင် ထိုအချက်က အံ့အားသင့်စရာ ကောင်းလွန်းနေသေးသည်။ မားစ်ပေါ်တွင် နီညိုရောင် မြေဆီလွှာနှင့် ကျောက်စရစ်ခဲများ ဖုံးလွမ်းနေသော်လည်း ရှေးဟောင်း ဂူဘုရားကျောင်း တစ်ကျောင်းရှိပြီး ထိုနေရာ၏ ဇစ်မြစ်က မှင်သက်ဖွယ်ကောင်းလွန်းသည်။
လူအများက ကြည့်လေလေ ထိုရှေးဟောင်း ဂူဘုရားကျောင်းကြီးက ထူးခြားလွန်းသည်ဟု ခံစားရလေလေဖြစ်လာသည်။
သူတို့၏ အနောက်မှာ ကောင်းကင်နန်းတော်က အလွန်အမင်း ခမ်းနားလွန်းကာ ကျယ်ပြောပြီး အဆင့်တန်းမြင့်မားသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ သို့သော် အဆုံးတွင် ဖျက်ဆီးခံရပြီး ပျက်စီးပုံအဖြစ်သာ ကျန်ရစ်ခဲ့သည်။ ထိုရှေးဟောင်းဂူဘုရားကျောင်းကြီးကမူ အပျက်အစီးပုံနှင့် တူနေသော်လည်း မားမတ်စွာ တည်ရှိနေသေးပြီး ထူးဆန်းသော အရှိန်အဝါကို လွှတ်ထုတ်နေပြန်သည်။
ဗောဓိသစ်ပင်က အဖော်ပြုထားပြီး ရှေးဟောင်း ဗုဒ္ဓမီးအိမ်က ပဲစေ့မျှသော အလင်းကို လွှတ်ထုတ်ပေးနိုင်သေးသည်။ အရာအားလုံးက ပြောင်ရှင်းပြီး ငြိမ်သက်အေးချမ်းနေသည်။ သို့တိုင်အောင် အချိန်၏ တိုက်စားမှုနှင့် မုန်တိုင်းများအားလုံးကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ နောက်ဆုံးကျန်ရစ်ခဲ့သောအရာက အမှန်တရားဖြစ်ပြီး ဖြတ်သွားသော တိမ်စိုင်တစ်ခုကဲ့သို့ပင် ထင်ရသည်။
မီးအိမ် တစ်ခု၊ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၊ ဘုရားကျောင်း တစ်ကျောင်း … ထို့နောက် အထိကရ သစ်ပင်ကြီးတစ်ပင်က ဤလောက၌ ထာဝရတည်မြဲနေပေလိမ်မည်။
အရာအားလုံးက မင်္ဂလာရှိပြီး အေးချမ်းတိတ်ဆိတ်လွန်းနေသည်။ လူတိုင်းက နွေဦးလေပြည်၏ လွမ်းမိုးခြင်းကို ခံရသလိုမျိုး ခံစားနေရပြီး ဗုဒ္ဓကျမ်းစာ ရွတ်ဖတ်သံများကိုပင် ကြားလိုက်ရသလို ခံစားလိုက်ရသည်။
” ဒါက တကယ်ဘဲ ဒဏ္ဍာရီထဲက မဟာမိုးသောက်မုန်တိုင်းဘုရားကျောင်းဆိုရင် ဒီအရှေ့က သစ်ပင်က ဂေါတမဗုဒ္ဓက ဉာဏ်အလင်းပွင့်သွားတယ်ဆိုတဲ့ ဗောဓိသစ်ပင်ပေါ့။”
” ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ဒီတိုင်းချဲ့ကားလွန်းတဲ့ ဒဏ္ဍာရီတစ်ခုဘဲ မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာက ဂေါတမဗုဒ္ဓက မားစ်ဂြိုလ်ပေါ်က ရှေးဟောင်းသစ်ပင်ကြီးရဲ့အောက်မှာ ခုနစ်ရက် ခုနစ်ညတိုင်တိုင် ကျင့်ကြံပြီး ဗုဒ္ဓဖြစ်လာခဲ့တယ်လို့ ထင်လား။”
” ငါတို့ လက်ရှိ တွေ့ကြုံနေရတဲ့ အခြေအနေ အတွေ့ကြုံတွေအရ မဖြစ်နိုင်တာ မရှိတော့ဘူးဘဲ။”
လူတိုင်းက တစ်ယောက်တစ်ပေါက် ပြောနေကြသည်။ လူတိုင်းက ယနေ့တွင် ကိစ္စပေါင်းများစွာကို တွေ့ကြုံခဲ့ရပြီး အားလုံးက အိမ်မက်နှင့်တူနေသည်။ သို့သော် ယင်းက အမှန်တရား ဖြစ်နေသည်။
ထိုအချိန်တွင် ယဲ့ဖန်းက ရုတ်တရက် ရှေ့တက်လိုက်သည်။ ဖန်းပေါ်ကလည်း ဘေးမှ ကပ်လျှောက်သည်။ သူတို့နှစ်ယောက်လုံးက ရှေးဟောင်း ဂူဘုရားထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။
တစ်ချိန်ထဲမှာဘဲ ကျုံးရင်ကလည်း ခပ်မြန်မြန် လိုက်ပါလာသည်။ ဝမ်ကျစ်ဝမ်ကလည်း အနောက်မှ အနီးကပ်လိုက်လာပြီး ရှေးဟောင်း ဂူဘုရားကျောင်း အတွင်းသို့ဝင်သည်။
သူတို့၏နောက်မှ လျိုယွမ်ကျစ်က တစ်စုံတစ်ရာကိုတွေးမိပြီး မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး နောက်မှ အလျင်အမြန်လိုက်သည်။ အခြားသူများကလည်း အိမ်မက်မှ နိုးလာသလို ဖြစ်လာကြသည်။
ဤသည်က မဟာမိုးသောက်မုန်တိုင်းဘုရားကျောင်းဆိုလျှင် နတ်ဘုရားများ သီတင်းသုံးရာ နေရာဖြစ်ပေလိမ့်မည်။ ဖုန်းများ အလုံးလိုက်အုပ်နေပြီး ကန္တာရသဖွယ် တိတ်ဆိတ်နေသည့်တိုင် အလွန် ထူးခြားလွန်းသော နေရာလည်း ဖြစ်နေခဲ့သေးသည်။
ရှေးဟောင်း ဂူဘုရားကျောင်းက အလွန်ကျဥ်းသည်။ ဗုဒ္ဓရုပ်ပွားတော် တစ်ခုသာရှိပြီး ခန်းမတစ်ခုလည်း ရှိသည်။ အားလုံးက ပြောင်ရှင်းနေသည်။ ဘာမှမရှိလုနီးပါ ဖြစ်နေသည်။
ယဲ့ဖန်းက တိုက်ရိုက်လျှောက်သွားပြီးနောက် ကြေးနီရောင် မီးအိမ်ကို ကောက်ကိုင်လိုက်သည်။
ကြေးနီရောင်မီးအိမ်က သာမန်မျှသာဖြစ်ပြီး ရိုးရှင်းသည်။ မည်သည့် အဆင်တန်ဆာမှလည်း မရှိချေ။
ထိတွေ့လိုက်သည့်အခါ နွေးထွေးသည့်ခံစားချက်ကို ပေးသည်။ အေးစက်မာကျောသော သတ္ထု၏ ခံစားချက်ကို မရချေ။
ထိုအစား နွေးထွေးသော ကျောက်တုံးတစ်တုံးကို ကိုင်ရသလို ခံစားချက်မျိုးကိုသာ ပေးသည်။ ထို့အပြင် ပို၍အံ့ဩစေသောအချက်က ရှေးဟောင်းဂူ ဘုရားကျောင်းက ဖုန်အပြည့်ဖြစ်သော်လည်း မီးအိမ်တွင် ဖုန်မရှိခြင်း ဖြစ်သည်။
ဂူ ဘုရားကျောင်းက မသန့်ရှင်းနိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်ပြီး ဖုန်များက အပြည့်ကပ်နေသော်လည်း ရှေးဟောင်း မီးအိမ်ပေါ်တွင် ဖုန်မရှိနေခဲ့ချေ။ ထို့ပြင် တလက်လက် တောက်ပနေသေးသည်။ ယဲ့ဖန်းက အံ့ဩသွားသည်။
ဒါက ရှေးခေတ်အချိန်ထဲကနေ ခုအချိန်အထိ မီးလင်းနေတာများလား။
” တကယ်ကို သန့်ရှင်းနေတာဘဲ။ ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်နဲ့ ကြေးနီရောင်မီးအိမ်ကလွဲပြီး အခြားဘာမှမရှိဘူး။ ”
ဖန်းပေါ်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး နှလုံးသားအပြည့်ဖြင့် ထောက်လှမ်းရသွားသည်။ သူက အခြားပစ္စည်းများကို ရှာမနေတော့ချေ။ ထိုအချိန်တွင် အနောက်မှ ကပ်လိုက်လာသော ကျိုးရင်က ဖုန်များပေါ် တက်နင်းမိပြီး ခြေလှမ်းသံထွက်လာသည်။ ထို့နောက် သူက နွမ်းပါးသော ဖလားခွက် တစ်ခုကို တွေ့လိုက်ရသည်။
တစ်ချိန်ထဲတွင် လျိုယွမ်ကျစ်တို့ အားလုံးကလည်း ဂူ ဘုရားကျောင်းထဲသို့ ဝင်ရောက်လာပြီဖြစ်သည်။ လူတိုင်းက အသံမထွက်ကြဘဲ တိတ်တဆိတ် ရှာဖွေနေကြသည်။ အစပိုင်းတွင် သူတို့က အတွေး မလွန်ရဲချေ။ သို့သော် ရှေးဟောင်း ဂူဘုရားကျောင်းကို မသေချာမရေရာမှုနှင့်သာ စောင့်ကြည့်နေလိုက်ကြသည်။ သူတို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီး ကိစ္စများကို တွေးတောသုံးသပ်ပြီးနောက် ကမ္ဘာပေါ်တွင် မဟုတ်တော့ကြောင်း သိလိုက်ရသည်။
သို့သော် ယဲ့ဖန်းက ပထမဦးစွာ လှုပ်ရှားသောအခါမှ သူတို့က ရုတ်တရက် အသိဝင်လာပြီး သူတို့က အခြားသောဂြိုလ်တစ်ခုပေါ်သို့ ရောက်နေပြီး ကြီးမားသော ရှေးဟောင်း မဟာ မိုးသောက်မုန်တိုင်း ဂူဘုရားကျောင်းကို တွေ့နေရကြောင်း သိလိုက်ရလေသည်။
ထိုနေရာက ဒဏ္ဍာရီလာ ဗုဒ္ဓ ဘုရား သီတင်းသုံးခဲ့သောနေရာ ဖြစ်နိုင်သေးသည်။ ထို့ကြောင့် ဘုရားက ချန်ရစ်ထားခဲ့သောပစ္စည်းများ ရှိနိုင်နေသေးသည်။
ရှေးဟောင်းဘုရားကျောင်းအတွင်းတွင် ယဲဖန်းက ဖုန်တစ်စပင် မရှိသော ကြေးနီရောင်မီးအိမ်ကို ကိုင်ထားသည်။ မီးအိမ်မှ ညင်သာသောအလင်းက လွှင့်ထုတ်နေပြီး ဂူဘုရားတစ်ခုလုံးကို တောက်ပလာစေသည်။
ရုတ်တရက် ယဲ့ဖန်းက သူ၏ နားထဲတွင် ဗုဒ္ဓဘုရား စာ ရွတ်ဖတ်သံများကို ခပ်ယဲ့ယဲ့ ကြားလိုက်ရသည်။
ထိုအသံက ကောင်းကင်က လာသလို ထင်ရသည်။ အစပိုင်းတွင် သူက ထင်ယောင်ထင်မှား ဖြစ်သည်ဟုသာ ထင်ခဲ့သည်။ သို့သော် ဗုဒ္ဓဘုရားစာ ရွတ်ဖတ်သောအသံက ကျယ်သည်ထက် ကျယ်လာပြီး ဘုရားကျောင်းတစ်ခုလုံးလည်း ပြည့်နှက်သွားသည်။
အလွန်တည်ငြိမ်ပြတ်သားကာ အဆင့်မြင့်မားပြီး မြင့်မားသည်ထက် မြင့်မားသွားသည်။
ထို့နောက် ဘုရားထဲရှိ ဖုန်မှုန့်များက ပျောက်ကွယ်သွားပြီး မည်သည့် ဖုန် အညစ်အကြေးမှ မကျန်တော့ချေ။ အရာအားလုံးက သန့်ရှင်းသွားသည်။ သို့သော် ရွတ်ဆိုနေသောအသံကမူ အသံ ခြောက်သံ ဖြစ်နေသည်။
” ဝမ်၊ မာ၊ နီ၊ ဟာ၊ မီ၊ ဟန် …။ ”
အပိုင်း ၁၄ ပြီး၏။