Switch Mode

Chapter – 139

ကျန်းဟိုင်မြို့ ချဲ့ထွင်မှု၏ ရည်ရွယ်ချက် အစစ်အမှန်

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၉ ကျန်းဟိုင်မြို့ ချဲ့ထွင်မှု၏ ရည်ရွယ်ချက် အစစ်အမှန်။

လူသားမျိုးနွယ်စု၏ ကံကြမ္မာ။ ယင်းက ယဲ့ရှောင် ထိုစကားလုံးကို မြင်တွေ့တာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူ ယခင်ဘဝ၏ နားလည်သဘောပေါက်ထားပုံအရ ယဲ့ရှောင်သည် ထိုကဲ့သို့သောအရာမျိုးကို မယုံကြည်ပေ။ ယင်းက အရူးသိခြင်းသာ ဖြစ်နေ၏။

သို့သော် ဤလောက၌ ဝိညာဥ်စွမ်းအင်များ ပြည့်နေရာ ယဲ့ရှောင်က ရွေးချယ်စရာမရှိပဲ ယုံကြည်ရတော့သည်။ ကောလဟာလများအရ လူသားများဖြစ်စေ၊ ကြယ်တာရာသားရဲများဖြစ်စေ မျိုးနွယ်စုတစ်စုဖွဲ့တည်ပြီးသည်နှင့် အမှောင်ထဲတွင် သူတို့ကို ကာကွယ်ပေးနေသော ဆန်းကြယ်သည့် စွမ်းအားတစ်ခု သေချာပေါက် ရှိသည်။

ထိုစွမ်းအားက ပုံမှန်ဆို ပေါ်မလာတတ်ပေ။ သို့သော် မျိုးနွယ်စုက ခက်ခဲသည့် အခြေအနေထဲ ကျရောက်နေသည့်အချိန်မှသာ ပေါ်လာတတ်သည်။

ထို့အပြင် ပေါ်ပေါက်လာမှုက အထည်ပြလာတာ မဟုတ်ပေ။ မျိုးနွယ်စုတစ်စုလုံးကို ကူညီရန်အတွက် အင်မတန် ထူးခြားသည့် နည်းလမ်းတစ်ခုကို အသုံးပြုတာပဲ ဖြစ်သည်။

မျိုးနွယ်တစ်ခု၏ မခံမရပ်နိုင်ဖြစ်မှုက ပိုသန်မာလေ ပေါ်ပေါက်လာသည့် ကံကြမ္မာက ပိုခိုင်မာလေ ဖြစ်သည်။ သူတို့၏ အမွှေးတိုင်များက အားနည်းလေ ကံကြမ္မာက ပိုအားနည်းလာလေ ဖြစ်၏။

လူသားမျိုးနွယ်၏ ကံကြမ္မာက လူသားမျိုးနွယ်ကို ကူညီပေးရန်အတွက် ပေါ်ပေါက်လာမည့် လူသားမျိုးနွယ်၏ ကံကြမ္မာပုံစံက ဧကရာဇ်တစ်ပါးဖန်တီးရန် ဖြစ်သည်။ ဧကရာဇ်တစ်ပါး၏ သွေးမျိုးဆက်ရှိသည့်သူများက သူတို့ခွန်အားကို မြင့်တင်နိုင်ပြီး သူတို့ အဆင့်တက်သည့် အရှိန်က လျှပ်ပြက်သည့်ပမာ မြန်ဆန်သည်။ မျိုးနွယ်တစ်ခုလုံးက သူတို့ကို ပျိုးထောင်ရန် အကောင်းဆုံး ကြိုးစားလိမ့်မည်။
သူတို့က ထိပ်တန်းအဆင့် တည်ရှိမှုများ ဖြစ်လာပြီး လူသားမျိုးနွယ်က အန္တရာယ်နှင့် ရင်ဆိုင်တွေ့ရသည့်အချိန်၌ သူတို့က မည်သည့်နေရာကမှန်းမသိ ပေါ်ထွက်လာကာ တစ်ချက်တည်းဖြင့် အန္တရာယ်ကို ချေမှုန်းပစ်လိမ့်မည်။

တာ့ချင်၏ ရှေးဟောင်းနဂါးက စီရင်စု၉ခုကို ပေါင်းစည်းခဲ့ကာ အတွင်းရန်များကို ဖြေရှင်းခဲ့၏။ သူက စီရင်စု၉ခု၏ သိုင်းပညာရှင်များကို စုဝေးလျက် မြေပြင်ပေါ်က ကြယ်တာရာသားရဲများကို ဖယ်ရှားကာ စီရင်စု၉ခုအထက်၌ အာကာသစစ်မြေပြင်တစ်ခု တည်ဆောက်ခဲ့သည်။

သူပေါ်မလာခင်က လူသားမျိုးနွယ်၌ ဧကရာဇ်တစ်ပါး ရှိနေခဲ့သော်ငြား တိုက်ပွဲများက မြေပြင်၌သာ အမြဲတမ်း ဖြစ်ပွားခဲ့သည်။ လူသားစစ်သည်တော်နှင့် ကြယ်တာရာသားရဲများကြား တိုက်ပွဲက အင်မတန် ပြင်းထန်လွန်းလှရာ မရေမတွက်နိုင်သည့် သေကြေပျက်စီးမှုများ ဒဏ်ရာရမှုများ ဖြစ်ပွားတတ်သည်။

သူရောက်လာပြီးနောက် ကြယ်တာရာသားရဲများသည် အာကာသစစ်မြေပြင်၌ ပိတ်ဆို့ခံထားရပြီး လူသားမျိုးနွယ်က ရှေ့သို့ ခပ်ကြမ်းကြမ်း လျှောက်နိုင်ကာ တည်ငြိမ်သည့် ဘဝကို အမြန် မွေးထုတ်နိုင်၏။

ပြီးနောက် ဆယ်စုနှစ်အနည်းငယ် ကုန်လွန်ခဲ့သည့်အတွင်း လူသားလောက၌ တစ်လောကလုံး၌ ဧကရာဇ်တစ်ပါး ပေါ်ထွက်မလာခဲ့ချေ။

ဧကရာဇ်ကို ပထမဆုံး ရှာတွေ့သည်နှင့် ကာကွယ်ပြီးနောက် ကျင့်ကြံမည်ဖြစ်ကာ ခွန်အားကို လျင်မြန်စွာ မြင့်တင်လျက် လူသားမျိုးနွယ်အတွက် အစွမ်းထက်သည့် ကြယ်တာရာသားရဲများကို ရင်ဆိုင်တိုက်ခိုက်လိမ့်မည်။ ထိုအချိန်တွင် ယဲ့ရှောင်က ကျန်းဟိုင်တစ်မြို့လုံး၏ တိုးချဲ့မှုအကြောင်း ရုတ်တရက် တွေးမိသွားသည်။

သားရဲကပ်ဘေးက ရောက်လာတော့မည် ဖြစ်၏။ ထို့အပြင် ကြယ်တာရာသားရဲ သူတော်စင်တမန်တော်ဆီမှ သူ ရရှိထားသည့် အချက်အလက်အရ ကြယ်တာရာသားရဲများသည် နောက်ဆုံး သားရဲကပ်ဘေးအတွက် အစီအစဥ်များ ပြုလုပ်ထားပြီးသားသည်။

နောက်ထပ် သားရဲကပ်ဘေးရောက်လာသည့်အချိန်ရောက်လျှင် လတ်တလော သားရဲကပ်ဘေး၌ အသန်မာဆုံး ဖြစ်နိုင်ချေ မြင့်မားသည်။

လူသားမျိုးနွယ်သည် မဟာကပ်ဘေးကြီးကို ရင်ဆိုင်ရမည်ဟု ဆိုလိုသည် မဟုတ်ပါလော။ ယင်းက လူသားမျိုးနွယ်အတွက် မဟာကပ်ဘေးကြီးတစ်ခုဟူ၍လည်း သတ်မှတ်၍ ရသည် မဟုတ်လော။

လူသားမျိုးနွယ်အတွက် မဟာကပ်ဘေးဖြစ်နေသောကြောင့် ဧကရာဇ်တစ်ပါး ပေါ်ထွက်လာမည်ဟု ဆိုလိုသည် မဟုတ်ပါလော။

ထို့ကြောင့် ဤသို့ဆိုလျှင် ချဲ့ထွင်ခြင်းက စီရင်စု၉ခုသည် သူတို့၏ လွှမ်းမိုးမှုကို ဖြန့်ကြန့်ကာ သိုင်းပညာရှင်များကို စုဝေးချင်တာ ဖြစ်၏။ သို့မှသာ သူတို့က ဧကရာဇ်တစ်ပါးကို ရွေးချယ်ရာ၌ အာရုံစိုက်နိုင်မည် ဖြစ်သည်။

မြို့၏ ချဲ့ထွင်မှုက ကျန်းဟိုင်မြို့တွင်သာမက ကျန်သည့်မြို့များတွင်လည်း ချဲ့ထွင်နေကြောင်း သိထားရပေမည်။ မြို့လေးများစွာကို မြို့ကြီးတစ်မြို့အဖြစ် ပေါင်းစည်းခြင်းဖြင့် ကံကြမ္မာရွေးချယ်ခံရသည့် သူက သူ့ကို ရှာရန် ဧကရာဇ်၏ သွေးမျိုးဆက်ရှိနေသည့် ကံကြမ္မာကြောင့် ရွေးချယ်ခံခဲ့ရသည့်သူကို ရှာရန်အတွက်က အလွန်လွယ်ကူသွားလိမ့်မည်။

ကံဆိုးသည်မှာ စာအုပ်ကဲ့သို့ လူမျိုး၏ အသေးစိတ် အချက်အလက်များစွာ မပါရှိပေ။ တစ်ဖက်သူက သူတော်စင်သားတော် သို့မဟုတ် သူတော်စင်သမီးတော်ဟူ၍သာ တလေးတစား ခေါ်ကြတာပဲ ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် သူ၏ ပါရမီက ချွင်းချက်မရှိ ထူးချွန်ထက်မြတ်၏။ ငယ်ရွယ်စဥ်အချိန်တည်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးပြင်းနှုန်းကို ပိုင်ဆိုင်ထားသည်။ ထိုအရှိန်က သာမန် လူသားပါရမီရှင်များ မဟုတ်။ ထိပ်တန်းပါရမီရှင်များတောင် မယှဥ်နိုင်သည့်အရာ ဖြစ်သည်။ ထို့အပြင် သူက ပိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ချင်သည့် ကျန်သည့် ကုန်ကြမ်းများ ရှိမနေပေ။ သူလုပ်နိုင်တာ ဘာမှမရှိ။ ဆိုရလျှင် စာအုပ်ဆိုင်လေးတစ်ဆိုင်မှ စာအုပ်တစ်အုပ်သာ ဖြစ်သည်။ ထို့ကြောင့် အချက်အလက်က ပြီးပြည့်စုံမှု မရှိတာက သာမန်ပဲဖြစ်၏။

ယဲ့ရှောင်က နောင်ကြ စာကြည့်တိုက်သို့ ပြန်သွားနိုင်မည့်အချိန်ကိုသာစောင့်ပြီး ဤတစ်ဝိုက်ရှိ အချက်အလက်ကို ဂရုတစိုက် ရှာဖွေနေရသည်။ သူက ဤအပိုင်းကို အနည်းငယ် စိတ်ဝင်စားသွား၏။

အဲ့ဒီလူက ငါ မဖြစ်နိုင်လောက်ဘူးမလား။

သို့သော် ဖြစ်ရန်လည်း မလိုအပ်ပေ။ သူ၏ ကျင့်ကြံခြင်း အချိန်က အလွန်မြန်ဆန်သော်ငြား ယင်းက အတော်လေး ကျိုးကြောင်းမသင့် အလွန်မြန်ဆန်နေတာပဲ ဖြစ်သည်။

ရှာတွေ့ခြင်းခံရသည့် သူတော်စင်သားတော်နှင့် သမီးတော်များကို အရင်းအမြစ်များစွာဖြင့် ပျိုးထောင်ထားတာ ဖြစ်သည်။ ထို့ကြောင့် သူတို့က လျင်မြန်စွာ တိုးတက်လာတာပဲ ဖြစ်၏။ သူက မည်သူ့ကိုမှ အားကိုးခဲ့ခြင်းမရှိ။ ထိုသို့တိုင် သူက အလွန်သန်မာနေပြီးသား ဖြစ်၏။

ဤသို့ဆိုလျှင် ဧကရာဇ်က အခြားတစ်ယောက်လည်း ဖြစ်နိုင်သည်။ ထိုအတိုင်းဆိုလျှင် သူက အလွန်လျင်မြန်စွာ ကျင့်ကြံနိုင်သည့် လူငယ်ပါရမီရှင်များနှင့် ရင်ဆိုင်တွေ့သည့်အချိန်၌ သူက သူတို့ကို ဦးစွာ အာရုံစိုက်ခိုင်းရမည်။ သူတို့နှင့် မိတ်ဆွေ ဖွဲ့ထားတာက အကျိုးရှိမည်။

ညနေစောင်းတွင် ယဲ့ရှောင်က စာဖတ်ပြီးသည့်အခါ လမ်းဘေးရှိ ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်တွင် ခေါက်ဆွဲစားပြီးနောက် အိမ်ပြန်အိပ်ရန် ပြင်ဆင်တော့သည်။

ထိုစဥ် သူ့ဖုန်းက ရုတ်တရက် မြည်လာ၏။ ဖုန်းခေါ်ဆိုသည့်သူက အိုးရန်ယွင်ကျုံး ဖြစ်နေသည်။

” ဒါရိုက်တာ အိုးရန် ဘာကိစ္စများ ရှိလို့ပါလဲ ”

” ယဲ့ရှောင် အခု မင်းမှာ အချိန်ရှိလား ”

” မရှိဘူး။ ကျွန်တော် အလုပ်များနေတယ် ”

ခဏကြာပြီးနောက် ယဲ့ရှောင်က ထပ်ပြောလိုက်သည်။

” အလုပ်အတော်များနေတာ ”

” အဲ့လိုလား။ ဒါဆိုရင်တော့ တကယ်ဒုက္ခပါပဲ။ ငါက ကျန်းဟိုင်မြို့မှာ အရေးကြီးတဲ့ ဧည့်သည်တချို့ကို ဖျော်ဖြေဖို့ စားသောက်ပွဲတစ်ခု ကျင်းပမလို့လေ။ ကူညီပေးမဲ့သူတချို့ လိုနေတာ။ ဒါကြောင့် တစ်ယောက်ယောက်ကို ရှာနေရုံပဲ ”

” ”

” သူတို့တွေထဲမှာ နောက်တစ်ယောက် ရှိသေးတယ်။ သူက မင်းရဲ့ အသိအကျွမ်းဟောင်း ဆရာဖာ့ကျန်းလေ ”

” ဒါဆို ကျွန်တော် လာခဲ့မယ်။ ကိစ္စပြီးသွားရင် အလုပ်ဆက်လုပ်လိုက်မယ်။ ပြောရရင် စီးပွားရေးက အရေးကြီးတာပဲ ”

ယဲ့ရှောင်သည် စားကောင်းသောက်ဖွယ်များ မစားချင်ပေ။ အဓိကအကြောင်းအရင်းက ဖာ့ကျန်း ဤနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။ သူ၏ မိတ်ဆွေကောင်း ရှိနေသောကြောင့် သူ့ကို သွားတွေ့ဆုံတာ သဘာဝကျသည်။ မကြာမီ၌ သူက ကျန်းဟိုင်မြို့၏ ဂရမ်းဟိုတယ်ကို ရောက်သွားတော့သည်။

ယင်းက ကျန်းဟိုင်မြို့ရှိ ကြယ်၅ပွင့်ဟိုတယ်များထဲမှ တစ်ခုဖြစ်သည်။ ဟူနန်နှင့် စီချွမ်းကွေ့ဆိုင်ကလည်း ထူးကဲလွန်းလှသည်။

အရိုးရှင်းဆုံးဖြင့် မာကိုတို့ဟူးကို ဥပမာယူနိုင်ပေ၏။
ကျန်သည့် တို့ဟူးများက အစပ်ဖြင့် မာကိုတို့ဟူးဟုသာ ခေါ်ကြသည်။ ထိုမိသားစု၏ မာကိုတို့ဟူးက တကယ့်မာကိုတို့ဟူးဖြစ်သည်။

နုတ်နုတ်စင်းထားသော ငါးခေါင်းကို အစပ်ဖြင့် ချက်ထားလျက်ရှိပြီး အမဲသားကို အစပ်ဖြင့် ကြော်ထားခြင်း၊ ကြက်သားကို အစပ်ဖြင့် ကြော်ထားခြင်း။ ယင်းက အရသာရှိပြီး သားရေယိုစေကာ လူအများကို သားရေကျစေ၏။ ဖာ့ကျန်းက ဘုန်းကြီးတစ်ပါးဖြစ်သည်။ သူက အစပ်မစားသလို အသားလည်း မစားပေ။ နောက်ပိုင်းတွင် သူက ဒါရိုက်တာကို အသားများများနှင့် အစပ်ဟင်းလျာများများ မှာရန်အတွက် ဖြောင်းဖြရမည်။ မည်သည့်နည်းနဲ့မဆို ဖာ့ကျန်းက ထမင်းဖြူသာ စားပေလိမ့်မည်။

ယဲ့ရှောင်က ကျန်းဟိုင်မြို့ဟိုတယ်သို့ ရောက်သည့်အချိန်တွင် ဒါရိုက်တာအိုးရန်က ဝင်ပေါက်၌
စောင့်နေပြီဖြစ်သည်။ သူမအပြင် စာကြည့်တိုက်မှ လုပ်ဖော်ကိုင်ဖက်အချို့ ရှိနေ၏။

လူအနည်းစုက အတူတကွ ရောက်လာသည်။ ရဟန်းအို ဖာ့ကျန်းအပြင် ကျန်သည့်
အရေးကြီးသည့် ဧည့်သည်အချို့ ဖြစ်ရမည်။

ယဲ့ရှောင်က ရှေ့တက်လာပြီး သူတို့ကို ကြိုဆိုနှုတ်ဆက်ကာ လုပ်ဖော်ကိုင်ဖက်များ ဘေးတွင် ရပ်လိုက်၏။

မကြာမီ၌ ကားတချို့က ကျန်းဟိုင်မြို့ဟိုတယ်ဝင်ပေါက်၌ ရပ်လာသည်။

ကားလေးများရောက်လာတာကို မြင်သောအခါ ဒါရိုက်တာအိုးရန်က ချက်ချင်းပင် သူတို့ကို သွားကြိုဆို၏။ ကျန်သည့် လုပ်ဖော်ကိုင်ဖက်များကလည်း လိုက်သွားသောကြောင့် ယဲ့ရှောင်ကလည်း ရှေ့တိုးသွားရသည်။

သူက သူတို့နောက်လိုက်သွားပြီး အနားကပ်သွား၏။ ထိုကားလေးများက အတော်လေးထူးဆန်းကြောင်း ဒီတော့မှ သတိပြုမိသွားသည်။

ကားတိုင်းကို အင်မတန် အစွမ်းထက်သည့် ခုခံခြင်း အစီအရင်ဖြင့် ကားကို ကာကွယ်ထားသည်။ ယင်းက အစ၌ ထူးဆန်းသည်ဟူ၍ သတ်မှတ်၍ မရပေ။ အကြောင်းမှာ ကျန်သည့် ခရီးသည်ကားများဆိုလျှင်တောင် ရံဖန်ရံခါ၌ အဆင့်အတန်းမြင့်သည့်သူတစ်ယောက်ဆိုလျှင် သူတို့က ခုခံခြင်း အစီအရင်များ ချမှတ်ပြီး သူတို့ကိုသူတို့ ကာကွယ်ရန် အသုံးပြုနေသောကြောင့် ဖြစ်သည်။

ယဲ့ရှောင်ကို ထူးဆန်းသည်ဟု ခံစားရစေသည်က ကားထဲရှိ လူများသည် ရှောင်လင်သိုင်းကျောင်းတော်မှ လူများ ဖြစ်ပြီး သူတို့အားလုံးက သိုင်းပညာရှင်များ ဖြစ်နေသောကြောင့် ဖြစ်သည်။

သူတို့၏ ကျင့်ကြံဆင့်က ချီရှန်းအဆင့်အထက်တွင် ရှိသည်။ သူတို့ထဲတွင် ဖာ့ကျန်းအပါအဝင် မဟာချီရှန်းအချို့ ရှိသည်။ သူတို့ထဲ၌ အံ့ဖွယ်ချီရှန်းတစ်ဦး အမှန်တကယ် ရှိနေ၏။

အံ့ဖွယ်ဂိုဏ်းထဲ ခြေတစ်လှမ်းချထားပြီး သူတို့က ဂိုဏ်းသို့ အချိန်မရွေး နေရာမရွေး အဆင့်တက်သွားနိုင်သည်။ ထိုနေရာက အတော်လေး ခမ်းနားပေ၏။ ထိုကဲ့သို့ ခမ်းနားသည့် စီတန်းမှုဖြင့် ခုခံခြင်း အစီအရင်ချမှတ်ရန် လိုအပ်နေသေးသည်လော။ ထူးဆန်းပေ၏။ အလွန်ထူးဆန်းသည့် ကိစ္စက မရိုးရှင်းပေ။

ယဲ့ရှောင်က ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသက်သွင်းပြီး ကားတွင်းရှိ လူတိုင်းကို စစ်ဆေးလိုက်၏။

ရှောင်လင်သိုင်းကျာင်းတော်မှ သိုင်းပညာရှင်များအားလုံးသည် သိုလှောင်လက်စွပ်များ ဝတ်ဆင်ထားတာကို သူ သတိပြုမိလိုက်သည်။

ချူစီရင်စု စာကြည့်တိုက်နဲ့ ရှောင်လင်သိုင်းကျောင်းတော်စာကြည့်တိုက်တွေက ကျန်းဟိုင်မြို့ဆီ စာအုပ်တွေ ဖြန့်ဖြူးပေးမဲ့ သူတွေလား။

ယဲ့ရှောင်က မျက်လုံးလက်သွားသည်။ ထိုသို့ဆိုလျှင် ယင်းက သတင်းကောင်းကြီး ဖြစ်ပေ၏။ ရှောင်လင်သိုင်းကျောင်းတော်၌ ကျင့်ကြံဆင့် နည်းစနစ်နှင့် အများဆုံး ရှိတာပဲ ဖြစ်သည်။ ရှောင်လင်တွင် ကြယ်ဆုံသော စစ်မြေပြင်သို့ သွားပြီး ကြယ်တာရာသားရဲများကို သတ်ဖြတ်ခဲ့သည့် သိုင်းပညာရှင်များစွာရှိကြောင်း သူယခင်က သိထားသည်။ သူတို့က ကြယ်အမြုတေများစွာ ရလာပြီး ကျင့်ကြံခြင်းနည်းစနစ်များစွာကို ရလာ၏။ ထိုအကြောင်းအရင်းကြောင့် လောကကြီးထဲရှိ သိုင်းပညာရှင်အားလုံးက ရှောင်လင်မှ လာသည်ဟုတောင် ဆိုနိုင်ပေသည်။

လူတစ်ယောက် ဝတ်ထားသည့် သိုလှောင်လက်စွပ်က ဤပုံအတိုင်း ဖြစ်ပုံပေါ်သည်။ ထိုသို့ဆိုလျှင် သူက ကံကောင်းပြီး ကျင့်ကြံခြင်း နည်းစနစ်များ ပိုဖတ်နိုင်တော့မည်။

ရှောင်လင်၏ ထိုးနှက်ချက်သိုင်း၊ လက်ဝါးသိုင်း၊ ခြေသိုင်း အားလုံးက အစွမ်းထက်ပုံပေါ်၏။ ပုံစံမျိုးစုံရှိပြီး ကမ္ဘာတစ်ဝန်း၌ လူသိများသည်။

သို့သော် ထိုစဥ် ယဲ့ရှောင်၏ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုက အံ့ဖွယ်ချီရှန်းအဆင့်အောက် သိုင်းပညာရှင်များ စီးလာသည့် ကားလေးထဲရှိ ထူးဆန်းသော သတ္တုသေတ္တာတစ်လုံးကို ရှာတွေ့သွားသည်။ ထိုသတ္တုသေတ္တာက ကားများပေါ်ရှိ ခုခံခြင်း အစီအရင်ထက် ပိုတောင် အစွမ်းထက်သည့် အစီအရင်တစ်ခု ချမှတ်ထားသည်။

တော်ဝင်အစီအရင်။ ဒါက တကယ်ကြီး တော်ဝင်အစီအရင်ပဲ။

ယဲ့ရှောင်၏ မျက်လုံးက အနည်းငယ် လှုပ်ရှားသွားသည်။ တစ်စုံတစ်ခုကို ချိတ်ပိတ်ရန်အတွက် တော်ဝင်အစီအရင်ကို အသုံးပြုခြင်း။ ဘုရားရေ ဒါက သာမန် ပစ္စည်းမဟုတ်လောက်ဘူး။ ဒါဆိုရင် တော်ဝင်အစီအရင်နဲ့ ဖိနှိပ့်ထားတာတောင် ယဲ့ရှောင်က ခပ်ဖျော့ဖျော့ ထွက်နေတဲ့ သွေးဆာလောင်တဲ့ အရှိန်အဝါကို ခံစားမိသေးတယ်။ ဒါက ကြယ်တာရာသားရဲတစ်ကောင်ပဲ။ အင်မတန် ကြမ်းတမ်းတဲ့ ကြယ်တာရာသားရဲတစ်ကောင်ကို အထဲမှာ ချိတ်ပိတ်ထားတာ။

ကျန်းဟိုင်မြို့ရဲ့ ချဲ့ထွင်မှုက စတင်ပြီး အခုချိန်မှာ ရှောင်လင်က ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ပို့မှာပဲ။ သူတို့က နောက်ထပ် ကပ်ဘေးတစ်ခု ပို့မှာ မဟုတ်တာ သိသာတယ်။

တစ်ခုတည်းသော ဖြေရှင်းချက်က ကြယ်တာရာသားရဲကို ဘုရင်အေးအ်နေရာမှာ အစားထိုးဖို့ပဲ။ ဒါက ကျန်းဟိုင်မြို့ကို ဝိညာဥ်စွမ်းအင် စုပ်ယူတဲ့နေရာမှာ အရှိန်တိုးစေလိမ့်မယ်။ ဒီလိုဆိုရင် ရှောင်လင်က ယင်းအတွက် ခုခံခြင်းအစီအရင်တွေ တည်ဆောက်ပြီး ဒီလိုလူတွေနဲ့ ပို့ပေးတာ ဒီအကြောင်းအရင်းကြောင့်ပဲ ဖြစ်မယ်။

ချက်ချင်းပင် ယဲ့ရှောင်က ရှောင်လင်အဖွဲ့၏ လုပ်ရပ်ကို တွက်ချက်ပြီး ဖြစ်နေသည်။ ကံကောင်းသည်မှာ ယင်းက ကောင်းမွန်သည့် ကိစ္စဖြစ်၏။ ယဲ့ရှောင်က အရူးမဟုတ်ပေ။ ရင်ထဲ၌ ယုံကြည်ချက်တချို့ ရှိသည်။

ဘုရင်အေးအ်နှင့် ရင်ဆိုင်ရာတွင် သူ ပြသခဲ့သော ခွန်အားက ကျုံးစီရင်စုနှင့် စီရင်စု၉ခုကို ယုံကြည်ချက် ရှိသွားစေသောကြောင့်ဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့် ကြေး၊ ချူနှင့် ကျုံးစီရင်စုက ကျန်းဟိုင်မြို့ကို ချဲ့ထွင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အကြောင်းအရင်းက သူ့ ပြိုင်ဘက်ကင်းအံ့ဖွယ်ချီရှန်းက ကျန်းဟိုင်မြို့တွင် ရှိနေသောကြောင့် ဖြစ်သည်။

ယင်းက ကောင်းပေ၏။ သူတို့က သူ့ကို အသုံးချပြီး ကျန်းဟိုင်မြို့ကို ဖွဲ့ဖြိုးတိုးတက်အောင် လုပ်ချင်သည်။ သူက စာအုပ်များ ပိုမိုဖတ်ရှုရန် အခွင့်အရေးလည်း ယူနိုင်ပြီး ကျင့်ကြံခြင်းနည်းစနစ်များ ပိုသန့်စင်ကာ သူ၏ ကျင့်ကြံဆင့်ကို မြင့်တင်နိုင်၏။ ဒါရိုက်တာ အိုးရန်က သွက်သွက်လေး လျှောက်လာပြီး တစ်ဖက်လူနှင့် ယဥ်ကျေးစွာ ဆက်သွယ်လိုက်သည်။

ရဟန်းအို ဖာ့ကျန်းက အဓိက လူမဟုတ်ပေ။
အံ့ဖွယ်ချီရှန်းအဆင့်အောက်က ရှောင်လင်ဒါရိုက်တာ ဖြစ်သည်။ ထို့ကြောင့် ဒါရိုက်တာအိုးရန်က သူနှင့် စကားပြော၏။ ဖာ့ကျန်းကမူ ယဲ့ရှောင်ဘက်သို့ လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။

” အော်မီတောဖော မစ္စတာယဲ့။ ကိုယ်တော်တို့နှစ်ယောက် တွေ့ကြပြန်ပြီ။ အရင်ကပြောသလိုပဲ မင်းက ဗုဒ္ဓနဲ့ ရေစက်ပါတာပဲ ”

အပိုင်း ၁၃၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset