စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၃ ယနေ့ည ညစာ။
” ဟုတ်တယ်။ သူတို့တွေအားလုံးက သာလွန်အ
ဆင့်နဲ့ ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်တွေပဲ ”
” ပြောရရင် ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်တွေက ပါရမီရှင်တစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို အံ့ဖွယ်ဂိုဏ်းရောက်အောင် မြင့်တင်ပေးနိုင်ဖို့ လုံလောက်တယ် ”
” စာအုပ်တစ်အုပ်ထဲကနေ ကျွန်တော် ဖတ်ဖူးတာတော့ ချီရှန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်ထက် ပိုမြင့်တဲ့ ကျင့်စဥ်တွေ ရှိတယ်လို့ ရေးထားတယ်။ အမှန်ပဲလား ”
ဖာ့ကျန်းက ခဏတာ ရပ်တန့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။
” အဲ့လိုပဲ။ ချီရှန်းအဆင့်အထက် ကျင့်ကြံခြင်းနည်းစနစ်ရှိပြီး အဲ့ဒီဟာကို တော်ဝင်နည်းစနစ်လို့ခေါ်တယ်။ ကောလဟာလတွေအရ တော်ဝင်နည်းစနစ်ကို ကျင့်ကြံတဲ့ သူတစ်ယောက်ရဲ့ ခွန်အားက ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်ကို ရောက်နိုင်တယ်လို့ ဆိုတယ်။ နောက်ထပ် ကျင့်စဥ်တစ်မျိုးလည်း ရှိသေးတယ်။ အဲ့ဒီအဆင့်ကို သာမန်လူတွေ မသိကြဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအဆင့်ကို ရောက်နိုင်တဲ့သူက လူအနည်းစုပဲ ရှိတာကြောင့် ”
” သူတို့ အားလုံးက လူသားမျိုးနွယ်ရဲ့ထိပ်တန်းတိုက်ခိုက်ရေး ခွန်အားတွေပဲလေ ”
” အံ့ဖွယ်ဂိုဏ်းအထက်က ဧကရာဇ်အဆင့်လား။ ရှေးဧကရာဇ်လိုမျိုးလား ”
” မဟုတ်ဘူး။ အံ့ဖွယ်ဂိုဏ်းအထက်မှာ ဘုရင်အဆင့်။ ဘုရင်အဆင့်အထက်မှာ ဧကရာဇ်အဆင့် ”
” ဧကရာဇ်အဆင့်က ကျင့်ကြံခြင်းအဆင့်ကို မဖော်ပြဘူး။ ဧကရာဇ်က မဟာဝိညာဥ်စွမ်းအင်ကို နှိုးနိုင်တဲ့ သူကိုပဲ ရည်ညွှန်းတာ။ ဘာလို့လဲဆိုတော့ သူက လူသားမျိုးနွယ်ရဲ့ ကပ်ဘေးကို ဆင့်ခေါ်နိုင်စွမ်း ရှိတာကြောင့်ပဲ ”
” အဲ့ဒါကို ဘယ်လိုထားသင့်လဲ ”
” ဒီရဟန်းအိုက ရှင်းရှင်းလင်းလင်း မသိဘူး။ လူသားမျိုးနွယ်ရဲ့ ကျင့်စဥ်က ဧကရာဇ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ပြီးဆိုရင် စွမ်းအင်နိယာမတွေနဲ့ ကန့်သတ်ခံရလိမ့်မယ်။ သူတို့တွေက ပိုမြင့်တဲ့ အဆင့်ကို ချိုးဖျက်တတ်တာပဲဖြစ်ဖြစ်။ ဒါမှမဟုတ် ပြာအဖြစ် ကြွေလွင့်သွားတာမျိုး ဖြစ်လိမ့်မယ် ”
” အဲ့ဒါ ဘာအဆင့်လဲဆိုတာ အတိအကျ ပြောရလောက်အောင်လည်း ဒီရဟန်းအိုလည်း မရင်းနှီးဘူး။ ဒါက ကိုယ်တော်နားလည်နိုင်တဲ့ အမြင်ကို ကျော်လွန်နေပြီးသား။ ဒါပေမဲ့ ဒဏ္ဍာရီတွေအရ ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းရဲ့ ကျောင်းထိုင်က ဧကရာဇ်အဆင့်ကို တက်လှမ်းခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ သူက တည်ရှိတာ အတော်ကြာနေပြီးပြီ။ ဒါကြောင့် အမှန် ဟုတ်မဟုတ်ဆိုတာ မသိဘူး ”
” ကိုယ်တော်သိတာက ဧကရာဇ်က နိယာမရဲ့ ချုပ်နှောင်မှုတွေကို တက်လှမ်းနိုင်တဲ့ တည်ရှိမှုတစ်မျိုးဆိုတာပဲ။ တစ်နည်းဆိုရမယ်ဆိုရင် ဧကရာဇ်ရဲ့
ကျင့်စဥ်က သူက သာမန်ဧကရာဇ်အဆင့်ကို ကျော်လွန်ပြီးတဲ့နောက် နိယာမတွေက ဧကရာဇ်ရဲ့ကျင့်စဥ်ကို ဖိနှိပ့်ထားနိုင်တော့မှာ မဟုတ်ဘူး။ သူက ကျင့်စဥ်က ဆက်လက်မြင့်တက်နေပြီး ပိုကြီးမားတဲ့ တိုက်ပွဲဝင်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်။ ဒါ့ကြောင့်ပဲ လူသားမျိုးနွယ်က ဧကရာဇ်ဖြစ်လိုစိတ် ပြင်းထန်နေကြတာ ”
ယဲ့ရှောင်က တုန်လှုပ်သွားလေ၏။ အံ့ဖွယ်ဂိုဏ်းအဆင့်၌ အဓိကအဆင့်ကြီးနှစ်ဆင့်ဖြစ်သော ဘုရင်အဆင့် ဧကရာဇ်အဆင့် ရှိနေလိမ့်မည်ဟု မထင်ထားပေ။ ဧကရာဇ်အဆင့်အထက်၌ ပိုတောင် ဆန်းကြယ်သည့် အစွမ်းထက်သော တည်ရှိမှု အမှန်တကယ် ရှိနေ၏။
တော်ဝင်နည်းစနစ်သည် လူတစ်ယောက်ကို ဧကရာဇ်အဆင့်ထိ ကျင့်ကြံစေခွင့်ပေး၏။ တော်ဝင်နည်းစနစ်များကို ပေါင်းစည်းခြင်းသည် ဧကရာဇ်အဆင့်အထက် တည်ရှိမှုများက ကျင့်ကြံသည့် ကျင့်စဥ်တစ်မျိုးဟု ဆိုလိုနေသည် မဟုတ်ပါလော။ ယင်းက ယဲ့ရှောင်၏ နှလုံးကို အပူချိန် မြင့်သွားစေ၏။
အကြောင်းမှာ အမျိုးအမည်မသိရသည့် ဆန်းကြယ်သော နယ်ပယ်ကို လိုက်လိုစိတ်က ပိုတောင် နက်ရှိုင်းလာသောကြောင့် ဖြစ်သည်။ သို့သော် အလျင်အမြန်ပဲ ယဲ့ရှောင်က တုံ့ပြန်လိုက်၏။
” ဒါမဟုတ်သေးဘူး။ အစောတုန်းက ဧကရာဇ်အဆင့်ရဲ့ အထွတ်အထိပ်မှာဆို သဘာဝနိယာမက ဖိနှိပ့်မယ်လို့ အစောတုန်းက ပြောခဲ့တယ်။ ဒါပေမဲ့ ဧကရာဇ်အဆင့်က ချိုးဖျက်တက်နိုင်တယ်ဆို။ သူတို့က ပိုမြင့်တဲ့ အဆင့်ကို တက်သွားခဲ့မယ်ဆိုရင် သဘာဝနိယာမရဲ့ ကန့်သတ်ချက်ကနေ လွတ်မြောက်သွားမှာ မဟုတ်ဘူးလား။ ဒါဆိုရင် ဧကရာဇ်တစ်ပါးလိုမျိုး သာမန် ဧကရာဇ်အဆင့်ထက် ပိုသန်မာတဲ့ စွမ်းအင်ကို သူတို့ ပြသမှာ မဟုတ်ဘူးလား။ အဲ့ဒါက လူသားတွေကို ကာကွယ်ပေးမှာလား ”
” သီအိုရီကျကျ ပြောရရင် အမှန်ပဲ။ ဒါပေမဲ့ ဒီလို
ဒဏ္ဍာရီတစ်ခု ရှိတယ်။ ကန့်သတ်ချက်အလွှာကို ချိုးဖျက်ပြီးတဲ့နောက် သူတို့တွေက ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားရမှာ ”
” တကယ်တော့ ဧကရာဇ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်တဲ့ သိုင်းပညာရှင်က အနည်းစုပဲ ရှိတယ်။ ဧကရာဇ်အဆင့်ကို တက်နိုင်ခဲ့တဲ့ သူတွေက လက်ချိုးရေလို့ ရတယ်။ အများစုက ပြာဖြစ်ကုန်တာ ”
” သမိုင်းကြောင်းထဲမှာတော့ အဲ့ဒီအဆင့်ကို တက်လှမ်းနိုင်တဲ့သူက တစ်ယောက်နှစ်ယောက် ရှိလိမ့်မယ်။ ဒါပေမဲ့ ဧကရာဇ်အဆင့်ကို ချိုးဖျက်တက်နိုင်ခဲ့တဲ့ သူတွေက လူသားမျိုးနွယ်စုထဲမှာ မှတ်တမ်းက အင်မတန် နည်းတာ။ ပိုမြင့်တဲ့ အဆင့်လို့ ပြောဖို့တောင် မလိုဘူး ”
” ဒါကြောင့် ဧကရာဇ်အဆင့်အထက်က ဘယ်လိုအခြေအနေမျိုးလဲဆိုတာ သိဖို့ မဖြစ်နိုင်ဘူး ”
” သိပြီ ”
ယဲ့ရှောင်က ရင်ထဲ၌ အတွေးတချို့ ဝေဝါးဝါး ရှိလာတော့သည်။
ဧကရာဇ်အဆင့်နှင့် ထိုအထက်သို့ အဆင့်တက်ခြင်းက အလွန် စွန့်စားရာရောက်ပုံ ပေါ်၏။ ထို့အပြင် သူက အဆင့်တက်ခဲ့လျှင် နောင်ကြ မည်သို့ ဖြစ်မည်မှန်းတောင် မသိရပေ။ သို့သော်ငြား သာမန်ဧကရာဇ်အဆင့်၌ တော်ဝင်နည်းစနစ်သာ ရှိလောက်သည်။ သူ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က တစ်ဆင့်ပိုမြင့်သည့် ကျင့်စဥ်များကို ပေါင်းစည်းနိုင်မည်လားဆိုတာ သူ မသိပေ။ သူက ပိုမြင့်သည့် အဆင့်၏ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ပေါင်းစည်းနိုင်ခဲ့မည်ဆိုလျှင် သူက ကန့်သတ်ချက်အလွှာကို ချိုးဖျက်တက်နိုင်လောက်၏။ ဧကရာဇ်ဘွဲ့အမည်က တကယ်မက်မောစရာကောင်းသည်။
လူသားမျိုးနွယ်၏ မဟာကံကောင်းမှု၏ ကာကွယ်မှုဖြင့် သူသည် စွမ်းအင်နိယာမဖြင့် ကန့်သတ်မခံရတော့ပဲ အဆုံးမရှိ ပိုသန်မာလာအောင် ဆက်လက် ကျင့်ကြံနိုင်မည်။ ယင်းက အမှန်တကယ် လိမ်ညာခြင်းတစ်ရပ် ဖြစ်နေ၏။
ဧကရာဇ်တစ်ပါးဖြစ်ရလောက်သည်အထိ သူ ကံကောင်းမလားဆိုတာ မသိရသေးတုန်းပဲ ရှိသည်။
ယဲ့ရှောင်က စွန့်စားရတာကို မနှစ်ခြိုက်သောကြောင့် ဖြစ်၏။ သာမန်ဧကရာဇ်အဆင့်နှင့် ယှဥ်လျှင် သူက စမ်းသပ်ရန်အတွက် အဆင့်တင်ဖို့ လိုသည်။ သူက ဧကရာဇ်တစ်ပါးဖြစ်ပြီး ၄င်းကို တစ်ခါအနိုင်ယူချင်၏။
ထိုနှစ်ရက်အတွင်း ယဲ့ရှောင်သည် စာကြည့်တိုက်ထဲ စာအုပ်များ ဖတ်နေပြီး ဧကရာဇ်အကြောင်း အနည်းအကျင်း သိလာပြီဖြစ်သည်။ လူသားမျိုးနွယ် ကပ်ဘေးကျရောက်လာသည့်အချိန်၌ လောကကြီးထဲ၌ သူတော်စင်သားတော် သူတော်စင်သမီးတော်များစွာ မွေးဖွားလာလိမ့်မည်။ တစ်စုံတစ်ယောက်က ချီရှန်းအဆင့် တက်သွားခဲ့လျှင်တောင် ကောင်းကင်နှင့် မြေကြီး၏ ဖြစ်စဥ်က ထုတ်ဖော်ခံရလိမ့်မည်။ ထိုကဲ့သို့သော လူများက နိုင်ငံမှ အားစိုက်ထုတ်မှုများစွာ ရရှိပြီး သူတို့ကို ပျိုးထောင်ပေးမှာပဲ ဖြစ်သည်။ သူတို့က ကြမ်းတမ်းသော ကြီးပြင်းမှုနှင့် မရေမတွက်နိုင်သည့် အန္တရာယ်များကို ဖြတ်ကျော်ရလိမ့်မည်။ သူတို့သည် လူသားမျိုးနွယ်၏ ဧကရာဇ်အပါး တစ်သောင်းထဲမှတစ်ယောက် ဖြစ်လာနိုင်ရန် အဆုံးထိ တောင့်ခံထားဖို့ အခွင့်အရေးတစ်ခု ရှိလာရန် ကံကောင်းမှုတချို့လည်း လိုအပ်သည်။
လူသားမျိုးနွယ်၏ လွန်လေပြီးသော နှစ်ရာပေါင်းများစွာ၌ သူတော်စင်သားတော် သူတော်စင်သမီးတော်များစွာ ရှိခဲ့သည်။ သို့သော် ဧကရာဇ်တစ်ပါးမှ မရှိခဲ့ပေ။ ထိုအချက်ကြောင့် ယဲ့ရှောင်က သူ့ကိုသူ ယုံကြည်ချက် များများစားစား မရှိတာပဲ ဖြစ်သည်။
သူက အံ့ဖွယ်ဂိုဏ်းသို့ တက်လှမ်းပြီး ဖြစ်သော်ငြား မူမမှန်သည့် လက္ခဏာမပြသေးသောကြောင့် ဖြစ်သည်။ တစ်ကြိမ်လေးတောင် မပြခဲ့ပေ။ သူ့အဖို့ ဧကရာဇ်တစ်ပါးဖြစ်လာဖို့က မဖြစ်နိုင်လုနီးပါးပင်။ ထိုအကြောင်းကို တွေးမိပြီး သူက အနည်းငယ် မသက်မသာ ဖြစ်လာ၏။ သူ၏ ကံက လုံလောက်အောင် မကောင်းဟုဆိုလို၏။ သူက ကောင်းကောင်းမွန်မွန် တိုးတက်လာသည်။ ထိုသို့တိုင် သူက ၄င်းကို ဖွင့်လျက် အရည်အချင်း မရှိပေ။
သူတော်စင်သားတော် သူတော်စင်သမီးတော်တစ်ယောက် ဖြစ်လာသည့်အချိန်တွင် သူတို့က မည်ကဲ့သို့ မင်သက်ဖွယ် ပုဂ္ဂိုလ်ဖြစ်လာမည်ဆိုတာ သူ အမှန်တကယ် သိချင်နေသည်။ ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးဖြစ်ဖို့ အရည်အချင်းရှိဖို့ရာ သူတို့ ပါရမီက အမည်မသိ အဆင့်ထိရောက်ရှိရပေမည်။ ဧကရာဇ်သားတော် သမီးတော်များနှင့် ယှဥ်လျှင် သူက သန်မာသည်လော။ အားနည်းသည်လော။ ယဲ့ရှောင်က တွေဝေစွာ စားသောက်နေတာကို မြင်ပြီး ဖာ့ကျန်းက ရယ်မောလျက် သူ့ကို နှစ်သိမ့်လိုက်၏။
” အတွေးမလွန်နဲ့။ နှစ်သန်းရာချီ ဒါမှမဟုတ် နှစ်ဘီလီယံချီမှာတောင် တစ်ကြိမ်လောက်ပဲ ပေါ်လာတတ်တဲ့ လူတချို့ရှိတယ်။ ငါတို့လို သာမန်လူတွေက ချီရှန်းအဆင့်ရောက်အောင် ကျင့်ကြံနိုင်တာကပင် ကံကောင်းနေပြီ။ ငါတို့တွေက အံ့ဖွယ်ဂိုဏ်းအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် ချီရှန်းအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်တယ်။ ဒါဆိုရင် ချီရှန်းအဆင့်ရောက်အောင် ကျင့်ကြံဖို့ ငါတို့အတွက် ပိုတောင် ကံကောင်းတယ်လို့ ဆိုရမှာပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ မှန်ပေ၏။ လမ်းကြောင်းကို ဖြည်းဖြည်းချင်း သွားရမည်။ ထမင်းကို နည်းနည်းချင်း ကိုက်စားရမည်။ အနာဂတ်က မည်သို့ ဖြစ်မည်မှန်း မည်သူက သိမည်နည်း။
ပစ္စုပ္ပန်တွင် နေထိုင်ပြီး နေ့စဥ်နေ့တိုင်း အလုပ်ကြိုးစားမည်။ ယင်းက လုံလောက်ပြီဖြစ်၏။
ထို့အပြင် သူ့၌ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ရှိသည်။ နောင်ကြ သူက ဝေးကွာလွန်းနေခဲ့မှာ မဟုတ်ပေ။ ထိုအကြောင်းကို ပြောတော့မှ သူက ဧကရာဇ်တစ်ပါး မဖြစ်လျှင်တောင် တော်ဝင်နည်းစနစ်များကို ဆက်လက်ပေါင်းစည်းနိုင်သေး၏။ ရှောင်လင်သိုင်းကျောင်းတော်၌ တော်ဝင်နည်းစနစ်များ ရှိသည်မဟုတ်ပါလော။
ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်က မသိလိုက်မသိဖာသာဖြင့် မသိချင်ယောင်ဆောင်ကာ ပြောလိုက်တော့၏။
” အား ဟုတ်သား။ ရှောင်လင်ကျောင်းမှာတော့ တော်ဝင်နည်းစနစ်တွေ အများကြီး ရှိလောက်တယ်မလား ”
ဖာ့ကျန်းက ခေါင်းခါလိုက်၏။
” ရှောင်လင်ကျောင်းတော်မှာ တော်ဝင်နည်းစနစ်တွေရှိတယ်။ ဒါပေမဲ့ အများကြီးရှိလားဆိုတာ မသေချာဘူး။ လူ့လောကထက် သာလွန်တဲ့ တော်ဝင်နည်းစနစ်တွေလိုမျိုး ရှောင်လင်မှာတောင် အများကြီး မရှိဘူး။ ဒါ စ စရာ မဟုတ်ဘူးလေ။ အဲ့လောက်မထားနိုင်ဘူး ”
” ဒီရဟန်းအိုက ဘုန်းကြီးကျောင်းက အကြီးအကဲတွေဆီကနေ ကြားဖူးတယ်။ ရှောင်လင်မှာ ဓမ္မကျမ်းလို့ခေါ်တဲ့ အထွတ်အထိပ် အတွင်းအား ကျင့်စဥ်တစ်မျိုးရှိတယ်။ အဲ့ဒါကို ဗုဒ္ဓအံ့ဖွယ်ချီရှန်းတွေက ဖန်တီးထားတာဖြစ်ပြီး သူက သမုဒ္ဒရာထဲက ရေဝဲလိုမျိုး ဝိညာဥ်စွမ်းအင်ကို စုပ်ယူတဲ့ အရှိန်က မြန်ဆန်စေတယ်။ အဲ့ဒါက အင်မတန်ကြောက်ဖို့ကောင်းတာ။ ဒါပေမဲ့ ရှောင်လင်ရဲ့ ကျောင်းထိုင်တွေကပဲ အဲ့ဒါကို ကျင့်ကြံဖို့ အခွင့်အရေးရတာ ”
” အင်မတန်အစွမ်းထက်တဲ့ လက်ဝါးသိုင်းရှိတယ်။ တထာဂတလက်ဝါးသိုင်း။ လွန်လေပြီးသောနှစ်နှစ်ရာတုန်းက ကျုံးစီရင်စုက ကြယ်တာရာသားရဲတွေဆီကနေ တိုက်ခိုက်မှုတွေအများကြီး ခံစားခဲ့ရတာ။ ရှောင်လင်က သိုင်းပညာရှင်တွေ အများကြီး ဆုံးရှုံးခဲ့တယ်။ တထာဂတလက်ဝါးသိုင်းက ပျောက်ဆုံးသွားတာ အတော်ကြာပြီ။ အဲ့ဒါအပြင် သိပ်ရှားပါးတဲ့ ခန္ဓာသန့်စင်ခြင်းသိုင်း၊ ဖျက်ဆီး၍မရသောစိတ်နတ်ဘုရားသိုင်းရှိတယ်။ ရှောင်လင်ရဲ့ လက်ရှိအကြီးအကဲတွေထဲမှာ ဒီနည်းစနစ်ကို ကျင့်နိုင်တဲ့သူက နှစ်ယောက်သုံးယောက်ပဲ ရှိတယ် ”
ယဲ့ရှောင်က မင်သက်သွား၏။
ဖျက်ဆီး၍မရတဲ့ တကယ်ကြီး ရှောင်လင်ကလား။ မဟုတ်ဘူး။ ဒီလိုမဟုတ်ဘူး။ မဟုတ်လောက်ဘူး။ ရှောင်လင်ရဲ့ သိုင်းတွေက ကြယ်တာရာသားရဲရဲ့ အမြုတေက သက်ဆင်းထားတာလေ။ ဒီတော့ ရှောင်လင်အပိုင်လို့ သတ်မှတ်လို့ မရဘူး။ စကြာဝဠာကြီးရဲ့အပိုင်လို့ပဲ ပြောလို့ရမယ်။ ဒါပေမဲ့ ရှောင်လင်မှာ တော်ဝင်နည်းစနစ်တွေအများကြီးရှိလိမ့်မယ်လို့ သူ တကယ်မထင်ထားတာပဲ။ ဒါလည်း ယဲ့ရှောင်အတွက် ကောင်းပါတယ်လေ။ သူသာ အဲ့ဒါကို သင်ယူနိုင်မယ်ဆိုရင် သူတို့ထဲက တချို့ကို ပေါင်းစည်းနိုင်ပြီး တော်ဝင်နည်းစနစ်တွေရဲ့ တည်ရှိမှုကို ကျော်လွှားနိုင်လိမ့်မယ်။
” အား ဟုတ်သား။ မစ္စတာ ယဲ့။ ငါတို့ ဗုဒ္ဓဂိုဏ်းကိုဝင်ဖို့ တွေးပြီးပြီလား ”
” လတ်တလောမှာ သူတို့ကို ထောက်ပံ့ပေးဖို့အတွက် ဗုဒ္ဓဂိုဏ်းက ကျန်းဟိုင်သိုင်းကျောင်းတော်ထဲမှာ ကျောင်းခွဲတစ်ခု ဖွင့်လှစ်ဖို့ အရင်းအမြစ်ကောင်းတချို့ ထောက်ပံ့ပေးထားတယ် ”
” ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးအပြင် တခြားပစ္စည်းကောင်းတွေလည်း ရှိသေးတယ်။ မင်းသာ ငါ့ဂိုဏ်းထဲ ဝင်မယ်ဆိုရင် ဒီရဟန်းအိုက မင်းကို ဂရုစိုက်မယ်လို့ အာမခံနိုင်တယ် ”
” မင်းရဲ့ စိတ်နေစိတ်ထားက ဗုဒ္ဓဘာသာနဲ့ သိပ်ကို သင့်တော်တယ်။ မင်း ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံဖို့ က အလွန်သင့်တော်တာ ”
” တော်ပြီ။ ခင်ဗျားထပ်ပြောပြန်ပြီ။ ဒီအတိုင်းသာဆိုရင် ကျွန်တော် ဘေးအခန်းက သင်တန်းကျောင်းသွားပြီးတော့ ဘုန်းကြီးဝတ်ရလိမ့်မယ် ”
” ဖူး ”
ဖာ့ကျန်းက သက်ပြင်းသဲ့သဲ့ ချလိုက်၏။
ထိုစဥ်က ယဲ့ရှောင်နှင့် တွေ့ချိန်မှစပြီး ယဲ့ရှောင်အပေါ် စွဲလန်းမှုက ဘယ်တော့မှ မရပ်တန့်သွားပေ။ ယဲ့ရှောင်သည် သူ ယခင်က တွေ့ခဲ့ဖူးသည့် သူဖြစ်၏။ သူက ဗုဒ္ဓလမ်းစဥ်ကို ကျင့်ကြံရန်အတွက် အလွန်သင့်တော်သည်။ ထို့အပြင် သူက အလွန်ငယ်ရွယ်၏။ ယခုအချိန်တွင် ကျင့်ကြံပါက သူ၏ အနာဂတ်အောင်မြင်မှုသည် မနိမ့်လောက်ပေ။
” မစ္စတာ ယဲ့က ဆန္ဒမရှိဘူးဆိုမှတော့ ကျုပ်နည်းနည်းထပ်စောင့်တာပေါ့။ အဲ့အချိန်ကြမှ ပြောတာပေါ့ ”
” ဒါဆို မစောင့်တာ ပိုကောင်းမယ် ”
ရဟန်းအို ဖာ့ကျန်းက ခေါင်းလည်းမညိတ် ခေါင်းလည်း မခါပေ။ ဆုံးဖြတ်ချက်ချထားသည့် အကြည့်ကို မြင်ပြီးသာ လက်လျှော့မှာ မဟုတ်မှန်း သိလိုက်၏။
ရှိစေတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဘုန်းကြီးတစ်ပါး ဖြစ်လာမှာမှ မဟုတ်တာ။
ချောမောခန့်ညားမှုနောက်ကို လိုက်တဲ့ လူငယ်တစ်ယောက်အတွက် ယဲ့ရှောင်က သူ့ရဲ့ ဆံပင်ပုံစံကို ကတုံးဖြစ်အောင် လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။
စားသောက်ပြီးနောက် ဖာ့ကျန်းသည် ကျောင်းသို့ပြန်ကာ သူ၏ ကျောင်းခွဲ၌ အလုပ်များ ဆောင်ရွက်နေစဥ် ယဲ့ရှောင်ကလည်း စာအုပ်များသွားဖတ်တော့၏။ ရှောင်လင်သည် စာအုပ်များစွာ ပို့လိုက်တာ ဖြစ်၏။ သူက သူတို့ကို မဖတ်လျှင် နှမြောစရာကောင်းနေပေလိမ့်မည်။
ရှောင်လင်၏ ကျင့်ကြံခြင်းနည်းစနစ်များက အလွန်ကောင်းမွန်၏။ အများစုက ကူးရေးထားတာ မဟုတ်ပေ။
ယဲ့ရှောင်သည် နေ့ဝက်ခန့်သာ စာဖတ်ပြီး အခြေခံ ထိုးနှက်ချက်သိုင်းနှင့် အခြေခံ လက်ဝါးသိုင်းလေးမျိုးကို ရနေပြီဖြစ်သည်။
မူလက ထိုးနှက်ချက် နည်းစနစ်၏ အရေအတွက်သည် လက်ဝါးနည်းစနစ်၏ အရေအတွက်ထက် လွန်နေသော်ငြား ယခုမူ နောက်ကောက်ကျခဲ့ပြီး လက်ဝါးနည်းစနစ်၏ အရေအတွက်က ထိုးနှက်ချက် နည်းစနစ်၏ အရေအတွက်ကို ကျော်နေ၏။
ထို့အပြင် လက်ဝါးသိုင်းကို မှတ်ထားသည့် စာရွက်များက ရွှေရောင်ဖျော့ဖျော့ ပေါ်ထွက်လာပြီဖြစ်၏။ ဆိုလိုသည်က နောက်ထပ် လက်ဝါးသိုင်းတစ်မျိုးကို အသုံးပြုခဲ့လျှင် ပေါင်းစည်းနိုင်တော့မည်ပဲ ဖြစ်သည်။
ထိုအချိန်ကျလာလျှင် မည်ကဲ့သို့ လက်ဝါးသိုင်းမျိုး ပေါ်ထွက်လာမည်ဆိုတာ မည်သူက သိမည်နည်း။
ဒေါင်။
စာဖတ်သည့်အချိန်သည် အလွန်ကုန်မြန်သည်။ မျက်တောင်တစ်ခတ်အတွင်း အလုပ်ဆင်းချိန်ရောက်သွား၏။ ယဲ့ရှောင်သည် စတုတ္ထအလွှာတွင် တာဝန်ကျတာ ဖြစ်၏။ ထို့ကြောင့် လူသစ်များကို မစီမံရသေးပေ။ ယာယီလက်အောက်ငယ်သား မရှိသေးပေ။ သူက စာအုပ်များကို သူ့ဘာ့သာသူ သပ်ရပ်အောင်ပြင်ပြီး အနည်းငယ် သန့်ရှင်းရေး လုပ်လိုက်၏။
အများရှေ့တွင် သူက နတ်ဘုရားအာရုံစူးစိုက်ခြင်းကို အသုံးမပြုချင်ပေ။ ထို့ကြောင့် သူက မှောင်သည်အထိ အလုပ်များနေနိုင်၏။ ထိုစဥ် စာကြည့်တိုက် အပြင်ဘက် ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုအောက်၌ သွေးဆာလောင်သည့် အရှိန်အဝါက စတင်ပေါ်ထွက်လာတော့၏။
အပိုင်း ၁၄၃ ပြီး၏။