Switch Mode

Chapter – 141

ရုတ်တရက် ပြောင်းလဲမှု တစ်ခု

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၁ ရုတ်တရက် ပြောင်းလဲမှုတစ်ခု။

ဖာ့ကျန်း၏ အမူအယာက ရုတ်တရက် တောင့်ခဲသွားသည်။ ပြီးနောက် သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် အင်မတန်လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။

” အဲ့ဒါက နဂါးအမျိုးအစား သွေးမျိုးဆက်ရှိတဲ့ လက်တံရှစ်ချောင်းရေဘဝဲ နော်ဖစ်ပဲ။ သူ့ရဲ့ ဘိုးဘေးက ကြယ်တာရာသားရဲတွေရဲ့ ရှေးဟောင်းမျိုးစိတ်တစ်ခုဖြစ်တဲ့ အရှင် ဟဲလုံငါး။ သူ့ရဲ့ သွေးမျိုးဆက်က အင်မတန် သက်တမ်းရင့်နေပြီး အစွမ်းထက်တယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀၀ကျော်တုန်းက ကြယ်တာရာသားရဲကပ်ဘေးအတွင်းမှာ သူက အမြင့်ဆုံးအဆင့် အံ့ဖွယ်ချီရှန်းရဲ့ ခွန်အားနဲ့ ချူစီရင်စုဆီ ဆင်းသက်လာပြီး ချုစီရင်စုက လူသားမျိုးနွယ်စုကို တိုက်ခိုက်ခဲ့တာ။ အဆုံးမှာတော့ ငါတို့ ရှောင်လင်ကျောင်းတော်က ရဟန်းတစ်ပါးရဲ့ ဖိနှိပ့်မှုကို ခံခဲ့ရတယ် ”

” နှစ်ပေါင်းများစွာကြာပြီးတော့ ရှောင်လင်ရဲ့ နတ်ဆိုး ဂူ ၇၂ခုအောက်မှာ ဖိနှိပ့်ထားတာ။ ဒါက ရှောင်လင် ဖိနှိပ့်ထားတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကြယ်တာရာသားရဲတွေထဲက တစ်ကောင်ပဲ ”

” နှစ်ပေါင်းများစွာကြာအောင် သူက ချူစီရင်စုအတွက် မိုးနဲ့မြေရဲ့ မြေစွမ်းအင်တွေကို ဆက်တိုက် စုပ်ယူပေးနေတာ ”

ယဲ့ရှောင်က မင်သက်သွားသည်။

ဧရာမရေဘဝဲလား။

လက်တံတွေနဲ့ သတ္တဝါတဲ့လား။

သံပြား ကင်းမွန်လား။ ဒါမှမဟုတ် ကင်းမွန်နက်လား။

ဟော့ပေါ့ကင်းမွန်၊ ကြက်သွန်ကင်းမွန်၊ ကင်းမွန်ကြော်၊ ကင်းမွန်တုတ်ထိုး၊ ကင်းမွန်အခြောက်။

တစ်စုံတစ်ခုက မူမမှန်ပေ။ ရေဘဝဲနှင့် ကင်းမွန်ဟူသည်က မတူညီသည့် သတ္တဝါဖြစ်၏။

ဒါဆို တာကိုရာစီလား။

တစ်ချိန်လုံး တိတ်ဆိတ်နေပြီး အတွေးနက်နေသည့် ယဲ့ရှောင်ကို ကြည့်ပြီး ဖာ့ကျန်းက သူ ထိတ်လန့်လွန်းသောကြောင့် တိတ်သွားတာ ဖြစ်ရမည်ဟု တွေးလိုက်သည်။ ယင်းက ပုံမှန်ပဲ ဖြစ်သည်။ ဆိုရလျှင် ယဲ့ရှောင်၏ စိတ်နေသဘောထား မည်မျှကောင်းမွန်စေကာမူ သူက အသက် ၂၀သာ ရှိသေးသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။ ထို့အပြင် သူ၏ ကျင့်ကြံဆင့်က မမြင့်ပေ။

လူတစ်ယောက်အဖို့ နော့ဖစ်ကဲ့သို့ အစွမ်းထက်သည့် သတ္တဝါတစ်ကောင်အကြောင်း ကြားသည့်အချိန် ထိတ်လန့်မှာ သေချာသည်။

” ဒီတစ်ခေါက် နော့ဖစ်ရဲ့ ကိုယ်ခွဲကို ကျန်းဟိုင်မြို့ထဲမှာ ချိတ်ပိတ်ထားပြီးရင် ဒီနေရာမှာ စစ်သည်တော်တွေ ကျင့်ကြံဖို့ ကူညီပေးဖို့အတွက် မြို့ဆီ ဝိညာဥ်စွမ်းအင်တွေ ပိုသယ်လာနိုင်လိမ့်မယ်။ မင်းလည်း အဲ့ဒီကနေ အကျိုးအမြတ် ရလိမ့်မယ် ”

” ငါတို့ ဗုဒ္ဓဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းကို နောက်ထပ် ဝိညာဥ်သိပ်သည်းစေသော ဆေးလုံးပေးမယ်။ ဒါက မင်းရဲ့ အံ့ဖွယ်ဝိညာဥ်ကို နှိုးဖို့အတွက် လုံလောက်မယ် ”

” အဲ့ဒီအချိန်ကြရင် မင်းရဲ့ ကျင့်ကြံခြင်းက
ဟို့ထျန်းအဌမ ဒါမှမဟုတ် နဝမအဆင့်ကို တက်သွားလိမ့်မယ်။ အဆင့်တက်ဖို့က ပြဿနာကြီး မဟုတ်တော့ဘူး ”

” ဗုဒ္ဓဂိုဏ်းကို မဝင်ပဲ ဝိညာဥ်သိပ်သည်းဆေးလုံးတစ်လုံး ရနိုင်မလား ”

” မရဘူး ”

ဆရာကွမ်လျန်နှင့် ဒါရိုက်တာက ဆွေးနွေးပြီးနောက် အစောင့်အရှောက်များက စာကြည့်တိုက်သို့ ရောက်လာသည်။ သို့သော် ယဲ့ရှောင်နှင့် ကျန်သည့်သူများက အိမ်ပြန်နိုင်၏။ ထိုအချက်ကို ရှင်းပြရန်က အလွန်လွယ်ကူသည်။

ကြယ်တာရာသားရဲတစ်ကောင်ကို ချိတ်ပိတ်ခြင်းက အလွန်အရေးကြီးသည့် ကိစ္စတစ်ရပ် ဖြစ်သည်။ အထက်အရာရှိများမှအပ ကျန်သည့်သူများက ၄င်းကို မြင်တွေ့ရန် အရည်အချင်း မရှိကြပေ။

ယဲ့ရှောင်က ထိုသို့ပြုလုပ်ရမှာကို ပျင်းရိလွန်းနေသောကြောင့် အိမ်ပြန်ချင်နေရုံသာ ဖြစ်သည်။

သူတို့ စာကြည့်တိုက်ကို ရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းကို အနည်းနဲ့အများ နားလည်သွားပြီ ဖြစ်သည်။ စာကြည့်တိုက်ထဲတွင် သူ့အတွက် ဘုရင်အေးအ် စောင့်နေသောကြောင့် သူသည် သူ့ကို တိုက်ခိုက်ရန်အတွက် စာကြည့်တိုက်သို့ ရောက်လာတာ ဖြစ်သည်။

ထို့ကြောင့် ထိုလူများက သူသည် စာကြည့်တိုက်နားတစ်ဝိုက်တွင် နေထိုင်သည်ဟု ခန့်မှန်းတာ ဖြစ်နိုင်၏။

သို့သော် ယခုအချိန်တွင် သူမသိသည်က စာကြည့်တိုက်၏ ဝင်ပေါက်နား၌ ကြီးမားတဲ့ ရုပ်ထုကြီးတစ်ခု ရှိနေသည်။

၄င်းက ဝတ်ရုံရှည်ကို ဝင်ဆင်ထားပြီး ဦးခေါင်းထက်၌ ဦးထုပ်နှင့် မုတ်ဆိတ်တို့ ရှိနေ၏။ ရှေးခေတ်ကာလက အသက်အရွယ်ကြီးသည့်လူကြီးလူကောင်းတစ်ဦးနှင့် တူနေပြီး အနည်းဆုံး အသက် ၈၀ခန့် ရှိပုံပေါ်သညါ။

ရုပ်ထု၏ နောက်ကျော၌ ဓါးမော့တစ်လက်နှင့် ဓါးတစ်လက် ရှိနေ၏။ ရုပ်ထု၏ အောက်ခြေ၌ ကြီးမားသည့် ကျောက်ဆောင်ကြီးတစ်ခု ရှိသည်။

ထိုပေါ်၌ ကျန်းဟိုင်မြို့၏ အံ့ဖွယ်ချီရှန်း ” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ ” ထိုသို့ရေးထားလေသည်။

ကွမ်လျန်နှင့် ကျန်သည့်သူများ ရောက်လာပြီးနောက် သူတို့က တုထျန်းယွီ၊ တုချန်ဖုန်းနှင့် ဤနေရာ၌ ကြာမြင့်စွာ စောင့်ဆိုင်းနေသည့် ကျန်သည့်သူများကို နှုတ်ဆက်လိုက်သည်။ အလာပ သလာပပြောပြီးနောက် သူတို့ အကြည့်က ရုပ်ထုဆီ ရောက်သွားတော့၏။

” ဓါးမော့ဓါးဝိဇ္ဇာ။ ဒီလိုနာမည်ကို သုံးရဲတဲ့သူက အမှန်တကယ် ထူးကဲမှာပဲ ”

တုချန်ဖုန်းက ရှင်းပြလိုက်၏။

” ဆရာကွမ်လျန် နားလည်မှု လွှဲနေပါပြီ။ တကယ်တော့ ဒီစီနီယာကို မသိသေးသလို သူ့နာမည်အရင်းကိုလည်း မသိသေးပါဘူး။ ဒါပေမဲ့ သူက ဓါးသိုင်းလည်းကျွမ်းပြီး ဓါးမော့သိုင်းလည်း ကျွမ်းပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့ရဲ့ စီနီယာ၊ ဓါးမော့ဓါးဝိဇ္ဇာဆိုပြီး ခေါ်လိုက်တာပါ ”

” ငါ သိပြီ ”

ကွမ်လျန်က ခေါင်းညိတ်ပြီးနောက် သက်ပြင်းချလိုက်မိ၏။

” ရှေးယခင်ကာလတည်းက လူသားသိုင်းပညာရှင်အများစုက သိုင်းပညာရပ်တစ်ခုတည်းပေါ်မှာပဲ ကျင့်ကြံဖို့ အာရုံစိုက်ထားတာ။ သူတို့တွေက ကျင့်စဥ်တွေကို ပိုပြီး လေ့ကျင့်နိုင်ခဲ့တယ်ဆိုရင်တော့ သူတို့က အခြေခံတူညီတဲ့ ကျင့်စဥ်တွေကိုပဲ ကျင့်ကြံမှာ။ ကျုပ်တို့ရဲ့ ရှောင်လင် အံ့ဖွယ်ချီရှန်းတွေကတောင် ထိုးနှက်ချက်သိုင်းနဲ့ ခန္ဓာသန့်စင်ခြင်းသိုင်းကိုပဲ အားစိုက်လေ့ကျင့်တယ်။ သူတို့က ဓါးမော့နဲ့ ဓါးကို လေ့ကျင့်တဲ့အချိန် သူတို့တွေက ဓါးမော့ ဒါမှမဟုတ် ဓါးကိုပဲ အားစိုက်လိမ့်မယ် ”

” ကျန်းဟိုင်မြို့က အံ့ဖွယ်ချီရှန်းတစ်ယောက်က ဓါးမော့နှင့် ဓါးနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ဒါ့အပြင် သူတို့က အလွန်အစွမ်းထက်သေးတာ။ ဒါက ကျုပ်အမြင်ကို ကျယ်စေတာပဲ ”

” ဒါပေမဲ့ ဒီနုံချာတဲ့ ကိုယ်တော်က ဒီလိုထူးကဲတဲ့လူကို တွေ့ခွင့်မရတာတောင် နှမြောစရာကောင်းသကိုး။ နှ​မြောစရာကောင်းလိုက်တာ။ နှမြောစရာကောင်းလိုက်လေခြင်း ”

တုချန်ဖုန်းက ခေါင်းညိတ်လိုက်လေ၏။

” ဘယ်သူက ဒီလိုပြောတာလဲ။ ကျွန်တော်တို့ ကျန်းဟိုင်မြို့ရဲ့ ဒေသခံ သိုင်းပညာရှင်တွေကတောင် စီနီယာဓါးမော့ဓါးဝိဇ္ဇာကို တွေ့ဖို့အတွက် နေ့ရောညပါ အိမ်မက်မက်နေတာပါ ”

” သူက သိုသိုသိပ်သိပ် နေလွန်းတာ နှမြောစရာပဲ။ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး ”

” ကျွန်တော် သူနဲ့တွေ့ဖို့ တစ်ခါ အခွင့်အရေး ရဖူးတယ်။ ကံကောင်းပြီးတော့ စီနီယာရဲ့ မျက်နှာသာပေးမှုကို ရခဲ့တာလေ။ သူက ကျွန်တော့်ရဲ့ ဒဏ်ရာကို ကုသပေးဖို့အတွက် ကုသခြင်းနည်းစနစ်တစ်ခု အသုံးပြုခဲ့တယ် ”

” မဟုတ်ရင် ကျုပ် ကုသပေးဖို့ နာမည်ကြီးဆရာဝန်ကို သွားရှာဖို့ ကြေးစီရင်စုဆီ သွားရလိမ့်မယ် ”

” သူ ကုသခြင်းနည်းစနစ်ကို သိတယ်လား ”

ကွမ်လျန်က တအံ့တသြ ပြောလိုက်၏။

တုချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။

” သူက သိပ်သန်မာတာ။ သူ့ရဲ့ ကုသခြင်းနည်းစနစ်က တော်ဝင်နည်းစနစ်အောက် မလျော့ဘူး ”

” ဘာပြောလိုက်တာ ”

ကွမ်လျန်က အသံကျယ်သွားမိသည်။ အံ့ဖွယ်အဆင့်အောက် ချီရှန်းတစ်ဦးကတောင် ထိုကဲ့သို့ သတင်းကို ကြားသည့်အချိန်၌ သတိတရားကို မထိန်းနိုင်ပေ။

မယုံနိုင်စရာကောင်းလိုက်တာ။

ထိုစီနီယာသည် တစ်ပြိုင်နက်တည်း သိုင်းပညာရပ်နှစ်မျိုးကို ကျင့်ကြံခဲ့၏။ သူ့ကို မကောင်းဆိုးဝါးတစ်ကောင်ဟု ခေါ်၍ ရနေပြီဖြစ်သည်။ ယခု သူက တော်ဝင်နည်းစနစ်အောက် မလျော့သည့် ကုသခြင်းနည်းစနစ်တစ်ခုကိုလည်း ကျင့်ကြံထားသည်။ ယင်းက ကောင်းကင်ကို ဖီဆန်နေခြင်းသာ ဖြစ်၏။

သူက ရုပ်ထုကို ထပ်ကြည့်ပြီး သူ၏ မျက်လုံးများက ယခင်ကကဲ့သို့ တည်ငြိမ်မနေတော့ပေ။ ထိုအစား ထိတ်လန့်မှုနှင့် လေးစားမှု အရိပ်ယောင်တို့ ရှိလာ၏။

လူသားများသည် သန်မာဖို့အတွက် အမြဲတမ်း တောင်းတသည်။ သူသည် အံ့ဖွယ်အဆင့်အောက် ဂိုဏ်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီးသားဆိုသည်ထက် သူက ထိုကဲ့သို့ အစွမ်းထက်၏။ အံ့ဖွယ်ချီရှန်းတစ်ဦးကို ရင်ဆိုင်ရသည့်အချိန်တွင် သူ သန်မာရန် တောင်းတမိသည်။ ယင်းက အံ့ဖွယ်ဂိုဏ်း၏ ခွန်အားပင် ဖြစ်၏။ ထူးကဲသော တည်ရှိမှုလည်း ဖြစ်သည်။

ဓါးမော့ဓါးဝိဇ္ဇာအတွက် ကွမ်လျန်၏ လေးစားမှုကိုမြင်ပြီး တုချန်ဖုန်းနှင့် ကျန်သည့် သူများက ဂုဏ်ယူဝင့်ကြွားမိ၏။

သူတို့က ကွမ်လျန်ကို လေးစာရုံသာမက ဓါးမော့ဓါးဝိဇ္ဇာကိုလည်း လေးစားတာ အမှန်ပဲ ဖြစ်သည်။ ဓါးမော့ဓါးဝိဇ္ဇာကလည်း ကျန်းဟိုင်မြို့၏ သိုင်းပညာရှင်ကြီးတစ်ဦးလည်း ဖြစ်သည်။ သူတို့ကဲ့သို့ ကျန်းဟိုင်မြို့တွင်းရှိ ကြီးပြင်းလာသူများက ဂုဏ်ယူဝင့်ကြွားမှုကို ခံစားရတာ သဘာဝပဲ ဖြစ်သည်။

ဓါးမော့ဓါးဝိဇ္ဇာက ကျန်းဟိုင်မြို့၏ ဂုဏ်တက်စရာရှိနေ၏။

ခဏအကြာတွင် ကွမ်လျန်က ပြောလိုက်သည်။

” အချိန်စေ့တော့မယ်။ ချိတ်သွားပိတ်ဖို့ ပြင်ရအောင် ”

” ဟုတ်ပြီ ”

တုချန်ဖုန်းက လက်ခံလိုက်ပြီး ချက်ချင်းပင် ဘေးသို့ ဆုတ်သွားကာ ကွမ်လျန်နှင့် ကျန်သည့် ရှောင်လင်သိုင်းကျောင်းတော်၏ မဟာချီရှန်းများအတွက် နေရာဖယ်ပေးလိုက်သည်။

ဝိညာဥ်စုစည်းခြင်း အစီအရင်ကို တည်ဆောက်ရန်အတွက် ည၁၂နာရီတွင် အပြီးသတ်ရန် လိုအပ်သည်။

ထိုကဲ့သို့ မဟုတ်လျှင် မိစ္ဆာဝိညာဥ်ကို ဖိနှိပ့်သည့် အစီအရင်များကဲ့သို့ မဟုတ်ပေ။ ယင်းက မိစ္ဆာဝိညာဥ်၏ ခန္ဓာထဲရှိ မိစ္ဆာရောင်ဝါကို ဖိနှိပ့်ရန်အတွက် နေ့ဘက်တွင် နေ၏ စွမ်းအင်ကို ငှားရန်လိုအပ်သည်။

ကြယ်တာရာသားရဲများကို အစီအရင်အမြုတေအနေဖြင့် အသုံးပြုခြင်းက ကြယ်တာရာသားရဲကို ဖိနှိပ့်ရန် လိုအပ်ရုံသာမက ကြယ်တာရာသားရဲ၏ စွမ်းအင် နှိုးထဖို့ကိုလည်း စိတ်ချသေချာစေရန် လိုအပ်သည်။ ဒီတော့မှ ဝိညာဥ်စုစည်းခြင်း အစီအရင်က ပြီးပြည့်စုံဆုံး အာနိသင်ကို ရရှိပေလိမ့်မည်။

ထို့အပြင် တခြားအမြင်အရ ကြယ်တာရာသားရဲ
နှင့် လူသားနှစ်မျိုးလုံးသည် နေ၏ အလင်းရောင်ကို လိုအပ်ပြီး နေ၏ စွမ်းအင်ကို လိုအပ်ကြ၏။ ၄င်းက သန်မာပြီး သက်ဝင်လှုပ်ရှားမှု ပြည့်ဝသော စွမ်းအားဖြစ်သည်။

မွန်းတည့်ချိန်၌ ဗုဒ္ဓဂိုဏ်း၏ စွမ်းအားက အသန်မာဆုံး ဖြစ်သည်။ ကြယ်တာရာသားရဲ၏ စွမ်းအားကလည်း တိုးလာပြီး ချိတ်ပိတ်ရန် ခက်ခဲသည့် အနေအထားထိ တိုးလာလေ၏။

ည၁၂နာရီတွင် ဗုဒ္ဓဂိုဏ်း၏ သိုင်းစွမ်းအားက အားလျော့သွားသည်။ သို့သော်ငြား ကြယ်တာရာသားရဲ၏ စွမ်းအားကလည်း အားလျော့သွား၏။

ထိုအချိန်ရောက်လျှင် ဗုဒ္ဓဂိုဏ်းက သူတို့၏ သိုင်းပညာရှင်များ အားဖြည့်ပေးနေလျှင် သူတို့က သူတို့ သိုင်းစွမ်းအား၏ အားနည်းသည့် အပျက်သဘော အာနိသင်များကို အလွယ်တကူ ဖယ်ရှားနိုင်မည်။

ထို့ကြောင့် အံ့ဖွယ်ဂိုဏ်းအပြင် ရှောင်လင်က မဟာချီရှန်း၁၈ပါးကို ပို့ခဲ့တာလည်း ဖြစ်သည်။ မကြာမီ၌ အားလုံးက အစီအရင်ကို စတင်တည်ဆောက်တော့၏။

ကွမ်လျန်က အစီအရင်ကို ရေးဆွဲနေစဥ် ကျန်သည့်သူများက ပံ့ပိုးပေး၏။ သူတို့က ဗုဒ္ဓဂိုဏ်း၏ သိုင်းပညာရပ်နှင့် အမြင့်ဆုံးယန်စွမ်းအင်ဓာတ်ကို ထုတ်သုံးနေ၏။ သူတို့က အစီအရင်ကို အသက်သွင်းရန်အတွက် အစီအရင်ထဲ ဝင်လာပြီး တစ်ချိန်တည်းတွင် နော့ဖစ်ကို ဖိနှိပ့်ထား၏။

အစ၌ အရာအားလုံး ချောမွေ့နေသည်။ အစီအရင်က ရေးဆွဲပြီး အောင်မြင်စွာ အသက်သွင်းလိုက်လျှင် ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုက ချိတ်ပေါ်တွင် ထားရှိပြီးလျှင် အရာအားလုံး ပြီးပြည့်စုံသွားပေ
လိမ့်မည်။

သို့သော် အရေးပါသည့် အခြေအနေတည်ဆောက်နေသည်။ အရေးပါသည့် အခြေအနေ၌ တစ်စုံတစ်ခု မထင်မှတ်ထားတာ ဖြစ်လာသည်။

မဟာချီရှန်းတစ်ဦးက သူ၏ ဗုဒ္ဓသိုင်းစွမ်းအင်များကို သွင်းတာ ရုတ်တရက် ရပ်လိုက်လေ၏။

သူသည် ဗုဒ္ဓသိုင်းစွမ်းအင်များ ထုတ်သွင်းတာ ရပ်လိုက်ရုံသာမက သူက ရုတ်တရက်ကြီး တိုက်ခိုက်ပြီး ကွမ်လျန်၏ နံရိုးကို ထိသွားတော့သည်။

ဖူး။

ကွမ်လျန်က ချက်ချင်းပင် သွေးအန်တော့၏။ သူ၏ အရှိန်အဝါက ညှိးရော်သွားတော့သည်။ သူ၏ ရောင်ဝါများက ချက်ချင်း ညှိုးရော်ကုန်၏။

ကျန်သည့်သူများကလည်း ထိတ်လန့်သွားကြသည်။

” ဖာ့နန် မင်း ဘာလုပ်နေတာလဲ ”

ဖာ့နန်က အရူးတစ်ယောက် မဟုတ်ပေ။ တိုက်ခိုက်ပြီးသည်နှင့် လှည့်ပြေးကာ ထိုလူများကို လျစ်လျူရှူတော့၏။

” သေစမ်း သူ့ကို ထွက်ပြေးခွင့်ပေးလို့ မရဘူး ”

အားလုံးက မှန်ကန်ဖြောင့်မတ်မှုများ ပြည့်နေ၏။ အားလုံးက အခဲမ​ကျေမှုများ ပြည့်နေသည်။ သူတို့ ပြန်လည်တိုက်ခိုက်တော့မည့်အချိန်တွင် ကွမ်လျန်က ရုတ်တရက် ပြောလိုက်သည်။

” အားလုံးပဲ ရပ်ကြတော့ ”

” ဒါပေမဲ့ ဆရာ ဖာ့နန်ကို ထွက်ပြေးခွင့်ပေးလို့ မရဘူး။ သူက လူသားမျိုးနွယ်စုကို သစ္စာဖောက်ပြီးသားဖြစ်မှာပဲ ”

ကွမ်လျန်၏ အမူအယာက တက်ကြွမှုတို့ ပျောက်ဆုံးနေ၏။ သို့သော် သူ၏ မျက်လုံး၌ ပြတ်သားမှုတို့ ပြည့်နေသည်။

” သူက ငါတို့ရဲ့ ဝိညာဥ်စုစည်းခြင်း အစီအရင်ကို ဖျက်ဆီးချင်နေတာ။ အခု သူ့နောက် လိုက်မယ်ဆိုရင် ထောင်ချောက်ထဲ ကျသွားလိမ့်မယ်။ ဖာ့နန်က ဒီအခွင့်အရေးကို ယူပြီး ထွက်ပြေးမဲ့ပုံပဲ ”

” ငါတို့တွေ ချိတ်ပိတ်တာကို ပြီးအောင်လုပ်ပြီး
ဝိညာဥ်စုစည်းခြင်း အစီအရင်ကို ပြီးမြောက်အောင် လုပ်ရမယ်။ အရင်ဆုံး ဒီအကောင်ကြီး နော့ဖစ်ကို ဂရုစိုက်ရမယ် ”

” ကျောင်းအုပ် တု .. ဖာ့နန်ကို ခင်ဗျားဆီ အပ်ထားလိုက်တော့မယ်။ သူ့ကို ဖမ်းဖို့ လူတချို့ ခေါ်သွားလိုက်ပါ ”

တုချန်ဖုန်းက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

” စိတ်မပူပါနဲ့ ဆရာ။ ကျုပ်တို့ဆီ အပ်ထားလိုက်
ပါ ”

သူပြောပြီးသည်နှင့် မြေပြင်ကို ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် သူ ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားတော့သည်။ ကျန်သည့်သိုင်းပညာရှင်များကလည်း သူ့နောက်လိုက်သွား၏။

ဖာ့နန်က လျင်မြန်စွာ ထွက်ပြေးသွားပြီး ကျန်းဟိုင်မြို့ ဆင်ခြင်ဖုံးဆီသို့ ဦးတည်သွားလိုက်သည်။

အဲ့ဒီမြေးကတုံးကွမ်လျန်က အတော် ထက်မြတ်သားပဲ။ သူတို့ကို ငါ မြှားထုတ်ချင်နေတယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ သူ ထောင်ချောက်ထဲ မကျခဲ့ဘူး။ ဒါပေမဲ့ သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီီးပြီဆိုတော့ ကိစ္စမရှိတော့ဘူး။

ပင်မခန္ဓာရဲ့ ကိုယ်ခွဲက အသက်ရှင်နေသရွေ့ ကွမ်လျန်ထွက်သွားပြီးဆိုတာနဲ့ ပင်မ ခန္ဓာက ဝိညာဥ်စုစည်းခြင်း အစီအရင်ကို ဖျက်ဆီးဖို့ အခွင့်အရေးတစ်ခု ရှာနိုင်မှာပဲ။

အဲ့ဒီအချိန်ကျရင် သူက ကျန်ရှောင်လင်မြို့က ကျန်တဲ့ရှောင်လင်ဂိုဏ်း ကြယ်တာရာသားရဲရဲ့ ပင်မခန္ဓာတွေကို ကယ်ဆယ်ဖို့ သူ့ရဲ့ ကိုယ်ခွဲကို သုံးလို့ရပြီ။ အဲ့ဒီအချိန် ကျုံးစီရင်စုတစ်ခုလုံးက အကြောက်တရားထဲ ကျရောက်ရလိမ့်မယ်။

ပြောပြီးသည်နှင့် ရုတ်တရက် သူ့နောက်ကနေ အစွမ်းထက်သည့် အရှိန်အဝါများစွာ လိုက်ပါလာတာကို ရုတ်တရက် ခံစားလိုက်မိ၏။

” ဒီအရှိန်အဝါတွေ။ သူတို့က ကျန်းဟိုင်မြို့ရဲ့ မဟာချီရှန်းတွေပဲ။ ပုံမှန်ဆို ငါသူတို့ကို ထွက်ပြီး သတ်လောက်ပြီ။ ဒါပေမဲ့ အခုကတော့ ငါ့ကိုငါ ကာကွယ်ပြီး ငါ့အစီအရင် ဖျက်ဆီးပြီး ဝိညာဥ်ခန္ဓာကို လွှတ်ပေးမယ်။ ငါ့ရဲ့ အစီအစဥ် ဘေးကင်းလုံခြုံအောင်လို့ အချိန်အတိုင်းအတာတစ်ခုအထိ သူတို့ဆီကနေ ပုန်းနေရမယ် ”

ထိုအတွေးဖြင့် သူက ချက်ချင်းပင် မြေပြင်ပေါ် သက်ဆင်းလိုက်၏။ မျက်တောင်တစ်ခတ်အတွင်း သူမြေပြင်ပေါ် ရောက်သွားသည်။ အရှိန်အဝါကို ထိန်းလျက် ကျန်သည့်သူများ မမြင်တွေ့အောင် ပိတ်ဆို့လိုက်သည်။

မကြာမီ၌ သူ၏ ခေါင်းထက်၌ လူရိပ်တချို့ ပျံသန်းနေတာကို တွေ့လိုက်ရသောအခါ နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။

ပြီးသွားပြီ။

ပြီးနောက် သူက ကျန်းဟိုင်မြို့ကနေ ကွမ်လျန် သူ့အဖွဲ့ကို ဦးဆောင်ပြီး ထွက်သွားမှာကို စောင့်နေရုံသာ ဖြစ်သည်။ ထိုမတိုင်ခင် သူက နေရာတစ်နေရာရှာပြီး ရက်အချို့ တိတ်ဆိတ်စွာ စောင့်နေသင့်သည်။

အကြည့်တစ်ချက်က မလှမ်းမကမ်းရှိ အလင်းတစ်လုံးဆီသို့ ရောက်သွား၏။

ထိုအိမ်လေးက အလယ်တွင် ရှိနေ၏။ ယင်းက ပုန်းခိုရန်အတွက် ထိပ်တန်းနေရာကောင်းတစ်ခုပဲ ဖြစ်သည်။

အပိုင်း ၁၄၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset