Switch Mode

Chapter – 144

စီနီယာ ဓားမော့ ဓား ၀ိဇ္ဇာ ခင်ဗျား ဘယ်လောက် သန်မာလဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၄ စီနီယာဓါးမော့ဓါးဝိဇ္ဇာ ခင်ဗျား ဘယ်လောက်သန်မာလဲ။

ယဲ့ရှောင်အလုပ်ပြီးချိန်တွင် နေဝင်နေပြီဖြစ်သည်။

သူ၏ ခွန်အားကို သုံးခဲ့ပြီး အံ့ဖွယ်ဂိုဏ်း၏ အစွမ်းထက်သည့် သံလိုက်စက်ကွင်းအာနိသင်က ကင်မရာများ မလည်ပတ်စေနိုင်သော်ငြား သူအလုပ်လုပ်တာ မြန်ဆန်လွန်းနေလျှင် ကျန်သည့်သူများ၏ အာရုံစိုက်မှုကိုလည်း ရသွားနိုင်၏။

ပစ္စည်းများကို သပ်ရပ်အောင်ထားပြီးနောက် ယဲ့ရှောင်သည် သိုလှောင်လက်စွပ်ထဲ စာအုပ်တော်တော်များများကို သိမ်းထားလိုက်၏။ သူ အိမ်သို့ ပြန်ရောက်သည့်အခါ ညအချိန်၌ စာအုပ်များ ဆက်ဖတ်နိုင်သည်။

နောက်နေ့နံနက်စောစော၌ စာအုပ်များ ပြန်ထားလိုက်မှာပဲ ဖြစ်သည်။

သိုလှောင်လက်စွပ်ရှိချိန်မှစပြီး ယဲ့ရှောင်က သူ့အတွက် ကိစ္စများက ပိုအဆင်ပြေလာမှန်းသဘောပေါက်သွားတော့၏။

စာကြည့်တိုက်ဝင်ပေါက်မှ ထွက်လာပြီးနောက် ယဲ့ရှောင်သည် အိမ်ပြန်တော့မည့်အချိန်တွင် ရုတ်တရက် စာကြည့်တိုက်ဝင်ပေါက်ရှိ ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုအောက်မှ ထိတ်လန့်ဖွယ်ကောင်းသော သွေးဆာလောင်သည့် အငွေ့အသက် ပေါ်ထွက်လာ၏။

ယဲ့ရှောင်က မင်သက်သွားတော့သည်။ သူက ရုပ်ထု၏ မြေအောက်ကနေ အနက်ရောင်ကြေးခွံမြွေကဲ့သို့ ကြီးမားသည့် လက်တံတစ်ခုက ထွက်လာတာကို တွေ့လိုက်ရ၏။

” ဟား ဟား ဟား ဟား။ နောက်ဆုံးတော့ ပင်မခန္ဓာက ပေါ်ထွက်လာပြီ။ ပင်မခန္ဓာထွက်လာပြီ ”

” ရှောင်လင်ရေ ပင်မခန္ဓာရဲ့ အမျက်ဒေါသကို ခံစားဖို့သာ စောင့်နေလိုက် ”

” အနှစ် ၃၀၀ကျော် ဖိနှိပ့်ခံထားရပြီး ပင်မခန္ဓာကို ရှောင်လင် တပည့်တွေအားလုံးရဲ့ သွေးကို အသုံးပြုပစ်မယ်။ ပြီးတော့ ဒီကျန်းဟိုင်မြို့ ပင်မခန္ဓာက ကျန်းဟိုင်မြို့ရဲ့ သွေးကို မြစ်တစ်စင်းလို စီးအောင် လုပ်ပစ်မယ်။ ကျန်းဟိုင်မြို့ထဲက လူသားအားလုံးက ပင်မခန္ဓာသူ့ရဲ့ ခွန်အားပြန်ဖြည့်ဖို့အတွက် အဟာရဖြစ်လာရမယ် ”

ပြောပြီးသည်နှင့် လက်တံကို ယဲ့ရှောင်ကို အာရုံခံမိသွားသည်။

” အစာပြေမုန့်လေးက ငါ့အိမ်ရှေ့တံခါးဝနား ရောက်လာပြီ။ လူသား မစားရတာ အနှစ်၃၀၀ကျော် ကြာသွားပြီဆိုတော့ မင်းကိုပဲ အစာပြေအဖြစ် စားလိုက်တော့မယ် ”

လက်တံကြီးက ယဲ့ရှောင်ဆီသို့ အညှာအတာမဲ့စွာ တိုးဝင်လာ၏။ လက်တံပေါ်ရှိ စုပ်ခွက်များကလည်း ပါးစပ်ကြီးကို ကျယ်လောင်စွာ ဟနေသည့်ပမာ ယဲ့ရှောင်ကို ခြောက်ကပ်အောင် စုပ်ယူသွားချင်ပုံပေါ်နေ၏။

သို့သော် လက်တံ ကျရောက်လာပြီး ယဲ့ရှောင်ဘေးသို့ မရောက်ခင် ကောင်းကင်ထံမှ ထိတ်လန့်ဖွယ်ကောင်းသည့် ဓါးရောင်ခြည်က အလွန်ဖိအားပြင်းသည့် လေဆာအမြှောက်ပမာ ကျရောက်လာ၏။ ချက်ချင်းပင် လက်တံက ဖြတ်တောက်ခံလိုက်ရသည်။

” ”

ဘာတွေဖြစ်ကုန်တာလဲ။

အလွန်ငယ်ရွယ်ပုံပေါ်တဲ့ လူသားတစ်ယောက်က တစ်ချက်တည်းနဲ့ သူ့လက်တံကို ဖြတ်လိုက်တယ်လား။

သူက ကျန်းဟိုင်မြို့က ကိုယ်ခွဲဖြစ်ပြီး ခန္ဓာအပြည့်အဝ မရှိဘူးဆိုပေမဲ့ အံ့ဖွယ်ချီရှန်းတစ်ယောက်ရဲ့ ကျင့်ကြံဆင့် ရှိနေတာလေ။ အံ့ဖွယ်ချီရှန်းလေ။ ရိုးရိုးချီရှန်း မဟုတ်ဘူး။

ဒီစွမ်းအင်ကျင့်စဥ်က ဘယ်နေရာမှာမဆို လူသားတွေကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေဖွယ် လုံလောက်တယ်။

အဆုံးမှာတော့ တစ်ဖက်လူရဲ့ ဓါးရောင်ခြည်ကြောင့် ဖြတ်တောက်ခံလိုက်ရတယ်လား။

တစ်ဖက်သူကလည်း အံ့ဖွယ်ချီရှန်းအဆင့်အထက် သိုင်းပညာရှင်တစ်ယောက်ပဲလား။

သူ မတုံ့ပြန်နိုင်သေးခင် ယဲ့ရှောင်က သူ၏ လက်ကြီးကို ရုတ်တရက် ဆွဲထုတ်လိုက်၏။ လေထဲ၌ မြေကမ္ဘာတုန်လှုပ်ခြင်း၊ ကောင်းကင်ခုနှစ်စင်ကြယ်အစီအရင်က လျင်မြန်စွာ ဖွဲ့တည်လာပြီး ဝိညာဥ်စုစည်းခြင်း အစီအရင်ပေါ်၌ ကိုယ်တိုင်အမှတ်အသား အတည်ပြုလိုက်တော့၏။

ဖုန်း။

ချက်ချင်းပင် နော့ဖစ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းကြီးက ထပ်မံ ဖိနှိပ့်ခံလိုက်ရသည်။
ရှည်လျားသည့် ရေဘဝဲ၏ လက်တံမှအပ မြေအောက်တွင် အပေါက်ကြီးတစ်ပေါက် ရှိနေသေးသည်မှအပ ဘာမှမဖြစ်သွားခဲ့သလိုပင်။

သူက အံ့သြဆွံ့အသည့် အခြေအနေတွင် ရှိနေ၏။

သူ ထပ်ပြီး ချိတ်ပိတ်ခံလိုက်ရတာလား။

ဒါ့အပြင် အစီအရင်ရဲ့ အရှိန်အဝါက သိပ်သန်မာတာ။ တော်ဝင်အစီအရင်လား။

သူသည် ငယ်ရွယ်သည့်လူသား အံ့ဖွယ်ချီရှန်းတစ်ဦး၏ ဓါးကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွား၏။ ထို့အပြင် ယခုဆို တော်ဝင်အစီအရင်ဖြင့် ချိတ်ပိတ်ခံလိုက်ရသည်။

” ဟိုလီရှစ် ”

” ဟိုလီရှစ် ဟိုလီရှစ် ဟိုလီရှစ် ”

သူက အလွန်မူမမှန်။ ကောင်းကင်ကို ဖီဆန်နိုင်
သည့် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်တွေ့ခဲ့ရ၏။

ပြီးသွားပြီ … ပြီးသွားပြီ .. ပြီးသွားပြီပဲ။ ဒီတစ်ခေါက် တကယ်ပြီးသွားပြီ။ သူ အစတုန်းက ထင်ခဲ့တာက ကိုယ်ခွဲက ကျန်းဟိုင်မြို့လို နေရာလေးကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အရေး ရှိမယ်ပေါ့။ အဆုံးမှာတော့ ပိုတောင် ကြောက်ဖို့ကောင်းတဲ့သူနဲ့ တွေ့လိုက်ရတာပဲ။

ရှောင်လင်ရှိ ပင်မခန္ဓာကိုယ်က လွတ်မြောက်လာပြီး သူ့ကို လာမကယ်သရွေ့ လက်ကျန်ဘဝက လွတ်မြောက်နိုင်တော့မှာ မဟုတ်ပေ။

မဟုတ်။ သူ၏ ပင်မခန္ဓာက မလာနိုင်။ သူသေချာပေါက် လာနိုင်မှာ မဟုတ်ပေ။ ထိုလူက အစွမ်းထက်လွန်းသည်။ မိစ္ဆာဆန်လွန်းကာ ကြောက်မက်ဖွယ်ကောင်း၏။ ပင်မခန္ဓာက ရောက်လာပြီး သေသည်အထိ အရိုက်ခံရလျှင် သူ ငိုတောင် ငိုနိုင်တော့မှာ မဟုတ်ပေ။

သူ့ကိုသူ ကယ်တင်ရန် နည်းလမ်းတစ်ခုသာ တွေးနိုင်တော့ပုံပေါ်၏။ ထိုလူက ဖြုံလောက်ပုံပေါ်သော်ငြား ဤနေရာ၌ တစ်ချိန်လုံး ရှိနေလိမ့်မည်ဟု အာမခံချက် မရှိပေ။

သူ၏ ကျင့်ကြံဆင့်ကို တိတ်တဆိတ် မြင့်တင်ပြီး ပြီးမှ သူ၏ ခွန်အား လုံလောက်သွားသည့်အချိန်တွင် အစီအရင်ကို ဖျက်ဆီးပြီး သူ၏ ပင်မခန္ဓာနှင့် ပြန်လည်ပေါင်းစည်းရန် နည်းလမ်းတစ်ခု စဥ်းစားပြီး သူက အရင်ဆုံး နှစ် ၅၀၀ခန့် ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။

အနှစ် ၅၀၀ခန့်ကြာပြီးနောက် အစီအရင်ကို ဖြိုခွဲကာ ပင်မခန္ဓာနှင့် ပေါင်းစည်းရန် စဥ်းစားမည်။ နော့ဖစ်ကို ချိတ်ပိတ်ပြီးနောက် ယဲ့ရှောင်က သူ၏ လက်တံကို သိုလှောင်လက်စွပ်ထဲသို့ ပျော်ရွှင်စွာ ထည့်လိုက်၏။

ယနေ့ည အလုပ်ဆင်းပြီးနောက် ထိုကဲ့သို့ ကိစ္စက ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားပေ။ သူ အိမ်မက်မက်နေသည့် ရေဘဝဲလက်ကို ရလာခဲ့ပြီဖြစ်သည်။

ပမာဏကို ကြည့်ခြင်းအားဖြင့်စားကောင်းသောက်ဖွယ်များစွာ ချက်ပြုတ်နိုင်ရန် သေချာပေါက် လုံလောက်၏။

ရေဘဝဲဝက်သားနပ်၊ ရေဘဝဲလုံး၊ ရေဘဝဲသံပြားကင် ကြက်သွန်နည်းနည်း ထပ်ထည့်လိုက်လျှင် အလွန်အံ့သြဖွယ်ကောင်းနေလိမ့်မည်။

ထိုစဥ် မလှမ်းမကမ်းကနေ အရှိန်အဝါအချို့က ပေါ်ထွက်လာနေ၏။ ယဲ့ရှောင်စိတ်က အနည်းငယ် လှုပ်ရှားသွားပြီး သူက ဤနေရာမှထွက်ရန် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို တန်းသုံးလိုက်သည်။

မကြာမီ၌ ဖာ့ကျန်း၊ တုဖုန်းနှင့် ကျန်သည့် ချီရှန်းများက ဤနေရာသို့ သွက်သွက်လေး ရောက်လာသည်။

” အစောတုန်းက ဘာဖြစ်သွားတာလဲ။ ဒီမှာ ဘာဖြစ်တာလဲ။ စီနီယာဓါးမော့ဓါးဝိဇ္ဇာလိုမျိုး အဲ့ဒီဓါးရာက ဘာကြောင့် ဖြစ်နေရတာလဲ ”

ဖာ့ကျန်းက မြေပြင်ပေါ်ဆင်းသက်လိုက်ပြီး မြေကြီးပေါ်ရှိ တွင်းပေါက်ကြီးကို ကြည့်လိုက်၏။ အမူအယာက ချက်ချင်း သုန်မှုန်သွားတော့သည်။

သို့သော် ၄င်းကို စစ်ဆေးပြီးနောက် တစ်ကိုယ်လုံးက လေအေးများ ရှူရှိုက်မိသွား၏။

” ဆရာ ဖာ့ကျန်း ဘာတွေဖြစ်ကုန်တာလဲ ”

တုချန်ဖုန်းက အနည်းငယ် စိတ်ပူပန်သွားသည်။

ဖာ့ကျန်းက တည်ကြည်သည့် အမူအယာဖြင့် ပြောလိုက်၏။

” အစောတုန်းက ဝိညာဥ်စုစည်းခြင်း အစီအရင်ထဲက ဝိညာဥ်အစီအရင်က ပျက်ဆီးသွားတယ် ”

တုချန်ဖုန်း၏ သူငယ်အိမ်တို့က ကျုံ့သွားသည်။

” နော့ဖစ် လွတ်မြောက်သွားတာများလား ”

ဖာ့ကျန်းက ခေါင်းခါလိုက်သည်။

” သူ မလွတ်သွားလောက်ဘူး။ ဘာလို့လဲဆိုတာ ခုနတုန်းကပဲ နောက်ထပ် တော်ဝင်အဆင့်ကြယ်တာရာသားရဲ ချိတ်ပိတ်ခြင်းအစီအရင်ကို ဝိညာဥ်စုစည်းခြင်းအစီအရင်မှာ ထပ်ပေါင်းထည့်ထားတာ ”

” ဘာပြောလိုက်တာ ”

ထိုစကားကို လူတိုင်းကြားသည့်အချိန်၌ သူတို့ ခေါင်းမွေးများ ထောင်ထကုန်၏။

တော်ဝင်အဆင့်ကြယ်တာရာသားရဲ ချိတ်ပိတ်ခြင်းအစီအရင်တဲ့လား။ ဘုရားရေ။ ဒါကို သိပ်ကို ရူးသွပ်လွန်းတာပဲ။ ဘယ်လိုအစွမ်းထက်တဲ့ အစီအရင်သခင်ကများ ဒီလိုကိစ္စမျိုးကို လုပ်နိုင်တာလဲ။

ဖာ့ကျန်းက ထပ်ပြောလိုက်၏။

” ကျုပ်ခန့်မှန်းတာ မှန်မယ်ဆိုရင် အခြေအနေက ဒီလိုဖြစ်မယ်။ နော့ဖစ်က မြေအောက်ထဲကနေ လွတ်မြောက်ခါနီးပဲ။ ဒါပေမဲ့ စီနီယာဓါးမော့ဓါးဝိဇ္ဇာက သူ့ကို ရှာတွေ့ပြီး သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်လိုက်တယ်။ ပြီးတော့ သူ့ကို ထပ်ပြီးချိတ်ပိတ်ဖို့ တော်ဝင်အစီအရင်ကိုလည်း သုံးလိုက်တာ ”

လူတိုင်းက လုံးဝတိတ်ဆိတ်မှုထဲ ကျရောက်သွား၏။ လူတိုင်းသည် စီနီယာဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကို ထိတ်လန့်မှု လေးစားမှုတို့ဖြင့် ကြည့်လိုက်၏။

ဓါးမော့ဓါးဝိဇ္ဇာသည် မည်မျှ အစွမ်းထက်ပါသနည်း။ သူက အံ့ဖွယ်ချီရှန်းတစ်ဦး၏ အဆင့်တွင် ရောက်နေပြီး သူက ဓါးမော့နှင့် ဓါးသိုင်းပညာရပ်နှစ်မျိုးလုံးကို တက်ကျွမ်းပြီး တစ်ချိန်တည်းတွင် တော်ဝင်နည်းစနစ်အဆင့်ရှိ ကုသခြင်းနည်းစနစ်ကိုလည်း တတ်ကျွမ်းထား၏။ ထို့အပြင် သူက တော်ဝင်အစီအရင်ကိုလည်း ကျွမ်းကျင်သည်။ သူ့ကို မည်သည့် စကားလုံးဖြင့် ဖော်ပြရမည်မှန်း မသိတော့ပေ။ ထိုစဥ် သူက အားလုံး၏ မျက်လုံးထဲ၌ နတ်ဒေဝါတစ်ပါးဖြစ်လာပြီ။

ဖာ့ကျန်းကလည်း ခေါင်းမော့လိုက်ပြီး ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကို ကြည့်လိုက်သည်။ သူ ယခင်က တစ်ခါမှ မတွေ့ဖူးသည့် ဓါးမော့ဓါးဝိဇ္ဇာအကြောင်း အလွန်သိချင်နေ၏။

ဟန်နိုင်ငံမှ ဓါးသူတော်စင်နှင့် ရင်နိုင်ငံ အံ့ဖွယ်ဂိုဏ်းမှ ဓါးမော့ကျွမ်းကျင်သူတို့က ဓါးမော့ဓါးဝိဇ္ဇာကို စိန်ခေါ်ကြတော့မည်။ ယခင်က ကြယ်၇လုံးတန်းသောကြောင့် သူတို့၏ နိုင်ငံကို ကာကွယ်နေရသည်။ ယခုမူ ကြယ်၇လုံးတန်းခြင်းက မရှိတော့သောကြောင့် သူတို့က စိတ်ငြိမ်နေပြီ ဖြစ်သည်။

သူတို့ မကြာခင် လာလောက်မယ်မလား။ စီနီယာဓါးမော့ဓါးဝိဇ္ဇာက သူတို့ကို ထွက်လာပြီး တိုက်ခိုက်မှာလား။

နှိုင်းယှဥ်လို့ မရတဲ့ အံ့သြလောက်ဖွယ် တိုက်ခိုက်မှုကို မြင်တွေ့ဖို့ တကယ်မျှော်လင့်မိတယ်။

ယဲ့ရှောင်ဘက်တွင်မူ သူ အိမ်ပြန်ရောက်ပြီးနောက် ချက်ချင်းပင် နော့ဖစ်၏ လက်တံကို ထုတ်ပြီး ခြံဝန်းတစ်ခုလုံး ပြည့်သွားတော့သည်။ သိုလှောင်လက်စွပ်ထဲရှိ အချို့နေရာက လေဟာနယ် ပြဿနာကြောင့် ပုံပျက်လောက်အောင် ဖိနှိပ့်ခံထားရပြီ ဖြစ်သည်။ ယဲ့ရှောင်က မီးတောင်ထွက်ကျောက်တချို့ကို ဝယ်ယူရဦးမည်ဟု ခံစားမိနေ၏။ သူက သိုလှောင်လက်စွပ်ထဲရှိ နေရာကို ထပ်ပြီး ချဲ့ထွင်ရမည်။ မဟုတ်လျှင် လောက်မှာ မဟုတ်ပေ။

ထိုအစွမ်းထက်သည့် ကြယ်တာရာသားရဲများက အကောင်ကြီးမားလွန်း၏။ ကျပန်းလက်တံတစ်ခုက သိုလှောင်လက်စွပ်တစ်ခုလုံးကို ပြည့်သွားစေသည်။ သူ့တစ်ကောင်လုံးတွေ့လျှင် မည်သို့ ဖြစ်မည်နည်း။ သူ စိတ်ပူပန်စွာ ကြည့်နေရုံသာ ရှိလိမ့်မည်။

အခန်းထဲရှိ ဟွမ်လျိုလီက အနံ့ရသောအခါ ရူးသွားသည့်ပမာ အခန်းထဲမှ ချက်ချင်း ထွက်လာ၏။ ကြောင်၏ သဘာဝက ငါးညှီနံ့ကို တောင့်မခံနိုင်ပေ။

ပင်လယ်စာကို မနှစ်ခြိုက်သည့် ကြောင်သည် လောကထဲတွင် မရှိဟု ဆိုရိုးစကား ရှိသည်။

ပင်လယ်စာကို မနှစ်သက်လျှင် ကြောင်ဟု ခေါ်၍ရမှာ မဟုတ်ပေ။

” ဝါး … ရေဘဝဲကြီးပဲ။ ဒီနေ့ညတော့ ကံကောင်းတော့မယ် ”

ယဲ့ရှောင်က ဟွမ်လျိုလီဆီ အနီရောင် မှတ်စုတစ်ထပ်ကို ပစ်ပေးလိုက်၏။

” ငါ ဒီရေဘဝဲ ဒီလက်တံကို ဖြေရှင်းလိုက်မယ်။ ဆီနဲ့ ကြက်သွန်နီ သွားဝယ်ခဲ့။ ပိုက်ဆံပေးခဲ့ဖို့ သတိရ ”

” စိတ်မပူနဲ့။ ကျွန်မ မြန်မြန်ပြန်လာခဲ့မယ် ”

ဟွမ်လျိုလီက ပိုက်ဆံကိုယူပြီး သွက်သွက်လေး ပြေးသွားကာ အနားရှိ စူပါမားကတ်သို့ ပြေးတော့၏။

ယဲ့ရှောင်က လက်တံကို စတင် ကိုင်တွယ်တော့သည်။ ရှေးဦးစွာ လက်တံမှ စုပ်ခွက်များကိုဖယ်လိုက်၏။ အတွင်း၌ ချွန်ထက်သော သွားများ ရှိနေပြီး စား၍မရပေ။ ၄င်းကို ကိုင်တွယ်ပြီးနောက် နော့ဖစ်၏ အသားလတ်လတ်ဆတ်ဆတ်သာ ကျန်တော့သည်။

အသားက အလွန်နူးညံ့ပြီး ဝါးရကောင်းသည်။ ချက်ပြုတ်ပြီးနောက် အလွန်မွှေးလာတော့၏။ ပါးစပ်ထဲ ဝါးလိုက်ချိန်တွင် ဆီက ချက်ချင်းပေါ်ထွက်လာ၏။ ယင်းက လုံးဝ တောင့်မခံနိုင်စရာပဲ ဖြစ်သည်။ ပြိုင်စံရှားငါးနှင့် တူသည်။ အရသာရှိသည့် စွဲမက်ဖွယ် အရသာလည်း ဟုတ်သည်။

တစ်ချိန်တည်းတွင် ချူစီရင်စုထောင့်ရှိ တောအုပ်ထဲ၌ အလင်းရောင်ခြည် တချို့က တိတ်တဆိတ် ကျရောက်လာပြီး တောအုပ်ကို လင်းထိန်သွားစေ၏။

အလင်းရောင်ခြည်၏ အရောင်များက မတူညီပေ။ သို့သော် သူတို့ အရှိန်အဝါများက အင်မတန် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့က အံ့ဖွယ်ချီရှန်းအဆင့် သိုင်းပညာရှင်များထက် အားမလျော့ပေ။ ရောင်ခြည်တန်းတို့ မှိန်ဖျော့သွားချိန် လူရိပ်များစွာက ပေါ်ထွက်လာ၏။

အချို့က အရပ်မြင့်ပြီး တုတ်ခိုင်ကာ အချို့က နုနှယ်ပြီး စွဲဆောင်မှုရှိကာ အချို့က အသက်ကြီးပြီး အချို့က ကလေးများနှင့် တူသည်။

သို့သော် လူတိုင်းက အနည်းနှင့်အများ ထူးဆန်းသည့် လက္ခဏာမျိုး ရှိကြသည်။ အချို့က ထူးဆန်းသော သူငယ်အိမ်ရှိပြီး တချို့က အမြီးရှိကာ တချို့ကမူ ခန္ဓာကိုယ်ပေါ်၌ ကြေးခွံများ ရှိနေသည်။ ကြက်မွေးကုတ်ပို ဝတ်ဆင်ထားသည့် လူအချို့လည်း ရှိသည်။ သူတို့က တစ်ပေါင်းတည်း ကြီးပြင်းလာပုံပေါ်၏။

ထိုသိုင်းပညာရှင်များက ကြယ်တာရာသားရဲများဖြစ်ကြသည်။

” ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီ။ အားလုံးပဲ ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီနော် ”

” ကြည့်ရတာ ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အားလုံးက လူသားမျိုးနွယ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုကို ခံခဲ့ရတဲ့ပုံပဲ။ ဒဏ်ရာမရ၊ မထိခိုက်တဲ့သူတစ်ယောက်မှ မရှိဘူး ”

” ဟန့် ..။ လူသားမျိုးနွယ်က ရက်စက်ယုတ်မာပြီး အရှက်မဲ့တာ။ အားနည်းသူကို အနိုင်ကျင့်ဖို့ အရေအတွက်ကို သုံးတယ်။ တစ်ချက်ချင်း ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် လူသားမျိုးနွယ်ကို ရှုံးမှာ မဟုတ်ဘူး ”

” လူသားတွေကို သွားရှာတာက စွမ်းရည်တစ်မျိုးပဲလေ။ အဆုံးမှာ ကျုပ်တို့ အားနည်းလွန်းတာ
ကြောင့် ကျားနတ်ဘုရား ဆင်းသက်လာတဲ့အချိန် လူသားတွေအားလုံး ရှင်းထုတ်ခံရမယ်။ အချိန်အတိုင်းအတာတစ်ခုပဲ လိုတာ ”

” သားရဲနတ်ဘုရားရဲ့ အစီအစဥ်အရ ဒီလောကထဲက လူသားတွေ အားလုံးကို အပြည့်အဝ ဖျက်ဆီးပစ်မှာ ”

” အခုဆို ကျုပ်တို့တွေက ဒီလောကထဲက လူသားတွေအတွက် အန္တရာယ်တချို့ ဖန်တီးပေးဖို့ လိုတယ်။ သားရဲကပ်ဘေးမကျခင်မှာ သူတို့ရဲ့ ခွန်အားတွေကို လျှော့ချရမယ် ”

” ဒီဝန်းရံပိတ်ဆို့ခံရမှုကို ဖောက်ထွက်ဖို့ ခုနှစ်စင်ကြယ်ကို အသုံးပြုခဲ့ပြီး အများစုက သေဆုံးခဲ့တာ။ အချိန်တိုအတွင်းမှာ လူသားတွေကို တန်ပြန်တိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး။ ကျုပ်တို့ ကျင့်စဥ်ကို တိုးမြင့်ပေးဖို့ အကူအညီတချို့ရှာရမယ် ”

” လူသားတွေက သူတော်စင်သားတော်နဲ့ သမီးတော်တွေကို ရှာဖို့ မြို့ကြီးတစ်မြို့ စတင်တည်ဆောက်နေပြီလို့ ကြားတယ်။ အစွမ်းထက်တဲ့ အံ့ဖွယ်ဂိုဏ်းကြယ်တာရာသားရဲတွေက တခြားမြို့တွေမှာ ဝိညာဥ်စုစည်းခြင်း အစီအရင်ရဲ့ အမြုတေအဖြစ် အသုံးခံနေရတယ်။ ပြီးတော့ ကျန်းဟိုင်မြို့မှာလည်း စီနီယာ နော့ဖစ်ရဲ့ ကိုယ်ခွဲတစ်ခု ရှိတယ် ”

အပိုင်း ၁၄၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset