Switch Mode

Chapter – 142

ဒီ အဘိုးကြီးက တကယ် ရုပ်ဆိုး

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၂ ဒီအဖိုးကြီးက တကယ်ရုပ်ဆိုး။

ဖာ့နန်က ရှေ့ဆက််တိုးလိုက်ပြီး မဟာချီရှန်းတစ်ဦး၏ အရှိန်က အင်မတန် မြန်သည်။ ချက်ချင်းပင် သူက ထိုခြံဝန်းလေးရှေ့သို့ ရောက်သွား၏။

အတွေးတစ်ချက်ဖြင့် သူ၏ ဝိညာဥ်စွမ်းအင်ကိုထုတ်ဖော်လိုက်ရာ တံခါးလော့က အလိုအလျောက် ပွင့်သွားတော့သည်။

ဖာ့နန်က ရှေ့သို့ ချက်ချင်းဝင်လိုက်ပြီး ခြံဝန်းထဲသို့ ဝင်သွား၏။

ခြံဝန်းထဲတွင်ရှိသော ဟွမ်လျိုလီနှင့် ယဲ့ရှောင်ကမူ ထိတ်လန့်အံ့အားသင့်သွား၏။

သခင်နှင့်အစေခံ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်တို့က ဖာ့နန်ကို စိုက်ကြည့်နေကြပြီး သူ၏ နေရာတွင် ပေါ်လာရသည့် အကြောင်းအရင်းကို နားမလည်ပေ။

” ကတုံးလား ”

ရှောင်လင်သိုင်းကျောင်းတော်က တစ်စုံတစ်ယောက်လား။ ဒီကို ဘာကြောင့် ရောက်လာတာလဲ။

ယဲ့ရှောင်၏ ရုတ်တရက် စကားများက ဖာ့နန်ကို အနည်းငယ် ဆွံ့အသွားစေ၏။ ဒီကောင်က ဟိုတယ်ကို သွားပြီး သူ့ကို ကြိုဆိုခဲ့တဲ့ သူတွေထဲက တစ်ယောက်လား။

အနီးကပ်ကြည့်လိုက်ရာ သူနှင့် တူပုံပေါ်နေ၏။

သူက စာကြည့်တိုက်၏ ဝန်ထမ်းတစ်ဦး ဖြစ်သည်။ သူ၏ အဆင့်အတန်းက အလွန်နိမ့်၏။ ယခုအချိန်တွင် သူက တစ်ဖက်လူကို သိပ်ပြီး ဂရုစိုက်မနေပေ။

ဤနေရာ၌ နေထိုင်လိမ့်မည်ဟု မထင်ထားပေ။

” မဟုတ်သေးဘူး။ ခင်ဗျားရဲ့ အကြည့်နဲ့ အငွေ့အသက်က မမှန်ဘူး။ သတ်ဖြတ်လိုစိတ်တွေ ပြည့်နေတယ်။ ခင်ဗျားက သူ မဟုတ်ဘူး ”

” ဒီအရှိန်အဝါ ”

ဖာ့နန်က ပိုတောင်ထိတ်လန့်သွား၏။ ဒီကောင်စုတ်က သူ့ခန္ဓာကိုယ်ပေါ်က အငွေ့အသက်ကိုတောင် အာရုံခံမိတယ်။ သူက ဦးနှောက်ရှိသားပဲ။

ဒီကောင်စုတ်ကို သူ့အတွက် သုံးဖို့ သိမ်းထားပြီး သူ့လက်ထောက်ဖြစ်ခွင့် ပေးတာက ပိုကောင်းမယ်။ သူ့အတွက် ကိစ္စတွေအများကြီး လုပ်ပေးနိုင်မှာ။

သို့သော် သူက ပါးစပ်ဟတော့မည့်အချိန်တွင် ယဲ့ရှောင် ထပ်ပြောတာကို ကြားလိုက်ရ၏။

” နော့ဖစ်လား ”

ဖာ့နန်က ထိတ်လန့်လွန်းသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်လုနီးပါးပင်။

ဒီကောင်က သူ့ရဲ့ အထောက်အထားအမှန်ကို ခန့်မှန်းနိုင်တယ်လား။ သူက နည်းနည်းတော့ ကောင်းလွန်းနေတာပဲ။

သူ့ပါးစပ်မဟရသေးခင် နောက်တစ်စက္ကန့်တွင် ဓါးရောင်ခြည်က ယဲ့ရှောင်က လက်ထဲကနေ လူတစ်ယောက်၏ စိတ်နှလုံးကို ပြိုကွဲစေသော ဓါးရောင်ခြည်သည် ယဲ့ရှောင်၏ လက်ထဲက ပေါ်ထွက်လာ၏။ ယင်းက လျှပ်ပြက်သည့်ပမာ မြန်ဆန်လွန်းလှရာ သူ၏ မျက်လုံးထဲ ချဥ်းကပ်လာတော့၏။ ယင်းက နီးကပ်ပြီးရင်း နီးကပ်လာသည်။

ဖာ့နန် သေသွားခဲ့ချေပြီ။ သူက အလွန် ငြိမ်းချမ်းစွာ ကွယ်လွန်သွား၏။ ယဲ့ရှောင်၏ တံခါးသို့ သူ ဝင်ရောက်လိုက်သည့်အချိန်တွင် သူ တစ်ခွန်းတောင် ပြောရန် အချိန်မရလိုက်ပဲ ယဲ့ရှောင် စကားလုံးသုံးလုံး ပြောတာသာ ကြားလိုက်ရပြီးနောက် သူ ပျောက်ကွယ်သွားရသည်။ သေသည့်အချိန်ထိ သူ ဘာတွေဖြစ်နေမှန်း နားမလည်သွားချေ။

ယဲ့ရှောင်သည် စာကြည့်တိုက်မှူးလေးတစ်ဦးမျှသာ ဖြစ်ပြီး သူက မည်ကဲ့သို့ ထိုမျှ သန်မာနေသနည်း။

ယဲ့ရှောင်က ပိုတောင် စိတ်ဓာတ်ကျသွား၏။ သူက မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလျက် သူ့ကြောင့် သေဆုံးသွားသည့် ဝိညာဥ်စွမ်းအင်များကို ကြည့်လိုက်ပြီး မျက်လုံးထဲ၌ သံသယများ ပြည့်နေသည်။

” ဒီလူကို ခုနတုန်းက နော့ဖစ်က ပူးကပ်ထားတာ။ ဒါပေမဲ့ သူ ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။ နော့ဖစ်က ငါ့အကြောင်း ရှာတွေ့တာများလား။ ဒါကြောင့် ငါ့ကို ရှာဖို့ လူလွှတ်လိုက်တာလား ”

ခဏကြာပြီးနောက် ယဲ့ရှောင်က ခေါင်းခါလိုက်သည်။

” ထားလိုက်တော့။ ဒီအကြောင်း မတွေးတော့ရအောင်။ သူ ဒီမှာ ပေါ်ပေါက်လာတာက တခြားသူတွေရဲ့ သံသယကို တိုးစေမှာ သေချာတယ် ”
ဟွမ်လျိုလီက သူ၏ အလောင်းကို ချက်ချင်း ပစ်ထုတ်လိုက်သည်။

” ဝေးဝေးသွားပစ်လိုက် ”

” နားလည်ပါပြီ ”

ဟွမ်လျိုလီက ချက်ချင်း လှုပ်ရှားတော့၏။
ဖာ့နန်၏ အလောင်းကို ဆွဲလျက် အိမ်အပြင်သို့ မြန်မြန်ထွက်သွားသည်။

ယဲ့ရှောင်သည် ခပ်ဝေးဝေးသို့ ရောက်သွားသည့် ဟွမ်လျိုလီကို ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်၏။

” နှမြောစရာပဲ။ နော့ဖစ်ရဲ့ ပင်မခန္ဓာရောက်လာတာ မဟုတ်ဘူး။ သူ့ရဲ့ ပင်မခန္ဓာသာ ငါ့ရဲ့ အိမ်တံခါးဝ ရောက်လာခဲ့မယ်ဆိုရင် ငါ ရေဘဝဲလုံး စားလို့ရ
ပြီ ”

ဖာ့နန်သည် နော့ဖစ်၏ ဝိညာဥ်စွမ်းအင်ဖြင့်သာ ပူးကပ်ခံထားရ၏။ သူက လူသားတစ်ယောက်ဖြစ်နေသေးပြီး စား၍ မရပေ။

ဖာ့နန် သေဆုံးပြီး ပြတိုက်၏ မြေအောက်ထဲတွင် ချိတ်ပိတ်ခံထားရသော နော့ဖစ်၏ ခန္ဓာအစစ်အမှန်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

သေစမ်း။ ဘယ်သူလဲ။ ဘယ်သူ ဝင်ရှုပ်တာလဲ။

ငါ မင်းကိုတွေ့ရင် မင်းကို အရေခွံစုတ်ပြီး မင်းရဲ့ အကြောတွေကို ဆွဲထုတ် နုတ်နုတ်စင်းပစ်မယ်။ မင်းကို အသားစတွေအဖြစ် ခုတ်ထစ်ပြီး ဖက်ထုပ်လုပ်ပစ်မယ်။

အား … မင်းကို မုန်းလိုက်တာ။

သို့သော် ခဏအကြာတွင် သူက ရက်စက်သည့် အသံဖြင့် ပြောလိုက်၏။

သေသင့်တဲ့ လူသား။ ဒီအတိုင်း မင်းနိုင်သွားလိမ့်မယ်လို့ မထင်နဲ့။ ဖာ့နန်က ကွမ်လျန်ကို ဒဏ်ရာရအောင် လုပ်ပြီးပြီ။ ကွမ်လျန် တည်ဆောက်တဲ့ အစီအရင်က ဟာကွက်အရိပ်ယောင် ရှိပြီးသား။ အဲ့ဒီခြေရာလက်ရာတွေက ငါလွတ်မြောက်ဖို့အတွက် လုံလောက်တာထက် ပိုတယ်။

အစီအရင်ပျက်စီးမယ့်နေ့ သိပ်မလိုတော့ဘူး။ စောင့်နေလိုက်။ အစီအရင်ပျက်စီးမယ့်နေ့က သိပ်မလိုတော့ဘူး။ အချိန်ကျလာတဲ့အခါ ငါ့ရဲ့ ပင်မခန္ဓာက ကျန်းဟိုင်မြို့က လူအားလုံးကို စားပစ်မယ်။

ဖျက်ဆီးခြင်းနေ့။ ဖျက်ဆီးခြင်းနေ့က ကျန်းဟိုင်မြို့က လူအားလုံးရဲ့ ခေါင်းထဲကို ကျရောက်လာလိမ့်မယ်။

အစီအရင်တည်ဆောက်ပြီးသည့် ကွမ်လျန်ကို
ကြည့်ပြီးနောက် ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကိုလည်း အစီအရင်ပေါ်တွင် ထားလျက် သူက နောက်ဆုံးတွင် အသက်ရှူနိုင်တော့သည်။

သူ၏ ဝိညာဥ်စွမ်းအင်၏ စွမ်းအားများက လျော့ပါးသွားသော်ငြား ယခုအချိန်၌ ကြယ်အစီအရင်တည်ဆောက်ရန် အပြည့်အဝ အာရုံစိုက်ထားသည်။ သူ၏ ဝိညာဥ်စွမ်းအင်ကို ထိုလူ ခုခံနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။ သူ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေမှာပဲ ဖြစ်သည်။

ကံကောင်းသည်မှာ အစီအရင်က ပြီးစီးသွား၏။ဤနည်းဖြင့် နော့ဖစ်က ထပ်ပြီး လွတ်မြောက်တော့မှာ မဟုတ်ပေ။

အမှန်တကယ် အန္တရာယ်များသည့်သားရဲ နော့ဖစ်က မလွတ်မြောက်လျှင် ပြဿနာက ကြီးမားမှာ မဟုတ်ပေ။ သို့သော် အနည်းငယ် အသက်ရှုပြီးနောက် သူက လေးနက်သော အသံဖြင့် ပြောလိုက်သေးသည်။

” အခု အစီအရင်ပြီးမြောက်သွားပြီ။ အားလုံးပဲ ဖာ့နန်နောက် လိုက်လို့ရပြီ။ ဖာ့နန်က ကျားနတ်ဆိုးတစ်ကောင်ဖြစ်ပြီးသား။ သူ့ရဲ့ ခွန်အားက အလွန်သန်မာတယ်။ သူက ရှန်းထျန်းစတုတ္ထအဆင့် မဟာချီရှန်းတစ်ယောက်ပဲ။ သူ စိတ်ရိုင်းဝင်သွားပြီဆိုတာနဲ့ ကျန်းဟိုင်မြို့ရဲ့ လူတွေအားလုံးဆီ ဖျက်ဆီးခြင်းကပ်ဘေးတစ်ခု ဖြစ်လာစေလိမ့်မယ် ”

” ဒါ့အပြင် သူစိတ်ရူးမဖောက်သွားရင်တောင် နောင်ကြ နော့ဖစ်ကို ကယ်ချင်နေရင် ပြဿနာကြီးတစ်ရပ် ဖြစ်နေဦးမယ် ”

” ဟုတ်တယ် ”

အားလုံးက ပြန်ပြောပြီးနောက် ဖာ့နန်နောက်ကိုလိုက်ရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် ထိုစဥ် တုချန်ဖုန်းနှင့် ကျန်သည့်သူများကလည်း လျင်မြန်စွာ ပြန်လာ၏။

တုချန်ဖုန်းနှင့် ကျန်သည့်သူများ ပြန်ရောက်လာတာကို မြင်သောအခါ ကွမ်လျန်က ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။

” ကျောင်းအုပ် ယွီ ခင်ဗျားတို့ ဘာကြောင့် ပြန်လာတာလဲ ”
တုချန်ဖုန်းနောက်ရှိ ဘူများက ဖာ့နန်၏ အလောင်းကို ပြန်သယ်လာ၏။

” ဖာ့နန်က သေသွားပြီ ”

” ဘာ ”

ရှောင်လင်မှ လူများက အနည်းငယ် ထိတ်လန့်သွားကြ၏။ သူတို့က ဖာ့နန်၏ ခွန်အားကို ကောင်းစွာ သတိပြုမိသည်။ သူက ရှန်းထျန်းစတုတ္ထအဆင့်တွင် ရှိနေပြီဖြစ်၏။

တုချန်ဖုန်းကလည်း ရှန်းထျန်းစတုတ္ထအဆင့်တွင် ရှိသူ ဖြစ်သည်။ တစ်ဖက်သူက ချီရှန်းများဖြစ်၏။ သူတို့အဖို့ ဖာ့နန်ကို ခြိမ်းခြောက်ဖို့က မဖြစ်နိုင်လောက်ပေ။

” ကျောင်းအုပ်ကြီးက စွမ်းရည်ကို တကယ်မကြွားတဝါတတ်တဲ့သူပဲ။ ရောက်ရောက်ချင်းမှာပဲ ဖာ့နန်ကို သတ်လိုက်တာ။ အထင်ကြီးမိပါရဲ့ ”

ကွမ်လျန်က သက်ပြင်းချလိုက်၏။ တုချန်ဖုန်းက ခေါင်းခါလိုက်တော့သည်။

” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာဖြစ်လောက်တယ်။ သူက ဓါးဆန္ဒနဲ့ အသတ်ခံလိုက်ရပြီး မျက်ခုံးတစ်ဖက်ကြားမှာ အမာရွတ်တစ်ခု ချန်ခဲ့တယ်။ကျန်းဟိုင်တစ်မြို့လုံးမှာ စီနီယာဓါးမော့ဓါးဝိဇ္ဇာတစ်ယောက်ပဲ မဟာချီရှန်းတစ်ယောက်ကို ချက်ချင်းသတ်ဖြတ်နိုင်တဲ့ ခွန်အားရှိတာ ”

ဟင့်။

ကွမ်လျန်က အေးစက်သော လေထုများ ရှူရှိုက်မိသွား၏။ သူက ဖာ့နန်၏ နဖူးကို ကြည့်လိုက်ရာ ထိုနေရာ၌ ဓါးရာတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။

ဓါးရာက ညီညီညာညာ ဖြတ်တောက်ထားပြီး အလွန်သေးငယ်၏။ သို့သော် သူ၏ ဦးခေါင်းခွံကို ကြေမွသွားရုံသာမက ဝိညာဥ်ကိုလည်း ဖြိုခွဲသွားသည်။

ဖာ့နန်၏ မျက်နှာထက်တွင် သူ မသေခင် ဇဝေဇဝါဖြစ်မှုနှင့် ထိတ်လန့်မှုက ရှိနေသေး၏။

ဓါးက ပြိုင်ဘက်နှင့် တိုက်ရိုက် ရင်ဆိုင်ရင်း ဖြစ်ပြီး ချုံခိုတိုက်ခိုက်ခြင်း မဟုတ်ကြောင်း ဆိုလိုသည်။ ပိုကြောက်မက်ဖွယ်ကောင်းသည်က တစ်ဖက်လူသည် ဖာ့နန်ကို တစ်ချက်တည်းဖြင့် သတ်လိုက်တာပဲ ဖြစ်၏။ သူက တုံ့ပြန်ရန် အခွင့်အရေးတောင် မရလိုက်ချေ။

စီနီယာဓါးမော့ဓါးဝိဇ္ဇာ၏ သိုင်းပညာရပ်ပေါ် အောင်မြင်မှုက သာမန်လူများ မယှဥ်နိုင်သည့်အရာ ဖြစ်သည်။

ကွမ်လျန်က ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကိုကြည့်ပြီးလက်နှစ်ဖက်ဖြင့် အရိုအသေ ပေးလိုက်သည်။

” အောမီတောဖော် ”

ထိုကိစ္စက လျင်မြန်စွာ သတင်းပြန့်သွားလေ၏။

ကွမ်လျန်က ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည်။ ပြဿနာရပ်များကို ရှောင်ကြဥ်ရန်အတွက် သူက ကုသဖို့ရာ ရှောင်လင်သိုင်းကျောင်းတော်သို့ ပြန်ရန် လိုအပ်သည်။

ကျန်းဟိုင်မြို့ကလည်း ဆိုးဆိုးဝါးဝါး မသက်ရောက်ခံရပေ။ ထိုကိစ္စက ဂယက်မရိုက်စေခဲ့ပေ။ နှစ်ရက်ကြာပြီးနောက် စာကြည့်တိုက် တိုးချဲ့မှုက တရားဝင် ပြီးစီးသွား၏။

နေရစ်ခဲ့သော ဖာ့ကျန်းသည် ကျင့်ကြံနည်းစနစ်များ လွှဲပေးသည့် တာဝန်ကို ယူထားသည်။

ယဲ့ရှောင်သည် နောက်ဆုံး၌ အလုပ်စလုပ်နိုင်ပြီ ဖြစ်သည်။

စာကြည့်တိုက်သို့ ရောက်သည့်အချိန်၌ စာကြည့်တိုက် ဝင်ပေါက်၌ ရုပ်ထုတစ်ခုကိုမြင်ပြီး အနည်းငယ် သိချင်စိတ် ဖြစ်သွား၏။

” အမ်း ..။ စာကြည့်တိုက်ဝင်ပေါက်မှာ ဘာကြောင့်များ ရုပ်ထုတစ်ခု ရှိနေတာလဲ။ ဒါ ဘယ်သူ့ ရုပ်ထုလဲ ”

စာကြည့်တိုက်မှ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ့ဘေးသို့ လျှောက်လာပြီး ပြုံးကာ ရှင်းပြလိုက်၏။

” မင်း အဲ့ဒါကို လိုင်းပေါ်မှာ မတွေ့ဘူးလား။ ဒါက ဓါးမော့ဓါးဝိဇ္ဇာလေ ”

” ဓါးမော့ဓါးဝိဇ္ဇာတဲ့လား ”

” ငါတို့ ကျန်းဟိုင်မြို့က ဆန်းကြယ်တဲ့ ပြိုင်စံရှား သိုင်းပညာရှင်ကြီးလေ။ ရှေ့မှာ စကားလုံးတွေ ထွင်းထုထားတယ် ”

ယဲ့ရှောင်က ရှေ့သို့ အမြန်လျှောက်သွားလိုက်၏။ အရုပ်ဆိုးသည့် အဖိုးကြီး၏ ရုပ်ထုက သူဖြစ်နေကြောင်း အတည်ပြုပြီးသည့်အခါ သူ စိတ်ရှုပ်ထွေးသွားတော့သည်။

ကျန်းဟိုင်မြို့ရဲ့ အလုပ်သမားတွေက ဘာကြောင့်များ သူ့ကို ချောမောခန့်ညားပြီး အစွမ်းထက်တဲ့ လူငယ်တစ်ယောက်အဖြစ် မတွေးခဲ့ကြတာလဲ။ ဘာကြောင့် သူ့ကို ဒီလောက် အသက်ကြီးတဲ့ပုံပေါ်အောင် လုပ်ထားရတာလဲ။ အံ့ဖွယ်ဂိုဏ်းက သူတို့ ငယ်ရွယ်မှုကို တစ်သက်လုံး ထိန်းထားနိုင်တယ်ဆိုတာ သိထားရမှာလေ။ သို့သော် အတော်ကြာပြီးနောက် ယဲ့ရှောင်သည် ၄င်းကို ကူကယ်ရာမဲ့စွာ လက်ခံရုံသာ တတ်နိုင်သည်။ အနည်းဆုံးတော့ သူ့ကိုသူ ဖုံးကွယ်နိုင်သည်ဟု ဆိုလိုတာပဲ ဖြစ်သည်။

သူ့ကိုသူ နှစ်သိမ့်ရန် ရုပ်ထုရှေ့၌ သူ့ကိုသူ ယှဥ်ရုံသာရှိသည်။ ပြီးနောက် အလုပ်သွားရန် အချိန်ကျရောက်လာသည်။ စာကြည့်တိုက်က နောက်ထပ် ဝန်ထမ်းသစ်များ ခေါ်ယူပြီး ဝန်ထမ်းသစ်များ၏
ကျင့်ကြံဆင့်က ဟို့ထျန်းစတုတ္ထအဆင့်ဝန်းကျင်တွင် ရှိရမည်။ အနည်းဆုံးတော့ သူတို့က ဟို့ထျန်းတတိယအဆင့်တွင်ရှိပြီး သိုင်းစာကြည့်တိုက်တစ်ခုလုံး၏ ပျမ်းမျှခွန်အားကို တစ်ဆင့်တိုးမြင့်နိုင်သည်။

သို့သော် ယဲ့ရှောင်၏ အမြင်တွင် သူတို့က သိပ်အသုံးမဝင်ချေ။ စစ်မှန်သည့် သိုင်းပညာရှင်တစ်ဦးနှင့် တွေ့ပါက သူတို့အားလုံးက အမြှောက်စာများသာ ဖြစ်လိမ့်မည်။

သူတို့က အချို့သော သိုင်းပညာရှင်များ မကောင်းသည့် အတွေးများ မရှိရလေအောင် ကာကွယ်ပေးသည့်အရာများဟုသာ ဆိုနိုင်သည်။

ဝန်ထမ်းသစ်များက စာကြည့်တိုက်တွင် အလုပ်လုပ်သည့် အတွေ့အကြုံမရှိ။ ထို့ကြောင့် စာကြည့်တိုက်၏ စီမံခန့်ခွဲမှုအဖွဲ့ထဲ ဝင်နိုင်မှာ မဟုတ်ပေ။

ထို့အပြင် ယဲ့ရှောင်တို့ အဖွဲ့ထဲရှိ ဝန်ထမ်းဟောင်း သုံးပုံနှစ်ပုံက အလုပ်ပြုတ်သွားသည်။ ထို့ကြောင့် ယဲ့ရှောင်က နောက်တစ်ဆင့်တက်သွား၏။

တတိယအလွှာဧရိယာ၏ မူလကြီးကြပ်သူရာထူးမှ သူက စတုတ္ထအလွှာဧရိယာ၏ ကြီးကြပ်သူရာထူးအထိ တက်သွားလေ၏။

သူ၏ လစာကလည်း တစ်လကို ယွမ် ၁၅၀၀၀တိုးသွားပြီး အတော်လေး များသည့်ပမာဏဟု သတ်မှတ်၍ရသည်။ သို့သော် ယဲ့ရှောင်အတွက် ယင်းက အရေးမကြီးပေ။ အရေးကြီးသည့်ကိစ္စက တခြားကိစ္စဖြစ်သည်။

စတုတ္ထအလွှာအထက်၌ ကျင့်ကြံခြင်းနည်းစနစ်များက အကောင်းဆုံးဖြစ်သည်။ သူတို့အားလုံးက သာလွန်အဆင့် ဖြစ်ကြပြီး ချီရှန်းအဆင့်တွင်တောင် ရှိသည်။

ရှောင်လင်သည် ထိုအဆင့် သို့မဟုတ် ထိုထက်တောင် ပိုမြင့်သည်။ သိုင်းကျင့်စဥ်များကို လှူဒါန်းပေးလိုစိတ်ရှိသည်ဟု ဆိုရမှာပဲ ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်အဖို့ သကြားလုံးစက်ရုံတွင် ကျသွားသည့် ကလေးတစ်ယောက်နှင့် မခြားတော့ပေ။

ထိုမျှများပြားသည့် စာအုပ်များဖြင့် သူတို့က သာမန် ကျင့်စဥ်များကို ပိုဖတ်ရှုနိုင်လာမည်။ သူသည် မကြာမီ၌ အခြေခံတော်ဝင်နည်းစနစ်အဖြစ် ပေါင်းစည်းရန် အခြေခံကျင့်စဥ်များစွာကို မကြာမီ၌ ရှာတွေ့နိုင်လိမ့်မည်။

ယဲ့ရှောင်အလုပ်တက်သည့် တတိယမြောက်နေ့တွင် ဖာ့ကျန်းက ရှောင်လင်၏ ကျင့်စဥ်များကို အားလုံး လွှဲပေးပြီးသွားပြီဖြစ်သည်။ စုစုပေါင်း စာအုပ် ၆သောင်းရှိ၏။

ရှောင်လင်သိုင်းကျောင်းတော်၏ သိုင်းပညာရှင်များ၏ ယခင်မျိုးဆက်က လက်ဆင့်ကမ်းခဲ့တာပဲ ဖြစ်သည်။

စျေးကွက်ပေါ်၌ လူကြိုက်များသည့် စာအုပ်များ
နှင့်မတူ။ ရှောင်လင်၏ ကျင့်စဥ်အများစုက ကြယ်တာရာသားရဲများကို သတ်ဖြတ်သည့် ၄င်းတို့၏ အမြုတေကနေ ထုတ်ထားတာ ဖြစ်သည်။ ထို့ကြောင့် အတုက အလွန်ရှားပါးသည်။ စုစုပေါင်း လွှဲထားတာက ၃ဆင့်ရှိ၏။

စတုတ္ထ ပဥ္စမနှင့် ဆဌမအဆင့်က ရှောင်လင်၏ လှူဒါန်းမှုများကို လက်ခံရရှိသည်။ သူတို့ထဲတွင် စတုတ္ထအဆင့်၏ ကျင့်စဥ်များက အားအနိမ့်ဆုံး ဖြစ်၏။ ဆဌမအဆင့်၏ ကျင့်စဥ်များက အသန်မာဆုံး ဖြစ်သည်။

အားလုံးလွှဲပေးပြီးနောက် နေ့လယ်စာစားချိန် ဖြစ်သွားသည်။

မူလက ဒါရိုက်တာအိုးရန်သည် ဖာ့ကျန်းအတွက် စားသောက်ပွဲတစ်ခု တည်းခင်းပေးရန် ပြင်ဆင်နေခဲ့သည်။ သို့သော် ချဲ့ကားနေရန် မလိုဟု ဆိုခဲ့သည်။ သူက စားစရာတချို့စားရန်အတွက် ယဲ့ရှောင်နှင့်အတွက် ကန်တင်းသာ သွားရန် လိုအပ်သည်။

ထို့ကြောင့် ယဲ့ရှောင်က သူနှင့် လိုက်ပါပေးလိုက်၏။ ထမင်းဖြူတစ်ပန်းကန်နှင့် အဖန်ရည်တစ်ပန်းကန်သာ ဖြစ်သည်။

ထိုချိုးခြံသော ကိုယ်တော်ဖာ့ကျန်းသည် အမြဲတမ်း ဤအတိုင်းသာ စားသည်။ စားသောက်နေစဥ် ယဲ့ရှောင်က မမေးပဲ မနေနိုင်တော့ချေ။

” ဖာ့ကျန်း ဆရာတို့ ရှောင်လင်သိုင်းကျောင်းတော်ရဲ့ ရှောင်လင်သိုင်းစာကြည့်တိုက်က လှူဒါန်းတဲ့ သိုင်းကျမ်းတွေက သာလွန်တဲ့ ချီရှန်းအဆင့်တွေကြီးပဲလား ”

အပိုင်း ၁၄၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset